Friday, September 13, 2013

ကျွဲ၊နွားများအား ဘင်္ဂလီများက ဓါးပြတိုက်လုယူနေခြင်းများ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေပြီး လုံခြုံရေး အပိုင်းအားနည်းချက်ကိုဖော်ပြနေ

-ပေါက်တော၊ စင်တင်ဘာ-၁၅
ကျွဲ၊နွားများအား ဘင်္ဂလီများက ဓါးပြတိုက်လုယူနေခြင်းများ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေပြီး လုံခြုံရေး အပိုင်းအားနည်းချက်ကိုဖော်ပြနေကြောင်းသိရသည်။ ထိုသို့အားနည်းချက်များကြောင့် ရခိုင်တိုင်းရင်းများ၏ ဘ၀လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းနှင့် လယ်ယာလုပ်ငန်းခွင် အသုံးချ ကျွဲ၊နွားများ ထိုသို့ပျောက်ဆုံး နေခြင်းအပေါ် စုံစမ်းဖော်ထုတ်ခြင်း၊ အရေးယူခြင်း၊ တစ်စုံတစ်ရာမရှိသေးကြောင်းလည်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီးအောက်တိုဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်၊ ဇီးချိုမော်ရွာနေ ဦးဦးထွန်းသိန်း၏ ကျွဲ ခြံမှ ကျွဲ ၁၃ ကောင်အား လုယူသွားခဲ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ တဲတွင်အစောင့် ချထားသူအား ဘင်္ဂလီဓါးပြများက သတ်ပုတ်ရိုက်နှက်ကာ တိုင်တွင်ကြိုးဖြင့်ချည်နှောင်ထားခဲ့ပြီး ကျွဲများအားလုယူသွားခဲသည်။သို့သော်လည်း လမ်းခုလပ်တွင် ကျွဲခုနစ်ကောင်မှာ ပြေးသွားသဖြင့် ကျွဲထီး(၂)ကောင် နှင့် ကျွဲမ (၄)ကောင် တို့မှာဘင်္ဂလီများနှင့်အတူ ပါသွားခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲဌာနမှ စုံစမ်းဖော်ထုတ်ခြင်း၊ တရားခံများအားဖမ်းဆီးခြင်းမပြုလုပ်နိုင်သေးသည့်အပြင် စက်တင်ဘာ ၅ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ နွား ၁၄ ကောင်အား ဒွင်းမြောင်မှ ဘင်္ဂလီများက လာရောက်လုယူသွားခဲ့ရာ ယင်းကိစ္စကိုလည်း ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် ရခိုင်ပြည်အတွင်းယင်းသို့ဖြစ်ပေါ်နေသော ဓါးပြမှုများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် လွန်စွာစိုးရိမ်နေကြကြောင်းသိရသည်။
အလားတူကျွဲ ၄ ကောင်ခိုးမှုတစ်ရပ် ကိုလည်း ပေါက်တောမြို့နယ် အတွင်းက စက်လှေတစ်စီးပေါ်တွင်ဖမ်းဆီး နိုင်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တောမြို့နယ်၊စစ်တွေမြို့နယ်နှင့် ကျောက်တော်မြို့နယ်၊မြောက်ဦးမြို့ နယ်တို့အတွင် ထိုသို့ကျွဲနွားပျောက်ဆုံးမှုအများဆုံးဖြစ်ပေါ်နေကြောင်းနှင့် ၂၀၁၃ ခုနှစ်အတွင်း ကျွဲ၊နွား အကောင်ရေ ရာနှင့်ချီပြီးပျောက်ဆုံးနေပြီဖြစ်ကြောင်းလည်းသိရသည်။
“ပြည်နယ်အစိုးရအဖွဲ့ကတော့ လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ပြောပေမယ့် ကျွဲ၊နွား ပျောက်တာဟာ လုံခြုံရေးနဲ့မဆိုင်သလိုဖြစ်နေတယ်။ အခုက ကိုယ်လယ်မြေတွေကို ကိုယ်မလုပ်နိုင်တဲ့အဆင့်ရောက်နေပြီ။ ခိုး ဆိုးတိုက်ခိုက်မှုတွေ နေရာတိုင်းမှာဖြစ်တယ်။ ဖြစ်လာရင် ဘင်္ဂလီတွေကပဲ လုပ်တာကိုတွေ့ရတယ်။ ဒီပြဿ နာကို ထိန်းနိုင်ဖို့လိုမယ်။ မဟုတ်ရင် ငြိမ်းအေးဖို့ဆိုတာ မလွယ်ဘူး။ ပြည်တွင်းမီဒီယာတွေမှာလည်း ဒီသတင်း မျိုးတွေ ဘယ်တော့မှာ မတွေ့ရဘူး။ ဘင်္ဂလီတွေ လုပ်ရပ်ကို ဖော်ထုတ်ပေးဖို့လည်းလိုပါတယ်”ဟု ပေါက်တော မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
 
RSV

No comments:

Post a Comment