Monday, September 2, 2013

ကုလအထူးအကြံပေးအရာရှိ ဗီဂျေးနမ်ဘီးယား ရခိုင်ပြည်ရောက်



ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambia)ဟာ မနေ့တုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာတဲ့အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခတွေနဲ့ နှစ်ဖက် ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

အဲ့ဒါ့အပြင် ပေါက်တောနဲ့ မောင်းတောမြို့နယ်တွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း ကြည့်ရှုမှာဖြစ်ပါတယ်။
https://www.facebook.com/pages/မြန်မာမျိုးချစ်လူငယ်များ/142227145975588?ref=hl
ရခိုင်ပြည်နယ် ခရီးစဉ် မစတင်ခင် ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်ကို လည်ပတ်ခဲ့ပြီး ကချင်လွှတ်မြောက်ရေးတပ် ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာ ဌာနချုပ်ကို လည်ပတ်ခွင့် ရခဲ့တယ်လို့လည်း သိရပါတယ်။

ကေအိုင်အို ဌာနချုပ်ရဲ့ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ၊ ကေအိုင်အို အရာရှိတွေအပြင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment