Wednesday, April 22, 2015

အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆေဖြူများလက်မှ ကယ်တင်ပေးပါ (အပိုင်း ၁)


နိုင်ငံတကာမှာ မိမိနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နှစ်မျိုးနှစ်စား ခွဲခြားပါတယ်။ ၁။ သာမန်ရင်းနှီးမြှုပ်နှံမှုနှင့် ၂။ သဘာဝသံယံဇာတ အရင်းအနှီးတွေ တူးဖော်မှု ဆိုတဲ့နှစ်မျိုးပါ။ သာမာန် ရင်းနှီးမြှုပ်နှံမှုတွေမှာ ကုန်စည်ထုတ်လုပ်မှုတွေ၊ ဝန်ဆောင်မှုတွေ၊ ကုန်သွယ်ရောင်းဝယ်မှုတွေ ပါဝင်ပါတယ်။ အဲ့ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခွန်အခတွေ၊အမြတ်ငွေတွေကို ပုံမှန်သတ်မှတ်ချက်တွေအတိုင်းပဲ ပေးဆောင်ရလေ့ရှိပါတယ်။ ဒုတိယမြောက် ဖြစ်တဲ့ မြေအောက်၊ ရေအောက်တွေကနေ သဘာဝအလျှောက် ဖြစ်တည်ရှိနေတဲ့ အရာတွေကို ထုတ်ယူရှာဖွေခြင်းတွေကိုတော့ သာမန် အခွန်အခတွေ အမြတ်တော်ခွန်တွေသာမကပဲ သီးသန့်ထပ်မံ ကန့်သတ် ပေးဆောင်ရမှုဆိုတာရှိပါတယ်။ အဲဒါကတော့ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ သူတို့ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင်နှုန်းဝန်းကျင်ကို ဌာနေမူလ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပြန်လည် သုံးစွဲပေးရခြင်းပဲ ဖြစ်ပါတယ်။
သံယံဇာတ ထုတ်ယူခံရတဲ့ နိုင်ငံဟာ သူ့နိုင်ငံရဲ့ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ ဆီမှ ရာခိုင်နှုန်းဘယ်လောက်ပေးဆောင်ခိုင်းမလဲဆိုတာဟာ.......
၁။ ဒေသတွင်း အမျိုးအစားတူသံယံဇာတ ထွက်ရှိတဲ့ နိုင်ငံတွေရဲ့ ပေးဆောင်ခိုင်းမှု ဈေကွက်အနေအထားနှင့်
၂။ ထုတ်လုပ်မှုကနေ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီး ညစ်ညမ်းမှု(Polution)၊ဆိုတဲ့ အချက်နှစ်ချက်ပေါ် မူတည်ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၁၀%လား၊၁၅%လား၊၂၀%လားဆိုတာကို ကောက်ခံရမှာ ဖြစ်ပါတယ်။
သံယံဇာတ ထုတ်ယူခံရတဲ့ နိုင်ငံဟာ သူ့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူသားစွမ်းအားစု ဖွံ့ဖြိုးရေးအတွက် ဘယ်လိုပြန်လည်သုံးစွဲမလဲ၊ ဘယ်လိုကြီးကြပ်ကွပ်ကဲမလဲ ဆိုတာကတော့ အဲ့ဒီနိုင်ငံက ခေါင်းဆောင်တွေနှင့် လုပ်ပိုင်ခွင့်အာဏာ လက်ကိုင်ရထားသူ တစ်စုရဲ့ မိမိနိုင်ငံနှင့် လူမျိုးအပေါ် ဘယ်လောက်ချစ်မြတ်နိုး တန်ဖိုးထားသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။
မြန်မာနိုင်ငံမှာ ဒုတိယ အမျိုးအစားရင်းနှီးမြှုပ်နှံမှုတွေအတွက် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူတွေဆီကနေ ဒေသခံတွေဘဝ ဖွံဖြိုးတိုးတက်မှုတွေနှင့် အထုတ်လုပ်ခံ ဒေသအတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုတွေ ၊ပြန်လည်ကုစားမှုတွေအတွက် အခွန်ကောက်ခံရရှိမှု ရှိမရှိ မသိရှိပါဘူး။ ရှိခဲ့ရင်ရော ဘယ်လောက်ပမာဏ ကောက်ခံသလဲဆိုတာ ကိုလည်း မသိပါဘူး။ မြန်မာနိုင်ငံအတွက် ပြည်ပနိုင်ငံတွေနှင့်တကွ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပေးခြင်းဟာ ကျေးဇူးတင်စရာ ကောင်းသလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ မြန်မာတွေအတွက် မိအေး ဆယ်ခါနာပြီး မကြာခင်မှာဘဝပျက်ဖို့သာ ရှိတော့တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လို့ ခေါင်းစဉ်တပ်ထားနိုင်ခြေရှိတဲ့ ငွေကြေးတွေကို စိမ်းလန်းစိုပြေရေး ခေါင်းစဉ်ခွဲအောက်ဆွဲထည့်ပြီး သစ်ပင်စိုက်ပစ်လိုက်တဲ့အခါမှာ - - - - - - - - စိုက်တဲ့သစ်ပင်ကလည်း မိုးရေချိန်နည်းတဲ့ဒေသတွေမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ တစ္ဆေဖြူပင် ခေါ် ယူကလစ်ပင်တွေ ဖြစ်နေပါတယ်။
၁။ ဒေသခံတွေနှင့် လူငယ်တွေရဲ့ ပညာရေး စီးပွားရေးနှင့်တကွ မြေလွတ်မြေရိုင်းတွေကို အသုံးပြုခွင့်တွေမှာ(နွားကျောင်းခြင်း ၊နွားအစာရိတ်ယူခြင်း၊ ကလေးငယ်များ ဆော့ကစားခြင်း၊ပွဲလမ်းသဘင်ကျင်းပရန် မြေနေရာရှားပါခြင်း...စသဖြင့် ) နစ်နာထိခိုက်ကုန်ပါတယ်။
၂။ စိုက်တဲ့သစ်ပင်တွေကလည်း အပူပိုင်းဒေသအတွက် သင့်တော်တဲ့ အပင်အမျိုးအစားတွေ မဟုတ်ဘဲ စက်မှုထွန်းကားတဲ့ နိုင်ငံကြီးတွေက စက်မှုလုပ်ငန်းကြီးတွေအတွက် အလွန်လိုအပ်ချက် မြင့်မားတဲ့ ယူကလစ်တွေ ဖြစ်နေပြန်ပါတယ်။ ယူကလစ် ပင်ဟာ သင်္ဘောဆေးထုတ်လုပ်မှုနဲ့ စက္ကူထုတ်လုပ်မှု အထပ်သားထုတ်လုပ်မှုတွေအပါအဝင် စက်မှုလုပ်ငန်း ထုတ်ကုန်တွေ အတွက် အလွန်အသုံးဝင်တဲ့ သစ်ပင်တွေ ဖြစ်နေပါတယ်။ဒီတော့ ဒီယူကလစ်တွေကို ဧကပေါင်းများစွာ စိုက်ပျိုးနေမှုဟာ မြန်မာ နိုင်ငံအလယ်ပိုင်းကို စိမ်းလန်းစိုပြည်စေဖို့ဆိုတဲ့ စေတနာကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။
၃။ ယူကလစ်ပင်တွေဟာ ရေသောက်မြစ်တွေ အလွန်ရှည်လျားရှုပ်ထွေးပြီး မြေအောက်ရေစုပ်ယူမှုနှုန်းမှာလည်း အလွန်မြင့်မားပါတယ်။ လက်ဖျံလုံးလောက်ရှိတဲ့ ယူကလစ် အကိုင်းတစ်ခုကို ဖြတ်ယူလိုက်တဲ့အခါမှာ ထွက်ကျလာတဲ့ရေပမာဏဟာ တစ်လီတာရေသန့်ဘူးရဲ့ အရစ်တစ်ရစ်စာ တစ်လက်မနီးပါး ရရှိခဲ့ပါတယ်။ ရေဟာ အက်ဆစ်ဓါတ်မြင့်မားပြီး ချဉ်နေပါတယ်။ ယူကလစ်ပင်ဟာ အေးမြတဲ့ အရိပ်အာဝါသကို မပေးစွမ်းနိုင်တဲ့ အပြင် အပူငွေ့ကိုပါထုတ်လွှတ်ပါတယ်။ ဒါ့ကြောင့် အပူပိုင်း မိုးနည်းဒေသဟာ တဖြည်းဖြည်း အပူချိန်တွေတိုးလာပြီး မိုးနည်းရာကနေ မိုးခေါင်လာပါတယ်။ ဒီတော့ အညာဒေသလိုနေရာဝန်းကျင်က အခြားသော သစ်ပင်တွေနှင့်တကွ လူသားအပါအဝင် သက်ရှိသတ္တဝါတွေအတွက် ရေရရှိမှုဟာ ခက်ခဲပြတ်တောက်စေနိုင်ပြီး ရှင်သန်ဖို့ရာလည်း ခက်ခဲလာစေပါတယ်။ အမြစ်တိုတဲ့ မြက်ပင်နှင့်တကွ သစ်ပင်ငယ်လေးတွေဟာလည်း ယူကလစ်ပင်နား တဝိုက်တွေမှာ မိုးတွင်းခဏမိုးရွာတုန်းနှင့် မြေအစိုဓါတ်ရှိနေချိန်မှာတော့ ပေါက်နိုင်ပေမယ့် ရေရှည်ရပ်တည်ဖို့ မလွယ်ကူတော့ ပါဘူး။
၎။ ဒီရဲ့ အကျိုးဆက်ကတော့ အညာက ဒေသခံတွေမှာ နွားစာအတွက် မြက်ရှားပါးလာခြင်း ဖြစ်ပြီး တစ်မြို့တစ်ရွာထိ သွားရောက်ရှာဖွေမှုတွေ ပြုလာကြရပါတယ်။ နွားစာအတွက် ကုန်ကျစားရိတ်တွေ မြင့်မားလာပါတယ်။ တောင်သူမိသားစုတွေရဲ့ ဝင်ငွေကို လက်သည်မရှိတဲ့ ဓါးပြတိုက်ခံရတာနဲ့ အလားသဏ္ဍန် တူလာပါတယ်။(7days News ဂျာနယ်က မယ်ငွေဥရေးတဲ့ "ပုဂံ၊ညောင်ဦးနယ်က နွားအတွက် အစာ" ဆိုတဲ့ဆောင်းပါးကို ဖတ်ရှုဖို့ ထပ်မံညွှန်းဆိုချင်ပါတယ်။ )
၅။ ယူကလစ်ပင်ဟာ မြေဆီသြဇာတွေကို အလွန်အမင်းစုပ်ယူပါတယ်။ အက်ဆစ်ဓါတ်လည်း ထုတ်လွှတ်လို့ Acid Soil တွေ ဖြစ်လာစေပါတယ်။ ဒီအတွက် လယ်မြေယာမြေတွေဟာ တဖြည်းဖြည်းခြင်း မသိမသာရော သိသိသာသာပါ အထွက်နှုန်းကျ လာပါမယ်။ နှစ်ကြာလာတာနဲ့အမျှ လယ်ယာမြေတွေပျက်စီးကုန်ပြီး စိုက်ပျိုးစားသောက်လို့ မရတဲ့ အနေအထားတွေကို ရောက်လာတော့မှာပါ။ အညာတောင်သူတွေဟာ အထွက်နှုန်းကျတဲ့အကြောင်းတရားရော နွားစာအတွက်မြက်ရှားပါးတဲ့ အကြောင်းတရားတွေကိုရော မသိနားမလည်ဘဲ မြေသြဇာတွေပိုထည့် မထည့်နိုင် မစိုက်နိုင်တော့ရင် ရရာဈေးနှင့်ရောင်းပြေး ဆိုတာတွေ ဖြစ်လာတော့မှာပါ။
၆။ ဓါးမဦးချ စိုက်ပျိုးစားသောက်ရာကနေ စိုက်စားမရတော့လို့ ပေးတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပြီး တခြားသောလုပ်ငန်းခွင်တွေကို ပြောင်းရွှေ့လုပ်ကိုင်ကြရတော့မှာပါ။ ငွေရှင်ကြေးရှင်တွေဟာ ကိုယ့်မြေကိုယ့်ရေပေါ်က ဒီလယ်ယာမြေတွေကို အလကားနီးပါးဈေးတွေနဲ့ ဝယ်ယူသိမ်းဆည်းပြီး စက်ရုံအလုပ်ရုံကြီးတွေ၊ ဟိုတယ်ကြီးတွေ၊အပမ်းဖြေဥယျာဉ်ကြီးတွေအဖြစ် ပြောင်းလဲပစ်ကြတော့မှာပါ။ ကျေးဇူးရှင်တောင်သူ ဦးကြီးတွေရဲ့ဘဝဟာ လခစား နေ့စား အလုပ်သမားတွေ ဘဝကို အလုံးအရင်းကူးပြောင်းပြီး သားစဉ်မြေးဆက် ကျွန်ခံကြရတော့မှာပါ။ (ယခုလည်း ပုဂံက နိုင်ငံခြားသားပိုင် ဟိုတယ်တစ်ခုထဲ ရောက်ရှိနေတဲ့ ရှေးဟောင်းဘုရားကို ဗမာမလာရ ဆိုလို့ ပြဿ နာ တက်သံ ကြားလိုက်မိပါတယ်။ဘယ်လိုပြီးသွားလဲ မသိပါ။)
၇။ မြန်မာ့အညာဒေသက ကျေးလက်တွေ ရွာတွေ တောင်သူတွေ သူတို့နှင့်အတူတူတွဲပြီး တည်ရှိနေတဲ့ ရိုးသားမှု၊ဖော်ရွေမှု၊ ယဉ်ကျေးမှု၊ဒေသဆိုင်ရာ ရိုးရာထုံးတမ်းတွေ...အစရှိသဖြင့်တွေဟာ တဖြည်းဖြည်း လျောနည်းပျောက်ကွယ် လာကြတော့မှာပါ။
၈။ မြန်မာ့သံယံဇာတတွေကို ထုတ်ယူတဲ့ (ရေနံနှင့်သဘာဝဓါတ်ငွေ့၊ကျောက်မျက်အပါအဝင်...အစရှိသဖြင့်) ကုမ္ပဏီကြီးတွေကလှူဒါန်းခဲ့လျှင်လည်း လှူဒါန်းတဲ့ ငွေကြေးတွေကိုပါ ဒေသခံလူငယ်တွေရဲ့ ပညာရေးနှင့် နည်းပညာတွေ အဆောက်အဦး (infrestructure)တွေနှင့်တကွ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုတွေမှာ မြှုပ်နှံမပေးဘဲ သစ်ပင်စိုက်တဲ့ ထဲမှာ သုံးစွဲပြခံရတယ်ဆိုရင်လည်း ဒေသခံတွေနဲ့ လူငယ်တွေကို ပိုပြီးနစ်နာထိခိုက်စေပါတယ်။
၉။ မြန်မာတွေဘက်က အရှုံးကြီး ရှုံးရသလောက် အမြတ်ကြီး မြတ်သွားမှာက ရင်းနှီးမြှုပ်နှံသူတွေပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးခဲ့တဲ့ ကျေးဇူးရှင် စာရင်းမှာလည်း ပါဝင်မှာဖြစ်သလို နိုင်ငံတကာမှာလည်း ဒီလိုလှူဒါန်းကူညီခဲ့မှုတွေရဲ့ မှတ်တမ်းတွေကို ပြပြီး နာမည်ကောင်းနှင့်တကွ မြန်မာတို့အဆင့်နဲ့ မမြင်နိုင် မသိနိုင်တဲ့ အခွင့်အရေးတွေပါထပ်မံရယူနိုင်ပါသေးတယ်။ သူတို့နိုင်ငံရဲ့ ရေ၊မြေ၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက် မပျက်စီးစေဘဲ လိုအပ်တဲ့ စက်မှုကုန်ကြမ်းပင်တွေကိုလည်း စိုက်ပျိုးထုတ်လုပ် နိုင်တဲ့အတွက်လည်း ပိုပိုပြီး အမြတ်အစွန်း ကြီးမားစေပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့အချက်အခြာနေရာတွေကို ဈေးပေါပေါနဲ့ အမြောက်အများ ဝယ်ယူရရှိနိုင်ဖို့ ရည်ရွယ်တဲ့ နှစ်ရှည်စီမံကိန်း တစ်ခုလည်း ဖြစ်နိုင်ပါတယ်
၁၀။ ဓမ္မတာမျိုးဆက်သစ်တောများကို ခုတ်ထွင်ရောင်းချပြီး ယူကလစ်ပင်များကိုသာ စိုက်ပျိုးမှု(MonoCulture)သည် အပင်မှာကျရောက်မည့် အင်းဆက်ဒဏ်ကို ခံနိုင်ရည်မြင့်မားလာခြင်း(Resistant to disease) ဖြစ်လာပါလိမ့်မည်။ထို့ကြောင့် အရွက်စား အင်းဆက်ငယ်များ၏ ရှင်သန်နေထိုင်မှု ပျက်စီးကာ သေဆုံးမှုဖြစ်စေပါတယ်။အင်းဆက်ငယ်များကို စားသောက်ပြီး ရှင်သန်ရမည့် ကျေးငှက်အပါအဝင် သတ္တဝါအများအပြားပါ ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာပြီး သဘာဝဂေဟစနစ်ကြီးတစ်ခုလုံး ကိုပါ ထိခိုက်ပျက်စီးစေမှုမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။
ယခုဆိုလျှင် ပုဂံညောင်ဦးနှင့် ကျောက်ပန်းတောင်း ဒေသမှ ကျေးရွာတွေဟာ နွားစာအတွက်အခက်အခဲ ဖြစ်ရုံသာမကဘဲ သောက်သုံးရေတွေပါ ခမ်းခြောက်ပြီး အကူအညီပေးကြပါလို့ တောင်းဆိုကုန်ကြပါပြီ။ မြေအောက်ရေနှင့် မိုးရေမရရှိသည့်အတွက် ထန်းပင်တွေမှလည်း ထန်းရည်မထွက်တော့ပါ။ ထွက်သေးသည့် ထန်းပင်ကလည်း အထွက်နှုန်းများကျဆင်းလျှက် ရှိပါတယ်။ ထို့ကြောင့် ထန်းရည်မထွက်တော့သည့် အပင်များကို ရရာဈေးနှုန်းဖြင့် ခုတ်ယူရောင်းချနေကြပါတယ်။ ဒီဖြစ်စဉ်ဟာ အညာဒေသက ထန်းတောယဉ်ကျေးမှုတစ်ရပ်လုံးးး ပျက်သုန်းသွားစေမည့် ဧရာမခြိမ်းခြောက်မှုကြီး တစ်ခုလည်း ဖြစ်နေပါတယ်။ ကျောက်တောင်ကတုံးများ၊မြေကြမ်းများ၊စိုက်ပျိုးလို့မကောင်းသော မြေနေရာများနှင့် သဲကန္တာရနီးပါး ဖြစ်နေသော သဲမြေများတွင် ယူကလစ်ပင်များ စိုက်ပျိုးမှုကို ဝေဖန်စရာမရှိပေမယ့် ယခုကဲ့သို့ မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသ စိုက်ပျိုးမြေများဘေးနှင့် ကပ်လျက်ဆက်စပ်ဝန်းကျင်များတွင် အမြောက်အများစိုက်ပျိုးခြင်းများ၊ ဓမ္မတာမျိုးဆက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းရောင်းချစေပြီး ယူကလစ်စိုက်ခင်းကြီးများအဖြစ် ပြောင်းလဲပစ်ခြင်းများကို အမျိုးသားရေးအမြင်နှင့် အပြင်းအထန်ကန့်ကွက်ပေးသင့်ပါသည်။
အပိုင်း၂ကို ဆက်လက်ဖော်ပြပါမည်။
နေထက်ထက်အောင်
Myanmar Review Journal (April 1;2015)
ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ပါသော Dr.ငြိမ်းမြ၊Dr.ကလျာ၊ကိုခန့်ဇော်ထက် (စိုက်ပျိုးရေးအကြံပေးအဖွဲ့) တို့ကို ကျေးဇူးအထူး တင်ရှိပါတယ်။
Ref;
1.Effects Of Eucalyptus Plantations On Soil Arthropod Communities In A Brazilian Atantic Forest Conservation Unit.By Rodrigo CAMARA;Maria Elizabeth Fernandes CORREIA;Dora Maria VILLELA.
2.Impact Of Eucalyptus Globulus and Eucalyptus Camaldulensis Small Scale Plantations On Chemical And Physical Soil Properties And On Soil Hydrological Parameter In The Highland Of Ethiopia A Comparision With Other Land-Use System. BY Zerfu Hailu; Monika Sieghatdt;Helmuth Schume;Franz Ottner;GethardHlatzel;Biruktayet Assefa And Tenaw TedelaHailu
3. Impact Of Eucalyptus Globulus Plantations On Physiology And Population Densities Of Invetebrates Inhabitiong Iberian Atlantic Streams.
4. Impact Of Pine And Eucalyptus Forest Plantations On Soil Organic Matter Content In SwaZiLand-Case Of Shisel Weni Forests.
5.Water Use,Water Limitation And Water Use Efficiency In A Eucalyptus Plantation.
BY JOSE LUIZ STAPE;DAN BINKLEY; MICHAEL G. RYAN;ANTONIO DO NASCIMENTO GOMES
6.Short-Rotation Eucalypt Plantations In Brazil: Envirinmental Issue.
7.Effect Of Exotic Tree Plantationson Plant Diversity And Biological Soil Fertility In The Congo Savanna. With Special Reference To Eucalypts.
8.Forest Stewardship Series5.Tree Growth And Competition. University of California And Natural Resources. http://anrcatalog.ucdavis.edu.
9.ပြင်ဦးလွင်ကို ဒုက္ခပေးလာမည့် ယူကလစ်တော။ ဒေါက်တာကျော်ထွန်းသန်း (ဧရာဝတီ ဘလော့ဂ် July1;2014 )
10. ကြီးမြန်ယူကလစ်ကုန်ကြမ်း ဂရိတ်ဝေါ ဝယ်ယူမည်။(The Myanmar Times Oct25;2014 )
11.မြန်မာ့စိုက်ပျိုးရေးမှတ်တိုင်အဖြစ် သစ်ပင်များအား တစ်ရှူးမျိုးပွားခြင်း။ သံလျှက်(Dec16;2010)
Credit to > Nay Htet Htet Aung

ယူကလစ်စိုက်ခင်းများဧ။် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှုများ


Translated by Yi Swe Aye ( BAg, 2008)
၁။ စိုက်ခင်းများအတွက် ရေလိုအပ်မှုပမာဏ
++++++++++++++++++++++
ယူကလစ်တွေဟာ အခြား သစ်ကြီးဝါးကြီးမျိုးစိတ်တွေထက် မြေပေါ်မြေအောက် အပင်ရဲ့ ကြီးထွား ပြန့်ကားမှု (အကိုင်း အခက် အရွက်+ အမြစ်) အားပိုကောင်းကြပါတယ်။ တခြားအပင်တွေထက် အကြီးမြန်ပြီး ပြန့်ကားမှုအားကောင်းတာကြောင့် ရေကို တခြားအပင်တွေထက် ပိုလိုအပ်ပါတယ်။
အပင်ဟာ အမြင့်ကြီး တက်နိုင်သလို အမြစ်ကလဲ တော်တော်နက်နက်ထိုးဆင်းပြီး ရေကို ဖမ်းယူထိမ်းထားနိုင်စွမ်းရှိပါတယ်။

ယူကလစ်တွေကို မိုးနည်းဒေသ (ပျှမ်းမျှ တစ်နှစ် မိုးရေချိန် ၄၀၀ ဝန်းကျင်)မှာ စိုက်ပါက မြေဆီလွှာက ရေအစိုဓါတ်ကို ပိုမို လျင်မြန်စွာ ကုန်ခမ်းစေပြီး နဂို ရှိပြီးသား မျိုးစိတ်တွေကိုပါ ရေငတ်ဒါဏ်ခံရစေလျက် အပူပိုင်းတောများကို ပြုန်းတီးစေတာကြောင့် နှစ်ကာလ ကြာတဲ့အခါ မိုးကို ပိုခေါင် ရေကို ပိုရှားစေမှာ ဖြစ်ပါတယ်။တပင်စ နှစ်ပင်စကို မဆိုလိုပါဘူး။ အပင်များစွာကို ပြောတာပါ။
ယူကလစ်ပင်တွေဟာ ရေဓါတ်ကို တခြားအပင်တွေထက်ပိုမိုလျှင်မြန်စွာ စုပ်ယူသောက်သုံးတာကြောင့် မိုးခေါင်ရေရှားအရပ်မှာ ဖြစ်ထွန်းတဲ့ အခြားမျိုးစိတ်တွေဟာ ယူကလစ်ကို ဘယ်လိုမှ ယှဉ်ပြီး ရေကို လုယူနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။
နောက်တချက်က ယူကလစ်ပင်ရည်မှာပါတဲ့ သဘာဝ ဒြပ်ပေါင်း allelopathy လို့ခေါ်တဲ့ အပင်ကို အပင်က နိုင်တဲ့ ဒြပ်တစ်မျိုးကြောင့်ပါပဲ။ ဒီ အလယ်လိုပက်သီကို ထင်းရူးနဲ့ မြန့်မာ့ဆေးဖက်ဝင်ပင်အချို့မှာလဲ တွေ့နိုင်ပါတယ်။ အပင်ကိုလိုက်ပြီး Chemical Structure ကတော့ ကွဲနိုင်ပါတယ်။
ထင်းရူး ယူကလစ် မလေးရှားပိတောက် ဂျပန် လက်ဖက်နှင်းဆီ စတဲ့အပင်တွေအောက်မှာ အခြားအပင်တွေ ပေါင်းစေ့တွေ အပေါက်အရောက်နဲတာကို သတိထားမိပါသလား။
ထင်းရူးရွက်ကြွေ ယူကလစ်ရွက်ကြွေများထဲမှာ ပါတဲ့ အလယ်လိုပက်သီ ဒြပ်ကနေ ပေါင်းစေ့နဲ့ အခြား မျိုးစိတ်များကို မပေါက်လာအောင် ဖိနှိပ်ထားနိုင်ယုံမက ပေါက်နှင့်ပြီးသား အပင်တွေရဲ့ ကြီးထွားနှုံးကိုပါ ညှပ်သွားနှေးသွားအောင် လုပ်နိုင်စွမ်းရှိတာကြောင့် ယနေ့ခေတ် အော်ဂဲနစ်စိုက်ပျိုးရေးမှာ အဆိုပါ အမျိုးမျိုးသော အပင်ကနေ သဘာဝအတိုင်းရတဲ့ အလယ်လိုပက်သီ ဒြပ်ပေါင်း အမျိုးမျိုးကို ပေါင်းသတ်ဆေး မှိုသတ်ဆေး ပိုးသတ်ဆေးများအဖြစ် အသုံးချနိုင်အောင် တီထွင်ကြံဆံလျက်ရှိပါတယ်။
မိုးများဒေသနဲ့ မြစ်ချောင်း အင်းအိုင် ပေါတဲ့ အရပ်မှာ သစ်တောတွေ ထူထောင်နိုင်ဖို့ ဆိုရင်တော့ ယူကလစ်ဟာ မြန်မြန်နဲ့ အကောင်းဆုံး ရလာဒ်ကို ပေးနိုင်မယ့် အကောင်းဆုံး ရွေးချယ်မှုထဲက တစ်ခု ဖြစ်မှာပါ။
၂။ မြေဆီလွှာ တိုက်စားမှုနဲ့ ပတ်သတ်လို့
++++++++++++++++++++++++
ယူကလစ်ပင်ကြောင့် မြေတိုက်စားမှု ဖြစ်တယ်လို့တော့ မတွေ့ရသေးပါဘူး
တနှစ် ပျှမ်းမျှ မိုးရေချိန် ၂၅၀၀ မီလီ အထက် ရရှိတဲ့ ဂျာဗားမှာတော့ ရေတိုက်စားဒါဏ် ကာကွယ်ဖို့ ဆင်ခြေလျှောတွေမှာ တစ်ဟက်တာ (၂.၅ဧက) ကို ယူကလစ် ၁၂-၁၃ တန်အထိ အစိုးရက ထုတ်ခွင့်ပြုထားတယ်လို့ဆိုပါတယ်။
၃။ မြေဆီသြဇာ ပြုန်းတီးစေသလား
++++++++++++++++++++
အကြီးမြန်ပင် ကိုင်းထွက်များတာာကြောင့် မြေဆီဓါတ်ကို လွန်ကဲစွာ စုပ်ယူပြီး မြေဆီကို ဆိုးရွားစွာ ပြန်းစေပေမယ့် အရွက်နဲ့ အခေါက်တွေမှာ မြေဆီဓါတ်တွေ ကြွယ်ဝနေတာကြောင့် သစ်ထုတ်ဖို့ ခုတ်တဲ့အခါ အရွက်နဲ့ အခေါက်တွေကို စိုက်ခင်းထဲမှာတင် ပြန်ပုံထားခဲ့ယုံနဲ့ မြေဆီကို ပြန်တက်စေတယ်လို့ ဆိုပါတယ်။
၎။ အလယ်လို ပက်သီ
+++++++++++++
အထက်က ပြောခဲ့တဲ့ ယူကလစ်အလယ်လိုပက်သီဟာ မိုးခေါ်င်ရေရှားလေ ပြင်းအားပိုများလေ တခြားအပင်များရဲ့ ကြီးထွားမှုကို ပိုပြီး ချုပ်ထိမ်းလေလို့ဆိုပါတယ်။ နှစ်ရှည်ပင်နဲ့ ရာသီသီးနှံတွဲဖက်စိုက်တဲ့စနစ် Agro-forestry System မှာတော့ ယူကလစ် မစိုက်သင့်ပါဘူး ယူကလစ်အစား တခြား အလယ်လို ပက်သီမရှိတဲ့ အပင်ကြီးမျိုးကို ရွေးသင့်ပါတယ်။
၅။ -------
ဖုန်းနဲ့ ရိုကက်တင်တာ မျက်လုံး ညောင်းလာလို့ နက်ဖန်မှ ဆက်မယ်ဗျာတို့ရေ။
ကိုးကား
FAO တရားဝင် အစီရင်ခံစာ ဝက်ဆိုက်
http://www.fao.org/docrep/005/ac777e/ac777e0a.htm
ဓါတ်ပုံ အင်တာနက်မှ
Credit to > YI Swe AYE

Tissue culture ယူကလစ် ကောင်းကျိုးဆိုးပြစ်များ


  မြန်မာအမည် ယူကလစ်
Eucalyptus species
Myrtaceae (Family)
ပြီးတဲ့နှစ် တုန်းက ယူကလစ်နဲ့ပတ်သတ်ပြီး ဆောင်းပါးတပုဒ်ကို ဒို့တောင်သူဂျာနယ်မှာ ထည့်သွင်းခဲ့ပါတယ်။အဲဒီတုန်းက ကျန်ခဲ့ မသိခဲ့တဲ့အကြောင်းအရာများကို တင်ပြခြင်းဖြစ်ပါတယ်။
ယူကလစ်ကို ယခုလက်ရှိအနေအထားမှာ အတော်အများ စိုက်ပျိုးနေကြပါတယ်။ဒါပေမယ့် ကောင်းကျိုး ဆိုးပြစ်ကို အငြင်းပွားဆဲပါ။ဒီအတွက် စာတမ်းတခုကို တင်ပြပါ့မယ်။
ကျွန်တော်တို့နိုင်ငံမှာ ယူကလစ်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ပါ။ဦးနေ၀င်းခေတ်တုန်းက ယူကလစ်ကို စီမံကိန်းနဲ့ စိုက်ခဲ့ပြီး ရေခမ်းလို့ မြေသြဇာခမ်းလို့ဆိုပြီး စီမံကိန်းရပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၀၉လောက်မှာ tissue culture နည်းပညာနဲ့ ယူကလစ်ကို ဂရိတ်ဝေါကုမ္ပဏီကနေ ပြန်ဝင်လာပြီး စိုက်ပျိုးလာကြပြန်ပါတယ်။အခုဆိုရင် နေရာအတော်အနှံကိုရောက်နေပါပြီ။ဒီယူကလစ်နဲ့ပတ်သက်ပြီး ဆက်လက် အငြင်းပွားစရာဖြစ်လာပါတယ်။
ယူကလစ်အကြောင်းပြောရင် သြစတီးယားရစပြောရပြီး မျိုးရင်းပေါင်း ၉၀၀ကျော်ရှိပါတယ်။သူဟာ အီသီယိုးပီးရား အိန္ဒိယ ထိုင်း စသော နိုင်ငံတွေမှာပျံ့နှံ့ခဲ့ပါတယ်။အစ္စရေးနိုင်ငံစတည်တော့ ကန္တာရကို ယူကလစ်နဲ့ agroforestry စထောင်ပြီး ၅-၆နှစ်ကြာတော့ မှ ခုတ်ပစ်ပြီး ground water level ကို မြင့်တင်ပြီး နိုင်ငံတခုဖန်တီးခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။ယူကလစ်ကို များသောအားဖြင့် တခြားအပင်များ မဖြစ်ထွန်းသော နေရာများ ရွှံညွန်များ သဲမြေများတွင်သာ စိုက်ပျိုးသင့်ပါသည်။ယူကလစ်ကနေ ထင်း အိမ်ဆောက် သစ် ပရိဘောဂ ပျော့ဖတ်များ အထပ်သား ယူကလစ်ဆီ ဆေးဖော်ရန် ထုတ်လုပ်ကြပါတယ်။
ယူကလစ်ဟာ ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးလဲ ပေးနိုင်ပါတယ်။ယူကလစ်ကတောဖြစ်အောင်မွေးမြူနိုင်ပေမယ့် စားနပ်ရိက္ခာ သီးနှံများရဲ့ ရေ မြေဆီအဟာရ အပင်ကြီးထွားမှု တောနေသတ္တ၀ါများ ခိုအောင်းမှုတို့ကို အဟန့်အတားဖြစ်နေပါတယ်။

တစ်ရှုးနည်းပညာနှင့်ထုတ်လုပ်သော ယူကလစ်ပင်သည် ပတ်ဝန်းကျင်တွင် ကောင်းကျိုး ဆိုးကျိုး ရှိမှုကို Mahidol University မှ MSc စာတမ်းဖြင့် ၁၅.မတ်လ.၂၀၁၀တွင် ပြုလုပ်ထားသော စာတမ်းအချို့ကို တင်ပြပါသည်။
1. Miss Wanna Tukjak
Candidate
2. Asst.Prof.Nikhom Larmsak Ph.D.
Chair
3. Assoc.Prof. Sayam Aroonsrimorakot,MSc.
Member
4. Asst.Prof.Kraichat Tantrakarnapa,Ph.D.
Member
5.Asst.Prof.Pijak Hinjiranan Ph.D.
Member
6. Prof.Banchong Mahaisavariya.M.D
Dean
Faculty of Graduate Studies
Mahidol University
7. Asst.Prof.Sittipong Dilokwanich, Ph.D
Dean
Faculty of Graduate Studies
Mahidol University
ယူကလစ်ပင် Eucalyptus ကိုရည်ရွယ်အချက် အမျိုးမျိုးဖြင့် စိုက်ပျိုးကြသည်။သစ်တောထွက်အနေဖြင့် အိမ်ဆောက်ရန် တိုင်များ ထင်း မီးသွေး ပရိဘောဂ စက္ကူပျော့ဖတ် အထပ်သား သစ်တောအသစ်ပြန်ထူထောင်ရန် စည်းရိုးပင်များ စသည်တို့ပြု
လုပ်ရန် စိုက်ပျိုးကြသည်။မိခင်မျိုးရင်းမှာ သြစတီးယားမှ ဖြစ်သည်။Royal Forest Department (RFD) တွင် ၁၉၄၉တွင် ထိုင်းနိုင်ငံမှာ စတင်ထုတ်လုပ်သည်။အကြီးမြန်သော ရေငတ်ဒဏ်ခံသော မြေညံ့မြေဆိုးများတွင် စိုက်နိုင်အောင် ထုတ်လုပ်ခဲ့ပါသည်။၁၉၈၅မှ ၈၈အတွင်း အစိုးရမှ စီးပွားဖြစ်ထုတ်လုပ်ရန် ထိုင်းနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးခဲ့ပါသည်။၁၉၈၈ကို National Forest year အဖြစ် စီမံကိန်းထားဆောင်ရွက်ခဲ့သည်။အရှိန်ဟုန်မြင့်ဆောင်ရွက်ခဲ့ရာ နိုင်ငံ၎နိုင်ငံမှာ ယူကလစ်ပင်များသည် အလျင်အမြန်ကြီးထွားလာကြသည်။Kasetsart University မှ သစ်တောကျောင်းသားများလေ့လာချက်အရ ထိုင်းနိုင်ငံအတွက် ယူကလစ်အပင်ပေါင်း၂.၇သန်းအထိ ၁၉၉၈ခုနစ်တွင် စိုက်ပျိုးလာခဲ့သည်။၂၀၀၃ လယ်ယာသန်းခေါင်စာရင်းအရ ၄၉၄၃၉၁rai အထိ စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးလာသည်ကို တွေ့ရသည်။ယူကလစ်စိုက်ခင်းများကြီးထွားလာသည်နှင့်အမျှ ဒေသခံများဟာ ပတ်ဝန်းကျင် ထိခိုက်မှု ရှိမရှိကို အငြင်းပွားစရာ ပြင်းထန်လာကြသည်။ထို့ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိကို စမ်းသပ် စစ်တမ်းများလုပ်ခဲ့ကြသည်။
ရေ၊အလင်းရောင်သည် ၃နှစ်သားယူကလစ်စိုက်ခင်းဘေးရှိအပင်များတွင် ပိုမိုလိုအပ်ကြောင်းကို ၁၉၇၈မှ ၁၉၈၅ခုနစ် ၈နှစ်အတွင်း Srisaket Experiment Stationမှ ကောက်ချက်ချခဲ့သည်။အပင်ကြီးထွားနှုန်းနှင့်အပင်ပေါက်နှုန်းကို ထိခိုက်စေသည်။
အပင်၎မျိုးဖြင့် sugar snap peas ,
black eyed peas,red beans,green beans မှာ အပင်ပေါက်နှုန်းကို Ratana Hirrun မှ ယူကလစ်အရွက်များ ၁၅ဂရမ်
ပေါ်တွင်
စမ်းသပ်ခဲ့ရာ အပင်ပေါက်% သိသိသာသာ
လျော့ကျသွားကြောင်း မျိုးစေ့၎မျိုးစလုံးတွင်တွေ့ရသည်။
Nitayaporn Tanmanee က မြေအမျိုးအစား ၃မျိုး ပေါ်တွင် ၄နှစ်သား ၁၇နှစ်သားအပင်များတွင် သက်ရောက်မှုကိုစမ်းသပ်ပါသည်။၁၇နှစ်သားယူကလစ်ခင်းတွင် အရွက် အမြစ် ကိုင်းများ ကြေပျက်ဆွေးမှုကို မြေကြီးအတွင်းနည်းပါးကြောင်းတွေ့ရသည်။ဆွေးမြေ့ကြေပျက်မှု နည်းပါးသည်။Chakirt နှင့်အခြားတယောက်က
အခြားအပင်ပေါက်နှုန်း အပင်ကြီးထွားနှုန်းဖြစ်စေသော အားပေးသော organic matter များ လျော့ကျကုန်ကြောင်းတွေ့ခဲ့ကြသည်။Chakrit တို့က ၄နှစ်သား ယူကလစ်စိုက်ခင်းတွင် soil texture, total acidity,pH,organic matter,CEC,Nitrogen N Phosphorus P, Potassium K,Calcium Ca, Magnesium Mg,
Exchangeable Al, Sodium Na, and Electric conductivity EC ကိုစမ်းသပ်ခဲ့ရာ ယူကလစ်စိုက်ခင်းပတ်ဝန်းကျင်တွင် အခြားအပင်များအတွက်လိုက်လျောညီထွေ မရှိကြောင်း လက်ခံမရနိုင်ကြောင်းတွေ့ခဲ့သည်။ယူကလစ်စိုက်ခင်းနှင့် ပီလောပီနံစိုက်ခင်း ၂ခုကို မြေတွင်းမှ အစာအဟာရ စားသုံးမှုကို ယှဉ်သောအခါ
N 12.02 1.00,P 11.14 -,K 25.33 -,Ca 2.53 - ဆိုပြီး တနှစ်အတွင်း rai တခုအတွင်း မြေဆီအဟာရ ကုန်ဆုံးမှုတွေ့ရသည်။ယူကလစ်ပင်မှ ပီလောပီနံထက် မြေဆီအဟာရ ပိုမိုဆုံးရှုံးကြောင်းကောက်ချက်ဆွဲကြသည်။
Kasem Chankeaw က biotic
(Environment consisting of living organisms for animals and plant )နဲ့ acbiotic (မြေ မြေအောက်ရေ မြေပေါ်ရေ အဟာရ minerals ,လေကို စစ်တမ်း၂ပိုင်းခွဲလုပ်ဆောင်ပြီး ပတ်ဝန်းကျင် ရုပ်ဂုဏ်သတ္တိအနေဖြင့် ယူကလစ်စိုက်ခင်းအတွင်း ရေနှင့်မြေကိုလည်းကောင်း ပတ်ဝန်းကျင်ကို ယူကလစ်ကြောင့် အဆိပ်အတောက်ဖြစ်မှုတွေကို လုပ်ဆောင်ခဲ့သည်။
ယူကလစ်သည် သြစတီးယားမှမျိုးမှထုတ်ယူထားသော Alien speciesဖြစ်ပြီး Alien species ဆိုသည်မှာ မိမိဒေသရင်းမျိုးမှ ထုတ်ယူထားခြင်းမဟုတ်ပဲ မိခင်မျိုးမှာကွဲထွက်လာခြင်းဖြစ်သည်။ထို့ကြောင့် ပတ်ဝန်းကျင်အတွက် သတိထားစောင့်ကြည့်စရာလဲ ဖြစ်လာသည်။ထို့ကြောင့် ယူကလစ်စိုက်ခင်းအတွင်း ပတ်ဝန်းကျင်သက်ရောက်မှုကို ကြိမ်ဖန်များစွာ စမ်းသပ် အဖြေထုတ်ခဲ့ကြသည်။
Seth et al ကလည်း ယူကလစ်စိုက်ခင်းတွင် Ca သည်ကျွန်းစိုက်ခင်းထက် ပိုကျန်ရစ်မှုများသည်။၂.၆ဆမှ ၄.၄ဆထိ ပိုများတတ်သည်။soil pHသည်လည်း ပိုမိုမြင့်မားပြီး အရွက် အကိုင်းများ ကြေပျက်မှုနှေးကာ ကယ်လစီယမ်များ မြေတွင်းကျန်မှု ပိုများစေသည်။၁rai လျင် ၅၀ကီလို အထိ တင်ကျန်စေသည်။ထို့ကြောင့် မြေတွင်းချဉ်ငံကိန်းလည်း ပိုတိုးစေသည်ဟု ယုံကြည်လာသည်။Petmak ကလည်း ယူကလစ် ၄နှစ်သားစိုက့ခင်းနှင့် အခြားသစ်တောပင်များနှင် ယှဉ်တွဲပြီး အပေါ်ယံမြေလွှာမှ အပင်တွင်းသို့
မြေဆီအဟာရ စုဆောင်းနှုန်းကို တိုင်းတာကြည့်ရာ ယူကလစ်ပင်သည် တဟတ်တာကို တနှစ်လျင် N 82.57 P 6.15 K 70.84 Ca 165.54 Mg 18.30 စုပ်ယူပြီး N 11.61 P 0.52 K 9.22 Va 30.59 Mg 8.46 ကိုသာ ပြန်ထုတ်ပေးသဖြင့် အစားအသောက်ကြီးသော အပင်ဖြစ်ကာ မြေတွင်းအဟာရကို ဆုံးရှုံးစေသည်။Feller ကလည်း ထင်းယူးပင်နှင့် ယူကလစ် ၃၇သားတို့ရဲ့ အစားစုပ်ယူမှုကိုတိုင်းတာခဲ့ရာ ထင်းရှုးတောမှာ ယူကလစ်ထက် N P K Ca Mg စုပ်ယူမှု ပိုနည်းကြောင်း သြစတီးယားတွင်းတွေ့ခဲ့သည်။
Organic matter အနေဖြင့် Ghosh et al က 0-30cm အနက်အတွင်း ၅နှစ်သားစီရှိသော Robusta ကော်ဖီပင်များနှင့် ယူကလစ်စိုက်ခင်းအောက်တွင် တိုင်းတာရာ Robusta ပင်စိုက်ခင်းတွင် organic matter ၃.၃၁%ရှိပြီး ယူကလစ်က ၂.၆%သာရှိကြောင်းတွေ့ခဲ့သည်။ယူကလစ်ရွက်ကြွေများကြောင့် သစ်တောအတွင်း အခြားအပင်ငယ်များမှ ဖြစ်ပေါ်မြင့် အပင်ဆွေးများမှ organic matter များဖြစ်ပေါ်မှုကိုလည်း ဆုံးရှုံးစေသည်ကို West Dehra Dun forest Indiaတွင် တွေ့ခဲ့သည်။
Tomas နှင့် အခြားကလည်း ယူကလစ်စိုက်ခင်းသည် တနှစ်မိုးရေချိန် ၁၃၀၀mm မှ ၃၄၇.၅mm စုပ်ယူသည်။ရေဆုံးရှုံးမှုကိုလည်း Western Bengal, India တွင် စမ်းခဲ့ရာ အခြားအပငမ်ျား ရေလိုအပ်ချက် ၂၀-၃၀%မှ ၁၁.၅၆%ကို ယူကလစ်နှင့် အခြားအပင်များကြားဖြတ်စိုက်ပါက စုပ်ယူသည်။မြေအောက်ရေကိုလည်း ယူကလစ်ရေသောက်မြစ်မှ အခြားမြစ်မွှာများထက် ပိုမိုစုပ်ယူသည်။ယူကလစ်မြစ်သည် အပင်သက်တမ်း ၅နှစ်မှ ၁၅နှစ်အတွင်း ၃မီတာမှ ၂၀မီတာအထိ ရှည်တတ်သည်။ပေအားဖြင့် ၁၀ပေမှ ပေ၆၆အထိရှိနိုင်သည်။
ယူကလစ် ၁၃ပေပတ်လည်စိုက်ခင်းကြားရှိ ပီလောပီနံစိုက်သည်။ထို ၂ခုကို စောင့်ကြည့်သောအခါ ၃နှစ်ကြာလျင် ယူကလစ်ပင်များ၏ ပိတ်စို့မှုကြောင့် အလင်းရောင်လုံလောက်မှုမရှိခြင်း အစာလုခံရခြင်း ရေလုခံခြင်းပြသနာများ ပီလောပီနံခင်းတွင် ဖြစ်ပွားသည်။
ယူကလစ်အပင်တွင် အဆိပ်သင့်မှုရှိမရှိစမ်းကြည့်ရာ အခြားအပင်များ၏ အပင်ပေါက်နှုန်း ကြီးထွားနှုန်းကို အနှောင့်ယှက်ပေးသော Terpenes ဓာတ်ပေါင်းတမျိုးပျော်ဝင်နေကြောင်းကို Moral and Mullerက တွေ့သည်။ထိုဓာတ်ပေါင်းထဲတွင် အဆိပ်ဖြစ်စေသော Cineole နှင့် Alpha Pinene
ပါဝင်သည်။Deshchai ကလည်း Terpenes များသည်
ယူကလစ်အရွက်တွင် ပါ ၀င်ကာ အခြားသီးနှံများကို ကြီးထွားမှုနှင့်အပင်ပောက်မှုကို အနှောင့်အယှက်ဖြစ်စေသည်။
ယူကလစ်စိုက်ခင်းမှ ပတ်ဝန်းကျင်ကို ထိခိုက်မှု ထိုင်းနိုင်ငံအမြင်
RFD အဖွဲ့မှ တဖြည်းဖြည်း ဆိုးကျိုးရှိကြောင်းသိလာပြီး ပြသနာနှင့်အကြောင်းအရင်းကို Agro-forestry Research Unit AFRU မှ ဆောင်ရွက်ခဲ့သည်။ထိန်းသိမ်းခြင်း ပြုပြင်ခြင်းကို ၁၉၇၈မှစပြီး Srisaket လုပ်ကိုင်ခဲ့သည်။အစောပိုင်းမှာ ယူကလစ် အခြားအပင်များကို ခြိမ်းခြောက်မှုမရှိကြောင်းပြောဆိုပေမယ့် ယူကလစ်မှ မြေအောက်ရေကို ပိုမိုစုပ်ယူကြောင်း နှင့် ၃၆ပတ်အတွင်း ၉၃cm အထိ မြေအောက်ရေကို စုပ်ယူကြောင်း တွေ့ခဲ့ကြသည်။ယူကလစ်မှ အခြားခြောက်သွေ့ဇုံတွင်ပေါက်ရောက်သောအပင်ထက် မြေအောက်ရေကို ပိုမိုစုပ်ယူကြသည်။နှစ်ကြာလာသည်နှင့်အမျှ မြေအောက်ရေပျောက် ကွယ်မှု အန္တရယ်ကို ရင်ဆိုင်လာရသည်။ရွာနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးခြင်းကို ဆန့်ကျင်လာကြသည်။ယူကလစ်စိုက်ခင်းကျယ်ပြန့်လာသည်နှင့်အမျှ တီများ အင်းဆက်များ ငှက်များ နှင့်အခြား သားရဲ တိရိစ္ဆာန် များ ကျက်စားမှုကို အနှောင့်ယှက်ပေးလာသည်။နောက်ဆုံးတော့
Biodiversity နဲ့ Biological equilibrium ကို ထိခိုက်စေသည်။
Kanokwanကလည်း ပတ်ဝန်းကျင်နှင့် အသက်မွေးဝမ်းကျောင်းစနစ်မှာ ယူကလစ်သစ်တောများကြောင့် ဆုတ်ယုတ်ပျက်စီးစေခြင်း ရောထွေးပြီး ရှင်းလင်းသော အတွေးများမရှိခြင်းတို့ဖြစ်တတ်သည် လို့ ဆိုသည်။ဒေသခံတွေမှာ စိုက်ပျိုးမြေများ ဆုံးရှုံးခြင်း စိုက်ပျိုးရေးမဖြစ်ထွန်းခြင်းဖြစ်လာမည်။တောင်သူငယ်များ အရင်းရှင် ပြည်နယ်ကြားတွင် ပတ်ဝန်းကျင်ဆိုင်ရာသဘောတရားနှင့်ပတ်သတ်ပြီး သဘောထားကွဲလွဲလာမည်ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံမှာ ရခိုင်ရိုးမ ပဲခူးရိုးမ ရှမ်းရိုးမ စသဖြင့် တောတောင်များဖြစ်တဲ့ Natural resources များပေါများရာဒေသဖြစ်ခဲ့ပြီး လက်ရှိအနေအထားမှာ တောတွေပြုန်း တောင်တွေကုန်နဲ့ အခြေနေ ပျက်စီးနေပါပြီ။ခရိုနီတွေ အစိုးရ ဒေသခံတွေကို အပြစ်မပြောလိုတော့ပါ။တောတောင် ပြန်လည်စိမ်းလန်းရေးဆိုပြီး ယူကလစ်စိုက်လာခြင်းကိုတော့ ပြောချင်ပါတယ်။သစ်တောဆိုတာ ရေဝေရေလဲနေရာ ရေအရင်းအမြစ်ကို ထိန်းသိမ်းရာနေရာ ကာဗွန် အောက်စီဂျင်ကို အများဆုံး ထိန်းညိပေးသောနေရာဖြစ်ပါတယ်။ဒါပေမယ့် တောအသစ်တခုပြန်လည်မွေးဖွားဖို့ ယူကလစ်ကို အစားထိုးခဲ့မယ် ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးဆက်တွေက အရမ်းများပါလိမ့်မယ်။
ယူကလစ်ပင်ဟာ အရိပ်အာဝါသကောင်းလို့ဘရေထိမ်းတယ်ဆိုကြပါစို့ ဒါပေမယ့် အရွက်ကြွေကြောင့် ဆွေးမြေ့မှုအားနည်းတဲ့အပြင် တခြားအပင်များပေါက်ရောက်မှု အခွင့်အလမ်းကို အရွက်များကြောင့် မဖြစ်နိုင်ချေ။ထို့ပြင် တောတွင်းနေထိုင်သော သားငှက် တိရိစ္ဆာန်များ မှီခိုစားသောက်ရန် အစာနေရာတွေမှာ ပြသနာဖြစ်နိုင်ပြီး တောတွင်းသားရဲတိရိစ္ဆာန်များ ပျောက်ကွယ်နိုင်ပါတယ်။ကသာ ဘက်မှာ ကျွန်း သစ်မလန်း စတာတွေ ခုတ်လွန်းလို့ တောပြုန်းပါပြီ။
ရခိုင်ဘက် ရန်ကုန် ဂွလမ်းမှာလည်း လူတိုးလို့မရတဲ့တော ကုန်လို့ အချို့နေရာတွေမှာလည်း ယူကလစ်တွေ အစားထိုးလာတာတွေ့ခဲ့ပါတယ်။
ဒီနေရာယူကလစ်ကို အစားထိုးမယ်ဆိုရင်တော့
အဲဒီက တောပျော် ကျေးငှက် တိရစ္ဆာန် အတော်အများပျောက်ကွယ်ပါလိမ့်မယ်။စားနပ်ရိက္ခာအနေနဲ့စိုက်တဲ့သီးနှံတွေမှာလည်း ယူကလစ်နယ်နိမိတ်တွေမှာ မျိုးစေ့ကအစ အပင်ပေါက်ညံ့နေမှတော့ အပင်ကြီးထွားရန်ဆိုတာ စဉ်းစားမရနိုင်ပါ။မြန်မာပြည်မှာ ယူကလစ်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သုတေသန မရှိသေးပေမယ့် ဂရိတ်ဝေါ ယူကလစ်ခြံတွင်းက ငှက်ပျော ၃နှစ်သားခန့်အပင်တွေ ယူကလစ်ဒဏ်ခံနေရတဲ့ပုံတွေကို သေချာကြည့်ဆုံးဖြတ်စေ့ချင်ပါတယ်။
ဓကလစ်အရွက်က ရွှေမထွက်ပေမယ့် အမြစ်က ရေစုပ်လွန်းပြီး ပါလာမယ့် alloleကြောင့်တော့ မြေကို အဆိပ်သင့်နိုင်ပါတယ်။
ဒီလို ယူကလစ်ကို နိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့သာ စိုက်ပျိုးလာမယ်ဆိုလျင် Biodiversity, biological equalibrium ပျက်စီးလာကာ ရာသီတွေဖောက် စိုက်ပျိုးသီးနှံပါ ဒုက္ခ ပေးလာနိုင်ပါတယ်။ယူကလစ်ကို မဖြစ်မနေစိုက်ကြမယ်ဆိုရင်လည်း လူနေထိုင်ရာအရပ်နဲ့ ဝေးကွာပြီး တခြားစိုက်ပျိုးရေးလုပ်ငန်း လုံးဝလုပ်မရသော မြေမျိုးတွင်သာ စိုက်သင့်ပါသည်။
Agroforestry နည်းနှင့်ကြည့်ွင ယူကလစ်ကြားတွင် တခြားသီးနှံများကြားဝင်စိုက်ပျိုးပါက ယူကလစ်စိုက်ပြီး ၂နှစ်သားကျော်နောက်ပိုင်းတိုင် လုံးဝအံဝင်မည်မဟုတ်သလို
သစ်တောပြန်လည်တည်ထောသ်ရေးအတွက် ခဏယာယီသာ ဖြစ်နိုင်သော်လည်း နောက်ပိုင်းတွင် ယူကလစ်ကြောင့် သားရဲတိရစ္ဆာန် ကျေးငှက်များပါ အစားအစာရှားပါးခြ့င်းဖြစ်ကာ Biodiversity ပါပျောက်ကွယ်နိုင်သည်ကို သတိထားစေ့ချင်ပါတယ်။
ကျနော် ယခုရေးသောယူကလစ်အကြောင်းကို Meta analysis on environmental impact of Eucalyptus plantation in Thailand ကို မှီငြမ်းရေးပါသည်။
Khant Zaw Htet
ACOM
13.April. 2015
2း15 pm

ဘာသာပြန်စာအုပ်များ (၄၅) အုပ်

(၁)သူသေကိုယ်သေ (မြန်မာပြန်)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?eehk5bux345f68v
(၂)အင်ဖာတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4y8v8pctbcgfma7
(၃)တိုင်တန်းနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?laz45o2adjaz6ak
(၄)ပျောက်ဆုံးနေသောကမ္ဘာ(ဌေးမောင်)
http://www.mediafire.com/?fomlkhbfbutj224
(၅)သန်းကောင်ယံ ခုနှစ်မိနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?soehqh7gf7rr3ik
(၆)ဘင်လာဒင်ရှာပုံတော် (စိန်ဝင်းစိန်)
http://www.mediafire.com/?r7b5brt2r9blkb8
(၇)ဂျူလိယက်ဖူးချစ် - ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဘာသာပြန်-အိုးဝေထွန်းအောင်နှင့်ဦးစံရွှေ)
http://www.mediafire.com/?5pih1dcttkly4vt
(၈)နေဝင်ဘုရင်များ (ကျော်အောင်)
http://www.mediafire.com/?j7em79774th5pbp
(၉)အို ဂျေရုဆလမ် (ကျော်အောင်)
http://www.mediafire.com/?9w964qgos05veef
(၁၀)အိုင်းစတိုင်း(ဆန်းလွင်)
http://www.mediafire.com/?ijzbeazsij9uijz
(၁၁)မေတ္တာရှင်မလေးပ်ါလီယာနာ(ထင်လင်း)
http://www.mediafire.com/?egecbrvap2rymvm
(၁၂)တစ်ကျွန်းစံ၏ အပြန်လမ်း(ထင်လင်း)
http://www.mediafire.com/?w5ppjwanfp61ose
(၁၃)အဆိပ်(ထင်လင်း)
http://www.mediafire.com/?1gl6ar75j4uf33v
(၁၄)စည်းအပြင်ကလူ(ထင်လင်း)
http://www.mediafire.com/?rj0ia7r0905ers0
(၁၅)လေယာဉ်ပြန်ပေးနှင့်အစ္စရေးဓါးစာခံ (မောင်မောင်ညွန့်)
http://www.mediafire.com/?l3twnmtd33m88j3
(၁၆)ဘ၀ကိုကြက်ခြေခတ်ခဲ့ရပေမယ့်(မြတ်ငြိမ်း)
http://www.mediafire.com/?nn8xctc1qxhsddd
(၁၇)အဖေပေးတဲ့အမွေ(မြတ်ငြိမ်း)
http://www.mediafire.com/?36faok93aices7f
(၁၈)လက်ဆောင်မွန်(မြတ်ငြိမ်း)
http://www.mediafire.com/?o531p156bqbvzh5
(၁၉)ဖိနပ်ခြောက်ရန်ဆောင်ရွက်နည်း(မြတ်ငြိမ်း)
http://www.mediafire.com/?qv7diz42rdauyg7
(၂၀)ဘယ်သူ့ဒိန်ခဲငါနေရာရွှေ့လို့ရမည်လဲ(မြတ်ငြိမ်း)
http://www.mediafire.com/?3dvq18mg1rpplbp
(၂၁) ချစ်သွေးသစ္စာ(မောင်ထွန်းသူ)
http://www.mediafire.com/?14lhi0x4qx5x3x8
(၂၂) ဂျပန်ဘာကြောင့် အောင်မြင်ခဲ့သလဲ(မောင်ထွန်းသူ)
http://www.mediafire.com/?qp8847mi30scdnn
(၂၃)နှစ်လောက (ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?q16ltol1jhqyckq
(၂၄)ကာမင်း(ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?hk8schhswm14919
(၂၅)မော်ရေးဗီးယား ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?9f8blckobv12l9k
(၂၆)မောင်ထွန်းသူ- ဒေါသမာန်(မောင်ထွန်းသူ)
http://www.mediafire.com/?h6lqwizdwxc6amo
(၂၇)ရဲတိုက် အတွဲ(၁) – (မောင်ထွန်းသူ)
http://www.mediafire.com/?1f0u1d65rt71n4l
(၂၈)ရဲတိုက် အတွဲ(၂) – (မောင်ထွန်းသူ)
http://www.mediafire.com/?13mr2rj4bipmcgs
(၂၉)တော်စတွိုင်းဝတ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?r0crw254sx62we3
(၃၀)ဆိုင်ဂုံ (၁+၂+၃)(မောင်ထွန်းသူ)
http://www.mediafire.com/?iqdbuy7y7ewnnpi
(၃၁)ဆိုင်ဂုံ (၄+၅+၆)(မောင်ထွန်းသူ)
http://www.mediafire.com/?7275mmq27q6p6ms
or
https://docs.google.com/open?id=0B9UcDHcVpAz6Ny1QTHhPMmpuVHM
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၃၂)ဆိုင်ဂုံ (၇+၈)(မောင်ထွန်းသူ)
http://www.mediafire.com/?ho2rnp44i2jr4rr
(၃၃)ဆင်ကုန်သည်(မောင်ထွန်းသူ)
http://www.mediafire.com/?mm8ghhdkosa8yod
(၃၄)ပီကင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4bcfy33r82nmcbv
(၃၅)ခွင့်လွှတ်ခြင်းသူခိုးနှင့် မိုဆွန်ပါ ၀တ္ထုများ(မောင်ထွန်းသူ)
http://www.mediafire.com/?5jbcjxaqj33dbbb
or
https://docs.google.com/open?id=0B674PBCHce-mMXZTV3hjcmJhd0U
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၃၆)တို့ဘ၀တို့ကမ္ဘာ(မောင်ထွန်းသူ)
http://www.mediafire.com/?39i9wyv6d18h8td
(၃၇)ချစ်မျက်ရည် ဘယ်ခါစဲလေလိမ့်(မောင်ထွန်းသူ)
http://www.mediafire.com/?7147v33z16yk3u4
(၃၈)အနန္တမေတ္တာ (Three Loves ) (ပထမပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?0k5nvyuobbgbyxm
(၃၉)အနန္တမေတ္တာ (Three Loves ) (ဒုတိယပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?yea8aadtl1jnqaj
(၄၀)အကျဉ်းစံ(မောင်ထွန်းသူ)
http://www.mediafire.com/?mltfbexn2554naq
(၄၁)အိုဟင်နရီ၏ ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?vjt7sry7u0mnrnu
(၄၂) စူဇီဝေါင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4g7u3nre34b7bd5
(၄၃)ပင်လယ်ပြာနှင့် တံငါအို(မောင်ဆုရှင်-မြန်မာပြန်)
http://www.mediafire.com/?3pog6mpd8u4a2z4
(၄၄)စစ်နှင့် ငြိမ်းချမ်းရေး (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?166nb2cv3u9aluv
(၄၅)ရှိတ်စပီးယားပုံပြင်များ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?5p63nav3q6t167j
_______________________
Credit mmcybermedia

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်


သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။
ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

Viber ဖြင့် ခြိမ်းခြောက်နှောင့် ယှက်မှုကို တိုင်ကြားနိုင်ပြီ

တိုင်ကြား မှုများသည့် ဖုန်းနံပါတ်ကို အသုံး ပြုခွင့် ပိတ်ပင် သွားမည် Viber အသုံးပြုသူ အချင်းချင်း Viber စနစ်ကို အသုံးပြု၍ ခြိမ်းခြောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ရုန့်ရင်းကြမ်း တမ်းစကားဆိုခြင်းနှင့် ဓာတ်ပုံပေး ပို့ခြင်းများဖြင့် နှောင့်ယှက် မှုများပြု လုပ်လာပါက အဆိုပါ Viber အကောင့် နံပါတ်၊ အချက် အလက်များကို Gmail ဖြင့် ပေးပို့ကာ တိုင်ကြားနိုင်သည်ဟု Viber ကုမ္ပဏီထံမှ သိရသည်။
ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း များပြုလုပ်သည့် Viber အကောင့်နံပါတ်နှင့် အချက် အလက် အပြည့်အစုံ ကို support@viber.com သို့ gmail ဖြင့်ပေး ပို့ကာ တိုင်ကြား နိုင်မည် ဖြစ်သည်။ တိုင်ကြား ခံရမှု များပြား သည့် အကောင့် နံပါတ် ကိုလည်း ရှေ့ဆက် အသုံးပြုနိုင်ခြင်း မရှိစေရန် ပိတ်ပင် သွားမည်ဟု ဆိုသည်။
Viber မှ ပြန်ကြားရေးတာဝန်ခံ မ၀တ်ရည်အောင်က“ဖုန်းနံပါတ် တစ်ခုတည်းကိုပဲ လူအများအပြားက တိုင် တန်းမှုတွေ ရှိလာရင် အဲဒီဖုန်းနံပါတ်နဲ့ Viber ကို ကာလရှည်ကြာ အသုံးပြုလို့ မရနိုင်အောင် Block ပြုလုပ် သွားမှာပါ” ဟု ဆိုသည်။
အချို့သော Viber အသုံးပြုသူများသည် အကောင့်များစွာဖြင့် အုပ်စုဖွဲ့ထားသည့် Viber Group များတွင် ဆဲဆိုခြင်းများ၊ ညစ်ညမ်းသည့်ပုံများ ပေးပို့နေကြပြီး အဆိုပါ အုပ်စုသို့ မိမိကိုယ်တိုင် ၀င်ရောက်ခြင်း မရှိဘဲ အခြားသူတစ်ဦးဦးက ထည့်သွင်းနိုင်သောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု Viber အသုံးပြု သူ အများစုက ပြောသည်။
Viber အသုံးပြုသူ တစ်ဦးဖြစ်သူ မထက်ထက်က “ဖုန်းနံပါတ်မသိတဲ့ Viber အကောင့်တွေနဲ့ ညစ်ညမ်းပုံ တွေ လာပို့တာ၊ လာပြီးဆဲဆိုနေတာ ကြုံဖူး တယ်။တစ် ခါတစ်လေ ဘယ်က လူတွေမှန်း မသိတဲ့ အုပ်စုဖွဲ့ ညစ်ညမ်း ပုံတွေ ပို့လာတာ၊ ဆဲဆို နေကြ တာတွေ လာပို့ပေး တာလည်း ကြုံဖူးတယ်။ အဲဒီ အုပ်စု ထဲကထွက် လိုက်လည်း ဘယ်လိုပြန်ပြန်ရောက်သွားမှန်း မသိဘူး။ ခုအဲလိုလုပ်တဲ့သူတွေကို တိုင်ကြားလို့ရ တော့ အဆင်ပြေတာပေါ့” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် Viber အကောင့် အသုံးပြုသူ ငါးသန်းကျော် အထိ ရှိနေသည်ဟု Viber ကုမ္ပဏီ၏ စာရင်း အရ သိရသည်။ အလားတူ ကမာရွတ်မြို့ နယ်ရှိ Viber အသုံးပြုသူ ကိုဇော်မင်းအေးကလည်း “Viber အုပ် စုဖွဲ့ပြီး အဲဒီ Group ထဲမှာ ဆဲဆိုနေကြတာတွေ တွေ့ဖူးတယ်။ ဘယ်သူက ကိုယ့်ကို အဲဒီဂရု ထဲထည့် မှန်း မသိတဲ့ အတွက် ဘယ်သူ့ကို အပြစ်ပြောလို့ ပြောရမှန်း မသိဘူး။ ကိုယ့်ကို ဂရု(ပ်)ထဲထည့်တဲ့ သူမျိုး ကိုပါသိ နိုင်အောင် လုပ်ပေးထား ရင်အသုံးပြု ရတာ ပိုကောင်း လိမ့်မယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
Viber သုံးစွဲသူများ ဆော့ကစားနိုင်မည့် ဂိမ်းကိုလည်း ၂၀၁၅ ဇန်န၀ါရီလ အတွင်း စတင် ၀န်ဆောင်မှု ပေးသွား မည်ဖြစ်ပြီး အဆို ပါဂိမ်းကို မြန်မာ အပါအ၀င် ကမ္ဘာတစ် ၀န်းလုံးရှိ Viber အသုံးပြုသူများ ဆော့ကစား နိုင်မည် ဖြစ်သည်။ ဂိမ်းဆော့ ကစားရာ တွင်လည်း Viber အသုံးပြုသူ အချင်းချင်း အတူတကွ ကစားနိုင် မည့်ဂိမ်းများ ကိုလည်း မိတ်ဆက်ပေး သွားမည် ဖြစ်သည်။
Mizzima