Thursday, June 25, 2015

ဂျပန်အကြောင်း တစ်စေ့တစ်စောင်း

သမီးကြီး မူလတန်း ဒုတိယနှစ် (မူလတန်း ဒုတိယနှစ်ဟုသုံးပါသည်) ချက်တဲ့ အာလူး ၀က်သားပြား လိပ်ကြော်နဲ့ ဒီနေ့ စားရမယ်ဂျပန်မှာက မူလတန်း ကနေ အလယ်တန်း ထိ ကျောင်းတွေမှာ နေ့လည်စာထမင်းကို ကျောင်းက ကျွေးပါတယ် ကျောင်းသားတွေ ကလဲ မီးဖိုချောင် ၀တ်စုံလေးနဲ့  ထမင်းချက်ဆောင် အလှည့်ကျ သွားပြီး ကူ ပေးရပါတယ် ဒါလဲ ကျောင်းကသင်တဲ့ သင်ခန်းစာ ပါ စာတစ်မျိုးထဲ သင်တာမဟုတ်ပါ ထမင်းစားဆောင် မှာ တာဝန်ကျတဲ့ ကလေးရဲ့ စကားကို ထမင်းစားချိန်မှာ ကျန်ကလေး အားလုံး နားထောင် ရပါတယ် စီမံ မှု့ ကို ပါ တွဲ သင်ပေးတာပါ ခေါင်းဆောင်တတ် ဖို့ နဲ့ အမိန့်နာခံ တတ်ဖို့ ကိုယ့် တာဝန် ကိုယ် အောင်မြင်အောင် ထမ်းဆောင် တတ်ဖို့ ကျန်တဲ့ ကလေးတွေ ကလဲ ကိုယ့် တာဝန် မဟုတ်ပဲ သူ့ တာဝန်သူ့ အလုပ်သူ လုပ်နေတာကို ကိုယ့်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဘေးထိုင် ဘု မပြော အောင် ကန့်လန့် တိုက် ဂဏန်းသွား မသွားပဲ နောက်လိုက် တတ်အောင် ပါ ကျောင်းက သင်ပေးပါတယ် ခေါင်းဆောင် တာဝန်ကောနောက် လိုက်တာဝန်ပါ သင်ပြီး သားပါ ဒါက စားသောက်တာ တစ်ခုထဲ နမူနာ ပြတာပါ တစ်ခြား များစွာရှိပါသေးတယ် အားကစား ပုံဆွဲ သီချင်း ဆို piano တီး အပင်စိုက် စာ အကြောင်းဆွေးနွေး တာ သူများကို ကိုယ် စိတ် နှစ်လုံး အနှောင့်အယှက် မဖြစ်အောင် နေထိုင်တာ ဘယ်အပြု အမှုက ကောင်းတယ် မကောင်းဘူး ဆိုတာကအစ သူတို့ အချင်းချင်းလဲ ဆွေးနွေးခိုင်း ဆရာမ ကလဲ ခေါင်းစဉ်ပေး ပြီး တော့ လမ်းပြ ဆွေးနွေး ခိုင်း တာ တွေ အမှိုက်ပြစ်တာ အိမ်သာ ကို သန့်အောင် သုံးတာ တစ်ပါတ်တစ်ကြိမ် ကိုယ့်ကျောင်းအိမ်သာ သန့်ရှင်းရေးလုပ်ခိုင်းတာ အများသုံးလမ်းမတွေထွက် သန့်ရှင်းရေးလုပ်ခိုင်းတာ အများသုံးတဲ့ပန်းခြံမှာ သွားစားသောက်ပြီးကိုယ့် အမှိုက်ကိုယ် တစ်စမကျန်ရှင်းခိုင်းတာတွေ ဒါတွေက ကျောင်းတွေက သင်ပေးတဲ့သင်ခန်းစာပါ ဒါတွေကို ကျောင်း မှာ သင်ခန်းစာနဲ့ထည့် သင်ရတယ်ဆိုတာ သိကြတဲ့ ဆရာ ဆရာမ တွေပါမ္ခောဆရာဆရာမတွေ သင်ရိုးညွှန်းတန်းရေး ဆွဲတဲ့ ဆရာတွေ တောင်မှ သိသူ တော်တော်နဲမယ် ထင်ပါတယ် အိမ်သာထဲ က ကိုယ့်ကိစ္စ ကိုယ်ရှင်းလို့ ရုပ်ရှင်တွေရျေ့မှာ အသိပေးကြေငြာကို မထည့်ရအောင် မူလတန်းကတဲက သင်ပေးတာပါ မိန်းကလေးတွေ ထိုင်နည်း ကအစ ကျောင်းက သင်ပေးတာပါ မြန်မာပြည်က ကျောင်း ဆိုတာ စာသင် ဖို့ ပဲလို့ တွက်နေ သူ များ ဘာပြောကြမယ် မသိပါ စာဆိုလဲ တစ်နီုင်ငံလုံး ဒီနေ့ သင်တဲ့သင်ခန်းစာက ဘယ်နေရာ ဘယ်မြို့ ကကျောင်းဖြစ် ဖြစ် ဒီ အတန်းဆို ဒီ သင်ခန်း စာပါ အပါတ်စဉ် စာမေးပွဲလို ဖြေနေရလို့ ကျောင်းသား စာညံ့တယ် တော်တယ် ဆရာမတွေက ချက်ချင်းသိပါတယ် ကျူရှင်မရှိ ပါ ဆရာမက ကစားချိန် မှာ သူတို့ ကို သည်းသန့်  ညံ့တဲ့သင်ခန်းစာ ကို သင်ပေးပါတယ် ဂျပန်မှာစာမေးပွဲ ကျတယ်ဆိုတာတော်တော်နည်းပါတယ် စာမေးပွဲကျတဲ့ သူများတာက ပညာရေး စနစ်မြင့်လို့ ဆိုတဲ့ မြန်မာပြည် က ညဏ်ကြီးရှင်များလဲ ဂျပနှ်မှာ စာမေးပွဲကျသူနည်းတော့ ပညာရေးစနစ် ညံလို့ များပြောကြမယ်ထင်ပါတယ်.. ..
အားလုံး သိစေချင်လို့ တင်ပါတယ် တို့ နိုင်ငံမှာ တို့ လူမျိုးကလေးတွေ အားလုံး အရည်အချင်းနဲ့ စာရိတ္တ ကိုယ်ပိုင် ဆင်ခြင် ညဏ် များ ဖွံဖြိုးတိုးတတ်အောင် အမှား အမှန်ကို ကောင်းစွာ ခွဲခြား တတ်ပြီး ကိုယ့်အားကိုယ်ကိုးတတ်အောင် အများကိုခေါင်းဆောင် တတ်အောင် နောက်ကလိုက်ရလဲ နောက်လိုက်ကောင်းများဖြစ်အောင် လူတော်တွေထက် လူကောင်ေးတွ ပေါများအောင် သင်ပေး နိုင်တဲ့ ကျောင်းများပေါ်လာပါစေ လို့ ဆုတောင်း လိုက်ပါတယ်.....(ကျောင်းဆိုလို့ လုံခြုံမှု့အပြည့်ရှိတဲ့ ကျောင်း လုံလောက်တဲ့အကျယ်အ၀န်းရှိ တဲ့ကျောင်း အားကစားကွင်း အစည်းအဝေးခန်းမတို့ ပါတဲ့ကျောင်းတွေ လဲ လိုပါတယ်)
လူဆိုတာ ကိုယ်တစ်ယောက်တည်းအဆင်ပြေနေလို့ မှမရပဲ နော် ကိုယ်နဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ကောင်းအောင် ပြုပြင်ရပါတယ်တဲ့ သူငယ်ချင်းကိုပါသင်ပေးပါတဲ့ အဲဒါလဲ သမီးတို့ ကျောင်းက စာသင်ခန်းမှာရေထားတဲ့ သင်ခန်းစာပါ. ပဲ
မူလတန်း ကလေးတွေ ကျောင်းစတတ်ချင်းနေ့  ကျောင်းမျာ ဆရာမက ပထမဆုံးပြောတဲ့ သင်ခန်းစာ ကကိုယ့်အပြု အမူ အယာကြောင့် သူတစ်ပါးအနှောင့် အယှက်မဖြစ်ပါစေနဲ့တဲ့ ...
ပြောမဲ့သာပြောတာ အဲလို ကျောင်းတွေ ဖြစ်သွားရင် အားလုံး ဆင်ခြင်တုံ တရားမြင့် ပြီး ညဏ် ရည်မြင့် လာရင် နိုင်ငံတော်က တည်ငြိမ်အေးချမ်း မှု့ အလိုရျီသူ ဆိုပြီး ထုတ်သုံးရမဲ့  စွမ်းအား ရှင်တွေ နဲသွားမှာ စိုးလို့ ကြိုက်မယ်မထင် ..........

Credit to> Yuri Ko

No comments:

Post a Comment