တပ်မတော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ပါ၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်လာလျှင် ကာကွယ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ ထို့အတူပင် စစ်သားစစ်ဗိုလ် ဆိုသည်မှာလည်း စစ်တိုက်ရန် စစ်တပ်တစ်တပ်ကို အုပ်ချုပ်ကွပ်ကဲရန်သာ လေ့ကျင့်သင်ကြား လာခဲ့ရပေသည်။ နိုင်ငံတော်ကို အုပ်ချုပ်ထူထောင်ရန် လေ့ကျင့်သင်ကြား လာခဲ့ကြခြင်းမဟုတ်ပေ။
စစ်ပွဲတစ်ပွဲ ကိုအုပ်ချုပ်ကွပ်ကဲ တိုက်ခိုက်ရခြင်းနှင့် နိုင်ငံတစ်နိုင်ငံ ကိုအုပ်ချုပ်ထူထောင် ရခြင်းတို့သည် များစွာကွာခြားလှပေသည်။ စစ်သားဆိုသည်မှာ ယရက်နနာရီတွင် ရည်မှန်းချက်သို့ အရောက်ချီတက် ဟုဆိုလျှင်၊ မိုးရွာလို့ နေပူလို့ လေတိုက်လို့ လမ်းမှားလို့ ချောင်းရေကျလို့ စသဖြင့် ဆင်ခြေပေး၍ မရပါ။ စစ်တပ်တစ်တပ် အတွက် အမိန့်နာခံမှုသည် အသက်သွေးကြောပင် ဖြစ်ပေသည်။ အထက်မှ အမိန့်ပေးပြီးလျှင်လည်း လှည့်ကြည့်ရန် မလိုပေ အောက်လူများမှ အမိန့်အတိုင်း လိုက်နာပြီး ဖြစ်ပေသည် ဆင်ခြေပေးခွင့် စောဒကတက်ခွင့် မရှိပေ။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ထူထောင်ရာတွင်မူ အချိုးအကွေ့ အလှည့်အပြောင်း များရှိပေသည်၊ ပုံသေကားချ တွက်ထား၍မရ ပရိယာယ်များ လှည့်စားမှုများ မက်လုံးပေးမှုများ ကြိုတင်တွက်ချက်မှုများ အကျိုးအမြတ် တွက်ချက်မှုများ အနာဂတ်စီမံကိန်းများ သံခင်းတမန်ခင်း ကိစ္စများ အထက်မှ အမိန့်ပေးလိုက်သော်လည်း လက်ရှိအခြေအနေနှင့် မကိုက်ညီသဖြင့် မီးစဉ်ကြည့်က လိုက်ရသည့် ကိစ္စများ......၊ စသဖြင့် ပြုလွယ်ပြင်လွယ် ပြောင်းလဲလွယ် ရှိပေသည်။ ထို့ကြောင့်ပင် နိုင်ရေးကျွမ်းကျင်သူများ ဘောဂဗေဒပညာရှင်များ ဥပဒေပညာရှင်များ ပညာရေးကျွမ်းကျင်သူများ ဆေးဘက်ဆိုင်ရာပညာရှင်များ စသဖြင့်...စသဖြင့်...စသဖြင့်...
No comments:
Post a Comment