Tuesday, September 3, 2013

အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ (၁)သန်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့လှူဒါန်း


စစ်တွေ၊ စက်တင်ဘာလ ၃ ရက်

အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်အတွင်း ပညာရည်တိုးတက်ရေးဆောင်ရွက်နေမှုများအပေါ် အကူအညီအနေဖြင့် အခြေခံပညာကျောင်းများဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ(၁)သန်းပေးအပ်လှူဒါန်း ပွဲကို အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ပါသည်။
အိန္ဒိယနိုင်ငံကိုယ်စား၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး HE.Mr.Gautam Mukhopadhaya က အလှူငွေဒေါ်လာ(၁)သန်းကို ပေးအပ်ပြီး၊ ရခိုင်ပြည်နယ်ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်းက လက်ခံပါတယ်။
အခန်းအနားသို့ နယ်စပ်ရေးရာနှင့် စည်ပင် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။
အဆိုပါ အလှူငွေဖြင့် စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မောင်တောမြို့နယ်များတွင် အခြေခံပညာ စာသင်ကျောင်း (၂၀)ကျောင်း ဆောက်လုပ်သွားရန်ရှိကြောင်း သိရပါသည်။

သာစွဋ္ဌါနေရခိုင်ပြေ

No comments:

Post a Comment