Tuesday, July 30, 2013

"ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်"

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူများသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်
နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျားပီသစေပါသည်) 
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်

credit to Sandar Laynyuntmg

Monday, July 29, 2013

" ဒီမိုကရေစီနိုင်ငံသား "





ကိုအဏ္ဏ၀ါတို့သင်္ဘော အမေရိကန်နိုင်ငံ အလာစကာပြည်နယ် ဒတ်ခ်ျဟာဘာမှာ ကုန်တင်နေသည်။ အဲဒီအရပ်ကား ဆိပ်ကမ်းအာဏာပိုင် အဖွဲ့ပင် သင်္ဘောစစ်ဆေးရန် လေယာဉ်ဖြင့် လာရသည့် လူသူမနီး သည့်အလွန်ခေါင်သည့် အရပ်ဖြစ်သည်။ ကုန်တင်ရင်း ကုန်ပြတ်၍ နားနေသည့်တစ်နေ့ အမေရိကန်လူလတ်ပိုင်း အရွယ်တစ်ယောက် ဆိပ်ခံဘောတံတားမှာ လာပြီးကဏန်းမျှားနေသည်။
ကဏန်းတစ်ကောင်မိလိုက် ဂျင်းဘောင်းဘီ နောက်အိတ်မှာ ထိုးထားသည့် ပေတံကို ဆွဲထုတ်ပြီးတိုင်းလိုက် တိုင်းပြီးလျှင်ရေထဲပစ်ချပြီး ပြန်လွှတ်လိုက် နှင့်အလုပ်ရှုပ်နေသည်။ ကဏန်းဆယ်ကောင်လောက် ဖမ်းမိရာမှာ တစ်ကောင်ခန့်သာ ပုံးထဲရောက်၍ ကိုးကောင်ခန့်မှာ ပြန်လွှတ်ပေးလိုက်သည်ကို တွေ့နေရသည်။
ကိုအဏ္ဏ၀ါလည်း ကြည့်ရင်း စိတ်ဝင်စားလာသဖြင့် သွားပြီးစပ်စုမိသည်။ ဘာကြောင့် ကဏန်းတွေကို အကုန်မယူပဲ ပြန်လွှတ်ပေးနေ ပါသလဲလို့ မေးမိတော့ .... သူ့အဖြေက အလွန်အံ့အားသင့်စရာပါ။ ( မှတ်ချက်။ ။ မြန်မာလူမျိုးတွေအတွက် ) " အဲဒီကောင်တွေက ခြောက်လက်မ မပြည့်လို့ ကံကောင်းသွားတာလေ " တဲ့...။
ဒီအရပ်ဒေသသည် လူသူမနီးသည့် အရပ်ဖြစ်ရုံသာမက ရဲစခန်းလည်းမရှိ၊ တရားရုံးလည်း မရှိသည့် အရပ်ဖြစ်သည်။ သူ့ကို အရေးယူမည့်သူ မဆိုထားနှင့် စိတ်ဝင်စားသူတောင် ကိုအဏ္ဏ၀ါ တစ်ယောက်သာ ရှိသည်။ အမေရိကန်လူမျိုး တောသားတစ်ယောက် ဥပဒေကို လိုက်နာတာဟာ ရဲကိုကြောက်လို့မဟုတ်၊ တရားရုံးကိုကြောက်လို့လည်း မဟုတ်၊ မွေးရာပါ ဥပဒေကို လိုက်နာတတ်သည့် အကျင့်စရိုက် ခေါက်ရိုးကျိုးနေတာဖြစ်သည်။
( အဏ္ဏ၀ါစိုးမိုး " အိုပယ်ကြီး၏ နောက်ဆုံးနေ့များ " စာ ၆၁၇-၆၁၉ ကို အကျဉ်းချုပ်ဖော်ပြပါသည်။ ကျေးဇူးပါ- ကိုအဏ္ဏ၀ါ )

ဤစာစုတွင် အတုယူစရာ ဒီမိုကရေစီ နိုင်ငံသား စိတ်ဓာတ်ကို တွေ့ရှိရသည်။ ကျွန်တော်တို့ နိုင်ငံသားတွေ ဆင်းရဲလို့ ပိုက်ဆံရှာရခက်လို့ စီးပွားရှာရာမှာ သူတို့လို စိတ်ဓာတ်မျိုး မထားနှိုင်ပါဟု အကြောင်းပြသည့်တိုင် အခြားနေရာတွင်တော့ သူတို့လို ဒီမိုကရေစီနိုင်ငံသား စိတ်ဓာတ်ထားရှိကြောင်း ပြသနှိုင်ပါသည်။ ဥပမာ- ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်း မေးသိုင်းကြိုးလေးတပ်၍ စီးခြင်း၊ မိမိအသက် အန္တရာယ်မဖြစ်အောင် ယာဉ်ထိန်းတွေကပင် ဖမ်းဆီးပြီးပညာ ပေးရသည်အထိ တရားဥပဒေကို မျက်ကွယ်ပြုနေလျှင်ကား အခြားနေရာတို့တွင်မူ ဆိုဖွယ်ရှိမည်မဟုတ်ချေ။
ဒေါ်အောင်ဆန်းစုကြည်မှ ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်းကြရန် တိုက်တွန်းခြင်းသည် အခြားအကြောင်းတွေထက် ဥပဒေကိုလေးစားလိုက်နာသော ဒီမိုကရေစီနှင့် ထိုက်တန်သော နိုင်ငံသားတွေ ဖြစ်ကြောင်း ပြသစေလို၍ ဖြစ်ပါသည်။ " လိုချင်လျှင် အရင်ပေးရပေလိမ့်မည် " စည်းကမ်းမဲ့ ကွမ်းသွေးထွေးတာတွေ အမှိုက်ပစ်တာတွေ လ္ဘက်ရည်ဖိုးပေးရတာတွေ အသာထား၍ မိမိကိုယ်တိုင်အတွက် အကျိုးမဲ့မဖြစ်သော အန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်သော ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ ဒီမိုကရေစီနှင့် ထိုက်တန်သော ဥပဒေကို လေးစားလိုက်နာသော ဒီမိုကရေစီနိုင်ငံသား ဖြစ်ကြောင်းပြသရင်း စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့....။

" နိုင်ငံတော်အုပ်ချုပ်မှုအာဏာနှင့် တပ်မတော် "




တပ်မတော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ပါ၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်လာလျှင် ကာကွယ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ ထို့အတူပင် စစ်သားစစ်ဗိုလ် ဆိုသည်မှာလည်း စစ်တိုက်ရန် စစ်တပ်တစ်တပ်ကို အုပ်ချုပ်ကွပ်ကဲရန်သာ လေ့ကျင့်သင်ကြား လာခဲ့ရပေသည်။ နိုင်ငံတော်ကို အုပ်ချုပ်ထူထောင်ရန် လေ့ကျင့်သင်ကြား လာခဲ့ကြခြင်းမဟုတ်ပေ။


စစ်ပွဲတစ်ပွဲ ကိုအုပ်ချုပ်ကွပ်ကဲ တိုက်ခိုက်ရခြင်းနှင့် နိုင်ငံတစ်နိုင်ငံ ကိုအုပ်ချုပ်ထူထောင် ရခြင်းတို့သည် များစွာကွာခြားလှပေသည်။ စစ်သားဆိုသည်မှာ ယရက်နနာရီတွင် ရည်မှန်းချက်သို့ အရောက်ချီတက် ဟုဆိုလျှင်၊ မိုးရွာလို့ နေပူလို့ လေတိုက်လို့ လမ်းမှားလို့ ချောင်းရေကျလို့ စသဖြင့် ဆင်ခြေပေး၍ မရပါ။ စစ်တပ်တစ်တပ် အတွက် အမိန့်နာခံမှုသည် အသက်သွေးကြောပင် ဖြစ်ပေသည်။ အထက်မှ အမိန့်ပေးပြီးလျှင်လည်း လှည့်ကြည့်ရန် မလိုပေ အောက်လူများမှ အမိန့်အတိုင်း လိုက်နာပြီး ဖြစ်ပေသည် ဆင်ခြေပေးခွင့် စောဒကတက်ခွင့် မရှိပေ။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ထူထောင်ရာတွင်မူ အချိုးအကွေ့ အလှည့်အပြောင်း များရှိပေသည်၊ ပုံသေကားချ တွက်ထား၍မရ ပရိယာယ်များ လှည့်စားမှုများ မက်လုံးပေးမှုများ ကြိုတင်တွက်ချက်မှုများ အကျိုးအမြတ် တွက်ချက်မှုများ အနာဂတ်စီမံကိန်းများ သံခင်းတမန်ခင်း ကိစ္စများ အထက်မှ အမိန့်ပေးလိုက်သော်လည်း လက်ရှိအခြေအနေနှင့် မကိုက်ညီသဖြင့် မီးစဉ်ကြည့်က လိုက်ရသည့် ကိစ္စများ......၊ စသဖြင့် ပြုလွယ်ပြင်လွယ် ပြောင်းလဲလွယ် ရှိပေသည်။ ထို့ကြောင့်ပင် နိုင်ရေးကျွမ်းကျင်သူများ ဘောဂဗေဒပညာရှင်များ ဥပဒေပညာရှင်များ ပညာရေးကျွမ်းကျင်သူများ ဆေးဘက်ဆိုင်ရာပညာရှင်များ စသဖြင့်...စသဖြင့်...စသဖြင့်.....၊ သူ့နေရာနှင့်သူ လူမှန်နေရာမှန် ရှိရန်လိုပေသည်။ သို့မှသာ မိမိကျရာတာဝန်ကို ကျေပွန်စွာ အောင်မြင်စွာ ထမ်းရွက်နှိုင်ပေလိမ့်မည် ဖြစ်ပေသည်။ ဤသို့မဟုတ်ဘဲ စစ်သားလူထွက်များကိုသာ နေရာတိုင်းတွင် ထားရှိအုပ်ချုပ်နေမည်ဆိုပါက၊ ထမင်းတစ်နပ် လျှော့စားပါ၊ လျှပ်စစ်များများထွက်အောင် ထရန်စဖော်မာ ကြီးကြီးထိုင်၊စသဖြင့် လူပုံအလယ် အရှက်တကွဲ ဖြစ်စေမည့် မဟုတ်တရုတ် စကားသံများကိုသာ ကြားရလိမ့်မည် ဖြစ်ကာ နိုင်ငံတော်အနေနှင့်ကား ဟုတ်တိပတ်တိ တိုးတက်အောင်မြင်လာလိမ့် မည်မဟုတ်ဘဲ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်ကာ နောင်တစ်ချိန်တွင် တိုင်းပြည်တစ်ခုလုံး တစ်စစီပြိုကွဲ မည့်အရေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့ ပြည်သူများအနေနှင့် လူမှန်နေရာမှန် ရောက်ရှိစေရေးကို ၀ိုင်းဝန်း ကြိုးပမ်းသင့်လှပေသည်။

Wednesday, July 24, 2013

" ဒီရေမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း "

(12 July 2013)နေ့ ထုတ် လူထုပုံရိပ်ဂျာနယ်မှာ ဒီမိုဝေယံဘလော့ဂ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် တဦးဖြစ်ပြီး လူထုအကျိုးပြု ဆောင်းပါးတွေနဲ့ နိုင်ငံရေး ဆောင်းပါးတွေ ရေးသား ဖော်ပြနေတဲ့
ဒေါက်တာလှိုင်မြင့်နဲ့ ဒီရေမှ လျှပ်စစ်ထုတ်လုပ်မှု အကြောင်း အင်တာဗျူးပါရှိခဲ့ပါတယ်..။

ထိုသို့ အင်တာဗျူး ပါရှိလာပြီး လူထုပုံရိပ်ဂျာနယ် စာဖတ်ပရိသတ်များမှ ဒေါက်တာလှိုင်မြင့်ထံသို့ ဆက်သွယ် မေးမြန်းလာသော ဒီရေမှလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ အမေးများနှင် ဒေါက်တာလှိုင်မြင့်အဖြေအား ဖော်ပြလိုက်ပါတယ်..။
http://www.demowaiyan.org/2013/07/blog-post_24.html
(12 July 2013)နေ့ ထုတ် လူထုပုံရိပ်ဂျာနယ်မှာ ရေစီးကနေရေကာတာမလိုဘဲ လျှပ်စစ်ထုတ်လုပ်မှု စမ်းသပ်အောင်မြင်တဲ့ အင်တာဗျူး ပါလာတော့ တချို့ သော စာဖတ်ပရိတ်သတ်တို့မှ စိတ်ဝင်တစား မေးမြန်းလာတာလေးတွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ မှတ်မိသလောက်လေးတွေကို အများသိနိုင်ရန်နဲ့ အင်တာဗျူးတွင် မပါသော အချက်အလက်များကို ဖြည့်စွက် တင်ပြလိုက်ပါတယ်။

မေးခွန်း(၁) ဆရာရေကာတာ ဆောက်စရာမလိုဘူး နောက်အရင်းအနှီးကလဲ မများဘူးဆိုတော့ အရင်းဘယ်လောက် ကုန်ကျနိုင်ပါမလဲ။ ဆရာပြောတဲ့ အရင်းဒေါ်လာ သောင်းဂဏန်းဆိုတာ သိချင်ပါတယ်။

(ဖြေ) ဒါကတော့ ရေမြောင်း၊ ချောင်း၊ မြစ်သေးသေး၊ မြစ်ကြီးကြီး စသည်ဖြင့် အရွယ်အပေါ် မူတည်စဉ်းစားရပါမယ်။ ကျနော်အခု စမ်းသပ်ခဲ့တဲ့ ရိုးချောင်းကလေးဟာ ၁၂ -ပေကျယ်ပြီး ၅-ပေဘဲနက်ပါတယ်။

အဲဒီရီုးကလေးပေါ်မှာ တည်ဆောက်ရင် ဒေါ်လာတစ်/နစ်သောင်း (မြန်မာငွေသိန်း-၁ဝဝ / ၂ဝဝ ) ဆိုတာအများဆုံး ကုန်နိုင်ပါမယ်။ အဲဒီရိုးကလေးကနေ မြင်းကောင်ရေ ၅ဝ ကနေ ၃ဝ ထွက်မယ် ခန့်မှန်းထားပါတယ်။

မြင်းကောင်ရေက လျှပ်စစ်အား ၇၄၆ ဝပ် (746 watts) ဆိုရင် စက်၏အား မြင်းကောင်ရေတစ် ရှိပါတယ်။ မြင်းကောင်ရေ - ၅ဝ ဆိုရင် လျှပ်စစ်အား (ဝ.၇၄၆ x ၅ဝ = ၃၇.၃) ကီလိုဝပ် 37 - Kilo – watts ရှိပါတယ်။ တနည်း တစ်နာရီကို လျှပ်စစ်ယူနစ် ၃၇ -ယူနစ်ရပါမယ်။ တနေ့လုံးဆိုလျှင် လျှပ်စစ်ယူနစ် (၈၉၅) ယူနစ်ရပါမယ်။ တစ်ယူနစ်ကို ကျပ် ၅ဝ နှုန်းနဲ့  ဆိုလျှင် တစ်နေ့ကို ကျပ်- ၄၄၇၅ဝ ရပါမယ်။ (မှတ်ချက်။...။ တစ်ကီလိုဝပ် - ၁ဝဝဝ- ဝပ်အားကို တစ်နာရီသုံးစွဲလျှင် လျှပ်စစ် တစ်ယူနစ် ဖြစ်ပါသည်။)

တစ်နှစ်ပတ်လုံးဆိုလျှင် ဝင်ငွေကျပ်သိန်း (၁၆ဝ) ခန့်ရပါသည်။ လျှပ်စစ်က ညပိုင်းတွင် အသုံးနည်းတာကို လျှော့တွက်ပြီး ဝင်ငွေသိန်း (၁ဝဝ) ခန့်တွက်လျှင် ထိုစက် အသေးလေးကို ပိုင်သူအတွက် တစ်နှစ်အတွင်း အရင်းကျေကာ နောင်နှစ်များတွင် အမြတ်ငွေ ချည်းသာဖြစ်ပါတော့မယ်။

ဒါကတစ်ယူနစ်ကို ကျပ်ငါးဆယ်နှင့် တွက်ထားဖြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံမှာ မြန်မာပြည်က ဓါတ်ငွေ့နှင့် ထုတ်ပြီး လျှပ်စစ်ဖြန့်ဖြူးနေတာ တစ်ယူနစ်ကို ၂ဝဝ ကျပ်ဖြစ်ပါသည်။ ယခုနေ စက်မှုဇုံတွေကို တစ်ယူနစ်လျှင် ၂ဝဝ -ကျပ်ဖြင့် ပေးနိုင်လျှင် အားလုံးကယူကြပါမည်။ သူတို့ကိုယ်ပိုင် ဒီဇယ်စက်ဖြင့် လည်ရလျှင် တစ်ယူနစ်ကို ၆ဝဝ မက ကုန်ကျပါသည်။

ကျေးရွာတွေဆိုလျှင် တစ်ယူနစ်သည် (၂ဝဝ-ကျပ်) ဖိုးသည် ၂- ပေမီးချောင်း ၅ဝ - ချောင်းကို တစ်နာရီ ထွန်းနိုင်တော့ အိမ် ၅ဝ -ကို မီးပေးထားနိုင်ပါသည်။ ကီလိုဝပ်အား ၃၇-ကီလို ဆိုလျှင် အိမ်ထောင်စုပေါင်း - ၁၈၅ဝ ကိုပေးနိုင်ပါပြီ။ တစ်အိမ်ထောင်ကို တစ်ညအတွက် မီးကြေး ၁ဝဝ-ကျပ် ကောက်ခံလျှင် တစ်ညလျှင် ဝင်ငွေ-၁၈၅ဝဝဝ -ကျပ်ရနေပါပြီ။

တစ်ခါနေ့ခင်းအတွက် လုပ်ငန်းရှိသူတွေ အဝတ်လျှော်စက် ရေခဲသေတ္တာ လျှပ်စစ်မီးပူ လျှပ်စစ်မီးဖိုပါ သုံးလျှင် သီးသန့် ဝင်ငွေရပါဦးမည်။ ဆန်ဖွတ်စက် တခြားစက်များထူထောင်လည်ပတ်လာကြပါမည် ။ ထိုနေ့ ခင်းဘက် ဝင်ငွေကိုပါ တွက်ချက်လျှင် အထက်က တွက်ချက်ထားသော စက်မှုဇုံကို ရောင်းသည်ထက်များစွာ ဝင်ငွေပိုနေပါမည်။

မေးသူက အရင်းအနှီးကို မေးတာကျနော် တဆက်တည်း ဝင်ငွေကိုပါ ခန့် မှန်းပေးလိုက်ပါတယ်။ အခုနမူနာ တင်ပြလိုက်တာကတော့ ချောင်းသေးရိုးကလေး အရွယ်ပါ။ ချောင်းကြီးကြီးဆိုရင် အရင်းသိန်းထောင် သောင်းချီကုန်ကျပါမယ်။ ဒါပေမဲ့ အရင်းအဆ ၁ဝဝ ကွာပေမည့် လျှပ်စစ် အထွက်ကျတော့ ချောင်လေးထက် အဆ ၁ဝဝ မကတော့ဘူး။ ပိုပါပြီ။

အထက်က တွက်ချက်တာကို တစ်ယူနစ်ကို ၂ဝဝ-ကျပ်နှုန်းနှင့် တွက်ချက်ပါက၃- လနှင့်ပင် အရင်းကျေနေပါပြီ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ လျှပ်စစ်တစ်ယူနစ်ကို မြန်မာငွေနဲ့ ၄ဝဝ ကျော်နေမယ် ထင်ပါတယ်။ အင်ဒိုနီးရှားဟာ တချိန်က သဘာဝဓါတ်ငွေ့ အများအပြားထွက်ခဲ့ပြီး ယခုကုန်ခမ်းသွားပါပြီ။

ပိုအရေးကြီးတာက စွမ်းအင် ထုတ်လုပ်မှုမှာ ရေကာတာကနေ ထုတ်လုပ်တာက လျှပ်စစ်တစ်ယူနစ် တန်ဖိုးမှာ အသက်သာဆုံးပါ။ သူ့ နောက်မှာ ကျောက်မီးသွေး။ သဘာဝဓါတ်ငွေ့။ ဈေးအမြင့်ဆုံးကတော့ ဒီဇယ်နဲ့ ထုတ်လုပ်မှုပါ။

အခုတွေ့ ရှိတဲ့နည်းကတော့ ရေကာတာထက်ကို ထက်ဝက်မက သက်သာနိုင်ခြေ ရှိနေပါတယ်။

(မေး) ဆရာက အဲဒီရိုးမှာကို ပေ-၂ဝဝ - သို့ မဟုတ် ပေ - ၅ဝဝ- အကွာမှာကို နောက်ထပ် စက်တခု ထပ်ဆောက်နိုင်တယ်ဆိုတာ ဘယ်လိုကြောင့် ဖြစ်နိုင်တာပါလဲ။ ခန့် မှန်းတာလား စမ်းသပ်ပြီးတာလား။

ခန့်မှန်းတာပါ။ ယခုစမ်းသပ်ချက်ကလည်း သဘောတရားကို မှန်းဆပြီး မျက်စေ့ထဲပုံဖေါ်ပြီး ဒီဇိုင်း ဆွဲယူထားတာပါ။ ဒီဇိုင်းဆွဲပြီး ဖိုင်ကဒ်ထူနဲ့ နမူနာ ပုံစံချိုးယူ တည်ဆောက်ပါတယ်။ ယခုစက်ကို စမ်းသပ်လည်ကြည့်ပြီးမှ ပေ ၂ဝဝ အကွာမှာလဲ ထပ်လုပ်နိုင်တယ်ဆိုတာကို သိလာတာပါ။ မူလကဒီလောက် မထင်ထားမိပါဘူး။

ဒီလိုခန့်မှန်းရတာကလဲ ကျနော့်ရဲ့ တာဘိုင်ကိုက ရေကာတာက တာဘို်င်ကြီးတွေလိုရေမျက်နာပြင် နစ်ခုအမြင့် ကွာခြားချက်တွေ ရေစီးအားကို အခြေခံထားတဲ့ တာဘိုင်တွေနဲ့ မတူဘဲ ကျနော်က တာဘိုင်ထဲကို ဖြတ်သန်းသွားတဲ့ ရေထုထည်နဲ့ ရေ၏ စွမ်းအားကို တွက်ဆထားတဲ့ တာဘိုင်ပါ။

ပိုရှင်းအောင်ပြောရရင် ဥပမာ ရေမြောင်းလေးထဲမှာ ပစ္စည်းလေးတစ်ခု ချထားမယ်။ ပြီးရေမြောင်းကို ရေတစ်ပုံး လောင်းချလိုက်ရင် ရေစီးအားကြောင့် ထိုပစ္စည်းက ၁- ပေရွှေ့ သွားမယ်ဆိုရင် ရေဆယ်ပုံးကို လောင်းချလျှင် ၁ဝ ရွှေ့မယ်လို့ တွက်ဆနိုင်ပါတယ်။ တကယ်လက်တွေ့မှာက ၁ဝ ပေမကများစွာ ရောက်သွားပါတယ်။
ရေမှာနောက်က ပံ့ပိုးနေတဲ့အား အဲဒါရှိနေပါတယ်။

ဒါကြောင့်မို့ ဆူနာမိဖြစ်တော့ ရေတက်လာတာ ရေကသိပ်မမြင့်သေးခင် အိမ်တွေ ကားတွေကို သယ်မ သွားတော့တာပါဘဲ။ အဲဒီရေအမြင့်လောက်၊ အဲဒီရေစီးနှုန်းလောက် ရေထုနဲ့  ချောင်းရေကျလာလျှင် အဲဒီကားကို သိပ်မရွေ့ စေနိုင်ပါဘူး။ ဆူနာမိအားက သယ်မယူသွားတာ သိပ္ဗံပညာရှင်တွေ တွက်ချက် အဖြေရှာနေကြတုံးပါ။ ထူးခြားတာက ဆူနာမိရေလှိုင်းဟာ ရေထုအနေနဲ့ မဟုတ်ဘဲ စွမ်းအင်အနေနဲ့ သမုဒ္ဒရာ ရေပြင်အောက်ကနေ ရေတွေ မရွေ့ဘဲ အသံရဲ့ အမြန်နှုန်းနဲ့  နာရီပိုင်းလေးအတွင်း အဝေးကြီးမှာ သွားရိုက်ခတ် ပါတော့တယ်။

အဲဒါသိပ္ဗံပညာရှင်တွေ လေ့လာနေကြရသေးတဲ့ ရေရဲ့  အရွေ့ စွမ်းအားဘဲ။ ကျနော့်အထင် ရေကရေလုံး (ရေထု )ကျယ်လေ ဘေးကရေအားရဲ့ အရှိန်တွေ ပါလာတတ်ပြီး ပိုအားကောင်းလေလို့ ထင်တာပါဘဲ။ သိပ္ဗံပညာရှင်တွေ အဖြေမတွေ့ သေးတော့ ဒီလောက်ဘဲပြောချင်ပါတယ်။

နောက်ကျနော့် တာဘိုင်က အထဲကိုဖြတ်သွားတဲ့ ရေထုထည်ကို အခြေခံထားတာဆိုတော့ နောက်တစ်နေရာ ရောက်လဲ ဒီရေထုထည်က အတူတူဘဲ။ ဒီရေထုကဘဲ တာဘိုင်ထဲ ဖြတ်ရမှာဆိုတော့ ဒီအားဘဲပြန်ရပါမယ်။ ခုနပြောတဲ့ ဆူနာမိရေလုံးအားကို မထင်မှတ်ဘဲ စဉ်းစားမိလာတာပါ။

တဆက်ထဲပေါ့။ သံလွင်ဖြစ်ကြီးဆို ရေစီးအားက သိပ်ကောင်းတော့ သံလွင်မြစ်ပေါ်မှာတာဘိုင်ကြီးတွေ ဆင့်ကဲဆင့်ကဲ ထိုင်သွားရင် ထိုင်းကို ကမ္ဘာတည်သလောက် ထိုင်ရောင်းနေလို့ ရပြီ။ သံလွင်မြစ်ကို ပိုင်ဆိုင်သူတဲ့ တိုင်းရင်းသားတွေဟာ အာရပ်ရေနံ သူဌေးတွေလို တရက်ကို ၂ -နာရီကနေ ၄ -နာရီ အလုပ်လုပ်ရုံနဲ့  ကိုယ်ပိုင်လေယာဉ်တွေ စီးနိုင်ကြပါမယ်။ သံလွင်မြစ်ကြီးဟာ ဧရာမ ရတနာသိုက်ကြီး ဖြစ်လာပါမယ်။

ရေကာတာကြီးတွေ ဆောက်တာထက်ကို လျှပ်စစ်အား အများကြီးပိုရပါမယ်။ နွေရာသီ ရေနည်းချိန်မှာကို ရေကာတာကြီးတွေ ထွက်သလောက်တော့ ထွက်မယ် ယူဆရတာပါဘဲ။

တခါ အခုဒီတာဘိုင်ကိုဘဲ ဥပမာရဲရွာရေအား လျှပ်စစ်စက်ရုံမှာ ရေတွေကို ဆည်ထားပါတယ်။ အဲဒီဆည်က ရေကန်က ရေတွေက ရေထွက်ပေါက်ကနေ လျှပ်စစ်တာဘိုင်ထဲကို လွှတ်ပေးပါတယ်။ အဲဒီရေထွက်ပေါက်ထဲ ဝင်မဲ့ရေ အဝင်လမ်းကို ဆည်မြောင်းပုံစံ (ဝင်ကမ္ဘာပုံပေါ့ )အကန့် တွေလုပ်ပြီး ရေစီးမြောင်း ဖေါ်ထားလိုက်မယ်။ ဓါတ်အားထုတ်တဲ့ စက်ထဲဝင်မဲ့ ရေတွေကို မြောင်းအရှည်ကြီး (ဝင်ကမ္ဘာပုံစံ)လုပ်ပြီး မြောင်းထဲဖြတ်စီးခိုင်းရင်၊ ရေစီးဆင်းနေတဲ့ မြောင်းတခုရလာမယ်။ အဲဒီရေဆင်းမြောင်းမှာ တာဘိုင်တွေ ဆင့်ကဲဆင့်ကဲ ထိုင်ထားလိုက်ရင် အဲဒီရေစီးအားကနေကို လျှပ်စစ်တွေ (အပိုဆုသဘော )ထွက်နေပါဦးမယ်။ ရေကာတာရဲ့  ရေထွက်ပေါက်အောက်မှာလဲ တာဘို်င်တွေ ထိုင်ထားရင် လျှပ်စစ်တွေ ထပ်ရနေပါဦးမယ်။

ဒါတင်မကသေးပါဘူး။ အခုဂျိုးဖြူရေပိုက်ကြီးထဲက တစ်နေရာတိုင်းမှာ ပိုက်ကိုတာဘိုင်အထဲ ဖြတ်စေမယ်ဆိုရင် ဂျိုးဖြူပိုက်ရဲ့ ရေစီးအားကနေ လျှပ်စစ်ထွက်နေပါမယ်။

ငမိုးရပ်ချောင်းဆိုရင် ဒီရေအတက်အကျက ကြမ်းတော့သုဝဏ္ဏနား ကနေအထက်ကို ပေ ၅ဝဝ အကွာအဝေးတိုင်းမှာ ရေတားဆည်တွေ ဆောက်ပြီး စီးဆင်းနေတဲ့ ရေအားလုံးကိုသာ ဖမ်းယူ လျှပ်စစ်ထုတ်မယ်ဆိုရင် ကျနော့်ခန့် မှန်းပေါ့ တစ်နေရာမှာကိုကီလိုဝပ်အား၁ဝဝဝ ကနေ၂ဝဝဝ (ဝပ်အား ၁ဝဝဝ = တစ်-မီဂါဝပ်) တွေ အများကြီးရပါမယ်။ ၅ဝဝဝ လောက်လဲရနိုင်ပါမည်။ အားဘယ်လောက်အထိ ရနိုင်မယ်ဆိုတာကို လုပ်ကြည့်မှ သိလာပါမယ်။ ဒါလျော့ပေါ့တွက်ဆထားတာပါ။

(မေး) ဆရာအဲဒီ့ ရေစီးကိုကြည့်ပြီး အားပမာဏကို ဘယ်လိုခန့် မှန်းတယ် ဆိုတာကိုပြောပြလို့ ရမလား ။ ကျနော်တို့ လဲ ခန့်မှန်း တတ်ချင်ပါတယ်။

(ဖြေ) ခန့် မှန်းတာကအကြမ်းဖျင်းပေါ့ ၊ ငမိုးရိပ်ချောင်းရဲ့ အကျယ်ပမာဏကိုအရင်ခန့် မှန်းရပါတယ်။ ပေ ၁ဝဝဝ -လောက် မကကျယ်တယ်။ ပေ၂ဝ - လောက်နက်မယ် ဆိုရင် ထုထည်(ခန့် မှန်းပေါ့)။ အဲဒါကိုရေပြင်ရဲ့အလျား၁-ပေလောက်ကိုထုထည်တွက်ရင် ရေထုထည် ကုဗပေ-၂- သောင်းရှိတယ်။ (၁ဝဝဝ x ၂ဝ x ၁ ) ကုဗပေပေါ့။ အဲဒါ တစ်စက္ကန့် မှာဖြတ်သွားနေတဲ့ ရေထုထည်နော်။ (ခန့်မှန်း)။

အဲဒီရေထုထည် ( ကုဗပေ-၂ဝဝဝဝ ) ကိုတွန်းရွှေ့ ဖို့  မြင်းကောင်ရေအားဘယ်လောက်လိုမလဲ ။ တနည်းအဲဒီရေထုနဲ့ညီမျှတဲ့ရေတွေထဲ့ထားတဲ့ စီဘီတွဲကြီးကိုရွှေ့ အောင် မြင်းဘယ်နှစ်ကောင်ရှိတဲ့ စက်နဲ့ ဆွဲရပါ့မလဲ။ အဆင်ပြေသလိုခန့် မှန်းကြည့်တာပါ။

ရေပြင်ရဲ့ ထုကို ၁ဝ -ပေလောက် အလျားထားတွက်ကြည့်ရင် ရေထုထည်-၂-သိန်းရှိပါမယ်။ ၂-သိန်းကုဗပေရှိတဲ့ ရေထုဆို စဉ်းစားကြည့်ပေါ့။ ဒါအထက်က ပြောသလို ဆူနာမိသဘော ဆင့်ကဲဆင့်ကဲ ရေထုရဲ့ ဖိအားမပါသေးဘူး။

ငါ့တူတို့ လဲစဉ်းစားတဲ့ အလေ့အကျင့်လေး လုပ်ကြပါ။ သြစတေးလျမှာ SBS ဆိုတဲ့ ရုပ်သံလှိုင်းမှာ မကြာခန နည်းပညာတွေကို ထုတ်လွှင့်တဲ့ ကဏ္ဍလေး လွှင့်တတ်တယ်။ အဲဒီလိုကဏ္ဍတွေကို မြန်မာပြည်မှာ ဖက်စပ် ထုတ်လွှင့်ပေးရင် လူငယ်တွေ တီထွင်ကြံဆအားတွေ စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ အများကြီး ကောင်းလာပါမယ်။ အဲဒီကဏ္ဍကို လူငယ်တွေ အထူးကြိုက်နှစ်သက် ကြကမယ်လို့ ယုံကြည်ပါတယ်။

(မေး) ဆရာပြောတဲ့ လူလတ်တန်းစား မိသားစုတွေ ဒေါ်လာသန်းကြွယ် သူဌေး ဖြစ်လာစေရမယ် ဆ်ိုတာကှို ရှင်းပြပေးနိုင်မလား။ ရည်မှန်းချက်က ဘယ်လိုပါလဲ။ (ရန်ကုန်က လူကြီးတစ်ဦး)

(ဖြေ) ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင် ဦးနေဝင်း အုပ်ချုပ်လိုက်တာ အရှေ့ တောင်အာရှရဲ့  စံပြုရတဲ့ နိုင်ငံအဆင့်ကနေ ၂၅-နှစ်မှာ ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်း (L.D.C Least Developed Countries) ထဲကို ရောက်သွားပါတယ်။ ဦးနေဝင်း အာဏာသိမ်းအပြီး ငွေရတုနှစ်မှာ ဒေဝါလီ ကြေငြာတာ ခံလိုက်ရပါတယ်။ န.အ.ဖ လက်ထက်မှာတော့ လူထုလက်ထဲက ပိုင်ဆိုင်တဲ့ ဓနတွေကို ကားပါမစ် ဖုန်းပါမစ် အလုပ်ပါမစ် မလုပ်သင့်တာတွေနဲ့  ညစ်ပတ်ယူထဲ့လိုက်တော့ လူလတ်တန်းစား ပျောက်သွားပါတယ်။

နိုင်ငံတခု စီးပွားတိုးတက်ဖို့က လူလတ်တန်းစား အများကြီးရှိဖို့ လိုပါတယ်။ အဲဒီလို လူလတ်တန်းစားတွေကို ဒေါ်လာသန်းဂဏန်း ချမ်းသာသူတွေ များများဖြစ်လာအောင် လုပ်ပေးနိုင်ဖို့  ရည်ရွယ်တာပါ။

တကယ်က LDCထဲကနေ ထွက်ဖို့ ရည်မှန်းချက်က အစိုးရရဲ့တာဝန်ပါ။ ကျနော့် တာဝန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်နိုင်ငံရေး အင်အားစု ဘယ်အစိုးရ တာဝန်ရှိသူတွေကမှ ထုတ်ဖေါ် မပြောလာလို့ ကျနော်က ပြောလာရတာပါ။ နောက်တခုက ကျနော်တတ်နိုင်တဲ့ အပိုင်းလေးကနေ နဲနဲလေးဖြစ်ဖြစ် စလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားလို့ပါ။

အဆိုလေးရှိပါတယ်။ Think globally, Act locally. ကမ္ဘာနဲ့ချီပြီး စဉ်းစားဒေသမှာ စတင်လိုက်ပါ။ နောက်တခုပေါ့။ သမ္မတ အိုဘားမားစကားကို ယူသုံးရလျှင် YES WE CAN လို့ စိတ်အားတင်း လုပ်ပါမယ်။ အဓိကက တကိုယ်ကောင်းစိတ် မမွေးရင် အဲဒီစီးပွားစုက အင်အားကြီးလာပါမယ်။ အရင်းခံကတော့ စိတ်ဓါတ်ပါဘဲ။ တိုင်းပြည်အတွက် တကယ်အလေးအနက် ထားသူမှန်လျှင် ဗိုလ်ချုပ်လို မာန်မာနကင်းတဲ့ စိတ်က အလိုလို ဖြစ်လာပါတယ်။ ဗိုလ်ချုပ်လိုမဟုတ်ဘဲ မာန်တက်နေပြီဆိုရင်တော့ အဲဒီလူဟာ ဦးနေဝင်းစိတ် တစတပေါ်လာနေသူပါ။ ဘယ်အာဏာရှင်မှ ကျနော်အာဏာကို အကြွင်းမဲ့ ဆုပ်ကိုင်မယ် မပြောပါဘူး။

အခုနိုင်ငံရေးလောကမှာ အမတ်လေးဖြစ်ပြီဆိုတာနဲ့ နိုင်ငံတကာက ဖိတ်ကြားလို့ သွားနေရသူတွေ အတိုက်အခံအချို့ ပင်လျှင် မာန်တက်ပြချင်သူတွေ တွေ့ လာနေရပြီ။

(မေး) ဆရာရေးဖူးတာမှာ အခုစွမ်းအင်ဟာ
စွမ်းအင်ကဏ္ဍမှာတော်လှန်ရေးအပြောင်းအလဲလို့ ပြောလာတာဘာကြောင့်ပြောနိုင်တာပါလဲ ။

ကမ္ဘာမှာ အမေရိကန်၊ ဂျပန် ဥရောပနိုင်ငံတိုင်းဟာ ယနေ့ ရေနံနဲ့ ကျောက်မီးသွေးတွေ မတရားသုံးစွဲနေရတော့ ရေနံဈေးတွေ တက်ပီးရင်း တက်လာတာရယ် တချိန်မှာ ၎င်းရေနံတွေ ကုန်ခမ်းသွားမှာ ကမ္ဘာကြီးပူနွေးလာမှု တို့ ကိုရပ်တန့် ရန် အစိုးရတွေက ငွေအမြောက်အများ ထုတ်ပေးပြီး သဘာဝစွမ်းအင် အတွက်များစွာ အကုန်ခံ ဆောင်ရွက်နေပါတယ်။ အမေရိကန်နိုင်ငံမှာ တနှစ်ကိုဒေါ်လာ သန်း-၆ဝဝ ကျော်အထိ ထောက်ပံ့ပါတယ်။ တက္ကသိုလ်ကြီးတွေက ကိုယ်ပိုင်ငွေနဲ့  အကုန်ခံ နေတာတွေကလဲ အများကြီး။

ဂျပန်တက္ကသိုလ်ကြီးတွေမှာ အင်္ဂလန်ဝန်းကျင်က ဒီရေရေလှိုင်းတွေကနေ လျှပ်စစ်ထုတ်နိုင်လျှင် လျှပ်စစ် တီတာဝပ် (Tita watts ) ၆ဝ-ကျော်ရနိုင်မယ်လို့  တွက်ဆထားပါတယ်။

(one Tita watt = 1000 Giga watts) (one Giga watt = 1000 Mega watts)

(one Tita watt = 1,000,000 Mega watts) / One Tita = One Million Mega watts.

မြစ်ဆုံရေကာတာ ၁၆၆ လုံးလောက်အားနဲ့ ညီမျှပါမယ်။ အင်္ဂလန် ဝန်းကျင်တခုလုံးဆို မြစ်ဆုံဆည်မျိုး အလုံး ၁ဝဝဝဝ လောက်ကထွက်တဲ့ စွမ်းအင်ရှိနေပါတယ်။
တော်လှန်းရေးလို့ ပြောလိုက်ရတာကတော့ စွမ်းအင်ရယူမှု စံနစ်ကြီး ပြောင်းပြစ်တာ ဖြစ်လာမှာမို့ ပြောရတာပါ။ တကမ္ဘာလုံး လိုက်လုပ်နိုင်ပါပြီ။ ကျနော်အစက မြန်မာပြည်နင့် တချို့ နိုင်ငံတွေလောက်သာ ရနိုင်မယ်လို့ တွက်ဆထားမိပါတယ်။ အခုတကယ် လက်တွေ့ တွေ့ရှိချက်တွေအရ နိုင်ငံတိုင်းနီးနီးလုပ်နိုင် ထုတ်နိုင်ပါမယ်။ မြစ်ရှိမယ် ချောင်းရှိရင် လျှပ်စစ်ထုတ်နိုင်ပါတော့မည်။

လျှပ်စစ်ဈေးချိုလျှင် လျှပ်စစ်ကားတွေ သုံးစွဲလာပြီး ရေနံ အသုံးနည်းသွားမှာပါ...။ အာရပ်ကမ္ဘာ အိုပက်ကြီး အ်ိုင်ပက်ဘဝ ရောက်ရပါတော့မည်။ ဒီလိုအမြင်ကို တက္ကစီ ကားဆရာတစ်ဦးက မေးမြန်း ဆွေးနွေးလာခဲ့ပါတယ်။ သူက အိုအိုင်စီအဖွဲ့က ဘာသာရေး လူဝင်မှုအရေးမှာ သိသိကြီးနဲ့  ငွေများ တရားနိုင်လုပ်နေတာကို အတော် မကျေမချမ်းဖြစ်နေသူ။ ကျနော်ကရှင်းပြတော့ ဝမ်းသာလွန်းလို့တဲ့။

ကျနော်ကပြောလိုက်ပါသည် မပူနဲ့ မပူနဲ့ မကြာခင်ခင်ဗျားရဲ့ အိုအိုင်စီ ထိုင်ငိုပီလို့။

တဆက်တည်းက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုတွေ ကျသွားမယ်။ ရပ်တန့် သွားမယ်ဆိုလျှင် ကမ္ဘာကြီး ပူနွေးမှုကြောင့် ရာသီဥတုဖေါက်ပြန်တာတွေ လျော့နည်းလာပြီး မိုးလေဝသ မှန်လာပါတော့မယ်။ ပင်လယ်ရေမျက်နာပြင် မြင့်တက်လာလို့  ပျောက်ကွယ်လုနီးနီး ကျွန်းလေးတွေကို ကယ်ဆယ်နိုင်တော့မှာပါ။ ပစိဖိတ်သမုဒ္ဒရာထဲက KIRIBATI ကျွန်းလေးဟာ ဆယ်နစ်အတွင်း ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။

ကျနော်ကတော့ ဒီတွေ့ ရှိချက်ကြောင့် မာနမထောင်လွှားပါဘူး။ ပီတီနဲ့ တော့ ကျေနပ်နေမိပါတယ်။ လူသားတွေကို အများကြီး အကျိုးပြုနိုင်တာကို ကျေနပ်နေပါတယ်။

ဆက်လက်ရေးသား ဖော်ပြပါဦးမယ်။

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်

ဓာတ်ပုံ.. ဒေါက်တာလှိုင်မြင့်၏ ဒီရေလျှပ်စစ်အား ထုတ်လုပ်မှုအား
ဘိုကလေးမြို့နယ်ရှိ ချောင်းတာရိုးအတွင်း စမ်းသပ်စဉ်.. မြင်ကွင်း                                                    Credit to > De Mo Wai Yan > Thanks


Friday, July 19, 2013

အိမ်မြှောင်ကပေးတဲ့ သင်ခန်းစာ



ဂျပန်နိုင်ငံက အိမ်တစ်အိမ်မှာ အိမ်ကိုပြန်လည်ပြုပြင်ဖို့ နံရံကိုခွာကြပါတယ်…. ဂျပန်အိမ်တွေဟာ သာမန်အားဖြင့် သစ်သားနံရံနှစ်ခုကြားမှာ ဟပြီး အခေါင်းပေါက်လိုမျိုး ထားလေ့ရှိပါတယ်…

နံရံကိုခွာချလိုက်တဲ့အခါ အိမ်ရှင်ဟာ ခြေထောက်မှာသံချောင်းစိုက်နေတဲ့ အိမ်မြှောင်တစ်ကောင်ကိုတွေ့ရပါတယ်… အိမ်အပြင်ဘက်ကရိုက်လိုက်တဲ့ သံတစ်ချောင်းဟာ အထဲကအိမ်မြှောင်ရဲ့ခြေထောက်မှာ သွားစိုက်နေတာဖြစ်ပါတယ်…

အိမ်မြှောင်ကိုကြည့်ပြီး သူတော်တော်သနားသွားပါတယ်… တစ်ချိန်ထဲမှာပဲ သိချင်စိတ်လည်း ပြင်းပြသွားပါတယ်… ဘာကြောင့်လဲဆိုတော့ သံချောင်းကိုကြည့်လိုက်တဲ့အခါမှာ ဒီအိမ်ကို စဆောက်ခဲ့စဉ် လွန်ခဲ့တဲ့ ၃ နှစ်က ရိုက်ထားတဲ့သံချောင်းဖြစ်နေလို့ပါပဲ…

ဒီအိမ်မြှောင်ဟာ ဒီလိုပုံစံမျိုးနဲ့ ၃ နှစ်လုံးလုံးအသက်ရှင်နေနိုင်တယ်ဆိုတာ အံ့သြစရာပါပဲ… မှောင်မည်းနေတဲ့ နံရံနှစ်ခုကြားမှာ ၃ နှစ်လုံးလုံးမရွေ့မလျားပဲ အသက်ရှင်နေနိုင်တယ်ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ… တကယ့် အံ့မခန်းပါပဲ…

ဒီအိမ်မြှောင်ဟာ ၃ နှစ်လုံးလုံး ဘယ်လိုအသက်ရှင်နေထိုင်နိုင်လဲဆိုတာကို သူ တအံ့တသြဖြစ်နေပါတယ်… ခြေထောက်မှာသံရိုက်ထားတဲ့အတွက် နည်းနည်းလေးမှ လှုပ်ရှားသွားလာလို့ ရမှာမဟုတ်ပါဘူး….

ဒါကြောင့် သူက လုပ်လက်စအလုပ်တွေကိုရပ်ထားပြီး အိမ်မြှောင်ကိုစောင့်ကြည့်ပါတယ်… ဒီအိမ်မြှောင်ဘာတွေလုပ်နေတယ်… ဘာတွေစားနေတယ်ဆိုတာကို သိရအောင်ပေါ့…

နည်းနည်းကြာတဲ့အခါ ဘယ်ကထွက်လာမှန်းမသိတဲ့ တခြား အိမ်မြှောင်တစ်ကောင်ကို တွေ့ရပါတယ်… ပါးစပ်မှာလည်း အစာကိုကိုက်ထားပါတယ်…

သူအံ့သြတကြီးဖြစ်သွားပြီး နက်နက်နဲနဲခံစားလိုက်ရပါတယ်… ခြေထောက်မှာ သံစူးနေတဲ့ အိမ်မြှောင်အတွက် တခြား အိမ်မြှောင်တစ်ကောင်က ၃ နှစ်လုံးလုံးအစာကျွေးနေတယ်ဆိုတာကို သူသိလိုက်ရပါတယ်…

မြင်ယောင်ကြည့်လိုက်ပါ… ၃ နှစ်ဆိုတဲ့အချိန်အကြာကြီးအထိ သူ့အဖော်အတွက် မျှော်လင့်ချက်တွေကိုဖမ်းဆုပ်ပြီး မငြီးမငြူအစာရှာကျွေးနေခဲ့တာပါ… သင့်ရဲ့ အဖော်အတွက်ဆိုရင်ကော သင်ဒီလောက်လုပ်ပေးနိုင်ပါ့မလားလို့ စဉ်းစားကြည့်ပါ…

စဉ်းစားကြည့်ပါ… သင့်ကိုကိုးလလုံးလုံးဝမ်းနဲ့လွယ်.. ဒုက္ခပေါင်းစုံသင့်အတွက်ရင်ဆိုင်ပြီး သင့်ကိုလူ့လောကထဲခေါ်ဆောင်ပေးခဲ့တဲ့ သင့်အမေအတွက်ကော သင်ဒီလိုလုပ်ပေးနိုင်ပါ့မလား… ဒါမှမဟုတ် သင့်အဖေ… မိတ်ဆွေသူငယ်ချင်း… ညီအစ်ကိုမောင်နှမတွေ… ဘယ်သူ့အတွက်သင်လုပ်ပေးနိုင်မလဲ….

ဒီလိုသေးငယ်တဲ့ သက်ရှိသတ္တဝါလေးလုပ်နိုင်တဲ့အလုပ်ကို ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတဲ့ သင့်လိုသက်ရှိလူသားတစ်ယောက်က မလုပ်နိုင်ခဲ့တာကို မြင်ယောင်ကြည့်လိုက်ပါဦး…

သတင်းအချက်အလက်နဲ့ ဆက်သွယ်မှုနည်းပညာတွေမြင့်မားတိုးတက်လာတာနဲ့အမျှ သတင်းအချက်အလက်တွေကို မြန်သထက် မြန်မြန်ဆန်ဆန် ကျွန်တော်တို့ ရယူအသုံးပြုနိုင်လာကြပါတယ်… ဒါပေမဲ့ သက်ရှိလူသားတွေကြားက ဝေးကွာမှုကကော ပိုပြီးနီးကပ်လာပါရဲ့လား….

ကျေးဇူးပြုပြီး သင်ချစ်ခင်မြတ်နိုးတဲ့သူတွေကို ဘယ်တော့မှမစွန့်ခွာပါနဲ့… သူတို့သင့်ကို တကယ်လိုအပ်နေချိန်မှာ သင်မအားသေးဘူးလို့ ဘယ်တော့မှမပြောပါနဲ့… သင့်ခြေဖဝါးအောက်မှာ ကမ္ဘာကြီးတစ်ခုလုံးကို သင်စိုးမိုးထားနိုင်တယ်ဆိုရင်တောင်မှ သူတို့အတွက် တစ်ခုတည်းသော ကမ္ဘာလောက က သင်ပဲဖြစ်နေပါလိမ့်မယ်…

လျစ်လျူရှုလိုက်တဲ့ တခဏတာဟာ သင့်ကိုချစ်တဲ့သူတွေရဲ့ နှလုံးသားကို တခြားအရာအားလုံးထက် နာကျင်ကျိုးပျက်စေပါလိမ့်မယ်… သင်တစ်ခုခုပြန်မပြောခင် စဉ်းစားကြည့်လိုက်ပါ… အလုပ်ဆိုတာ တစ်သက်လုံးလုပ်နေရမှာပါပဲ… သူတို့အတွက်ပေးလိုက်ရတဲ့ အချိန်က တကယ်တော့ တခဏတာလေးပဲ ကုန်သွားတာပါ…

General knowledge
နှိုင်းရင့်နွေ

“ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်”




- ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။လူအများကို နံ့သာဖြူစိုက်ပျိုးစေချင်
တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်းစိုက်ပျိုးရေး
ဌာနမှာ အလုပ်စ၀င်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ စစိုက်ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေရလာတဲ့ နံ့သာဖြူပင် ပျိုးပင် ၁၉၆ ပင်ကို နှာရောင်ဥယျာဉ်ခြံမှာ စိုက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်မှာ စိုက်ပျိုးရေးနဲ့ ပတ်သတ်
တဲ့ အကြံပေးအရာရှိ ဦးစုက နံ့သာဖြူပျိုး ပင်ကို စမ်းပြီးစိုက်တယ်။ ဦးတို့လုပ်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့ နံ့သာဖြူက ၁၀ပိဿာ၊ ၁၅ ပိဿာလောက် ထွက်တာ တွေ့ရတယ်။ နံ့သာဖြူ တစ်ပိဿာရဲ့ ကာလ တန်ဖိုးက သုံးသိန်းလောက်ရှိတယ်။ နံ့သာဖြူပင်က အပင်ငယ်ငယ်နဲ့တော့ ထုတ်လို့မရဘူး။ အနည်းဆုံး ရှစ်နှစ်လောက်တော့ စောင့်ရတာပေါ့။ ရှစ်နှစ်မှာ တစ်ပိဿာထွက်မယ်ဆိုရင် ကိုးနှစ်မှာ နှစ်ပိဿာ၊ သုံးပိဿာ
ဆိုတော့ သူက နှစ်ကြာလာလေလေ နံ့သာဖြူအနှစ်များလာပြီး တန်ဖိုးများလာလေလေပေါ့။ သူက နှစ်ကြာလေလေ တန်ဖိုးက တက်လာလေဆိုတော့ သူက ချက်ချင်းတော့ ၀င်ငွေမရပေမယ့် ရဖို့ကတော့ သေချာတယ်။ ကာလသတ်မှတ်ချက်တစ်ခု ရှစ်နှစ် ကိုးနှစ်လောက် စောင့်ထားမယ်ဆိုရင် ၀င်ငွေရဖို့ သေချာတယ်။

- နံ့သာဖြူရဲ့ ဈေးကွက်က ဘယ်နေရာတွေမှာ ဖြစ်ထွန်းလဲ။
မြန်မာပြည်မှာတော့ ဘယဆေးဆိုင် တွေမှာ ရောင်းတယ်။ အလေးချိန်နဲ့
ရောင်းတာ။ သူက တန်ဖိုးကြီးတဲ့အခါကျတော့ အများကြီးမ၀ယ်နိုင်ဘူး။ တစ်ခါဝယ်ရင် ၁၀ သား၊ ၁၅ ကျပ်သားလောက် ၀ယ်ကြတယ်။ ဒီလောက်ဝယ်ရင်တောင် သူက တော်တော်အသုံးခံတဲ့ပစ္စည်း။ အိန္ဒိယတို့၊
ဂျပန်တို့၊ သြစတြေးလျတို့၊ အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေမှာ
ရေမွှေးမှာ အခြေခံပစ္စည်း အဖြစ်သုံးကြတယ်။ သြစတြေးလျမှာဆိုရင်
နိုင်ငံခြားဝင်ငွေရတဲ့ သီးနှံတစ်ခုအဖြစ် ထုတ်လုပ်နေတယ်။ သြစတြေးလျမှာ တရားဝင်အစိုးရဈေးက နံ့သာဖြူတစ်တန်ကို သြစတြေးလျ ဒေါ်လာ
၁၅,၀၀၀ ရှိတယ်။ မှောင်ခိုဈေးမှာဆို တစ်တန်ကို ဒေါ်လာ နှစ်သန်းခွဲ တန်တယ်။ မြန်မာပြည်အနေနဲ့လည်း ဈေးကွက်ရှိပါတယ်။ အဓိကထွက်ဖို့ပဲ
လိုတာ။ ထွက်ဖို့ကလည်း စိုက်ဖို့လိုတယ်။ နံ့သာဖြူက အိန္ဒိယ နံ့သာဖြူနဲ့ သြစတြေးလျ နံ့သာဖြူဆိုပြီး နှစ်မျိုးရှိတယ်။ အကောင်းဆုံးကတော့ အိန္ဒိယ နံ့သာဖြူပဲ။ ဒီမှာကတော့ အဆီတစ်အောင်စကို ငွေကျပ် ၁၅,၀၀၀၊ ၂၀,၀၀၀ ရှိတယ်။

- နံ့သာဖြူကို ဘယ်နေရာတွေမှာ အသုံးပြုလို့ရပါသလဲ။
နံ့သာဖြူတို့၊ ကရမက်တို့ဆိုတာ မြန်မာအမျိုးသမီးတွေအတွက်တော့ နေ့စဉ်
လိမ်းသင့်တဲ့ပစ္စည်း။ နံ့သာဖြူလိမ်းရင် အပူငြိမ်းတယ်။ သူ့ကိုလိမ်းရင် စိတ်ရွှင်လန်းသွားတယ်။ ပေါ့ပါ့ပါးပါး ဖြစ်သွားတယ်။ နောက်တစ်ခုက ဖျားတယ်၊ နာတယ် အပူများမယ်ဆိုရင် နံ့သာဖြူလိမ်းရင် အပူကျသွားမယ်။ ကလေးတွေ ဒတ်တွေ၊ ၀ဲတွေပေါက်ရင် နံ့သာဖြူသွေးပြီး လိမ်းပေးရင်
ပျောက်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အရကတော့ အလှကုန်ပစ္စည်းတွေမှာ သုံးတယ်။ အဓိကကတော့ ရေမွှေးတို့၊ အလှ ကုန်ပစ္စည်းတို့ ထုတ်တဲ့အခါမှာ အခြေခံ ပစ္စည်းပေါ့။နံ့သာဖြူအဆီပဲ ဖြစ်ဖြစ်၊ အနှစ်ပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ အနံ့က ပြယ်မသွားဘူး။ သူ့ရဲ့ အဆီနည်းနည်းလေး ထည့်လိုက်တာနဲ့ အနံ့က လွှမ်းသွားတယ်။ သြစတြေးလျ နံ့သာဖြူကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နံ့သာကုထုံးတွေမှာ သုံးတယ်။

- ဘယ်လို မြေအမျိုးအစားတွေမှာ စိုက်ပျိုးတာ သင့်တော်ပါသလဲ။
ဒီအပင်က သစ်တောပင်ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့နေရာ
ဆို အနှစ်ပိုကျစ်လစ်တယ်။ မြေကောင်းတဲ့နေရာဆို ဖြစ်ထွန်းတာမြန်တယ်၊ နည်းနည်းပွတယ်။ အဓိကကတော့ စိမ့်စွဲနေတဲ့ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့
နေရာမျိုးကလွဲရင် ဖြစ် ထွန်းတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊
တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေတွေမှာလည်း ဖြစ်တယ်။ အဖြစ်နှေးတဲ့
အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာသေချာတယ်။ ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ်သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ လေးပိဿာ၊ ငါးပိဿာ လောက် ထွက်နိုင်တယ်။

- နံ့သာဖြူကို ဘယ်လိုမျိုး ပြုစုစိုက်ပျိုးရပါသလဲ။
စိုက်ဖို့က ကိုယ့်ခြံစည်းရိုး ပတ်လည်မှာ စိုက်လည်းရတယ်။ စီးပွားဖြစ် စိုက်
လည်း ရတယ်။ ကိုယ့်သားသမီးကို အကောင်းဆုံး အမွေပေးချင်တယ်ဆိုရင် သူသုံးနှစ်သားလောက်ကတည်းက စိုက် ထားရင် ၁၀နှစ်၊ ၁၂ နှစ်ရှိတဲ့အခါ
ကျရင် သူ့အတွက် စရိတ်မလိုဘူးပေါ့။ ခက်ခဲတာတစ်ခုက အပင်ကနုတဲ့
အတွက် ပထမ တစ်နှစ်မှာ ဂရုစိုက်ပေးဖို့လိုတယ်။ ဂရုစိုက်ရတယ်ဆိုတာက မှိုသတ်ဆေး၊ ပိုးသတ်ဆေးဖျန်းတာတို့ ပေါင်းရှင်းတာတို့ပေါ့။ တစ်ပေခွဲ၊
နှစ်ပေ မြင့်သွားပြီဆိုရင်တော့ ဂရုစိုက်စရာ မ လိုတော့ဘူးပေါ့။ သာမန်
ထိန်းသိမ်းရုံ နဲ့ ၀င်ငွေရတယ်ပေါ့။ တစ်နှစ်လောက် ပြုစုရတယ်ဆိုတာက အပင်ကငယ်တော့ အရွက် ကနုတယ်။ မှိုရောဂါကျတတ်တယ်။ မှိုဆေး
ကို တစ်လတစ်ကြိမ် ဖျန်းပေးရတယ်။ ပေါင်းမြက်ရှင်း ပေးရတယ်။ အဓိက
က တော့ ဒီအပင်ကိုသတ်မယ့် နွယ်ပင်ကြီးတွေ မရှိဖို့လိုတယ်။ တစ်နှစ်ကြာပြီး တစ်ပေခွဲ၊ နှစ်ပေခွဲမြင့်လာတဲ့အခါ၊ အရွက်က ကြီးရင့်
လာတဲ့အခါမှာ သူတို့ခံနိုင်ရည်ရှိလာမယ်။ နောက်ပိုင်းကျရင် တစ်လတစ်ကြိမ်လောက်ပဲ ပုံမှန်ပေါင်းရှင်းတာလုပ်ပေးရင် ရတယ်။
မျိုးစေ့ကိုလည်း စိုက်လို့ရတယ်။ ပျိုးပင်ကိုလည်း စိုက်လို့ရတယ်။ နံ့သာဖြူစေ့က မာတော့ အစေ့ကို ရေနှစ်ရက်လောက် စိမ်ရတယ်။ စိမ်ပြီးတော့မှ ပျိုးဘူးထဲမှာလည်း တိုက်ရိုက် စိုက်လို့ ရ တယ်။ ပျိုးဘောင်ထဲမှာ ပျိုးပြီးမှ စိုက်လည်းရတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့
က နှစ်လကနေ သုံးလထိ အောင် ကြာတတ်တယ်။ အဲဒီလိုကြာတတ်
တဲ့အတွက် ပျိုးဘူးထဲမှာကျတော့ အပင်ပေါက်ရခက်တယ်။ အဲဒီတော့ ပျိုးဘောင်မှာထောင်ပြီး အပင်ပေါက်တော့မှ ရွှေ့စိုက်ရတယ်။ နံ့သာဖြူက ကပ်ပါးပင်၊ အခြား အပင်ကို မှီခိုပြီးမှ စားသောက်လို့ရတဲ့ အပင်မျိုးပေါ့။ အခြားအပင်ရဲ့ အမြစ်ကို မှီခိုပြီး စားသောက်တယ်။ သူနဲ့ယှဉ်တွဲပြီး အခြား
အပင်ကို စိုက်ရတဲ့အခါကျတော့ နံ့သာဖြူပျိုးပင်လေး ရှစ်လက်မလောက် ရှိတဲ့အခါကျမှ အခြားမယ်ဇလီတို့၊ ဘောစကိုင်းတို့ ထည့်ပေးရတယ်။ ပျိုးပင်လေး ရှစ်လက်မလောက်ရှိမှ ထည့်ခိုင်းလဲဆိုတော့ သူ့ရဲ့
ကပ်ပါးပင်က သူ့ထက်ကြီးသွားလို့ မရဘူး။ ဒါကြောင့်မို့ နံ့သာဖြူပင်လေး ကြီးသွားမှ မယ်ဇလီစေ့ကို ထည့်လို့ရမယ်။

- နံ့သာဖြူပင်ကို ဘယ်လိုကပ်ပါးပင် အမျိုးအစားတွေနဲ့တွဲပြီး စိုက်ပျိုးသင့်
ပါသလဲ။
နံ့သာဖြူနဲ့ယှဉ်တွဲပြီး စိုက်လို့ရတဲ့ ကပ်ပါးပင် အမျိုးပေါင်း ၃၀၀ ကျော်
လောက်ရှိပါတယ်။ မယ်ဇလီပင်ကတော့ အသင့်တော်ဆုံးလို့ ပြောပါတယ်။ ရှားတို့၊ ထနောင်းတို့၊ ဘောစကိုင်းတို့လည်း တွဲ စိုက်ကြပါတယ်။
အမျိုးပေါင်းကတော့ တော်တော်များပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ နံ့သာဖြူ အဓိကစိုက်ပျိုးပါသလဲ။ အစကတော့တို့က ပုပ္ပါးမှာစိုက်တာ နှာရောင် နံ့သာဖြူစန္ဒာကူးတောဆိုပြီး စိုက်ထားတာ။ မင်းဘူးဘက်မှာတော့ စီးပွားဖြစ်စိုက်ကြပါတယ်။ ဦးတို့ကို ဒါကိုစိုက်
ထားရုံပေါ့၊ တစ်နှစ်လောက်ပဲ ပြုစုပြီး နောက်ပိုင်းပစ်ထားလို့ရလို့ စိုက်ဖို့တိုက်
တွန်းတာပါ။

- နံ့သာဖြူက အတု၊ အစစ်ရှိလား။ အရည်အသွေးကောင်း၊ မကောင်း ဘယ်လိုကြည့်ရမလဲ။
နံ့သာဖြူမှာ အတု၊ အစစ်ရှိတယ်။ နံ့သာဖြူအဆီက တစ်ပေါင်ကို အကြမ်းဖျင်း
ဈေး ဒေါ်လာ တစ်ထောင်ရှိတယ်။ နံ့သာဖြူရဲ့အဆီနဲ့ မာလကာသားကို
ပေါင်းလိုက်တယ်။ အနံ့ကစွဲသွားတယ်။ ချက်ချင်းတော့ သူက နံ့သာဖြူ
အနံ့ပဲ။ ခဏနေကြည့်တဲ့အခါကျတော့ အနံ့ပြယ်သွားတယ်။ နံ့သာဖြူအနှစ်က
သေးပေမယ့် သိပ်သည်း ကျစ်လစ်တယ်။ လေးတယ်။ ရေထဲမှာပေါ်မနေ
ဘဲ နစ်သွားတယ်။ အသားက အ၀ါရောင်သန်းတယ်။ သူက အရင်းက ပိုရင့်တယ်။ အဖျားပိုင်းက အနှစ်က လျော့သွားတာပေါ့။ အပင်က ၁၅ ပေ
လောက်ရှိရင် အနှစ်က အခြေကနေ ငါးပေ လောက်အထိရှိတယ်။ နံ့သာဖြူအစစ်က ဘယ်တော့မှ အနံ့မပြယ်ဘူး။

- နံ့သာဖြူပျိုးပင်နဲ့မျိုးစေ့တွေက ရောင်းဈေး ဘယ်လောက်ရှိပါသလဲ။
မျိုးစေ့ကတော့ ကာလအချိန်အလိုက် တစ်ပြည်ကို ကျပ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိရှိတယ်။ ပျိုးပင် အနိမ့်အမြင့်ကိုလိုက်ပြီး ပျိုးပင် တစ်ပင်ကို ကျပ် ၁,၅၀၀၊ ၂၀၀၀ ရှိတယ်။ မျိုးစေ့ထွက်တဲ့အချိန်က ဇူလိုင်လ၊ သြဂုတ်လ၊
စက်တင်ဘာလ။ နံ့သာဖြူပင်က သုံးနှစ်သား၊ လေးနှစ်သားလောက်မှာ အသီးအပွင့် ပွင့်တယ်၊ သီးတယ်။

- နံ့သာဖြူနဲ့ ပတ်သက်ပြီး ဘယ်လိုများ အကြံပြုချင်ပါသလဲ။
အဓိကကတော့ စိုက်ဖို့ပြောချင်တယ်။ အချိန်တစ်ခုတော့ စောင့်ရမယ်။
စောင့်တယ်ဆိုတာကလည်း သေချာတဲ့စောင့်နည်းမျိုး ဖြစ်တယ်။ ဦးတို့ကလည်း အပင်ရဲ့သဘာဝကို သေချာလေ့လာပြီးဖြစ်လို့ စိုက်ဖို့တိုက်တွန်းချင်တယ်။ အခက်ခဲရှိ ရင်လည်း ဦးတို့ဆီကနေ အကြံဉာဏ် တောင်းလို့ရပါတယ်။

- မိုးမိုးသူ
http://thefarmermedia.com/

" အသည်းကို သန့်ရှင်းရေးလုပ်ကြမယ် "


ကျွန်မတို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။
စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။

ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။

Credit to >> သူနာပြုဆရာမလေးများ >> Thanks

" ကျောက်ကပ်ရောဂါ ကာကွယ်ရေး "


နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။
ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။
အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင်နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။
နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။


Credit to >> သူနာပြုဆရာမလေးများ >> Thanks

" တညင်းသီးအကြောင်း သိကောင်းစရာ "


အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။

တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။

တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်)
Credit to >> သူနာပြုဆရာမလေးများ >> Thanks

"မြန်မာပြည်တွင် မွတ်ဆလင်တို့ သူပုန်ထတော့မည်လော ( ၂ )"



လွန်ခဲ့တဲ့ ၁၅နှစ်ကျော်၁၆နှစ် ၀န်းကျင်က မိတ္ထီလာမှအပြန် ကားပေါ်တွင် တင့်ကားတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တစ်ခုံတည်း အတူစီးခဲ့ရာ သူပြောပြသော အကြောင်းအရာ များစွာထဲမှ ယနေ့အထိမမေ့နှိုင်သော စကားတစ်ခွန်း ရှိခဲ့ပါသည်။ ရုရှားသို့ ပညာတော်သင်သွားရာတွင် မြန်မာစစ်ဗိုလ် များကဒေါ်လာ ၈၀၀ သာရကြောင်း ဘင်္ဂလားဒေ့ခ်ျ စစ်ဗိုလ်များက ဒေါ်လာ ၃၀၀၀ ရကြောင်း နိုင်ငံခြားတွင် ဆင်းရဲချို့ငဲ့စွာ ပညာသင်ရကြောင်း မြန်မာနိုင်ငံမှ တင့်ကားအစီး ၁၀၀ ၀ယ်လျှင် ဘင်္ဂလားဒေ့ခ်ျမှ အစီး ၂၀၀ ၀ယ်ကြောင်း စသည့် အကြောင်း အရာစုံထဲတွင် မြန်မာစစ်ဗိုလ်နှင့် ဘင်္ဂလားဒေ့ခ်ျ မှစစ်ဗိုလ်တို့ စကားစစ်ထိုး သည်ဟုပဲဆိုဆို စကားနိုင်လုသည်ဟုပဲဆိုဆို အပြန်အလှန် ပြောကြရာ မြန်မာစစ်ဗိုလ်မှ မင်းတို့နိုင်ငံမှာ လူဦးရေပေါက်ကွဲနေတာ မထိန်းချုပ်ဘူးလား နိုင်ငံကျဉ်းကျဉ်းလေးနဲ့ အနာဂါတ်မှာ ဘယ်လိုလုပ်မလဲ ဟုပြောရာ ဘင်္ဂလားဒေ့ခ်ျ စစ်ဗိုလ်မှ ပြန်ပြောသော စကားသည် ယနေ့တိုင် မမေ့နှိုင်ခဲ့ပါ "မင်းတို့နိုင်ငံ အကျယ်ကြီး ရှိတာပဲကွာ" တဲ့..။ ကျွန်ုပ်ရင်ထဲ ထောင်းကနဲ ဒေါသထွက်သွားသည်။ သူတို့သည် ယခုမှမဟုတ် ကျန်ခဲ့သည့် နှစ်များစွာကပင် အကြံအစည် ရှိခဲ့ကြသည်။ အရှင်ဝီရသူကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမား အဖြစ်ခေါင်းစဉ်တပ်၊ ဗုဒ္ဓဘာသာဝင် တွေကို ရန်စပြီး သူတို့ဘက်မှ စတင်ရန်မီးမွှေး၊ ပြီးတော့ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်နေပါပြီလို့ ကမ္ဘာကိုအော်၊ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးပါလို့ပြော ရိုဟင်ဂျာသမိုင်းရှိသည် ဆိုပြီးလိမ်လည် ဒါတွေ၏နောက်ကွယ်တွင် တိကျသေချာသော ရည်ရွယ်ချက်တစ်ခုရှိသည်။ အဲဒါကတော့သူတို့ ရခိုင်ကို လိုချင်နေကြပြီ။ သေချာသည် သူတို့ ဒီအတွက်ရည်ရွယ်ပြီး ဒီအကွက်ကို ဆင်နေကြတာ ဖြစ်သည်။ မကြာမီပင် သူတို့သည် နင်မဟုတ် နင့်အမေပဲ ဆိုကာ မရ ရအောင် အကြောင်းရှာပြီး ခွဲထွက်ရေးအတွက် ပေါ်ပေါ်တင်တင် တိုက်ပွဲဝင်ပေတော့မည်။ အင်္ဂလိပ် ကိုလိုနီစံနစ်ကြောင့် ကျွန်ုပ်တို့သည် မဏိပူရ အာသံ စစ်တကောင်း တို့ကို ထာဝရဆုံးရှုံး ခဲ့ရပြီးပေပြီ။ စစ်အာဏာရှင် ကိုလိုနီစံနစ်ကြောင့် ကျွန်ုပ်တို့သည် ရခိုင်ကို ထပ်မံဆုံးရှုံးရဦးမည်လော။

"ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန်လောင်တော့မှာလား"ဲ




ကုလား ဗမာအဓိကရုံးရဲ့ အစောပိုင်း ကာလတွေမှာ ဖိဖိစီးစီး ထိန်းချုပ်ကိုင်တွယ်ခြင်း မရှိခဲ့ဘဲ နောက်ကြောင်းပြန်ရရင်ကောင်းတယ် ဆိုတဲ့နောက်ကြောင်းပြန်လိုသူ စစ်အာဏာရှင်တွေဟာ အခုအချိန်မှာတော့ အစ္စလမ်မစ် အစွန်းရောက်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ရန်စမှုတွေနဲ့ ကြုံတွေ့နေရပြီဖြစ်ပါတယ်။ လားရှိုးအဓိကရုဏ်း မလေးရှား အကြမ်းဖက်ခံရမှု ရွှေတိဂုံစေတီပေါ် မူဆလင်ဝတ်စုံဝတ် အမျိုးသမီးရဲ့ ပန်းကြဲမှု၊ စတဲ့ကိစ္စရပ်တွေဟာ အစ္စလမ်မစ် အစွန်းရောက်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ရန်စမှုကို ဒေါသနဲ့ပြန်လည်တုန့်ပြန်ခဲ့မယ်ဆိုရင် သူတို့လိုချင်တဲ့အကွက်ထဲ ၀င်သွားမှာဖြစ်ပြီး မြန်မာပြည်မှာ လူနည်းစု မူဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်နေပါပြီ ဘာညာဆိုပြီး ဂျီဟတ်စစ်ပွဲဆိုတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ ကလဲ ဖြစ်ပေါ်လာတဲံ့ ကိစ္စရပ်တိုင်းကို ဒေါသမပါဘဲ ဖြေရှင်းဖို့ လိုသလို အစိုးရအနေနဲ့လည်း နောက်ကြောင်းပြန်လိုတဲ့ရည်ရွယ်ချက်ကို ခေတ္တမေ့ထားပြီး မြန်မာပြည်ကို အစ္စလမ်မစ် အစွန်းရောက်တွေရဲ့ ပြစ်မှတ်တစ်ခုဖြစ်မလာအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်နေပြီ ဆိုတာတင်ပြလိုက်ရပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှု ဘာကြောင့် မကျဆင်းတာလဲ"



ရခိုင်အရေးမှာ ရပ်တည်မှုမှား ဆုံးဖြတ်ချက်မှား ခဲ့တဲ့ ဒေါ်စုအပေါ်မှာ လူထုထောက်ခံမှု သိသိသာသာ ကျဆင်းမှုမရှိခဲ့ဘူး ဆိုတာ ပြင်ဦးလွင် စည်းဝေးပွဲမှာ ထင်ရှားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ အဖြေကရှင်းပါတယ် လက်ရှိအစိုးရ ညံ့လို့ပါ။ မလေးမှာ ပြည်သူတွေ အသတ်ခံရမှု ကိုလျှစ်လျူရှုထားတယ် ၊ပြည်တွင်းဆူပူမှု တွေကို မထိန်းချုပ်ဘဲ ထားတယ်၊ ရခိုင်ပြည်နယ်နဲ့ ရခိုင်အမျိုးသား တွေကို ပြည့်ပြည့်၀၀ ကာကွယ်မှုမပြုခဲ့ဘူး၊ တရားရေးဝန်ထမ်းတွေ အဂတိလိုက်စားမှု၊ အကျင့်ပျက် ၀န်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှု တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမှု မရှိခဲ့ပါဘူး။ တစ်ကယ်တမ်းသာ ရိုးရိုးသားသား ယှဉ်ပြိုင်အနိုင်ယူ ချင်တယ်ဆိုရင် လက်ရှိအချိန် ဟာအခွင့်ကောင်း တစ်ခုပါ။ မလေးမှာရှိတဲ့ ပြည်သူတွေကို ထိရောက်တဲ့ ကာကွယ်မှုတွေ ပေးမယ်။ ရခိုင် ဘင်္ဂလီ အရေးကို ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး နိုင်ငံသားတွေကို ကာကွယ်မယ်။ တရားစီရင်ရေးမှာ အဂတိလိုက်စားမှု ကင်းအောင်လုပ်မယ်၊ အကျင့်ပျက်ဝန်ထမ်း တွေကိုထိထိရောက်ရောက် အရေးယူမယ်၊အနာဂါတ် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်မယ်၊ တိုင်းပြည်သယံဇာတ တွေဈေးပေါပေါ နဲ့ရောင်းချနေမှု တွေရပ်ဆိုင်းမယ်၊ အစိုးရထိပ်ပိုင်း အရာရှိကြီး တွေရဲ့ပြည်သူကို အလုပ်အကျွေး မပြုဘဲ အိမ်သူကိုအလုပ်အကျွေး ပြုမှုတွေ ရပ်တန်းကရပ်မယ် ဆိုရင် ပြည်သူတွေဟာ အဲဒီအစိုးရရဲ့ နောက်မှာတစ်ခဲနက် ထောက်ခံဖို့ အဆင်သင့် ရှိနေကြပါတယ်။ အစိုးရ အနေနဲ့ အဲဒီလို ထိရောက်တဲ့ ပြုပြင်မှုတွေမှ မလုပ်ဘူး ဆိုရင်တော့လဲ ဆင်းရဲသား ပြည်သူလူထု အနေနဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးမယ့် သူအဖြစ် သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဆီမှာပဲ စုပုံထားရှိတာ မထူးဆန်းပါဘူးခင်ဗျား....။

Sunday, July 7, 2013

" မျိုးစောင့်ဥပဒေနှင့် ကျွန်တော့်အမြင် "


ယနေ့ခေတ်စား တွင်ကျယ်နေသည့် မျိုးစောင့်ဥပဒေကို ထောက်ခံပါသလားလို့ ကျွန်တော့်ကိုမေးရင် ခပ်ရှက်ရှက်နှင့်ပဲ ထောက်ခံပါသည်ဟု ဖြေရပေမည်။ ဘာကြောင့်ရှက်ရှက်နှင့် ထောက်ခံပါသလဲမေးလျှင်..၊ ကျွန်တော်တို့လူမျိုးသည် ကိုးကွယ်သည့်ဘာသာတရားကို မပျောက်ပျက်အောင် ကာကွယ်ရန် ဥပဒေပင်ထုတ်၍ တားမြစ်ရသည်အထိ မိမိဘာသာတရားအပေါ်တွင် သက်ဝင်ယုံကြည်မှု လျော့ပါးလျက် ရှိပါသည်ဟု ၀န်ခံရာရောက်သောကြောင့် ဖြစ်ပါသည်။ မထောက်ခံလို့ကလဲမဖြစ် တစ်ဖက်တွင်လည်း ဘာသာခြားတို့က တစ်စတစ်စ မသိမသာဝါးမြိုနေရာမှ ယခုအခါ ရခိုင်လိုပြည်နယ်မျိုးတွင် ဒေသခံတိုင်းရင်းသားတို့၏ လုံခြုံရေးကိုပင် ခြိမ်းခြောက်သည့် အနေအထားသို့ပင် ရောက်ရှိလာခဲ့လေပြီ။ တစ်ဖက်တွင်လည်း စစ်အာဏာရှင်တို့၏ အုပ်စိုးမှုအောက်တွင် တိုင်းပြည်ချွတ်ခြုံကျ ဆင်းရဲမွဲတေမှုတို့နှင့်အတူ ၀မ်းရေးအတွက် ရင်ဆိုင် ရုန်းကန်နေရမှုတို့ကြောင့် ဘာသာတရားအပေါ်တွင် အလေးထားရန် ပျက်ကွက်လာခဲ့ကြသည်။ ဘာသာတရားနှင့် ပတ်သက်လျှင် မိရိုးဖလာဗုဒ္ဓဘာသာဟု ခံယူသည်မှလွဲ၍ မိမိဘာသာအကြောင်းကို ထဲထဲဝင်ဝင် နားလည်သိရှိခြင်း မရှိတော့ပေ။ ထိုအကြောင်းတို့ကြောင့် မျိုးစောင့်ဥပဒေကို ထောက်ခံပါသည်ဟု ပြောရခြင်းဖြစ်ပေသည်။ မိမိအမျိုါ်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် အကောင်းဆုံးနည်းလမ်းမှာ ငယ်ရွယ်စဉ် ကလေးဘ၀ အချိန်ကတည်းက မိမိဘာသာတရားကို ကောင်းမွန်စွာ နားလည်သဘောပေါက်အောင် လေ့ကျင့်သင်ကြား ဆုံးမပေးခြင်းသည်သာ ရေရှည်တည်တံ့မည့် အကောင်းမွန်အမှန်ကန်ဆုံး နည်းလမ်းပင် ဖြစ်ပါတော့သည်။