Thursday, June 25, 2015

ကျွမ်းကျင် အတတ်ပညာရှင်


(၂၀၁၃ က ရေးခဲ့တဲ့ ပိုစ့်လေးကို ပြင်ဆင်ဖြည့်စွက်ပါတယ်.)
**************************
... professional တစ်ယောက် ဖြစ်ဖို့ ဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ကိုပဲ လုပ်ဖို့လိုပါတယ် " နိုင်ငံရေး သမားက သမ္မတ ဖြစ်ချင်တာ ဆန်းတယ်လို့ ထင်နေတဲ့သူ အားလုံး အမြဲ လိမ်ညာ စကားတွေ မုသားမပါ လင်္ကာ မချော ပြောခဲ့ တဲ့ စကားတွေ နဲ့ နှစ်ပေါင်း များစွာ ရင်းနှီး နေခဲ့လို့ပါ ...
..စစ်ပညာသင်ပီး စစ်တပ်ထဲနေခဲ့တာ အနှစ်သုံးဆယ် ကျော်မှ စီးပွားရေး နိုင်ငံရေး လုပ်ရင် အောင်မြင်ပါမလား၊ နှစ် နှစ်ဆယ်ကျော် မြန်မာ ပြည်ဟာ အစမ်းသပ်ခံဘဝ နဲ့ ကြီးပြင်းခဲ့ရတယ် .. ....ဒါပေမယ် စစ်တပ်ကို ကျွန်မ အပြစ်မမြင်ပါဘူး တိုင်းပြည် မငြိမ်သက်လို့ လွှဲယူခဲ့တာကိုပေါ့ ..
. ဒါပေမဲ့ လွှဲယူပီး ပြန်မထချင်တော့တဲ့ လူနဲစုကို အပြစ်တင်တာပါ တိုင်းပြည်ကို စုတ်ပြတ်သတ် နလန်မထူနိုင်အောင် ပြည်သူတွေ ဆင်းရဲမွဲတေအောင် ပြည်သူတွေ ယခင်ခေတ်တွေကထက် ဒုက္ခရောက်အောင် ငါနဲ့ ငါ့မိသားစု အဆင်ပြေရင်ပြီးရောဆိုတဲ့ အတ္တတွေနဲ့ အာဏာ မက်မောခဲ့တဲ့ လူ တစ်စုကိုပါ အပြစ်တင်မိတာပါ..
မြန်မာပြည် ဘာကြောင့် စုတ်ပြတ်သတ်နေလဲ ရှင်းရှင်းလေးပါ.. ၀န်ကြီးဌာနတွေက အကြီးအကဲတွေ ဟာ.. စစ်တပ်က ပြန်တမ်းဝင်ဆိုပြီး အုံဖွဆိုပြီး ၀န်ကြီးတွေ ညွှန်မှူးတွေ ဌာနမှူးတွေ စသဖြင့် နေရာယူထားကြတယ်.. သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ပညာရပ်တွေ ဘာတစ်ခုမှ နားမလည်ပဲနဲ့.. ပညာရှင်တွေရဲ့ အထက်မှာ နေရာယူပြီး.. ဆုံးဖြတ်ချက်တွေ လွှဲမှားစွာ ချခဲ့ကြတယ်.. ဒါကြောင့်လည်း.. မြန်မာပြည်ဟာ.. ၀င်းသူဇာလို ဈေးဆိုင် လုပ်ငန်း တစ်ခုတောင် အောင်မြင်အောင် မလုပ်နိုင်ဘူး..
ဒါ ဘာကြောင့်လဲ.. ကိုယ်မကျွမ်းကျင်တဲ့ field တစ်ခုကို စာပေါက်ပွတာနဲ့တင် တစ်ဘ၀ ချမ်းသာချင်တာနဲ့တင်.. ၀င်ရောက် လုပ်ကိုင်နေကြတယ်..
ဝန်ကြီးဌာန အသီးသီးက စက်ရုံတွေ ဘယ်နှစ်လုံးလောက် ပိတ်လိုက်ရပြီလဲ.. အစိုးရမှာ စာရင်း ရှိမှာပါ..
လက်၇ှိ အစိုးရဟာ ကုမဏီတစ်ခုဆို၇င် ဒေ၀ါ၇ီ ခံရတာ ကြာလှပြီ.
management ပညာလည်း မတတ်တော့.. ဦးနှောက်တွေကို ၀ယ်ယူပြီး အသုံးမချနိုင်ဘူး..
ကုမဏီ လုပ်ငန်းတွေမှာ..သူဌေးတွေက ရာထူကြီးကြီးတွေကို ငွေများများပေးပြီး ဘာကြောင့် ခန့်ထားလဲ..
သန့်ရှင်းရေးသမားတွေကို ကုမဏီရဲ့ အနိမ့်ဆုံးလစာပဲဘာကြောင့်ပေးလဲ.
သန့်ရှင်းရေးသမားလည်း လူပဲ မန်နေဂျာလည်း လူပဲ ဒါဆိုရင် ဘာကြောင့် သူဌေးက ပိုက်ဆံ လစာ အတူတူ မပေးသလဲ.. သေချာ စဉ်းစားပါ အကျယ်ရှင်းမပြချင်တော့ဘူး..
.
.. ဒေါ်စုက တိုင်းပြည်အတွက် ဘာလုပ်ပေးသလဲ မေးသူတွေ အတွက်ပါ .. ဒေါ်စု အကျယ်ချုပ်ဖြစ်နေတာရယ်.. နိုင်ငံရေးသမားတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွက်ပြီး.. ထောင်ချခဲ့လို့ နိုင်ငံတကာက လွတ်မြောက်ရေး ဖိအားတွေပေးခဲ့တယ်..
.. တပြိုင်နက်တည်း စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ် အဲ့လိုပဲ စစ်အစိုးရဘက်ကလည်း.. နိုင်ငံတကာနဲ့ ချိတ်ဆက်မှုတွေ မရအောင် သတင်း အမှောင်ချထားခဲ့တယ် ...
..ဒေါ်စု နဲ့ နိုင်ငံရေးသမားတွေကို ဘာကြောင့် လွှတ်ပေးခဲ့လဲ သူလွတ်မှ နိုင်ငံတကာက ပိတ်ဆို့မှုတွေ လျော့ပေးမယ်ဆိုတာကို စစ်အစိုးရက သိတယ်.. နောက်တစ်ချက် အဲ့ဒီအချန်က တိုင်းပြည်က အားလုံးပျက်စီးခဲ့ပြီးပြီ စိတ်ဓါတ်တွေ အသိဥာဏ်တွေ ဘ၀တွေ ဖျက်စီးခဲ့တော.. ပြည်သူတွေအားလုံးဟာ သူတို့ ထားရာနေ စေရာသွား..ဗဟုသုတလည်း မရှိတော့.. တွေးတော ဆင်ခြင်နိုင်စွမ်းလည်း မ၇ှိတော့.. သူတို့ စိတ်ထဲမှာ.. စစ်အစိုးရကို ကြိုက်သလား မကြိုက်သလား.. သူတို့ လုပ်နေတာတွေ ပြည်သူအတွက်လား ပြည်သူအတွက် မဟုတ်ဘူးလား ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ပဲ.. ဘယ်အစိုးရတက်တက် စိတ်လည်း မ၀င်စားတော့ဘူး.. လွှတ်တော်ဆိုတာလည်း ကိုယ်နဲ့ မဆိုင်ဘူး.. နောက်ဆုံး ကျေးလက်တွေမှာ.. သမ္မတ နာမည်တစ်းလုံးကလွဲရင် ကိုယ့်ကိုယ် ဘယ်သူတွေ အုပ်ချုပ်နေမှန်းတောင် မသိဘူး..ကိုယ်လုပ်မှ ကိုယ်စားရမှာ.. နိုင်ငံရေး ငါနဲ့မဆိုင်လို့တောင် တွေးခေါ်နေတဲ့သူတွေ မြန်မာပြည်မှာ အများကြီး..
.. အဲ့ဒီအထဲကမှ တကယ်ချွန်ထွက်တဲ့သူတွေလောက်သာ တွေးခေါ်စဉ်းစားနိုင်တာ.. အဲ့ဒီလူတွေက လက်ရှိ နိုင်ငံရေး လုပ်နေတဲ့သူတွေပဲ...
..ကျွန်မပြောခဲ့သလို အဘက်ဘက်က စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည်ကို ဦးဆောင်ပေးပါ့မယ်လို့ ပြောတဲ့ ဒေါ်စုရဲ့ သတ္တိကို ကျွန်မ မချီးကျူးပဲ မနေနိုင်ဘူး...
..အမေရိကန်မှာ သမ္မတ အိုဘားမား အာဏာရစဉ်က ဒီလောက် ကမ္ဘာထိပ်သီး အမေရိကန်ကြီးဟာ... စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ရတယ်.. အကြွေးတွေ ဗလပွပေါ့.. ဘဏ်သူဌေးကြီးတွေ နေ့ချင်းညချင်း ဆင်းရဲသွားတယ်.. ငွေဆိုတာ ကိန်းဂဏန်အဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်.. ဘဏ်တွေမှာ ငွေမရှိဘူး.. စာချုပ်တွေပဲရှိတယ်.. လုပ်ငန်းတွေ မလည်ပတ်နိုင်တော့.. ဘဏ်တွေကို အကြွေး မဆပ်နိုင်ဘူး.. ဒီလို ကြပ်တည်းလှတဲ့.. အခြေအနေမှာ.. အိုးဘားမား အာဏာလွဲယူလိုက်တယ်.. အဲ့ဒီကတည်းက ကျွန်မ အိုးဘားမားကို မလေးစားပဲ မနေနိုင်ဘူး..
ဒီနေရာမှ အလျဉ်းသင့်လို့ တစ်ခု ပြောချင်ပါတယ်.. အိုဘားမားဟာ.. လူမဲလူမျိုးပါ.. ဒီလို လူမဲတစ်ယောက်ကို လူဖြူ လူမဲ အ၇မ်းကို ခွဲခြားခဲ့တဲ့ တိုင်းပြည်က ဘာကြောင့် အုပ်ချုပ်စေပါသလဲ.. တိုင်းပြည်ကို တကယ်ချစ်ရင် တိုင်းပြည်ကို တကယ်တန်ဖိုးထားရင်.. တိုင်းပြည်အပေါ် စေတနာရှိသူကိုသာ ရွေးချယ်သင့်ပါတယ်.. သူကတော့ လူမဲမို့လို့ သူကတော့ လူဖြူမို့လို့..စသဖြင့်..ပညတ်တွေအပေါ်မှာ တွေးနေရင်တော့.. ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး..
.. ဒါကြောင့် ဒေါ်စုမို့လို့ပါ..အရင်လူက ဒုက္ခအထုတ်ကြီး လုပ်သွားပီး နောက်လူကို ရော့ အင့် ဆိုပီး ပစ်ချသွားမှာ လူဘိန်း အတွေး နဲ့ တွေးကြည့်စမ်းပါ ဒေါ်စု နောက် နေရလှ အနှစ် 15 နှစ် ပဲ အဲဒီ 15 နှစ်အတွင်း သမ္မတ ဖြစ်ရင်တောင် အရေးဝဝ အိပ်ရမယ် ထင်နေလား ဝေးသေး အဲဒါဆို ဘာကြောင် သမ္မတ ဖြစ်ချင်လည်း ရိုးရိုး လေး တွေးကြည့်ပါ စာသင်ခန်းထဲ ရောက်သွားတဲ့သူဟာ တပည့်ပါပဲ ဆရာချမှတ်တဲ့ စည်းကမ်းကို လိုက်နာရမှာပဲ ဆရာချထားတဲ့ စည်းကမ်းကို သူ့သဘောနဲ့ ဝင်ပြင်လို့ရပါသလား သူကိုယ်တိုင် ဆရာဖြစ်မှ သူချမှတ်ချင်တဲ့ စည်းကမ်းကို သူကိုယ်တိုင် ရေးဆွဲခွင့် ရမှာပါ အဲ့ဒါကတော့ လူ့စည်းကမ်း လူ့ကျင့်ဝတ်ပါ
ကျွန်မက ရိုးရိုးရှင်းရှင်းပဲ.. ကျွန်မ ဒေါ်စုရဲ့ အရှိန်အ၀ါကို အသုံးချပြီး.. တိုင်းပြည်ကို ဒေါ်စု သက်ရှိ ထင်ရှား ရှိနေတုန်း.. ပြည်ပ အကူညီတွေ ယူပြီး.. တိုးတက်အောင် လုပ်ပေးစေချင်တယ်.. လူတစ်ယောက်ကို နိုင်ငံတကာက လေးစားဖို့ဆိုတာ.. သိပ်ကို ခက်ခဲတဲ့ အရာတစ်ခုပါ..
အလုပ်တစ်ခု လုပ်ချင်ရင်.. အရေးပါတဲ့သူကို ကပ်ရ မျက်နှာချိုသွေး၇သလိုပေါ့.. ကျွန်မတို့လည်း.. ဒီလိုပဲ.. ဒေါ်စုကို အသုံးချမယ်.. ဒေါ်စုကလည်း အသုံးချခွင့်ပေးတယ်..
လတ်တလော တိုင်းပြည်အနေအထား.. ပြည်ပ အကူအညီ ယူကို ယူရမှာ့ပါ.... ယူတယ်ဆိုရာမှာလည်း.. အယူချည့်ပဲ မဟုတ်ပဲ.. အပေးလည်း ရှိရမှာပဲ.. အပေးအယူ မျှအောင် ညှိ့နှိုဖို့ဆိုရင်တော့ ပညာတတ်ရမယ်. တွေးခေါ်မြှော်မြင်တတ်ရပါ့မယ်..ဒါတွေလည်း ဒေါ်စုမှာ အပြည့် ရှိပြီးသား..
.. နိုင်ငံတကာက ဥပေဒ ပညာရှင်တွေ.. စီးပွားရေး ပညာရှင်တွေ.. နိုင်ငံတကာက ထိပ်သီး ခေါင်းဆောင်တွေ မြန်မာပြည် လာရင် ဒေါ်စုကို သွားရောက် မတွေ့တဲ့သူ မရှိဘူး.. ဘာလို့လဲ..
အရင်ခေတ်ကလို ဒေါ်စုက တိုင်းပြည်ကြီး ရောင်းစားဖို့ ကြံစည်နေတာလား.. ဒါတွေ မရှိတော့ပါဘူး..ဒီလိုခေတ်တွေ မဟုတ်တော့ပါဘူး.. ကုလသမ္မဂ လက်အောက်ခံ တိုင်းပြည်တိုင်း နိုင်ငံတကာ ဆက်ဆံရေးတွေဟာ သူ့ဥပေဒနဲ့သူ ရှိပြီးသား ဘောင်ကျော်လို့ မရပါဘူး.. တိုင်းပြည်ရဲ့ အရေးကိစ္စကိုလည်း ၀င်စွပ်ဖက်ချင်တိုင်းလည်း ၀င်စွက်လို့ မရပါဘူး.. သိမ်းချင်တိုင်းလည်း သိမ်းလို့ မရပါဘူး....း
..ဒါပေသိ တရုတ်က မြန်မာပြည်သိမ်းတဲ့အနေအထားက သိပ်ကို နူးညံ့တယ်.. စီးပွားရေးနဲ့ ၀ါးမြိုတာ.. ညံ့တဲ့သူခံပဲ..
... နိုင်ငံတကာမှာ သူ့ထက်က လူစွမ်းကောင်းပဲ.. ညံ့တဲ့သူ ခံပဲ.. အဲ့တော့ ကိုယ့်နိုင်ငံက အုပ်ချုပ်သူတွေ ညံ့တော့လည်း.. ပြည်သူတွေ ခံနေရတာပဲ..
..တရုတ်ပဲ ဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ်..ကိုယ့်နိုင်ငံထဲ ကို အခြားနိုင်ငံသား စီးဝင်နေမှုဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ လျော့ရဲမှုကြောင့်ပါ ဘင်္ဂါလီမှ မဟုတ်ပါဘူး ဘယ်နိုင်ငံခြားသားမဆို နိုင်ငံသား ခံယူခွင့်ကို နိုင်ငံတကာမှာ တင်းကြပ်စွာ တားမြစ်ထာပါတယ် အဲလို မလုပ်ခဲ့လို ခုလိုတွေ ပြျောနရတယ်..
.. အုပ်ချုပ်သူတွေ အနေနဲ့ ခုအချိန်ဟာ ဥပဒေ လျောရဲ နေတာ ဘာကြောင့်လဲ အဖြေရှာ ဖြေရှင်းဖို့ အရမ်းအရေးကြီးနေတဲ့ အချိန်ပါ ဥပဒေ ရှိသော်လည်း စာအုပ်ထဲက ဥပဒေ ဖြစ်နေသရွေ့ ခုလိုတွေ ဖြစ်နေဦးမှာပဲ...
..မြန်မာပြည်မှာ လတ်တလော ကျွန်မတို့ လည်ပင်းကို စွပ်နေတဲ့ ကြိုးကွင်းကတော့.
. (၁) စစ်အစိုးရသူတို့သဘောနဲ့ သူတို့ စိတ်ကြိုက် ရေးစွဲထားတဲ့ အခြေခံ ဥပဒေကို ပြင်ဆိုင်ဖို့...
..(၂) တရားဥပဒေ စိုးမိုးရေးကို ထိရောက်အောင်လုပ်နိုင်ဖို့..
..(၃) ကျန်ရှိနေတဲ့ သယံဇာတတွေ နောက်ထပ် ကုန်ကြမ်းအဖြစ် ရောင်းမစားနိုင်အောင် ထိရောက်တဲ့ ဥပဒေတွေနဲ့ တားမြစ်ဖို့..
ဒီသုံးချက်ဟာ ကျွန်မတို့ လည်ပင်းကို စွပ်နေတဲ့ ကြိုးကွင်းဖြစ်ပါတယ်..
... လက်ရှိသမ္မတ ကိုလည်း လူနဲစုကို မကြည့်တဲ့ ပြည်သူ မျက်နှာကိုပဲ ကြည့်တဲ့ ဥပဒေ တွေကို ပြင်ဆင်သင့်ရင် ရဲရဲ ဝံ့ဝံ့ ပြင်ဆင်ရဲတဲသူ.
... လူသေသွားရင်တောင် နာမည်မသေတဲ့ ပြည်သူတွေ ရင်ထဲ တသသ ဖြစ်ကျန်ခဲ့တဲ့ သမ္မတ ဖြစ်စေချင်တယ်.စစ်အစိုးရ အာဏာရှင်တွေကိုလည်း... မိမိကျွမ်းကျင်ရာ field ကိုပဲ ပြန်သွားပြီး တိုင်းပြည်တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးပြုစေချင်တယ်..
တလက်စတည်း ကျွန်မမိတ်ဆွေ အားလုံးကိုလည်း မိမိကျွမ်းကျင်တဲ့ field တစ်ခုမှာ အလုပ်လုပ်စေချင်တယ်..ဒါမှ တိုးတက်မှုက မြန်ဆန်မှာ ဖြစ်ပါတယ်..
  မေတ္တာဖြင့်
(မေမွန်း) —

No comments:

Post a Comment