Monday, September 2, 2013

နွားကွဲရင်ကျားဆွဲမယ်


ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး ခြစားတဲ့သူတွေကြောင့်ဖြစ်လာတဲ့ရခိုင်ပြည်နယ်က ပြဿနာဟာ အခုချိန်ထိလည်း မပြီးပြတ်သေးတဲ့အခြေအနေတစ်ခုမှာပဲရှိနေဆဲပါ။ ငါ့ဖို့တစ်ဖို့တည်းကြည့်ခဲ့တဲ့သူတွေကြောင့် ဘင်္ဂါလီတွေဟာ ရခိုင်ပြည်မှာဘယ်လိုနည်းနဲ့ကြီးထွားလာမှန်းမသိအောင်ကိုကြီးထွားလာတာ အခုဆိုရင် မောင်းတော၊ ဘူးသီးတောင်ဆိုတဲ့မြန်မာပိုင်နက် ရခိုင်မြေတွေပာာ ဘင်္ဂလားဒေ့ရှ်နယ်လား ထင်မှတ်မှားရလောက်အောင်ကို ဘင်္ဂလီလူမျိုးတွေကြီးစိုးနေပြီဆိုတာကို ၀မ်းနည်းစွာတွေ့မြင်နိုင်မှာပါ။ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံ ဘာတစ်ခုမှတူညီတာမရှိတဲ့လူမျိုးစုနှစ်ခု အတူယှဉ်တွဲနေထိုင်နေတာပာာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံး ဖြစ်ခဲ့တာပါ။ အခုတော့အဲဒီဗုံးပာာ ကြိုတင်ကြံစည်ပြီး အကွက်ချစီမံထားတဲ့ ကျူးကျော်မှုတစ်ခုအနေနဲ့ပေါက်ကွဲထွက်သွားပါပြီ။ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ခက်ခဲလွန်းတဲ့ ပမာဏဖြစ်နေခဲ့တော့ ငြိမ်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ပဲ သံသရာလည်နေရင်း ရခိုင်အရေးကတော့ရင်မောစရာကြီး ဖြစ်နေဦးမှာပါ။

အမှန်တော့ရခိုင်အရေးပာာ မြန်မာနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တဲ့အရေးအခင်းတစ်ခုပါ။ ရခိုင်ပာာ မြန်မာပြည်ရဲ့အနောက်တံခါးပေါက်ဖြစ်နေတဲ့အတွက် အနောက်တံခါးသာကျိုးပေါက်သွားခဲ့ရင် မြန်မာပြည်ထဲကိုအလုံးအရင်းဝင်လာနိုင်တဲ့အင်အားပာာ မြန်မာတစ်နိုင်ငံလုံးကို ၀ါးမျိုဖို့ ကောင်းကောင်းကြီးလုံလောက်တဲ့အနေအထားမှာရှိပါတယ်။ ဒါပေမယ့်ဒီနေရာမှာတစ်ခုပြောချင်တာက ရခိုင်ပဋ္ဋိပက္ခကို ကျူးကျော်မှုတစ်ခုအသွင်ပဲမြင်စေချင်ပါတယ်။ ဒီဘင်္ဂလီလူမျိုးတွေပာာ မွတ်ဆလင်မို့လို့တွန်းလှန်ရတာမပာုတ်ပါဘူး။ ကိုယ့်နိုင်ငံကိုကျူးကျော်ပြီး ကိုယ့်တိုင်းရင်းသားတွေကိုစော်ကားနေတယ်ဆိုရင် ဘယ်ဘာသာဝင်ကိုမဆို တွန်းလှန်ရမှာက နိုင်ငံသားတွေရဲ့တာဝန်ပါ။ အဲဒီတာဝန်ပာာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒါကို ဘင်္ဂလီတွေက မွတ်ဆလင်တွေဖြစ်နေလို့ ဗုဒ္ဒဘာသာနဲ့ အစ္စလာမ်ဘာသာအဓိကရုဏ်းလိုမျိုး ဘာသာရေးအသွင်ဖန်တီးတာတော့ လက်မခံနိုင်စရာပါ။ ဒါပေမယ့်လည်း အခုချိန်ထိ အချို့တွေဟာ ဘင်္ဂါလီနဲ့ မွတ်ဆလင်ကို ခွဲမမြင်နိုင်သေးတဲ့အခါ ပဋိပက္ခပိုကြာရှည်ဖို့ မီးထိုးပေးနေသလိုဖြစ်နေရပါတယ်။

ဘင်္ဂလီအရေးပာာ နိုင်ငံသားတိုင်းရဲ့အရေးဖြစ်ပေမယ့် အဲဒီကိစ္စကိုတုန့်ပြန်တဲ့နေရာမှာတော့ ကျနော်တို့နိုင်ငံသားတွေပာာ အားရစရာအခြေအနေတစ်မျိုးမှာမရှိခဲ့ပါဘူး။ ကျနော်တို့လူမျိုးတွေပာာ သနားတတ်တယ်၊ အားနာတတ်တယ်၊ စေတနာကောင်းတယ်၊ သတ္တိရှိတယ် ဒါပေမယ့်ကျနော်တို့မှာ အလုပ်ကြိုးစားတဲ့အစွမ်း၊ စည်းလုံးတဲ့အစွမ်းတွေနည်းပါးနေပါတယ်။ ဘယ်နိုင်ငံမှာမှမရှိနိုင်တဲ့ အချိန်ဖြုန်းစရာ လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာဆိုရင် မြန်မာပြည်သားလူငယ်လူရွယ်တွေနဲ့ အချိန်မရွေး ကြက်ပျံမကျစည်ကားနေတတ်ပါတယ်။ ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့်ရတာ၊ ဘောပွဲလောင်းရတာဝါသနာပါပေမယ့် ကိုယ်တိုင်ကစားခုန်စားလုပ်ဖို့ကျတော့ ၀ါသနာမပါ၊ အချိန်ကို လက်ဘက်ရည်ဆိုင်မှာဖြုန်း ဖို့ဝါသနာပါပေမယ့် ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းနေရာတွေမှာကျတော့ မသုံးချင်။ အဲလိုနဲ့ပဲ မြန်မာတွေတဖြည်းဖြည်းနဲ့ ကိုယ်ရည်ကိုယ်သွေးကျဆင်းလာပြီး ခေါင်းဆောင်နေရာကလျောကျ သူများနောက်လိုက်ပဲဖြစ်လာနေတာကို လူမျိုးခြားတွေဦးဆောင်တဲ့နေရာတွေမှာ လုပ်နေရတဲ့မြန်မာတွေများများလာတာကိုကြည့်ရင် သိနိုင်ပါတယ်။ မကြိုးစားတဲ့၊ ဖျင်းတဲ့မြန်မာတွေဒီထက်ဒီထက်များလာရင်တော့ ကြိုးစားတဲ့ လူမျိုးခြားတွေကအလွယ်တကူပဲ မြန်မာနိုင်ငံကိုသိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။

လူနှစ်ယောက်ရှိရင် သုံးပါတီဖြစ်တယ်ဆိုတာက မြန်မာပြည်ထဲမှာတော့ အရမ်းခေတ်စားပါတယ်။ တကယ်လည်းကျနော်တို့မြန်မာတွေပာာ စည်းလုံးခြင်းနည်းလွန်းပါတယ်။ စည်းလုံးမှုပြိုကွဲလို့ပဲ အင်္ဂလိပ်လက်အောက်ရောက်ပြီး ထီးသုဉ်းနန်းသုဉ်းနဲ့ နေခဲ့ရတယ်။ လွတ်လပ်ရေးရပြန်တော့လည်း ကိုယ့်တိုင်းရင်းသားချင်း သတ်လိုက်ကြတာဆိုတာမြင်မကောင်းရှုမကောင်း၊ အခုဒီမိုကရေစီစနစ်ကူးပြောင်းနေတဲ့အချိန်ထိအောင်ကိုပဲ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာက အလှမ်းဝေးနေပြန်ပါသေးတယ်။ အာဃာတတရားတွေ၊ သံသယတွေနဲ့တိုက်နေရင်း ကိုယ့်တိုင်းရင်းသားအချင်းချင်းပဲသွေးချောင်းစီး၊ ကိုယ့်တိုင်းရင်းသားတွေပဲ အိုးမဲ့အိမ်မဲ့ဖြစ်နေရရှာပါတယ်။ အမှန်ဆို ကချင်စစ်ပွဲလိုမျိုးနေရာမှာ သံသယတွေနဲ့ကိုယ့်တိုင်းရင်းသားလူမျိုးအချင်းချင်း သေနတ်ပြောင်းတွေဆက်ချိန်မနေသင့်တော့ပါဘူး။ အဲဒီအစား တစ်နိုင်ငံလုံး တိုင်းရင်းသားအားလုံးညီညီညွတ်ညွတ်နဲ့ ကျူးကျော်သူတွေကို ၀ိုင်းဝန်းတိုက်ထုတ်ရမှာပါ။ စည်းလုံးမှုသာရှိရင် မဖြစ်နိုင်ဘူးဆိုတာတွေကိုတောင် ကျနော်တို့လုပ်နိုင်ပါတယ်။ ပမာပြောရရင် အင်တာနက်သုံးစွဲနိုင်မှုအင်မတန်နည်းတဲ့၊ အင်တာနက်အမြန်နှုန်းအင်မတန်နည်းတဲ့ ကျနော်တို့မြန်မာနိုင်ငံကနေ ၂၀၁၂ခုနှစ် Miss international ပြိုင်ပွဲမှာ Miss internet ဆုရရှိခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီလိုအင်တာနက်စုတ်တဲ့နိုင်ငံလေးကနေပြီး ဘယ်လိုမှထင်မှတ်မထားတဲ့ရလဒ်ထွက်ပြီး အကုန်လုံးအံအားသင့်သွားအောင် ကျနော်တို့လုပ်ပြနိုင်ခဲ့ပါတယ်။ အခုလည်းရခိုင်အရေးမှာ ကျနော်တို့စည်းလုံးမှုကိုသာပြနိုင်ရင် ဘယ်နိုင်ငံကမှ ကျနော်တို့ကိုဖိအားပေး၊ နိုင်လိုမင်းထက်မပြုနိုင်ပါဘူး။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ကျွန်တော်တို့တွေ ကျူးကျော်သူဘင်္ဂါလီအရေးမှာတောင် တစ်သားတည်းစိတ်ထားမထားနိုင်ကြသေးဘူး။ လစ်ဘရယ်၊ အမျိုးသားရေးဝါဒီ၊ အစွန်းရောက် ခေါင်းစဉ်အမျိုးမျိုး စွပ်စွဲချက်အမျိုးမျိုးနဲ့ အိမ်ကြက်ချင်းခွပ်လို့ကောင်းတုန်းရယ်ပါ။

ဆရာဦးဘဂျမ်းရေးဆွဲတဲ့ကာတွန်းလေးတစ်ပုဒ်အတိုင်းပြောရရင် ကျွန်တော်ကိုယ့်ပေါင်ကိုယ်ပဲထောင်းပါရစေ။ လူငယ်တွေလမ်းမှားနေတာ၊ မြန်မာပြည် ၀ါဒအမျိုးမျိုးနဲ့ စည်းလုံးညီညွတ်မှုပျက်ပြားနေတာတွေကို ပြီးပြုပြင်ဖို့ထောင်းပါရစေ။ ဘာလို့လည်းဆိုတော့ ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းရင် ခပ်ဖွဖွထောင်းတော့မနာပါဘူး။ အဲလိုမနာတဲ့အချိန်မှာ အပြစ်တွေကိုကြည့်ပြီး အထောင်းလွတ်အောင်ကြိုးစားသင့်ပါတယ်။ အဲလိုမပာုတ်ဘဲ ကျနော်တို့ကိုယ့်ပေါင်ကိုထောင်းပြီး အပြစ်မရှာထားရင် သူများလာထောင်းတဲ့အချိန်မှာ မညှာမတာအထောင်းခံရပါလိမ့်မယ်။ အချင်းချင်းမညီညွတ်လို့ ရိုဟင်ဂျာအစ္စလာမ်မစ်ပြည်နယ်ဖြစ်သွားမှ နောင်တရမယ်ဆိုရင်တော့ အရမ်းကိုနောက်ကျသွားပါလိမ့်မယ်။

Thurein Hlaing Win

No comments:

Post a Comment