တောင်
ငူမြို့ ရွှေဆံတော်မရမ်းကျောင်း စာရိတ္တဓမ္မကျောင်းတွင် တနင်္ဂနွေ အပတ်စဉ်
စာသင်ကြားမှုများပြီးစီးချိန်တွင် ဆရာဆရာမများက မရမ်းကျောင်းဆရာတော်
အရှင်တေဇောသာရ (ထနောင်းကန် ) ဆရာတော်ထံသြဝါဒခံယူခြင်း ။ တာဝန်ခံဆရာမကြီး
ဒေါ်မြမြကြည် (ကျောင်းအုပ်ကြီး ငြိမ်း
တောင်ကြီးပညာရေးကောလိပ် ) က လိုအပ်သည်များဆွေးနွေးမှာကြားခြင်း။
ဆရာမဒေါ်သီသီဌေး က နောက်တစ်ပတ်တာဝန်ကျစာရင်းဖတ်ကြားတင်ပြခြင်း တို့ကို
အပရိခဟာနိယတရားနှင့်အညီ မပြတ်ဆောင် ရွက်လျက် ရှိ။
ဆရာတော်ဘုရားက '' သင်နေသူနဲ့ ကြည့်သူကွာတယ် ကြည့်သူက အားနည်းချက် အားသာချက်ကိုမြင်တယ် မြင်တာကိုပြင် မှတိုးတက်မယ် စေတနာကောင်းသလောက် အကျိုးရှိအောင်ဆောင်ရွက်ကြရမယ် '' ဟုမိန့်ကြား၍ အတန်တစ်တန်း၏ သင်ကြားမှုကို ဝိုင်းဝန်းကြည့်ရှု ဝေဘန်အကြံပြုခြင်း ပြုပြင်ခြင်းဆောင် ရွက် ရန် စီစဉ်။
ဆရာမကြီးက တမိုးအောက်မှာအတူတူ မိသားစုစိတ်ဓာတ်ဖြင့် ဆောင် ရွက်ကြရန်။ စေတနာမြင့်မြတ်မှု အပြင် နည်းပညာကျွမ်းကျင် မှု လိုအပ်ကြောင်း လမ်းညွှန်မှာကြား။
၁၈ ၈ ၁၃။

No comments:
Post a Comment