Thursday, June 25, 2015

တစ်ချိန်တုန်းက ဒီမိုကရေစီခေတ်က တပ်မတော်...

ရှေးတုန်းက တပ်မတော်
အသက် ၇၅ နှစ်လောက်ရှိပြီဖြစ်တဲ့ လေတပ်က လေယာဉ်အုပ်တစ်ခုမှာ အလုပ်သမားလုပ်ခဲ့ဘူးတဲ့ အဖိုးကြီးတစ်ယောက်က ရှေးဟောင်းအောင်းမေ့ဖွယ်ရာတွေ
ကို လွမ်းတသသနဲ့ပြောပြတယ်...တော်လှန်ရေးကောင်စီမတက်ခင်ကနဲ့တက်ပြီးနောက် နှစ်အနည်းငယ်ကြာကာလအထိပေါ့....
အဲတုန်းက Pilot တစ်ယောက်ရဲ့အနေအထား..pilot တစ်ယောက်မှာ pilot ration ဆိုတာရတယ်..
- တစ်ပေါင်အပြည့် India ကလာတဲ့ ပေါင်မုန့်၁လုံး တစ်နေ့စာ
-ကတ်ဗြူရီ ချောကလက် တလကို ၄၈ပြား(၄၈ြ့ပားပါသံဗူးကြီး)..လေယာဉ် ၁ နာရီမောင်းရင် တစ်ပြားအပိုရသေးတယ်
-တူနှစ်လက်ထောပတ် ၁ လ ၂ဗူး
-အင်္ဂလန်ကလာတဲ့ ဘီစကွတ် ၁၀ပိသာဝင်သံပုံးနဲ့ တစ်လ တစ်ပုံး
-နိုးစိမ်းဗူး တစ်ပတ် ၁ ဗူး
-အင်္ဂလန်ကလာတဲ့ ချိုချဉ် တစ်ပတ် ၁ ထုပ်
-lipton လဘက်အချိုခြောက် သံဗူး
-အဂ်င်္လန်ကလာတဲ့ စတော်ဘယ်ရီယိုဗူး
ဒါတွေက pilot တွေရယ် လေယာဉ်ပေါ်မှာ လိုက်ပါတာဝန်ထမ်းရတဲ့ အခြားအဆင့် crew တွေကလည်း သူ့အချိုးနဲ့သူရကြတယ်...
နောက်တပ်မတော်သားတိုင်းရတဲ့ ရိက္ခာက အစိုနဲ့အခြောက် ၂ မျိုး..အစိုက နေ့စဉ်အိမ်တွေကို လိုက်ပို့တယ်..အသားတစ်မျိုး.အသီးရွက်တစ်မျိုး.ကြက်သွန်ဖြူနီ
မိသားစု၎ ယောက် ကောင်းကောင်းစားလောက်တယ်..တစ်ပတ်တစ်ခါ ရိက္ခာခြောက်က ဆန် ၂ပြည်.ကုလားပဲ.နိုင်ငံခြားနို့ဆီ ၁ဗူး.ဆီ ၄၀ကျပ်သား.သကြား.
လဘက်ခြောက်.ဆား.ငပိ.ငရုပ်သီးခြောက်..
.
ဗိုလ်မှုးအဆင့်က လစာ ၈၀၀ ကနေ ၁၀၀၀ကျပ်..ရွှေဈေးက တစ်ကျပ်သား ၂၀၀ ကျပ်..ဆီတစ်ပုံး ၂ကျပ်.ကြက်ဥဆယ်လုံး ၁ကျပ်.ကြက်သားတစ်ပိသာ ၅ကျပ်.
ဝက်သားတစ်ပိသာ ၄ ကျပ်.အော်စတင်ကားတစ်စီး ၅၀၀၀ကျပ်..
ကလေး ၂ယောက်ရပြီး တပ်ထဲကို လူပျိုဆိုပြီးဝင်လာတဲ့ ရဲဘော်သစ်က တစ်လခ ၈၂ ကျပ်..သူသုံးဖို့ ၂၂ ကျပ်ချန်ပြီး ၆၀ကျပ်ကို မိသားစုဆီပို့တော့ မိန်းမက
လောက်ငှရုံမက ရွှေလေးဘာလေးဝယ်နိုင်သေးတယ်..အဲဒီရဲဘော်က တနင်္ဂနွေပိတ်ရက်ဆို မြို့ထဲထွက်ရုပ်ရှင်ကြည့်..ဖာလူဒါသောက်.ခေါက်ကင်နဲ့ဆီချက်စား
အရက်ကလေးသောက် ၅ ကျပ်ဆို OK...ဘာမှမဟုတ်တာဆိုတာ အကျင့်ပျက်တာမျိုးမလုပ်ကြ..လုပ်စရာလည်းမလို..တာဝန်မှ တာဝန်ပဲ..အရာရှိနဲ့ရဲဘော်
နိုင်ငံတော်ကသတ်မှတ်ချက်အတိုင်းခံစား..ကွာသင့်သလောက်ပဲကွာတယ်..
.
လေတပ်မှာဆို အရာရှိ ရဲဘော် နိုင်ငံခြားမသွားဘူးသူ ခပ်ရှားရှား..သွားရတဲ့နိုင်ငံက အင်္ဂလန် အမေရိကား..တစ်ချို့ရဲဘော်တွေ အင်္ဂလန်မှာ ၄ နှစ်သင်တန်းတက်
ရင်း ကရာတေးခါးပတ်အနက်တွေဘာတွေရ..အင်္ဂလန်သူနဲ့ရည်းစားဖြစ်သူကဖြစ်ကြပေါ့..အကြီးဆုံးက အငယ်ဆုံးအထိ ဥပဒေနဲ့အညီ သတ်မှတ်ပေးထားတဲ့
ခံစားခွင့်တွေအတိုင်းပဲ..
.
အခုပြောပြတဲ့ အဘိုးအိုက အလုပ်သမားဆိုပေမယ့် နေ့စဉ်စားဖို့က ရိပ်သာသွားစားရုံပဲ..လခကသတ်သတ် ဘာမှပူပင်စရာမလို...
ရဲဘော်ရိပ်သာတွေမှာ ထမင်းစားရင် ကော်လာပါတဲ့ အကျီင်္နဲ့မှ..ဇွန်းခက်ရင်းနဲ့မစားရင် RP က အရေးယူမှာ..အသားမပါတဲ့နေ့ဆိုတာ တနင်္ဂနွေတစ်ရက်ပဲ သီးစုံ
ပဲဟင်း..တစ်ပတ်တစ်ခါ special dinner က ရှယ်..Dinner coat အဖြူ..ဘောင်းဘီအရှည်အနက်..ရှပ်အကီင်္ျအဖြူနဲ့ smart..အဲဒီ dinner coat ကို အခု ညစား
စားပွဲတွေမှာ ဗခမင်းအောင်လှိုင်တို့ ပြန်ဝတ်လာတာတွေ့ရတယ်..ခေါင်းဆီမလိမ်း ဆံပင်မဖြီးလို့မရ..ရှုးဖိနပ်ဆိုတာ ပြောင်နေမှ..တပ်ထိန်းရဲဘော်တွေကိုလည်း
စစ်စည်းကမ်းနဲ့ပတ်သက်ရင် အရာရှိလည်းမရဘူး..အရေးယူခံရမယ်..အရာရှိက တပ်ထိန်းကိုလည်း စည်းကမ်းနဲ့ပတ်သက်လာရင် လေးစားရတယ်..တာဝန်ပဲ..
တော်လှန်ရေးကောင်စီတက်လာပြီးတဲ့နောက်ပိုင်း အထက်ပါခံစားခွင့်တွေဟာ တဖြည်းဖြည်းနဲ့စာရွက်ပေါ်မှာပဲရှိတော့တယ်...အကျင့်စာရိတ္တပျက်ဆီးမှုတွေလည်း
တဖြည်းဖြည်းတိုးလာပြီး မညီမျှမှုတွေဖြစ်လာရော..တာဝန်တို့ စိတ်ဓာတ်တို့ပါ ယိုယွင်းလာပြီး တာဝန်ဆိုတာထက် အကြံအဖန်ရမယ့်နေရာကို မက်မောလာကြ
ရော...
.
ဒီအတွက် အထက်ကိုဖားတဲ့အကျင့် အနိုင်ကျင့်တဲ့စရိုက်တွေဝင်လာတယ်..အရင်က ရာထူးကြီးတာ ငယ်တာထက် အပြန်အလှန်တာဝန်ကိုလေးစားကြတယ်..
အခုနောက်ပိုင်း ငယ်သူရဲ့တာဝန်ကို ကြီးသူက မလေးစားတော့..ဒီလိုနဲ့ တာဝန်အပေါ် ဂုဏ်ယူတန်ဘိုးထားစိတ်တွေပျောက်..စားဝတ်နေရေးမလောက်ငတော့
အကျင့်ပျက်..ဒီလိုနဲ့တပ်ထဲမှာ မညီမျှမှုတွေဖြစ်..လက်သင့်ရာ စားတော်ခေါ်..အထက်ကိုဖားရတော့ အထက်ကဗိုလ်ကျ..ရဲဘော်ရဲဘက်စိတ်တွေပျောက်..
အထက်က အာဏာရှင်တွေဖြစ်..အောက်က အထက်ကိုဖား လည်သလိုစား တာဝန်ဆိုတာ အခွင့်ရေးလို့မြင်လာတဲ့ ဒီနေ့ တပ်မတော်ခေတ်ကို ရောက်လာခဲ့တာပဲ.
.
ဒီအကြောင်းတွေပြောပြရတာက အခု ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ သိက္ခာရှိတဲ့ တပ်မတော်ဆိုတာ ဘယ်လိုလည်းဆိုတာ မျက်စီထဲမြင်လာနိုင်အောင်
ပါ...ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်တဲ့ ဖြစ်စေချင်တဲ့ တပ်မတော်ဆိုတာ အထက်ဖော်ပြခဲ့တဲ့ တပ်မတော်မျိုးပဲ..တကယ်တော့ အဲလိုစစ်တပ်မျိုးကို စစ်သား
အများစုကြီးက ကြိုက်ကြမှာပါပဲ..မျှော်လင့်ကြမှာပါပဲ..သတ်မှတ်ချက်ထက် ပိုပြီးခံစားချင်တဲ့ အကျင့်ပျက်သူတစ်စုနဲ့ ဒါမှမဟုတ် အရင်က ခေတ်မီ အဆင့်မီ
တပ်မတော်ဆိုတာ မသိကြသူတွေကလွဲရင် အဘိုးအိုပြောသွားတဲ့ တပ်မတော်မျိုးကို အခုခေတ် သာမာန်စစ်သည်တွေ မမျှော်ပဲရှိပါမလား...
အဲလို အရင်ကရှိခဲ့ပြီး အခုတော့ အိမ်မက်ထဲ ရောက်နေတဲ့ တပ်မတော်တစ်ရပ်ပေါ်ပေါက်လာဖို့ ဒီမိုကရေစီရမှဖြစ်မယ်ဆိုတာ နားလည်ကြပေတော့ စစ်သည်
အပေါင်းတို့ရေ..
.
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သိက္ခာရှိတဲ့ ပြည်သူချစ်တဲ့ တပ်မတော်တစ်ရပ် ပေါ်ပေါက်လာအောင် ဒေါ်စုနဲ့အတူ လက်တွဲတည်ဆောက်ကြပါစို့လို့
တိုက်တွန်းပါရစေ.....့

Credit to> Thetdwe Aung

No comments:

Post a Comment