Thursday, June 25, 2015

'မင်္ဂလာပါ' ဆိုတဲ့ စကားကို မည်သူစတင် တီထွင်ခဲ့သနည်း


'မင်္ဂလာပါ' ဆိုသော နှုတ်ခွန်းဆက်စကားအား စတင်တီထွင်ခဲ့သူမှာ ဖဆပလ အစိုးရခေတ်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော 'ထွန်းနေ့စဉ်' သတင်းစာကို တည်ထောင်တည်းဖြတ် ထုတ်ဝေခဲ့သော စာရေးဆရာ သတင်းစာဆရာကြီး ' ထွန်းနေ့စဉ် ဦးထွန်းဖေ ' ဖြစ်ပါသည်။

1 comment:

  1. မင်္ဂလာဟူသောစကားလုံးကို မြန်မာနိုင်ငံနေရာဒေသအနှံ့ အပြားတွင်ကျယ်ကျယ်ပြန့် ပြန့် သုံးနှုန်းလျက်ရှိသောကြောင့်နေ့ စဉ်နှင်.အမျှ ကြားနေ၇မည်ဖြစ်သည်။ စာသင်ကျောင်းများ၌်လည်းကျောင်းတက်ခေါင်းလောင်းထိုးပြီး၍ ဆရာ၊ဆရာမများစာသင်ခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသူ၊ကျောင်းသားအားလုံးမှ မတ်တတ်ရပ်၊လက်ပိုက်ကာ အရိုအသေပြုလျက်”မင်္ဂလာပါ ဆရာ၊ဆရာမ”..ဟု သံပြိုင်နှုတ်ဆက်လေ့ရှိကြ၏ ။ ထို့ အတူ ဆရာ၊ဆရာမများကလည်း”မင်္ဂလာပါ တပည့်တို.” ဟူ၍ပြန်လည်နှတ်ဆက်ကြသည်မှာ တစ်နေ့ တာစာသင်ချိန် စတင်ပြီဖြစ်ကြောင်းကြေငြာလိုက်ခြင်းဟုပင်ဆိုရပေမည်။

    ထို.အပြင်ဈေးဆိုင်ခန်းများ၊ဧည့်ခန်းများမှအစဘတ်စ်ကားများ၏ခေါင်းခန်းများ၊အိမ်နံရံများအဆုံးလူများမြင်သာ၊ထင်သာသော နေရာများတွင်လည်း ”မင်္ဂလာပါ” ဟူသောစာတန်းများကို ဒီဇိုင်းအမျိုးမျိုးဖြင့် ရေခြယ်၍ ချိတ်ဆွဲထားသည်ကို တွေ့ ရှိနိုင်ပေသည်။
    ဤမျှသာမကသေး -အလှူဒါနပြုလုပ်ကြရာ၌လည်း” အလှူတော်မင်္ဂလာ” ဟုလည်းကောင်း၊လက်ထပ်ထိမ်းမြားရာ၌လည်း ”လက်ထပ်မင်္ဂလာ” ဟုလည်းကောင်း၊အိမ်အသစ်ဆောက်လုပ်ပြီးစီးသောအခါ ပရိတ်တရားတော်နာယူခြင်းကိုလည်း ”အိမ်သစ်တက်မင်္ဂလာ” ဟုလည်းကောင်း၊မင်္ဂလာ ဟူသောစကားလုံးကို တမြတ်တနိုး သုံးနှုံးထားသည်ကို တွေ.မြင်သိရှိကြပြီးဖြစ်ပေလိမ်.မည်။
    ရှေးယခင် ဘုရင်မင်းများလက်ထက်တွင်လည်း ”ခေါင်းဆေးမင်္ဂလာ” ၊ ”အဘိသိက်မင်္ဂလာ”၊”လယ်ထွန်မင်္ဂလာ”၊ အစရှိသည်ဖြင့် မင်္ဂလာဟူသောစကားလုံးကို တော်ဝင်နန်းသုံး စကားလုံးအဖြစ် တခမ်းတနား သုံးနှံးခဲ့ကြောင်းမှတ်သားခဲ့ရပေသည်။
    မြန်မာလူမျိုးတို့ ၏နယ်ပယ်အသီးသီးတွင် ”မင်္ဂလာ” ဟူသောစကားသည် အဘယ့်ကြောင့်ဤမျှလောက် လွှမ်းမိုးနေရာယူထားရသနည်းဟူမူကား ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့် ဟုဖြေဆိုခြင်းထက် ”မင်္ဂလသုတ်တော်” ၏ ဂုဏ်ကျေးဇူးကြောင့် ဟုဖြေဆိုရလျှင် ပို၍မှန်ကန်တိကျမည်ဟု ထင်မိသည်။ “မင်္ဂလသုတ်တော်”၏ အနက်အဓိပ္ပါယ်ဆိုလိုချက်များကိုသေချာစတစ်တကျ လေ.လာသိရှိ၊ကျင့်သုံး၊လိုက်နာ၊နေထိုင်မည်ဆိုလျှင် “မင်္ဂလာ” ဟူသောစကားလုံး၏ အနှစ်သာရ ရှိမှူ၊လေးနက်မှု၊အဓိပ္ပါယ်ပြည်.၀မှုတို့ ကိုခံစားသိရှိလာကြပေလိမ့်မည်။

    ReplyDelete