Friday, September 13, 2013

မောင်တောမြို့နယ်အတွင်း AZG မှ ဘင်္ဂလီအဖွဲ့အစည်းများကို ဖွဲ့စည်းကာ အစိုးရဆန့်ကျင်ရေးလုပ်ငန်း များကို လုပ်ဆောင်နေခြင်းအပေါ် ဒေသခံများစိုးရိမ်လာ

-မောင်တော၊ စက်တင်ဘာ-၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း AZG မှ ဘင်္ဂလီအဖွဲ့အစည်းများကို ဖွဲ့စည်းကာ အစိုးရဆန့်ကျင်ရေးလုပ်ငန်း များကို လုပ်ဆောင်နေခြင်း ရှိလာခဲ့ပြီဖြစ်ကြောင်း ယင်းအဖွဲ့ကို စောင့်ကြည့်နေသူများထံမှသိရပြီး ယင်းသို့ဖြစ်လာခြင်းအပေါ် ဒေသခံများစိုးရိမ်လာကြကြောင်းသိရသည်။
လက်ရှိတွင် မောင်တောမြို့နယ်အတွင်း ရခိုင်တိုင်းရင်းသားများသာ ဒုက္ခရောက်နေသော်လည်း ဘင်္ဂလီများ အား ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နေခြင်းများအဖြစ် အကြောင်းပြကာ AZG အဖွဲ့အနေဖြင့် ဘင်္ဂလီများ၏ အခွင့်အရေးတစ်ခုတည်းကို ဦးတည်ကာလုပ်ဆောင်နေခြင်းများကိုလည်း သိလာ ရကြောင်း ယင်းအဖွဲ့တွင် လုပ်ကိုင်နေသူ တစ်ဦးထံမှသိရသည်။
ထို့အပြင် ဘင်္ဂလီများအား ဖိနှိပ်နေသည်ဟူသော သတင်းများထွက်ပေါ်နိုင်ရေးနှင့် ယင်းသတင်းများကို နိုင်ငံတကာလူအခွင့်အရေးအဖွဲ့ သို့ တင်ပြနိုင်ရန် အတွက် စာရင်းများကောက်ခံနေကြောင်းလည်းသိရှိရ သည်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)AZG အား UNHCR မှခိုင်းစေခြင်း သာ ဖြစ်သည်။ အရေးအခင်း ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဖြစ်ပွားသည့် သတင်းများကို UNHCR မှတစ်ဆင့် WFP ကိုခိုင်းစေပြီး ရလာသော သတင်းကို ကုလားတန်သတင်းဌာနသို့ပို့ဆောင်ပေးခဲ့သည်။
အစိုးရဌာနဆိုင်ရာများ၏ သတင်းများကို အဆိုပါ AZG ကလိုက်လံသတင်းယူပြီး UNHCR မှတ်င့် RBN သတင်းဌာနသို့ ပေးပို့နေခြင်းဖြစ်သည်။ ယခုအခါတွင် လူမှုရေးအဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းပေးနေကြောင်း သိရသည်။ ယင်းသို့ဖွဲ့စည်းရခြင်းမှာလည်း မြန်မာနိုင်ငံအတွင်း ဘင်္ဂလီများသည် နိုင်ငံသား အခွင့်အရေးများကို အခြားလူမျိုးများနှင့် တန်းတူရရှိရေး အတွက် ဖွဲ့စည်းတည်ထောင်ဖြင်းဖြစ်ကာ ယင်းအဖွဲ့ အများအား UNHCR မှ ငွေကြေးများထောက်ပံ့ပေးသွား မည် ဖြစ်ကြောင်းသိရသည်။
ထို့အပြင်အစိုးရအဖွဲ့များနှင့်ဆက်သွယ်နေသော ဘင်္ဂလီများအား ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ပြီး အစိုးရအ ဖွဲ့ဝင်များနှင့်ပူးပေါင်းခြင်းမပြုရေး၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းခြင်းမပြုရေး၊ ဌာနဆိုင်ရာများ၏လုပ်ငန်းများအား မပါဝင်ရေးတို့အတွက် ဆွေးနွေးမှုများပြုလုပ်ကာ ယခုဖွဲ့နေအသောအသင်းအဖွဲ့များအား တိုက်တွန်းပြောဆို စည်းရုံးနေခြင်းများကိုလည်း AZG မှလုပ်ကိုင်လျက်ရှိကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များမှ သိရသည်။
ထိုသို့အသင်းအဖွဲ့များ စတင်ဖွဲ့စည်းနေသော ရွာများမှာ ဂေါ်ဒူသာရကျေးရွာအုပ်စုနှင့် သ၀င်ချောင်းကျေးရွာ အုပ်စုများတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အကြောင်းပြုကာ နိုင်ငံရေးအသွင်ဆောင် လာသော AZGအနေဖြင့် မြန်မာနိုင်ငံအပေါ် သစ္စာဖောက်ခြင်းများပြုလုပ်နေသည်မှာ လွန်စွာ အရုပ်ဆိုလှ သည်ကိုတွေရသည်။
ယင်းအတွက် နယ်စည်းမခြားကို စောင့်ကြည့်ရန်လိုအပ်နေပြီဖြစ်ကြောင်းသိရသည်။ UNCHR ဦးစီးပြီး WFP နှင့် ပူးပေါင်းကာ AZG အဖွဲ့တို့က သုံးပွင့်ဆိုင် တိတ်တဆိတ်လုပ်ငန်းများစွာကို လုပ်ကိုင်နေကြပြီး ဘင်္ဂလီကျေး ရွာများသို့နေတိုင်းသွားရောက်ကာ ဘင်္ဂလီများအား စည်းရုံးမှုများ၊ သိမ်းသွင်းမှုများနှင့် ငွေကြေး ထောက်ပံ့ပေးမည်ဖြစ်ကြောင်းများကို ပြောဆိုကာ အဖွဲ့ငယ်များဖွဲ့စည်းနေခြင်းများကို အထူးသတိထားရန် လိုအပ်နေပြီဖြစ်ကြောင်းလည်းသိရသည်။
 
RSV

No comments:

Post a Comment