Monday, September 16, 2013

ကမ္ဘာ့ ရေကြောင်း တက္ကသိုလ်နှင့် မြန်မာ့ ရေကြောင်း တက္ကသိုလ် ၂ ခု ပူးပေါင်းမည်


ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၁၃

ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာ့ရေကြောင်း ပညာတက္ကသိုလ် (World Maritime University – WMU)နှင့် မြန်မာနိုင်ငံရှိ ရေကြောင်း ပညာတက္ကသိုလ် ၂ ခု ပူးပေါင်းပြီး စီမံခန့်ခွဲမှု နှင့် နည်းပညာ ဆိုင်ရာများ ပူးပေါင်း သင်ကြားရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ၂ ခု အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ခြင်းကို စက်တင်ဘာလ ၁၅ ရက် နေ့ ဆီဒိုးနား ဟိုတယ် တွင် ကျင်းပခဲ့ပြီး ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် နှင့် ကမ္ဘာ့ ရေကြောင်း ပညာ တက္ကသိုလ် ဥက္ကဋ္ဌ Dr. Bjorn Kjerfve တို့လက်မှတ်ရေထိုးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဧရာဝတီ

No comments:

Post a Comment