Sunday, September 15, 2013

ဥပဒေပညာဘွဲ့သင်တန်းကို အွန်လိုင်းစနစ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ပထမဆုံးအကြိမ် ဖွင့်လှစ်မည်



ရန်ကုန် စက်တင်ဘာ ၁၅

ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာရပ်များကို အခြေခံ၍ ပညာ ရေးစနစ် ပိုမိုတိုး တက်မြင့်မား လာစေရန် ရည်ရွယ်ကာ ရန်ကုန်အဝေးသင် တက္ကသိုလ် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ဥပဒေ ပညာဘွဲ့ (LLB) ပထမနှစ် သင်တန်းကို Online System ဖြင့်ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းသို့ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး သူများအနက် အဝေးသင် ဥပဒေပညာဘွဲ့ကြိုဝင်ခွင့် အမှတ်မီသူများ၊ တက္ကသိုလ် တစ်ခုခုတွင် သင်တန်း တက်ရောက်နေ သူ များနှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများလည်း လျှောက်ထားနိုင်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားသည်။

Online Learning System ဖြင့် သင်ကြားပို့ချရာတွင် သင်ယူလိုစိတ်ရှိ သူများအတွက် သင်ယူမှု အခွင့်အလမ်းရရှိစေပြီး Convenient ဖြစ်စေရန်၊ Flexible ဖြစ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြား သည့်အတွက် လူကြီးလူငယ် မရွေး တက်ရောက်နိုင်ကြောင်း၊ Online System တွင် စာသင်ချိန် သည် အတိ အကျ သတ်မှတ်ထားခြင်းမရှိသည့်အတွက် မိမိတို့အဆင်ပြေသည့်အချိန်တွင် ရန်ကုန် အဝေးသင်ဝက်ဘ်ဆိုက် ''www.yude.ac.mm'' မှတစ်ဆင့် သက်ဆိုင်ရာ ဘာသာရပ်ကို Download လုပ်၍ လေ့လာနိုင်ကြောင်း သိရသည်။

သင်တန်း၌ ပို့ချမည့် သင်ရိုးညွှန်းတမ်းနှင့်သင်ရိုးမာတိကာများမှာ ပုံမှန် တက္ကသိုလ်များတွင် သင်ကြား ပို့ချပေးလျက်ရှိသည့် ဥပဒေပညာဘွဲ့ကြို ပထမနှစ် သင်တန်းများမှ သင်ရိုးများ အတိုင်းဖြစ်ပြီး သင်တန်းကာလမှာလည်း ပုံမှန်ဒီဂရီ ဘွဲ့သင်တန်းများကဲ့သို့ ငါးနှစ်သတ်မှတ် ထားသည်။

အွန်လိုင်းမှတစ်ဆင့် သင်ခန်းစာပို့ချချက်၊ Video,Audio ပို့ချချက်ဖိုင်များ၊ ရည်ညွှန်းစာအုပ်များ၊ Assignment မေးခွန်းများ၊ Tutorial မေးခွန်းများကို ရယူနိုင်ပြီး အဖြေလွှာများကို အွန်လိုင်းမှ ပင် ပြန်လည်ပေးပို့နိုင်သည့်အတွက် အချိန်ကုန်သက်သာသည့် ခေတ်မီပညာ သင်ကြားရေး နည်းစနစ်ဖြစ်သည်။ ဖြေဆိုထားသော စာစဉ်ရမှတ်များကို အွန်လိုင်းမှပင် ပြန်လည်ပေးပို့ပေး မည် ဖြစ်သည်။ သင်တန်းသားသင်တန်းသူများ၏ အားနည်းချက်၊ အားသာချက်များကို Two-Way Communication System ဖြင့်အင်တာနက်မှတစ်ဆင့် ကျောင်း သားနှင့်ဆရာ အနီးကပ် တွေ့ထိဆွေးနွေးနိုင်ရန် ဥညူငညန ဃူass များကိုလည်း စီစဉ်ထားကြောင်းသိရသည်။

သင်ခန်းစာ ပို့ချချက်များကိုလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရှင်းလင်းပို့ချထားသဖြင့် သင်တန်းသားများအနေဖြင့် လွယ်ကူစွာနားလည် သဘောပေါက်နိုင်မည်ဖြစ်သည်။ စာမေးပွဲဖြေဆိုရာတွင် လူစားထိုးဖြေဆိုခြင်း မရှိစေရန် Team Viewer Software စနစ်၊ Learning Management System Software စနစ်တို့ဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ရန် စီစဉ်ထားပြီးဖြစ် သည်။

အွန်လိုင်းသင်ကြားရေးစနစ်ဖြစ်သည့်အတွက် f Internet Access ရရှိသည့် မည်သည့်နေရာေ ဒသ မဆို သင်တန်းသားများအနေဖြင့် အချိန်မရွေး သင်ကြား နိုင်သည်။ သင်တန်းတက်ရောက်နိုင် ရန် သင်တန်းသားများအနေဖြင့် အခြေခံ ကွန်ပျူတာစနစ်ကို တတ်ကျွမ်းပြီး စည်းကမ်းရှိ၍ လေ့လာ ချင်စိတ်ရှိကာ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

(ခင်ချိုဝင်း-သတင်းစဉ်)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment