Sunday, September 1, 2013

" မလေးရှားမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားတွေကို ဘယ်လိုနည်းနဲ့ ဘယ်သူတွေ ကယ်တင်ကြမလဲ "


မလေးမှာအဖမ်းခံနေရတဲ့ မြန်မာတွေအတွက်ဘယ်အဖွဲ့ အစည်းတွေ က တာဝန်ယူကယ်ထုတ်ကြမှာလဲ ၊ ဘယ်အမတ်က လွတ်တော်မှာအဆိုတင်သွင်းမှာလဲ ၊ အစိုးရ နဲ့ ပါတီတွေက ဘယ်လို
တာဝန်ယူမှာလဲ ၊
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမတ်အစိုးရအဖွဲ့ နဲ့ မဲပေးသူပြည်သူဆိုတာ ဒီမိုကရေစီစနစ်မှာ ကျေးဇူးခံနဲ့ ကျေးဇူးရှင်ပဲ သူတို့ ပေးတဲ့မဲယူ
မယ်သူတို့ကိုတော့ဂရုမဆိုက်ဘူးလုပ်မရဘူး ၊ သံဃာအသိုင်း
အဝိုင်းကတော့သေချာပေါက်ကူမှာ လက်ရှိလဲကူနေတယ် ၊
အမျိုးသားရေသမားတွေလဲ ငွေလျှူနေကြတယ် ၊ ပါတီတွေကကော
လူနည်းစုပါအော်နေသူတွေ ကကော မလှုတ်တာ့ဘူးလား ၊
ဒီဟာကအရမ်းအရေးကြီးတော့ အစိုးရ အတိုက်အခံ ရှိသမျှ အဖွဲ့
အစည်းတွေနဲ့ အလျှူရှင်တွေပူးပေါင်း ကယ်ထုတ်ပေးမှရမယ် ၊
အမတ်တွေထဲကလဲ ဒီအရေးကိုလွတ်တော်မှာဆွေးနွေး အမြန်အကောင်အထည်ဖေါ်ရမယ် ၊ နောက်မှ တပ်မတော်သားလွတ်
တော်ကိုယ်စလှယ်ဒီအကြောင်းထတင်ပြမှ ၊ နောက်ကောက်ကျသွာမယ် အမြန်ဆောင်ရွက်ကြပါတော့ ။

အားလုံးစုပေါင်းပါဝင်ကူညီကြပါ

အရေးကြီးတော့ကျေးဇူးပြုပြီးပါဝင်ကူညီလှုံဆော်ပေးကြပါ။
__________________________________________________

မလေးရှားနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအားပစ်မှတ်ထား၍လိုက်လံဖမ်းဆီးနေခြင်း
အား နိုင်ငံတော်အစိုးရမှအမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးပါရန်တိုက်တွန်းလိုက်ပါသည် ။

မလေးရှား
တွင်မြန်မာများအသတ်ခံရစဉ်အချိန်ကလည်း မြန်မာအစိုးရနှင့်သက်ဆိုင်ရာမြန်မာသံရုံး၏ နှောင့်
နှေးကြန့်ကြာမှုကြောင့် မလိုအပ်ပဲမြန်မာအမြောက်အများသေဆုံးခဲ့ရပါသည် ။

ထို့ကြောင့် ယခု
မလေးရှားရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအားပစ်မှတ်ထား၍လိုက်လံဖမ်းဆီးနေခြင်း
ကို ကျွန်ုပ်တို့ပြည်သူတစ်ရပ်လုံးမှ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးရန် တိုက်တွန်းတောင်းဆိုလိုက်ပါ
သည် ။

ပြည်သူများကလည်း အဝေးရောက်သွေးချင်းညီနောင်များ၏ ကြုံတွေ့နေရသော ဒုက္ခ
များကိုမျှဝေခံစားပြီး ပူးပေါင်းပါဝင်တောင်းဆိုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည် ။

မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး

__________________________________

ကျနော်တို့အခုမလေးမှာ အလုပ်လုပ်နေသူတွေဟာ ဈေးဝယ်ဖို့တောင်အပြင်မထွက်ရဲပါဘူး။

ပြီးတော့ ဖမ်းတဲ့သူတွေက ရဲတွေရှိမယ်။ လဝကတွေ ရယ် ၊ ရေလာဆိုတဲ့ စွမ်းအားရှင်အဖွဲ့တွေရှိတယ်။ သူတို့တွေဖမ်းတော့မယ်ဆို တွေ့သမျှ အကုန်သိမ်းကျုံးပြီးကားပေါ်တင်သွားတာပါ။ တရားဝင်တာရော တရားမဝင်တာရောပေါ့ဗျာ။

ဘာလို့အဲလိုလုပ်လဲဆိုတော့အရင်ကဆိုအလုပ်သမားတွေအတွက်ကဒ်ပြားလေးတွေထုတ်ပေးတယ်။ အခုကအဲလိုကဒ်ပြားလေးတွေမထုတ်ပေးတော့ဘူး။ နိုင်ငံကူးစာအုပ် (ပတ်စပို့စ်) မှာ ဗီဇာလိုမျိုး အပြာရောင်စာရွက်လေးကပ်ပေးတယ်။ နိုင်ငံကူးစာအုပ်ကတော့သိတဲ့အတိုင်းပဲ။ အတော်များများ ၉၀ % လောက်ကအလုပ်ရှင်တွေသိမ်းထားတာလေ။ အလုပ်ရှင်တွေက ကာလာမိတ္တူလေးပဲပေးထားတော့ အဲဒါပြလည်းဖမ်းတာပဲလေ။ အနည်းဆုံးတော့ရဲစခန်းမှာစစ်လို့မပြီးမချင်းတစ်ပါတ်လောက်တော့ကြာတာပေါ့။ အချုပ်ဆိုတော့လည်းသိတဲ့အတိုင်းလေ။ ကိုယ်ချင်းစာကြည့်ပေးပါဗျာ။

ပြီးတော့ အရင်ကသိထားတာပေါ့နော်။ (အခုတော့သေချာမသိပါ)။ တရားမဝင်အလုပ်သမားတွေမိသွားရင် အနည်းဆုံးအချုပ်ထဲမှာ ၂ လ ၃ လလောက်နေရပါတယ်။ ပြီးရင် အပြင်ကအသိတစ်ယောက်ယောက်ကနေ ရင်းဂစ် ၂၀၀၀၊ ၃၀၀၀ လောက်ပေးပြီးလာရွေးပေးရင်ပြန်လွှတ်ပေးပါတယ်။ အကယ်၍ မပေးနိုင်ရင်ရဲတွေက မလေး-ထိုင်းနယ်စပ်မှာ ထိုင်းငါးဖမ်းလှေတွေဆီမှာသွားရောင်းစားပစ်ကြပါတယ်။ တံငါသည်တွေပေါ့ဗျာ။

အဲလိုရောင်းစားခံခဲ့သူတွေဟာ မိန်းကလေး ယောင်္ကျားလေး မရွေးပါဘူး။ အရောင်းစားခံရသူတွေအဖို့ကအတော်များများဟာ ပြန်လမ်းမရှိကြပါဘူး။ ယောက်ျားလေးတွေအဖို့ကတော့ အဲဒီလှေတွေပေါ်မှာ သူတို့တွေမလုပ်ခြင်တဲ့အလုပ်တွေအကုန်လုပ်ရပါတယ်။ တစ်ပြားမှမရပါဘူး။ ဘယ်သူနဲ့မှအဆက်အသွယ်မရပါဘူး။ အကယ်၍မလုပ်နိုင်ရင် ပင်လယ်ထဲမှာ အစွန့်ပစ်ခံကြရပါတယ်ဗျာ။

မိန်းကလေးတွေအရောင်းစားခံရပြီဆိုရင်တော့ လိင်အလုပ်သမားအဖြစ် အဓမ္မအကျင့်ခံရတော့တာပါပဲ။ စိတ်ပါပါ မပါပါပေါ့ဗျာ။ စဉ်းစားကြည့်ပါဗျာ။ ကိုယ့်နိုင်ငံသားချင်းကိုယ်ချင်းစာပေးပါ။

ကျနော်တို့ဒီမှာအလုပ်လာလုပ်နေတာ ကျနော်တို့ဘဝအတွက်အလုပ်လာလုပ်နေတာပါ။ ရှိတာလေးပေါင်နှံရောင်းချပြီးထွက်လာခဲ့ရတာပါ။ အခုလဲအဖမ်းအဆီးကလဲကြမ်းဆိုတော့ တရားဝင်ရော တရားမဝင်ရောက အရင်ဆုံးအဖမ်းခံကြရတာပါပဲဗျာ။

အခုမျှော်လင့်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် တတ်နိုင်သလောက်လေးကူညီပေးပါအုံးဗျာ။ အခုဆိုရင် ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံမှတာဝန်ရှိသူတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးထိရောက်စွာဆွေးနွေးပြီး တတ်နိုင်သမျှ အသက်ဆုံးရှုံးမှုနည်းစေရန်၊ အနှိပ်စက်ခံရမှုနည်းစေရန်၊ ဖမ်းဆီးလွှတ်ရက်ရောက်ပါက မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်လက်မှတ်အခက်အခဲများကို ဖြေရှင်းပေးပါလို့မလေးရှားရောက်မြန်မာများကိုယ်စားမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

Kyaw Thu Soe

________________________________

Angle Black Angle ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment