Tuesday, September 10, 2013

"ဧတဒဂ်ရသော ရဟန္တာမထေရ် (၄၁) ပါး"



(ဧတဒဂ် ( ဧတံ-အဂ္ဂ=ဧတဒဂ္ဂ )ဟူသည် မိမိတို့၏ကျွမ်းကျင်သောအရာဌာန၌ အခြားသောပုဂ္ဂိုလ်တို့ထက် အထွတ်အထိပ်ရောက်သော, မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ဆိုလိုသည်။)

၁။ အရှင်ကောဏ္ဍည - တရားဦးရ၍ ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။ အရှင်သာရိပုတ္တရာ - ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။ အရှင်မဟာမောဂ္ဂလာန် - တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။ အရှင်မဟာကဿပ - ဓုတင်ဆောင်ခြင်း။
၅။ အရှင်အနုရုဒ္ဓါ - ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။


၆။ အရှင်ဘဒ္ဒိယ - အမျိုးမြတ်ခြင်း။
၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ - အသံသာယာခြင်း။
၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ - ရဲတင်းပွင့်လင်းသောစကားကို ဆိုခြင်း။
၉။ အရှင်ပုဏ္ဏ - ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။ အရှင်ကစ္စာန- တရားအကျဉ်းကို အကျယ်ချဲ့ကာဟောခြင်း။

၁၁။ အရှင်စူဠပန္ထက - မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း။
၁၂။ အရှင်မဟာပန္ထက=အရူပဈာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း)
၁၃။ အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။
၁၄။ အရှင်ခဒိရဝနိယ ရေဝတ=တောရဆောက်တည်ခြင်း။
၁၅။ အရှင်ကင်္ခါရေဝတ=ဈာန်ဝင်စားခြင်း

၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။
၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း
၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်းအရာ၌ ဧတဒဂ်ရသည်။
၁၉။ အရှင်ဝက္ကလိ=သဒ္ဓါတရား အားကြီးသောအရာ၌ ဧတဒဂ်ရသည်။
၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။

၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါတရားထက်သန်စွာဖြင့် ရဟန်းပြုခြင်း။
၂၂။ အရှင်ကုဏ္ဍဓာန =စာရေးတံမဲ ပဌမဦးစွာရယူခြင်း။
၂၃။ အရှင်ဝင်္ဂီသ=ဘုရားဂုဏ် စသည်ကို ရုတ်ခြည်း
ချီးမွမ်းဖွဲ့ ဆိုနိုင်သော ဉာဏ်ပဋိဘာန်ရှိခြင်း။
၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာဆောင်ခြင်း ဖြစ်စေခြင်း။
၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။

၂၆။ အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခံရခြင်းအရာ၌
ဧတဒဂ်ရသည်။
၂၇။ အရှင်ဗာဟိယ ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။
၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။ အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။
၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း ဧတဒဂ်ငါးတန်၊

၃၁။ အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။
၃၂။ အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။
၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)
၃၄။ အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဉ်။
၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။

၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။
၃၇။ အရှင်နန္ဒ(ညီတော် မင်းနန်) = ဣနြေ္ဒစောင့်ခြင်း။
၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။
၃၉။ အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။
၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။ အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။

(credit to - ပန်းကမ္ဘာ၊ သုခမှတ်စု)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

No comments:

Post a Comment