Wednesday, June 26, 2013

"မြန်မာ့ ဆက်သွယ်ရေးဘာလဲ မြန်မာ့ဆက်သွယ်ရေးဘယ်လဲ"



  • ၀န်ကြီးကိုယ်တိုင် နှုတ်ထွက်ပေးခဲ့ရပြီး အကြီးတန်းအရာရှိ အများအပြားကို စစ်ဆေးအရေးယူ ခဲ့ရတဲ့ မြန်မာ့ဆက်သွယ်ရေးဟာ ယခုတစ်ကြိမ်မှာလဲ တင်ဒါကြေငြာဖို့ တစ်ရက်အလိုကျမှ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး ရပ်ဆိုင်းခဲ့မှုဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပျက်စီးစေခဲ့သလို လက်ရှိအစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်ကို သံသယဖြစ်စရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားကုမ္မဏီတွေရဲ့ အပြိုင်အဆိုင်ပေးနေတဲ့ ၀န်ဆောင်မှုကို မြန်မာပြည်သူပြည်သားတွေ အားရ၀မ်းသာ ကြည့်ရှုနေဆဲမှာ ငါတို့တော့ဆက်သွယ်ရေးမှာ အဆင်ပြေတော့မယ်လို့ အားရ၀မ်းသာရှိဆဲမှာ ခိုင်လုံတဲ့အကြောင်းပြချက်မျိုး မဟုတ်တဲ့ " ဆက်သွယ်ရေးဥပဒေ အတည်မပြုရသေးလို့" ဆိုတဲ့အကြောင်းပြချက်ဟာ စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဒါဆိုရင် အစောကတည်းက ဆက်သွယ်ရေး ဥပဒေအတည်ပြု ပြဌာန်းပြီးမှသာ တင်ဒါခေါ်သင့်ပါတယ်။ အခုတော့ ငါတို့အစိုးရရဲ့ မူဝါဒက ၂မျိုးပဲရှိတယ် "အခုတစ်မျိုး တော်ကြာတစ်မျိုး" ဆိုတဲ့ လူရွှင်တော်ပျက်လုံးလို ဖြစ်နေပါတယ်။ ကမ္ဘာ့အလယ် နိုင်ငံတစ်ကာအလယ်မှာ သိက္ခာကျစရာ မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေဖိတ်ခေါ် တယ်ဆိုပြီး ပထမပွဲဦးထွက် မှာပဲ မျက်နှာပန်းမလှ ဖြစ်ခဲ့ရပါပြီ။ သေချာတာတစ်ခုကတော့ လက်ရှိ ဆက်သွယ်ရေးတင်ဒါကို တစ်ကမ္ဘာလုံးက အာရုံစိုက်စောင့်ကြည့်တော့မှာဖြစ်သလို လက်ရှိအစိုးရရဲ့ မူဝါဒ လမ်းစဉ်နဲ့ အကောင်အထည် ဖော်ဆောင်မှု ခြေလှမ်းတွေဟာ ဒီမိုကရေစီနဲ့ အံဝင်မ၀င် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိမရှိ ဆိုတာကိုတော့ နောက်တစ်ကြိမ် ပြုလုပ်မယ့် ဆက်သွယ်ရေးတင်ဒါမှာ ထင်ထင်ရှားရှား မြင်ရတော့မှာပဲ ဖြစ်ပါတယ်ခင်ဗျား။

Tuesday, June 25, 2013

ထောင်ရသည့် အကြောင်းအရင်း

ကျွန်တော်ဒီ ဘလော့ကိုစထောင်ရသည် ရည်ရွှယ်ချက်ကတော့
နည်းပညာနဲ့ သတင်းနဲ့ ဗဟုသုတများကို တတ်နိုင်သလောက် 
ဝေမျှချင်သည့် ရည်ရွှယ်ချက်လေးဖြင့် တည်ထောင်ရခြင်းဖြစ်ပါတယ်ဗျ။