Sunday, September 29, 2013

Honda Civic Hybrid ဆိုသည်မှာ ...


၁၃၀၀စီစီတွေထဲမှာ ဒီဇိုင်းအလှဆုံး၊ modify လုပ်လို့ အကောင်းဆုံး ကားအမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ Hybrid အမျိုးအစားမို့ ပျက်ခဲ့သည်ရှိသော် ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲဆိုတာကို တွေးပူနေကြလို့သာ၊ ၁၃၀၀စီစီကိုပဲ hybrid အင်ဂျင်နဲ့ မဟုတ်ခဲ့ဘူးဆို ဒီထက်မက မြန်မာတွေ အကြိုက်တွေ့စေမယ့် ကားပါပဲ။ ကြိုက်မယ်ဆိုလည်း ကြိုက်လောက်တဲ့ အနေအထား အသွင်အပြင်ရှိပါတယ်။ အတွင်းပိုင်း လှပသလို လူငယ်တွေအနေနဲ့ စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ ရုပ်ထုတ်နိုင်တဲ့ ကားပုံစံပါ။ Angel eyes တွေ တပ်မလား၊ skirt ထည့်မလား၊ spoiler အမြင့်ကြီးတွေဆင်မလား .... အရမ်းရုပ်ထွက်တဲ့ ကားပါ။

ဒီကားလေးတွေကို ၂၀၀၅ခုနှစ် ၁၁ပိုင်းမှာ စတင် ထုပ်လုပ်ခဲ့ပါတယ်။ ပြောင်းလဲမှုအနေနဲ့ကတော့ ၂၀၀၈ခုနှစ် ၉လ နောက်ပိုင်းထုတ်ကားတွေမှာတော့ နောက်မီးနဲ့ ရှေ့ fog lamp ပုံစံ ပြောင်းလဲသွားပါတယ်။ နောက်မီးခွက် အရင် အ၀ိုင်းပုံစံကနေ အဋ္ဌဂံ/ရှစ်မြှောက်ပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘက်က fog lamp ကလည်း အရင် ပုံစံဟောင်းတုန်းက လေးထောင့်၊ မော်ဒယ်အမြင့်တွေမှာက ဘဲဥပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘန်ဘာအချိုး၊ ပုံစံလည်း နည်းနည်းလေး ကွဲသွားပါတယ်။

Grade အခွဲတွေအနေနဲ့ အရမ်းမများလှပါဘူး။ MXB, MX, MXST ဆိုပြီး (၃)မျိုးခွဲခြားထားပါတယ်။ Chassis က အားလုံး အတူတူပါပဲ "FD3" ပါ။

MXB ကတော့ base grade ဆိုတဲ့အတိုင်း သူ့မှာ ဘေးမှန်မီးတန်း side mirror lamp မပါဘူး၊ fog lamp မပါ ပါဘူး။
MX ဆိုရင်တော့ မီးတွေ စုံလာပါပြီ။ အနောက်မှာ spoiler သေးသေးလေးလည်း ပါလာပါပြီ။
MXST ကတော့ ထိုင်ခုံအသားချင်းလည်း ကွာသွားတယ်။ Alloy wheel size လည်း 16" ဖြစ်သွားမယ်။ (MXB နဲ့ MX က 15")

Civic မှာ နောက်ထပ် အရေးကြီးတာက original tv ဖြစ် မဖြစ်ပါ။ original tv ဖြစ်မှ လက်ကိုင်မှာ steering audio controller ပါလာပါမယ်။ နောက်ပြီး သူ့မှာ cruise control ပါတာ၊ turn start ဖြစ်တာ၊ leather seat ဖြစ်တာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကျတော့ grade နဲ့ ခွဲလို့ မရတော့ဘဲ optional သာ ဖြစ်ပါတယ်။

သြော် ... နောက်ထပ် ကျွန်တော်ပြောဖို့ ကျန်တာသေးတာ UK grade တွေ ရှိပါသေးတယ်။ ဘာအားသာလဲဆိုတော့ leather seat တွေများပြီး ကားတိုင်း လက်ကိုင်မှာ audio controller က ဘယ်ဘက်၊ cruise control က ညာဘက်မှာ ကားတိုင်းနီးပါး ပါပါတယ်။ နောက်ပြီး airbag တွေလည်း ရှေ့နောက်၊ အပေါ်ပတ်လည် ပါတာမို့ ပိုစိတ်ချရပါတယ်။
Honda Civic ကိုပဲ USA grade ဆိုပြီး ထပ်ရှိသေးပေမယ့် အတွင်း၊ အပြင် ဒီဇိုင်း မတူတာရယ်၊ ဈေးများတာရယ်ကြောင့် ကားအရေအတွက် နည်းနည်းပါးပါးသာ မြန်မာပြည်မှာ ရှိပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေကျ ကားလောက် မပေါက်ဘူးပေါ့နော်။

Civic တွေဟာ ဈေးတန်းအားဖြင့်တော့ သိန်း ၁၄၀ လောက်ကနေ သိန်း ၂၀၀ ကျော်အထိ ရှိပါတယ်။ ကီလိုအနည်းအများ၊ အရောင်၊ မော်ဒယ်၊ အက္ခရာနဲ့လည်း ဆိုင်ပါတယ်။ အနက်ရောင်နဲ့ အဖြူရောင်ကတော့ လူကြိုက်အများဆုံး အရောက်တွေပါပဲ။ နောက်ပြီး ကျွန်တော့်ကို မေးတတ်ကြတာက hybrid မဟုတ်တဲ့ civic saloon ဖြစ်တဲ့ Type R ကို မေးတတ်ကြပါတယ်။ လက်ရှိ အခွန်နှုန်းထား ပေါ်လစီအရ ၁၃၀၀စီစီလေးတွေသာ ဈေးသက်သာတာပါ။ ၂၀၀၀ စီစီဖြစ်သွားတဲ့ Civic Type R 2008 model လောက်ဆို သိန်း ၄၅၀ ကျော်သွားမှာမို့ အဆင်မပြေလှပါဘူး။

ဒီလောက်ဆို Honda Civic Hybrid အကြောင်း အကြမ်းဖျင်းလောက် လုံလောက်ပြီ ထင်ပါတယ်နော်။ ကျွန်တော့် စာပိုဒ်လေးတွေဟာ ကားအကြောင်း အလုံးစုံ ပြီးပြည့်စုံဖို့တော့ မဖြစ်နိုင်ပါဘူး။ နည်းနည်းပါးပါး ရိပ်ဖမ်းသံဖမ်း ခွဲခြားနိုင်ဖို့အတွက်လောက်တော့ အသုံးတည့်မယ် မျှော်လင့်ပါတယ်ဗျာ။

ကိုထွဋ်ထိပ်

ရခိုင်ပြည်ဖွံ့  ဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုများနဲ့ လွတ်တော်ဥက္ကဌ သူရဦးရွေမန်းတို့ တွေ့


ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုများနဲ့ လွတ်တော်ဥက္ကဌ သူရဦးရွေမန်းတို့ တွေဆုံပွဲကို ရန်ကုန်မြို့  IBCမှာ ဒီကနေ့မနက် ၉နာရီမှစတင်ပီးတော့ ကျင်းပခဲ့ပါတယ်

ခုလို မိသားစု ပုံမျိုးနဲ့ တွေဆုံရတာဟာ အရမ်းကောင်းပါကြောင်းနဲ့ ရခိုင်ပြည်နယ်သည် ပထ၀ီအနေအထားအရ အချုပ်အခြာ အာဏာကာကွယ်မှုတွင် တခြားပြည်နယ်တိုင်းများထက် ပိုမိုပီးကာကွယ်နေကြရပီး တိုင်းရင်းသားတို့၏ ရိုးရာအစဉ်များကို ကာကွယ်ရာတွင်လည်း များစွာ ခက်ခက်ခဲခဲကာကွယ်နေရသည်ကို နာလည်းပါကြောင်းနှင့် ကျန်ပြည်နယ်နှင့်တိုင်းရှိ တိုင်းရင်းသားများမှ ရခိုင်တိုင်းရင်းသားများကို ကျေးဇူးတင်းဂုဏ်ပြုရန်လိုအပ်ကြောင်းကို သူရ ဦးရွေမန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ နိုင်ငံတော်အနေဖြင့် ရခိုင်တိုင်းရင်းသားများကို ယုံကြည်စွာဖြင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် တာဝန်ပေးစေလိုကြောင့်နှင့် ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း Emotion ဖြင့် ပြောဆိုမှုကို လျော့စေလိုကြောင်း၊ ရခိုင်တိုင်းရင်းသားများသည် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာတည်တံခိုင်မြဲရေးကို အထူးကာကွယ်ထားကြသည့် လူမျိုးများဖြစ်ပါကြောင်း နှင့် အပြောအဆိုမတတ်မှုကို နားလည်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပီး ရခိုင်ပြည်နယ်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကို တရားလွတ်တော်ရှေ့နေ ဦးဘိုမင်းဖြူမှ တင်ခဲ့ပါတယ် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေးသည် မီးများမီးနိုင်ကဲ့သို့ဖြစ်နေပီး မောင်တောဒေသရှိ နယ်စပ်ဂိတ်များသည် ယခုအချိန်ထိ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ဖြစ်နေပါကြောင်းနှင့် နယ်စပ်ဂိတ်များမှ ငွေ ၁ ထောင်ကျပ်ပေးလျှင် ဘင်္ဂလားဒေရှ်မှ ဘင်္ဂလီများ ယခုအချိန်ထိနေစဉ်ဝင်ထွက်လျှက်ရှိပါကြောင်း ထိုအတွက်ကြောင့်မောင်တော ဒေသတွင် ရခိုင်တိုင်းရင်းသား ပြည်သူစစ်နှင့် နယ်ခြားစောင့်တပ်များချထားပေးစေလိုကြောင်း ပြောကြားတင်ပြခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားဥပဒေပညာရှင် ဦးသာပွင့်(စစ်တွေ) မှလည်း ရခိုင်ပြည်နယ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါပုံများကို တင်ပြဆွေးနွေးခဲ့ပီး လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီးရရှိရေးနှင့် လူငယ်ဖွံဖြိုးရေး၊အလုပ်အကိုင် အခွင့်အလှမ်းများကို ဦးသိန်းရွေနှင့်ဦးလှမောင်သိန်း(ရခိုင် သဟာယ အသင်း)တို့မှ တင်ပြခဲ့ကြပါတယ်။

အဲနောက်မှာတော့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ရခိုင်ကျောင်းသား မောင်ဇော်မျိုးနိုင်မှ ရခိုင်ပြည်နယ်အတွင်း ပညာသင်ကြားမှုခက်ခဲနေမှုများနှင့် စစ်တွေ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်လမ်းတလျှောက်တွင် ဘင်္ဂလီကုလားရွာများရှိနေသည့်အတွက် လုံခြုံမှုမရှိသည့်အတွက် ဖယ်ရှားပေးစေလိုကြောင်း၊ရခိုင်ပြည်နယ်သည် ဆင်ရဲပီးဖွံဖြိုးမှုအားနည်းသည့် ပြည်နယ်တခုဖြစ်သည့်အတွက် ဘ၀မွေးဝမ်းကျောင်းတက္ကသိုလ်များခေါ်ယူရာတွင် အမှတ်စာရင်းများမှာ မြင့်မားလွန်းသည့်အတွက် ပြည်မကဲ့သို. တက်ရောက်ပညာသင်ကြားနိုင်သူခက်ခဲ့ပါကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ် မျိုးဆက်သစ်အများစုမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသာ အားကိုးနေရသည့် အတွက် ယင်းဘုန်းတော်ကြီးသင်ကျောင်းများရှိ ဆရာ၊ဆရာမ လစာများကို နိုင်ငံတော်မှ ပေးနိုင်ပါရန် စသည်ဖြင့် ရခိုင်ပြည်နယ် ပညာရေး၏ လက်ရှိဖြစ်ပျက်နေသော အဖြစ်အပျက်များကို တင်ပြခဲ့ပါတယ်။

ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်ပြည်နယ် ၁၇မြို့နယ်ရှိ ကိုယ်စားလှယ်၁၇ ဦးတို့မှ လတ်တလော လိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ် ရခိုင်ပြည်နယ်သည် သယံဇာတ ပေါကြွယ်ဝသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှုများ၊ လျှပ်စစ်မီးမရရှိမှု၊ မြောက်ဦးမြို့ ကို နိုင်ငံခြားသားဧည်သည် အလာများသော်လည်း လေယျဉ်ကွင်းမရှိမှု စသည့် လတ်တလောလိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။

အဲဒီနောက် သူရဦးရွေမန်းအား ရခိုင်တိုင်းရင်းသားရေရာ ၀န်ကြီး ဦးဇော်အေးမောင် မှ ရခိုင်အမျိုးသားရိုးရာ ခေါင်းပေါင်းနှင့် ရခိုင်အမျိုးသားအထိမ်းအမှတ် န၀ရူပ ဗျာလ ရုပ်ထုတို.ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။အဲဒီနောက် သူရဦးရွေမန်းမှ တောင်းဆို တင်ပြချက်များသည် အလွန်ကောင်းမွန်ကြောင်းနှင့် အကောင်အထည်ဖော်ပေးနိုင်ရန် အမြန်ဆုံးတင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနေ့တွေဆုံပွဲနှင့် ပတ်သက်ပီးတော့ တက်ရောက်ခဲ့သူအများစုက နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလိမ့်မည်ဟု မျော်လင့်ပါကြောင်းနှင့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်တွင် နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ် များဖွဲ့စည်းပေးမည်ဟုလည်း ယုံကြည်ကြောင်းပြောကြားခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး မိသားစုတွေဆုံပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး(စမ်းချောင်း)တို့တက်ရောက်ခဲ့ကြပီး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သော်လည်း လာရောက်မှုမရှိခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ .. ဖိုးသီဟ

Khaing Linn

RNG

သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ သံတွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည် ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ညနေ ၄ နာရီခန့်တွင် အခြေအနေ ပြန်လည် ငြိမ်သက်သွားပြီး တရားခံကို ဖမ်းဆီးထားကြောင်း ပြန်လည် ဖြေကြားသည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က အဓမ္မကျင့်ခံရသည့် သတင်းအပေါ် မူတည်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရကာ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ရသည်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့က သံတွဲမြို့တွင် နံတော်တောင် တောင်ခြေရင်းရှိ ဘုန်းတော်ကြီး တစ်ပါးကို အစ္စလာမ် ဘာသာဝင်တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တွင် ယင်းနေရာသို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့များက တားဆီးခဲ့ရသည်။

The Voice Weekly

လိုင်စင်ရအသံတိတ် လူသတ်သမားများ

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
...
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။


(လဲ့ရည်မြင့်၊ သင်းရတနာဆု) - The Voice Weekly

Wednesday, September 25, 2013

မြေပုံမှ ရေလုပ်သား နှစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရေထဲပစ်ချခံရ



(နိရဉ္စရာ- ၂၅ စက်တင်္ဘာ ၂၀၁၃)



ရခိုင်ပြည်နယ် မြေပုံမြို့မှ ရေလုပ်သား (၂) ဦးကို အကြမ်းဖက်သမား အုပ်စု တစ်ခုက တိုက်ခိုက်ပြီး ရေထဲပစ်ချထားခဲ့သဖြင့် အကြီင်္းအကျယ် ဒဏ်ရာ ရရှိသွားကာ ဆေးရုံတင်ထားရသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသွားသူ ရေလုပ်သား (၂) ဦးမှာ မြေပုံမြို့ မြောက်ပိုင်းမှ ဦးမောင်လှဝင်းနှင့် ဦးအမူံချေ ဆိုသူတို့ ဖြစ်ကြသည်ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက အတည်ပြု ပြောကြားသည်။

သူတို့သည် ငါးဖက်စက်လှေ တစ်စီးဖြင့် ပြန်လာစဉ် ပေါက်တောမြို့နယ်ဘက်ကဟု ယူဆရသော မွတ်ဆလင် စက်လှေ တစ်စီး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဦးအောင်ဝင်း ပြောသည်။

“ အခု အဲဒီ လူနာ (၂) ဦးကို မြေပုံ ဆေးရုံမှာ တင်ထားရပါတယ်။ တစ်ယောက်ကတော့ စကား အနည်းငယ် ပြောနိုင်ပြီး တစ်ယောက်ကတော့ စကား မပြောနိုင်သေးဘူး။ သူတို့ ပြန်လာစဉ်မှာ ပေါက်တောဘက်က ဘင်္ဂလီငါးဖမ်းစက်လှေ တစ်စီးက ၀င်ဆီးပြီး တိုက်ခိုက်တယ်။ လှေပေါ်မှာ ပါလာတဲ့ လူနှစ်ဦးဖမ်းတယ်။ ရိုက်ပုတ်တယ်။ တစ်ဦးကို ကြိုးနဲ့ချည်ပြီး ရေထဲကို ပစ်ချတယ်။ ဒါပေမယ့် သူတို့မသေဘဲနဲ့ ပြန်လွှတ်မြောက်လာကြပါတယ်” ဟု သူက ပြောသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ်ကို ပိုမို သိရှိနိုင်အောင် မြေပုံရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ် မရရှိခဲ့ပါ။

မြေပုံမြို့မှ NLD အဖွဲ့ တစ်ဦးဖြစ်သူ ဦးမောင်မောင်ကို ဆက်သွယ်မေးမြန်းရာ ရခိုင် ရေလုပ်သား နှစ်ဦးတိုက်ခိုက်ခံရပြီး ယနေ့ နံနက် ၅ နာရီကျော်က ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“ သူတို့ စက်လှေကို ရေထဲနစ်ပစ်ပြီး စက်လှေပေါ်က စက်နဲ့ ပိုက်တွေကို အကုန်လုံး ယူဆောင်သွားခဲ့တယ်။ ကျနော်ကြားတာက ဂျီအာရ်စီဆိုတဲ့ အန်ဂျီအို တစ်ခုက မြေပုံက ဘင်္ဂလီတွေကို ငါးဖမ်း စက်လှေ (၅၀) ကူညီပေးထားတယ်။ အဲဒီ စက်လှေနဲ့ တိုက်ခိုက်ပြီး ခုလို လုပ်တာလို့ သိရပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ဂျီအာရ်စီက အကူအညီပေးထားသော စက်လှေဖြင့် တိုက်ခိုက်ခြင်း ဟုတ် မဟုတ်ကို နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိပါ။

နောက် မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူဦးမောင်လုံးအား ဆက်သွယ်မေးမြန်းရာ ပြဿနာ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး ပေါက်တောက ဘင်္ဂလီ အုပ်စုလား၊ မြေပုံကလားဆိုသည်ကို ရဲက ဆက်လက် စစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ခရီးလွန်နေ၍ ဦးအောင်ဝင်းကိုသာ ဆက်သွယ် မေးမြန်းပါဟု ပြောကြားကာ ဖုံးချသွားခဲ့သည်။

ယခု တစ်လောတွင် ရခိုင်ပြည်နယ် အတွင်းတွင် အကြမ်းဖက်အုပ်စုများ၏ တိုက်ခိုက်မူကို ရခိုင်အမျိုးသားများ ဆက်တိုက် ခံနေကြရပြီး အာဏာပိုင်များက ထိထိရောက်ရောက် ကာကွယ် မပေးနိုင်ဘဲ ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

Tuesday, September 24, 2013

ကင်ဆာရောဂါနှင့် သင်္ဘောရွက်

(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

Monday, September 16, 2013

အတုယူစရာ ဂျပန်မှာ


၁။ ဂျပန်လူငယ်လေးတွေဟာ ဆရာတွေနဲ့အတူ နေ့စဉ် ၁၅ မိနစ် ကျောင်းသန့်ရှင်းရေးလုပ်ကြရတဲ့အ
တွက် သန့်ရှင်းမှုကိုအလေးထားတဲ့ မျိုးဆက်သစ်ကို မွေးဖွားပေးပါတယ်။

၂။ ခွေးမွေးထားတဲ့ ဂျပန်တယောက်ဟာ အိတ်တလုံးကို ခွေးချေးကြုံးဖို့သယ်ရပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး တို့အရေး လုပ်ရပါတယ်။

၃။ သန့်ရှင်းရေးအလုပ်သမားကို ကျန်းမာရေးအင်ဂျင်နီယာလို့ ခေါ်ပြီး လခ ဒေါ်လာ ၅ ထောင်မှ ၈ ထောင်အတွင်းရရှိပါတယ်။ အလုပ်မ၀င်ခင် ရေးဖြေရော နှုတ်ဖြေပါ စာမေးပွဲဖြေရပါတယ်။

၎။ ဂျပန်မှာ သဘာဝသယံဇာတလည်းမရှိ၊ နှစ်စဉ် ငလျင်ပေါင်း ရာကျော်ဒဏ်လည်းခံရပေမယ့် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။

၅။ ဟီရိုရှီးမားမြို့ဟာ အနုမြူဗုံးကျဲခံရပြီး ၁၀ နှစ်အတွင်းမှာပဲ မူလ စီးပွားအင်အားအခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။

၆။ ဂျပန်မှာ ရထား၊ စားသောက်ဆိုင်တွေအတွင်းမှာ မိုဘိုင်းဖုန်းသုံးခွင့်မပြုပါဘူး။

၇။ ဂျပန်ကလေးငယ်များဟာ ပထမတန်းမှ ၆ တန်းအထိ လောကနီတိ ( လူမှုဆက်ဆံရေးကျင့်ဝတ် ) တွေကို မသင်မနေရ သင်ကြရပါတယ်။

၈။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဂျပန်များမှာတောင် အိမ်အကူမထားပါဘူး။ မိဘများဟာ အိမ်အလုပ်နဲ့ ကလေးများအတွက် တာဝန်ယူကြရပါတယ်။

၉။ မူလတန်းမှ တတိယတန်းအထိ စာမေးပွဲမရှိပါဘူး။ ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ရင်းမှာ အတွေးအခေါ်၊အယူအဆတွေ၊ စာရိတ္တတွေထူထောင်ဖို့ဖြစ်ပြီး စာမေးပွဲတွေ၊ ဂုဏ်ထူးတွေ ယူဖို့မဟုတ်လို့ပါ။

၁၀။ ဂျပန်ဘူဖေးဆိုင်ထဲဝင်သွားရင် လူတွေက သူတို့စားနိုင်သလောက်ပဲ ထည့်စားကြတာကိုတွေ့နိုင်ပါတယ်။ စားပြီးပိုလို့လွှင့်ပစ်ရတယ်ဆိုတာ မရှိပါဘူး။

၁၁။ ဂျပန်မှာရထားနောက်ကျချိန်ဟာ တနှစ်လုံးအတွက် ၇ စက္ကန့်ပါ။ အချိန်ကိုအလွန်လေးစားပြီး မိနစ်၊ စက္ကန့်အထိ တိကျတတ်ပါတယ်။ ( မြန်မာတွေနဲ့တော့ တွေ့ဦးမယ်။ )

၁၂။ ကလေးတွေဟာ ကျောင်းမှာ အစာစားပြီး သွားတိုက်ကြပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို အလေးထားကြပါတယ်။

၁၃။ အစာစားချိန်ကို နာရီဝက်ခန့်ယူပြီး အစာကြေညက်အောင် ဂရုပြုကြပါတယ်။ ဒီကျောင်းသားတွေဟာ ဂျပန်ပြည်ရဲ့ အနာဂတ်ပါ။

(ဘာသာပြန် -Thanda Win)
Read this beautiful Information about Japan

1 - Did you know that Japanese children clean their schools every day for a quarter of an hour with teachers, which led to the emergence of a Japanese generation who is modest and keen on cleanliness.

2 - Did you know that any Japanese citizen who has a dog must carry bag and special bags to pick up dog droppings. Hygiene and their eagerness to address cleanliness is part of Japanese ethics.

3 - Did you know that hygiene worker in Japan is called "health engineer" and can command salary of USD 5000 to 8000 per month, and a cleaner is subjected to written and oral tests!!

4 - Did you know that Japan does not have any natural resources, and they are exposed to hundreds of earthquakes a year but do not prevent her from becoming the second largest economy in the world? -

5 - Did you know that Hiroshima returned to what it was economically vibrant before the fall of the atomic bomb in just ten years?

6 - Did you know that Japan prevents the use of mobile in trains, restaurants and indoor

7 - Did you know that in Japan students from the first to sixth primary year must learn ethics in dealing with people -

8 - Did you know that the Japanese even though one of the richest people in the world but they do not have servants. The parents are responsible for the house and children -

9 - Did you know that there is no examination from the first to the third primary level; because the goal of education is to instill concepts and character building, not just examination and indoctrination. -

10 - Did you know that if you go to a buffet restaurant in Japan you will notice people only eat as much as they need without any waste. No wasteful food.

11 - Did you know that the rate of delayed trains in Japan is about 7 seconds per year!! They appreciate the value of time, very punctual to minutes and seconds

12 -. Did you know that children in schools brush their teeth (sterile) and clean their teeth after a meal at school; They maintain their health from an early age -

13 - Did you know that students take half an hour to finish their meals to ensure right digestion When asked about this concern, they said: These students are the future of Japan

By : Saffras
Did You Know
ဦးယောင်(Yaung Ni Oo) Facebook မှ ရှယ်ထားခြင်း...

ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်သီးမှုန့်များတွင် ကင်ဆာဖြစ်စေနီုင်သော ဇီဝအဆိပ်တစ်မျိုးတွေ့ရှိ


Liked · June 28

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဈေးများ၌ ရောင်းချနေသည့် ငရုတ်သီးမှုန့်များကို စမ်းသပ်စစ်ဆေးခဲ့ရာ ကင်ဆာဖြစ်စေနိုင်သော ဇီဝအဆိပ်တစ်မျိုးဖြစ်သည့် 'Aflatoxcin B1'ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ သိရသည်။

ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်များကို စစ်ဆေးရာတွင် ဈေးဆိုင်များတွင် အလေးချိန်ဖြင့် ချိန်တွယ်ရောင်းချနေသည့် ငရုတ်သီးမှုန့်များနှင့် ထုပ်ပိုးပြင်ဆင်ထားသည့် ငရုတ်သီးမှုန့် နမူနာ ၂၆ ခုကို စစ်ဆေးခဲ့ရာ ယင်းတို့အနက်မှ အလေးချိန်ဖြင့် ချိန်တွယ်ရောင်းချသည့် ငရုတ်သီးမှုန့် နမူနာလေးမျိုးနှင့် ထုပ်ပိုးပြင်ဆင်ထားသည့် ငရုတ်သီးမှုန့် နမူနာ နှစ်မျိုးတို့တွင် ယင်းဇီဝအဆိပ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

''Aflatoxcin B1 ဆိုတာ စနစ်တကျ သိုလှောင်သိမ်းဆည်းမှု အားနည်းတဲ့ စားသောက်ကုန် ပစ္စည်းတွေမှာ ပေါက်ဖွားလေ့ရှိတဲ့ Aspergillus Species တွေကတစ်ဆင့် ဖြစ်လာတာပါ။ Aflatoxcin B1 က စားသောက်ကုန်တွေမှာ ပါဝင်နေပေမယ့် အရောင်၊ အနံ့၊ အရသာ ပြောင်းလဲသွားတာမျိုး မရှိဘူး။ ဒီအဆိပ်က အပူပေးပြီး ချက်ပြုတ်စားသောက်ရင်လည်း အာနိသင် ပျက်ပြယ်မသွားဘူး။ သူက မမြင်နိုင်တဲ့မှိုတစ်မျိုး ဖြစ်တဲ့အတွက် စားသောက်ကုန်တွေမှာ ပါဝင်နေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ဘူး'' ဟု ဇီဝအဆိပ် ဗေဒသုတေသန ဌာနခွဲမှ ဒေါက်တာသောင်းလှက ပြောကြားသည်။

Aflatoxcin B1 ပါဝင်သည့် စားသောက်ကုန်များကို စားသုံးမိပါက လတ်တလော အဆိပ်သင့် လက္ခဏာ ဖြစ်ပွားခြင်းမျိုး မရှိသော်လည်း ရေရှည်စားသုံးမိသူများ အနေဖြင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။

Credit to Eleven Media Group

(ထပ်ဖြည့် - သက်ဆိုင်ရာ အနေနဲ့ စစ်ဆေးပြီးသည့် နောက် ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ပေးရန် နှင့် စဉ်ဆက်မပြတ် စစ်ဆေးပေးရန် တောင်းဆိုအပ်ပါသည်)

မုတ္တမပင်လယ်ကွေ့၌ ဘာသာခြား လူမျိုးတစ်ဦးက မြေဧက ၂၈၀ဝ အား လ အနည်းငယ်အတွင်း အင်တိုက်အားတိုက် ဝယ်ယူခဲ့သဖြင့် ဒေသခံများက ဘူးသီး တောင်မောင်တောကဲ့သို့ အနာဂတ်၌ဖြစ် လာမည်ကိုစိုးရိမ်


16.09.2013

မုတ္တမပင်လယ်ကွေ့၌ ဘာသာခြား လူမျိုးတစ်ဦးက မြေဧက ၂၈၀ဝအား လ အနည်းငယ်အတွင်း အင်တိုက်အားတိုက် ဝယ်ယူခဲ့သဖြင့် ဒေသခံများက ဘူးသီး တောင်မောင်တောကဲ့သို့ အနာဂတ်၌ဖြစ် လာမည်ကိုစိုးရိမ်နေကြကြောင်း News Watch ဂျာနယ်သို့ ဆက်သွယ်ပြောကြားခဲ့သည်။

ယင်းမုတ္တမပင်လယ်ကွေ့သည် ပြီးခဲ့သည့်နှစ်အနည်းငယ်က ဧကပေါင်း သောင်းနှင့်ချီသည့် မြေနုကျွန်းပေါ်ပေါက် လာခဲ့ပြီး သက်ဆိုင်ရာကဒေသခံများအား အချိုးကျခွဲဝေပေးခဲ့သည်ဟု ကဒ္ဒပ္ပနတ် ရွာသားတစ်ဦးကပြောခဲ့သည်။ “ဘိတ် သိက်ကျေးရွာတို့ ပိုက်စည်းရွာတို့ အနီးအနားကရွာခံတွေကို ပေးခဲ့တာပါ” ဟု ပြော ကြားခဲ့သည်။
ဒေသခံများအား ခွဲဝေပေးခဲ့သော်လည်း မြေနုကျွန်းပေါ်ရှိ မြေများအားစိုက် ပျိုးမြေဖြစ်ရန် မြေပြင်စရိတ်မတတ်နိုင်၍ ဒေသခံများက ၃ ဧကလျှင် ကျပ် ၆ သောင်းခန့်ဖြင့် ရောင်းစားခဲ့ကြသည်ဟုဆိုသည်။ “တစ်ဧကကို မြေပြင်စရိတ် ၇ သိန်းလောက်ရှိတာ ဆင်းရဲသားအများစု ကတော့ ဒီလိုလွယ်လွယ်ပဲ ရောင်းလိုက် တာ” ဟု ဆယ်ရွာတွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ရောင်းချလာကြရာမှ လူမျိုးခြားဘာသာခြားဖြစ် သူတစ်ဦးက မြေဧက ၂၈၀ဝ အထိ အင်တိုက်အားတိုက် ဝယ်ယူထားခဲ့သည်ဟုဆိုသည်။ “အစကတော့ သုံးဧက ခြောက်သောင်းလောက် ပေါက်တဲ့ဈေးက နောက်တော့တစ်ဧကကို ခြောက်သိန်းလောက်အထိ ဖြစ်သွားတယ။် အခုလည်း ကိုယ်စားလှယ်တွေ ခဏခဏ လာကြည့်တယ။် ဝယ်လို့ရရင် ဝယ်ဦးမယ့် သဘောပဲ” ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဝယ်ယူရာ၌ လူမျိုးဘာသာခြားက မိမိအမည်ပေါက်ဖြင့် ဝယ်ယူ ခြင်းမဟုတ်ပဲ ပိုက်စည်းကျေးရွာနေသူတစ်ဦး၏ အမည်ဖြင့်ဝယ်ယူခဲ့သည်ဟု ဒေသခံ များက တညီတညွတ်တည်း ပြောကြားခဲ့သည်။ လက်ရှိယင်းမြေဧက ၂၈၀ဝ အနက်မှ ပြုပြင်ပြီးမြေယာ ၇၀ဝ ခန့်အား စပါးစိုက်ပျိုးမှုပြုလုပ်ထားပြီး အလုပ်သမား လေးဆယ်ခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်ဟုဆိုသည်။
ယင်းအပြင် မုတ္တမပင်လယ်ကွေ့နှင့် နီးကပ်နေ၍ “ဘင်္ဂလားပင်လယ်အော်မှ ပြည်ပနိုင်ငံသားများ ဝင်ရောက်လာမည်ကို အဓိကစိုးရိမ်သွားလို့ရယ်၊ မြေဝယ်ထား တဲ့နေရာဆိုရင် ကျားချောင်းကနေ စပါးထောင်ချီနိုင်တဲ့ စက်လှေတွေ အလွယ် တကူဝင်ထွက်လို့ရတယ်” ဟု ပြောကြား ခဲ့သည်။

ဒေသခံအများစုသည် စိုက်ပျိုးရေး နှင့် တံငါအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုသူများပြီး လူဦးရေသိပ်သည်းမှု ကျဲပါးပြီး ဓိကကူးလူးဆက်ဆံ သည့်သုံးခွမြို့သို့ မှော်ဝန်းချောင်းကို အသုံးပြုလေ့ရှိပြီး ဆောင်းနှင့်နွေကာလများတွင် ကုန်းလမ်းကို အသုံးပြုသည်ဟုဆိုသည်။
ဒေသခံအများစုသည် လူမျိုးခြား၊ ဘာသာခြားက မြေဝယ်ယူခြင်းအတွက် စိုးရိမ်ခြင်းမဟုတ်ဘဲ အနာဂတ်အတွက် မည်သည့် အကြံအစည်ဖြင့် ဝယ်ယူခြင်းကို မမှန်းဆနိုင်သည့်အပြင် မမျှော်မှန်းနိုင် သော ဆိုးကျိုးသက်ရောက်မှုများမှုနောင် အခါဖြစ်လာမည်ကို စိုးရိမ်သည်ဟု ပြော ကြားခဲ့သည်။

“အဓိက ဘင်္ဂလားဘက်က ကူးလာ မှာကို စိုးရိမ်တာ ဒီနေရာကကူးသန်းလို့ လွယ်တဲ့နေရာဖြစ်နေတာ၊ သူတို့ကစက် လှေနဲ့ ထိုင်းကိုလည်းသွားတယ် မလေးကို လည်းသွားတယ်။ နောင်မှာ ဒီဘက်ကို မလာဘူးမပြောနိုင်ဘူး သုံးခွမှာစစ်တပ်အင် အားကလည်းနည်းတယ် မြို့စောင့်တယ် ဆိုတာ မြို့နဲ့နီးတယ်။ အဲဒီက တိုက်ရိုက် ဝင်လာမှာစိုးလို့ပါ”ဟု ပြောကြားခဲ့သည်။
လက်ရှိယင်းနေရာ၌ စပါးစိုက်ပျိုးမှု ဧက ၇၀ဝ သာ စိုက်ပျိုးလုပ်ကိုင်ပြီး အခြား လုပ်ငန်း အကောင်အထည်ဖော်မှုမရှိဟု ဆိုသည်။ စပါးစိုက်ပျိုးရေးအတွက် ဂွမ် ဒေါင်းသုံးစီးနှင့် နွားပျံ ၁၀ စီးလူအင်အား ၄၀ ဖြင့် လုပ်ကိုင်လျက်ရှိပြီး အလုပ်သမား ခအဖြစ် ၁ နှစ်လျှင် စပါး ၈၀ ရရှိသည် ဟုသိရသည်။

ကိုခက်၊ကိုဖြိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

" ဘုရားဂုဏ်တော် ပွားတယ်ဆိုတာ "


ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ အန္တရာယ်ကင်း "လာဘ်ရွှင်ဖို့က" အဓိကမဟုတ်ပါဘူး "မိမိပွားများတဲ့ ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ စိတ်စွမ်းရည်တွေ မိမိပွားများတဲ့ သက်ဆိုင်ရာ ဂုဏ်တော်နဲ့ လိုက်လျောညီထွေတဲ့ စိတ်အရည်အသွေးတွေ ဘဝအရည်အသွေးတွေ မိမိရဲ့နှလုံးသားမှာ မိမိရဲ့ ကိုယ်နှုတ်စိတ်မှာ မိမိရဲ့ ရုပ်နာမ်ခန္ဓာမှာ ကိန်းဝပ်လာဖို့အတွက် ဂုဏ်တော်ပွားများရခြင်းဖြစ်ပါတယ်"""(ရွှေပါရမီတောရ ဆရာတောအရှင်ဆန္ဒာဓိက )

ကမ္ဘာ့ ရေကြောင်း တက္ကသိုလ်နှင့် မြန်မာ့ ရေကြောင်း တက္ကသိုလ် ၂ ခု ပူးပေါင်းမည်


ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၁၃

ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာ့ရေကြောင်း ပညာတက္ကသိုလ် (World Maritime University – WMU)နှင့် မြန်မာနိုင်ငံရှိ ရေကြောင်း ပညာတက္ကသိုလ် ၂ ခု ပူးပေါင်းပြီး စီမံခန့်ခွဲမှု နှင့် နည်းပညာ ဆိုင်ရာများ ပူးပေါင်း သင်ကြားရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ၂ ခု အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ခြင်းကို စက်တင်ဘာလ ၁၅ ရက် နေ့ ဆီဒိုးနား ဟိုတယ် တွင် ကျင်းပခဲ့ပြီး ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် နှင့် ကမ္ဘာ့ ရေကြောင်း ပညာ တက္ကသိုလ် ဥက္ကဋ္ဌ Dr. Bjorn Kjerfve တို့လက်မှတ်ရေထိုးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဧရာဝတီ

မြန်မာ နိုင်ငံတွင် ဟိန္ဒူ ၊ ဂေါ်ရခါး ပထမဆုံး ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပ


Monday, September 16, 2013

ကသာ မြို့နယ်တွင် စက်တင်ဘာ၁၅ရက် နံနက်၈နာရီခွဲက ဟိန္ဒူ-ဂေါ်ရခါး ဗုဒ္ဓဘာသာအသင်းနှင့် ဟိန္ဒူဗုဒ္ဓ ဘာသာ မြို့ပေါ်ဘုရားကျောင်း များဂေါပကအဖွဲ့တို့ ကြီးမှူးသည့် ဝါဆိုသင်္ကန်း လှည့်လည် ကပ်လှူ ပူဇော်ပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။ ယခင်က ဟိန္ဒူ-ဂေါ်ရခါး အနွယ်ဝင် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများ၏ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအနေနှင့် ဝါဆိုသင်္ကန်း ကပ်လှူမှုများရှိခဲ့သော်လည်း ယခု လို ဟိန္ဒူ-ဂေါ်ရခါးလူ မျိုးများ စု ပေါင်း၍ မြို့ပေါ်သို့လှည့်လည် ပြသပြီးမှ ဝါဆိုသင်္ကန်းကပ်လှူ မှုမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်ကြောင်း ဟိန္ဒူမြို့ပေါ်ဘုရား ကျောင်းများ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဌေးက ယခုလို ပြောသည်။

''အရင်ကတည်းက ဗုဒ္ဓဘာ သာကိုကိုးကွယ်တဲ့ ကျွန်တော်တို့ ဟိန္ဒူလူမျိုးတွေဟာ ဝါဆိုသင်္ကန်း ကပ်လှူခဲ့တာ မဆန်းပါဘူး။ အခု လိုမြို့ထဲကိုအလှူလှည့်သလို လှည့် လည်တာမျိုးကတော့ မြန်မာနိုင်ငံ မှာ အရင်က မကြားခဲ့ဖူး ပါဘူး။ ကသာမြို့မှာ ပထမဦးဆုံးစလုပ် တယ်လို့ ပြောရမှာပါ။ ဒီအတွက်လဲ ဒီမြို့ က ကျွန်တော်တို့ဟိန္ဒူလူမျိုးတွေ အားလုံးဝမ်းသာကြပါတယ်။ ဒီလို ဖြစ်မြောက်အောင် ဦးဆောင်စီ စဉ်ပေးတဲ့ ဦးပဉ္ဇင်းကုလား(ဦးစန္ဒာ ဝရ)ကို လဲ အထူး ကျေးဇူး တင်မိ ပါတယ်'' ဟုပြောသည်။

ထိုနည်းတူစွာ ဟိန္ဒူ-ဂေါ် ရခါး ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဦးဒူရ်သေးက ''တကယ်ကို ဝမ်း သာကြပါတယ်။ ကျွန်တော်တင် မကပါဘူး။ ဟိန္ဒူဗုဒ္ဓဘာသာတွေ၊ ဂေါ်ရခါးဗုဒ္ဓဘာသာတွေ အား လုံးဝမ်းသာကြပါတယ်။ ဒီပွဲလေး ဖြစ်သွားတာ ကတော့ ဦးပဉ္ဇင်း ကုလား(ဦးစန္ဒာဝရ) ရဲ့ ဦးဆောင် အကြံပေးမှုကြောင့် ဖြစ်လာတာ ပါ။ ဒါ့ကြောင့် အခုလို ထူးထူးခြား ခြားဦးဦးဖျားဖျားဖြစ်အောင် ကူ ညီပေးတဲ့ အကြံဉာဏ်ပေးဦးဆောင် တဲ့ ဆရာတော်ဦးပဉ္ဇင်းကုလား (ဦးစန္ဒာဝရ) ကို အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်''ဟု ပြောသည်။

ထိုသို့ ကျေးဇူးတင်ကြောင်း ပြောကြားခံရသည့် ဦးစန္ဒာဝရ မှာ ကသာမြို့လေးထပ်ကျောင်း အတွင်း သီတင်းသုံးနေထိုင်တော် မူသည့် ငယ်ဖြူရဟန်းဖြစ်ပြီး ၈၈ အရေးအခင်းကာလတွင်လည်း ကသာမြို့ သပိတ်ကော်မတီဥက္ကဋ္ဌ အဖြစ် ဦးဆောင်ခဲ့ သူဖြစ်သည်။ ဦးစန္ဒာဝရအား ကသာမြို့နယ် တစ်ခုလုံးမှ ဦးပဉ္ဇင်းကုလားအ မည်ကိုသာသိကြပြီး မူရင်းဘွဲ့အ မည်သိသူမှာပင် အင်မတန်နည်း ပါးသည်။ ဦးပဉ္ဇင်းကုလား(ဦးစန္ဒာ ဝရ)အား ထိုပွဲဖြစ်လာပုံနှင့်ပတ် သက်ပြီး လျှောက်ထား မေးမြန်း ခဲ့ရာ ဦးပဉ္ဇင်းကုလား(ဦးစန္ဒာဝရ) မှ ''ဒါမျိုးလေးမြို့ပေါ်လှည့်မယ် ဆိုတော့ သူတို့တစ်တွေ(ဟိန္ဒူ-ဂေါ်ရခါးဗုဒ္ဓဘာသာ)က ကြောက် ကြတယ်။ ဦးပဉ္ဇင်းကကြောက်ဖို့ မလိုဘူး။ ဒါဟာ ဘာသာရေးအ တွက် ကောင်းဖို့ လုပ်ကြတာ။ ဝါဆို သင်္ကန်းအလှူလှည့်တာပဲ ဖြစ်လာ ရင် ကျုပ်ရှင်းမယ်ဆိုပြီးလုပ်ဖြစ် ကြတာပါ။ ဒါတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဘာဘာညာ ညာလာပြောသေးတယ်။ ကျုပ် ကလဲ ဘယ်သူကပြောခိုင်းတာ လဲ။ ဘာသာရေး အလှူလှည့်တာ တောင် ခွင့်ပြုချက်တောင်းရဦး မှာလား။ ဖမ်းချင်လဲ ကျုပ်ကိုပဲ ဖမ်း။ ဝါဆိုသင်္ကန်းကပ်လှူပွဲအ တွက်တော့ လှည့်ရမှာပဲလို့ ပြော လိုက်တယ်။ ထားပါတော့။ အဲဒီ လိုနဲ့ ဒီကနေ့လှည့်ဖြစ်တယ်ပေါ့။ မလှည့်ခင်မှာ နံနက်၆နာ ရီမှာ မြို့ ပေါ်က ဆရာတော်သံဃာတော် အပါး၅ဝကို ဦးပဉ္ဇင်းတို့လေးထပ် ကျောင်းမှာ အရုဏ်ဆွမ်းကပ်ပါ တယ်။ ပူရီတို့၊ ဘာဂျီတို့၊ အချိုပွဲ တို့နဲ့ပေါ့။ ပြီးတော့မှ နံနက်၈နာရီ ခွဲမှာ မြို့တစ်ပတ် အလှူလှည့် တယ်။ နံနက်၉နာရီခွဲ မှာ ကျောင်း ကိုပြန်ရောက်တယ်။ သံဃာတော် အပါး၅ဝကို သက်သတ်လွတ်ဒံ ပေါက်ဆွမ်းကပ်ပါတယ်။ အဲဒီလို ကပ်ပြီး ဝါဆိုဦးသင်္ကန်းကပ်လှူပွဲ ကို လေးထပ်ကျောင်းထဲက ဓမ္မာ ရုံထဲမှာလုပ်ပါတယ်။ အဲဒီလိုကပ် လှူပွဲမှာ ဒီပွဲဖြစ်ပေါ် လာရခြင်း အကြောင်းကို ကျုပ်ကကြွရောက် လာကြတဲ့မြို့ပေါ်က မြို့နယ်သံဃ နာယကဆရာတော်တွေ၊ ကျောင်း ထိုင်ဆရာတော်တွေ၊ ရဟန်းသံဃာ တွေကို လျှောက်ထားရှင်းလင်းပြ ပါတယ်။ ပြီးတော့မှ မြို့နယ်သံဃ နာယက ဥက္ကဋ္ဌဆရာ တော်ဖြစ်တဲ့ အောင်မြေသာစည်ဆရာတော် ဦးပညာလောကက ဒီပွဲနဲ့ပတ်သက် ပြီး ဝမ်းမြောက်ကြောင်း စကား မိန့်ကြားပါတယ်။ ပြီးတော့မှ ဟိန္ဒူ - ဂေါ်ရခါး ဗုဒ္ဓဘာသာဝင်တွေက ဝါဆိုသင်္ကန်းနဲ့ ဝတ္ထုငွေလှူဒါန်း ကြပါတယ်။ ဒီနှစ်က ပထမ အကြိမ် ပေါ့နော်။ နောက်နှစ်တွေမှာလဲ ဒီလို ဝါဆိုဦးသင်္ကန်းအလှူပွဲလှည့် လည်လှူဒါန်းဆက်ကပ်တဲ့ အလှူ မျိုးကို ဆက်လုပ်သွားဖြစ်မှာပါ'' ဟု မိန့်ကြားသည်။

ထိုအလှူပွဲ နှင့်ပတ်သက်၍ မြို့လူထုကလည်း သဘောကျနှစ် ခြိုက်ကြပြီး မြို့ပေါ်တွင် ဘာသာ ပေါင်းစုံပါဝင်သည့် ဘာသာပေါင်း စုံ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်မြောက် စေလိုကြောင်း ပြောဆိုမှုများရှိ နေကြသည်။

ဟာဂျူလီ
Yangon Media Group

နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း (အမေရိကန်)တွင် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ် တင်မြှောက်



WAO-USAWAO ဟု လူသိများသော နိုင်ငံ တကာ ရခိုင်အမျိုးသား အသင်း (အမေရိကန် ပြည်ထောင်စု) တွင် ပထမဆုံး အကြိမ် အဖြစ် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်လိုက်သည်ဟု သတင်း ရရှိသည်။၎င်းတင်းမြှောက်ခြင်း ခံရသူ အမျိုးသမီးမှာ ရခိုင် လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသူ ဒေါ်လှသန်းဝေ ဖြစ်ကြောင်း သိရှိရသည်။ထိုသို့ ရွှေးချယ် တင်မြှောက်ခဲ့ကြောင်းကို ၂၀၁၃ ခုနှစ် စက်တင်္ဘာလ (၉) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု) World Arakanse Organization (USA) ၏ ကျေညာချက်တွင် ဖေါ်ပြသည်။အမျိုးသားများသာ ကြီးစိုးလေ့ရှိသော ရခိုင် လူမူ အဖွဲ့အစည်းများတွင် ယခုကဲ့သို့ အမျိုးသမီး တစ်ဦးအား ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်ခြင်းမှာ အလွန်ဝမ်းသာစရာ ဖြစ်ကြောင်း RFA ( ရခိုင်အစီအစဉ်)မှ သတင်း တင်ဆက်သူ မနှင်းသန္တာက ပြောသည်။“ ရခိုင်အမျိုးသမီး တစ်ယောက် ခုလို ဥက္ကဌ ဖြစ်လာတာကို ကြားရတော့ ၀မ်းသာပါတယ်။ ကျွန်မတို့ ရခိုင်အမျိုးသမီးတွေ အနေနဲ့ ဒီထက်မက ထူးချွန် ပြောင်မြောက်တဲ့ အမျိုးသမီးတွေ ဖြစ်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။၎င်း အဖွဲ့၏ ထုတ်ပြန်ကျေညာချက်အရ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု) မှ ပြုလုပ်ခဲ့သော သတ္တမ အကြိမ်မြောက် ညီလာခံမှ ၂၀၁၃- ၂၀၁၄ ခုနှစ် သက်တမ်း အတွက် ဒေါ်လှသန်းဝေ ( ဥက္ကဌ) အပါအ၀င် နာယက ၄ ဦး၊ အလုပ်အမူဆောင် ကော်မီတီ (၁၅) ဦးကို ရွှေးချယ် တင်မြှောက်ခဲ့သည်ဟု ဆိုသည်။နာယကများထဲတွင် ဒေါက်တာ အေးချမ်း၊ ဦးထွန်းဝင်း၊ ဦးထွန်းရွှေနှင့် ဦးစိန်ထွန်းတို့ ဖြစ်ကြသည်။အလုပ်အမူဆောင်များထဲတွင် ဦးစောဝေဇံက ဒုဥက္ကဌ၊ ဦးသိန်းထွန်းဇံ- အတွင်းရေးမှူး၊ ဦးခိုင်မြင့်သိန်း- တွဲဘက် အတွင်းရေးမှူး၊ ဒေါ်စန်းစန်း – ဘဏ္ဍာရေးမှူး၊ ဒေါ်ကြာဇံလှ- တွဲဘက် ဘဏ္ဍာရေးမှူး၊ ဦးဇော်ဇော်ထွန်း- ပြန်ကြားရေးမှူး၊ ဦးခိုင်မိုးနိုင်- တွဲဘက် ပြန်ကြားရေးမှူး၊ ဦးအောင်လွှင်- စည်းရုံးရေးမှူး၊ ဒေါ်နွယ်ဦး- တွဲဘက် စည်းရုံးရေးမှူး၊ ဒေါ်ကျူကျူ – စာရင်း စစ်မှူးတို့ ဖြစ်ကြသည်။အလုပ်အမှုဆောင် ကော်မီတီဝင်များ အဖြစ် ဦးခိုင်ကျော်ခိုင်၊ ဦးသိန်းအောင်ကျော်၊ ဒေါ်ဖြူဖြူသိန်းနှင့် ဦးအောင်မိုးဇော်တို့ကို ရွှေးချယ် တင်မြှောက်ခဲ့သည်ဟု သိရသည်။နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု)၏ ဆောင်ရွက်များ အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ရန် အတွက် အသင်းသူ အသင်းသားများနှင့် ရခိုင်အမျိုးသားများက ၀ိုင်းဝန်း ကူညီကြရန် မေတ္တာရပ်ခံကြောင်း ကျေညာချက်ထဲတွင် ဖေါ်ပြထားသည်။

(နိရဉ္စရာ- ၁၆ စက်တင်္ဘာ ၂၀၁၃)

Sunday, September 15, 2013

Honda Fit GE6 ဆိုသည်မှာ


အရင်က ကျွန်တော်တို့ တိုင်းပြည်မှာ ကားဆိုရင် Toyota မှ လက်ခံကြတယ်၊ ကြိုက်ကြတယ်၊ ရောင်းတန်းဈေးကွက်ဝင်ကြပါတယ်။
များသောအားဖြင့် တခြားအမျိုးအစားနဲ့ Toyota နဲ့ ယှဉ်ရင် Toyota က အသာရလေ့ရှိပါတယ်။ အခု ၁၃၀၀ စီစီ ကားလေးတွေမှာတော့ Toyota Belta, Vitz တို့နဲ့အပြိုင် လူကြိုက်များလာတာကတော့ Honda Fit ပါပဲ။

Honda Fit မှာဆို ရွေးချယ်စရာ (၂)မျိုး ထပ်ရှိပါသေးတယ်။ GD1 နဲ့ GE6 ပါ။
Honda Fit ကားလေးတွေကို ၂၀၀၁ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး အရှေ့ပိုင်း ထုတ်လုပ်တဲ့ 1st generation ပုံစံဟောင်းကို သူ့ chassis code GD1 ကို အစွဲပြုပြီး Honda Fit GD1 လို့ ခေါ်ဝေါ်ကြသလို
၂၀၀၇ ခုနှစ် ၁၀ လပိုင်းမှ စတင်ထုတ်လုပ်ခဲ့တဲ့ 2nd generation ပုံပြောင်းလေးတွေကိုလည်း သူ့ chassis အတိုင်း GE6 လို့ လူသိများကြပါတယ်။

GE6 အကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်။
ရိုးရိုး G ဆိုရင် မှန်ကာလာ မပါဘူး၊ side mirror ဘေးမှန်မှာ မီးတန်းမပါသလို မှန်ချိုး၊ မှန်ခေါက် မရပါဘူး။
G F package ဆိုရင် G မှာ မရတာ၊ မပါတာတွေ ပါလာမယ်၊ ရလာပါမယ်။
L package ဆိုရင်တော့ aircon မှာ button type နဲ့ digital ဖြစ်သွားပါမယ်။
Smart key (turn start), Original TV & Audio controller စတဲ့ အချက်တွေကတော့ optional တွေမို့ package နဲ့ ခွဲခြားဖို့ ခက်ခဲစေပါတယ်။

ဒါ့အပြင် G 10th anniversary, Sporty Edition, She S, Smart Edition စတဲ့ အခွဲလေးတွေလည်း အများကြီး ထပ်ရှိသေးပေမယ့် အကြမ်းအားဖြင့်တော့ G, G F, L လို့ပဲ မှတ်ထားလိုက်ရင် မှတ်ရ ပိုလွယ်မှာပါ။

GE6 မှာ နောက်ထပ် ထူးခြားတာ တစ်ခုက ၂၀၁၀ ခုနှစ် ၁၀လပိုင်း နောက်ပိုင်းထုတ်တဲ့ ကားတွေဆို ရှေ့ဘန်ဘာနဲ့ အနောက်မီးခွက်ပုံစံ ကွဲပြားသွားပါတယ်။
(ပုံမှာကြည့်လိုက်ပါ၊ နောက်မီးခွက် အဖြူ တစ်တန်းတည်းနဲ့ အနီရောင်ကားလေးက မော်ဒယ်အမြင့်ပါ။)
ဒီတော့ ရှေ့ရုပ်နဲ့ နောက်မီးကိုကြည့်လိုက်တာနဲ့ ဒီကားဟာ မော်ဒယ်အနိမ့်လား အမြင့်လား ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပါတယ်။

ပုံစံတူပြီး ကွဲပြားနေတဲ့ Chassis အလိုက် ခွဲခြားပြရင်ဖြင့် ....
GE6 ဆိုရင် 1300cc, 2 wheel-drive
GE7 ဆိုရင် 1300cc, 4 wheel-drive
GE8 ဆိုရင် 1500cc, 2 wheel-drive
GE9 ဆိုရင် 1500cc, 4 wheel-drive ပါ။

ဈေးကွက်အရတော့ အခွန်နှုန်းသက်သာတဲ့ ၁၃၀၀ စီစီတွေသာ သွင်းကြပြီး အဲ့ထဲမှာမှ GE6 ကိုသာ ရွေးချယ်ကြပါတယ်။ 4WD တွေကိုတော့ ဆီအုပ်မှာ စိုးလို့ အများစုက မကြိုက်ကြပါဘူး။
Honda Fit မှာပဲ ၂၀၁၁ ခုနှစ်မှ စလို့ Hybrid နဲ့ ထုတ်လုပ်သလို အရွယ်အစား ပိုကြီးတဲ့ Fit Shuttle တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူတို့က မြန်မာပြည်မှာ သိပ်မပေါက်တာမို့ ထည့်မရေးတော့ပါဘူး။ ရောကုန်မှာ စိုးလို့ပါ။

=====================

တခြားကားအကြောင်းတွေကိုလည်း အလျင်းသင့်သလို ရေးသွားပါဦးမယ်။ ကျွန်တော် သိထားသလောက်လေးတွေကို အားလုံးသိအောင် ဝေမျှပေးတာမို့ လိုအပ်တာတွေ၊ နားလည်မှု လွဲမှားနိုင်တာတွေလည်း ရှိနိုင်ပါတယ်။
ပြည့်ပြည့်စုံစုံ မဟုတ်တောင် ကားတွေကို အကြမ်းဖျင်း ခွဲခြားနိုင်ရုံလောက်တော့ အဆင်ပြေကြမှာပါ။

ကိုထွဋ်ထိပ်

ဥပဒေပညာဘွဲ့သင်တန်းကို အွန်လိုင်းစနစ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ပထမဆုံးအကြိမ် ဖွင့်လှစ်မည်



ရန်ကုန် စက်တင်ဘာ ၁၅

ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာရပ်များကို အခြေခံ၍ ပညာ ရေးစနစ် ပိုမိုတိုး တက်မြင့်မား လာစေရန် ရည်ရွယ်ကာ ရန်ကုန်အဝေးသင် တက္ကသိုလ် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ဥပဒေ ပညာဘွဲ့ (LLB) ပထမနှစ် သင်တန်းကို Online System ဖြင့်ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းသို့ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး သူများအနက် အဝေးသင် ဥပဒေပညာဘွဲ့ကြိုဝင်ခွင့် အမှတ်မီသူများ၊ တက္ကသိုလ် တစ်ခုခုတွင် သင်တန်း တက်ရောက်နေ သူ များနှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများလည်း လျှောက်ထားနိုင်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားသည်။

Online Learning System ဖြင့် သင်ကြားပို့ချရာတွင် သင်ယူလိုစိတ်ရှိ သူများအတွက် သင်ယူမှု အခွင့်အလမ်းရရှိစေပြီး Convenient ဖြစ်စေရန်၊ Flexible ဖြစ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြား သည့်အတွက် လူကြီးလူငယ် မရွေး တက်ရောက်နိုင်ကြောင်း၊ Online System တွင် စာသင်ချိန် သည် အတိ အကျ သတ်မှတ်ထားခြင်းမရှိသည့်အတွက် မိမိတို့အဆင်ပြေသည့်အချိန်တွင် ရန်ကုန် အဝေးသင်ဝက်ဘ်ဆိုက် ''www.yude.ac.mm'' မှတစ်ဆင့် သက်ဆိုင်ရာ ဘာသာရပ်ကို Download လုပ်၍ လေ့လာနိုင်ကြောင်း သိရသည်။

သင်တန်း၌ ပို့ချမည့် သင်ရိုးညွှန်းတမ်းနှင့်သင်ရိုးမာတိကာများမှာ ပုံမှန် တက္ကသိုလ်များတွင် သင်ကြား ပို့ချပေးလျက်ရှိသည့် ဥပဒေပညာဘွဲ့ကြို ပထမနှစ် သင်တန်းများမှ သင်ရိုးများ အတိုင်းဖြစ်ပြီး သင်တန်းကာလမှာလည်း ပုံမှန်ဒီဂရီ ဘွဲ့သင်တန်းများကဲ့သို့ ငါးနှစ်သတ်မှတ် ထားသည်။

အွန်လိုင်းမှတစ်ဆင့် သင်ခန်းစာပို့ချချက်၊ Video,Audio ပို့ချချက်ဖိုင်များ၊ ရည်ညွှန်းစာအုပ်များ၊ Assignment မေးခွန်းများ၊ Tutorial မေးခွန်းများကို ရယူနိုင်ပြီး အဖြေလွှာများကို အွန်လိုင်းမှ ပင် ပြန်လည်ပေးပို့နိုင်သည့်အတွက် အချိန်ကုန်သက်သာသည့် ခေတ်မီပညာ သင်ကြားရေး နည်းစနစ်ဖြစ်သည်။ ဖြေဆိုထားသော စာစဉ်ရမှတ်များကို အွန်လိုင်းမှပင် ပြန်လည်ပေးပို့ပေး မည် ဖြစ်သည်။ သင်တန်းသားသင်တန်းသူများ၏ အားနည်းချက်၊ အားသာချက်များကို Two-Way Communication System ဖြင့်အင်တာနက်မှတစ်ဆင့် ကျောင်း သားနှင့်ဆရာ အနီးကပ် တွေ့ထိဆွေးနွေးနိုင်ရန် ဥညူငညန ဃူass များကိုလည်း စီစဉ်ထားကြောင်းသိရသည်။

သင်ခန်းစာ ပို့ချချက်များကိုလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရှင်းလင်းပို့ချထားသဖြင့် သင်တန်းသားများအနေဖြင့် လွယ်ကူစွာနားလည် သဘောပေါက်နိုင်မည်ဖြစ်သည်။ စာမေးပွဲဖြေဆိုရာတွင် လူစားထိုးဖြေဆိုခြင်း မရှိစေရန် Team Viewer Software စနစ်၊ Learning Management System Software စနစ်တို့ဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ရန် စီစဉ်ထားပြီးဖြစ် သည်။

အွန်လိုင်းသင်ကြားရေးစနစ်ဖြစ်သည့်အတွက် f Internet Access ရရှိသည့် မည်သည့်နေရာေ ဒသ မဆို သင်တန်းသားများအနေဖြင့် အချိန်မရွေး သင်ကြား နိုင်သည်။ သင်တန်းတက်ရောက်နိုင် ရန် သင်တန်းသားများအနေဖြင့် အခြေခံ ကွန်ပျူတာစနစ်ကို တတ်ကျွမ်းပြီး စည်းကမ်းရှိ၍ လေ့လာ ချင်စိတ်ရှိကာ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

(ခင်ချိုဝင်း-သတင်းစဉ်)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ရခိုင်ပြည်နယ်စပ်ပြန်ဘင်္ဂလီအကြမ်းဖက်စစ်သွေးကြွတယောက်ကိုလက်နက်များနှင့်အတူ ဘင်္ဂလားတွင်ခတ္တ နားခိုနေစဉ် ဖမ်းဆီးရမိ


Maung Aung Mra Tun
7 hours ago


ပါကီစတန်သိမ်းပိုက် ကတ်ဆစ္စမီးယား ဒေသတွင်အကြမ်းဖက်ဗုံးခွဲရေးစစ်သင်တန်းတက်ပြီး
၍ရခိုင်ပြည်နယ်စပ်ကိုပြန်လာသူမွတ်ဆိုးဘင်္ဂလီတချို့ မှတယောက်ကိုဘင်္ဂလားဒေခ်ျ့ တွင်ခတ္တခဏခရီးရပ်နား
နေစဉ်သတင်းများအရ ရဲများက ဤကနေ့ တနင်္ဂနွေ (၁၅.၉.၂၀၁၃)မနက် (၈)နာရီ ခန့်တွင်အိန္ဒိယလုပ်မောင်းပြန်တိုက်ခိုက်ရေးသေနတ်သုံးလက်နှင့်အတ
ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။

အဆိုပါ ကတ်ဆစ္စမီးယား ဒေသတွင်မွတ်ဆိုးဘင်္ဂလီအကြမ်းဖက်သမား(၅၀)ကျော်ခန့်တို့ သည်
ပါကီစတန်အခြေစိုက်စစ်သွေးကြွအဖွဲ့ များနှင့်အတူစစ်ရေးအတွေ့ အကြုံရရှိရန်အတွက်အိန္ဒိယနှင့်တိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်လျက်ရှိကြကြောင်း၊ယင်းအပြင်ဘင်္ဂလီအမျိုးသ္မီးတချို့ မှာလည်းထိုဒေသတွင်မိသားစုများနှင့်အတူရောက်ရှိအခြေချနေထိုင်လျက်ရှိကြကြောင်း
သိရှိရပါသည်။

Friday, September 13, 2013

ကျွဲ၊နွားများအား ဘင်္ဂလီများက ဓါးပြတိုက်လုယူနေခြင်းများ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေပြီး လုံခြုံရေး အပိုင်းအားနည်းချက်ကိုဖော်ပြနေ

-ပေါက်တော၊ စင်တင်ဘာ-၁၅
ကျွဲ၊နွားများအား ဘင်္ဂလီများက ဓါးပြတိုက်လုယူနေခြင်းများ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေပြီး လုံခြုံရေး အပိုင်းအားနည်းချက်ကိုဖော်ပြနေကြောင်းသိရသည်။ ထိုသို့အားနည်းချက်များကြောင့် ရခိုင်တိုင်းရင်းများ၏ ဘ၀လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းနှင့် လယ်ယာလုပ်ငန်းခွင် အသုံးချ ကျွဲ၊နွားများ ထိုသို့ပျောက်ဆုံး နေခြင်းအပေါ် စုံစမ်းဖော်ထုတ်ခြင်း၊ အရေးယူခြင်း၊ တစ်စုံတစ်ရာမရှိသေးကြောင်းလည်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီးအောက်တိုဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်၊ ဇီးချိုမော်ရွာနေ ဦးဦးထွန်းသိန်း၏ ကျွဲ ခြံမှ ကျွဲ ၁၃ ကောင်အား လုယူသွားခဲ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ တဲတွင်အစောင့် ချထားသူအား ဘင်္ဂလီဓါးပြများက သတ်ပုတ်ရိုက်နှက်ကာ တိုင်တွင်ကြိုးဖြင့်ချည်နှောင်ထားခဲ့ပြီး ကျွဲများအားလုယူသွားခဲသည်။သို့သော်လည်း လမ်းခုလပ်တွင် ကျွဲခုနစ်ကောင်မှာ ပြေးသွားသဖြင့် ကျွဲထီး(၂)ကောင် နှင့် ကျွဲမ (၄)ကောင် တို့မှာဘင်္ဂလီများနှင့်အတူ ပါသွားခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲဌာနမှ စုံစမ်းဖော်ထုတ်ခြင်း၊ တရားခံများအားဖမ်းဆီးခြင်းမပြုလုပ်နိုင်သေးသည့်အပြင် စက်တင်ဘာ ၅ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ နွား ၁၄ ကောင်အား ဒွင်းမြောင်မှ ဘင်္ဂလီများက လာရောက်လုယူသွားခဲ့ရာ ယင်းကိစ္စကိုလည်း ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် ရခိုင်ပြည်အတွင်းယင်းသို့ဖြစ်ပေါ်နေသော ဓါးပြမှုများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် လွန်စွာစိုးရိမ်နေကြကြောင်းသိရသည်။
အလားတူကျွဲ ၄ ကောင်ခိုးမှုတစ်ရပ် ကိုလည်း ပေါက်တောမြို့နယ် အတွင်းက စက်လှေတစ်စီးပေါ်တွင်ဖမ်းဆီး နိုင်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တောမြို့နယ်၊စစ်တွေမြို့နယ်နှင့် ကျောက်တော်မြို့နယ်၊မြောက်ဦးမြို့ နယ်တို့အတွင် ထိုသို့ကျွဲနွားပျောက်ဆုံးမှုအများဆုံးဖြစ်ပေါ်နေကြောင်းနှင့် ၂၀၁၃ ခုနှစ်အတွင်း ကျွဲ၊နွား အကောင်ရေ ရာနှင့်ချီပြီးပျောက်ဆုံးနေပြီဖြစ်ကြောင်းလည်းသိရသည်။
“ပြည်နယ်အစိုးရအဖွဲ့ကတော့ လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ပြောပေမယ့် ကျွဲ၊နွား ပျောက်တာဟာ လုံခြုံရေးနဲ့မဆိုင်သလိုဖြစ်နေတယ်။ အခုက ကိုယ်လယ်မြေတွေကို ကိုယ်မလုပ်နိုင်တဲ့အဆင့်ရောက်နေပြီ။ ခိုး ဆိုးတိုက်ခိုက်မှုတွေ နေရာတိုင်းမှာဖြစ်တယ်။ ဖြစ်လာရင် ဘင်္ဂလီတွေကပဲ လုပ်တာကိုတွေ့ရတယ်။ ဒီပြဿ နာကို ထိန်းနိုင်ဖို့လိုမယ်။ မဟုတ်ရင် ငြိမ်းအေးဖို့ဆိုတာ မလွယ်ဘူး။ ပြည်တွင်းမီဒီယာတွေမှာလည်း ဒီသတင်း မျိုးတွေ ဘယ်တော့မှာ မတွေ့ရဘူး။ ဘင်္ဂလီတွေ လုပ်ရပ်ကို ဖော်ထုတ်ပေးဖို့လည်းလိုပါတယ်”ဟု ပေါက်တော မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
 
RSV

" ဘင်္ဂလီတို့ အိမ်ပြန်ချင်ပြီ "



လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးလျက်ရှိသော ပဋိပက္ခများကြောင့် တစ်ချိန်က မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော် ခိုးဝင်ခဲ့ကြသော ဘင်္ဂလီလူမျိုးတို့သည်
မိမိမူရင်းနေရပ် နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ခ်ျသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လှိုစိတ်များ ဖြစ်ပေါ်လျက်ရှိကြသည်။ သို့ရာတွင် သိပ်မကြာမတင်သော အချိန်ကာလ
အတွင်းတွင်မှ ပြောင်းရွှေ့လာသူများ ဖြစ်ကြသော်လည်း သူတို့ကို သူတို့၏ မိခင်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှ လက်မခံနိုင်ပါဟု ပြောင်ပြောင်တင်းတင်း ဗြောင်လိမ်
ငြင်းဆိုလိုက်သည့် အတွက် နေရပ်ပြန်နိုင်ရေးမှာ အခက်အခဲဖြစ်လျက်ရှိပါသည်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသည် နိုင်ငံ၏ ဧရိယာနှင့် မမျှတအောင် လူဦးရေ
ပေါက်ကွဲလျက်ရှိရာ ဒေသတွင်း အိမ်နီးချင်း နိုင်ငံများ တွင်သာမကဘဲ သြစတေးလျနိုင်ငံနှင့် ကမ္ဘာ အရပ်ရပ်ံ အထိပါ စိမ့်ဝင်ကျူးကျော် နေထိုင်လျက် ရှိကြပေသည်။
သူတို့ကို တရားမ၀င်နယ်စပ် ဖြတ်ကျော်ဝင်ရောက်သူများ အဖြစ် သက်ဆိုင်ရာ နိုင်ငံများမှ ဖမ်းဆီး အရေးယူခဲ့သော်လည်း နေရပ်သို့ ပြန်လည်ပို့ဆောင်ရေးမှာမူ
မိခင်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ၏ တာဝန်မဲ့စွာ ငြင်းဆိုမှုကြောင့် ဒေသတွင်း နိုင်ငံများတွင် များစွာ အခက်အခဲဖြစ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားသော
ပြဿနာမှာမူကား ပိုမိုဆိုးရွားလေသည်၊ သူတို့သည် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ လူမျိုးဟု လိမ်လည်ယုံမျှမက မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများနှင့်
ဆက်သွယ်ကာ ဒေသခံ ရခိုင်တိုင်းရင်းသား များကို တိုက်ခိုက် သတ်ဖြတ်၍ ရခိုင်ပြည်နယ်ကို လုယူရန်ကြိုးပမ်းလာခြင်း ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း
နိုင်ငံနယ်နိမိတ်ချင်း ဆက်စပ်လျက် ရှိသောကြောင့် ထိုကိစ္စများ၏ နောက်ကွယ်မှ လက်သည် တရားခံများတွင် ဘင်္ဂလားဒေ့ခ်ျ အစိုးရကိုယ်တိုင် ပါဝင်ခြင်းရှိမရှိကိုမူ သူတို့
ကိုယ်တိုင်သာ သိရှိပေလိမ့်မည်။ သို့ရာတွငိ လက်ရှိ အခြေအနေတွင် မူကား ဘင်္ဂလားဒေ့ခ်ျ ၀န်ကြီးချုပ်၏ ဗြောင်လိမ် ငြင်းဆိုမှုကြောင့် မြန်မာနိုင်ငံရှိ နေရပ်ပြန်လိုသော
ဘင်္ဂလီတို့မှာ မူကား များစွာ အခက်တွေ့လျက် ရှိနေပြီဖြစ်ရာ နိုင်ငံမဲ့ ကူကယ်သူမဲ့ ဘ၀နှင့်သာ ဒုက္ခသည် စခန်းများတွင် ရာသက်ပန်နေထိုင် ရတော့မလို
ို ဖြစ်နေရ ပေတော့သည်။

မောင်တောမြို့နယ်အတွင်း AZG မှ ဘင်္ဂလီအဖွဲ့အစည်းများကို ဖွဲ့စည်းကာ အစိုးရဆန့်ကျင်ရေးလုပ်ငန်း များကို လုပ်ဆောင်နေခြင်းအပေါ် ဒေသခံများစိုးရိမ်လာ

-မောင်တော၊ စက်တင်ဘာ-၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း AZG မှ ဘင်္ဂလီအဖွဲ့အစည်းများကို ဖွဲ့စည်းကာ အစိုးရဆန့်ကျင်ရေးလုပ်ငန်း များကို လုပ်ဆောင်နေခြင်း ရှိလာခဲ့ပြီဖြစ်ကြောင်း ယင်းအဖွဲ့ကို စောင့်ကြည့်နေသူများထံမှသိရပြီး ယင်းသို့ဖြစ်လာခြင်းအပေါ် ဒေသခံများစိုးရိမ်လာကြကြောင်းသိရသည်။
လက်ရှိတွင် မောင်တောမြို့နယ်အတွင်း ရခိုင်တိုင်းရင်းသားများသာ ဒုက္ခရောက်နေသော်လည်း ဘင်္ဂလီများ အား ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နေခြင်းများအဖြစ် အကြောင်းပြကာ AZG အဖွဲ့အနေဖြင့် ဘင်္ဂလီများ၏ အခွင့်အရေးတစ်ခုတည်းကို ဦးတည်ကာလုပ်ဆောင်နေခြင်းများကိုလည်း သိလာ ရကြောင်း ယင်းအဖွဲ့တွင် လုပ်ကိုင်နေသူ တစ်ဦးထံမှသိရသည်။
ထို့အပြင် ဘင်္ဂလီများအား ဖိနှိပ်နေသည်ဟူသော သတင်းများထွက်ပေါ်နိုင်ရေးနှင့် ယင်းသတင်းများကို နိုင်ငံတကာလူအခွင့်အရေးအဖွဲ့ သို့ တင်ပြနိုင်ရန် အတွက် စာရင်းများကောက်ခံနေကြောင်းလည်းသိရှိရ သည်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)AZG အား UNHCR မှခိုင်းစေခြင်း သာ ဖြစ်သည်။ အရေးအခင်း ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဖြစ်ပွားသည့် သတင်းများကို UNHCR မှတစ်ဆင့် WFP ကိုခိုင်းစေပြီး ရလာသော သတင်းကို ကုလားတန်သတင်းဌာနသို့ပို့ဆောင်ပေးခဲ့သည်။
အစိုးရဌာနဆိုင်ရာများ၏ သတင်းများကို အဆိုပါ AZG ကလိုက်လံသတင်းယူပြီး UNHCR မှတ်င့် RBN သတင်းဌာနသို့ ပေးပို့နေခြင်းဖြစ်သည်။ ယခုအခါတွင် လူမှုရေးအဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းပေးနေကြောင်း သိရသည်။ ယင်းသို့ဖွဲ့စည်းရခြင်းမှာလည်း မြန်မာနိုင်ငံအတွင်း ဘင်္ဂလီများသည် နိုင်ငံသား အခွင့်အရေးများကို အခြားလူမျိုးများနှင့် တန်းတူရရှိရေး အတွက် ဖွဲ့စည်းတည်ထောင်ဖြင်းဖြစ်ကာ ယင်းအဖွဲ့ အများအား UNHCR မှ ငွေကြေးများထောက်ပံ့ပေးသွား မည် ဖြစ်ကြောင်းသိရသည်။
ထို့အပြင်အစိုးရအဖွဲ့များနှင့်ဆက်သွယ်နေသော ဘင်္ဂလီများအား ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ပြီး အစိုးရအ ဖွဲ့ဝင်များနှင့်ပူးပေါင်းခြင်းမပြုရေး၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းခြင်းမပြုရေး၊ ဌာနဆိုင်ရာများ၏လုပ်ငန်းများအား မပါဝင်ရေးတို့အတွက် ဆွေးနွေးမှုများပြုလုပ်ကာ ယခုဖွဲ့နေအသောအသင်းအဖွဲ့များအား တိုက်တွန်းပြောဆို စည်းရုံးနေခြင်းများကိုလည်း AZG မှလုပ်ကိုင်လျက်ရှိကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များမှ သိရသည်။
ထိုသို့အသင်းအဖွဲ့များ စတင်ဖွဲ့စည်းနေသော ရွာများမှာ ဂေါ်ဒူသာရကျေးရွာအုပ်စုနှင့် သ၀င်ချောင်းကျေးရွာ အုပ်စုများတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အကြောင်းပြုကာ နိုင်ငံရေးအသွင်ဆောင် လာသော AZGအနေဖြင့် မြန်မာနိုင်ငံအပေါ် သစ္စာဖောက်ခြင်းများပြုလုပ်နေသည်မှာ လွန်စွာ အရုပ်ဆိုလှ သည်ကိုတွေရသည်။
ယင်းအတွက် နယ်စည်းမခြားကို စောင့်ကြည့်ရန်လိုအပ်နေပြီဖြစ်ကြောင်းသိရသည်။ UNCHR ဦးစီးပြီး WFP နှင့် ပူးပေါင်းကာ AZG အဖွဲ့တို့က သုံးပွင့်ဆိုင် တိတ်တဆိတ်လုပ်ငန်းများစွာကို လုပ်ကိုင်နေကြပြီး ဘင်္ဂလီကျေး ရွာများသို့နေတိုင်းသွားရောက်ကာ ဘင်္ဂလီများအား စည်းရုံးမှုများ၊ သိမ်းသွင်းမှုများနှင့် ငွေကြေး ထောက်ပံ့ပေးမည်ဖြစ်ကြောင်းများကို ပြောဆိုကာ အဖွဲ့ငယ်များဖွဲ့စည်းနေခြင်းများကို အထူးသတိထားရန် လိုအပ်နေပြီဖြစ်ကြောင်းလည်းသိရသည်။
 
RSV

Tuesday, September 10, 2013

ရခိုင် ALP အဖွဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဝေးနေဆဲ


ခင်ဦးသာ| September 9, 2013 |

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦး ဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့ကြသော်လည်း ဖြစ်နိုင်ခြေ နည်းပါးကြောင်း သိရသည်။

ALP နှင့်အစိုးရ တို့အကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သီးသန့်မလုပ်ဆောင်တော့ဘဲ တနိုင်ငံလုံး အ ပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတခုကို အောက်တိုဘာလတွင် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်ကြောင်း၊ ထို လက်မှတ် ရေးထိုးပွဲသို့ ALP အနေဖြင့် တက်ရောက်ရန် ဦးအောင်မင်း က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့တွေ့ ဆုံစဉ် ဖိတ်ခေါ်ကြောင်း ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် က ဧရာဝတီ ကို ပြောသည်။

“ပြည်ထောင်စုအဆင့်ဖြစ်လာဖို့ တွေ့ဆုံတာ ဒီနေ့ ဆိုရင် ၄ ကြိမ်ရှိပြီ၊ တွေ့တိုင်းမှာလည်း ရခိုင်ပြည်မှာ ရခိုင်-ဘင်္ဂါလီ အရေး အခင်းတွေ ဖြစ်နေတယ်၊ ဒါကြောင့် တည်ငြိမ် အေးချမ်းအောင်စောင့်ပါလို့ပဲ အကြောင်းပြနေတယ်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးမယ်ဆိုလည်း နေပြည်တော်ကို လာတဲ့ အခါမှ ဆက်လက်ဆွေးနွေးဖို့ ပြောတယ်၊ ကျနော်တို့ဘက်ကတော့ စဉ်းစား ဦးမယ်လို့ပဲ ပြောလိုက်တယ်”ဟု ၎င်းက ဆိုသည်။

အစိုးရ နှင့် ALP တို့သည် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို ရခိုင်ပြည်နယ်၊ စစ်တွေ မြို့၌၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့ တွင်သဘောတူ လက်မှတ် ထိုးခဲ့ပြီးဖြစ်သည်။ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီး ဖြစ်၍ ပြည်ထောင်စု အဆင့် ဆက်လက် ဆွေးနွေးရန် ကြိုးပမ်းနေကြသည့်တိုင် ယနေ့အထိ အောင်မြင်မှု မရသေးပေ။

ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ပြုလုပ်နိုင်ရန်အတွက် တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် ချင်းမိုင်မြို့၌ ယမန်နေ့ က ဆွေးနွေးခဲ့ကြရာ သဘောတူညီမှု မရခဲ့ကြပေ။

ALP အနေဖြင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများကိုပင် လက်တွေ့အကောင် အထည်ဖော်နိုင်မှု မရှိသေး ကြောင်း၊ ရခိုင်-ဘင်္ဂါလီ အရေးအခင်းတွင် ALP သည် နောက်ကွယ်က ပါဝင်ပတ်သက်ကြောင်း ကြားသိနေရသည် ဟု ဦးအောင်မင်း က ပြောဆိုကြောင်း၊ ထို့ကြောင့်ပင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေး ရုံးများဖွင့်လှစ် နိုင်ရေးတို့ကို ဆိုင်းငံ့ထား သည် ဟု ဦးအောင်မင်း က ပြောဆိုကြောင်း သိရသည်။

“ALP ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်ရင် ဘင်္ဂါလီတွေက တမျိုးမြင်လာနိုင်တယ်ပေါ့၊ ဒါကို အစိုးရက စိုးရိမ်တယ်ဆိုတဲ့ သဘော မျိုး ဦးအောင်မင်းက ပြောတယ်၊ အစိုးရ အနေနဲ့လည်း နိုင်ငံတကာ မွတ်စလင် အသိုင်း အ၀ိုင်းတွေကို လွန်ဆန်နိုင်ပုံ မရဘူး” ဟု ဦးခိုင်စိုးနိုင်အောင် က ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တွင် ပြည်ထောင်စု အ ဆင့် ဆွေးနွေးရန် ALP အဖွဲ့ တခုတည်းသာ ကျန်ရှိပြီး ဆက်ဆံရေးရုံး တရုံးသာ ဖွင့်ခွင့်ရရှိသေးကြောင်း သိရသည်။

ပြည်နယ်အဆင့် ဆွေးနွေးပွဲ၌ ALP သည် အချက် ၁၇ ချက်တင်ပြခဲ့သော်လည်း ၅ ချက်သာ သဘောတူညီမှု ရရှိခဲ့သည်။ ထို ၅ ချက်တွင် ပြည်ထောင်စု အဆင့် ဆက်လက်ဆွေးနွေးရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ် ဆောင်ရန်နှင့် ဆက်ဆံရေးရုံး များ ဖွင့်လှစ်ရန်တို့ ပါဝင်သည်။

ထို့အတူ ALP ပါတီဝင်များ နိုင်ငံတ၀န်းသို့ လက်နက်မဲ့ လွတ်လပ်စွာ သွားလာခွင့် ရရှိရေး၊ နယ်မြေကျော်လွန်၍ လက်နက် ကိုင်ဆောင် သွားလာမှုများကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန်တို့ကိုလည်း သဘော တူညီမှု ရရှိထားသည်။

ALP နှင့် အစိုးရတပ်တို့အကြား နယ်မြေသတ်မှတ်ရေး၊ အစိုးရတပ်များ ဆုတ်ခွာပေးရေး၊ မတရားအသင်း ကြေညာထားသော ဥပဒေ များ ရုပ်သိမ်းပေးရေး၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ရခိုင်ပြည်နယ် ဒေသခံ များရရှိရမည့် အခွင့်အရေးများ စသည်တို့ပါဝင်သည့် အချက် ၁၂ ချက်ကိုမူ ပြည်ထောင်စု အဆင့်၌ ထပ်မံ ဆွေးနွေး သွားရန်လည်း သဘောတူခဲ့ကြသည်။

ALP ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) နယ်မြေ၌ စတင် တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်တွင် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော်(ALA) ရှိသည်။ ALA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တွင် ထူထောင်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ထိုင်း နယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျက် ရှိ သည်။
(ဧရာဝတီ)

တောင်ကိုးရီးယားလူမျိုးတွေဟာ ထမင်းစားရင် ဘာလို့ထမင်းကိုပန်းကန်လုံးလေးတစ်လုံးစာကိုပဲထည့်စားပါသလဲ?


ဆိုင်တွေမှာရောင်းရင်လည်း ထမင်းတစ်ပွဲစာဟာ
တစ်လုပ်စာသာသာမျှသာရှိတဲ့ ပန်းကန်လုံးလေးတစ်လုံးစာပဲရှိပါတယ်။

ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်းကိုအရမ်းတန်ဖိုးထားလို့ပါ။
ဒီပန်းကန်လုံးလေးထဲကထမင်းဟာ လူတစ်ယောက်အတွက် အကုန်မစားနိုင်စရာအကြောင်းမရှိပါဘူး
အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်းဆယ်လုံးစားရင်လည်း သူတို့မငြိုငြင်ပါဘူး
သူတို့စိုးရိမ်တာက ထမင်းကိုမကုန်ဘဲ လွှင့်ပစ်မှာကိုစိုးလို့ပါ တဲ့။
တောင်ကိုးရီးယားနိုင်ငံသားတွေဟာ ထမင်းလွှင့်ပစ်တတ်တဲ့လူတွေကို မျက်စောင်းထိုးပါတယ်။
မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေတော်ရုံတန်ရုံအပြစ်မျိုးကိုကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး
မျက်စောင်းထိုးခံရတဲ့လူဟာ အင်မတန်ဒေါသထွက်အမြင်ကတ်စရာကောင်းတဲ့လူပါ
ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်ကမျက်စောင်းထိုးပြီးကြည့်မှာကိုအလွန်အင်မတန်စိုးရိမ်ကြပါတယ်။

ကိုးရီးယားနိုင်ငံသားတွေ ထမင်းကိုတန်ဖိုးထားရတဲ့အကြောင်းအရင်းကိုပြောပါမယ်
ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ခုနှစ်က ဂျပန်လက်အောက်ကလွတ်လပ်ရေးရခဲ့တာပါ
ဂျပန်လက်အောက်မှာဖိနှိပ်ခံဘ၀နဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲနေခဲ့ကြရပါတယ်
ထမင်းအစား ပြောင်းဆန်များကိုပြုတ်ပြီးစားကြရပါတယ်
ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ အသေမုန်းပါတယ်။
ကိုးရီးယားနိုင်ငံဟာ ၁၅ရက် ၈လ ၁၉၄၅ခုနှစ်က ဂျပန်လက်အောက်ကလွတ်မြောက်ခဲ့တာဖြစ်ပြီး
မြန်မာနိုင်ငံထက် ၂နှစ်ကျော်စောပြီးလွတ်လပ်ရေးရခဲ့တာဖြစ်ပေမယ့်
တိုင်းပြည်ဟာ လုံးဝမငြိမ်းချမ်းခဲ့ပါဘူး
တောင်နဲ့မြောက်သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး
လွတ်လပ်ရေးရပြီး၅နှစ်အကြာ ၁၉၅၀ခုနှစ်မှာတော့ တောင်နဲ့မြောက်စစ်ပွဲ စတင်ပါတော့တယ်
၁၉၅၀ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃နှစ်ဆက်တိုက်စစ်တွေအပြန်အလှန်တိုက်လိုက်ကြတာ
နဂိုကတည်းကမှ ဆောင်းရာသီဆိုဘာအပင်မှမဖြစ်ထွန်းတဲ့နိုင်ငံစစ်ကြောင့် ဘာဆန်စပါးမှမစိုက်ပျိုးရဲ
စိုက်ပျိုးမြေလည်းနည်းပါးတဲ့နိုင်ငံမှာ
လူတွေအကုန်လုံးမြက်ခြောက်စားရတော့မယ့်ဘ၀ကိုရောက်လာပါတော့တယ်
ဒါတွေကိုမကြည့်ရက်တော့လို့
နိုင်ငံတစ်ကာက ဆန်စပါးတွေ ထောက်ပံ့တာ
ကျွန်တော်တို့မြန်မာနိုင်ငံကလည်း စပါးတင်းသိန်းပေါင်းများစွာအကူညီပေးခဲ့ပါတယ်
ဒါ့ကြောင့်လည်း ကိုးရီးယားနိုင်ငံရဲ့လွတ်လပ်ရေးနေ့တွေမှာအလံတွေစိုက်ထူရင် မြန်မာနိုင်ငံအလံလည်း ကျေးဇူးရှင်နိုင်ငံအဖြစ်အခုချိန်ထိသတ်မှတ်ပြီးစိုက်ထူထားလေ့ရှိပါတယ်။
ဒီလို တိုင်းပြည်တစ်ခုလုံးအငတ်ဘ၀ကိုကျရောက်ခဲ့ဖူးတော့ ထမင်းတစ်လုံးတစ်မင်းတစ်လုပ်ရဲ့တန်ဖိုးကို
ကိုးရီးယားနိုင်ငံသားတွေက ပိုပြီးတန်ဖိုးသိတတ်ကြတာပါ။
အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့. အထွက်တိုးစေတဲ့နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားထိ ဆန်တွေတင်ပို့နိုင်ခဲ့ပါပြီ
ဒါပေမယ့်သူတို့တွေဟာ ထမင်းတစ်လုပ် ဆန်တစ်စေ့ရဲ့တန်ဖိုးကို မမေ့ပစ်ကြပါဘူး
အလဟသတ်မဖြစ်အောင် မလွှင့်ပစ်ရအောင်
စီမံပြုလုပ်ကြပါတယ်။
ဒါတွေဟာအတုယူစရာပါ
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆန်စပါးပေါကြွယ်ဝ စိုက်ပျိုးမြေတွေပေါများ ဆန်စပါးချမ်းသာကြလို့ သိပ်ပြီးတန်ဖိုးမထားချင်ကြဘူး
ထမင်းဆိုလည်း လိုတာထက်ပိုပြီးထမင်းပန်းကန်အကြီးကြီးထဲထည့်
စားမကုန်ရင် အလွယ်တစ်ကူလွှင့်ပစ်ကြတတ်တာ
ကလေးကအစလူကြီးတွေအဆုံးပါပဲ..။

ကိုးရီးယားတစ်ယောက်ကပြောဖူးတာကတော့
ဒီထမင်းပန်ကန်လုံးသေးသေးလေးတွေကိုမြင်တိုင်း ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေ ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာတယ်တဲ့ ။

ဗဟုသုတအနေနဲ့ ကြားဖူးနားဝရှိသလောက် တင်ပြတာပါ
ကောင်းတဲ့အယူအဆဆို အတုယူနိုင်ကြပါစေ...။

@ဒဿ

Credit to - တောင်ကိုးရီးယားနိုင်ငံရောက် ဘဲချောချောလေးများ

"ဧတဒဂ်ရသော ရဟန္တာမထေရ် (၄၁) ပါး"



(ဧတဒဂ် ( ဧတံ-အဂ္ဂ=ဧတဒဂ္ဂ )ဟူသည် မိမိတို့၏ကျွမ်းကျင်သောအရာဌာန၌ အခြားသောပုဂ္ဂိုလ်တို့ထက် အထွတ်အထိပ်ရောက်သော, မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ဆိုလိုသည်။)

၁။ အရှင်ကောဏ္ဍည - တရားဦးရ၍ ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။ အရှင်သာရိပုတ္တရာ - ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။ အရှင်မဟာမောဂ္ဂလာန် - တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။ အရှင်မဟာကဿပ - ဓုတင်ဆောင်ခြင်း။
၅။ အရှင်အနုရုဒ္ဓါ - ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။


၆။ အရှင်ဘဒ္ဒိယ - အမျိုးမြတ်ခြင်း။
၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ - အသံသာယာခြင်း။
၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ - ရဲတင်းပွင့်လင်းသောစကားကို ဆိုခြင်း။
၉။ အရှင်ပုဏ္ဏ - ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။ အရှင်ကစ္စာန- တရားအကျဉ်းကို အကျယ်ချဲ့ကာဟောခြင်း။

၁၁။ အရှင်စူဠပန္ထက - မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း။
၁၂။ အရှင်မဟာပန္ထက=အရူပဈာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း)
၁၃။ အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။
၁၄။ အရှင်ခဒိရဝနိယ ရေဝတ=တောရဆောက်တည်ခြင်း။
၁၅။ အရှင်ကင်္ခါရေဝတ=ဈာန်ဝင်စားခြင်း

၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။
၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း
၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်းအရာ၌ ဧတဒဂ်ရသည်။
၁၉။ အရှင်ဝက္ကလိ=သဒ္ဓါတရား အားကြီးသောအရာ၌ ဧတဒဂ်ရသည်။
၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။

၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါတရားထက်သန်စွာဖြင့် ရဟန်းပြုခြင်း။
၂၂။ အရှင်ကုဏ္ဍဓာန =စာရေးတံမဲ ပဌမဦးစွာရယူခြင်း။
၂၃။ အရှင်ဝင်္ဂီသ=ဘုရားဂုဏ် စသည်ကို ရုတ်ခြည်း
ချီးမွမ်းဖွဲ့ ဆိုနိုင်သော ဉာဏ်ပဋိဘာန်ရှိခြင်း။
၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာဆောင်ခြင်း ဖြစ်စေခြင်း။
၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။

၂၆။ အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခံရခြင်းအရာ၌
ဧတဒဂ်ရသည်။
၂၇။ အရှင်ဗာဟိယ ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။
၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။ အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။
၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း ဧတဒဂ်ငါးတန်၊

၃၁။ အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။
၃၂။ အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။
၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)
၃၄။ အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဉ်။
၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။

၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။
၃၇။ အရှင်နန္ဒ(ညီတော် မင်းနန်) = ဣနြေ္ဒစောင့်ခြင်း။
၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။
၃၉။ အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။
၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။ အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။

(credit to - ပန်းကမ္ဘာ၊ သုခမှတ်စု)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Thursday, September 5, 2013

ကဲ..အခုဘယ်လိုလုပ်မလဲ

ပိုက်ဆံပေး လက်ထပ်ခိုင်းပြီး မြန်မာပြည်တွင်းနေခွင့်လွယ်လွယ်ရသွားရင် မြန်မာပြည်တော့ သွားပါပြီဗျ . . .

မြန်မာပြည်ဖွား တစ်ယောက်ယောက်ကိုယူရင် မြန်မာပြည်မှာ တရားဝင်နေထိုင်ခွင့်ရမယ် တဲ့ ၊

မြန်မာပြည်မှာ တရားဝင်နေခွင့်မရှိပဲရောက်နေသူတွေကို စစ်ဆေးဖို့ ၂၀၁၂ က အဆိုတင်တော့ လွှတ်တော်က ပိတ်ပင်သတဲ့ မဆွေးနွေးရဘူးတဲ့ ၊

အခုတော့ သိပါပြီ ၊ မြန်မာပြည်မှာ တရားဝင်နေထိုင်ခွင့်ရသွားအောင် တစ်ယောက်ယောက်ကို အငယ်အနှောင်း အဖြစ် ယူလိုက်ပေါ့တဲ့ ၊

ဒါ ဘယ်သူတွေ အတွက် ဥပဒေကို ပြင်လိုက်တာလဲ ၊

ဒါ သမ္မကြီး ဦးသိန်းစိန် တရုတ်ပြည်သွားနေတုန်း နဲ့ တိုက်ဆိုင်နေတယ်နော် ၊

ဒါ သမ္မတကြီးကို တရုတ်ပြည်က တောင်းဆိုလိုက်တာလို့ ထင်တယ်နော် ၊

ဒါဆို မြန်မာပြည်မှာရှိတဲ့ မြန်မာပြည်ဖွား တစ်ယောက်ယောက် နဲ့ တရုတ် ကုလား တွေ လက်ထပ်ရင် တွေ့ကရာ ရပ်ကွက်ရုံးမှာ လက်ထပ်လို့ ရပါသလား ၊

ပုဆိုးတန်းတင်ပြီး အရှေ့ခုနစ်အိမ် အနောက်ခုနစ်အိမ် အသိအမှတ်ပြုရုံနဲ့ရပါသလား ၊

သီသန့်တရားရုံး တစ်ခုခု ထပ်ပြီး လိုမယ် ထင်ပါတယ် ၊

မြန်မာပြည်ဖွားနဲ့ တရုတ် ကုလား လက်ထပ်မယ်ဆိုရင် သီသန့် တရားရုံးမှာပဲ လက်ထပ်ခွင့်ပေးစေချင်ပါတယ် ၊

အဲဒါမှ အနိုင့်အထက်လုပ် ငွေပေး ခြိမ်းခြောက် အကျပ်ကိုင် ယူခိုင်းတာတွေ ၊

ပရောဂျက်ရလို့ ပရောဂျက်ကာလ မြန်မာပြည်မှာ တရားဝင်နေထိုင်ခွင့်ရအောင် ၃နှစ် ၅နှစ် ပိုက်ဆံပေး ပေါင်းမယ်ဆိုတာတွေ ကင်းသွားမှာပါ ၊

နောက်ပြီး တစ်လ တစ်လ အတွင်း မြန်မာပြည်ဖွား နဲ့ တရုတ်ကုလား ဘယ်နှယောက်များ ယူနေကြပြီးလဲ ဘယ်တွေ မှာ နေနေ ကြသလဲဆိုတာ သိနိုင်မှာပါ ၊

ထူးဆန်းတာက ၂၀၁၄ မှာ သန်းခေါင်စာရင်း တကယ်စစ်တော့ မယ်ဆိုရော

ဟန်တောင်မဆောင်နိုင်ဘူး ဒီ ဥပဒေကို ပြဌာန်းလိုက်ကြတယ်လေ ၊

ရိုးရိုးလေးစဉ်းစားကြည့်ရင်တောင် ဒါ မရိုးသားဘူးလို့ ခံစားရ တွေ့ရမယ် ။

မြန်မာပြည်က ကောင်မလေးတွေကို တရုတ်က လှမ်းပြီ ဝယ်ဝယ်နေတာ အားမရပဲ ၊

မြန်မာပြည်အထဲမှာ တရုတ်ပြည်လာတည်တော့ မယ်ထင်ပါရဲ့ ၊

မြန်မာပြည်မှာ မြေနေရာတော်တော် များများကို တရုတ်တွေ ကုလားတွေက အသားထဲကလောက်ထွက်တဲ့ကောင်တွေ နဲ့ ပေါင်းပြီး ဝယ်ပြီးကြပြီလေ ၊

မြန်မာပြည်ပေါက် ဆိုတာကို ယူလိုက်ရုံ နဲ့ မြန်မာပြည်မှာ အခန့်သား နေခွင့် စီပွားလုပ်ခွင့်ရသွားကြတော့မှာ ၊

ရခိုင်က ဘင်္ဂါလီ ၅ သိန်းကို ဝိုက်ကတ်ထုတ်ပေးထားတဲ့ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ကိစ္စကို ထွက်ပေါက်ရှာလိုက်တဲ့ သဘောလည်း ပါတယ် ဗျ ၊

၂၀၁၅ အတွက် ကြံခိုင်ရေး ပါတီ မဲ ရဖို့က အဲဒီ ဘင်္ဂါလီ ၅ သိန်းလည်း အရေးကြီးတယ်လေ ၊

အစ်ကိုအစ်မတွေ ဆက်ဆွေးနွေးပေးကြပါအုံးဗျ . . .

ရန်ကုန် သတင်း ပုံရိပ်
Hawdeka Khalaylay
သတင်းပေါင်းစုံ
 

Wednesday, September 4, 2013

သွေးနဲ့ရေးသည့် မြေ (စာမြည်း)


“ဟိုအခန်းထဲမှာ မွေးဖွားနေတယ်။ အဲဒီမှာသာ သွားကြည့်ကြတော့”
မွေးခန်းကိုလည်း စောင်တွေဖြင့် အခန်းလုပ်ထားသည်။ လူခါးလည်း အပြင်ဘက်တွင် ကျန်ခဲ့ပြီး ဒေါက်တာနိုင်လင်းမှ မွေးဖွားခန်းထဲကို ၀င်သွားသည်။ မွေးဖွားသည့်နေရာနှင့် ဘုန်းကြီးကျောင်းသည် မည်သို့မျှ မသင့်တော်ပေ။ သို့သော် ဒီအခြေအနေသည် နေရာရွေးပြီး မွေးဖွားနေရမည် အချိန်ကားမဟုတ်တော့ပေ။ အပြင်ဖက်တွင် အမျိုးသမီးကြီးတစ်ဦးစောင့်နေသည်။ အမျိုးသမီးကြီးနား ကြမ်းပြင်တွင် ထိုင်ရင် အခြေအနေကို မေးကြည့်လိုက်သည်။ အမျိုးသမီးကြီးက

“ကျွန်မတို့က ဗျိုင်းဖြူရွာ(ဆက်ရိုးကျရပ်ကွက်)ကပါ။ မနေ့ညဥ့် (၁၂)နာရီလောက်ကတည်းက ဒီကလေးမက မွေးဖွားဖို့အတွက် ဗိုက်နာတယ်ဆိုလို့ ကျွန်မကို အခေါ်လွတ်လိုက်တယ်။ ကျွန်မက လက်သည်မပါ။ ကျွန်မရောက်သွားတဲ့အချိန်မှာ ကလေးမွေးဖွားဖို့ အဆင့်ဖြစ်နေပြီ။ အဲဒီအချိန်မှာ ကျွန်မတို့ရွာနဲ့ နီးတဲ့ သံတော်လီဘင်္ဂလီကျေးရွာက လူ(၃၀၀၀)လောက်က ကျွန်မတို့ ရွာဘက်ကို မီးရှိုးဖို့ တက်လာကြတယ်။ လူအင်အားအရမ်းများတယ်။ စစ်တွေမြို့ဘက်က ပြေးကြတဲ့ ဘင်္ဂလီကုလားတွေက သံထော်လီမှာ စုသွားကြတယ်။ ဓာတ်မီးအလင်းရောင်ကို မြင်တော့ ဗျိုင်းဖြူရွာကလူတွေ ထွက်ကြည့်ကြတော့ သံတော်လီက လူတွေမှန်း သိသာတယ်။ အဲဒီမှာ ရွာသားတွေ အသိပေးလိုက်တော့ ရွာသားအကုန်လုံး ထွက်လာကြတယ်။ ယောက်ကျားတွေနဲ့ ထိပ်တိုက် တွေ့နေကြတယ်။ ဒါပေမယ် ကျွန်မတို့ ရွာသားတွေမှာ လူအင်အားနည်းတော့ အမျိုးသမီးတွေနဲ့ ကလေးတွေအကုန်လုံး စစ်တွေမြို့ထဲဘက်ကို ထွက်ပြေးတယ်။ ကျွန်မလည်း မွေးဖွားသည်ကို တွဲခေါ်ပြီး ထွက်ပြေးလာခဲ့ရတယ်။ ပြေးလာရတာလည်း ညအချိန်လေ ၊ လယ်ကွင်းတွေမှာ ရွံ့အိုင်တွေ၊ ကျွဲခြေရာတွေ၊ ချောက်တွေ၊ ချိုင့်ခွက်တွေကို ဖြတ်ကျော်ပြေးရတော့ ကလေးမက သနားစရာပါ။ လမ်းမှာပဲ ကလေးထွက်ကျသွားတယ်။ ကျွန်မလည်း အချင်းကြိုးကို ကတ်ကြေးနဲ့ဖြတ်ပြီး ကလေးကို အနှီးနဲ့ပိတ်ပြီး ခေါ်လာခဲ့ရတာပါ။ မြို့ထဲကိုရောက်တော့ ဒီဘုန်းတော်ကြီးကျောင်းမှာပဲ ၀င်ခိုလုံလိုက်ရပြီး ရွာဖက်က အခြေအနေကို စောင့်ကြည့်နေတာပါ”ဟု ပြောပြသည်။

သူစကားဆုံးသွားသည်နှင့် လူခါးလည်း အလုံးကြီး တစ်လုံး ဆို့ဝင်သွားသလို။ ဘာပြောလို့ ဘာပြောရမှန်းကို မသိ။ ခံစားချက်တို့သည် တစ်ခါတလေတွင် အဓိပ္ပါယ်ဖွင့်ဆိုရ ခက်ခဲ့တတ်သည် မဟုတ်လား။

ခဏနေတော့ ဒေါက်တာနိုင်လင်းထွက်လာပြီ။
“စံပဲဗျို့ စံပဲ။ ကလေးရော သူအမေရော နေကောင်းကြတယ်။ ကျန်းကျန်းမာမာပဲ”လို့ ပြောသည်။

“ဒါပေမယ် သူတို့သားအမိအတွက် ဒီနေရာကို စိတ်မချဘူးဗျာ။ ဆေးရုံးကို ပို့ထားမယ်။ ကလေးက အသားဝါဖို့ပုံတော့ ပေါက်နေတယ်။ ကလေးက အရမ်းနုနယ်တော့ စိတ်မချဘူး။ ကျနော် မှတ်ချက်ပေးပြီး ဆေးရုံးကို ပို့လိုက်မယ်ဗျာ။”

“ဒါဆိုရင် သူအုပ်ထိန်းသူ ဘယ်မှာလဲ”

“ကျွန်မပါ”ခုနားက အမျိုးသမီးကြီးက ပြောလိုက်သည်။

“ဖြစ်ပါမလား ဆရာရယ်။ ကျွန်မတို့ ဒီမှာပဲ နေပါရစေ”လို့ ဆက်ပြောသည်။

လူခါးလည်း တစ်ချက်လောက် အကဲခတ်ကြည့်လိုက်သည်။ ဗျိုင်းဖြူရွာသည် ဆင်းရဲသား လက်လုပ်လက်စားများပြီး အထူးသဖြင့် ဆက်ရိုးကျချောင်းတွင် သမ္မာန်ခတ်ပြီး အသက်မွေးသူများ များသည်။ သူတို့သည် ညကြီးအချိန်မတော် ပြေးလာရသည့်အတွက် ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပါလာပုံ မပေါက်ပေ။ ထို့နည်းတူစွာ မနက်ပိုင်းဖြစ်သောကြောင်း သူ့ယောက်ကျားနှင့်လည်း အဆက်အသွယ်ရပုံမပေါက်သေးချေ။ ဒါကြောင်းလည်း ဆေးရုံးတက်ရမှာ လန့်နေသည့် ပုံမျိုးဖြစ်သည်။ လူခါးတို့ အရပ်ဒေသတွင် ဆေရုံးတက်ရမည်ဆိုလျှင် ဆေးရုံးတက်မည့်အစား ကျားဖင်ကိုသာ လက်နဲ့ နှိပ်ချင်ကြသည်။ ဆေးရုံးကို စတက်ကတည်းက ဆေးဖိုးဝါးခက ကြီးသည်။ အလိုက်မသင့်လျှင် သူနာပြုဆရာများနှင့် အစောင့်များ၏ ဆဲဆိုးကြိမ်းမောင်းခြင်းကိုလည်း ခံရတတ်သည်မဟုတ်လား။ ဒါကြောင်းလည်း ဖြစ်နိုင်သည်။ လူခါးမှ

“စိတ်မပူပါနဲ့ အဒေါ်ရယ်။ ကျနော်တို့၊ ဒေါက်တာတို့၊ ဆရာတော်တို့ရှိပါတယ်။ မပူပါနဲ့ အဓိက ကလေးနဲ့ ကလေးအမေ ကျန်းမာဖို့ပဲလိုပါတယ်”လို့ နှစ်သိမ့်လိုက်သည်။ ဒေါက်တာနိုင်လင်းမှ

“စိတ်ချ ကျနော် တစ်ယောက်လုံးရှိတယ်။ စရိတ်စခတွေကို မပူနဲ့ ဒီအချိန် ပူပန်ရမယ်
အချိန်မဟုတ်ဘူး။ ကိုလူခါး ဒီကလေးကို နာမည်ပေးလိုက်ရအောင်ဗျာ”

“ဆိုပါအုံ ဒေါက်တာကြီး ဘာနာမည်များ ပေးမလဲ”

“ကုလားနိုင်လို့ပေးမယ်ဗျာ။ ယောက်ကျားလေးဆိုတော့ ဒီနာမည်ပဲ ကောင်းတယ်”ဆိုပြီး ပြောသည်။
-------------------------------------------------------
“သွေးနဲ့ရေးသည့် မြေ” ၂၀၁၂ ခုနှစ် ကုလား-ရခိုင်အရေးအခင်း သမိုင်းနောက်ခံဝတ္တုမှ စာမြည်းအဖြစ် တင်ပေးလိုက်သည်။

ဝေဟင်အောင်
၂၊ ၈၊ ၂၀၁၃။

ဓာတ်ပုံ -ကုလားနိုင်တို့ သားအမိ ဆေးရုံးပေါ်ရောက်စဉ် အမှတ်တရရိုက်ကူးခဲ့သည် ဓာတ်ပုံဖြစ်သည်။

Tuesday, September 3, 2013

မြန်မာအလုပ်သမား ကိစ္စအထူး ကိုယ်စားလှယ်လွှတ်မည်

မလေးရှားရောက် မြန်မာ အလုပ်သမားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းဖို့ နိုင်ငံတော် သမ္မတ ညွှန်ကြားချက်နဲ့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိနေပါတယ်။

ဒီအဖွဲ့မှာ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မယ်လို့ သိရပါတယ်။

သုံးလကြာ စစ်ဆင်ရေး ပြုလုပ်ပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးမယ့် နှိမ်နင်းရေး အစီအစဉ်ကို မလေးရှားအခေါ် အော်ပရာစီလို့ အမည်ပေးထားပြီးတော့ ဒီစစ်ဆင်ရေးဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့ပါတယ်။ အဲဒီအစီစဉ် စပြီး ၂၄ နာရီ အတွင်း တရားမဝင် မြန်မာလုပ်သား ၅၀ဝ ကျော် အပါအဝင် နိုင်ငံခြားသား ၂၄၄၃ ဦးကို ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ မလေးရှား သတင်းစာတွေက စက်တင်ဘာလ ၂ ရက်နေ့က ဖော်ပြပါတယ်။


အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ (၁)သန်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့လှူဒါန်း


စစ်တွေ၊ စက်တင်ဘာလ ၃ ရက်

အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်အတွင်း ပညာရည်တိုးတက်ရေးဆောင်ရွက်နေမှုများအပေါ် အကူအညီအနေဖြင့် အခြေခံပညာကျောင်းများဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ(၁)သန်းပေးအပ်လှူဒါန်း ပွဲကို အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ပါသည်။
အိန္ဒိယနိုင်ငံကိုယ်စား၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး HE.Mr.Gautam Mukhopadhaya က အလှူငွေဒေါ်လာ(၁)သန်းကို ပေးအပ်ပြီး၊ ရခိုင်ပြည်နယ်ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်းက လက်ခံပါတယ်။
အခန်းအနားသို့ နယ်စပ်ရေးရာနှင့် စည်ပင် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။
အဆိုပါ အလှူငွေဖြင့် စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မောင်တောမြို့နယ်များတွင် အခြေခံပညာ စာသင်ကျောင်း (၂၀)ကျောင်း ဆောက်လုပ်သွားရန်ရှိကြောင်း သိရပါသည်။

သာစွဋ္ဌါနေရခိုင်ပြေ