Sunday, June 28, 2015

စိတ်ပညာ အပျင်းပြေ(၂)

အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်.............

သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။
အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား
တဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ 
 
အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က
ကျွန်တော့်ကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။
အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို
့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ
့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင်
တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား
ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့ 
ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို
့တင်ပြလိုက်ပါတယ်နော်။
သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာ
အမြန်ယူထားလိုက်တော့။
ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။
* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။
သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ
့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။
ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။
သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း
လုပ်သွားပါ။
ကိုင်း . . . စလိုက်ကြရအောင်။
ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။
သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး
ပေါ်လာတာတွေကိုသာ ချရေးပါနော်။
ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။
စပါပြီ . . .
(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)
ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။
(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။
သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။
(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )
(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။
အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်
အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို
နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)
နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)
နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။
နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။
နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။
နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။
နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။
နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။
နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။
နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
* * * * * * * * * *
ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။

Credit to> Wai Lin Shein

မြတ်စွာဘုရားရှင်၏ မုဒြာအမျိုးမျိုး


 Credit to> ဓမ္မစက်ဝန်း



Friday, June 26, 2015

MOTHER= အမေ


M- Move = လှုပ်ရှားခဲ့ရသည်
O- Owner Old = ပိုင်ဆိုင်မှုတွေ အိုမင်းလာရပြီ
T- Tears = မျက်ရည်တွေကျခဲ့ရသည်
H- Heart = နှလုံးသားဖြူစင်တဲ့ မေတ္တာပိုင်ရှင်
E- Eyes = သားသမီးတွေအတွက် အမြဲတမ်းစောင့်ကြည့်နေတဲ့ မျက်လုံးပိုင်ရှင်
R- Right = အမှန်တရားကို အမြဲလုပ်ဖို့ တိုက်တွန်းသည်
အင်္ဂလန်နိုင်ငံသား စာရေးဆရာ ဟောင်းဝပ်ဂျွန်၏ ရေးသားမှု ဖြစ်ပါသည်။
စိတ်တိုင်းသိပ်မကျလှသော်လည်း အမေအတွက် ရှာပါဦးဆိုလို့ တင်ပေးလိုက်ပါသည်။
Credit to> အရှင်သုဓမ္မသာရ

Thursday, June 25, 2015

လူငယ်လေးသုံးယောက် ရှိလေသည်


(၁)
ဒီတစ်ခေါက် ချင်းပြည်နယ် မင်းတပ်-မတူပီခရီးမှာ ကျွန်တော်တို့နဲ့အတူ သူနာပြုဆရာမလေးတစ်ယောက် ပါလာတယ်။ စကားပြောကြည့်ရုံနဲ့တင် ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဆိုတာ သိသာတဲ့သူပါ။ ဒါပေမဲ့ ခုလို ခရီးအတူထွက်ကြတော့မှ သူ့အကြောင်းတွေ ပိုသိခဲ့ရတယ်။ သူ့ဇာတိက ညောင်လေးပင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ၊ လူမျိုးကတော့ ကရင်။ မွေးချင်း၂ယောက်ရှိတဲ့အနက် သူက အငယ်။ သူ့အစ်မက ငယ်ငယ်ကတည်းက ချူချာတော့ မိဘတွေက သူ့ထက် သူ့အစ်မကို ပိုဦးစားပေးလေ့ရှိတယ်။ ဒါကို သူက မကျေနပ်ဘူး။ ဒါပေမဲ့ သူ့ရဲ့မကျေနပ်ချက်တွေကို အရွဲ့တိုက်ပြီး အဖြေမရှာဘူး၊ သူ့ဟာသူ ရပ်တည်နိုင်အောင် ကြိုးစားရင်း ထွက်ပေါက်ပေးတယ်။ သူ ငါးတန်းနှစ်မှာ သူ့အမျိုးတစ်ယောက်က တစ်နေရာကို ပြောင်းအခြေချတော့မှာမို့ သူ့တို့အိမ်နားမှာ ရှိတဲ့ စံပယ်ခြံကို ပေးသွားတယ်၊ လုပ်ချင်လုပ်ကြ၊ ရတဲ့အကျိုးအမြတ် ကိုယ့်ဟာကိုယ်ယူကြ သဘောနဲ့ပေါ့။ တစ်အိမ်လုံး စိတ်မ၀င်စားပေမဲ့ သူ့အတွက်တော့ အရမ်းအသုံးကျသွားတယ်။ အဲဒီနေ့ကစပြီး စပယ်ခြံထဲမှာ မိုးမလင်းသေးဘူး၊ အလုပ်လုပ်တယ်၊ ပြီးရင် စပယ်ပွင့်တွေကို သီပြီး ဘုရားတင်ဖို့ မှာထားတဲ့အိမ်တွေနဲ့ ဈေးထဲက ဒိုင်မှာ သွားသွင်း၊ ပြီးမှ ကျောင်းသွားတယ်။ စပယ်မြစ်တွေကို ကြိုက်တတ်တဲ့ လင်းမြွေတွေ လရောင်ခံနေကြတဲ့အချိန်၊ သူကလည်း မနက်၎နာရီလောက် စပယ်ပွင့်တွေ ဆင်းအခူး၊ မီးကလည်းမရှိတော့ အဲဒီမြွေတွေကို ကိုင်မိ၊ ပျော့အိအိကြီးဖြစ်နေမှ မြွေမှန်းသိပြီး လွှတ်ချလိုက်နဲ့ သူရယ် မြွေရယ် စပယ်ရယ် ဇာတ်လမ်းအကြောင်းကို သူက ရယ်ကာမောကာ ပြောပြတာ့ နားထောင်နေရတဲ့ ကျွန်တော့်မှာ အသည်းတယားယား။ အဲဒီလို ခြံအလုပ်လုပ်တာက စပယ်တစ်မျိုးတည်းမဟုတ်ဘူး၊ ကင်းမွန်လည်း စိုက်သေးတယ်။ အဲဒါကလည်း အရမ်းရောင်းကောင်းတယ်။ အဲဒီလို ကိုယ့်ဘာသာ အလုပ်လုပ်ရင်း ရတဲ့ပိုက်ဆံနဲ့ ကျောင်းတက်ရတဲ့ အရသာကို သူအရမ်းကြိုက်သွားတယ်၊ အဲဒီကစပြီး ခုချိန်ထိ မိဘဆီကနေ တစ်ပြားမှမတောင်းတော့ဘဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တော့တယ်။
အဲဒီလို အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေပေမဲ့ ကျောင်းစာမှာလည်း လစ်ဟင်းမသွားဘူး။ နှစ်တိုင်း ကျောင်းမှာ ဆုရတယ်။ ဒီလိုနဲ့ သူ ကိုးတန်းရောက်တော့ သူ့အစ်မက ဆယ်တန်းကျတယ်၊ ကျူရှင်တွေ ဂိုက်တွေထားပေးတဲ့ကြားက စာမေးပွဲကျပေမဲ့လည်း မိဘတွေက အပြစ်မမြင်ရှာဘူး။ နောက်နှစ်ဆက်ထားတယ်၊ အဲလို ကျူရှင်တွေ ဂိုက်တွေနဲ့ပဲ။ ဒါပေမဲ့ သူကတော့ အိမ်ရဲ့အခြေအနေကို မြင်တယ်၊ အဖေက အသက်ကြီးလာပြီ၊ နဂိုကတည်းကမှ အဖေရော အမေပါ ကျောင်းဆရာ ဆရာမတွေဆိုတော့ အိမ်က ချောင်လည်တယ်ဆိုဦးတော့၊ သိပ်ပြီးပိုလျှံလှတယ် မဟုတ်ဘူး။ အဲဒါနဲ့ သူဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘာကျူရှင်၊ ဘာဂိုက်မှမယူဘဲ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အောင်အောင် ကြိုးစားမယ်ဆိုပြီး။ တကယ် ဆယ်တန်းအောင်တော့လည်း လေးဘာသာဂုဏ်ထူးပါတယ်၊ သူတို့ကျောင်းရဲ့ ဂုဏ်ဆောင် ကျောင်းသူတစ်ယောက် ဖြစ်လာခဲ့တယ်၊ လေးဘာသာဂုဏ်ထူးထွက်တဲ့ စပယ်ပန်းရောင်းတဲ့ ကောင်မလေး ဆိုပြီး အားလုံးက ချီးကျူးရတဲ့သူ ဖြစ်လာခဲ့တယ်၊ အတန်းငယ်တဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း အတုယူစရာ ဖြစ်လာခဲ့ပါတယ်။ ဆယ်တန်းအမှတ်စာရင်းက ယောကျာ်းလေးသာ ဖြစ်ခဲ့ရင် ဆေးကျောင်းတက်လို့ရမှာ ဖြစ်ပေမဲ့ မိန်းကလေးဖြစ်နေခဲ့တဲ့အတွက် သူနာပြုတက္ကသိုလ်ကိုပဲ တက်ခဲ့ရတယ်။ အဲဒီတက္ကသိုလ်တက်နေတဲ့တစ်လျှောက်လုံးမှာလည်း မိဘဆီက ပိုက်ဆံမယူဘူး၊ ငယ်ငယ်ကတည်းက စုထားခဲ့တဲ့ ပိုက်ဆံတွေရယ်၊ ဂိုက်သင်လို့ရတဲ့ ပိုက်ဆံတွေရယ်နဲ့ ကျောင်းပြီးအောင် တက်ခဲ့တယ်၊ ကျောင်းပြီးပြီးချင်းပဲ ၀ိတိုရိယမှာ အလုပ်ရတယ်၊ အဲဒီနောက်တော့ NGO လောကထဲကို ၀င်လာခဲ့ပါတယ်။ ခုတော့ သူ့မိဘတွေကို သူနိုင်သလောက် ပြန်ထောက်နေတဲ့ အနေအထားမျိုးတောင် ရောက်လာခဲ့ပါပြီ။ အသက်၂၂နှစ်ပဲရှိသေးတဲ့ သူ့မှာ အသက်အရွယ်နဲ့မမျှတဲ့ အတွေ့အကြုံတွေရှိနေတယ်။ လူငယ်တစ်ယောက်ရဲ့ မာန်တွေလည်း လူငယ်ပီပီ ရှိနေပြန်တယ်။ နောက်ပြီး ကိုယ့်အားကိုယ်ကိုးမယ်၊ မဖြစ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်ပြင်းထန်မှုတွေကိုလည်း တွေ့နေရတယ်။
(၂)
သူ့နာမည်က ထန်ထန်၊ ချင်းလူမျိုး၊ မောင်နှမ(၇)ယောက်မှာ နံပါတ် ၆။ ခက်ခဲပါ့ ကြမ်းတမ်းပါ့ဆိုတဲ့ ချင်းတောင်တက်လမ်းတွေမှာ အသက်(၁၅)နှစ်နဲ့ ကျွမ်းကျင်အဆင့် ကားဆရာ ဖြစ်နေတော့ ကျွန်တော် စိတ်ဝင်စားမိသွားတာ အမှန်ပဲ။ မတူပီမြို့ရောက်တိုင်း ကျွန်တော်တို့စားနေကျ နော်မီထွေး ဆိုတဲ့ထမင်းဆိုင်လေးက သူတို့မိသားစု ဖွင့်ထားတာ။ အဲဒီမှာ သွားစားရင်း သူ့အမေနဲ့ သူ့အကြောင်းတွေပြောဖြစ်ခဲ့ကြတယ်။
“သားထန်က ငယ်ငယ်ကတည်းက ဆိုင်ကယ်တွေ ကားတွေ သိပ်စိတ်ဝင်စားတာ၊ ဘယ်လိုမောင်းတယ်၊ ဘယ်လိုပြင်ရတယ် ဒါတွေပဲ လိုက်ကြည့်နေတာ”
အဲဒီစကားကိုတော့ အပြည့်အ၀ လက်ခံတယ်။ လမ်းမှာတစ်ထောက်နားကြတုန်း ဘေးမှာလာထိုင်ပြီး ဂိမ်းကစားနေလို့ ဘာကစားနေတာလဲ ကြည့်လိုက်တော့ ကားမောင်းတဲ့ဂိမ်း၊ ဒါတောင် ကားမောင်းပြိုင်ရတဲ့ဂိမ်း မဟုတ်ဘူး၊ ကုန်ကားကြီးတွေကို ပါကင်ထိုးတာ၊ ချိုင့်တွေကြားထဲမှာ လွတ်အောင် မောင်းရတာ လုပ်ရတဲ့ ဂိမ်း။ အဲဒါနဲ့ပြောရတယ်၊ မင်းကွာ၊ ဒီလောက် အပြင်မှာ မောင်းနေရတာတောင် မပျင်းသေးဘူးလား လို့။ လောကမှာ အကောင်းဆုံးအလုပ်ဟာ လုပ်လို့လုပ်နေမှန်းတောင် မသိရတဲ့အလုပ် လို့ပြောကြတယ်၊ ဆိုလိုတာက ကိုယ်လုပ်နေရတဲ့အလုပ်နဲ့ ကိုယ့်ဝါသနာ တစ်ထပ်တည်းကျနေခဲ့တယ်ဆိုရင် ဒီအလုပ်လုပ်နေရတဲ့အတွက် မပင်ပန်းတော့ဘူး၊ လုပ်နေရရင်ကို ပျော်နေတာ၊ အလုပ်လို့ကို မဟုတ်တော့ဘဲ ကိုယ့်ဘ၀အစိတ်အပိုင်းလိုကို ဖြစ်လာတာ။ အန္တရာယ်များပြီး ပင်ပန်းလှတဲ့ ဒီကားမောင်းတဲ့အလုပ်ဟာ သူ့အတွက်တော့ ဒီလိုသဘောမျိုး ဖြစ်နေလိမ့်မယ် ထင်တယ်။
“နောက်ပြီး သူက ပိုက်ဆံသိပ်ရှာတာ၊ ငယ်ငယ်ကတည်းက ဒီက ဗျူဟာမှူးတို့၊ ဆေးရုံက ဆရာဝန်တို့တွေ ဂေါက်ရိုက်ကြရင် သူက ဂေါက်အိတ်လိုက်လိုက်ထမ်းပေးတာ၊ သားထန် ကျောင်းမတက်လို့ ပျောက်နေပြီဆို အဲဒါ ဂေါက်အိတ်သွားထမ်းနေတာပဲ။ ပြီးရင် ရတဲ့ပိုက်ဆံကို ဘယ်သူ့မှမပေးဘူး၊ သူ့အစ်မတွေယူမှာစိုးလို့ အိမ်ကထုတ်တန်းပေါ်မှာ ဖွက်ဖွက်ထားတတ်တယ်” လို့ သူ့အမေက ရယ်ကာမောကာ ပြောပါတယ်။
အဲဒီလို ကျောင်းတက်လိုက် ငွေရှာလိုက် စုထားလိုက်နဲ့ ပျော်စရာကောင်းနေတဲ့ သူ့ဘ၀အတွက် အလှည့်အပြောင်းတစ်ခု ပေါ်လာတယ်။ ဘာလဲဆိုတော့ သူတို့ညီမအငယ်ဆုံး နော်မီထွေးလေး သွေးကင်ဆာဖြစ်လို့ မန္တလေးဆေးရုံမှာ တင်လိုက်ရတာပါပဲ။ သွားရလာရခက်တဲ့ မတူပီမြို့ကနေ ပခုက္ကူဆေးရုံကို တစ်ခါလွှဲ၊ အဲဒီကမှတစ်ဆင့် မန္တလေးကို ဆက်သွားရတာ ဆိုတော့ သွားစရိတ်လာစရိတ်တင် မနည်းဘူး။ ဖြစ်တာကလည်း သွေးကင်ဆာဆိုတော့ ကုန်မဲ့ပိုက်ဆံက မှတ်ထားလို့တောင် မရတော့ဘူး၊ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ သူတို့မိသားစုလေးမှာရှိရှိသမျှ ပိုင်ဆိုင်မှုတွေ အကုန်ရောင်းချလိုက်ရတယ်၊ သိန်းကို ရာချီကုန်သွားခဲ့တယ်။ ဒီကြားထဲ အဲဒီအချိန်မှာ သူ့အစ်ကိုတစ်ယောက်က Theology အထူးပြုနဲ့ ကျောင်းတက်နေတုန်း။ အဲဒီကျောင်းစရိတ်တွေလည်း ရှိသေးတယ်။ သူ့အဖေတစ်ယောက်တည်းရဲ့ ၀င်ငွေနဲ့တင် မလောက်တော့ဘူး၊ သူ့အစ်မအကြီးတွေပါ အလုပ်တွေလုပ်နေရပြီ၊ ဒီလိုအချိန်မှာ အသက်၁၃နှစ်ပဲ ရှိသေးတဲ့ ထန်ထန်တစ်ယောက်လည်း ထိုင်မနေချင်တော့ဘူး။ ကျောင်းထွက်၊ ကုန်ကားနောက်လိုက် လုပ်ပြီး အိမ်အတွက် ပိုက်ဆံထွက်ရှာရတော့တယ်။ အရင်က သူရှာတဲ့ပိုက်ဆံ သူများယူမှာ အင်မတန်ကြောက်ခဲ့တဲ့ ထန်ထန်တစ်ယောက် ခုတော့ သူရှာထားသမျှ သူ့ညီမလေးအတွက် ပို့ပို့ပေးနေရတယ်။ “အမေ သား နော်မီထွေးလေးအတွက် ပိုက်ဆံပို့ပေးလိုက်တယ်နော် လို့ သူ ဖုန်းဆက်ပြောတဲ့အချိန်တိုင်း ကျွန်မမျက်ရည်ကျခဲ့ရတယ်” တဲ့။ အဲဒီလိုနောက်လိုက်လုပ်ရင်းကနေ ကားမောင်းသင်ခဲ့တယ်၊ နှစ်နှစ်အတွင်းမှာပဲ သူကိုယ်တိုင် ကားဆရာဖြစ်လာခဲ့ပြီ။ ခုတော့ အသက်နဲ့မလိုက်တဲ့ ကိုယ်ခန္ဓာအရပ်အမောင်း၊ ရုပ်ရည်၊ မိသားစုထဲမှာ အသားအမည်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ သူ့ဘ၀သူကျေနပ်ပြီး မိသားစုအတွက် ငွေရှာပေးနေလေရဲ့။
(၃)
နောက်ဆုံးတစ်ယောက်ကတော့ နည်းနည်းထူးခြားတယ်၊ မတူပီမြို့ပေါ်က ရွှေညာသား ဆိုတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ ပိုင်ရှင်။ အသက်က ၁၉နှစ်ပဲ ရှိသေးတယ်၊ ပခုက္ကူသား။ သူငယ်ချင်းလက်ဖက်ရည်ဆိုင်မှာ စိတ်ဝင်စားလို့ သွားလေ့လာရင်း လက်ဖက်ရည်ဖျော်နည်းတွေ၊ ပလာတာလုပ်နည်းတွေ တတ်လာခဲ့တယ်။ ခုဆိုင်မှာတော့ သူပဲ ဆိုင်ရှင်၊ သူပဲ စားပွဲထိုး၊ သူပဲ အဖျော်ဆရာ၊ သူပဲ မုန့်ဆရာ။ သူ့ကို ကူဖို့ ပခုက္ကူကနေ ခေါ်လာတဲ့ ကလေးလေးတစ်ယောက်ရှိတယ်၊ နောက်ပြီး မတူပီမြို့ပေါ်က သူ့သူငယ်ချင်းတွေကလည်း ဆိုင်မှာ လာကူညီပေးကြတယ်။ “ကျွန်တော်က လူငယ်ဆိုတော့ လူငယ်အချင်းချင်းလည်း အဆင်ပြေတယ်၊ လူကြီးတွေကလည်း သဘောကျကြတယ်” တဲ့။ သွားရေးလာရေးခက်ပြီး လူဦးရေကလည်း နည်းတဲ့ မတူပီလိုမြို့မှာ တကူးတက စီးပွါးရေးလာလုပ်နေလို့ မေးကြည့်တော့ မတူပီမှာက စီးပွါးရေးလုပ်လို့ကောင်းတယ်၊ ပခုက္ကူမှာလို ဆိုင်တစ်ဆိုင်ဖွင့်ရင် တီဗွီတွေ စလောင်းတွေနဲ့ ပကာသနတွေ ဘာမှမလိုဘူး လို့ဆိုတယ်။ ဒီလောက်လူတကာ အဆိုးမြင်တဲ့ မတူပီမြို့မှာ စီးပွါးရေးလုပ်ကောင်းတယ် ဆိုတဲ့ သူ့အသံကို ကြားတော့ ဖတ်ဖူးတာလေးတစ်ခု သွားသတိရမိတယ်။ တစ်ခါက ကျွန်းတစ်ကျွန်းကို ဖိနပ်ကုမ္ပဏီတစ်ခုက အရောင်းကိုယ်စားလှယ်တစ်ယောက် လွှတ်လိုက်တယ်။ အခြေအနေအကဲခတ်ပြီးတဲ့အခါ အကြောင်းပြန်ပါတယ်။ ဒီမှာတော့ အောင်မြင်မှာမဟုတ်ဘူး၊ ဘာလို့ဆိုတော့ ဒီကလူတွေက ဖိနပ်မှမစီးကြဘဲ တဲ့။ အဲဒီနောက် သူ့လိုပဲ အရောင်းကိုယ်စားလှယ်တစ်ယောက် ထပ်လွှတ်တယ်။ အဲဒီလူက ကျွန်းကိုရောက်ပြီး ကျွန်းသူကျွန်းသားတွေ ဖိနပ်စီးမထားကြတာလည်း တွေ့ရော၊ ၀မ်းသာအားရနဲ့ ဖုန်းဆက်လာတယ်၊ ကျွန်တော့်ဆီကို ဖိနပ်အရံတစ်ထောင် ပို့ပေးလိုက်ပါ၊ ဒီကလူတွေ ဘာဖိနပ်မှ မစီးရသေးဘူး တဲ့။ စိန်ခေါ်မှုလို့ထင်ရတဲ့ အခြေအနေတစ်ရပ်ကို မတူတဲ့ရှုထောင့်တစ်ခုက ကြည့်ပြီး အခွင့်အလမ်းအဖြစ် ပြောင်းဖို့လိုကြောင်း ဒီပုံပြင်လေးက ပြောသွားတယ်၊ ဒီလူငယ်လေးကလည်း လက်တွေ့လုပ်ပြသွားတယ်။
(၄)
ဘ၀ဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစ္ဆာသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အရှိကိုအရှိအတိုင်းလက်ခံ၊ ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်ပုစ္ဆာကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။
Youth is an opportunity to do something and to become somebody in life.
ဘ၀မှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘ၀ဟာ အချိန်ကောင်းပဲ။ ကျွန်တော်တို့လူငယ်တွေမှာ ပြသနာတွေအများကြီး ရင်ဆိုင်နေရတယ်၊ အလုပ်အကိုင်ရှားပါးမှု၊ မူးယစ်ဆေး၊ ကူးစက်ရောဂါတွေ စသဖြင့်ပေါ့။ အဲဒီထဲမှာ အဆိုးဆုံးပြဿနာကတော့ သူ့ပုစ္တာကို ကိုယ့်ပုစ္တာအမှတ်နဲ့ ၀င်ဖြေချင်နေတဲ့ပြသနာပဲ။ အဲဒီလိုအမှတ်မှားပြီး လိုက်တိုင်းနေတဲ့အခါကျတော့ ကိုယ့်ဘ၀ကို အားမရတော့ဘူး၊ သူများလို ဖြစ်ချင်လာတယ်၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်းတွေနဲ့ ပြည့်နှက်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတယ်၊ အလွယ်လမ်းလိုက်ချင်လာတယ်။ နောက်ဆုံး ဘာမှမဖြစ်ထွန်းလိုက်ဘဲ တန်ဖိုးရှိတဲ့လူငယ်ဘ၀ကို ကုန်ဆုံးလိုက်ရတယ်။
အလုပ်အကိုင်ရှားပါးတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ညည်းညူနေမဲ့အစား အလုပ်အကိုင်ပေါလာမဲ့ တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားကြသင့်တယ်။ သားသူငယ်ချင်းတွေက ဘာဖုန်းကိုင်တာ လို့ မိဘကို မကျေမနပ် ပြောနေမဲ့အစား မိဘအလုပ်မှာ နိုင်သလောက် ၀င်ကူပေးနေရင် ဘယ်လောက်ကောင်းမလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်အလုပ်လုပ်နေရလို့ လောကကြီးကို အပြစ်တင်နေမဲ့အစား အဲဒီလိုဘ၀ကနေ သူဌေးကြီးတွေဖြစ်ကုန်ကြတဲ့ လူတွေအကြောင်းကို အတုယူပြီး အိပ်မက်မက်နေသင့်တယ်။
တကယ်တော့ အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ဖွင့်ရခက်ပါတယ်၊ ဘာကို အောင်မြင်တယ်ခေါ်တာလဲ၊ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်လည်း အောင်မြင်သလို၊ ဒေါက်တာ အောင်ထွန်းသက်လည်း အောင်မြင်တာပဲ။
ဦးကျော်သူ အောင်မြင်သလို ဓမ္မစေတီလမ်းပေါ်က ယာဉ်ထိန်းရဲလည်း အောင်မြင်တာပဲ။
နေတိုး အောင်မြင်သလို သူ့ကိုညွှန်ကြားနေတဲ့ ဒါရိုက်တာ မောင်မျိုးမင်းလည်း အောင်မြင်တာပဲ။
ဦးဇော်ဇော်မှ အောင်မြင်တာ မဟုတ်ပါဘူး။ အနိုင်ဂိုးရှင် သန်းပိုင်လည်း အောင်မြင်တာပါပဲ။
တကယ်တော့ အောင်မြင်သူတွေဆိုတာ ဘ၀ဆိုတဲ့ကျောင်းက ကိုယ့်အတွက်ပေးလာတဲ့ ပုစ္တာကို အကောင်းဆုံးဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ်။ “ကိုယ်” ဟာ “သူ” ဖြစ်စရာ မလိုဘူး၊ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး၊ “ကိုယ်” လုပ်ဖို့ လိုတာက “အကောင်းဆုံးသောကိုယ်” ဖြစ်လာဖို့ပဲ။
ဒီလူငယ်လေးသုံးယောက်ဟာ ငွေကြေး၊ ဂုဏ်ဒြပ်၊ ပညာအဆင့်အတန်းအရ အရမ်းကြီး ခမ်းနားမနေသေးပါဘူး။ ဒါဖြင့် ဘာလို့ အရေးတယူ ပြောနေရသလဲဆိုရင်တော့ သူတို့ဟာ သူတို့အတွက် ရလာတဲ့မေးခွန်းလွှာကို ညည်းညူခြင်းတစ်စက်မရှိ၊ အပြစ်တင်ခြင်းအလျဉ်းမရှိဘဲ အရှိအရှိအတိုင်း လက်ခံကာ အကောင်းဆုံးဖြေဆိုနေကြသူတွေ ဖြစ်လို့ပါပဲ။

Credit to> Phio Thiha

ဥာဏ်ကောင်းချင်ကြလား


မင်းလှမြို့ နယ် အရှေ့ကြို့ ကုန်းကျေးရွာမှာ
ဒေါ်ရွှေမယ်ဆိုတာရှိတယ် သူဟာ စာတစ်လုံးမှမတက်ဘူး
ဒါနဲ့ သူက ဆရာတော်ကြီးတွေကို စာတက်ချင်လို့ 
အကျိုးအကြောင်းလျှောက်တော့ ဆရာတော်ကြီးတွေက
တရားစာအုပ်လှုရင် ဥာဏ်ကောင်းတယ်ဆိုပြီး
အကြံပေးလို့  သူဟာ ပိဋကတ်သုံးပုံစာအုပ်ကို
ငွေ လေးကျပ်နဲ့ ဝယ်ပြီး သံဃာတော်တွေကို
လှုဒါန်းခဲ့တယ် ပြီးတော့သူဟာ သေသွားခဲ့တယ်

သူဟာ ဒီဘဝမှာ လူဝင်စားလာဖြစ်ပြီး မောင်သာလှဆိုတဲ့ လူငယ်လေးဖြစ်လာခဲ့တယ်
သူဟာ အတန်းတိုင်းမှာ ပထမချည်းရပြီး နောက်ပိုင်းမှာ
ဆရာဝန်ဖြစ်လာခဲ့တယ် နိုင်ငံခြားကိုပညာတော်သင်
သွားတော့လည်း ထူးချွန်စွာအောင်မြင်ခဲ့ပြီး
  မြန်မာနိုင်ငံကို ပြန်ရောက်တော့ အတော်ဆုံး
ဆရာဝန်ကြီး ဦးသာလှအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တယ်
'
ဆဋ္ဌမသံဃာယနာတင်တော့မှ မင်းကွန်းဆရာ
  တော်ဘုရားကြီးကို တွေ့ လိုက်တော့မှ သူဟာ
သူ့ ရဲ့ ဒေါ်ရွှေမယ်ဘဝက လာတဲ့အကြောင်းကို
သတိယတဲ့ ဇာတိဿရ ဥာဏ်ကို ရှိပြီး
အကြောင်းစုံပြန်ပြောပြနိုင်ခဲ့တယ်
သူဟာ မင်းကွန်းဆရာတော်ဘုရားကြီးကို
ေ ကျောင်းဆောက်လှုနိုင်ခဲ့တယ်
တရားစာနဲ ပါတ်သတ်တာလှုရင် ဥာဏ်ကောင်းတယ်
နိဗ္ဗါန်အထောက်အပံ့ဖြစ်တယ်
လောကီစာပေတွေ လှုဒါန်းလျှင် ဟာသဥာဏ်
ဇဝန ဥာဏ် တင်္ခဏုပ္ပတ္တိ ဥာဏ် တွေရှိတယ်
လစ်သူရေးနီးယန်းနိုင်ငံသား ရက်ဘီအီလီဂျက်
ဆိုသူဟာ စာအုပ်ပေါင်း နှစ်ထောင်ကျော်ကို
တခါဖတ်တာနဲ့ အလွတ်ပြန်ဆိုနိုင်တယ်
အဲဒါ လောကီစာပေတွေ လှုဒါန်းခဲ့ဘူးလို့ ပဲ
ဒါ့ကြောင့် ဥာဏ်ကောင်းချင်ရင်
တရားစာပေ နဲ့ လောကီစာပေတွေကို
လှုဒါန်းကြပါက ဥာဏ်ကောင်းပါလိမ့်မယ်

Credit to> ဦးမြင့်ခိုင် စိတ်ပညာ

ရာဇ၀င်ကြွေးကို သွေးအေးအေးဖြင့်အဆပ်ခံရခြင်း



(၁)
တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..
တိတိကျကျပြောရရင် ၁၇၆၀ မှာ..
  မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..
ဆင်ဖြူရှင်ဘုရင် ဆိုတာနာမည်ကြီးခဲ့ပါတယ်၊
အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်က
မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊
ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ်ကျူးကျော်စစ်
ဖြစ်တဲ့တရုတ်-မြန်မာစစ်ပွဲ( Seno - Burmese War)
(၄) ကြိမ်စလုံးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်၊
တရုတ်-မြန်မာ ပထမစစ်ပွဲ
-----------------------------
၁၇၆၅ ခုနှစ် မတ်လအတွင်းမှာ ဆင်ဖြူရှင်မင်းတရားကြီးဟာ
အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာ
အခွင့်ကောင်းယူပြီး တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို
စတင် လုပ်ကြံလာပါတယ် ။ ထိုစဉ်က ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့
မြန်မာတပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံကနေ ယိုးဒယားကို
ချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး
နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။
တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ ကျိုင်းတုံကို
အထပ်ထပ်ဝန်းရံ တိုက်ခိုက်ပါတယ်။
ကျိုင်းတုံမြို့တွင်းကတပ်တွေကလည်း ထွက်တိုက်တာနဲ့
တရုတ်တွေ ဆုတ်ခွာပြေးရပါတယ်၊
တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး
မဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးသွားပါတယ်၊
အဲဒီစစ်ပွဲမှာ တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊
မြင်းတစ်သောင်းအထိ ချီတက်လာပြီး တရုတ် စစ်သည်တစ်သောင်း
ကျဆုံးခဲ့တယ်လို့သိရပါတယ်။
အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရသည့်အတွက် ယူနန်ဘုရင်ခံ
လျူစောက်မှာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားပါတယ်။
တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------
၁၇၆၆ မှာ ဒုတိယအကြိမ်အနေနဲ့တရုတ်တို့ဟာ
ယူနန်ဘုရင်ခံသစ်ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ
ချီတက်လာပြန်ပါတယ်၊
ဆင်ဖြူရှင်ဟာ တရုတ် တပ်ကြီး မရောက်မီလေးတွင်
ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော
မြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ
မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်ပါတယ်၊
ဗန်းမော်မြို့ကို မြန်မာတို့ဟာတင်းကြပ်စွာ
ထိန်းသိမ်းခြင်း မပြုတဲ့အတွက် တရုတ်တို့ဟာ
လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြပါတယ်။
ဆင်ဖြူရှင်ဟာ တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန်
ဝန်ကြီး မဟာစည်သူ ကွပ်ကဲတဲ့ စစ်တပ်ကြီးကို
ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား
စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့်
နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေပါတယ်..၊
ကျိုင်းတုံမှာ မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ်
ထိုးစစ် ဆင်လာတဲ့တရုတ်တို့ကို စစ်ကူများ ရောက်လာသည့်
တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။
နေမျိုးစည်သူ စစ်တပ်ကြီးဟာ ဗန်းမော်ကို ပြန်လည်
သိမ်းပိုက်လိုက်ပြီး တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်ပြီး
ကောင်းတုံခံတပ်မှမြန်မာတပ်များက ရှေ့မှ ထွက်တိုက်ကာ
နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ
တိုက်ခိုက်ပါတယ်၊
တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့
ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟု
မှတ်တမ်းများတွင် ဝန်ခံထားကြပါတယ်၊
တရုတ် စစ်မှူး ချိုဟန်ပိုင်ဟာ ကျန်နေတဲ့ စားနပ် ရိက္ခာများကို
ဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်...၊
ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာသော မြန်မာ
တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ကူးပြီးနောက်
ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးမှာစခန်းချ နေသော
တရုတ် စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊
မြန်မာတို့ဟာ တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း
နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍
စန္ဒားတိုင်အောင် ချီတက်ကြပြီးမဟာသီဟ သူရ၏
စစ်တပ်ကြီးနဲ့ ပူးပေါင်း မိကြပြန်ပါတယ်၊
နယ်စပ်ရှိ တရုတ်တို့ရဲ့ ခံတပ်များကို မြန်မာ စစ်တပ်ကြီးတွေက
သိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိခဲ့ပါတယ်၊
တရုတ် မှတ်တမ်းတွေမှာ ယူနန် ဘုရင်ခံဟာ ကြောက်ရွံ့
တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟုဆိုပါတယ်။
တရုတ်ဧကရာဇ်ချင်းလုံကို ယူနန်ဘုရင်ခံဟာ လိမ်လည်လှည့်ဖျားပြီး
အစီရင်ခံတဲ့အတွက် တရုတ်ဧကရာဇ်ဟာအဲဒီယူနန်ဘုရင်ခံကို
ပီကင်းကိုခေါ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်စေခဲ့ပါတယ်၊
တရုတ်-မြန်မာ တတိယစစ်ပွဲ
-------------------------------
အဓိကပြောချင်တာကတော့ တတိယစစ်ပွဲမှာပါ..
၁၇၆၇ ခုနှစ်မှာ တရုတ်တို့ တတိယအကြိမ် ချီလာပြန်ပါတယ်၊
ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်သော မန်ချူး စစ်ဗိုလ်ချုပ်ကြီး တဦး
လို့ အသိအမှတ် ပြုခံရတဲ့ မင်းယွီကို ခန့်အပ်ပြီး စစ်သည်
၅၀၀၀၀ ပါဝင်တဲ့ တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ်၊
မင်ယွီဟာသူ့တပ်ကိုနှစ်ပိုင်းခွဲပြီး တစ်တပ်ကိုသူကိုယ်တိုင်လိုက်ပါပြီး
သိန္တီ ကိုချီတက်ပါတယ်၊
မင်ယွီဟာ မန်ချုးဧကရာဇ်ချင်းလုံရဲ့သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန်
နိုင်ငံကြီးကို တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့တဲ့အတွက်ဘုရင်က သူ့သမီးနဲ့
ထိမ်းမြားလက်ဆက်ပေးထားသူ ဖြစ်ပါတယ်၊
တရုတ်သမိုင်းမှာထင်ရှားတဲ့စစ်သူကြီးတစ်ဦးဖြစ်ပါတယ်..
သိန္တီမြို့ကို တရုတ်တပ်တွေက အလွယ်တကူသိမ်းပိုက်ပြီးတဲ့အခါ
မင်းကြီး မဟာစည်သူ ကွပ်ကဲတဲ့ မြန်မာ တပ်ကြီးဟာ တရုတ်တို့ စစ်ဦးကို
ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့ပါတယ်၊
မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီးဟာ ရွှေစာရံမှ မြစ်ငယ်မြစ်ကို
ဆန်တက်ပြီးလျှင် တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ်၊
နေမျိုးစည်သူ ကွပ်ကဲတဲ့ တတိယ မြန်မာ့ စစ်ကြောင်းဟာ
တရုတ် စစ်မှူး အာဆင်ဂျီး ကွပ်ကဲသော တပ်ကို ဆီးပြီးတိုက်ခိုက်ဖို့
ချီတက်ခဲ့ပါတယ်၊
ဂုတ်ထိပ် အရပ်မှာ မဟာစည်သူ တပ်နဲ့ မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ပြီး
တိုက်ပွဲဖြစ်ပွားရာ မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊
အဲဒီနောက်မှာတရုတ်တပ်တွေဟာဆက်လက်ချီတက်လာပြီး တစ်ကြောင်းက
ယခုဝမ်ခေါင်းရွာ (ယခုမေမြို့အနီးစခန်းအနီး) အထိရောက်လာခဲ့သလို
အင်းဝအနီးမှာရှိတဲ့ မြစ်ငယ် မြစ် ကမ်းအနီးကမှ စဥ့်ကူးအထိရောက်ခဲ့ပါတယ်..၊
အရမ်းကိုနီးကပ်တဲ့အနေအထားပါ...
ဆင်ဖြူရှင်ဟာ အဲဒီအနေအထားကို သိရက်နဲ့ ပျာယာခတ်မနေပဲ
တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်ခဲ့ပါတယ်၊
သူ့နေရာမှာ အာဏာရှင်တွေသာဆိုရင် အခုလောက်ဆို တရုတ်ကိုကြောက်ရတယ်
ဆိုတဲ့အတိုင်း လက်နက်ချပြီး တရုတ်ပြည်အဖြစ်ရောက်ရှိခဲ့တာကြာလောက်ပါပြီ..၊
အဲဒီအချိန်က..
မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင်မူတည်ခဲ့တာပါ။
မြန်မာ့သမိုင်းရဲ့အပြောင်းအလဲကြီးတစ်ခုကို ဆင်ဖြူရှင်လက်ထက်မှာ
ရင်ဆိုင်ခဲ့ရတာပါ..၊
တချက်တိမ်းတာနဲ့ တနိုင်ငံလုံးတုန်လှုပ် ခြောက်ခြား၍ အစည်းပြေပြိး
တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ကျရောက်မဲ့အနေအထားပါ၊
ဆင်ဖြူရှင်ဘုရင်ဟာ ရန်သူတရုတ်တပ်မကြီးတွေနီးကပ်နေတာကို.. တုန်လှုပ်မှုမရှိပဲ
ကြံ့ခိုင်တဲ့ စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည် စုစည်းခဲ့ပါတယ်။
တရုတ်စစ်သူကြီး မင်းယွီအနေနဲ့သည်လည်း အခက်အခဲများကို ရင်ဆိုင်နေရတဲ့အတွက်
ဆင်ဖြူရှင်ရဲ့ တုန်လှုပ်မှုမရှိတဲ့တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အင်းဝနေပြည်တော်ကို
သူ့တပ်တစ်ခုတည်းနဲ့ မသိမ်းပိုက်နိုင်တော့လို့ ယူဆလာပါတယ်၊
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်သူရဲတွေဖြစ်တဲ့ မဟာသီဟ သူရနဲ့
တိမ်ကြားမင်းခေါင်တို့ရဲ့ မြန်မာ တပ်ကြီးတွေဟာလဲ တရုတ်စစ်တပ်
အချင်းချင်းမဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီးလျှင် တရုတ်စစ်ကူတပ်နဲ့
ရိက္ခာထောက်တပ်များကိုဟန့်တား ဖြတ်တောက်ထားလိုက်ပါတယ်၊
မင်းယွီ၏ စစ်တပ်ကြီးဟာ ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိတဲ့အချိန် ရိက္ခာများ
အရေးတကြီး လို၍ နေတဲ့အချိန်မှာမှ မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ဖို့
အပြင်း ချီတက် ထိုးဖောက်လာသော တရုတ် ရိက္ခာထောက်တပ်တွေဟာ
မြန်မာတို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်၍ ထိုမှ တဆင့်
လားရှိုးသို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာသွားပါတယ်၊
မင်ယွီရဲ့တပ်ဟာ အင်းဝမြို့နဲ့အနီးဆုံးနေရာကိုရောက် လာတဲ့အချိန်မှာ
မြန်မာစစ်တပ်က အခြားစစ်မှူး၊ စစ်ကဲတွဟာ အင်းဝနေပြည်တော်ကို
ပြန်လည် ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ်၊
ဒါပေမဲ့ မင်းကြီး မဟာသီဟသူရက" နောက်ထပ် တရုတ် စစ်ကူနဲ့
ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမယ် "လို့ အမိန့်ပေးခဲ့တာပါ၊
စစ်သူရဲ နေမျိုးစည်သူဟာ ကျိုင်းတုံကနေ မဟာသီဟ သူရ စစ်တပ်ကြီးနှင့်
လာရောက် ပူးပေါင်းပါတယ်၊
ပြီးတော့ သိန္တီ ကို မြန်မာတပ် နှစ်တပ် ပေါင်းပြီး အပြင်းတိုက်တဲ့အခါ
အခါ သိန္တီမှာရှိနေတဲ့ တရုတ် စစ်မှူးကြီး တာဆင်ဂါးဟာ ထိတ်လန့်မှု ပြင်းပြပြီး
မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်ပါတယ်...
အဲဒီနောက်ပိုင်းမှာ မင်ယွီရဲ့စစ်တပ်ကြီးပဲကျန်ပါတော့တယ်..၊
ဤတွင် မြန်မာတို့အဖို့ တရန် အေးကာ မင်းယွီဘက်သို့ ဦးလှည့် နိုင်လေတော့သည်။
မင်ယွီဟာ သူ့အကြောင်းသူသိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ
စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့ပါတယ်၊
မင်းယွီဟာ သူ့ရဲ့ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော
မြန်မာ တပ်ကြီးဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက်တွင်
ရောက်နေကြောင်း သိတဲ့အတွက် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ
မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့ပါတယ်.၊
ပထမပိုင်းဂုတ်ထိပ်မှာအရေးရှုံးနိမ့်ခဲ့တဲ့..
မဟာစည်သူဟာ သူရဲ့ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီး
မင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို
ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်ပါတယ်၊
မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိခဲ့ပြီး
အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် မင်ယွီရဲ့တပ်ဟာ အကျအဆုံး
များလာခဲ့ပါတယ်၊
မြန်မာတပ်တွေရဲ့တိုက်ခိုက်မှုဟာ တရုတ်တပ်တွေရဲ့အင်အား ၃၀၀၀၀
ကို ၃ ရက်လုံးလုံး အပြင်းအထန်တိုက်ခိုက်တဲ့အတွက် တရုတ်
မင်ယွီရဲ့ စစ်သည်အင်အားဟာ ၂၅၀၀ ပဲကျန်ရှိခဲ့ပါတယ်၊
မြန်မာစစ်သည်တွေရဲ့ဓားတွေဟာသွေးတွေနဲ့ လက်တွေမှာစေးကပ်ပြီး
ခွါမရဖြစ်ခဲ့တယ်လို့ ကမ္ဘာ့သမိုင်းမှာရေးသားခဲ့ကြပါတယ်၊
မြန်မာတို့ဟာ တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင်တင်းကြပ်စွာ
ပိတ်ဆို့ ဝန်းဝိုင်းထားကြတဲ့အတွက် တရုတ်ဧကရာဇ်က သူ့သမက်တော်
မင်ယွီကို လှမ်းပို့တဲ့ ပြန်ဆုတ်ခွာဖို့အမိန့်စာတောင် မင်ယွီဆီကို မရောက်ခဲ့ပါဘူး..
မြန်မာတပ်တွေအ၀ိုင်းခံရတဲ့အချိန်မှာ မင်ယွီဟာ သူရဲကောင်းပီသစွာ
သူရတဲ့ရိက္ခာကိုတောင် ဒဏ်ရာရတဲ့ တရုတ်စစ်သည်တွေကိုကျွေးပြီး
သူကိုယ်တိုင်ကတော့သစ်ရွက်တွေကိုသားစားခဲ့တယ်လို့ တရုတ်ရာဇ၀င်မှာ
ရေးသားခဲ့ကြပါတယ်၊
နောက်ပိုင်းမှာ မင်ယွီဟာ သူရဲ့ကျစ်ဆံမှီးကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံကို
ပေးပို့စေပြီး သူကိုယ်တိုင်ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်၊
အဲဒီတိုက်ပွဲမှာ မြန်မာတပ်တွေဟာ အင်အားငါးသောင်းရှိတဲ့
တရုတ်တပ်တွေကိုအောင်နိုင်ခဲ့ပါတယ်၊
တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
-----------------------------
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်မှာ တရုတ်တို့ဟာ နယ်စပ်မှာ
၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ပြန်လည်
ဝင်ရောက်လာပါတယ်၊စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့
လွန်စွာ အားထားရတဲ့မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်၊
ဖူဟင်း၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ်လှသော
မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍
နှစ်လတိုင်တိုင် အချိန်ဖြုံးခဲ့ပါတယ်၊ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့
ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍
လှည့်ကြပါတယ်၊
ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ
စစ်တပ်နဲ့ ပေါင်းမိခဲ့ပါတယ်၊
ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့်တဖန် ၏
ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်၊
သို့သော် ဗန်းမော်ဟာ မြန်မာတို့ အဖို့ အရေးပါ အားထားသော
စခန်းဌာန မဟုတ်ခဲ့ပါ၊
ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော
ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင်
စခန်းတွင် တည်ဆောက်ခဲ့ပြီးစစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို
လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို
လှေတပ်ဖြင့် ဝိုင်းကြပါတယ်၊
အဲဒီနောက် တရုတ်တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော
မြန်မာတွေရဲ့ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့်
ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်၊
မြန်မာ စစ်မှူး စစ်ကဲတို့ဟာ ယခင်အတိုင်း တရုတ် ရိက္ခာထောက်
စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီး
တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်...
ကောင်းတုံကို မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း
တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို
ခံကြရပါတယ်..
ထို့နောက် ရွှေညောင်ပင်တရုတ်ခံတပ်ကို မြန်မာတို့အပြင်းအထန်
ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ
တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသောတပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ်၊
မြန်မာတို့၏ ခံတပ် အခြေ၌ တရုတ်တို့သည် အတုံးအရုံး
စုပုံ ကျဆုံးကြပါတယ်၊
တရုတ်တို့ရဲ့ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက
ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက်တရုတ်ဘုရင်ဟာ စစ်ပြေငြိမ်းဖို့ကမ်းလှမ်းခဲ့ပါတယ်၊
----------------------------------
(၂)
ထူးခြားတာတစ်ခုကို တွေ့ရပါတယ်...
တရုတ်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတာကို တရုတ်တို့ စကားကမ်းလှမ်းလာလျှင်
ဗိုလ်ချုပ် မဟာသီဟသူရဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ်၊
ဘုရင့်အမိန့်ကို မခံယူတော့ဘဲ လက်ခံခဲ့ပါတယ်၊
ထိုသတင်းကိုကြားတာနဲ့ ဆင်ဖြူရှင်မင်းဟာ အမျက်တော်ရှသွားပါတယ်
ပြီးတော့ တရုတ်ဆီကနေရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး..
လက်ဆောင်ပဏ္ဍာတွေကို အဲဒီစစ်တပ်ကြီးက အကြီးအကဲဗိုလ်မှူး တပ်မှူးတို့ရဲ့
ဇနီးများအား ရွက်စေလျက် သုံးရက်တိုင်တိုင် နေလှန်းခဲ့တယ်လို့
ရာဇ၀င်မှာဖေါ်ပြခဲ့ပါတယ်၊
အဲဒီလိုတရုတ်ကို ရွပ်ရွတ်ချွံချွံ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့တဲ့
သူရဲကောင်းတွေကိုတောင်
ဆင်ဖြူရှင်ဘုရင်က ဒဏ်ခတ်ခဲ့တယ်ဆိုရင် အခုလိုတရုတ်ကိုကြောက်နေတဲ့
  မြန်မာစစ်ဗိုလ်ချုပ်တွေကို ဆင်ဖြူရှင်ဟာ သေဒဏ်အထိ ပေးနိုင်ပါတယ်၊
-------------------------------------------
(၃)
နောက်တစ်ခုက အဲဒီလောက်အထိ ကမ္ဘာ့သမိုင်းမှာ
ထင်ရှားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲကြီးတွေကို..
ဦးသန်းရွှေလက်ထက်မှာ သိသာထင်ရှားစွာ ဖေါ်ထုတ်ခြင်း
မရှိတာကိုလဲ လေ့လာမိပါတယ်၊
ပြီးတော့ စစ်ထွက်တွေ ထောက်ပြုတ်တွေကလဲ ..
အဲဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီး အကျယ်တ၀င့်သုံးသပ်ခြင်းမျိုးတွေ
မရှိတာကလဲ ထူးခြားပါတယ်..၊
ပိုဆိုးတာက....
မြန်မာတရုပ်စစ်ပွဲ (၄) ကြိမ်စလုံးမှာ...
မြန်မာတပ်တွေဟာ...
ဧရာဝတီဆိုတဲ့ မြစ်ကြီးကို...
အသုံးချပြီး...ခံတပ်တွေဆောက်၊
ရေတပ်တွေထုတ်ပြီး..
တရုတ်တွေကို ခုခံအောင်မြင်ခဲ့သလို..
တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့..
မြန်မာနိုင်ငံ ကချင်ဒေသနဲ့ ..
ရှမ်းပြည်နယ်အရှေ့ပိုင်းက..
သစ်တောကြီးတွေကို အသုံးချပြီး..
တရုတ်ပြည်ရဲ့ စစ်တပ်ကြီးတွေကို...
ထိထိရောက်ရောက် ချေမှုန်းခဲ့တာဖြစ်ပါတယ်..
အဲဒီတော့..
မေးစရာဖြစ်လာတာက..
အဲဒီဧရာဝတီမြစ်ကြီး နဲ့...အဲဒီသစ်တောကြီးတွေကို...
တရုတ်က....အခု...
ဘာလုပ်နေပါသလဲ..?
ဘာလုပ်ဖို့ကြိုးစားနေပါသလဲ ?
အခုမျက်ဝါးထင်ထင်တွေ့ပြီမဟုတ်ပါလား.
ဒါဟာ တရုတ်က အရင်တုန်းက ရှုံးနိမ့်ခဲ့ရတာတွေအတွက်
အခုခေတ်မှာ ရာဇ၀င်ကြွေးပြန်ဆပ်နေတယ်ဆိုတဲ့သဘောလား?
စစ်သားတွေ ဆိုပြီး ၊ အမျိုးချစ်ဆိုပြီ..
တရုတ်ကိုကျ ဘာလို့ဖင်စိမ့်အောင်ကြောက်နေကြရတာလဲ?
အဲဒါကြောင့် မြန်မာနိုင်ငံမြောက်ဖျားက ရေမြေတောတောင်တွေ
နဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်တာလား..ဆိုတာကို..
အမျိုးကို ချစ်ပါတယ်...ဆိုပြီး..
စစ်ရေးအမြင်ရှိပါတယ်ဆိုပြီး...
သောက်ကြီးသောက်ကျယ်ပြောနေတဲ့
နလပိန်းတုန်း လဒူတွေအနေနဲ့
စဉ်းစားကြစေလိုပါတယ်...၊
( Pa Yit)

ကျနော်မြန်မာအတွက်ကစားချင်တယ် (သို့ ) Sheffield United မှ ကရင်တိုင်းရင်းသားလေး Kler Heh နှင့် တွေ့ ဆုံခြင်း


-------------------------
ကျနော်တို့ အဖွဲ့ အင်္ဂလန် ပထမတန်း အသင်း Sheffield United မှာ ကစားနေတဲ့ ကရင်တိုင်းရင်းသားလေး Kler Heh ကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးပါမယ်။ ဂျာနယ်များ၊ အင်တာနက် စာမျက်နှာများ ကူးယူလိုပါက ကူးယူနိုင်ပါသည်။ credit တော့ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
---
Q: ညီလေး နာမည်၊ အသက် နဲ့  မိဘအမည်လေး ပြောပြပါ။
A: ကျနော့် နာမည် က Kler Heh အဖေ က Kaw Moo Heh နဲ့  အမေ က Moe Heh ပါ။ ၁၉၉၆ အောက်တိုဘာ ၂၁ ရက် နေ့ မှာ မွေးပါတယ်။
----
Q: ဘယ် ဇာတိပါလဲ၊ ဘာ လူမျိုးပါလဲ။
A: ကျနော့် ကို ထိုင်း-မြန်မာ နယ်စပ်က Kwe Ko Lo ဒုက္ခသည် စခန်းမှာ မွေးပါတယ်။ ကရင် လူမျိုးပါ။
----
Q: မြန်မာ စကား၊ ထိုင်း စကား နဲ့  ကရင် စကား ဘယ်စကားပြောတတ်ပါလဲ။
A: ကျနော် ကရင် လို တတ်ပါတယ်။
----
Q: ကြီးပြင်းရာ ငယ်ဘ၀ နဲ့  အင်္ဂလန် ကို ပြောင်းရွှေ့ ဖြစ်ပုံလေး ပြောပြပါ။
A: ငယ်ငယ်တုံးက အခွင့်အလန်း သိပ်မရှိခဲ့ပါဘူး။ ကျနော် ၁၀ နှစ်သားမှာ အင်္ဂလန် ကို ပြောင်းလာပါတယ်။ ဘောလုံးကတော့ ငယ်ငယ်လေးကတည်းက ကစားပါတယ်။ ဒီရောက်တော့ ပိုပြီး ကောင်းကောင်း ကစားတတ်လာပါတယ်။
-----
Q: မြန်မာပြည်က မိဘ က ထိုင်းမှာ မွေးတယ်၊ နောက် အင်္ဂလန် ရောက်လာတယ် ဒီတော့ ညီလေးက ထိုင်း နဲ့  မြန်မာ ဘယ်နိုင်ငံနဲ့  ပိုမို ရင်းနီးမှု သက်ဆိုင်မှု ရှိတယ်လို့ ထင်ပါသလဲ။
A: နှစ် နိုင်ငံ စလုံး သက်ဆိုင်မှုရှိပါတယ်။ မြန်မာပြည် ကို တခါမှ မရောက်ဘူးပေမဲ့ မြန်မာပြည်မှာ ကျနော့ ဆွေမျိုးတွေ ရှိပါတယ်။ အဆိုတော် တင်ဇာမော် က ကျနော့် အဒေါ်တော်ပါတယ်။
-----
Q: မြန်မာပြည် နဲ့  ထိုင်း ၂ ခု ကြိုက်ရာ ရွေးချယ်လို့ ရနိုင်တာမှာ ဘယ်နိုင်ငံကို ရွေးမှာပါလဲ။
A: ကျနော် မြန်မာပြည် ကို ရွေးပါမယ်။ လက်ရှိတော့ အင်္ဂလန် ပါတ်စပို့ ကိုင်ထားပါတယ်
-----
Q: မြန်မာပြည်က အဖြစ်အပျက်တွေ ကို သိပါသလား၊ ကြည့်ဖြစ်ပါလား။
A: မြန်မာ ယူ၁၉ နဲ့  ထိုင်း ယူ၁၉ ပွဲ ကို ကြည့်ဖြစ်ပါတယ်။ သူတို့ နဲ့ ကစားချင်ပါတယ်။
------
Q: ယူ၂၀ ကမ္ဘာ့ ဖလားက အရမ်းနီးနေပြီ မှတ်ပုံတင်ဖို့ မမှီလောက်တော့ဘူး ထင်တယ်
A: ယူ၂၀ ကမ္ဘာ့ ဖလား မကစားရလဲ ဖြစ်ပါတယ်။ ကျနော် မြန်မာပြည် ကို ကိုယ်စားပြုပြီး ကစားချင်တာပဲ ရှိပါတယ်။
------
Q: အင်္ဂလန်မှာ ဒီအဆင့်ကို ရောက်ရှိလာပုံလေး ပြောပြပါလား
A: ကျနော် အင်္ဂလန် ကို မရောက်ခင် ဘ၀ က အရမ်းကြမ်းတမ်းခဲ့တယ်။ ဒီရောက်တော့ ကျနော် ကျောင်းအသင်းမှာ စ ကစားတယ် အတော်ကောင်းကောင်းလေး ကစားနိုင်တော့ Sunday league တခုကို သူငယ်ချင်းက ချိတ်ပေးတယ် ဒါပေမဲ့ အဲ့အသင်းမှာ ကျနော် ကစားခွင့်မရခဲ့ဘူး။
တစ်ရက် ကျနော် ပန်းခြံထဲမှာ ကစားနေတုံး သူငယ်ချင်းတစ်ယောက်က မြင်ပြီး အခြား Sunday league အသင်းတစ်ခုနဲ့  ချိတ်ပေးလို့ အဲ့ဒီ့မှာ ၂ နှစ်လောက် ကစားခဲ့ပါတယ်။
ဖိနပ်ဝယ်ပေးတာ စတဲ့ မိဘထောက်ပံ့မှု တွေ မပါရင် ကျနော် ဒီလို ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ ကို အရမ်းကျေးဇူးတင်မိပါတယ်။ ကျနော် ၁၄ နှစ်သားမှာ Sunday league အသင်းရော ကျောင်းအသင်းမှာပါ ကစားခဲ့ပါတယ်။
Sheffield United ရဲ့ လူရွေးစမ်းသပ်မှုတွေကို ၃ ကြိမ်ကြိုးစားခဲ့ပေမဲ့ အရွေးမခံခဲ့ရပါဘူး။ ၄ ကြိမ်မြောက်လောက်မှာမှ Sheffield United က ၂ နှစ်စာချုပ်နဲ့  ခေါ်ခဲ့ပါတယ်။ ဒီနှစ်က ကျနော် ၂ နှစ်ပြည့်တဲ့ နှစ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပါတ်လောက်က ကျနော့်ကို professional contract ၁ နှစ်ချုပ်ပါတယ်။
ယူ၂၁ အသင်းမှာ ဖြစ်ပါတယ်၊ အသင်းကြီးက ကစားသမားအချို့ နဲ့ လဲ လေ့ကျင့်ခန်း ဆင်းရပါတယ်
-------
Q: လစာ ဘယ်လောက်နဲ့  စာချုပ်ထားပါသလဲ
A: လောလောဆယ် ကျနော် ပြောမပြလိုသေးပါဘူး
--------
Q: အင်္ဂလန်ကို ပြောင်းလာပြီး နောက်ပိုင်း ကြုံရတဲ့ အခက်အခဲ တွေ နည်းနည်း ပြောပြပါလား
A: အလုပ်ကြိုးစား လုပ်ဖို့ ပါပဲ ကွင်းတွင်းရော၊ ကွင်းပြင်မှာပါပေါ့။ အခုဆို သူတို့  ယဉ်ကျေးမှုကို သိသွားသလို သူတို့ အစားအသောက်နဲ့ လဲ အလေ့အကျင့် ဖြစ်သွားပါပြီ။ သူတို့ ကစားတဲ့ ပုံကိုလဲ သိသွားတယ်။ ကစားဖော်ထဲမှာ နိုင်ငံအသီးသီးကို ကိုယ်စားပြုနေတဲ့ လက်ရွေးစင်တွေ ရှိတယ်။ တခါတလေ ကျနော် ကောင်းကောင်းမွန်မွန် မကစားနိုင်တာ ရှိရင် အကောင်းမြင်စိတ်ထားပြီး ဆက်တိုက် ကြိုးစားပါတယ်
--------
Q: ဘောလုံးကစားတဲ့နေရာမှာ ညီလေးရဲ့ အားသာချက် အားနည်းချက်က ဘာလဲ
A: တော်တော် ကောင်းကောင်းမွန်မွန် ကစားနိုင်ပါတယ်။ အဆုံးသတ်ပိုင်း ဒီ့ထက်ပိုကောင်းအောင် လုပ်ရပါအုံးမယ်
--------
Q: ဘယ်နေရာ ကစားပါလဲ၊ ဘယ်သန် လား ညာသန်လား
A: တောင်ပံ သို့ မဟုတ် နောက်ချန် တိုက်စစ်မှုးပါ။ တခါတရံ တိုက်စစ်မှုး အဖြစ်လည်း ကစားပါတယ်။ ညာသန်ပါ ဘယ်နဲ့ လဲ ကစားနိုင်ပါတယ်
-------
Q: အရပ် နဲ့  အလေးချိန်က
A: ၅ ပေ ၆ လက်မပါ။ ၆၅ ကီလိုပါ
--------
Q: ကိုယ်ခန္တာကြီးတဲ့ ကစားသမားတွေနဲ့ ကစားရင် ဘယ်လို ရင်ဆိုင်ကစားလဲ ပြောပြပေးပါ။
A: ကျနော်က အခုတော့ အကျင့်ပါနေပါပြီ။ သူတို့ အမြဲ အလုပ်ရှုပ်နေအောင် လှုပ်ရှားမှုတွေ မပြတ်လုပ်နေပေးဖို့ လိုပါတယ်။
--------
Q: မှတ်မှတ်ရရ ရှိနေခဲ့တဲ့ ပွဲတစ်ပွဲ ကဘယ်ပွဲဘာလဲ
A: လီဗာပူး ယူ၁၆ နဲ့  ကစားတုံးက ကျနော် တော်တော်ကောင်းကောင်းကစားနိုင်ခဲ့တယ် အဲ့ပွဲ ကိုတော့ မမေ့ဘူး
--------
Q: အနာဂါတ် ရည်မှန်းချက် ဘယ်လိုရှိပါလဲ အင်္ဂလန်က ကလပ် အသင်း မှာပဲ ဆက်ကစားမလား၊ မြန်မာ သို့ မဟုတ် အိမ်နီးချင်း ထိုင်း၊ မလေးရှားက ကလပ်တွေမှာ ရောကစားဖို့ စိတ်ကူးမရှိဘူးလား။
A: ကျနော် အင်္ဂလန် ကလပ်မှာပဲ ဆက်ကစားပြီး မြန်မာပြည် အတွက် ကစားချင်တာပါ။ လောလောဆယ် တခြားက ကလပ်အသင်းမှာ ကစားဖို့ မစဉ်းစားထားပါဘူး။
--------
Q: မြန်မာအသင်းအတွက် ကစားပေးမယ်ဆိုရင် အင်္ဂလန် ပါတ်စပို့ ကို စွန့် လွှတ်ရမယ် အင်္ဂလန်က ကလပ်မှာ ကစားဖို့  work permit လိုမယ်။ မြန်မာအတွက် ကစားဖို့ စိတ်ကူးသေးလား။
A: မြန်မာအသင်းက လက်ခံရင် ကျနော် မြန်မာအသင်းမှာ ကစားပါမယ်။
--------
Q: အာဆီယံ နဲ့  အာရှ က ဒေသတွင်း ပြိုင်ပွဲ (ဥပမာ ဆူဇူကီးကပ်၊ ဆီးဂိမ်း) တွေက FIFA calendar အတိုင်း မကစားပါဘူး။ တကယ်လို့  Sheffield United က ညီလေးကို နိုင်ငံအတွက် မလွှတ်ဘူးဆိုရင် ဘယ်လိုလုပ်မယ်စိတ်ကူးလဲ။
A: ကျနော် ကစားနိုင်မယ် လို့ ယုံပါတယ်။ ကလပ်အသင်းကလဲ နိုင်ငံအတွက်ဆို စေလွှတ်ပေးမှာပါ။
--------
Q: အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ကို ဆက်သွယ်အကြောင်းကြားပေးပါ့မယ်။ မြန်မာ အတွက် ကစားပေးဖြစ်သည် ဖြစ်စေ မကစားပေးဖြစ်သည် ဖြစ်စေ ညီလေး ကို မြန်မာပြည်က ဘောလုံး ပရိတ်သတ်ကြီးက အားပေးနေတယ်ဆိုတာ သိစေချင်ပါတယ်။ ဆက် ကြိုးစားပါ။
A: အခုလို ဆက်သွယ် မေးမြန်းပေးတာလဲ ကျေးဇူးတင်ပါတယ်။ ကျနော့ ပုံ နဲ့  ကစားပုံ ဗီဒီယို ပို့ ပေးလိုက်ပါမယ် ကျေးဇူးတင်ပါတယ်


Credit to> မြန်မာဘောလုံးချစ်မြတ်နိုးသူများ

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်
ရဲဘော်ကျော်ဆန်း
ကျနော်က တပ်မတော် သား၊ သာမန် တပ်သားလေး ကနေ ပြီးတော့ နှစ်ပေါင်း ၃၆ နှစ်နဲ့ ၂၂၂ ရက် လုပ်လာတော့ တပ်မတော် ဘ၀ဟာ ကျနော့်ဘ၀ပဲ။ ကျနော် တပ်မတော်ကို မဆန့်ကျင်ဘူး။
တပ်မတော်ကို မဆန့်ကျင်လို့ ကျနော်နဲ့ မဆက်ဆံချင်လည်း နေ။ အာဏာရှင်စနစ်ကို ဆန့်ကျင်တာ။ အာဏာရှင်ဆိုတာ တပ်မတော်မှ မ ဟုတ်ဘူး တပါတီပဲ လုပ်လုပ်၊ ပုဂ္ဂိုလ်တဦးပဲ လုပ် လုပ် အာဏာရှင် စနစ်ကို ကျနော် သဘောမတူဘူး။ တပ်ဟာ အာဏာ လုဖက် မဖြစ် စေချင်ဘူး။ တပ်က ကိုယ်တိုင်နိုင်ငံရေးပါတီ ထူထောင်တာလည်း ကျနော် သဘောမတူပါဘူး။
တပ်ကို ရန်သူ အဖြစ် မခံ နိုင်ဘူး။ တပ်ဟာ ဒိုင်ပဲ လုပ်ရမယ်။ နိုင်ငံ တော်ရဲ့ လွတ်လပ် ရေးနဲ့ အချုပ် အခြာကို ကာကွယ် စောင့်ရှောက်တဲ့ တပ်မတော်ပဲ ဖြစ်ရပါမယ်။ ပြည်သူတို့နဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်တဲ့ တပ်မတော် ဖြစ်ရ ပါမယ်။ ပြည်သူ တ ရပ် လုံးက လွတ်လပ်စွာ ဆန္ဒ မဲပေး အတည်ပြု ပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ တပ်မတော် ဖြစ်ရ ပါမယ်။ ဖွဲ့စည်း ပုံနဲ့ အညီ တက်လာတဲ့ အစိုး ရကို သစ္စာစောင့် သိရို သေတဲ့ တပ်မတော် ဖြစ်ရ ပါမယ်။ ဖွဲ့စည်း ပုံနဲ့ အညီ ပေးအပ် တဲ့ တာဝန်ကို ထမ်းဆောင်တဲ့ တပ်မတော် ဖြစ်ရ ပါမယ်။
နောင်နိုင်ငံတော် တာဝန်ဖြစ်တဲ့ စစ်သားဟာ စစ်တိုက်ဖို့၊ လေ့ကျင့်ဖို့၊ ပြည်သူတွေ အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ပေါ့ဗျာ။ တပ်မတော် သား ဟာ ဆယ်အိမ်ခေါင်း လုပ်ဖို့လည်း မဟုတ်ဘူး၊ သူကြီးလုပ်ဖို့လည်း မဟုတ်ဘူး၊ ၀န်ကြီးချုပ်လုပ်ဖို့လည်း မဟုတ်ဘူး၊ သမ္မတလုပ်ဖို့လည်း မဟုတ်ဘူး။
သိပ်အာဏာ လိုချင်တယ်ဆိုရင် သေနတ်စွန့်၊ ယူနီဖောင်းချွတ်၊ ကြိုက်တဲ့ နိုင်ငံရေးပါတီ ထူထောင်၊ အဲဒါ ကျနော် လက်ခုပ် တီးပေးမယ်၊ လက်ဆွဲနှုတ်ဆက်မယ်၊ ပြောရရင် ကျနော်တို့ကလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း ဆိုတာတွေကို မလွဲမသွေ ရိုသေတဲ့သူတွေပါ။
တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပျိုးထောင်ထားတဲ့တပ်၊ ကျနော်တို့ ၀န်းရံပေးရမှာပဲ။ တပ်ကို ရန်သူ လို စစ်မျက်နှာဖွင့် တိုက်ရင် ပိုပြီးတော့ စစ်မျက်နှာ ကျယ်သွားမယ်၊ ဆက်ပြီး ရန်သူကြီးသွားမယ်။ အဲဒီတော့ ဒီ နည်းဗျူဟာတော့ မကျင့် သုံးအပ်ဘူးလို့ ကျနော် ခံယူပါတယ်။ ကျနော့်သဘောထား ပြောရရင် တပ်ကို ရန်သူ အဖြစ်မခံနိုင်ဘူး။ ရန်သူ အဖြစ်မခံနိုင်လို့ သူတို့ ထား ရာနေ၊ စေရာသွားလည်း သဘောမတူဘူး အဲဒီလိုလည်း မလုပ်ဘူး။
သူတို့ထားရာနေ စေရာသွားမဟုတ်ဘူး၊ ပြည်သူထားရာနေ စေရာသွားဖို့သာ ဖြစ်ရတာ။ အဲဒီတော့ ကျနော်တို့က ပြည်သူထဲက တ ယောက်ဆိုတော့ ပြည်သူ့ နှလုံးသားကို ရင်ဝယ်ပိုက်တဲ့ တပ်မတော်သား ဖြစ်ဖို့တော့ လိုတာပေါ့။ ဒီကနေ ဖြစ်သလား မဖြစ်ဘူးလား ဆိုတာတော့ အငြင်းမပွားချင်ဘူး။ ဖြစ်နေတဲ့သူကို အသိအမှတ်ပြု မဖြစ်သေးတဲ့သူကို စည်းရုံးရမှာပေါ့။
ဗိုလ်ချုပ်အောင်ဆန်း ပျိုးထောင်ထားတဲ့ တပ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ တချိန်က ဘ၀တူတွေဆိုတဲ့ စိတ်မျိုးနဲ့ လုပ်ရင် သူတို့လည်း နှလုံးသားချင်း ဆက်မိပါလိမ့်မယ်။ အရေးကြီးတာက ကိုယ်က ပွင့်လင်းရိုးသား၊ ကိုယ်ကျိုး မဖက်ဖို့ သူသိအောင် လုပ်ရမှာပေါ့လေ။ သူလည်း ဒီလိုပြန်လာရင် ဆုံမှတ် တခုရမှာပါ။ တူညီတဲ့ ရပ်တည်ချက်တခုရမှာပါ။ ဒါတွေက တဦးနဲ့တဦး ထိတွေ့ဖို့ လိုပါတယ်။ လွှတ်တော်ထဲတင် ထိတွေ့ဖို့မလိုဘူး။ လွှတ်တော်ပြင်ပမှာလည်း လိုပါတယ်။ အာဖရိကနဲ့ အာရပ်ကမ္ဘာမှာ လွှတ်တော်ပြင်ပနဲ့ အောင်ပွဲခံသွားတာ တပုံကြီးပါ။ လွှတ်တော်ထဲမှာ ရတဲ့နည်းရှိသလို လွှတ်တော်ပြင်ပမှာလည်း တပုံကြီးပါ။
အရင်တုန်းက တပ်မတော်နဲ့ အခုတပ်မတော် မူလဘူတ အဇ္ဈတ္တ အနှစ်ကတော့ အရင်က အတိုင်းပါပဲ။ ပုံသဏ္ဌာန်တွေကတော့ ပြောင်း သွား တယ်ပေါ့ဗျာ။ ပုံသဏ္ဌာန်ဆိုတာကတော့ ဦးဆောင်ဦးရွက်လုပ်တဲ့သူရဲ့ စိတ်နေစိတ်ထား၊ ခံယူချက် အနစ်နာ ခံနိုင်မှု၊ ခေါင်းဆောင်မှု အရည်အချင်းပေါ်မှာ တည်တာပေါ့၊
အမျိုးသား ခေါင်းဆောင်ကြီး … တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ တပ်မတော် ဆို တော့ အစဉ်လာ ကောင်းတဲ့ တပ်မတော်ပါ။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာလည်း ပြည်သူနဲ့ အတူ ပါဝင်လာတဲ့ သမိုင်း အစဉ် အလာ ရှိတဲ့ တပ်မတော်ပါ။ ပြောရရင် အားကိုးစရာ၊ လေးစားစရာ၊ အားထားစရာ တပ်မတော်ပါ။ ကျနော်တို့ကိုယ်တိုင်လည်း ဒီတပ်မတော်ရဲ့ အ ခန်းကဏ္ဍမှာ၊ ကျနော်တို့ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနောက်မှာ သူတို့ရဲ့ ခါးဆွဲပြီး လိုက်လာတဲ့ တပည့်တပန်းပေါ့ဗျာ။
အမျိုးသားဒီမိုကရေစီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်ဦးက ကျနော့်တပ်ခွဲမှူးပါ။ သူရဘွဲ့ရော၊ ဇေယျကျော်ထင်ဘွဲ့လည်း ရပြီးသားပါ။ တော် လှန်ရေးမှာ သန္ဓေတည်ခဲ့တဲ့ တပ်မှူးတွေဆိုတော့ အင်္ဂလိပ်ရော ဂျပန်ကပါပေးတဲ့ သင်တန်းတွေလည်း တက်ခဲ့ဖူးတယ်။ အင်္ဂလိပ် သင် တန်းက စည်းကမ်းရှိတာပေါ့။ ဂျပန်ကတော့ စိတ်ဓာတ်ရှိတယ်။
ဒီ ၂ ခုပေါင်းစပ်ထားတော့ ကျနော်တို့ အမွေ ကောင်းတွေရတာပေါ့။ သူတို့ကလည်း တပ်မှူးကောင်းကြီးတွေ၊ ကျနော်တို့ ကလည်း တပ်မှူး ကောင်းကြီးတွေ လေ့ကျင်ထားတဲ့ စစ်သား၊ ပြောရရင်တော့ ကျမ်းမကျိန်ခင် ကတည်းက စစ်တိုက်ခဲ့ရတာ။ မိုင်းပွန်မှာ ကရင်လက်ထဲ ရောက်တော့ လွိုင်လင် ဘက်ကနေပြီး ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ တပ်စုတစုနဲ့ သွားပြီးတော့ ကျနော် တို့က စစ်ကြောင်းတကြောင်းနဲ့ မိုင်းပွန် ကို သိမ်းတယ်။ တောင်ကြီးကိုတော့ ဗိုလ်မှူး ကျင်စံတို့က သိမ်းတယ်။
စစ်သားသစ် ဘ၀မှာတောင် ကျနော်တို့က စစ်တိုက်ခဲ့ရတဲ့ သူတွေပါ။ အဲဒီတုန်းက မန္တလေးမှာနေတယ်၊ မတ္တရာ သိမ်းတယ်၊ ကျောက် ဆည် သိမ်းတယ်၊ ပျဉ်းမနား သိမ်းတယ်။ အဲဒီထဲမှာ သာမန်ရဲဘော် တယောက်အနေနဲ့ ပါတာပေါ့။ အခုသူတို့ ပြောနေတဲ့ နေပြည်တော် ဆိုတာက ကျနော်တို့ ခြေရာချင်း ထပ်နေတာ။ ခေါက်တုံ့ခေါက်ပြန် ရန်သူကို လိုက်ရှာပြီး တိုက် နေရတဲ့ နေရာ။ သခင်သန်းထွန်း အနေ ကြာ တဲ့ စခန်းကို ဗိုလ်ချုပ်ကြီး တင်ဦး တပ်ရင်းမှူးဘဝနဲ့ ခေါင်းဆောင်ပြီး စစ်ဆင်ရေး လုပ်တာ။
၁၉၅၂ ခုနှစ် မေလ ၅ ရက်နေ့မှာ ကျနော်သေနတ်ဒဏ်ရာရတယ်၊ ကျနော့်တပ်ခွဲမှူး ဗိုလ်ကြီး ညိုဝင်းမောင်၊ ရဲဘော် ၃ ကျိပ်ဝင် ဗိုလ်ရန် အောင်ရဲ့ ယောက်ဖအရင်းပါ။ အဲဒီမှာ ကျနော့်ကို ပတ်တီးစည်းပေးနေရင်း အဲဒီမှာ ကျသွားတယ်။ ရည်ရွယ်ချက်ကိုက ငါ့တိုင်းပြည်၊ ငါ့ လူမျိုး၊ ငါ့တပ်မတော်ဆိုတဲ့ ရည်ရွယ်ချက်၊ ပြီးတော့ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ ပြည်ထောင်စုကြီး တည်မြဲဖို့၊ လွတ်လပ်ရေး မဆုံးရှုံးဖို့၊ ဒီမိုကရေစီ ထွန်းကားဖို့ စသည်ဖြင့် ဒီလိုဟာတွေကို နှလုံးသား ပိုက်ပြီးတော့ ရည်ရွယ်တာ။ ဘာမှ စီးပွားရေး မရှိဘူး။ တပ်ကပေးတဲ့ ရိ က္ခာနဲ့၊ တပ်ကပေးတဲ့ လစာနဲ့ နေတာ။ တပ်မတော်သား ဘ၀ တ၀က်မှာ ကိုယ်ရတဲ့ လစာ တ၀က်ကို တနှစ်တိတိ လှူခဲ့တယ်။
အခု တပ်မတော်ကတော့ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ အင်္ဂါတွေတော့ အများကြီး ပျက်နေပြီပေါ့။ ဟိုတုန်းက ကျနော်တို့က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် နေခဲ့တာ။ တောင်တန်းပြာနဲ့ ကျောပိုးအိတ်အဖြစ်နဲ့ နေခဲ့တာ။ ကျေးစေ တ မန်နဲ့ နေခဲ့တာ။ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ဆိုတာတွေနဲ့ နေခဲ့တာ။ အခု အဲဒါတွေနဲပြောင်းပြန်တွေ ဖြစ်နေတယ်။ ပြောရရင် တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကနေ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တာပေါ့နော်။
သူတို့ အုပ်ချုပ်တဲ့ အနှစ် ၂၀ ကျော်မှာ ၁၅ နှစ်လောက်က အထဲမှာနေရတော့ အပြင်ဘက်က ဟာကိုနည်းနည်းလောက်ပဲ တွေ့ရတာပေါ့ ဗျာ။ ကြားတာလည်း နားမဆံ့အောင် ကြားတာပေါ့ဗျာ။ ကလေး စစ်သား စုဆောင်းတာတို့ပေါ့။ ကျနော်တို့ တုန်းက စစ်ဆင်ရေး ထွက် တယ် ဆိုရင် လူ ၅၀၀ ကျော်နဲ့၊ အရာရှိတွေနဲ့၊ တပ်သားတွေနဲ့ အကုန် အပြည့်အ၀ ထွက်တယ်။ အခု တပ်တတပ် စစ်ဆင်ရေးထွက်ရင် အဲဒီရဲ့ တ၀က်လောက်တောင် ရှိပုံမပေါ်ဘူးလို့ ကျနော် တွက်မိတယ်လေ။ ပြောရရင်တော့ တပ်ကို မ၀င်တဲ့သူတွေ များတာပေါ့ဗျာ။ ၀င် ပြန်တော့လည်း ချိုကျိုး နားရွက်ပဲ့ အစုတ်အပြတ်လေးတွေ များတာပေါ့။ အတင်းအကျပ် သွင်းလို့ ကြောက်လို့ ပါလာပြီး ထွက်ပြေး တာ တွေလည်း ရှိတာပေါ့။
ကျနော်ကိုယ်တိုင်လည်း မျက်ဝါး ထင်ထင်ပါ။ ပေါက်စလေးတွေ …။ ပြောရရင်တော့ ကျောပိုးအိတ်ထဲမှာ နို့ဘူးထည့်ပြီး သွားရမယ့် က လေးတွေလို အရွယ်မျိုး။ နို့နံ့ တောင် မစင်သေးတဲ့ ကလေးတွေ ကျနော်ကိုယ်တိုင်လည်း မြင်နေတာပဲ။ လူကြီးတွေ လာရင် တပ်နဲ့တမိုင် လောက် ရှိတဲ့ ကျောင်းတွေမှာထား၊ လူကြီးတွေ ပြန်တော့မှ တော်တီတော်တီနဲ့ ခရာမှုတ်ပြီး အဲဒီကလေးတွေ ပြန်ခေါ်လာတာပဲ။ ဒီလို လည်း ကြားဖူးတယ်၊ တွေ့ဖူးတယ်ဆိုတော့ ပြောရရင်တော့ တပ်ဟာ ကလေး စစ်သားတွေ အများကြီး ရှိတယ်လို့ ကျနော်တို့ ကြားဖူးတာ လည်း အမှန်ပါ။ အခုတော့ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ်လို့ ထင်ပါတယ်။
အခုချိန်မှာတော့ တပ်ကို စီးပွားရေးသဘောလို ထားပြီးတော့ ရိုက်စား ကြော်စားလုပ်မယ့် လူလည်းရှိမှာပေါ့။ ခပ်ကြမ်းကြမ်း အားမနာ တမ်း ပြောရရင် စစ်သားလုပ်စားတဲ့ လူတွေပေါ့။ ကျုပ်တို့က စစ်သား လုပ်စားတာ မဟုတ်ဘူး။
ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် တပ်မတော်သားတို့၏ သစ္စာကို စောင့် သိရိုသေ ပါ မည်။ အထက်မှ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ပါမည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ် မတော် အတွက် ငါ၏ အသက် ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ဆိုတဲ့ သစ္စာလေးချက် ရင်ဝယ်ပိုက်ပြီး စစ်သား လုပ်လာတာ။ ဆယ် အိမ်ခေါင်းလုပ်ဖို့လည်း မရည် ရွယ် ဘူး၊ သူကြီးလုပ်ဖို့လည်း မရည်ရွယ်ဘူး၊ ၀န်ကြီးချုပ်နဲ့ နိုင်ငံတော် အကြီးအကဲ လုပ်ဖို့လည်း မရည်ရွယ်ဘူး။
အစဉ်အလာကောင်းတဲ့ တပ်မတော်ပါ။ ဒါကျနော်တို့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကာလတလျှောက်ရဲ့ အတွေ့အကြုံကို ပြောတာပါ။ အခု လည်း အဲဒီလို ပုဂ္ဂိုလ်တွေရှိကြမှာပါ။ ကျနော်တို့ မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။
၁၉၉၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတုန်းက ကျနော့်တပ် အပါအ၀င် တော်တော်များများက ခမောက်ချည်း ထည့်တာပဲ။ ကြိုတင် မဲတွေ ပေးသွားတယ်။ ဒါ ကျနော်သိတယ်။ အမှတ် ၁၁ ခြေမြန်တပ်ရင်း ရွှေဘိုမှာရှိတာ။ ရွှေဘိုနဲ့ ကျနော့်တပ်နဲ့က ၃ မိုင်လောက် ဝေး တယ်။ ကားလည်းမပေးဘူး၊ ခြေကျင်လျှောက်သွား ကြတယ်။ မြင်းလှည်းနဲ့ သွားထည့်တယ်။ ထည့်တာ အားလုံးကလည်း ခမောက် ချည်းပဲ။ အဲဒီတော့ တချိန်ကလည်း တပ်မတော်သားတွေက ခမောက် မဲပေးခဲ့တာ အထင်အရှား ရှိနေတာပါ။
အဲဒီတော့ တပ်ဟာ နှလုံးသားက ဒီမိုကရေစီရှိတယ်လို့ နားလည်ထားပါတယ်။ ဥပမာ အားဖြင့်တော့ အာဏာစွဲ ကိုင်တဲ့သူတွေက အဲဒီ ကလေးတွေကို နဖားကြိုးတပ်ပြီးတော့ အကျိုးစီးပွားအတွက် အသုံးချတာလည်း ရှိသင့် သလောက်တော့ ရှိမှာပေါ့ဗျာ။ ဒါကိုတော့ ကျ နော်တို့က ထောက်ပြရမှာပေါ့။ သူတို့ပြင်နိုင်အောင် ပြရမှာပေါ့။ စွဲချက်တင်နိုင်အောင် တရားစွဲပြီး သူတို့ ဘ၀ပျက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ အကောင်းဘက်နဲ့ ချဉ်းကပ်ပြီး ပြောရမှာပေါ့နော်။
ဒု ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်ဆွေက ကျနော်တပ်ရင်းမှူး ဘ၀မှာ ကျနော့် ထောက်လှမ်းရေး အရာရှိပါ။ ကျနော် တိုက် ရည်ခိုက်ရည် ခေါင်းဆောင်မှု သူ့စာအုပ်ထဲမှာ တပုံကြီး ရှိပါလိမ့်မယ်။ နောက် သူ့ကို တပ်ရေး ဗိုလ်ကြီး ထားပါတယ်။ လူကောင်းပါ။ အခု နေ အာဏာက ဖျက်လို့၊ အသိုင်းအ၀န်းက ဖျက်လို့၊ ဓနဥစ္စာက ဖျက်လို့ ဆိုရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာပါ။ ကျနော်နဲ့ ရှိတုန်း က တော့ စစ်သားကောင်းပါ။ တယောက်မှ ကိုယ်ကျိုးမရှာဘူး။ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် အဖြစ်နဲ့ နေကြတာ။
အဲဒီလိုပဲ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး၊ ကျနော့်ဆီက တပ်ခွဲမှူး ဗိုလ်မှူးပါ။ ကျနော်ဆူဆူ ဆဲဆဲ လုပ်တဲ့ အထဲမှာ သူလည်း တယောက် အ ပါအ၀င်ပါ။ လူကောင်းတွေပါ။ အခုတော့ အာဏာကဖျက်လို့၊ အသိုင်းအ၀န်းက ဖျက်လို့၊ ဓနဥစ္စာက ဖျက်လို့ ဆိုရင်တော့ ကျနော်နဲ့ မဆိုင် တော့ဘူးပေါ့။ သတ္တ၀ါ တခု ကံတခုပေါ့။ တချိန်က စစ်သားကောင်းတွေလို့ပဲ ခံယူထားပါတယ်။ ကျနော့်အပေါ်မှာ သစ္စာရှိတယ် နာခံတတ် ပါတယ်။ ပြောရင် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောကြတာပါပဲ။ အမှတ် ၁၁ ခြေမြန်တပ်ရင်းမှူး အဖြစ်နဲ့ ခေါင်းဆောင် တုန်းက စစ် ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် ပထမ ရတုန်းက တပ်ရင်း ၁၀ ရင်း သူတို့ပါပါတယ်။ မိဘက သားသမီး အ ကြောင်း သိသလို ကျနော်တို့ကလည်း သူတို့ အကြောင်း အကုန် သိပါတယ်။ ကျနော့် အကြောင်းလည်း သိပါတယ်။ တဦးနဲ့ တဦး နဖူးစာ ကပ်ပြစရာမလိုပါဘူး။ အခုတော့ လမ်းကြောင်းတွေက သူတို့နဲ့ ကျနော်တို့နဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသလား မသိဘူးပေါ့လေ။ ရန်သူသဖွယ် သဘောထားတော့ ကျနော် လည်း ထောင်ဒဏ် ၁၅ နှစ်ကျော်ကျော် ခံလာရတော့ သူတို့လည်း အပြင်ဘက်မှာ လူငယ် တွေအဖြစ်ကနေ လူကြီးတွေ အဖြစ် ကို ရောက်တော့ သူတို့လည်း ဘ၀ အတွေ့အကြုံတွေ ရှိသလောက် ရှိကြပါတယ်။
အဲဒီတော့ အကြောင်း အားလျော်စွာ တွေ့ကြရင် ကျနော်က ရဲဘော်ရဲဘက်ဟောင်း မိတ်ကောင်း ဆွေကောင်း တပ်မတော်သားဟောင်း အဖြစ်နဲ့ အမြဲတမ်း လက်ကမ်းကြိုဆိုမှာပါ။
နိုင်ငံတော်ကို ဦးဆောင်လိုသော မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်မဆို မိမိကိုယ်မိမိ ယုံကြည်မှု၊ မိမိ အဖွဲ့အစည်း ကို မိမိ ယုံကြည်မှု၊ ၀ါဒ လမ်းစဉ်ကို ယုံကြည်မှု၊ ပြည်သူတွေကို ယုံကြည်မှု၊ ပြည်သူတို့၏ အဆုံးအဖြတ်ကို ခံယူရဲသော သတ္တိ ရှိမှု ဒါတွေ ရှိရင် လွတ်လပ်သန့်ရှင်းတဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်နဲ့ ဘ၀မှတ်ကျောက် အတင် ခံယူရဲဖို့ အထူး လိုအပ်ပါတယ်။ ပန်းတိုင်း ပွင့်ကြပါစေ။ ပွင့်သောပန်တိုင်း မွှေးသော ပန်းတိုင်း လှသောပန်းတိုင်း အဆိပ်ကင်းပြီး ရနံ့သင်းပျံ့ ကြိုင်လှိုင် ကြပါစေ။
စာရေးသူ ရဲဘော် ကျော်ဆန်းသည် ဒု ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်သည်။ ၎င်းသည် ၁၉၄၉ ခုနှစ် ဇွန်လတွင် တပ်မတော်သို့ စတင်ဝင် ရောက်ခဲ့ပြီး ဗိုလ်သင်တန်း အမှတ်စဉ် (၁၈) တွင် တက်ရောက်ခဲ့သူဖြစ်သည်။ ၂၀၁၃ ခု မတ်လ ၂၂ ရက်မှာ ကွယ်လွန်ခဲ့သည်။

ယူကလစ်ပင် နဲ့ မေမြို့


  မြန်မာပြည် အလယ် ပိုင်း ရဲ့
နိဗ္ဗာန်လို့ခေါ်နိုင် တဲ့ စိမ်းလန်း
စိုပြေ သာယာ အေးမြ တဲ့

ပြင်ဦးလွင် နဲ့ ရှမ်းကုန်းမြေမြင့်
ကို လတ်တလော ခြိမ်းခြောက်နေတာက
ယူကလစ်ပင် အမြောက် အများ
တကွင်း တစပ် တည်း
တမျိုးတည်း(Eucalptus
monoculture) လုပ်နေခြင်းပါ။
ယူကလစ်ပင်ဟာ
၁။ ရှည်လျား ကျယ်ပြန့်တဲ့

အမြစ် ရှိတာကြောင့်
မြေအောက် ရေချိုကို အနက်
်ပေ ၁၀၀ ဘေး တစ်မိုင်ခန့် ထိ ရှိသမျှ ရေ ရသလောက်
စုပ်ပါတယ်
ရေကိုအငမ်း မရ စုပ်ယူမှု ဟာ
မိုးရွာသွန်းမှု ဘယ်လောက်
များများ ရွာ သွန်း တဲ့ပမာဏ
ထက် ပို ပြီးစုပ် ယူလေ့ရှိပါတယ်။
၂။အကြီးမြန် အပင် ဖြစ်တာကြောင့် မြေဆီသြဇာကို အလွန် အမင်းစားသုံးပါတယ်။
၃။အရွက် ဟာ မာကျော ပြီး အဆီပါ ဝင်တာကြောင့်
လွယ်လွယ် နဲ့ မဆွေးမြေ့နိုင်ပါ။
၎။အရွက် မှာပါတဲ့ အဆီ ကေ မြေပေါ် မှာရှိတဲ့
မြေကိုဆွေးမြေ့ ပြီးမြေသြဇာ
ဖြစ်စေတဲ့ Microbe တွေ
သေကြေ ပျက်စီးစေပါတယ်။
မြေဆွေးမဖြစ်တော့ဘဲ မြေရဲ့
ဖွဲ့စည်းပုံပျက်စီး ရပါတယ်
soil erosion ဖြစ်စေပါတယ်။
၅။အရွက်မှာ ပါတဲ့ အက်စစ်
ကသဘာဝပေါက်ပင် ပေါင်းမြက်များကို သေကြေဖျက်ဆီးပါတယ်။ Eco systemပျက်စေပါတယ်။
၆။ ယူကလစ်ဟာ ရေ နဲ့
အစာကို ပတ်ဝန်းကျင် အပင်များထက် လျင်မြန်စွာ လောဘ တကြီး စားသုံးမှု
ကြောင့် အခြားအပင်များ
အဟာရ နဲ့ရေ ငတ် ပျက်
်စီးရပါတယ်။
ယူကလစ်ပင် ၏ဆိုးကြိုးများကိုသိသောဒေသခံများ ယူကလစ်ကို
မစိုက်ကြပါ။ရှမ်းရွာတချို့က
ရေဘီလူးပင်လို့ခေါ်ကြပါတယ်
ဒီလို ယူကလစ်ကို တကွင်းတစပ်တည်း(Monoculture)
စိုက်ခြင်းဟာ စိုက်တဲ့ဒေသ
အတွက်အလွန်ကြီးမားသော
အန္တရာယ်ပါ
မြေအောက်ရေချိုကိုသာ အား
ထားနေရသော မေမြို့နဲ့ ရှမ်းမြောက်အတွက် ကန္တာရဖြစ်ဖို့ သွားနေတဲ့လမ်းကြောင်းစစ်စစ်ပါ
မြေအောက်ရေချို ခမ်းပြီး
ကြွယ်ဝတဲ့မြေဆီသြဇာ ခမ်းခြောက်ပြီး ကန္တာရဖြစ်မှာအသေအချာပါ။
မနီတာ
၂၉.၆.၂၀၁၄

တစ်ချိန်တုန်းက ဒီမိုကရေစီခေတ်က တပ်မတော်...

ရှေးတုန်းက တပ်မတော်
အသက် ၇၅ နှစ်လောက်ရှိပြီဖြစ်တဲ့ လေတပ်က လေယာဉ်အုပ်တစ်ခုမှာ အလုပ်သမားလုပ်ခဲ့ဘူးတဲ့ အဖိုးကြီးတစ်ယောက်က ရှေးဟောင်းအောင်းမေ့ဖွယ်ရာတွေ
ကို လွမ်းတသသနဲ့ပြောပြတယ်...တော်လှန်ရေးကောင်စီမတက်ခင်ကနဲ့တက်ပြီးနောက် နှစ်အနည်းငယ်ကြာကာလအထိပေါ့....
အဲတုန်းက Pilot တစ်ယောက်ရဲ့အနေအထား..pilot တစ်ယောက်မှာ pilot ration ဆိုတာရတယ်..
- တစ်ပေါင်အပြည့် India ကလာတဲ့ ပေါင်မုန့်၁လုံး တစ်နေ့စာ
-ကတ်ဗြူရီ ချောကလက် တလကို ၄၈ပြား(၄၈ြ့ပားပါသံဗူးကြီး)..လေယာဉ် ၁ နာရီမောင်းရင် တစ်ပြားအပိုရသေးတယ်
-တူနှစ်လက်ထောပတ် ၁ လ ၂ဗူး
-အင်္ဂလန်ကလာတဲ့ ဘီစကွတ် ၁၀ပိသာဝင်သံပုံးနဲ့ တစ်လ တစ်ပုံး
-နိုးစိမ်းဗူး တစ်ပတ် ၁ ဗူး
-အင်္ဂလန်ကလာတဲ့ ချိုချဉ် တစ်ပတ် ၁ ထုပ်
-lipton လဘက်အချိုခြောက် သံဗူး
-အဂ်င်္လန်ကလာတဲ့ စတော်ဘယ်ရီယိုဗူး
ဒါတွေက pilot တွေရယ် လေယာဉ်ပေါ်မှာ လိုက်ပါတာဝန်ထမ်းရတဲ့ အခြားအဆင့် crew တွေကလည်း သူ့အချိုးနဲ့သူရကြတယ်...
နောက်တပ်မတော်သားတိုင်းရတဲ့ ရိက္ခာက အစိုနဲ့အခြောက် ၂ မျိုး..အစိုက နေ့စဉ်အိမ်တွေကို လိုက်ပို့တယ်..အသားတစ်မျိုး.အသီးရွက်တစ်မျိုး.ကြက်သွန်ဖြူနီ
မိသားစု၎ ယောက် ကောင်းကောင်းစားလောက်တယ်..တစ်ပတ်တစ်ခါ ရိက္ခာခြောက်က ဆန် ၂ပြည်.ကုလားပဲ.နိုင်ငံခြားနို့ဆီ ၁ဗူး.ဆီ ၄၀ကျပ်သား.သကြား.
လဘက်ခြောက်.ဆား.ငပိ.ငရုပ်သီးခြောက်..
.
ဗိုလ်မှုးအဆင့်က လစာ ၈၀၀ ကနေ ၁၀၀၀ကျပ်..ရွှေဈေးက တစ်ကျပ်သား ၂၀၀ ကျပ်..ဆီတစ်ပုံး ၂ကျပ်.ကြက်ဥဆယ်လုံး ၁ကျပ်.ကြက်သားတစ်ပိသာ ၅ကျပ်.
ဝက်သားတစ်ပိသာ ၄ ကျပ်.အော်စတင်ကားတစ်စီး ၅၀၀၀ကျပ်..
ကလေး ၂ယောက်ရပြီး တပ်ထဲကို လူပျိုဆိုပြီးဝင်လာတဲ့ ရဲဘော်သစ်က တစ်လခ ၈၂ ကျပ်..သူသုံးဖို့ ၂၂ ကျပ်ချန်ပြီး ၆၀ကျပ်ကို မိသားစုဆီပို့တော့ မိန်းမက
လောက်ငှရုံမက ရွှေလေးဘာလေးဝယ်နိုင်သေးတယ်..အဲဒီရဲဘော်က တနင်္ဂနွေပိတ်ရက်ဆို မြို့ထဲထွက်ရုပ်ရှင်ကြည့်..ဖာလူဒါသောက်.ခေါက်ကင်နဲ့ဆီချက်စား
အရက်ကလေးသောက် ၅ ကျပ်ဆို OK...ဘာမှမဟုတ်တာဆိုတာ အကျင့်ပျက်တာမျိုးမလုပ်ကြ..လုပ်စရာလည်းမလို..တာဝန်မှ တာဝန်ပဲ..အရာရှိနဲ့ရဲဘော်
နိုင်ငံတော်ကသတ်မှတ်ချက်အတိုင်းခံစား..ကွာသင့်သလောက်ပဲကွာတယ်..
.
လေတပ်မှာဆို အရာရှိ ရဲဘော် နိုင်ငံခြားမသွားဘူးသူ ခပ်ရှားရှား..သွားရတဲ့နိုင်ငံက အင်္ဂလန် အမေရိကား..တစ်ချို့ရဲဘော်တွေ အင်္ဂလန်မှာ ၄ နှစ်သင်တန်းတက်
ရင်း ကရာတေးခါးပတ်အနက်တွေဘာတွေရ..အင်္ဂလန်သူနဲ့ရည်းစားဖြစ်သူကဖြစ်ကြပေါ့..အကြီးဆုံးက အငယ်ဆုံးအထိ ဥပဒေနဲ့အညီ သတ်မှတ်ပေးထားတဲ့
ခံစားခွင့်တွေအတိုင်းပဲ..
.
အခုပြောပြတဲ့ အဘိုးအိုက အလုပ်သမားဆိုပေမယ့် နေ့စဉ်စားဖို့က ရိပ်သာသွားစားရုံပဲ..လခကသတ်သတ် ဘာမှပူပင်စရာမလို...
ရဲဘော်ရိပ်သာတွေမှာ ထမင်းစားရင် ကော်လာပါတဲ့ အကျီင်္နဲ့မှ..ဇွန်းခက်ရင်းနဲ့မစားရင် RP က အရေးယူမှာ..အသားမပါတဲ့နေ့ဆိုတာ တနင်္ဂနွေတစ်ရက်ပဲ သီးစုံ
ပဲဟင်း..တစ်ပတ်တစ်ခါ special dinner က ရှယ်..Dinner coat အဖြူ..ဘောင်းဘီအရှည်အနက်..ရှပ်အကီင်္ျအဖြူနဲ့ smart..အဲဒီ dinner coat ကို အခု ညစား
စားပွဲတွေမှာ ဗခမင်းအောင်လှိုင်တို့ ပြန်ဝတ်လာတာတွေ့ရတယ်..ခေါင်းဆီမလိမ်း ဆံပင်မဖြီးလို့မရ..ရှုးဖိနပ်ဆိုတာ ပြောင်နေမှ..တပ်ထိန်းရဲဘော်တွေကိုလည်း
စစ်စည်းကမ်းနဲ့ပတ်သက်ရင် အရာရှိလည်းမရဘူး..အရေးယူခံရမယ်..အရာရှိက တပ်ထိန်းကိုလည်း စည်းကမ်းနဲ့ပတ်သက်လာရင် လေးစားရတယ်..တာဝန်ပဲ..
တော်လှန်ရေးကောင်စီတက်လာပြီးတဲ့နောက်ပိုင်း အထက်ပါခံစားခွင့်တွေဟာ တဖြည်းဖြည်းနဲ့စာရွက်ပေါ်မှာပဲရှိတော့တယ်...အကျင့်စာရိတ္တပျက်ဆီးမှုတွေလည်း
တဖြည်းဖြည်းတိုးလာပြီး မညီမျှမှုတွေဖြစ်လာရော..တာဝန်တို့ စိတ်ဓာတ်တို့ပါ ယိုယွင်းလာပြီး တာဝန်ဆိုတာထက် အကြံအဖန်ရမယ့်နေရာကို မက်မောလာကြ
ရော...
.
ဒီအတွက် အထက်ကိုဖားတဲ့အကျင့် အနိုင်ကျင့်တဲ့စရိုက်တွေဝင်လာတယ်..အရင်က ရာထူးကြီးတာ ငယ်တာထက် အပြန်အလှန်တာဝန်ကိုလေးစားကြတယ်..
အခုနောက်ပိုင်း ငယ်သူရဲ့တာဝန်ကို ကြီးသူက မလေးစားတော့..ဒီလိုနဲ့ တာဝန်အပေါ် ဂုဏ်ယူတန်ဘိုးထားစိတ်တွေပျောက်..စားဝတ်နေရေးမလောက်ငတော့
အကျင့်ပျက်..ဒီလိုနဲ့တပ်ထဲမှာ မညီမျှမှုတွေဖြစ်..လက်သင့်ရာ စားတော်ခေါ်..အထက်ကိုဖားရတော့ အထက်ကဗိုလ်ကျ..ရဲဘော်ရဲဘက်စိတ်တွေပျောက်..
အထက်က အာဏာရှင်တွေဖြစ်..အောက်က အထက်ကိုဖား လည်သလိုစား တာဝန်ဆိုတာ အခွင့်ရေးလို့မြင်လာတဲ့ ဒီနေ့ တပ်မတော်ခေတ်ကို ရောက်လာခဲ့တာပဲ.
.
ဒီအကြောင်းတွေပြောပြရတာက အခု ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ သိက္ခာရှိတဲ့ တပ်မတော်ဆိုတာ ဘယ်လိုလည်းဆိုတာ မျက်စီထဲမြင်လာနိုင်အောင်
ပါ...ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်တဲ့ ဖြစ်စေချင်တဲ့ တပ်မတော်ဆိုတာ အထက်ဖော်ပြခဲ့တဲ့ တပ်မတော်မျိုးပဲ..တကယ်တော့ အဲလိုစစ်တပ်မျိုးကို စစ်သား
အများစုကြီးက ကြိုက်ကြမှာပါပဲ..မျှော်လင့်ကြမှာပါပဲ..သတ်မှတ်ချက်ထက် ပိုပြီးခံစားချင်တဲ့ အကျင့်ပျက်သူတစ်စုနဲ့ ဒါမှမဟုတ် အရင်က ခေတ်မီ အဆင့်မီ
တပ်မတော်ဆိုတာ မသိကြသူတွေကလွဲရင် အဘိုးအိုပြောသွားတဲ့ တပ်မတော်မျိုးကို အခုခေတ် သာမာန်စစ်သည်တွေ မမျှော်ပဲရှိပါမလား...
အဲလို အရင်ကရှိခဲ့ပြီး အခုတော့ အိမ်မက်ထဲ ရောက်နေတဲ့ တပ်မတော်တစ်ရပ်ပေါ်ပေါက်လာဖို့ ဒီမိုကရေစီရမှဖြစ်မယ်ဆိုတာ နားလည်ကြပေတော့ စစ်သည်
အပေါင်းတို့ရေ..
.
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သိက္ခာရှိတဲ့ ပြည်သူချစ်တဲ့ တပ်မတော်တစ်ရပ် ပေါ်ပေါက်လာအောင် ဒေါ်စုနဲ့အတူ လက်တွဲတည်ဆောက်ကြပါစို့လို့
တိုက်တွန်းပါရစေ.....့

Credit to> Thetdwe Aung

ဂျပန်အကြောင်း တစ်စေ့တစ်စောင်း

သမီးကြီး မူလတန်း ဒုတိယနှစ် (မူလတန်း ဒုတိယနှစ်ဟုသုံးပါသည်) ချက်တဲ့ အာလူး ၀က်သားပြား လိပ်ကြော်နဲ့ ဒီနေ့ စားရမယ်ဂျပန်မှာက မူလတန်း ကနေ အလယ်တန်း ထိ ကျောင်းတွေမှာ နေ့လည်စာထမင်းကို ကျောင်းက ကျွေးပါတယ် ကျောင်းသားတွေ ကလဲ မီးဖိုချောင် ၀တ်စုံလေးနဲ့  ထမင်းချက်ဆောင် အလှည့်ကျ သွားပြီး ကူ ပေးရပါတယ် ဒါလဲ ကျောင်းကသင်တဲ့ သင်ခန်းစာ ပါ စာတစ်မျိုးထဲ သင်တာမဟုတ်ပါ ထမင်းစားဆောင် မှာ တာဝန်ကျတဲ့ ကလေးရဲ့ စကားကို ထမင်းစားချိန်မှာ ကျန်ကလေး အားလုံး နားထောင် ရပါတယ် စီမံ မှု့ ကို ပါ တွဲ သင်ပေးတာပါ ခေါင်းဆောင်တတ် ဖို့ နဲ့ အမိန့်နာခံ တတ်ဖို့ ကိုယ့် တာဝန် ကိုယ် အောင်မြင်အောင် ထမ်းဆောင် တတ်ဖို့ ကျန်တဲ့ ကလေးတွေ ကလဲ ကိုယ့် တာဝန် မဟုတ်ပဲ သူ့ တာဝန်သူ့ အလုပ်သူ လုပ်နေတာကို ကိုယ့်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဘေးထိုင် ဘု မပြော အောင် ကန့်လန့် တိုက် ဂဏန်းသွား မသွားပဲ နောက်လိုက် တတ်အောင် ပါ ကျောင်းက သင်ပေးပါတယ် ခေါင်းဆောင် တာဝန်ကောနောက် လိုက်တာဝန်ပါ သင်ပြီး သားပါ ဒါက စားသောက်တာ တစ်ခုထဲ နမူနာ ပြတာပါ တစ်ခြား များစွာရှိပါသေးတယ် အားကစား ပုံဆွဲ သီချင်း ဆို piano တီး အပင်စိုက် စာ အကြောင်းဆွေးနွေး တာ သူများကို ကိုယ် စိတ် နှစ်လုံး အနှောင့်အယှက် မဖြစ်အောင် နေထိုင်တာ ဘယ်အပြု အမှုက ကောင်းတယ် မကောင်းဘူး ဆိုတာကအစ သူတို့ အချင်းချင်းလဲ ဆွေးနွေးခိုင်း ဆရာမ ကလဲ ခေါင်းစဉ်ပေး ပြီး တော့ လမ်းပြ ဆွေးနွေး ခိုင်း တာ တွေ အမှိုက်ပြစ်တာ အိမ်သာ ကို သန့်အောင် သုံးတာ တစ်ပါတ်တစ်ကြိမ် ကိုယ့်ကျောင်းအိမ်သာ သန့်ရှင်းရေးလုပ်ခိုင်းတာ အများသုံးလမ်းမတွေထွက် သန့်ရှင်းရေးလုပ်ခိုင်းတာ အများသုံးတဲ့ပန်းခြံမှာ သွားစားသောက်ပြီးကိုယ့် အမှိုက်ကိုယ် တစ်စမကျန်ရှင်းခိုင်းတာတွေ ဒါတွေက ကျောင်းတွေက သင်ပေးတဲ့သင်ခန်းစာပါ ဒါတွေကို ကျောင်း မှာ သင်ခန်းစာနဲ့ထည့် သင်ရတယ်ဆိုတာ သိကြတဲ့ ဆရာ ဆရာမ တွေပါမ္ခောဆရာဆရာမတွေ သင်ရိုးညွှန်းတန်းရေး ဆွဲတဲ့ ဆရာတွေ တောင်မှ သိသူ တော်တော်နဲမယ် ထင်ပါတယ် အိမ်သာထဲ က ကိုယ့်ကိစ္စ ကိုယ်ရှင်းလို့ ရုပ်ရှင်တွေရျေ့မှာ အသိပေးကြေငြာကို မထည့်ရအောင် မူလတန်းကတဲက သင်ပေးတာပါ မိန်းကလေးတွေ ထိုင်နည်း ကအစ ကျောင်းက သင်ပေးတာပါ မြန်မာပြည်က ကျောင်း ဆိုတာ စာသင် ဖို့ ပဲလို့ တွက်နေ သူ များ ဘာပြောကြမယ် မသိပါ စာဆိုလဲ တစ်နီုင်ငံလုံး ဒီနေ့ သင်တဲ့သင်ခန်းစာက ဘယ်နေရာ ဘယ်မြို့ ကကျောင်းဖြစ် ဖြစ် ဒီ အတန်းဆို ဒီ သင်ခန်း စာပါ အပါတ်စဉ် စာမေးပွဲလို ဖြေနေရလို့ ကျောင်းသား စာညံ့တယ် တော်တယ် ဆရာမတွေက ချက်ချင်းသိပါတယ် ကျူရှင်မရှိ ပါ ဆရာမက ကစားချိန် မှာ သူတို့ ကို သည်းသန့်  ညံ့တဲ့သင်ခန်းစာ ကို သင်ပေးပါတယ် ဂျပန်မှာစာမေးပွဲ ကျတယ်ဆိုတာတော်တော်နည်းပါတယ် စာမေးပွဲကျတဲ့ သူများတာက ပညာရေး စနစ်မြင့်လို့ ဆိုတဲ့ မြန်မာပြည် က ညဏ်ကြီးရှင်များလဲ ဂျပနှ်မှာ စာမေးပွဲကျသူနည်းတော့ ပညာရေးစနစ် ညံလို့ များပြောကြမယ်ထင်ပါတယ်.. ..
အားလုံး သိစေချင်လို့ တင်ပါတယ် တို့ နိုင်ငံမှာ တို့ လူမျိုးကလေးတွေ အားလုံး အရည်အချင်းနဲ့ စာရိတ္တ ကိုယ်ပိုင် ဆင်ခြင် ညဏ် များ ဖွံဖြိုးတိုးတတ်အောင် အမှား အမှန်ကို ကောင်းစွာ ခွဲခြား တတ်ပြီး ကိုယ့်အားကိုယ်ကိုးတတ်အောင် အများကိုခေါင်းဆောင် တတ်အောင် နောက်ကလိုက်ရလဲ နောက်လိုက်ကောင်းများဖြစ်အောင် လူတော်တွေထက် လူကောင်ေးတွ ပေါများအောင် သင်ပေး နိုင်တဲ့ ကျောင်းများပေါ်လာပါစေ လို့ ဆုတောင်း လိုက်ပါတယ်.....(ကျောင်းဆိုလို့ လုံခြုံမှု့အပြည့်ရှိတဲ့ ကျောင်း လုံလောက်တဲ့အကျယ်အ၀န်းရှိ တဲ့ကျောင်း အားကစားကွင်း အစည်းအဝေးခန်းမတို့ ပါတဲ့ကျောင်းတွေ လဲ လိုပါတယ်)
လူဆိုတာ ကိုယ်တစ်ယောက်တည်းအဆင်ပြေနေလို့ မှမရပဲ နော် ကိုယ်နဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ကောင်းအောင် ပြုပြင်ရပါတယ်တဲ့ သူငယ်ချင်းကိုပါသင်ပေးပါတဲ့ အဲဒါလဲ သမီးတို့ ကျောင်းက စာသင်ခန်းမှာရေထားတဲ့ သင်ခန်းစာပါ. ပဲ
မူလတန်း ကလေးတွေ ကျောင်းစတတ်ချင်းနေ့  ကျောင်းမျာ ဆရာမက ပထမဆုံးပြောတဲ့ သင်ခန်းစာ ကကိုယ့်အပြု အမူ အယာကြောင့် သူတစ်ပါးအနှောင့် အယှက်မဖြစ်ပါစေနဲ့တဲ့ ...
ပြောမဲ့သာပြောတာ အဲလို ကျောင်းတွေ ဖြစ်သွားရင် အားလုံး ဆင်ခြင်တုံ တရားမြင့် ပြီး ညဏ် ရည်မြင့် လာရင် နိုင်ငံတော်က တည်ငြိမ်အေးချမ်း မှု့ အလိုရျီသူ ဆိုပြီး ထုတ်သုံးရမဲ့  စွမ်းအား ရှင်တွေ နဲသွားမှာ စိုးလို့ ကြိုက်မယ်မထင် ..........

Credit to> Yuri Ko

သင့်ဖုန်း ပျောက်ဆုံးခဲ့ရင် ပြန်လည်ရှာဖွေနိုင်မည့် နည်းလမ်း


"ပစ္စည်းတစ်ခါပျောက်ရောက်ရင် ငရဲဆယ်ခါရောက်တယ်'' ပျောက်သွားတဲ့ မိမိတို့ ပစ္စည်းဥစ္စာအတွက် ကိုယ်တိုင်လည်း စိတ်သောက ဖြစ်တယ်။ သူတစ်ပါးကို လည်း ပူပန်မှုဖြစ်စေလို့  ငရဲဆယ်ခေါက်ရောက်တာနဲ့  အလားသဏ္ဍာန်တူတာကို ရှေးလူကြီးမှာက အထက်ပါအတိုင်းဆိုခဲ့တာပါ။
ကုသခြင်းထက်ကောင်းတာ ကြိုတင်ကာကွယ်ခြင်းပါပဲ။ မိတ်ဆွေရဲ့ ဖုန်း မပျောက်ဆုံးသေးခင် အောက်ပါ အစီအစဉ်များအတိုင်း ကြိတင်ဆောင်ရွက်ထားပါ။
၁။ *#06# ကို သင့်ဖုန်းမှာနှိပ်ပါ။
၂။နှိပ်ပြီးတဲ့အခါ IMEI number လို့ ခေါ်တဲ့ ကိန်းဂဏန်း ၁၅ လုံး ပေါ်လာလိမ့်မယ်။
၃။အဲဒီ နံပါတ်၁၅လုံးကို သင်နှစ်သက်ရာနေရာမှာ ရေးမှတ်သိမ်းဆည်းပါ။ သင့်ဖုန်းပျောက်ဆုံးခဲ့ရင်အဲဒီနံပါတ်၁၅လုံးက ခြေရာခံမှာမို့ ပါ။
၎။အကယ်၍ သင့်ဖုန်းပျောက်ဆုံးတာနဲ့  IMEI Number ကို ရေးပြီး cop@vsnl.net လိပ်စာအတိုင်း အီးမေးလ် ပို့ ပါ။
၅။ကိုင်ဆောင်ထားသူက သင့်ရဲ့ဖုန်းနံပါတ်ကို လဲလိုက်ပါစေ။ သင့်ဖုန်း(hand set)ဘယ်နေရာမှာ ရှိနေတာကို သင်သိရှိနိုင်အောင် အကြောင်းကြားစာ ပို့ ပေးပါတယ်။
Admin(Thoka)

Credit to> ဆော့ဝဲလမ်းညွှန်

ကလေးရှိတဲ့မိဘများ သတိထားနိုင်ဖို့


(ဖြစ်ရပ်မှန်)
SSC မှာ ၈.၃.၁၅ ဒီနေ့ဖြစ်တာလေးပြောပြမယ်နော်။ ညနေ ငါးနာရီလောက်က ကလေးဆေးခန်းသွားပြဖြစ်ခဲ့တယ် ထုံးစံအတိုင်းကားရပ်စရာမရှိ ကားပြန်ပတ်ရမယ်။ ဆိုတော့လိုက်မသွားတော့ပဲဆေးခန်းမှာပဲကလေးနဲ့
ဆင်းနေခဲ့လိုက်တော့တယ် နံပါတ်ကလည်း ၄ ရထားတာ
ဆိုတော့မြန်မြန်ပြီးလောက်တယ်ပေါ့လေ။

စာအုပ်ထပ်တဲ့နေရာရောက်တော့လူကအတော်များနေပြီ ခါတိုင်းတော့ရောက်တာနဲ့စာအုပ်ကလေးပြပြီးပေါင်တန်း
ချိန်တာပဲ ဒီနေ့ကျစာအုပ်ယူမယ့်ကောင်မလေးတွေ
တယောက်မှလည်းမတွေ့ပဲစောင့်နေလိုက်ရတယ် ပြသနာကအဲ့မှာစတာပဲ ။
ကိုယ့်ဟာကိုယ်ကလေးပုခုံးပေါ်တင်ချီရင်းမတ်တပ်ရပ်စောင့်နေတုန်းဗြုန်းဆို
ကောင်တာရှေ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဆေးခန်းစောင့်နေတဲ့
လူအုပ်ထဲကမိန်းမကြီးတယောက်ကအနားအတင်းကပ်ပြီးကလေး ကိုဖက်နမ်းမလိုလာလုပ်တယ် ။သူ့ကြည့်တော့လည်း လူမမာပုံစံနဲ့ ဆိုတော့ကိုယ်လည်းခပ်ပြုံးပြုံးနဲ့ပဲ ကလေးကိုဘက်ပြောင်းချီပြလိုက်တာပေါ့ ။
အဲ့ဒါလည်းရပ်မသွားဘဲကလေးပြောင်းတဲ့ဘက်လိုက်လာပြီးလိုက်
ဆွဲပြန်ရော ဆွဲမရအောင်ကလေးလက်တွေသိမ်းပြလည်း မရနဲ့ရှုပ်ရှက်ကိုခတ်နေတာပါပဲ ကလေးလည်းစိတ်ညစ်ပြီးလန့်နေပြီ ။
အဲ့လိုနေတုန်းမှာပဲကလေးပေါင်ချိန်လို့ရပြီတဲ့ အတော်ပဲပေါ့ ဝမ်းတောင်သာသွားတယ် မကြာပါဘူး ပေါင်ချိန်စက်ပေါ်
ကလေးတင်ရုံရှိသေး ဘေးနားကတောက်လျှောက်ကပ်ရှုပ်တော့တာပဲ ။
ကလေးကစက်ပေါ်တင်တာမဆန့်ပဲခြေထောက်နဲ့စားပွဲထိနေတော့ တိုင်းတာမမှန်မှာစိုးလို့အပေါ်ဆွဲတင်ရတာကတမျိုး သူစိမ်းတယောက် အတင်းလာကိုင်နေတော့ကလေးထငိုတာကတမျိုး ဒီကြားထဲ ကလေးကိုမထိထားနဲ့ လွှတ်ပါလို့ပေါင်ချိန်တဲ့ကောင်မလေးကပြောနေ
တာကို အမေလုပ်တဲ့သူကလွှတ်နေပြီ သူကခြေထောက်က
ကိုင်လိုက် ပေါင်ကဖိလိုက်နဲ့ ဘယ်လိုကိုလာလုပ်နေ
မှန်းမသိဘူး ကလေးငိုပြီးလှုပ်နေလို့ ချော့ရတာနဲ့ ပေါင်ချိန်လို့မရတာနဲ့ အဲ့မိန်းမလာလုံးပြီးလိုက်ချော့နေလို့တားရတာနဲ့ တကယ်လေ စိတ်ပျက်ဖို့ကောင်းလိုက်တာ။
နောက်ဆုံးဘယ်လိုမှသည်းမခံနိုင်အောင်နှောက်ယှက်နေလို့
မကိုင်ပါနဲ့ နေပါ ကိုယ့်ဟာကိုယ်လုပ်ပါ့မယ်ဆိုပြီးအော်မှပဲ မဖယ်ချင် ဖယ်ချင်နဲ့ဖယ်တော့တယ်။ ဖယ်ပြီးဘယ်မှာသွားထိုင်လဲဆိုတော့ ပေါင်ချိန်ပေးတဲ့ကောင်မလေးတွေထိုင်တဲ့ခုံတွေဘက်မှာဝင်ထိုင်တယ်။
အဲ့ဒီမှာမှစပြီးစိတ်ထဲတမျိုးဖြစ်လာတယ် သူ့ဟာကသူ့ကိုစတွေ့တဲ့
လူအုပ်ထဲလည်းပြန်မသွား ဆေးခန်းပြဖို့ကလေးလည်းပါလာပုံ
မရဘူးကိုး ။ကိုယ့်ကိစ္စကိုယ်လည်းမလုပ်သူ့အာရုံကကိုယ့်ကလေးဆီမှာ ပဲလာဝဲပြနေတော့မူမမှန်လောက်ဖူးထင်ပြီး ကလေးနောက်တခေါက် ပေါင်ပြန်ချိန်တော့စက်ကိုင်တဲ့ကောင်မလေးကိုပြောပြဖြစ်တယ်။
ကောင်မလေးကလည်းအမတို့အိမ်သားမှတ်လို့ သူကြည့်နေတာတဲ့ ဟုတ်တယ် သူလုပ်နေတဲ့ပုံက ဘေးကကြည့်ရင်သူနဲ့ပဲအတူလာသလို တခုခုတော်သလိုလိုပုံမျိုးဖြစ်နေတယ် ။
ကလေးကတော့သူ့စနက်နဲ့တခါမှမဖြစ်စဖူး ငိုယိုပြီးဒုတိယ အကြိမ်ပေါင်
ချိန် တာလည်းမရပြန်တာနဲ့ပဲတခြားလူတွေအလှည့်ပေးရင်းကောင်တာရှေ့ ကလှည့်ထွက်လာခဲ့လိုက်တယ် ဝေးဝေးမသွားပဲ လူရှိနေတဲ့
ဆေးရောင်းတဲ့ကောင်တာနားလေးမှာပဲစောင့်ပြီး အခြေအနေ လှမ်းကြည့်လိုက်တော့ အဲ့မိန်းမနောက်လူတယောက်နားသွားထိုင်နေ
ပြန်ရော အတူလာပုံတော့မရပါဘူး။ တခွန်းနှစ်ခွန်းပြောပြီးဆက်
မပြောကြတော့ဘူးလေ။
ခဏလေးနေတော့ကားသွားရပ်တဲ့ယောင်္ကျား ရောက်လာတယ် ။ကိုယ်လည်း အားရှိသွားတယ်။အဲ့မိန်းမကိစ္စအကျိုးအကြောင်းလည်းပြောပြလိုက်တယ် လူကိုတော့မပြဖြစ်လိုက်ဘူး ကြည့်လိုက်တော့ဆေးခန်းကကောင်မလေးကို ဘာတွေပြောနေမှန်းမသိဘူး ။ကိုယ့်ဆီလည်းလက်ညှိုးတထိုးထိုးနဲ့ အမှန်ကပေါင်ထပ်ချိန်ခိုင်းဖို့ကောင်မလေးကကိုယ့်ကိုလိုက်ရှာနေတာကို သူကစကားလက်ခံပြောနေတာ။
ယောင်္ကျားရောက်လာတာလည်းသူမသိလိုက်ဘူး။ထင်ပါတယ်
ပြောလည်းပြော ပြလည်းပြနဲ့ လူကိုပါလာခေါ်ဖို့ပြင်တာတွေ့လိုက်တယ် ။ ဘာလို့ဆိုသူတန်းတန်းမတ်မတ်ကိုယ့်ဆီလျှောက်လာနေပြီလေ ။ အဲ့လိုနဲ့ယောင်္ကျားလည်းရောက်နေပြီဆိုတော့သူ့ကိုသိပ်အရေးမထားဖြစ်ပဲ ကလေးပေါင်ချိန်ပြီးမှပဲပြန်ရှာဖြစ်တော့တယ်။
ဒါပေမယ့်သူကမရှိတော့ဘူး။ အဲ့ကျမှဟိုမိန်းမမရှိတော့ဘူး ။ယောင်္ကျားရေပြတောင် မပြမိလိုက်ဘူးလို့ပြောရုံရှိသေး ငါသိလိုက်တယ်တဲ့ ။ ဟုတ်လား ဘယ်လိုလုပ်သိလဲ မိန်းမအနားကပ်လာတာတော့သိတယ်။ နောက်တော့သတိမထားမိလိုက်ဘူး ပျောက်သွားတယ်ဆိုတော့ ။
ဟုတ်တယ်အဲ့မှာသိလိုက်တာတဲ့ မိန်းမရှေ့လှည့်နေတုန်းနောက်ကနေ
ကလေး ကိုလိုက်နှိုက်နေတာတဲ့ ငါစောင့်ကြည့်နေတာသူမသိဘူးတဲ့ ။ ကလေးကိုမိန်းမဆီကပြောင်းချီလိုက်ပြီးခဏလေးမျက်ခြေပြတ်သွားတုန်းပျောက်သွားတာတဲ့ ဟုတ်ပါတယ် တကယ်ပဲလုံးဝမတွေ့တော့ဘူး မြန်ချက်များ။
ကလေးကအဖေပေါ်ရောက်သွားတော့ မိဘ နှစ်ယောက်စုံသွားတာ ပဲသိသွားလို့များလား တခုခုပါပဲ။ နောက်ဆုံးအားလုံးပြန် စဉ်းစားကြည့်တော့ ဒီမိန်းမဟာသာမန်မသိတတ်တာမျိုးဆိုရင် သိပ်ကိစ္စမရှိပေမယ့် တကယ့်အကြံအစည်နဲ့သာဆို ကြောက်စရာပါ။
ကလေးအမေနဲ့ပြောရင်းဆိုရင်းဝင်ရောရင်းနဲ့ တို့ဆေးသုံး ပိုက်ဆံတောင်းနိုင် သလို ကလေးလည်းသူခေါ်သွားနိုင်ပါတယ် လူကိုဘာမှမ လုပ်ပဲကလေးတွေ ရဲ့ဖြုတ်ရလွယ်တဲ့ရွှေတိုရွှေစလေးတွေအတွက်လည်းကြံစည်နိုင်ပါတယ်။
ဆေးခန်းဆိုတာကလည်းလူများများ နည်းနည်း သူ့လူကိုယ့်လူခွဲဖို့ခက်
ပါတယ် ကလေးတွေလာပြတာဆိုတော့ပိုခက်ပါတယ် မိဘတွေအပြင်မှာမှ အဖွားတွေ အမတွေ အဒေါ်တွေ အကူတွေပါလာတတ်တာသဘာဝမို့ပါ။
နောက် ကလေးကိုချစ်သလိုလိုမြူသလိုလိုနဲ့ မေးကြမြန်းကြခင်မင်ကြ
ဆိုတော့ လူဆိုးလူကောင်းခွဲခြားရစွပ်စွဲရသိပ်ကိုခက်ပါတယ် ။ ဒါကြောင့်ဒီနေ့အဖြစ်အပျက်လေးကဘာမဟုတ်တဲ့အကြောင်းအရာလေး
ဖြစ်နိုင်သလို ကိုယ့်ကလေးတစ်ယောက်လုံးလည်းလုံးဝဆုံးရှုံးသွားနိုင်ပါတယ်။
အဖေအမေဆိုတာကလည်းကိုယ့်ကလေးကိုချစ်ကြောင်း ခင်ကြောင်းပြ
ရင်ေ ကျနပ်တတ်ကြတာမို့ဝင်ရောဖို့သိပ်လွယ်တဲ့အစားပါ ကိုယ်ကိုယ်တိုင်
ကတော့ စူပါမားကတ်တွေသွားရင်တောင် ကလေးကိုသူ့အဖေတလှည့်ချီရင် စိုးရိမ်ပြီးမှာတတ်လို့ပါ ဈေးဝယ်စင်တာတွေမှာလည်း တူတူလာကြပေမယ့် သူလိုတာကိုယ်လိုတာရှာဝယ်ရင်းခဏတဖြုတ်တော့လူကွဲတတ်ကြလို့ ကိုယ်တိုင်လည်းကလေးနဲ့ကိုယ်နဲ့နှစ်ယောက်တည်းဖြစ်သွားရင်သတိ
ထားရပါတယ်။
ဘာပစ္စည်းလိမ်ယူလုယူသွားသွားအကြောင်းမဟုတ်ပေမယ့်ကလေး
ပျောက်လူပျောက်ဆိုတာဘာနဲ့မှအစားထိုးမရ ဖြေသိမ့်မရပါဘူး။ ပြန်တွေ့အောင်ရှာပေးနိုင်တဲ့နိုင်ငံလည်းမဟုတ်ပါဘူး ယောင်္ကျားတွေ
မိန်းမတွေ ဝတ်ကောင်းစားလှနဲ့ဈေးဝယ်ထွက်ပြ လမ်းလျှောက်ပြနေ လည်းမယုံပါနဲ့ ခုခေတ်မသမာသူတွေ မစုတ်ပြတ်တော့ပါဘူး ။
ဒါ့ကြောင့်ကလေးမိဘတွေ အဖိုးအဖွားတွေ ဆွေမျိုးသားချင်းတွေ ကိုယ်နဲ့ပါလာတဲ့ကလေး ကိုယ့်ဟာကိုယ်ဂရုစိုက်ကြပါ ကလေးတွေဟာ
အင်အားနည်းတဲ့အရွယ်လေးတွေနုနယ်တဲ့အရွယ်လေးတွေ
မို့ ကိုယ်မှီခိုနေကျရင်ခွင်နဲ့ကွဲကွာပြီး မသမာသူတွေ
လက်ထဲများရောက်သွားရင် ဘယ်လောက်ခံစားကြရမယ် ဘယ်လောက်စိတ်ဆင်းရဲဒုက္ခရောက်ကြရမယ်ဆိုတာ စကားနဲ့မပြောနဲ့ အတွေးနဲ့တောင်အင်မတန်နာကျင်စွာနဲ့တွေးကြည့်ရတာပါ ။
လူမဆန်တဲ့လူတွေပေါများလာတဲ့လူ့လောကကြီးမှာ မိမိရင်သွေး မိမိမိသားစု မိမိပတ်ဝန်းကျင်ကို အကောင်းဆုံးစောင့်ရှောက်ရင်း လုံခြုံမှု နွေးထွေးမှုနဲ့ မေတ္တာတရားတွေလက်ဆင့်ကမ်းနိုင်ကြပါစေလို့
ဆုတောင်းရင်း ဒီကနေ့အဖို့ကံကောင်းထောက်မစွာ
နဲ့ပဲ ဆင်ခြင်စရာအသိတစ်ချက်ဝေငှနိုင်ခဲ့ပါပြီ .....။
Credit to May Khine San

အသားစားခြင်းသည် ပါဏာတိပါတကံ ထိုက်၏ - မထိုက်၏ ...


  ရောက်ပါတယ်၊ သို့သော်လည်း မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့ မရနိုင်တဲ့လူတွေ ( တနည်းအားဖြင့် )ပါရမီ မပြည့်သေးတဲ့ လူတွေ ကို မချွတ်နိုင်ပါဘူး၊ ဆိုလိုတာက မတားမြစ်နိုင်ဘူး၊ ဒီတော့ ကမ္မဿကာ - သတ္တ၀ါတခု ကံတခုပဲ၊ ပြုသူအသစ် ခံရသူ အဟောင်း၊ ၀ဋ်ကြွေးရှိလို့ ခံကြရတာ - ဆိုပြီး မျက်နှာလွှဲထားတော်မူခဲ့ရတယ်။
ဒီနေရာမှာ သက်သက်လွတ်အကြောင်းနဲ့ စားလိုက်တဲ့ အာဟာရက လူတယောက်ကို သစ္စာတရား ထိုးထွင်းသိနိုင်ဖို့ ကျေးဇူးပြုပုံဆိုပြီး အချက် ၂ ခုနဲ့ဖြေကြားပါမယ်။

ဖြေ ။ လူတွေအားလုံး မစားသုံးကြဘူး ဆိုရင် အကောင်းဆုံးနည်းလမ်းပဲပေါ့၊ သတ္တ၀ါတွေ တိရိစ္ဆာန်တွေကိုလဲ ဇီဝိတဒါန ပေးလှူရာ
ရဟန်းတော်များမှာ သီးသန့် မစားအပ်တဲ့ အသားကြီး ( ၁၀ ) မျိုးရှိတယ်။
၁။ လူသား ( ဇာတ်တူသား ဖြစ်သောကြောင့် )
၂။ ဆင်သား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )
၃။ မြင်းသား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )၄။ ခွေးသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၅။ မြွေသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၆။ ကျားသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၇။ ကျားသစ်သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၈။ ခြင်္သေ့သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၉။ အောင်းသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၁၀။ ၀ံသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
အထက်ပါ အသားကြီး ဆယ်မျိုးက လွတ်တဲ့ ကြက်သား ၀က်သားစတာတွေမှာလဲ အစွန်းသုံးပါး လွတ်ရင် ဘုန်ပေးနိင်တယ် လို့ ခွင့်ပြုထားခဲ့တယ်။
အစွန်းသုံးပါး ဆိုတာက - ၁။ ဒိဋ္ဌမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်တယ်လို့ မျက်စိနဲ့ တပ်အပ်မြင်ကာ ချက်ကပ်ထားတဲ့ ဟင်းလျာ၊
၂။ သုတမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ တဆင့်စကား ကြားကာ ချက်ထားတဲ့ ဟင်းလျာ၊
၃။ ပရိသင်္ကိတ မံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ စိတ်က ယုံမှားရှိနေတဲ့ ဟင်းလျာ၊
တွေကို မဘုန်းပေးကောင်းပါဘူး၊ စားသုံးခဲ့ရင် အပြစ်ဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ်နဲ့ သင့်လျော်တဲ့ ဆန္ဒရှိတဲ့ရဟန်းတော်တွေ စားလိုက စားနိုင်တယ်၊ မစားပဲ နေလိုက နေနိုင်ပါတယ် လို့ ကရုဏာတော်နဲ့ ခွင့်ပြုတော်မူခဲ့တယ်၊ လူတွေမှာတော့ ကိုယ်တိုင် မသတ်ရင် စိတ်ကြိုက် စားသုံးနိုင်ပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ အာဟာရက တရားထူးရဖို့ ကျေးဇူးပြုပုံကတော့
ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန်းတော် အပါး ( ၆၀ ) ဟာ မြတ်စွာဘု၇ားဆီက ကမ္မဋ္ဌာန်းတောင်းပြီး သာဝတ္ထိနဲ့ ဝေးလံတဲ့ တောရွာတရွာမှာ ၀ါဆိုခဲ့ကြတယ်၊ အဲဒီရွာက ဒကာမကြီးတယောက်ကလဲ သိပ်ကြည်ညိုလွန်းလို့ အစစအရာရာ လှူဒါန်းပေးတယ်၊
တနေ့တော့ ကိုယ်တော်တွေ တရားအားထုတ်နေတာကို ကြည့်ပြီး တပည့်တော်လဲ အားထုတ်လို့ ရနိုင်ပါသလား လို့ မေးလိုက်တာ ရနိုင်တယ် ဆိုတာနဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းတောင်းပြီး အချိန်ပြည့် အားထုတ်နေသတဲ့၊
မကြာခင်မှာပဲ ဒကာမကြီးက သုံးမဂ် သုံးဖိုလ် ဆိုက်ပြီး လောကီ ဈာန် အဘိညာဉ်နှင့်တကွ အနာဂါမ်အရိယာ ဖြစ်သွားတယ်၊ တရားထူးရတာနဲ့ တပြိုင်နက်ထဲ
" ငါ့ သားတော်တွေ ငါ့လို တရားထူး ရနေကြပြီလား - ဘယ်လို အဆင့် ရောက်နေကြပြီလဲ " လို့ ကြည့်လိုက်တော့ အားလုံး ဟာ ပုထုဇဉ်တွေပဲ ရှိသေးတာကို အဘိညာဉ်နဲ့ မြင်တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်၊ ဘယ်လိုတွေကြောင့် တရားထူးမရနိုင်ကြတာလဲ လို့ ဆက်လက်ဆင်ခြင်ကြည့်ပြန်တော့
သေနာသန သပ္ပါယ - နေရာထိုင်ခင်း အအေး အပူ ရာသီဥတု တွေတော့ မျှတကြပါတယ်၊
ပုဂ္ဂလ သပ္ပါယ - တပါးနဲ့ တပါး လည်းပဲ အမျက်ဒေါသ စတာတွေမရှိပဲ ချစ်ချစ်ခင်ခင် နေကြ မျှတကြပါတယ်၊
ဘောဇန သပ္ပါယ - စားသုံးနေရတဲ့ အာဟာရကတော့ မမျှတကြဘူး၊
ဒီနေ့ အချဉ်လေး စားချင်တဲ့ ဆန္ဒရှိပေမယ့် အချဉ်ကို မစားရဘူး၊ အချိုကို တောင့်တပြန်တော့ အစပ် အခါး အရသာရှိတဲ့ ဟင်းတွေ ကို စားရပြန်တယ်၊ ဒီလိုနဲ့ စားချင်တာက တခြား စားနေရတာက တမျိုး ဆိုတော့ မမျှတဘူး ဖြစ်နေတယ်၊
အဘိညာဉ်နဲ့ ဆင်ခြင်ပြီးတဲ့ နောက်နေ့မှာတော့ ရဟန်းအပါး ၆၀ ဆန္ဒ ရှိနေကြတဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ် ဟင်းလျာ မှန်သမျှကို စီစဉ် ဆက်ကပ် ပြီး အရှင်ဘုရားတို့ အလိုရှိသမျှ လိုအပ်သလောက် ဘုန်းပေး သုံးဆောင်တော်မူကြပါဘုရား ဆိုပြီး လှူဒါန်းခဲ့သတဲ့၊
ရဟန်းဘ၀ ဆိုတာကလဲ သပိတ်ထဲ ရောက်လာတာ လောင်းလှူလိုက်တာကိုပဲ ဘုန်းပေးနေကြရတာကိုး၊ ဂျီးများလို့ မရဘူးပေါ့၊ ဟင်းချို ပူပူလေး သောက်ချင်ပေမယ့် လှူတဲ့သူက အေးတိအေးစက် လှူပြန်ရင် သပ္ပါယ မဖြစ်ပြန်ဘူး ၊ ဒါကြောင့်လဲ ရဟန်း ဆိုတဲ့ အဓိပ္ပါယ်ကို
(ဘိက္ခတိ ယာစတီတိ ဘိက္ခု ) - တောင်းရမ်း အလှူခံပြီး အသက်မွေးရတဲ့ ဘ၀မို့ ဘိက္ခု ခေါ်သတဲ့၊
နောက်တမျိုးက ( ပရဒတ္တူပ ဇီဝီ )- သူတပါး ဆိုတဲ့ ဒကာ ဒကာမတွေအပေါ်မှာ မှီပြီး အသက်မွေးရတဲ့ ပုဂ္ဂိုလ်တွေ လို့ ဆိုပြန်သေးတယ်၊ ... ဒါက ထားပါတော့ -
ဒီနောက်မှာ လိုအပ်တဲ့ အစာ အာဟာရကို သုံးဆောင်ပြီး ဘောဇန သပ္ပါယ မျှတနေကြတဲ့ ရဟန်းတော်တွေဟာ တရားအားထုတ်လိုက်တာ သမာဓိတွေ အဆင့်ဆင့် တက်ကာ တည်ကြည်ပြီး အပါး ( ၆၀ ) လုံး ပဋိသမ္ဘိဒါ လေးပါး ဈာန် အဘိညာဉ်အားလုံးနှင့်တကွ ရဟန္တာ ဖြစ်သွားကြတယ်၊
ရဟန္တာဖြစ်ကြတာနဲ့ တပြိုင်နက်ထဲ အဘိညာဉ်နဲ့ ဆင်ခြင် ကြည့်ပြန်တော့ --
" အော် -- ငါတို့ အားလုံးရဲ့ မယ်တော်ကြီး မာတိက မာတာ ဟာ ငါတို့ အပေါ်မှာ သိပ်ပြီး ကျေးဇူးများတာပဲ၊ သူရှိနေလို့သာ ငါတို့ တရားထူးရနိုင်ပေတယ် "- လို့ ကျေးဇူးကို မြင်တော်မူကြပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၇သတဲ့။
ဒီနေရာမှာ အကယ်၍များ တရားအားထုတ်နေသူအားလုံးအတွက် လိုအပ်တဲ့ ဘောဇန သပ္ပါယ ကို မရခဲ့လျင် တရားထူး မရနိုင်ဘူး ဆိုတာ ထင်ရှားနေပါတယ်၊ အသားငါးတွေ ကို ရှောင်ကြဉ်ဖို့ စွဲကိုင်နေလျင် ထိုရဟန်းတော်များ ရဟန္တာဖြစ်နိုင်ဦးမည် မဟုတ်ပေ။
ဒါကြောင့်လဲ ယခုအခါ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများက ဘုန်းကြီး ၇ဟန်းတော်များကို ဆွမ်းကပ်သည့်အခါ ချို ချဉ် စပ် အခါး၊ အဖန် အရသာ စသည်ဖြင့် သစ်သီးဝလံ ခဲဖွယ်ဘောဇဉ် စုံစုံလင်လင် ဆက်ကပ်နေကြသည်ဟု စာရေးသူက ထင်မြင်မိပါတယ် ။
( အရှင်သုနန္ဒာလင်္ကာရ ) ......................................................................................................
မစားသင့်သော အသားကြီးဆယ်မျိုး နှင့် အစွန်းသုံးပါးလွတ်သော အသားငါး အကြောင်းဖော်ပြပြီဖြစ်၍ အောက်ပါအဖြေတွင် အဆိုပါအကြောင်းအရာများကို ဖြတ်နုတ်ထားပါကြောင်း ...
ဖြေ ။ တလောကလုံး သက်သတ်လွှတ်စားပါ ဆိုရင်လဲ မဖြစ်နိုင်သလို၊ အားလုံး အသားတွေ စားကြပါလို့လဲ မဖြစ်နိုင်ဘူး မဟုတ်လား။ စားသူစား ရှောင်သူရှောင်မှာပေါ့။ တပြည်းတည်း မဖြစ်နိုင်ပါဘူး။ ရှောင်တယ်ဆိုရင်လဲ သတ္တ၀ါတွေ ငါ့ကြောင့် မသေစေပါနဲ့ နင်တို့အသားကို ငါမစားတော့ဘူး ဆိုပြီး မေတ္တာစိတ်နဲ့ ရှောင်ရင် မေတ္တာစိတ်ကြောင့် ကုသိုလ်ဖြစ်ပါတယ်။သိပ်အသား စားကျူးလွှန်းရင်တော့ ရောဂါများတတ်တယ်။ မတတ်သာလို့ စားတယ်ဆိုရင်လည်း ခန္ဓာကိုယ် မျှတကျန်းမာစေဖို့ ဆိုတဲ့စိတ်နဲ့ စားသင့်တယ်။ တဏှာလောဘဇောနဲ့ မစားသင့်ဘူးပေါ့။ ဘုရားရှင်က ရဟန်းတော်တွေကို ဆုံးမထားတာ မှတ်သားစရာ သိပ်ကောင်းတယ် … ဒီလိုပါ အသားစားရင်လဲ ဥပမာ တစ်ခုပေးထားတယ်။
ကန္တာရ တစ်ခုကို ခရီးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ သားငယ်တစ်ယောက်။ လမ်းမှာ သားငယ်က ဆုံးသွားတယ်။ စားဖို့ ရိက္ခာတွေလည်း မရှိတော့ သူတို့ သားငယ်ရဲ့ အသားကို လှီးဖြတ်ယူပြီး အခြောက်လှမ်းကာ စားဖို့ ရိက္ခာအတွက် ယူဆောင်လာရတယ်။ အဲဒီ လင်မယားနှစ်ယောက် ထမင်းဆာလို့ သူတို့ သားငယ်ရဲ့ အသားကို စားတဲ့အချိန်မှာ တဏှာလောဘနဲ့ စားပါ့မလား ရဟန်းတို့ လို့ ဘုရားကမေးတော့ ရဟန်းတော်တွေက (မစားပါဘုရား) လို့ဖြေတယ်။ ဟုတ်တယ် သူတို့လင်မယား အသားကို စားတိုင်း မျက်ရည်လည်ပြီးတော့ မတတ်သာလို့ သူတို့သားငယ်ရဲ့ အသားကို စားကြတယ်။ အဟာရဖြစ်ဖို့သာ စားကြတာတဲ့။
ဒါကြောင့် စားရင် တဏှာလောဘနဲ့ မစားဖို့ အရေးကြီးတယ် လို့ဖြေပါရစေ။
အသားစားတဲ့သူကို လူစိတ်မရှိတဲ့သူတွေ ဘီလူးတဘက်တွေ ဆိုပြီး မစွပ်စွဲသင့်သလို သက်သတ်လွှတ် စားတဲ့သူတွေကိုလည်း နွားတွေ ကျွဲတွေလည်း သက်သတ်လွှတ်ပဲစားတယ် ဆိုပြီး မစွပ်စွဲသင့်ပါဘူး။ စိတ်ထားတတ်ဖို့ အသိတရား ရှိဖို့ အရေးအကြီးဆုံးပါ။
သတ်သတ်လွတ်စားခြင်းဖြင့် အကျိုး ရှိ ၊ မရှိ
အထူးသဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှည်စေပါတယ်။ ခန္ဓာကိုယ်အနံ့အသက် သိပ်မနံဘူး အသားစားများတဲ့ အက်စကီးမိုးလူမျိုးတွေဟာ အသက်တိုကြတယ်။ သူတို့ရဲ့ ပျှမ်းမျှအသက် ၃၅ လောက်ပဲရှိတယ်။ အသားစားများလို့ ဆိုပြီး သုတေသနတွေ ကောက်ချက်ချတယ်။ …ဒါပေမယ့် ကိုယ်က သက်သတ်လွှတ်စားပြီး မစားတဲ့သူတွေကို အထင်သေးအမြင်သေးတာမျိုးတော့ မဖြစ်သင့်ဘူးထင်တယ်။ အသားလျှော့စားတာတော့ ကောင်းပါတယ်။ အသီးအရွက်တွေကို များများစားပေးရင် ပိုကောင်းတယ်လို့ ဆေးသူတေသနတွေ ကောက်ချက်ချကြတယ်။
(အရှင်စ၀်ဆုခမ်း)
........................................................................................................
နောက်ပြီ တချို့ဆရာတော်ကြီးတွေရဲ့တရားရိပ်သာတွေမှာ သက်သက်လွတ်ပဲစားကြရတဲ့ အကြောင်းရင်းကတော့ တရားနာပရိတ်သတ် နှင့် ယောဂီများမှာ ရာချီထောင်ချီ ရှိကြတယ် ဆိုတော့ တစ်နေ့တစ်နေ့ အသားငါးများကျွေးမွေး ရမည်ဆိုလျှင် တရွာလုံးမှာရှိတဲ့ အသားငါးများသတ်ဖြတ်ရုံပါမက အခြားရွာမှလည်း မာယူနေကြရမည်ဖြစ်သောကြောင့်သာလျှင် သက်သက်လွတ်စားခြင်းဖြစ်သည်။
(အရှင်ဇဝန)
..............................................................................
အဆုံးသတ်ရမည်ဆိုလျင် ...
ဟင်းသီးဟင်းရွက်တွေကို ပိုးမွှားများမတက်ရအောင် ပိုးမထိုးရအောင် ဆေးများဖြန်းယူကြရတယ်၊ ဖျားနာရင်လည်း ဆေးများသောက်သုံးနေကြရတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့်လည်း သက်သက်လွတ်ဖို့ဆိုတာခဲရင်းကြောင်းပါ။ အဒီက တော့ အစွန်းမရောက်ဖို့ပါပဲ၊ မျှတတဲ့ အလယ်အလတ် (မဇ္ဈိမ ပဋိပဒါ ) လမ်းစဉ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။
Buddhism Beams (Myanmar) Website မှကူးယူဖော်ပြသည်။
စာဖတ်သူမိတ်ဆွေအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ။

နိုင်ငံခြားသားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် အင်းတော်မြို့မှ စစ်ကျန်မြေအောက်ဆေးရုံကြီးအကြောင်း.(၁)


MMcities's photo.

(ဒီ ဆေးရုံလိုဏ်ဂူနဲ့ပတ်သက်ပြီး နိုင်ငံတော်က သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းသင့်သည့် ရှေးလူကြီးများ တွေ့ဆုံခဲ့ပြီး ကျွန်တော်တို့ မီဒီယာအဖွဲ့သားများကိုယ်တိုင် ကိုယ်တိုင်လေ့လာခဲ့ကြပါသည်၊ လိုဏ်ခေါင်းပေါက်ကို ရှာဖွေဝင်ရောက်ခဲ့ကြပါသည်၊
ဂူအတွင်း အတောင်(၅၀)အထိသာ ၀င်ရောက်နိုင်ခဲ့ပြီး မည်သို့မှ ရှေ့ဆက်သွား၍ မရနိုင်တော့ပါ၊ ထိုဆေးရုံလိုဏ်ဂူကို ပြန်လှယ်တူးဖေါ်နိုင်ပါက ရှေးဟောင်းဂျပန်ပစ္စည်းများ တွေ့ရှိနိုင်ပါသည်၊
အကယ်၍ မည်သည့်ပစ္စည်းမှ မတွေ့နိုင်လျှင်သော်မှ ထိုဂူဖြင့် နိုင်ငံခြားသား ခရီးသွားများကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပါလိမ့်မည်၊ နိုင်ငံခြားငွေရှာ၍လည်း ရနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်၊ )
------------------------------------------------
တစ်ရက်က ဂျပန်ခေတ်က မြေအောက်လိုဏ်ဂူကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ကို ရောက်ဖြစ်ခဲ့ပါတယ်၊ ဒီနေရာမှာ ကျွန်တော် အင်တာဗျူးထားတဲ့
ဂျပန်ခေတ်က မြေအောက်လိုဏ်ဂူဆေးရုံအကြောင်း နည်းနည်းတော့ ပြောထားပါရစေ၊ ဒီလိုဏ်ဂူအကြောင်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့ပါတယ်၊ လိုဏ်ဂူရှိတဲ့ တောင်ကိုတောင်
လိုဏ်ဂူအောက်မှာ ဆေးရုံလုပ်ထားတဲ့အတွက် အခုထက်ထိ ဆေးရုံကုန်း လို့ပဲ ဒေသခံတွေက ခေါ်ဝေါ်ကြပါတယ်၊ အဲဒီ လိုဏ်ဂူအကြောင်း သိရှိဖို့ အသက်(၉၅)နှစ်ရှ်ိပြီဖြစ်တဲ့
အင်းတော်မြို့ခံ ဦးစံထွေးနဲ့ အသက်(၈၅)နှစ်ရှိပြီဖြစ်တဲ့ ဦးတင်မောင်တို့ကို သွားရောက်တွေ့ဆုံမေးမြန်းအတည်ပြုခဲ့ဖြစ်ပါတယ်၊ဦးစံထွေးဆိုတာကလည်း အတော်ကိုစိတ်ဝင်စားစရာကောင်းတဲ့
အဖိုးဖြစ်ပါတယ်၊ သူဟာဂျပန်ခေတ်က ဂျပန်ကို စွမ်းစွမ်းတမံကူညီခဲ့လို့ အင်္ဂလိပ်တွေ ပြန်ဝင်လာတဲ့အခါ ဆုငွေ(၅၀၀၀)ထုတ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်၊ ဦးစံထွေးပြောတာက
"" ဂျပန်ခေတ်မှာ အဘအသက်က(၂၀)၀န်းကျင်ပေါ့၊ ဂျပန်တွေ မ၀င်ခင်(၃)လလောက်က အင်္ဂလိပ်က တရုတ်ကို အစောင့်ထားပြီး အုပ်ချုပ်ခိုင်းထားတယ်၊
နောက် ဂျပန်တွေ ၀င်လာပြီး (၅)နှစ်လောက် အုပ်ချုပ်သွားတယ်၊ အင်းတော်မှာ ဂျပန်တွေရှိတဲ့အချိန် ခံတပ်စခန်းလုပ်ခဲ့တယ်၊ အင်းတော်ဝန်းကျင်က တောင်ကုန်းတွေမှာ ဂျပန်အခြေစိုက်စခန်းတွေ လုပ်ထားခဲ့တယ်၊
လက်နက်တွေထားတဲ့ တောင်ကုန်းကို အခုထက်ထိ လက်နက်ကုန်းလို့ခေါ်နေကြသလို ရိက္ခာထားတဲ့တောင်ကို ရိက္ခာကုန်းပေါ့၊ အဲဒီထဲက အထူးခြားဆုံးကတော့ အင်းတော်မြို့အ၀င်က
ဆေးရုံလိုဏ်ခေါင်း ပါပဲ၊
အဲဒီဆင်ကြပ်တောင်ရဲ့ ကပ်ရက်တောင်အောက်မှာ မြေအောက်လိုဏ်ဂူဖေါက်ထားတယ်၊ ဖေါက်ခဲ့တာကတော့ ဂျပန်တွေပေါ့၊ စစ်ဖြစ်တဲ့အချိန် အင်္ဂလိပ်ဘက်က ဂေါ်ရခါးသုံ့ပန်း(၈၀)ကျော်ကို ဖမ်းခေါ်လာပြီး ဖေါက်ခိုင်းခဲ့တာပါ၊
အဲဒီလိုဏ်ဂူမှာ ၀င်ပေါက်(၂)ပေါက်ရှိတယ်၊ ၀င်ပေါက်အကျယ်နဲ့ အမြင့်ကတော့ အတော်ကိုကျယ်ပါတယ်၊ ဂျပန်ဗိုလ်တွေ မြင်းစီးပြီး ၀င်ထွက်လို့ ရတဲ့အထိ ကျယ်တယ်၊ လိုဏ်ခေါင်းရဲ့အရှည်က
ဘယ်လောက်ရှည်လဲဆိုတော့ အခုခေတ် ဆေးရုံတွေထက် ပိုရှည်တယ်၊ အဲဒီလိုဏ်ဂူကို ဆေးရုံအနေနဲ့ လုပ်ထားပြီး အဲဒီအထဲမှာ ဒါဏ်ရာခွဲစိပ်တဲ့လူနာတွေအတွက် ထားတဲ့နေရာ သာမန်အဖျားအနာတွေ
ရောဂါတွေအတွက် ထားတဲ့ နေရာဆေးဂိုထောင်နေရာဆိုပြီး အဆောင်သီးသန့်စီထားပါတယ်၊ လိုဏ်ခေါင်းအတွင်းပိုင်းက အနက်ကြီးတူးထားပြီး အင်မတန်လုံခြုံတယ်၊ ရေလည်း ရပါတယ်၊ထမင်းချက်တာကတော့ ဂူအပြင်မှာချက်ပြီး ဂူထဲကို ပို့ပေးရတယ်၊
ဒီဘက်တောင်ခြေချောင်းဖက်ကနေ ဟိုဘက်တောင်ခြေက လျောင်းတော်မူမှာ သွားပေါက်တယ်၊ဂျပန်တွေ ထွက်ပြေးတော့ ဆေးရုံလိုဏ်ဂူ အပေါက်တွေကို မိုင်းခွဲပိတ်ထားခဲ့တယ်၊
ဂူအထဲက ဂျပန်လူနာတွေ အကုန်သေကုန်တာပေါ့၊
နောက်တစ်ခုပြောချင်တာက အင်းတော်မှာ ဂျပန်တွေက အခိုင်အမာ ခံစစ်လုပ်ထားပြီး အင်းတော်တစ်နယ်လုံး ဂျပန်စစ်တပ်တွေ အများကြီးရှိပေမယ့် ဂျပန်တွေဟာ အင်းတော်မှာ
ရွာခံတွေကို ရိုက်တာနှက်တာ သတ်တာဖြတ်တာ မရှိခဲ့ပါဘူး၊ အခြားမြို့ရွာတွေမှာတော့ မသိဘူးပေါ့၊ အင်းတော်မှတော့ အစောက ပြောခဲ့သလို နယ်လူထုကို မတရားတာ နှိပ်စက်တာ ဘာမှ မလုပ်ခဲ့ပါဘူး၊
အဘတို့ကလည်း ဂျပန်တွေ ၀င်လာကတည်းက စကားအခံပြောထားတာရှိတယ်၊ ကျုပ်တို့ ရွာလူထုကို မနှိပ်စက်နဲ့ပေါ့၊ ဂျပန်က သူခိုးတွေကို ထိုင်ခုံမှာ ကြိုးတုတ်ထားပြီးရိုက်တာနှက်တာတော့ရှိတယ်၊
သတ်တဲ့အထိတော့ မလုပ်ပါဘူး၊ သူခိုးဆိုကလည်း ရွာခံတွေဆီကခိုတာတော့ မဟုတ်ဘူးပေါ့၊ဂျပန်တပ်က ဓါတ်ဆီတို့ ဘာတို့ ခိုးတာပေါ့၊ အများအားဖြင့်တော့ ဘိန်းစားတွေ ခိုးကြတာများပါတယ်၊

အဲဒီလို ဒေသခံတွေအပေါ်ကောင်းသလို ဂျပန်စစ်တပ်ဆိုတာ ဗိုလ်ချုပ်တို့ ခေါ်လာတာဆိုတော့ အဘအပါအ၀င် ဒေသခံတွေက ဂျပန်ကို ကူညီကြပါတယ်၊ ဘယ်လောက်အထိ ကူညီကြလည်းဆိုရင်
မြို့စောင့်တပ်အနေနဲ့ ၀င်းဂိတ်တပ်တွေကို တိုက်ပေးကြတဲ့အထိ ကူညီကြပါတယ်၊ဂျပန်တပ်မှာအကြီးဆုံးက ယာမာစီဒါဆိုတဲ့ စစ်ဗိုလ်ပေါ့၊ ဂျပန်နဲ့အတူ စပါလာတာက ဗိုလ်ရန်နိုင်နဲ့ ဗိုလ်သီဟ၊
ဂျပန်စကားပြန်လုပ်တာက ကြံအောင်၊ ကြံဖေ၊ လှမောင်၊ ကံညွှန့်တို့ပေါ့၊ အခု ရွာဖြစ်နေတဲ့ ကျန်တောမှာက လောင်စာဆီဂိုထောင်လုပ်ထားတယ်၊ လက်နက်တိုက်ကတော့ နားနောင်မှာ၊ ရိက္ခာဂိုထောင်ကိုတော့
သက္ကယ်ကျင်းမှာ လုပ်ထားတယ်၊ ဂျပန်စစ်တပ် ဘယ်လောက်ကြီးလဲဆိုရင် တစ်နေရာနဲ့ တစ်နေရာအဝေးကြီးနော်၊အဲဒီလို အဝေးကြီးတွေမှာအထိ တပ်ချထားတယ်၊
ဒါကြောင့်လည်း ဂျပန်ထွက်ပြေးခါနီး အင်းတော်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေကတော့ အကြီးအကျယ်ဖြစ်ခဲ့တာပေါ့၊ မံထုံဘက်မှာ ၀င်းဂိတ်တပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်၊ဟင်းနုတောင်ကုန်းမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ကြတယ်၊
အဘတို့ကလည်း ဂျပန်မြို့စောင့်တပ်အနေနဲ့ အင်္ဂလိပ်ကို ၀င်တိုက်ပေးရတာပေါ့၊
နောက်တော့လည်း အင်္ဂလိပ်တွေ ၀င်လာပြန်တာပေါ့၊အင်္ဂလိပ်တွေ ၀င်လာတော့ အဘအပါအ၀င် အင်းတော်နယ်သား(၅)ယောက်ကို စပိုင်ဆိုပြီး အင်္ဂလိပ်က ဆုငွေ(၅၀၀၀)ထုတ်ဖမ်းလို့ အင်းတော်မှာ မနေရဲဘဲ ထွက်ပြေးနေခဲ့ရတယ်၊
အဲဒီခေတ်က ဆုငွေ(၅၀၀၀)ထုတ်ခံရတဲ့(၅)ယောက်ထဲမှာ အဘပဲ အသက်ရှင်ကျန်တော့တယ်"" လို့ ပြောပြခဲ့ပါတယ်၊
အဘဦးစံထွေးသလို မေးမြန်းဖြစ်ခဲ့တာက ဦးတင်မောင်ဖြစ်ပါတယ်၊ ဦးတင်မောင်အနေနဲ့ ဂျပန်ခေတ်က အင်းတော်မှာ မရှိခဲ့ပေမယ့် ၁၉၅၃ခုနှစ်မှာ အင်းတော်ကို ရောက်ခဲ့သူဖြစ်ပါတယ်၊ အင်းတော်မှာ သူကြီးလုပ်ခဲ့သူဖြစ်လို့
အင်းတော်က ဆေးရုံကုန်းလိုဏ်ဂူအကြောင်း အခုလို ပြောပြခဲ့ပါတယ်၊
"" အဘအင်းတော်ကိုရောက်တာက မြန်မာ့တပ်မတော်မောင်တော်ယာဉ်မောင်းအနေနဲ့ ရောက်ခဲ့တာပါ၊ အဲဒီတုန်းက အင်းတော်ဆိုတာက ရွာအနေနဲ့ပဲ ရှိပါသေးတယ်၊ ၁၉၅၃ခုနှစ်မှာ ကသာကို မြို့သတ်မှတ်တယ်၊
၁၉၅၈ခုနှစ်မှာ အင်းတော်ကို မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်၊၁၉၅၃ခုနှစ် အဘရောက်တော့ ဆေးရုံကုန်းလိုဏ်ဂူထဲ ရောက်ခဲ့ဖူးတယ်၊ ၀င်ပေါက်တွေ ကျဉ်းနေပေမယ့် ဂူထဲကိုတော့ ၀င်လို့ ရသေးတယ်၊
ဂူထဲမှာ ကုတင်တွေ တော်များများတွေ့ရတယ်၊ ခြင်ထောင်တွေလည်း ထောင်လျှက်သားပဲတွေ့ရတယ်၊ ဆွေးနေကုန်ပြီ၊ ခြင်ထောင်တွေကို ကိုင်ကြည့်တော့ ကြွေကျကုန်တယ်၊ ဂူကတော့ အထဲမှာ အကျယ်ကြီးပါပဲ"""
(ဆက်လက် ဖေါ်ပြပါမည်)
www.mmcities.com
www.facebook.com/mmcities
Credit to (ဟာဂျူလီ-ကသာ)

ခေတ်မီတပ်မတော်အိပ်မက် အပိုင်း ၃


မိမိစစ်သည် မိမိနိုင်ငံသားရဲ့
အသက်တစ်ချောင်းကို တန်ဘိုးထားခြင်း
------------------------
၂၀၀၃ ခုနှစ် မှာ အီရတ်ကို အမေရိကန်နဲ့ ညွန့်ပေါင်းတပ်တွေ
ဝင်ရောက်တိုက်ခိုက်ပါတယ်
အဲဒီ စစ်ပွဲမှာ အမေရိကန် ထောက်ပံ့ရေးယာဉ်တန်း
အီရတ်စစ်သွေးကြွများရဲ့
ခြုံခိုတိုက်ခိုက်ခံရပြီး အမေရိကန် စစ်သည်
ဂျက်ဆီကာလင့် အပါအဝင် စစ်သည်တချို့ အဖမ်းခံရပါတယ်

အဲဒီလိုဖမ်းဆီးခံရအပြီးမှာ အမေရိကန်သမ္မတ ဘုရှ်ဟာ
အမေရိကန်စစ်သမီး ဂျက်ဆီကာလင့်ကို ကယ်တယ်ဖို့ အမိန့်ပေးခဲ့ပါတယ်
အမေရိကန်လိုနိုင်ငံမျိုးမှာ သမ္မတဟာ
Commander in Chief စစ်သေနာပတိပါ
အနုမြူလက်နက်သုံးစွဲခွင့်နဲ့ အရေးကြီးတဲ့စစ်ဆင်ရေးတွေကို
သမ္မတက တိုက်ရိုက်ညွှန်ကြားတာပါ
အဲဒါကြောင့် Special Operation Rescue Mission အနေနဲ့
အသက်ရှင်ကျန်ခဲ့သူ တစ်ဦးတည်းလို့ မျှော်လင့်ရတဲ့ ဂျက်ဆီကာလင့်ကိုဖမ်းထားတဲ့ အီရတ်စစ်သွေးကြွတွေကို
အမေရိကန်အထူးတပ်ဖွဲ့က
ဝင်ရောက်တိုက်ခိုက်ပြီး သူမကို ရအောင်ကယ်တင်ခဲ့ပါတယ်
အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာကျော်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရတဲ့အထိ
ရာဇဝင်တွင်ခဲ့ပါတယ်
ထို့အတူပဲ
ဂျက်ဆီကာလင့်နဲ့ နာမည်တူသူ အမေရိကန်နိုင်ငံသူ အမျိုးသမီး
ဂျက်ဆီကာဆိုသူနဲ့ အဖော်တစ်ဦးဟာ ၂၀၁၂ မှာ ဆိုမာလီနိုင်ငံမှာ ကလေးတွေကို စာလာသင်ရင်း
ဆိုမာလီစစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲဖမ်းဆီးမှုကို ခံခဲ့ရပါတယ်
အဲဒီနောက် သူမကို ရက်ပေါင်းများစွာဖမ်းဆီးထားခဲ့ပြီး
ဒေါ်လာ ၄၅ သန်းနဲ့ လာရွေးဖို့
တောင်းဆိုပါတယ်
ဒါပေမဲ့ အမေရိကန် သမ္မတ အိုဘာမားက
မလိက်လျောခဲ့ပဲ အင်လာဒင်ကိုလုပ်ကြံသတ်ဖြတ်ခဲ့တဲ့
ကမ္ဘာကျော် အမေရိကန် အထူးတပ်ဖွဲ့ SEAL TEAM 6 ကို
စေလွှတ်ခဲ့ပါတယ်
အဲဒီ အထူးတပ်ဖွဲ့ဟာ ဆိုမာလီနိုင်ငံကို ထိုးဖောက်ဝင်ရောက်ပြီး
တတောဝင်တတောင်ထွက် ရွေ့လျားသွားလာနေတဲ့
ဆိုမာလီ စစ်သွေးကြွတွေကို
တစ်ယောက်မကျန် ချေမှုန်းတိုက်ခိုက်ပြီးကယ်တင်ခဲ့ပါတယ်
ဂျက်ဆီကာက
သူမရဲ့မှတ်တမ်းမှာ
အဲဒီအချိန်သူမရဲ့ဘဝမှာ အံ့အားအသင်းဆုံး စိတ်အချမ်းသာဆုံး
စိတ်ဓာတ်အင်အားအရှိဆုံး
စကားကိုကြားခဲ့ရတယ်လို့ စာစောင်တစ်ခုမှာ ပြောပြခဲ့ပါတယ်
အဲဒီစကားက
ကျွန်တော် အမေရိကန်အထူးတပ်ဖွဲ့ကပါ
ခင်ဗျားကိုကယ်ဖို့ရောက်လာတာပါ
ခင်ဗျား အသက်အန္တရာယ်မရှိတော့ပါဘူး
ဆိုတဲ့စကားပါ
================
အဲဒီ ဇာတ်လမ်းနှစ်ခုကို လေ့လာရရင်
ကမ္ဘာ့အဆင့်မှီ တပ်မတော်တွေဟာ
မိမိစစ်သည် တစ်ယောက်ရဲ့ အသက်တစ်ချောင်း
မိမိပြည်သူတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို
ဘယ်လောက်တန်ဘိုးထားတယ်ဆိုတာ
အလဟဿ အဖြစ်မခံတာတွေ့ရပါတယ်
မိမိစစ်သည်တစ်ယောက်ရဲ့ အသက်ဟာ
နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်
ဘယ်လောက်တန်ဘိုးရှိတယ်ဆိုတာ
အဲဒီတပ်မတော်ကို အုပ်ချုပ်နေတဲ့ စစ်သေနာပတိတွေ
နိုင်ငံ့ခေါင်းဆောင်တွေ က မြင်တတ်ဖို့ပဲဖြစ်ပါတယ်
ခေတ်မီလက်နက်တွေ ခေါင်းစဉ်တပ်ဝယ်ယူ
ကာကွယ်ရေးဘတ်ဂျက်တွေ ဘုန်းဘောလအောအသုံးပြုထားပေမဲ့
မိမိစစ်သည်တစ်ဦးရဲ့ အသက်ကို
တန်ဘိုးမထားတတ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တွေ အုပ်ချုပ်နေတဲ့စစ်တပ်ဟာ
ခေတ်မှီတပ်မတော်မဖြစ်ပဲ နူရာဝဲစွဲတပ်မတော် ဖြစ်နေမှာပါပဲ
တပ်မတော်သားတွေရဲ့ အသက်
နိုင်ငံသားတိုင်းရင်းသားတွေရဲ့ အသက်ကို အလဟသရင်းပြီး
မိမိသိက္ခာ မိမိအခန်းကဏ္ဍမပျောက်အောင်
နိုင်ခြေရှိတဲ့လက်နက်ကိုင်တွေကို တိုက်
နိုင်အခြေမရှိတဲ့ လက်နက်ကိုင်တွေကိုတော့ ဘေးမဲ့ပေးထားတဲ့
တပ်မတော်မျိုးကိုဦးဆောင်ကွပ်ကဲနေသူတွေကတော့
ခေတ်မီတပ်မတော်ဆိုတာ
စစ်ရးပြပွဲတွေ
စစ်ရေးလေ့ကျင့်မှုတွေ မှာ ခမ်းခမ်းနားနားမြင်ရတဲ့လက်နက်တွေ
ရှိတဲ့တပ်မတော်ဆိုပြီး
ဝါးလုံးခေါင်းထဲလသာ အိပ်မက်မက်နေဦးမှာပါပဲ
တကယ်တော့
ကျွန်တော်
မြန်မာ့တပ်မတော်ကပါ
ခင်ဗျား အသက် အန္တရာယ်မရှိတော့ပါဘူး
ဆိုတဲ့
အားကိုးယုံကြည်စရာ စကားမျိုး ပြောနိုင်တဲ့တစ်နေ့ကျမှ
ခေတ်မီတပ်မတော် ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းပါ
မည်သူမဆို Share နိုင်ပါသည်
ငရဲသား
Photo
Jissica Lynchအားကယ်တင်ခြင်းကို
ကမ္ဘာ့မီဒီယာများမှ ဖော်ပြထားပုံ

ကျွမ်းကျင် အတတ်ပညာရှင်


(၂၀၁၃ က ရေးခဲ့တဲ့ ပိုစ့်လေးကို ပြင်ဆင်ဖြည့်စွက်ပါတယ်.)
**************************
... professional တစ်ယောက် ဖြစ်ဖို့ ဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ကိုပဲ လုပ်ဖို့လိုပါတယ် " နိုင်ငံရေး သမားက သမ္မတ ဖြစ်ချင်တာ ဆန်းတယ်လို့ ထင်နေတဲ့သူ အားလုံး အမြဲ လိမ်ညာ စကားတွေ မုသားမပါ လင်္ကာ မချော ပြောခဲ့ တဲ့ စကားတွေ နဲ့ နှစ်ပေါင်း များစွာ ရင်းနှီး နေခဲ့လို့ပါ ...
..စစ်ပညာသင်ပီး စစ်တပ်ထဲနေခဲ့တာ အနှစ်သုံးဆယ် ကျော်မှ စီးပွားရေး နိုင်ငံရေး လုပ်ရင် အောင်မြင်ပါမလား၊ နှစ် နှစ်ဆယ်ကျော် မြန်မာ ပြည်ဟာ အစမ်းသပ်ခံဘဝ နဲ့ ကြီးပြင်းခဲ့ရတယ် .. ....ဒါပေမယ် စစ်တပ်ကို ကျွန်မ အပြစ်မမြင်ပါဘူး တိုင်းပြည် မငြိမ်သက်လို့ လွှဲယူခဲ့တာကိုပေါ့ ..
. ဒါပေမဲ့ လွှဲယူပီး ပြန်မထချင်တော့တဲ့ လူနဲစုကို အပြစ်တင်တာပါ တိုင်းပြည်ကို စုတ်ပြတ်သတ် နလန်မထူနိုင်အောင် ပြည်သူတွေ ဆင်းရဲမွဲတေအောင် ပြည်သူတွေ ယခင်ခေတ်တွေကထက် ဒုက္ခရောက်အောင် ငါနဲ့ ငါ့မိသားစု အဆင်ပြေရင်ပြီးရောဆိုတဲ့ အတ္တတွေနဲ့ အာဏာ မက်မောခဲ့တဲ့ လူ တစ်စုကိုပါ အပြစ်တင်မိတာပါ..
မြန်မာပြည် ဘာကြောင့် စုတ်ပြတ်သတ်နေလဲ ရှင်းရှင်းလေးပါ.. ၀န်ကြီးဌာနတွေက အကြီးအကဲတွေ ဟာ.. စစ်တပ်က ပြန်တမ်းဝင်ဆိုပြီး အုံဖွဆိုပြီး ၀န်ကြီးတွေ ညွှန်မှူးတွေ ဌာနမှူးတွေ စသဖြင့် နေရာယူထားကြတယ်.. သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ပညာရပ်တွေ ဘာတစ်ခုမှ နားမလည်ပဲနဲ့.. ပညာရှင်တွေရဲ့ အထက်မှာ နေရာယူပြီး.. ဆုံးဖြတ်ချက်တွေ လွှဲမှားစွာ ချခဲ့ကြတယ်.. ဒါကြောင့်လည်း.. မြန်မာပြည်ဟာ.. ၀င်းသူဇာလို ဈေးဆိုင် လုပ်ငန်း တစ်ခုတောင် အောင်မြင်အောင် မလုပ်နိုင်ဘူး..
ဒါ ဘာကြောင့်လဲ.. ကိုယ်မကျွမ်းကျင်တဲ့ field တစ်ခုကို စာပေါက်ပွတာနဲ့တင် တစ်ဘ၀ ချမ်းသာချင်တာနဲ့တင်.. ၀င်ရောက် လုပ်ကိုင်နေကြတယ်..
ဝန်ကြီးဌာန အသီးသီးက စက်ရုံတွေ ဘယ်နှစ်လုံးလောက် ပိတ်လိုက်ရပြီလဲ.. အစိုးရမှာ စာရင်း ရှိမှာပါ..
လက်၇ှိ အစိုးရဟာ ကုမဏီတစ်ခုဆို၇င် ဒေ၀ါ၇ီ ခံရတာ ကြာလှပြီ.
management ပညာလည်း မတတ်တော့.. ဦးနှောက်တွေကို ၀ယ်ယူပြီး အသုံးမချနိုင်ဘူး..
ကုမဏီ လုပ်ငန်းတွေမှာ..သူဌေးတွေက ရာထူကြီးကြီးတွေကို ငွေများများပေးပြီး ဘာကြောင့် ခန့်ထားလဲ..
သန့်ရှင်းရေးသမားတွေကို ကုမဏီရဲ့ အနိမ့်ဆုံးလစာပဲဘာကြောင့်ပေးလဲ.
သန့်ရှင်းရေးသမားလည်း လူပဲ မန်နေဂျာလည်း လူပဲ ဒါဆိုရင် ဘာကြောင့် သူဌေးက ပိုက်ဆံ လစာ အတူတူ မပေးသလဲ.. သေချာ စဉ်းစားပါ အကျယ်ရှင်းမပြချင်တော့ဘူး..
.
.. ဒေါ်စုက တိုင်းပြည်အတွက် ဘာလုပ်ပေးသလဲ မေးသူတွေ အတွက်ပါ .. ဒေါ်စု အကျယ်ချုပ်ဖြစ်နေတာရယ်.. နိုင်ငံရေးသမားတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွက်ပြီး.. ထောင်ချခဲ့လို့ နိုင်ငံတကာက လွတ်မြောက်ရေး ဖိအားတွေပေးခဲ့တယ်..
.. တပြိုင်နက်တည်း စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ် အဲ့လိုပဲ စစ်အစိုးရဘက်ကလည်း.. နိုင်ငံတကာနဲ့ ချိတ်ဆက်မှုတွေ မရအောင် သတင်း အမှောင်ချထားခဲ့တယ် ...
..ဒေါ်စု နဲ့ နိုင်ငံရေးသမားတွေကို ဘာကြောင့် လွှတ်ပေးခဲ့လဲ သူလွတ်မှ နိုင်ငံတကာက ပိတ်ဆို့မှုတွေ လျော့ပေးမယ်ဆိုတာကို စစ်အစိုးရက သိတယ်.. နောက်တစ်ချက် အဲ့ဒီအချန်က တိုင်းပြည်က အားလုံးပျက်စီးခဲ့ပြီးပြီ စိတ်ဓါတ်တွေ အသိဥာဏ်တွေ ဘ၀တွေ ဖျက်စီးခဲ့တော.. ပြည်သူတွေအားလုံးဟာ သူတို့ ထားရာနေ စေရာသွား..ဗဟုသုတလည်း မရှိတော့.. တွေးတော ဆင်ခြင်နိုင်စွမ်းလည်း မ၇ှိတော့.. သူတို့ စိတ်ထဲမှာ.. စစ်အစိုးရကို ကြိုက်သလား မကြိုက်သလား.. သူတို့ လုပ်နေတာတွေ ပြည်သူအတွက်လား ပြည်သူအတွက် မဟုတ်ဘူးလား ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ပဲ.. ဘယ်အစိုးရတက်တက် စိတ်လည်း မ၀င်စားတော့ဘူး.. လွှတ်တော်ဆိုတာလည်း ကိုယ်နဲ့ မဆိုင်ဘူး.. နောက်ဆုံး ကျေးလက်တွေမှာ.. သမ္မတ နာမည်တစ်းလုံးကလွဲရင် ကိုယ့်ကိုယ် ဘယ်သူတွေ အုပ်ချုပ်နေမှန်းတောင် မသိဘူး..ကိုယ်လုပ်မှ ကိုယ်စားရမှာ.. နိုင်ငံရေး ငါနဲ့မဆိုင်လို့တောင် တွေးခေါ်နေတဲ့သူတွေ မြန်မာပြည်မှာ အများကြီး..
.. အဲ့ဒီအထဲကမှ တကယ်ချွန်ထွက်တဲ့သူတွေလောက်သာ တွေးခေါ်စဉ်းစားနိုင်တာ.. အဲ့ဒီလူတွေက လက်ရှိ နိုင်ငံရေး လုပ်နေတဲ့သူတွေပဲ...
..ကျွန်မပြောခဲ့သလို အဘက်ဘက်က စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည်ကို ဦးဆောင်ပေးပါ့မယ်လို့ ပြောတဲ့ ဒေါ်စုရဲ့ သတ္တိကို ကျွန်မ မချီးကျူးပဲ မနေနိုင်ဘူး...
..အမေရိကန်မှာ သမ္မတ အိုဘားမား အာဏာရစဉ်က ဒီလောက် ကမ္ဘာထိပ်သီး အမေရိကန်ကြီးဟာ... စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ရတယ်.. အကြွေးတွေ ဗလပွပေါ့.. ဘဏ်သူဌေးကြီးတွေ နေ့ချင်းညချင်း ဆင်းရဲသွားတယ်.. ငွေဆိုတာ ကိန်းဂဏန်အဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်.. ဘဏ်တွေမှာ ငွေမရှိဘူး.. စာချုပ်တွေပဲရှိတယ်.. လုပ်ငန်းတွေ မလည်ပတ်နိုင်တော့.. ဘဏ်တွေကို အကြွေး မဆပ်နိုင်ဘူး.. ဒီလို ကြပ်တည်းလှတဲ့.. အခြေအနေမှာ.. အိုးဘားမား အာဏာလွဲယူလိုက်တယ်.. အဲ့ဒီကတည်းက ကျွန်မ အိုးဘားမားကို မလေးစားပဲ မနေနိုင်ဘူး..
ဒီနေရာမှ အလျဉ်းသင့်လို့ တစ်ခု ပြောချင်ပါတယ်.. အိုဘားမားဟာ.. လူမဲလူမျိုးပါ.. ဒီလို လူမဲတစ်ယောက်ကို လူဖြူ လူမဲ အ၇မ်းကို ခွဲခြားခဲ့တဲ့ တိုင်းပြည်က ဘာကြောင့် အုပ်ချုပ်စေပါသလဲ.. တိုင်းပြည်ကို တကယ်ချစ်ရင် တိုင်းပြည်ကို တကယ်တန်ဖိုးထားရင်.. တိုင်းပြည်အပေါ် စေတနာရှိသူကိုသာ ရွေးချယ်သင့်ပါတယ်.. သူကတော့ လူမဲမို့လို့ သူကတော့ လူဖြူမို့လို့..စသဖြင့်..ပညတ်တွေအပေါ်မှာ တွေးနေရင်တော့.. ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး..
.. ဒါကြောင့် ဒေါ်စုမို့လို့ပါ..အရင်လူက ဒုက္ခအထုတ်ကြီး လုပ်သွားပီး နောက်လူကို ရော့ အင့် ဆိုပီး ပစ်ချသွားမှာ လူဘိန်း အတွေး နဲ့ တွေးကြည့်စမ်းပါ ဒေါ်စု နောက် နေရလှ အနှစ် 15 နှစ် ပဲ အဲဒီ 15 နှစ်အတွင်း သမ္မတ ဖြစ်ရင်တောင် အရေးဝဝ အိပ်ရမယ် ထင်နေလား ဝေးသေး အဲဒါဆို ဘာကြောင် သမ္မတ ဖြစ်ချင်လည်း ရိုးရိုး လေး တွေးကြည့်ပါ စာသင်ခန်းထဲ ရောက်သွားတဲ့သူဟာ တပည့်ပါပဲ ဆရာချမှတ်တဲ့ စည်းကမ်းကို လိုက်နာရမှာပဲ ဆရာချထားတဲ့ စည်းကမ်းကို သူ့သဘောနဲ့ ဝင်ပြင်လို့ရပါသလား သူကိုယ်တိုင် ဆရာဖြစ်မှ သူချမှတ်ချင်တဲ့ စည်းကမ်းကို သူကိုယ်တိုင် ရေးဆွဲခွင့် ရမှာပါ အဲ့ဒါကတော့ လူ့စည်းကမ်း လူ့ကျင့်ဝတ်ပါ
ကျွန်မက ရိုးရိုးရှင်းရှင်းပဲ.. ကျွန်မ ဒေါ်စုရဲ့ အရှိန်အ၀ါကို အသုံးချပြီး.. တိုင်းပြည်ကို ဒေါ်စု သက်ရှိ ထင်ရှား ရှိနေတုန်း.. ပြည်ပ အကူညီတွေ ယူပြီး.. တိုးတက်အောင် လုပ်ပေးစေချင်တယ်.. လူတစ်ယောက်ကို နိုင်ငံတကာက လေးစားဖို့ဆိုတာ.. သိပ်ကို ခက်ခဲတဲ့ အရာတစ်ခုပါ..
အလုပ်တစ်ခု လုပ်ချင်ရင်.. အရေးပါတဲ့သူကို ကပ်ရ မျက်နှာချိုသွေး၇သလိုပေါ့.. ကျွန်မတို့လည်း.. ဒီလိုပဲ.. ဒေါ်စုကို အသုံးချမယ်.. ဒေါ်စုကလည်း အသုံးချခွင့်ပေးတယ်..
လတ်တလော တိုင်းပြည်အနေအထား.. ပြည်ပ အကူအညီ ယူကို ယူရမှာ့ပါ.... ယူတယ်ဆိုရာမှာလည်း.. အယူချည့်ပဲ မဟုတ်ပဲ.. အပေးလည်း ရှိရမှာပဲ.. အပေးအယူ မျှအောင် ညှိ့နှိုဖို့ဆိုရင်တော့ ပညာတတ်ရမယ်. တွေးခေါ်မြှော်မြင်တတ်ရပါ့မယ်..ဒါတွေလည်း ဒေါ်စုမှာ အပြည့် ရှိပြီးသား..
.. နိုင်ငံတကာက ဥပေဒ ပညာရှင်တွေ.. စီးပွားရေး ပညာရှင်တွေ.. နိုင်ငံတကာက ထိပ်သီး ခေါင်းဆောင်တွေ မြန်မာပြည် လာရင် ဒေါ်စုကို သွားရောက် မတွေ့တဲ့သူ မရှိဘူး.. ဘာလို့လဲ..
အရင်ခေတ်ကလို ဒေါ်စုက တိုင်းပြည်ကြီး ရောင်းစားဖို့ ကြံစည်နေတာလား.. ဒါတွေ မရှိတော့ပါဘူး..ဒီလိုခေတ်တွေ မဟုတ်တော့ပါဘူး.. ကုလသမ္မဂ လက်အောက်ခံ တိုင်းပြည်တိုင်း နိုင်ငံတကာ ဆက်ဆံရေးတွေဟာ သူ့ဥပေဒနဲ့သူ ရှိပြီးသား ဘောင်ကျော်လို့ မရပါဘူး.. တိုင်းပြည်ရဲ့ အရေးကိစ္စကိုလည်း ၀င်စွပ်ဖက်ချင်တိုင်းလည်း ၀င်စွက်လို့ မရပါဘူး.. သိမ်းချင်တိုင်းလည်း သိမ်းလို့ မရပါဘူး....း
..ဒါပေသိ တရုတ်က မြန်မာပြည်သိမ်းတဲ့အနေအထားက သိပ်ကို နူးညံ့တယ်.. စီးပွားရေးနဲ့ ၀ါးမြိုတာ.. ညံ့တဲ့သူခံပဲ..
... နိုင်ငံတကာမှာ သူ့ထက်က လူစွမ်းကောင်းပဲ.. ညံ့တဲ့သူ ခံပဲ.. အဲ့တော့ ကိုယ့်နိုင်ငံက အုပ်ချုပ်သူတွေ ညံ့တော့လည်း.. ပြည်သူတွေ ခံနေရတာပဲ..
..တရုတ်ပဲ ဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ်..ကိုယ့်နိုင်ငံထဲ ကို အခြားနိုင်ငံသား စီးဝင်နေမှုဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ လျော့ရဲမှုကြောင့်ပါ ဘင်္ဂါလီမှ မဟုတ်ပါဘူး ဘယ်နိုင်ငံခြားသားမဆို နိုင်ငံသား ခံယူခွင့်ကို နိုင်ငံတကာမှာ တင်းကြပ်စွာ တားမြစ်ထာပါတယ် အဲလို မလုပ်ခဲ့လို ခုလိုတွေ ပြျောနရတယ်..
.. အုပ်ချုပ်သူတွေ အနေနဲ့ ခုအချိန်ဟာ ဥပဒေ လျောရဲ နေတာ ဘာကြောင့်လဲ အဖြေရှာ ဖြေရှင်းဖို့ အရမ်းအရေးကြီးနေတဲ့ အချိန်ပါ ဥပဒေ ရှိသော်လည်း စာအုပ်ထဲက ဥပဒေ ဖြစ်နေသရွေ့ ခုလိုတွေ ဖြစ်နေဦးမှာပဲ...
..မြန်မာပြည်မှာ လတ်တလော ကျွန်မတို့ လည်ပင်းကို စွပ်နေတဲ့ ကြိုးကွင်းကတော့.
. (၁) စစ်အစိုးရသူတို့သဘောနဲ့ သူတို့ စိတ်ကြိုက် ရေးစွဲထားတဲ့ အခြေခံ ဥပဒေကို ပြင်ဆိုင်ဖို့...
..(၂) တရားဥပဒေ စိုးမိုးရေးကို ထိရောက်အောင်လုပ်နိုင်ဖို့..
..(၃) ကျန်ရှိနေတဲ့ သယံဇာတတွေ နောက်ထပ် ကုန်ကြမ်းအဖြစ် ရောင်းမစားနိုင်အောင် ထိရောက်တဲ့ ဥပဒေတွေနဲ့ တားမြစ်ဖို့..
ဒီသုံးချက်ဟာ ကျွန်မတို့ လည်ပင်းကို စွပ်နေတဲ့ ကြိုးကွင်းဖြစ်ပါတယ်..
... လက်ရှိသမ္မတ ကိုလည်း လူနဲစုကို မကြည့်တဲ့ ပြည်သူ မျက်နှာကိုပဲ ကြည့်တဲ့ ဥပဒေ တွေကို ပြင်ဆင်သင့်ရင် ရဲရဲ ဝံ့ဝံ့ ပြင်ဆင်ရဲတဲသူ.
... လူသေသွားရင်တောင် နာမည်မသေတဲ့ ပြည်သူတွေ ရင်ထဲ တသသ ဖြစ်ကျန်ခဲ့တဲ့ သမ္မတ ဖြစ်စေချင်တယ်.စစ်အစိုးရ အာဏာရှင်တွေကိုလည်း... မိမိကျွမ်းကျင်ရာ field ကိုပဲ ပြန်သွားပြီး တိုင်းပြည်တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးပြုစေချင်တယ်..
တလက်စတည်း ကျွန်မမိတ်ဆွေ အားလုံးကိုလည်း မိမိကျွမ်းကျင်တဲ့ field တစ်ခုမှာ အလုပ်လုပ်စေချင်တယ်..ဒါမှ တိုးတက်မှုက မြန်ဆန်မှာ ဖြစ်ပါတယ်..
  မေတ္တာဖြင့်
(မေမွန်း) —