Wednesday, August 20, 2014

တောလမ်းရဲ့ ဝဲယာ တဖက်တချက် မြင်မြင်သမျှ မက်မန်းခြံ လိမ္မော်ခြံများဟာ စစ်တပ်က သိမ်းဆည်းထားလိုက်ပြီဖြစ်ကြောင်း ရေချမ်းအိုးရွာမှ ဒကာကြီးတစ်ယောက် ပြောပြချက်အရ သိလာရပါတယ်

စစ်အစိုးရလက်ထက်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းကြတဲ့ လယ်သမားများကိုယ်တိုင် တရားစွဲခံရတာတွေ အမှုရင်ဆိုင်ရတာတွေ အဖမ်းခံရတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။

လယ်ယာမြေများ အသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး မိမိကိုယ်တွေ့ ဖြစ်ရပ်များ ရှိပါတယ်။ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နွေရာသီ ဆန်အလှူခံထွက်တဲ့ အစီအစဉ်ရှိပါတယ်။ တစ်နှစ်မှာ တံတားဦးနယ်ဘက် ဆန်အလှူခံထွက်တဲ့ ခရီးစဉ်မှာ လိုက်ပါခွင့် ရခဲ့ပါတယ်။ ထိုအချိန်က တံတားဦး အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း တည်ဆောက်နေချိန် ဖြစ်ပါတယ်။ လေယာဉ်ကွင်း မြေနေရာအတွက် ရွာပေါင်းများစွာနဲ့ လယ်ယာမြေ ဧကပေါင်းများစွာ အသိမ်းခံခဲ့ရပါတယ်။ ရွာသားများဟာ မိမိတို့ ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ရာ ရွာများမှ အစိုးရ ချထားပေးတဲ့ ရွာသစ်တွေဆီကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရွာသစ်တွေမှာ အစစအရာရာ မပြည့်မစုံနဲ့ ဖြစ်သလို နေကြရတဲ့အပြင် မိမိတို့ နေရာဟောင်းကို လွမ်းတဲ့စိတ်တွေ ဖိစီးပြီး အသက် (၆၀) အထက် လူကြီး အတော်များများ တဖြုတ်ဖြုတ် ကွယ်လွန်ကုန်ကြတယ်လို့ ဒေသခံများ ပြောပြကြပါတယ်။

လယ်ယာမြေများ ဆုံးရှုံးသွားကြရတဲ့ လယ်သမား ယာသမားများ ခက်ခက်ခဲခဲ ဘဝကို ရုန်းကန်နေကြရချိန်မှာ လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ အရာရှိများ အင်ဂျင်နီယာများ ဘူဒိုဇာ ထရပ်ကားမောင်းသူများရဲ့ ဘဝတွေက သာယာစိုပြေနေကြတာကို တွေ့ ခဲ့ရပါတယ်။ သံဃာတော်များအတွက် ဆွမ်းဆန်စိမ်းများကို စေတနာသဒ္ဓါ ထက်သန်စွာ လှူဒါန်းခဲ့ကြတာကိုလည်း မှတ်မိနေဆဲပါ။

မဟာဂန္ဓာရုံကျောင်းတိုက်မှာ သီတင်းသုံးနေစဉ်အတွင်း မေမြို့ စစ်အင်ဂျင်နီယာတက္ကသိုလ်အနီးမှာ တည်ရှိတဲ့ မိဂဒါဝုန်တောရမှာ တစ်လလောက် နေခဲ့ပါသေးတယ်။ ညနေတိုင်း တောရကျောင်း အနီးပတ်ဝန်းကျင်မှာ လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ တောလမ်းရဲ့ ဝဲယာ တဖက်တချက် မြင်မြင်သမျှ မက်မန်းခြံ လိမ္မော်ခြံများဟာ စစ်တပ်က သိမ်းဆည်းထားလိုက်ပြီဖြစ်ကြောင်း ရေချမ်းအိုးရွာမှ ဒကာကြီးတစ်ယောက် ပြောပြချက်အရ သိလာရပါတယ်။ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ တိုးချဲ့ ဖွင့်လှစ်တဲ့ အမြှောက်တပ်ရင်းနဲ့ အခြားသောတပ်ရင်းမြေနေရာများဟာလည်း လယ်သမားများထံမှ သိမ်းဆည်းထားခဲ့တဲ့ မြေများဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

မိမိရဲ့ ဇာတိ ရေးမြို့နယ်မှာ ဆိုရင်လည်း ကွမ်းသီးခြံ ရာဘာခြံများစွာဟာ အသစ်တိုးချဲ့ တဲ့ တပ်မ တပ်ရင်းများအဖြစ် ဘဝပြောင်းခဲ့ရပါတယ်။ အသိမ်းခံကြရတဲ့ ခြံများဟာ အသီးအထွက်ကောင်းတဲ့ ကွမ်းသီးခြံများ၊ အစေးအထွက်ကောင်းတဲ့ ရာဘာခြံများသာ ဖြစ်နေတတ်ပါတယ်။ တပ်မြေအဖြစ် သိမ်းထားသော်လည်း အဆောက်အဦ အနည်းငယ်သာ တွေ့ ရတာကြောင့် စီးပွါးဖြစ် သိမ်းတဲ့သဘော ဖြစ်နေကြောင်း ရင်းနှီးတဲ့ ခြံသမား ဒကာကြီးတစ်ယောက်က မိမိကို ပြောပြခဲ့ဖူးပါတယ်။

မဟာဂန္ဓာရုံကျောင်းတိုက်မှာ (၇) နှစ်တာ နေထိုင်ခဲ့စဉ်က အစိုးရသတင်းစာကို နေ့စဉ်မှန်မှန် ဖတ်တဲ့ ရင်းနှီးတဲ့ သီတင်းသုံးဖေါ်ရဟန်းတစ်ပါး ရှိပါတယ်။ သူဟာ အစိုးရကို ဝေဖန်ရင် ပြန်လည်ခုံခံကာကွယ် ချေပလေ့ရှိပါတယ်။ တစ်နေ့ သူ့ဇာတိနယ်ဘက်မှာ ဆည်ကြီးတစ်ခု တည်ဆောက်ပါတယ်။ သူ့မိဘများ နေထိုင်ရာ ရွာလည်း အရွှေ့ခံရတဲ့အထဲ ပါသွားပါတယ်။ ရွာသစ်မှာ သူ့မိဘဆွေမျိုးများအပါအဝင် ရွာသားများ အတိဒုက္ခ ရောက်ကြရပါတယ်။ ထိုအချိန်မှ စပြီး မိမိမိတ်ဆွေ သီတင်းသုံးဖေါ်ရဟန်းဟာ အစိုးရဖက်မှ ခုခံကာကွယ်ခြင်း မပြုတော့ပါဘူး။
ဒီကိစ္စနဲ့ စပ်ပြီး ပရိယတ္တိသာသနာမှာ ကျေးဇူးကြီးတော်မူတဲ့ ဆရာတော်ကြီး တစ်ပါးအကြောင်းကို ပြောပြချင်ပါတယ်။ ဆရာတော်ကြီးဟာလည်း အစိုးရသတင်းစာကို နေ့စဉ်မပျက် ဖတ်သူပါ။ ဆရာတော်ကြီးကို နဝတအစိုးရမှ ဘွဲ့တံဆိပ်များ ဆပ်ကပ်လှူဒါန်းထားပါတယ်။ ဆရာတော်ကြီး မိန့်လေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီအစိုးရလောက် သာသနာတော်ကို ချီးမြှောက်ထောက်ပံ့တဲ့ အစိုးရ မတွေ့ဖူးသေးပါဘူးတဲ့။

ပြည်တွင်းမှာသာမက ပြည်ပမှာပါ ကြည်ညိုလေးစားမှုခံရပြီး ထင်ရှားတဲ့ အခြားဆရာတော်ကြီး တစ်ပါးအကြောင်းကိုလည်း ပြောပြလိုပါတယ်။ စစ်အစိုးရက ဆရာတော်ကြီးကို ဘွဲ့တံဆိပ်တစ်ခု ဆက်ကပ်လှူဒါန်းပါတယ်။ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲ ကျင်းပချိန်ဟာ ဆရာတော်ကြီး ပြည်ပသာသနာပြုခရီး ကြွနေချိန် ဖြစ်ပါတယ်။ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲ အခမ်းအနားကို မတက်ရောက်လိုသဖြင့် ဆရာတော်ကြီးဟာ ပြည်ပမှာပဲ ဆက်လက်သီတင်းသုံးနေတော်မူပါတယ်။ ထိုအချိန်မှာ ဆရာတော်ကြီး ရောက်ရှိနေတဲ့ နိုင်ငံမှ မြန်မာသံအမတ်ကြီးက ဆရာတော်ကြီးကို မြန်မာပြည် ပြန်ကြွပြီး ဘွဲ့တံဆိပ်ကို အလှူခံတော်မူပါရန် လျောက်ထားလာပါတယ်။ ဆရာတော်ကြီးလည်း မနေသာတော့ဘဲ မြန်မာပြည်ကို ပြန်ကြွပြီး ဘွဲ့တံဆိပ်ကို လက်ခံလိုက်ရပါတယ်။ မိမိရောက်ခဲ့ဖူးသမျှ ကျောင်းတွေမှာ ထိုကဲ့သို့သော ဘွဲ့တံဆိပ်မျိုးကို သီးသန့်မှန်ဘီဒိုထဲမှာထည့်ကာ ဧည့်ခန်းလူမြင်ကွင်းမှာသာ ထားလေ့ရှိပါတယ်။ တစ်နေ့ တစ်စုံတစ်ခုကို ရှာဖွေရင်း ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ ကျောင်းရဲ့ စာအုပ်ဘီဒိုတစ်လုံးပေါ်မှာ စက္ကူပုံကြား ရောနှောသောကော ညှပ်နေတဲ့ ဆရာတော်ကြီးအတွက် ဆပ်ကပ်ထားတဲ့ အဆိုပါ ဘွဲ့တံဆိပ်ကို တွေ့ ခဲ့ရပါတယ်။ အများအတွက်တော့ အံ့သြဖွယ် ဖြစ်နေမှာ အမှန်ပါ။

ရဟန်းတစ်ပါးအနေဖြင့် မည်သည့် ဆရာတော် သံဃာတော်ကိုမျှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ရေးနေခြင်းမဟုတ်ပါ။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကို အဂတိတရားကင်းကင်းဖြင့် မြင်တတ်ရန်နှင့် အမှန်တရားကို မြတ်နိုးတန်ဘိုးထားကာ ဓမ္မဘက်မှ ရပ်တည်နိုင်ရန် ခဲယဉ်းတတ်ပုံကို ထောက်ပြလိုရင်းသာ ဖြစ်ပါတယ်။

သတင်းအမှောင်ချခြင်းဖြင့် သတင်းအမှန်ကို သိခွင့်မရအောင်လုပ်ခြင်း။ သတင်းအမှားကို အမှန်အဖြစ် လှည့်စားခြင်းတွေဟာ စစ်အစိုးရရဲ့ အကွက်ကျကျ စီမံလုပ်ဆောင်ခဲ့မှုတွေပဲ ဖြစ်ပါတယ်။ မိုးလုံးပြည့် မုသာဝါဒ ဟူ၍ BBC VOA RFA အစရှိတဲ့ ပြည်ပသတင်းဌါနမှ ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းအစီအစဉ်တွေကို လူတွေယုံကြည်မှုကင်းအောင် ဝါဒဖြန့်ခဲ့ဖူးပါတယ်။

မိမိသည်ပင် မူလတန်းကျောင်းသားဘဝမှ ဆယ်တန်းကျောင်းသားဘဝအထိ အစိုးရထုတ်သတင်းစာများကို ပုံမှန်ဖတ်ပြီး ယခင် ဦးနေဝင်းရဲ့ မဆလအစိုးရကို ဆယ်ကျော်သက် လူငယ်တစ်ယောက်အနေနဲ့ အကောင်းမြင် ယုံကြည်ခဲ့ဖူးပါတယ်။ ဦးသန့်အရေးအခင်းကို ဝိုးတိုးဝါးတားမျှသာ မှတ်မိပြီး ဂဃနဏ သိခွင့်မရခဲ့ပါ။ ဇူလိုင် (၇) အရေးအခင်းအကြောင်းဆိုလျှင် ၈၈ နောက်ပိုင်းကျမှသာ သိလာခဲ့ရပါတယ်။

၈၈ အရေးအခင်းကာလကို မမှတ်မိကြတဲ့ လူငယ်များနဲ့ ၈၈ နောက်ပိုင်း မွေးဖွားခဲ့ကြတဲ့ လူငယ်များ အနေဖြင့် ယနေ့ခေတ် မီဒီယာများကျေးဇူးကြောင့် မဆလခေတ်နဲ့စာရင် သတင်းအမှောင်ချမှု နဲလာတယ်လို့ ပြောရမှာပါ။

ဒါကြောင့် အခြေအနေမှန်ကို အမှန်အတိုင်း မြင်တတ်ရန်အတွက် အဂတိတရား ၄ ပါးမှ ကင်းရှင်းရန် လိုအပ်တာ အမှန်ပါ။

၁။ ဆန္ဒာဂတိ - ခင်မင်ရင်းနှီးမှုကြောင့် ဖြစ်စေ၊ လာဘ်လာဘ ကိုယ်ကျိုးစီးပွါး ရာထူးအာဏာကို ငဲ့ကွက်၍ ဖြစ်စေ။
၂။ ဒေါသာဂတိ - မုန်းတီးမှု ရန်ငြှိုးအာဃာတကြောင့် ဖြစ်စေ။
၃။ မောဟာဂတိ - အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ဆန်းစစ်နိုင်သည့် အသိဥာဏ် ခေါင်းပါးမှုကြောင့် ဖြစ်စေ။
၎။ ဘယာဂတိ - ခြိမ်းခြောက်အကြပ်ကိုင်ခံရ၍ အကြောက်တရား ဖိစီးနှိပ်စက်မှုကြောင့် ဖြစ်စေ။

ကိုယ်ကျင့်သီလ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဘိုးထားမှုမရှိဘဲ ကိုယ်ချင်းစာနာတရားကင်းမဲ့စွာ မပြုသင့်မပြုထိုက်သည့် အမှုကိစ္စမှန်သမျှမှ ရှောင်ကြဉ်ကြရန် ဗုဒ္ဓရှင်တော်မြတ် သြဝါဒစကား မိန့်မှာထားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

Credit to > APRIL MAUNG MAUNG

ကျွန်တော်နှင့် (၃၄) ပေ အကျယ် မြေသားလမ်း

(၄၀)ပေ အကျယ် မြေသားလမ်း
တစ်ကြောင်းထိုးလမ်းအကြောင်းယခင်အပတ်က တင်ပြခဲ့ပြီးဖြစ်ပါသည်။ မိမိတို့တည်ဆောက်ခဲ့သော တစ်ကြောင်းထိုးလမ်းပြီးစီးပါက အဆုံးအဖြတ်ပေးနိုင်မည့်အင်ဂျင်နီယာကြီးများနှင့် အတည်ပြုပါ။ လိုအပ်လျှင် လမ်းကြောင်းအနည်းငယ်ပြောင်းလဲနိုင်ပါသည်။ တစ်ကြောင်းထိုးလမ်းအတည်ပြုပြီးပါက (၃၄)ပေ အကျယ်တည်ဆောက်မှာလား ၊ (၄၀)ပေ အကျယ်တည်ဆောက်မှာလားဆိုတာကို လူကြီးထံအတည်ပြုချက်ယူပါ။ ယင်းနောက် အဆိုပါအကျယ်ဖြင့် Geometric Design ထုတ်ပေးပါရန် လမ်းပုံထုတ်/လမ်းဦးစီးသို့ စာတင်ပါ။ (၄၀)ပေ အကျယ်မြေသားလမ်းတွင် Pavement Width (၁၂)ပေ တစ်ဖက်လျှင် Hard Shoulder (၄)ပေ စီနှင့် Earth Shoulder (၁၀)ပေစီဖြစ်ပါသည်။ (၃၄)ပေ အကျယ် မြေသားလမ်းတွင် Earth Shoulder တစ်ဖက် (၇)ပေ စီဖြစ်ပါသည်။ (၄၀)ပေ အကျယ်မြေသားလမ်းကို မြေပြန့်အပိုင်း၌ အသုံးများပါသည်။ တောင်ပေါ်ဒေသအပိုင်း၌ (၃၄)ပေ အကျယ်မြေသားလမ်းကို အသုံးများပါသည်။
ရုံးချုပ်အဖွဲ့များမှ ကွင်းဆင်းတိုင်းတာပါမည်။ သူတို့ကလည်းအထက်လူကြီးများထံမှ လမ်းအူကြောင်း Gradient အား Maximum ဘယ်လောက်ထားမှာလဲ 3% ထားမှာလား ၊ 7% ထားမှာလား ၊ 10% ထားမှာလားဆိုတာ အဆုံးအဖြတ်ယူ၍ လမ်းအားတိုင်းတာကာ Design ထုတ်ပေးမှာ ဖြစ်ပါတယ်။ လမ်းအူကြောင်း Gradient ကို 3% နှင့် အသုံးပြုသောလမ်းမှာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးဖြစ်ပါသည်။ အခြားပြည်ထောင်စုလမ်းမကြီးများမှာ 7% ၀န်းကျင်ရှိကြပါသည်။ လမ်း Class ကို ခွဲ၍ အရေးမကြီးသောလမ်းများ၌ 7% အထက် အသုံးပြုခြင်းများလည်း ရှိပါသည်။ Gradient နည်းလေလေ လမ်းကောင်းလေလေဖြစ်သော်လည်း အချိန်နှင့် ကုန်ကျစရိတ် ပေးဆပ်ရမှုများပါသည်။ လမ်းပုံထုတ်အဖွဲ့မှ ပေးပို့လာသော Data များအတိုင်း Station ဘယ်ဘက်မှာ ဘယ်လောက်ဖြတ် ၊ Station ဘယ်ဘက်မှာ ဘယ်လောက်ဖို့ သတ်မှတ်ပေးပါသည်။ ဖြတ်မြေများကို စွန့်မပစ်ပဲ ဖို့မြေနေရာများတွင် ပြန်လည်အသုံးပြုရပါမည်။ ဘယ် Station မှာ ဘယ်လောက်ကွေ့ ဘယ်နေရာမှာ P.C ဘယ်နေရာမှာ P.I များ သတ်မှတ်ပေးပါသည်။ လမ်းပုံထုတ်အဖွဲ့၏ သတ်မှတ်ချက်အတိုင်းဆောင်ရွက်ပြီးစီး၍ မျက်ကွယ်ကုန်းများ Vertical Curve ကျန်နေပါက ထပ်မံဖြတ်၍ ပေးနိုင်ပါသည်။ မျက်ကွယ်ကွေ့များ (Horizontal Curve) များအတွင်းရှိ တောင်ကုန်းများအားလည်း ထပ်မံဖြတ်ပေးနိုင်ပါသည်။ Horizontal Curve အတွင်း အတန်ငယ်နိမ့်သော လျှိုများ ၊ ချောင်းများအား ယာယီမြေကာနံရံ ( သစ်ဆည်များ ၊ ကတ္တရာပုံးမြေကာနံရံများ ) အသုံးပြု၍ မြေဖို့ပေးကာ Horizontal Curve များ ဖြောင့်ပေးနိုင်ပါသည်။ တစ်ကြောင်းထိုးလမ်းတွင် လမ်းသားညွှတ်သောနေရာ (Sagging Point) များ အနည်းငယ်ပြေသော လျှိုများအား မြေသားတာဘောင်ဖြတ်ဖို့၍ Culvert များ ထည့်ပေးနိုင်ပါသည်။
လမ်းတာရိုးမြေဖို့ရာတွင် မူလတစ်ကြောင်းထိုးလမ်းမှ အပေါ်ယံမြေလွှာများကို ၆” သို့ ၁’ ထုအထိ ဖယ်ရှားနိုင်ပါသည်။ ပြီးမှသား ရွေးချယ်မြေသား (Selected Soil) များကို တစ်လွှာပြီးတစ်လွှာဖို့ပေးရပါသည်။ တစ်လွှာချင်းစီအား ၆” (သို့) ၉” (သို့) ၁၂” စသည့် Layer by Layer ဖြင့် ခင်းကြိတ်ပေးရပါသည် ၊ ရေဖြန်းပေးရပါသည်။ Optimum Moisture Content ရသည်အထိ ဆောင်ရွက်ရပါသည်။ မြေဖြန့်ရာတွင် Dozer များ Grader များ အသုံးပြုပါသည်။ မြေကြိတ်ရန် Sheep Foot ပါသော Compactor များသုံးရပါသည်။ Vibrating Compactor များ သုံးရပါသည်။ မြေပြန့်များတွင် လမ်းတာရိုးအမြင့်အား High Flood Level အထက် (၃)ပေခန့်မြင့်အောင် ဆောင်ရွက်လေ့ရှိပါသည်။
လမ်းအဖြောင့်များတွင် Camber ဖော်ခြင်း ၊ လမ်းအကွေ့မျာတွင် Super Elevation များ တစ်ခါတည်းဆောင်ရွက်ခဲ့ရပါသည်။ မြေသားတာဘောင်တွင် Camber မှာ 5% ရှိပါမည်ဖြစ်ပါည်။ မြေသားတာဘောင်အား အသုံးပြုမည်ဆိုပါက အနီးအနားတွင်ရရှိနိုင်သော တောင်ကျောက်စရစ် (Hill Gravel) မြစ်ကျောက်စရစ် (River Shingle) ၊ ကန်ကား ၊ ကျောက်ဆွေးမြေ ၊ ဂ၀ံမြေများကို Sub Grade အဖြစ် ၆” တစ်လွှာ (သို့) ၁၂” တစ်လွှာခန့် ဖြန့်ခင်းပြီး အသုံးပြုနိုင်ပါသည်။
တံတားအ၀င်အထွက်များတွင် အလျား ပေ(၁၀၀) ခန့် အနည်းဆုံးအထိ Gradient 0% ဖြင့် ၀င်ရန်/ထွက်ရန် လိုအပ်ပါသည်။ တံတား အ၀င်/အထွက် အလျား ပေ(၁၀၀) ခန့် အနည်းဆုံးအထိ Alignment ဖြောင့်ရပါမည်။ Filling အပိုင်းများတွင် တံတားများသည် အနိမ့်ဆုံးအပိုင်း၌ ရှိရမည်ဖြစ်သည်။ တံတား Decking Elevation သည် ကားလမ်း Elevation ထက် နိမ့်ရပါမည်။ ။ ( ဆိုလိုသည်မှာ နှစ်ကော့တစ်ကုန်း မဖြစ်ရပါ )
လမ်းတာရိုးအသုံးပြုမည်ဆိုပါက လိုအပ်သောနေရာများတွင် ကန့်လန့်ဖြတ်ရေမြောင်း ၊ Pipe Culvert ၊ Box Culvert ၊ တံတားငယ်များနှင့် တံတားကြီးများ တည်ဆောက်ရပါမည်။ One Side Cutting အပိုင်းများ၌ Pucca Drain များ တည်ဆောက်ရပါမည်။ Both Side Cutting အပိုင်းများ၌လည်း Pucca Drain များ တည်ဆောက်ရပါမည်။ Cutting အပိုင်းများတွင် ၆၀ ဒီဂရီထက်လျှော့သော Slope များသုံးရပါမည်။ ဖြတ်မြေအမြင့် (၁၅)ပေရှိတိုင်း အကျယ် (၈)ပေရှိသော Step Berm တစ်ခု ထည့်သွင်းပေးရပါမည်။ Filling အပိုင်းများတွင်လည်း Side Slope ကို သတ်မှတ်အချိုးအတိုင်း ရရှိအောင်ဆောင်ရွက်ရပါမည်။ ဖို့မြေ (၁၅)ပေအမြင့်ရှိတိုင်း (၈)ပေ ကျယ်သော Step Berm တစ်ခုထည့်ပေးရပါမည်။ လမ်းအူကြောင်းတစ်လျှောက် ရေမစီးဆင်းစေရန် လိုအပ်သောနေရာများအား Cross Drain များတူး၍ ကျောက်များဖြည့်ပေးရပါမည်။ လမ်းသားပေါ်၌ ရေမစီးဆင်းစေရန် Pavement ထက် လမ်းပုခုံးမမြင့်စေရပါ။ Side Drain ကို လမ်းထက်နိမ့်ရပါမည်။ ကျောတန်းများပေါ်၌ တည်ဆောက်သော (၄၀)ပေ အရှည် လမ်းတာရိုး၏ ဘယ်/ညာနှစ်ဖက်သို့ Cross Drain များ တူးပေးခြင်းဖြင့် Culvert အရေအတွက်များ လျှော့ချနိုင်ပါသည်။ အန္တရာယ်ရှိသောကွေ့များ ၊ Sight distance နည်းသောကွေ့များတွင် Guard Post တိုင်များ ၊ Guard Rail များ ၊ Guard Wall များ တပ်ဆင်ပေးနိုင်ပါသည်။ လမ်းသားပြိုကျနိုင်သော ၊ လမ်းသားပဲ့ကျနိုင်သော နေရာများတွင် Permanent မြေကာနံရံများ တည်ဆောက်ရပါမည်။
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သောလမ်းများသည် တစ်ကြောင်းထိုးလမ်း ၊ (၄၀)ပေ အကျယ်မြေသားလမ်း တည်ဆောက်ပြီး Sub Base Course, Base Course နှင့် Surface Course များ တဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လေ့ရှိပါသည်။ ( ဥပမာ - ရေနံချောင်းမြို့ရှောင်လမ်း ၊ စစ္စနိုး-ရေနံမ-ကျောက်ပုံ-ကန်တုတ်လမ်း ) သို့သော် တစ်ချို့သောလမ်းများမှာ တစ်ကြောင်းထိုးလမ်းပြီးလျှင် Sub Grade, Sub Base အဖြစ် ခွဲကျောက်တစ်လွှာခင်းပြီးမှ (၄၀)ပေ အကျယ် လမ်းတာရိုးတည်ဆောက်သော လမ်းများရှိပါသည်။ ( ဥပမာ။ မင်းလှ - သရက်လမ်း ၊ ထီးလင်း - ဆေးမင်းတော - ရေမျက်နီလမ်း )
တစ်ကြောင်းထိုးလမ်းတည်ဆောက်ပြီးလျှင်ပြီးခြင်း (၄၀)ပေ အကျယ်လမ်းတာရိုးမဆောင်ရွက်ပဲ ( အကြောင်းအမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်ခဲ့ပါသော ) Sub Grade, Sub Base, Base နှင့် Surface Course ဆောင်ရွက်သောလမ်းများလည်းရှိပါသည်။ ( ဥပမာ - ချောက်-စဥ့်ကူ-ပုဂံလမ်း )

Credit to > U Shwe Zin

``ရ´´ကောက်ပြောင်းလည်းပုံ

မြန်မာစာပေကို လေ့လာလိုက်စားသူတို့အတွက် ရကောက်ပြောင်းလည်းပုံကို အကျဉ်းတင်ပြလိုက်ပါသည်။ ကျနော်တို့ငယ်စဉ်ကတည်းက မြန်မာအက္ခရာပြောင်းလဲပုံကို သင်ကြားခွင့်ရရှိခဲ့သော်လည်း ဆရာကြီးဦးသာမြတ် ကြိုးစားအားထုတ်ခဲ့သော ပုံဖော်အက္ခရာများကိုသာ လေ့လာသင်ကြားခွင့်ရရှိခဲ့ပါသည်။ ယနေ့ တက္ကသိုလ်ဝင်တန်းပြဋ္ဌာန်းချက်စာအုပ်တွင်လည်း အရုပ်ပြပုံများဖြင့်သာ သင်ကြားနေပါပေသည်။ မည်သို့မည်ပုံ ပြောင်းလဲကြောင်းကို လက်တွေကျကျသင်ကြားခွင့်မရရှိခဲ့ပါ။ ထို့ကြောင့် ကျောင်းသား/သူများအနေဖြင့် ယနေ့ကျက်၊ နောက်တစ်နေ့ပြန်မေ့ဖြစ်ခဲ့ရသည်မဟုတ်ပါလော။ စိတ်မျက်စိ၊ စိတ်အာရုံတွင်သာ မှန်းဆပြီးသင်ယူခဲ့ရသည်မှာ ယနေ့မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက နေထိုင်ခဲ့သည်ဟု တစ်ခေတ် တစ်ခါက လက်ခံခဲ့သော်လည်း ယနေ့ဘာ့အတွက်ကြောင် လက်မခံခဲ့သနည်း။ ထိုကဲ့သို့ ထားဝယ်ဒေသတွင်နေထိုင်သော ထားဝယ်တိုင်းရင်းသားများမရှိပါက အဘယ့်တွက်ကြောင့် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ပျူလူမျိုးများ စာပေစတင်ရေးသားခဲ့သော ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာများ ထားဝယ်ဒေသတွင် အဘယ်တွက်ကြောင့် ရှိနေရသနည်း။ ယင်းမေးခွန်းနှစ်ခုသည် အဖြေပင်ဖြစ်ပါသည်။ ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်ကတည်းကနေထိုင်ကြပြီး ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာတို့ကို တွင်တွင်ကြယ်ကြယ် သုံးစွဲနေခဲ့ပြီဖြစ်သည်။ ယင်းလူမျိုးတို့သုံးစွဲခဲ့သော အက္ခရာများက ယနေ့မြန်မာစာပေကို များစွာ အထောက်အကူပြုပေလိမ့်မည်မှာအမှန်ပင်ဖြစ်သည်။ ထားဝယ်လူမျိုးကို သာမန်လူမျိုးစုတစ်ခုထဲသို့ တည့်သွင်းပါက လူမျိုးစုကို အထင်သေးရာ၊ တန်ဖိုးမထားရာရောက်ပေလိမ့်မည်။ နိုင်ငံတော်က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနစ်များ၊ အမျိုးသားရေး လက္ခဏာရပ်များမပပြောက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့် လူမှုရေးဦးတည်ချက်များကို အမှန်တကယ် တန်ဖိုးထားပါက ထားဝယ်လူနည်းစုကိုလည်း တသီးတခြား လူမျိုးစုတစ်ရပ်အနေဖြင့် ထိန်းသိမ်းတန်ဖိုးထားသင့်ပြီတင်သည်။ ထားဝယ်ဒေသတွင် ထာဝယ်လူမျိုးတို့သည် မိမိတို့တတ်အပ်သော ဗြဟ္မီစာ၊ ပျူစာပေများဖြင့် အမှတ်အသားပြုခဲ့သည်မှာ ယခု သက်သေခိုင်ခိုင်မာမာပြသထားပြီးဖြစ်သည်။ အထက်ပြန်မာပြည်တစ်ခွင်လုံးရှာဖွေခဲ့သော်လည်း တစ်စုတစ်ဝေးတည်းမရှိနိုင်သော ဗြဟ္မီအက္ခရာ၊ ပျူအက္ခရာတို့သည် ယနေ့ထားဝယ်ဒေသတွင် တောင်ပုံယာပုံ တွေနေရပြီဖြစ်သည်။ ထိုကဲ့သို့ သမိုင်းတစ်ခေတ်ရဲ့အမွေအနစ်များရှိသောထားဝယ်ဒေသကို တိုင်းတစ်ပါးသားတို့ကလည်း စီးပွားရေးဈေးကွက်အရသော်လည်းကောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်များကိုစုံမက်မော၍သော်လည်းကောင်း မျက်စိကျနေကြသည်မှာလည်း ယခုမျက်မြင်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးအရ ထားဝယ်ဒေသ၌အချို့နေရာများတွင် စီးပွားရေးအဆောက်အဦများ လာရောက် အရင်းအနှီုးမြှုပ်နှံခဲ့သော်လည်း ထားဝယ်လူမျိုးများနှင့် ၎င်းတို့၏ ယဉ်ကျေးမှုနယ်မြေများကို ကမ္ဘ္ဘာတည်သရွေ့ ထိန်းသိမ်းထားသင့်ပြီထင်သည်။
အထက်ပါဖေါ်ပြထားသော (ရ)အက္ခရာတစ်လုံးတည်းသာလျှင်မဟုတ်ဘဲ အခြား အက္ခရာများသည်လည်း အမျိုးအစားစုံလင်အောင် ယခုမတွေရှိခဲ့ရသေးသော်လည်း အက္ခရာတစ်ခု၌ နှစ်မျိုး၊ သုံးမျိုးလောက်ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။ ကျန်ရှိနေသေးသော အက္ခရာများကို ဆက်လက်သုတေသနပြုလုပ်အားထုတ်ကြိုးစားပါဦးမည်။
(7-9-2013)
  တောင်ထားဝယ်ဗိုလ် 

Credit to > APRIL MAUNG MAUNG
 
ဗိုလ်နေဝင်း လက်စဖျောက် သုတ်သင်တာ ခံလိုက်ရတဲ့ သီပေါ ရှမ်းဘုရင်

သီပေါမြို့လို့လူသိများတဲ့ မြောက်ပိုင်းသျှမ်းပြည်နယ...်ရဲ့ မောသျှမ်းတောင်တန်းများ ပတ်လည်ဝန်းရံ အလှဆင်ထား သဖွယ် နံဘေးက တစိမ့်စိမ့် တလိမ့်လိမ့်နဲ့ ဒုတ္ဘ၀တီမြစ် ကလေးတစ်စင်းက ပတ်ချာ လည့်ကာ စီးဆင်းနေပြီး သာယာလွမ်းမော ဘယ်ကောင်းတဲ့ မောသျှမ်းလူမျိုးတို့ရဲ သမိုင်းအထင်ကရမြို့ လေးတမြို့ပါ ဒီသီပေါမြို့ လေးဟာ မြန်မာ့သမိုင်း တလျှောက်မှာ နေရယူလျှက် ရှိနေပါတယ် သီပေါမြို့လေးဟာ မောကိုး ပြည်ထောင် မှာ ပါဝင်ခဲ့သလို့ ရှေးယခင် မြို့တည်ပြီးချိန်မှ စ၍ သျှမ်းစော်ဘွား အဆက်ဆက် ကနေ အဆင့်ဆင့် အုပ်ချုပ်လာခဲ့တဲ့မြို့လေးလည်းဖြစ်ပါတယ်။

သီပေါ မြို့လေးပေါ်ပေါက် လာရတဲ့အကြောင်းကလည်း သျှမ်းလူမျိုးတို့၏ လန့်ကျောက်နိုင်ငံတော် (ယခုတရုတ်ပြည်) ကို သျှမ်းဘုရင်ခွန်လူဖုန်း အုပ်ချုပ်စိုးနေချိန်မှာ ယခုသီပေါနယ်မှာ မိန်းတိမ်းခေါ် ဆိုတဲ့မင်းဆက်ကို သျှမ်းတွေက စတင်တည် ထောင်တဲ့အချိန်ဖြစ်ပါတယ် တိမ်းခေါ်မင်းဟာ ခွန်းလူး၊ ခွန်လှိုင်းဆိုတဲ့ သားတော် နှစ်ပါးကိုသာဖွားမြင်ခဲ့ပြီး နောက်ပိုင်းမှာ မင်းဆက်ပြတ်သွားခဲ့ပါသည်။

ထိုအချိန် တိမ်းခေါ်တိုင်းပြည်ကြီးသည် မငြိမ်မသက်ဖြစ်ရာက အမှတ်ကြီးလေးဦးက လေးနယ်စီခွဲပြီး အုပ်ချုပ်ခဲ့ရာကို သျှမ်းတို့က စီကော့လို့ခေါ်ပါတယ် သီဆိုတာက သျှမ်းလို လေး ကော့ဆိုတာ လူအရေအတွက် လူလေးယောက် အုပ်ချုပ်လို့ ဆီကော့ လို့ခေါ်ဆိုတာ ဖြစ်ပါတယ် .. ဒါကြောင့် စီကော့ စီကော့လို့ ခေါ်ဆိုရာက နောက်ပိုင်း ဆီပေါက် သို့ပြောင်းလည်းလာပါတယ် ဆီဆိုတာက လေး ပေါက်ဆိုတာက ရပ်ကွက် ဒီလိုနဲ့ ရပ်ကွက်လေးခု ဆီပေါက်လို့ ခေါ်ပါတယ် အဲ့ဒီဆီပေါက် ကနေပြီးတော့ ဆီပေါ့ ဆိုပြီးတော့ အသွင်ကူးပြောင်း လာရာမှ နောက်ဆုံးမှာ သီပေါ ရယ်လို့ခေါ်ဆိုခဲ့ကြပါသည်။(မယ်ခူးခေးရှဲန်)

တဖန် ကုန်းဘောင်ခေတ် မြန်မာ့ရာဇာဝင်မှာတော့  သီပေါမြို့ကို အုန်းဘောင်လို့ခေါ် ဆိုရေးမှတ်ခဲ့ကြပြီး အုန်းဘောင်သီပေါလို့ ခေါ်ဆိုကြပြန်ပါတယ်AD - 1534 အင်းဝနေပြည်တော်ကို မိုးညှင်းဘုရင် စ၀်လုံနှင့်သား ၀င်ရောက်သိမ်းပိုက်ကာ သားဖြစ်သူ သိုဟန်ဘွားကို မင်းအဖြစ်ထားရာက ပြည်မြို့ စား မင်းကြီးရန်နောင်နှင့် အတူ အုပ်ချုပ်စေခဲ့ပါတယ်။ AD- 1555 အရောက် မှာတော့ သိုဟန်ဘွားကို မင်းကြီးရန်နှောင် လုပ်ကြံသတ်ဖြတ်ပြီး သီပေါမြို့ကိုအပိုင်စားတဲ့ သီပေါစော်ဘွား အုန်းဘောင်ခွန်မင်း ကို နန်းတင်ကြတယ်လို့ မြန်မာ့မှန်နန်းက ဆိုပါတယ် အုန်းဘောင်သီပေါ လို့ရေးတခါ မှတ်ကြပြန်ပါတယ်။

အုန်းဘောင်ဆိုတာကတော့ သျှမ်းလို အွန်ပွန်းလို့ခေါ်ပါတယ် အွန်ပွန်းဆိုတာက လယ်တွေကို ရေသွင်းဖို့ နမ္မတူမြစ်ကနေ ရေသွယ်ယူကာ ပြန်လည်ဖြန့်ဝေတဲ့ ရေလွဲမြောင်းအသေးလေးတွေကို ဆိုလိုပါသည်။ သီပေါမြို့သည် တချိန်က ဆန်ရေစပါး ပေါကြွယ်ဝသော နေရာဖြစ်သလို ရေလွဲဆည်တွေ အများအပြားနှင့် လယ်ယာစိုက်ပျိုး အုပ်ချုပ်သော စော်ဘွားဖြစ်တာကြောင့် သျှမ်းတို့က အွန်ပွန်း စ၀်ဖှ လို့ခေါ်ပါတယ် ဒါကို ဗမာလူမျိုးများက အုန်းဘောင် စော်ဘွား ခေါ်ဆိုရေးမှတ်ခဲ့ကြပါသည်။ ဒီလိုနဲ့ခေတ်အဆက်ဆက် သျှမ်းစော်ဘွားများ အုပ်ချုပ်လာခဲ့ရာ ...

AD- 1866 - Dec 13 သီပေါစော်ဘွားကြီး ခွန်ကြာထွန်း၏ သားတော် ကမ္ဘောဇရဋ္ဌ မဟာဝံသ သိရီပ၀ရ သုဓမ္မရာဇာ ဘွဲ့ရ (၈၅) ဆက်မြောက် စော်ဘွားကြီး အဖြစ်ကို စ၀်ကြာခိုင် (ခ) စ၀်ခွန်ဆိုင် သီပေါ စော်ဘွား အဖြစ်ကိုခံယူလေသည်။ 1889 ခုနှစ်မှာ ( C. I.E = Companion of the Order of tha Indian Empire ) ဆိုကိုရရှိခဲ့သည်။

AD- 1895 ခုနှစ်မှာ စော်ဘွားကြီး စ၀်ကြာခိုင်သည် ကြေးချိန် - ၄၇၇၉ ပိဿာ-၁၅ ကျပ်သား ၊ ငွေချိန် - ၂၆ ပိဿာ ၊ ရွှေချိန် - ၂ ပိဿာ-၂၅ ကျပ်- ၂ ပဲ ၊ စရိတ်တော် (ငွေဒင်္ဂါး) ၉၅၅၈ - ကျပ်- ၆ ပဲ ၊တို့ဖြင့် သွန်းလောင်းပူဇော်ခဲ့ပါသည်။ ၁၂၆၄ - ခုနှစ်တွင် မဟာမြတ်မုနိ မကိုဋ်တော်ကို တင်လှူခဲ့ပါသည်။
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးနှင့် နောင်တော် ညီတော်အဖြစ် အနီးစပ်ဆုံး ပုံစံတူကူးယူ၍ မြေတိုင်းအမတ်ကြီး ဦးကြိုင်ကို ပန်းတဉ်းဝန်ခန့်ကာ ဂန္ဓကုဋိတိုက်တော်၊ ပြာသာဒ် စုလစ်မွန်းချွန်၊ အာရုံခံတန်ဆောင်း တို့ဖြင့် ၁၂၅၇-ခု ၀ါဆိုလပြည့်ကျော် (၅) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

AD- 1924 ခုနှစ် ၁၂၈၆ - ခု ကဆုန်လဆန်း (၆) ရက်နေ့တွင် တန်ဆောင်းတော် မီးလောင်ကျွမ်း၍ ရုပ်ပွားတော်မြတ်မှာ အနည်းငယ်မီးခခဲ့ပါသည်။ သီပေါ အုန်းဘောင် လေးမြို့ဂိုဏ်းချုပ်ဆရာတော် ဦးက၀ိ မထေရ်မြတ်နှင့် အရီးတော်ထိပ်ခေါင်တင် ကြီးမှူးလျက် ပြည်သူပြည်သားများ ကောင်းမှုဖြင့် ၁၂၈၉ - ခု ပြာသိုလပြည့်နေ့တွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့ပါသည်။

စ၀်ချယ် (1906 - 1928) စ၀်ချယ်ကို 1872 ခုနှစ်တွင်ဖွားမြင်ပြီး သီပေါမင်း၏ ခေါ်သီပေါမင်း၏ ခေါ် ဆိုချက်အရ မန်းလေး ရွှေနန်းတော်တွင် သွားရောက်နေထိုင်ခဲ့သည်။ 1913 Apri (၈၆)ဆက်မြောက် ကမ္ဘောဇရဋ္ဌ မဟာဝံသ မဟာရာဇာ ဘွဲ့ခံ စော်ဘွားကြီး ဆာစောချယ် အဖြစ်သို့ရောက်ရှိသည်။
AD- 1923 စော်ဘွားကြီး စ၀်ချယ် ၏မွေးနေ့ပွဲတွင် ( C. I.E = Companion of the Order of tha Indian Empire ) ဆိုကိုရရှိခဲ့သည်။

စ၀်အုံကြာ(1928-1938) စ၀်ချယ် နှင့် မဟာဒေ၀ီ စ၀်သီရိမာလာတို့၏ တဦးတည်းသော သား ( Rugby School ) (Brasennoso College Oxford ) 1917 BA 1922 (Ma) 1917 - 1919 (South Eastrn Agricultural )
1919 Dec မှာ ( Honorary Extea Assistant Commission for administrativ training မကွေးမြို့မှာ တက်ရောက်ခဲ့ပါသည်။ 1922 ခုနှစ် စ၀်သုန္ဒ ၏သမီးတော် မဟာဒေ၀ီ စ၀်လိ နှင့်ထိမ်းမြားသည်။

သီးပေါ စော်ဘွား စ၀်ကြာဆိုင်သည်သီပေါ စော်ဘွားကြီး စ၀်အုံကြာနှင့်  မဟာ ဒေ၀ီ တို့မှ 1924 ဖွားမြင်တော်မှုပြီး မွေးချင်းများ ဖြစ်ကြသော စ၀်ကြာဆုန်၊ စ၀်မမ၊ စ၀်ကြည်စု၊ စ၀်ယဉ်နုတို့၏ မောင်အငယ်ဆုံး ဖြစ်သည်။1932 – 1935မေမြို့ ဂျိုးဇက်ကျောင်းတွင် (St.Joseph) ပညာ သင်ကြား၍1935 – 1941သျှမ်း ချိ့စ်ကျောင်းတွင်၎င်း( Shan Chief` School)။ 1941 ခနှစ်တွင် အခြေခံပညာ အထက်တန်းမောင်မြင်၍ အိန္ဒိယနိုင်ငံ တာဂျီလိန် (St. Paul)၎င်း ဆက်လက်၍( Senior Cambridge)။ 1947 (January) သီပေါစော်ဘွားဖြစ်ကို ခံယူလေသည်။ 1949 (October) ထိုနောက် အမေရိကန်(Colorado) ပညာသင်ကြား။ 1953 (Mining Engineer)။ 1953 (March) (Austria) (Inge)အင်ဂျီးနှင့်တွေ့ဆုံ 1954 (January) စ၀်ကြာဆိုင်သည် အင်ဂျီး(Inge)နှင့်အတူ သီပေါ သို့ပြန်လည် ရာက်ရှိလာသည်။ အနာဂတ် သျှမ်းပြည်တွက် ဆားရရှိရန် ဘောကြိုဒေသမှ ဆားထွက်ရှိသည့် ဒေသတို့ ကိုယ်တိုင် ကွင်းဆင်း လေ့လါ သုတေသန များ ပြုလုပ်ခဲ့သည်။

ဘော်ကြိုဘုရားပွဲတွင် သျှမ်းအမျိုးသားများသည် အလေါင်းအစား ခုံမင်းနှစ်သက်သည်ကို ကြိုက်နှစ်သက်ခြင်းမရှိ၍ နောင်အနှစ်ပွဲတော် ကျင်းပချိန်တွင် ဘော်ကြို ဘုရားပွဲတော်တွင်း အလေါင်းစားများ ပြုလုပ်ခြင်းများ ပိတ်ပင်သည်ဟု သိရှိပါသည်။ စော်ဘွားကြီး စ၀်ကြာဆိုင်သည် သျှမ်းအမျိုးသားများ ချစ်ခင်လေးခြင်း ယုံကြည်ကိုးစားခံရသော စော်ဘွားတဦးဖြစ်သည်

1948 ခုနှစ် မိုင်းရှုးစော်ဘွား စ၀်မန်ဖ၏ နေအိမ်တွင် စော်ဘွားကြီးများ တံခါးပိတ်အစည်းဝေး၌ ပထမ အချက်ဖြစ်သည့် သျှမ်းပြည်ပြည်သူ့ အစိုးရသို့ အာဏာစွန့်လွှတ်ရေးဆိုသည်ကို အားလုံးလိုလို လက်ခံခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ မဟာရာဂျာ ( ) စော်ဘွားများသည် ပင်၎င်းတို့၏ အာဏာကို အစိုးရထံသို့ ပေးအပ်စွန့်လွှတ်လိုက်ပြီဖြစ် သောကြောင့်ပင်။ ကမ္ဘာနှင့် အ၀ှမ်းထူးခြားစွာ ဖြစ်ပျက် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေကို မလွန်ဆန်နိုင်တော့ဟုလည်းေ ကြာင်းပြုကြသည်။

ဒုတိယ- အချက်ဖြစ်သည့် လျော်ကြေးငွေယူရန် မယူရန်ကို မှု အငြင်းအခုံဖြစ်ခဲ့ကြ၏ ပြည်ထဲရေးဝန်ကြီး စ၀်မန်ဖက ဖြစ်နိုင်လျှင် လျော်ကြေးငွေကို မယူရန်တင်ပြခဲ့ပါသည်။ နောင်သောအခါတွင် သျှမ်းပြည်၏ ပြည်သူလူထု သားစဉ်မြေးဆက်တို့ အနေဖြင့် သျှမ်းပြည်ကြီးကို သျှမ်းစော်ဘွားများက ငွေကြေးဖြင့် လဲလှယ်၍ ရောင်းစားသွားခဲ့ကြသည်ဟူသော သမိုင်းအမည်း စက်ကြီးစွန်းထင်းကျန်ရစ် နေခဲ့မည် ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပေသည်။ ထိုအဆိုတင်သွင်းချက်ကို သီပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အချို့သော စော်ဘွားငယ် (နယ်ငယ်သောစော်ဘွားများကိုဆိုလိုသည်) များတဦး နှစ်ဦးခန့်ကသာ ထောက်ခံခဲ့ကြပါသည်။

သီးပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အင်ဂျီ တဖြစ်လည်း မဟာဒေဝီ စဝ်သုစန္ဒီ သျှမ်းမင်းသမီးလေး သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။ အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။

အင်ဂျီ ကို ၁၉၃၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့တွင် သြစတြီးယားနိုင်ငံ၊ Kärntenဒေသတွင် မွေးဖွါးခဲ့သည်။ ၆နှစ်သမီး အရွယ်တွင် နာဇီကျူးကျော်မှုကို ကြုံတွေ့ခဲ့ရပြီး၊ သူမ၏ အမေကိုယ်တိုင် နာဇီများ၏ ဖမ်းဆီးမှုကို သုံးကြိမ်ခံခဲ့ ရဖူးသည်။ ဒုတိယကမ္ဘာစစ်အပြီး သြစတြီးယားနိုင်ငံမှာ များစွာ ခက်ခဲဆင်းရဲ လာသောကြောင့် အမေရိကန်တွင် ပညာဆက်လက် သင်ယူရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် Fulbright ပညာသင်ဆုရရှိသူ ပထမဆုံးသော သြစတြီးယားလူမျိုး ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံ ကော်လိုရာဒို၊ အမျိုးသမီး ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။ အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။ ကော်လိုရာဒိုတွင် ပညာဆည်းပူးနေစဉ် Colorado school of Mining မှ မိုင်းတူးအင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံခဲ့ကြသည်။

၁၉၅၃-ခုနှစ်တွင် ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်တွင်ပင် လက်ထပ်ခဲ့ကြသည်။ သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ…. “There is something I have to tell you, my dear.” လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ… သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ပြီး…ပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။ သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီ ဟူသော ရှမ်းအမည်ကို ရရှိခဲ့သည်။ သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာ တော့တယ်။ စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..

သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။

သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ စဝ်သုစန္ဒီသည် အချိန်အနည်းငယ်အတွင်း ဗမာ၊ ရှမ်း ဘာသာစကားများကို သင်ယူ တတ်မြောက်လာခဲ့ပြီး မိမိကိုယ်ကို ရှမ်းလူမျိုး တစ်ဦးအဖြစ် စတင်ခံယူလာခဲ့သည်သာကမ၊ သီပေါဒေသခံများကလည်း သူမအား ရှမ်းလူမျိုး မဟာဒေဝီ တစ်ဦးအဖြစ် လက်ခံလာကြသည်။

ထို့အပြင် စဝ်သုဒေဝီသည် ခင်ပွန်းဖြစ်သူနှင့် တွဲဖက်ကာ သီပေါဒေသ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး သားဖွားဆေးခန်းနှင့် ဗမာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာသုံးမျိုးဖြင့် သင်ကြားသော စာသင်ကျောင်း ကိုတည်ထောင်ရင်း ကိုယ်တိုင် လုပ်အားပေးခဲ့သည်။ မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။

ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပမ်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး.. ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။

အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါ ဟော်မှာပဲ.. အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း.. သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. “I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk… Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng.” ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့. စာလေးတစောင်က လွဲလို့.. ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။
၂ နှစ်လောက်.. အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း.. နောက်ဆုံးမှာတော့. .သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။

သီပေါစော်ဘွားစောဝ်ကြာဆိုင်ဟာ.. ၁၉၆၂ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရပြီးနောက် အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးလေး ဟာသမီးငယ် နှစ်ယောက်နှစ်အတူ မြန်မာပြည်မှ ထွက်ခွါလာခဲ့ရပါသည်။ သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ဟော်တည်ရှေ့ မျက်ခင်းစိမ်းစိမ်းကို ဖြတ်၍ အထဲသို့ ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. ကိန္ဒရာ နဲ့ အမရာ (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။ သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. လန်ဒန်မြို့မှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ) ဖြစ်ပါသည်။ အဖြစ်အပျက်တွေက..ဆယ်စုနှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။

ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်ပါတယ်။ ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။ တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။ ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေ ခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။

ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း အင်ဂျီနဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
=============
သျှမ်းနီလူငယ်
ref:ရှမ်းသတင်း
Credit to > APRIL MAUNG MAUNG
Photo: ဗိုဟ်နေဝင်း လက်စဖျောက် သုတ်သင်တာ ခံလိုက်ရတဲ့ သီပေါ ရှမ်းဘုရင်
******************************

"လေဖြတ်ရောဂါ သက်သာကင်းဝေးစေဖို့''

ဆေးအမည်က မီးဖိုချောင်သုံး ချင်း(ဂျင်း)နဲ့ ရှောက်သီး နှစ်မျိုးတည်းပါ၊၊ချင်းကို အခြောက်မဟုတ်ဘဲ အစိုယူ ရပါမယ်၊ လက်မတစ်ဆစ်လောက် ချင်းကို အခွံခွာပြီး အရင်းဆုံးပါးပါးလေးတွေ လွှာပါ၊၊ အဲဒီအလွှာလေးတွေ ထပ်ပြီး အပြန်ပြန်အလှန်လှန်စိတ်ရင် အစိတ်သေးသေးလေးတွေ တွေ့ရပါတယ်၊၊အဲဒီ ချင်း ကို လက်ဖက်ရည် ပန်းကန်ထဲထည့်၊ရှောက် ရည်ကို လက်ဖက်ရည် ပန်းကန်လုံး သုံးပုံ တစ်ပုံလောက် ညှစ်ထည့်ပြီး နှပ်ထား( စိမ်ထား) ပါ၊ အဲဒီလို နှပ်ထားပြီး (2)နာရီခွဲနဲ့ သုံးနာရီ ကြားမှာ အရည်သက်သက် ကို စစ်ပြီး သောက်ရပါမယ်၊၊နှပ်ထားတဲ့ အချိန်(2)နာရီ ခွဲမပြည့်ရင် ဆေးအာနိသင် အပြည့်မရသလို၊ သုံးနာရီ ကျော်သွားရင်လည်း ဆေးအာနိသင် ပြယ်သွား တယ်လို့ ဆိုပါတယ်၊၊သုံးရက် တစ်ကြိမ်ပဲ သောက်ပေးရပါမယ်၊၊ ကိုးရက် သုံးကြိမ်သောက်ပေးရင်ပဲ သိသိသာသာ သက်သာလာတာတွေ့ရပါတယ်၊၊ နောက်ပိုင်း ကိုယ့်ဘာကိုယ် ချင့် ချိန်ပြီး သောက်လို့ရပါတယ်၊၊ လေ ဖြတ် တယ်ဆိုတာ သွေးကြော လေကြောတွေ ပိတ်လို့ ဖြစ်တာပါ၊၊ဒီဆေးက သွေး ကြော လေကြောတွေကို ပြန်ဖွင့်ပေးတယ်လို့ ဆိုပါတယ်၊၊
အရေးကြီးဆုံးအချက်က လေဖြတ်တဲ့လူနာကို ဧည့်ခန်း၊ရေချိုးခန်း၊အိမ်သာ စတဲ့ ဘယ်နေရာမှပဲဖြစ်ဖြစ် ရွှေ့ပြောင်းသယ် မ တာ၊ ဟို နှိပ် ဒီ နှိပ် နှိပ်တာ လုံးဝ မလုပ်ရပါ၊ အဲသလို ချက်ချင်း ရွှေ့ပြောင်းသယ်ဆောင်တာ၊ နှိပ်တာလုပ်ရင် လှုပ်ရှားမှုဒဏ်ကြောင့် ဦးနှောက် သွေးကြောလေးတွေ ပိုမြန်မြန်ပေါက်ကွဲပြီး လူနာရဲ့ အခြေအနေကို ပိုဆိုးစေပါတယ်၊ဖြစ်တဲ့ နေရာမှာပဲ၊ အသာထူ မ ပေးပြီး ပြန်လဲမကျအောင် ထိန်းထားရပါတယ်၊၊
ပြီးရင် ပိုးသတ်ထားတဲ့ ဆေးထိုးအပ်နဲ့ဖြစ်ဖြစ်၊မီးကင်ထားတဲ့ လက်ချုပ်အပ်နဲ့ဖြစ်ဖြစ် လူနာရဲ့ လက်ချောင်း(10)ချောင်းစလုံးထိပ်ဖျားကို သွေးတစ်စက်စီထွတ်အောင် ဖောက်ပါ၊၊ သွေးမထွတ်ခဲ့ရင်လည်း သွေးထွတ်တဲ့ အထိ ညှစ်ထုပ်ပေးပါ၊၊ အလားတူ ခြေချောင်း (10)ချောင်းစလုံး ထိပ်ဖျားကိုလည်း သွေးတစ်စက်စီထွတ်အောင် ဖောက်ပါ၊၊ လူနာရဲ့ နားရွှက်အောက်ဖျားတွေကို နီလာအောင် လက်နဲ့ပွတ်ဆွဲပြီး သွေးထွတ်အောင်ဖောက်ပါ၊၊ မိနစ်ပိုင်း အတွင်းမှာ လူနာပြန်သတိရလာပါလိမ့်မယ်၊၊ ပါးစပ်ရွဲ့သွားတဲ့လူနာတစ်ချို့ဆိုရင် ပါးစပ် ပြန်တည့် လာတာ တွေ့ ရပါလိမ့်မယ်၊၊ ဒီနည်းနဲ့ လူနာ ပုံမှန်အခြေအနေ ရောက်လာအောင်စောင့် ပြီးမှ ဆေးရုံ၊ ဆေးခန်း စတဲ့ဆီ ပို့ပေးပြီး လိုအပ်တဲ့ ကုသမှုခံယူပါစေ၊၊လူနာကို အခုလို ရှေးဦး ပြုစုပြီးမှ ဆေးကုသ မှုခံစေရင် အကြောသေတာ၊ ကိုယ်တစ်ခြမ်းသေတာ၊ခြေ။ လက်လှုပ်မရတာ၊စကားမပီမသ ဖြစ်တာတွေ လုံးဝ ပျောက်ကင်းစေပါတယ်၊၊ ။။
===============
ေ မောင်ပွင့်ဥာဏ်(မောရ) 

Credit to > APRIL MAUNG MAUNG

ကျွန်တော်နှင့် Recorded MB

ကိုရာဇာတို့ ငယ်စဉ် S.A.E ဘ၀က Recorded MB များကို သုံးစွဲခဲ့ရဖူးပါသည်။ Recorded MB ဆိုသည်မှာ မိမိတို့သုံးစွဲနေကျ Paid MB ကဲ့သို့ အတူတူပင်ဖြစ်ပါသည်။ S.A.E များ A.E များသည် မိမိတို့ သုံးစွဲလိုသော လမ်း/တံတားလုပ်ငန်းများကို ကျောထောက်နောက်ခံပြု၍ မိမိတို့၏ အင်ဂျင်နီယာမှူးများ ၊ ဒု-အင်ဂျင်နီယာမှူးကြီးများထံတွင် Recorded MB အသုံးပြုရန်အတွက် MB များကို လျှောက်ထားထုတ်ယူနိုင်ကြပါသည်။ ( ဥပမာ - Open Tender စနစ်ဖြင့် လက်ခံရရှိသော ကျောက်များကို စာရင်းရေးသွင်းခြင်းပင်ဖြစ်ပါသည်။ အရေအတွက်ကိုသာ (Quantity Only) Recorded လုပ်ထားပြီး လက်ခံခြင်း ၊ ပြန်တမ်းရေးဆွဲခြင်း Received Item ၌ အသုံးပြုခြင်း စသည်တို့တွင်အသုံးပြုပါသည်။ အရေအတွက်ကို တန်ဘိုးနှင့် မြှောက်၍မဖော်ပြပါ။ Paid MB တွင် ပါနေကျ Item များဖြစ်သော - (၁) Allocation ( Name of Work ) ၊ (၂) Agency ( Open Tender အောင်မြင်သူ ) ၊ (၃) Measure by Me ( S.A.E or A.E ) ၊ (၄) Date of Measure စသည်တို့ ပါဝင်ရပါမည်။ အောက်တွင် ဇယားဆွဲကာ (၁) စဉ် ၊ (၂) အမျိုးအစား ၊ (၃) ယာဉ်အမှတ် ၊ (၄) ကျင်း ၊ (၅) ပစ္စည်းချသောမိုင် စသည်ဖြင့် ပါရပါမည်။ ကျောက်များကို လမ်းဘေးတွင်စုဆောင်းပြီးမှ အလျား ၊ အနံ ၊ အမြင့် တိုင်းတာ၍ ကျင်းထိုးလက်ခံပြီးမှလည်း စာရင်းသွင်းနိုင်ပါသည်။ ဇယားအဆုံး၌ Furlong by Furlong ဘယ်နေ့တွင် ဘယ်နှစ်ကျင်းလက်ခံသည်ဟု ပါရပါမည်။
ချက်ခြင်း (သို့မဟုတ်) လကုန် (သို့မဟုတ်) နောက်လရောက်မှ ငွေပေးချေလျှင်ရပါသည်။ Vide Recorded MB No./Page No. ဟု ညွှန်းဆိုရပါမည်။ ပစ္စည်းအရေအတွက်ကို သက်ဆိုင်ရာနှုန်းဖြင့် မြှောက်ပြီး Paid MB နှင့် ပေးချေရပါမည်။ ( သက်ဆိုင်ရာ Form-24, Form-28 များပူးတွဲလျက် )
အင်ဂျင်နီယာများ၏ ပြန်တမ်းများတွင် Receive (Quantity) မရှိလျှင် Issue (Quantity) မရှိရပါ။ သို့ပါ၍ တစ်ဖာလုံအတွက် ၊ တစ်မိုင်အတွက် လုပ်အားခထုတ်မည်ဆိုပါလျှင် ယင်းတစ်ဖာလုံအတွက် ၊ တစ်မိုင်အတွက် လိုအပ်သောပစ္စည်းများအားလုံး စုဆောင်းပြီးဖြစ်ရပါမည်။
Recorded MB တွင် Received လုပ်ထားသော အရေအတွက်များသည် Estimate ပါ Amount (Quantity) ထက် မကျော်ရပါ။ Open Tender ပစ်ထားသော အရေအတွက်ထက်လည်း မကျော်ရပါ။ စနစ်သစ်ငွေပေးသောလုပ်ငန်းစဉ်၌ SEE ( State Economic Enterprise ) နှင့် OA ( Other Account ) ဟု ခွဲခြား၍ မိမိတို့ဘဏ်စာရင်းများသို့ ထည့်ထားလေ့ရှိပါသည်။ OA ( Other Account ) မှာ ပစ္စည်းဖိုးများဖြစ်ပါသည်။ ယင်း OA တွင် ရုံးချုပ်မှထုတ်ယူထားသောပစ္စည်းဘိုးများ ၊ တိုင်းဒေသကြီးမှထုတ်ယူထားသောပစ္စည်းဘိုးများ ဦးစွာပေးချေရပါသည်။ E.E ရုံး/D.S.E ရုံးများတွင် OA လက်ကျန်ငွေနည်းနေပြီး ပစ္စည်းဘိုးပေးရန် ခက်ခဲနေတတ်ပါသည်။
SEE (State Economic Enterprise) တွင် လုပ်အားခများ ၊ အထောက်အကူပစ္စည်းများ ၊ အခြားစရိတ်များ ၊ စက်ယာဉ်/ယန္တရားပြင်ဆင်ခြင်းများ ပါဝင်ပါသည်။ သို့ပါ၍ Recorded MB ဖြင့် ပစ္စည်းများစုဆောင်းပြီး Paid MB ဖြင့် ငွေမချေရသေးသည့်တိုင် SEE ဖြင့် လုပ်အားခများ အချိုးကျထုတ်ယူ၍ သက်ဆိုင်ရာပြန်တမ်းများ ( Material Site Account ) များ Road Metal Return များ ရေးဆွဲနိုင်ကြမည်ဖြစ်ကြောင်း Facebook Friend များအား မျှဝေလိုက်ရပါသည်။ မိမိတို့ EE စတို ၊ DSE စတိုများမှထုတ်ယူသော ကတ္တရာ ၊ သံချောင်း ၊ ဘိလပ်မြေ ၊ ဒီဇယ်ဆီ အစရှိသော ပစ္စည်းများရရှိမှု စာရင်းများကိုလည်း နေ့စဉ်အလိုက် ကုန်ပို့လွှာများကို မှတ်တမ်းပြုလျက် ရေးသွင်းနိုင်ပါသည်။ လကုန်လျှင် B9G ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ သက်ဆိုင်ရာပြန်တမ်းများတွင် ရရှိမှုကော်လံများ၌ ရေးသွားရပါမည်။
သို့ပါ၍ Facebook Friend တို့အနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ကြမည့် လမ်း/တံတားလုပ်ငန်းများ၏ ပစ္စည်းလိုအပ်ချက်များ ၊ Up to Date ရရှိမှုများ ထပ်မံလိုအပ်ချက်များကို Recorded MB ကိုင်ဆောင်ထားရုံဖြင့် အချိန်နှင့်တပြေးညီ သိရှိနိုင်ကြမည်ဖြစ်ပေသည်။ မိမိတို့လိုအပ်ချက်ထက် ပိုမိုစုဆောင်းမိသော (ထုတ်ယူမိသော) အမှားများကိုလည်း ရှောင်ကြဉ်နိုင်ကြမည်ဖြစ်၍ Recorded MB ကိုင်ဆောင်ထားခြင်း၏ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်ဗျာ။ Facebook Friend တို့အနေဖြင့်လည်း တစ်နေရာမှာ တစ်နေရာကို ပြောင်းရွှေ့တော့မယ်ဆိုရင်ဖြင့် မိမိတို့ထုတ်ယူထားသော Recorded MB နှင့် Paid MB များကို အရေအတွက်ပြည့်ဝစွာ ပြန်လည် အပ်နှံရမယ်ဗျို့။ မအပ်နိုင်ရင်တော့ ပြဿနာရှိတယ်နော်။
Shwe Zin (21/8/2014)

Credit to > U Shwe Zin

ရွှေစည်းခုံစေတီတော်(ပုဂံ) သမိုင်း

တည်နေရာ ညောင်ဦးမြို့၊ ဧရာဝတီမြစ် ကမ်းနဖူး

ဉာဏ်တော် ပေ (၁၆၀)

ကျော်ကြားမှု ပုဂံမင်းနှစ်ပါး တည်ခဲ့ပြီး၊ သိမှတ်ဖွယ်ရာ၊ အံ့ဘွယ်များကြောင့်ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။

သမိုင်း

ပုဂံပြည့်ရှင် သီရိအနုရုဒ္ဓ ဒေ၀ ခေါ် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမ၀ိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ၀ိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့  ရတနာပြဿာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော် ရှင်အရဟံမထေရ်က သတ္တ၀ါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဥာဏ်ပေးခဲ့သည်။ အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဥာဏ်မှာ အလွန် လှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့ မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုပ်ပြည်မှ ရသော မြဆင်းတုတစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ(သေဆုံး) ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။

စေတီတည်ထားပုံ

ရွှေစည်းခုံစေတီတော်ကြီးသည် မူလက ကျောက်ချပ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် ယနေ့အခါ ရွှေအထပ်ထပ်ချသောကြောင့် မူလကျောက်ပြားများ ပျောက်နေပြီး ရွှေတောင်ကြီးသဖွယ်ဖြစ်နေသည်။ ပစ္စယာအဆင့် ၃ ဆင့်ရှိသည် သုံးဆင့်အပေါ်မှ ရှစ်ထောင့်ကြာဝန်း၊ ကြေးဝိုင်း၊ ကြာမှောက်ကြာလှန်နှင့် ခါးပတ်ရှိသည်။ ယင်းအထက်တွင် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံ၏ အထက် တွင် သပိတ်မှောက်နှင့် ဖောင်းရစ်ရှိသည်။ ဖောင်းရစ်အထက် ကြာစိတ်၊ ကြာမှောက်၊ ကြာပျံနှင့် ထီးတော် ရှိသည်။ ပစ္စယာ အဆင့်မှ ထီးတော်အထိ ပေ ၁၅၀ မြင့်သည်။ ပစ္စယာအဆင့်ဆင့် တွင် ငါးရာ့ ငါးဆယ်ဇာတ်တော် ရုပ်ကြွ အုပ်ချုပ်များရှိသည်။ ညာဖက်တွင် ဖေါ်ပြထားသောပုံတော်သည် ရွှံကိုမီးဖုတ်ပြီး ပြုလုပ် ထားသည့် ပုံတော်ဖြစ်သည်။

ရင်ပြင်တော်

စေတီ၏လေးဘက်လေးတန်၌ အုတ်ဂန္ဓကုဋီလေးဆောင်ရှိသည်။ ယင်းဂန္ဓကုဋီတိုက်များ အတွင်း၌ အလွန်လက်ရာမြောက်သော မတ်ရပ်ကြေးဆင်းတု တစ်ဆူစီ ရှိသည်။ ဥာဏ်တော် ၁၂ ပေမြင့်သည့် ပုဂံခေတ်လက်ရာဖြစ်သည်။ မူလက ဂန္ဓကုဋီတိုက်တံခါး များရှိသော်လည်း ယခုအခါ ၁ ခုသာ ကျန်တော့သည်။ ရင်ပြင်တော် အနောက်ဘက် ပိုင်းတွင် နတ်ရုပ်တု၊ ဘိုးတော်ရုပ်တု၊ သိကြားရုပ်တုစသည်များလည်း သူ့အဆောင်နှင့် သူရှိသည်။ ရင်ပြင်တော်အရှေ့ မြောက်ထောင့်တွင် ကျောက်စာရုံရှိသည်။ ကျောက်စာရုံ ထဲတွင် ခေတ်အဆက်ဆက်မှ ရေးထိုးထားခဲ့သည့် ကျောက်စာများထဲမှ ကျောက်စာ ၆ ချပ်ကို သိမ်းဆည်းထားသည်။ ကျန်းစစ်သားမင်းကြီး၏ ကျောက်စာတိုင်ကြီး ၂ တိုင်သည် အရှေ့ ဘက်မုခ် တွင်ရှိသည်။ ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည်။

သိမှတ်ဖွယ်ရာ

ရွှေစည်းခုံစေတေီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။

ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသိတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့် တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ၀ရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ)ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့် အကြောင်း ရေးထိုးထားသည်။

ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖြော်ပခဲ့သည်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၄င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။

ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။

အံ့ဘွယ်ကိုးပါး

ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။

အတွင်းအံ့ကိုးပါး

1. ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊

2. စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။

3. စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။

4. စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။

5. တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။

6. အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။

7. စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။

8. မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။

9. စေတီတော် အရှေ့ တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။

* ထို့အတွက်ကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ – တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။

အပြင်အံ့ဘွယ်ကိုးပါး

1. ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။

2. ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။

3. ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။

4. မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။

5. စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။

6. ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။

7. ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။

8. ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။

9. စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်
=============
Bagan History

Credit to > APRIL MAUNG MAUNG

ကျွန်တော်နှင့်. . . Road Chart

Road Chart ကိုတော့ တွေ့ဖူးကြမှာပါ။ Road Chart တစ်ခုမှာ ဘာတွေပါရမှာလဲဆိုတော့ မိမိတို့ဆောင်ရွက်တဲ့လမ်းရဲ့အစအဆုံးပါရပါမယ်။

- ပထမအလွှာမှာ လမ်းအမျိုးအစား ( ၃၁ - ၃ - ၂၀၁__ ) အခြေအနေပါရပါမယ်။
- ဒုတိယယအလွှာမှာ လမ်းအခြေအနေ ( ကောင်း / သင့် / ညံ့ ) ပါရပါမယ်။
- တတိယအလွှာမှာ မိမိတို့ဆောင်ရွက်မည့်လုပ်ငန်း၏ လျာထားချက် ပါရပါမယ်။
- စတုတ္ထအလွှာမှာ မိမိတို့ဆောင်ရွက်သောလုပ်ငန်း၏ ပြီးစီးမှု တို့ပဲဖြစ်ပါတယ်။

ကျွန်တော်တင်ပြချင်တာကတော့ ပထမလိုင်းမှာ ကတ္တရာလမ်း မိုင်ဘယ်လောက်လဲ ၊ ကျောက်လမ်း မိုင်ဘယ်လောက်လဲ ၊ အမာခံလမ်း မိုင်ဘယ်လောက်လဲ ၊ မြေလမ်းက မိုင်ဘယ်လောက်လဲဆိုတာကို ဖော်ပြပေးရမှာပါ။
- ပြီးရင် လမ်းပေါ်မှာရှိတဲ့ တံတားကြီးတွေကို ဖော်ပြရပါမယ်။
- ဖြတ်သန်းသွားတဲ့ မြို့နယ်ချင်း နယ်စပ် ၊ ခရိုင်ချင်း နယ်စပ်များကိုလဲ ဖော်ပြပေးရပါမယ်။
- လမ်းတစ်လျှောက်ဖြတ်သန်းသွားတဲ့ ယာဉ်ကျေးမှုအဆောက်အဦများ ၊ အထိမ်းအမှတ်နေရာများကိုလည်း ဖော်ပြရပါမယ်။
- ဖြတ်သန်းသွားမဲ့လမ်းရဲ့ လမ်းဆုံ ၊ လမ်းခွများကိုလည်း ဖော်ပြရပါမယ်။
- မိမိတို့နဲ့ပတ်သတ်တဲ့ ကျောက်ကွင်း ( Quarry ) များကို ဖော်ပြပေးရပါမယ်။
- တချို့ဆောက်လုပ်ရေးအဖွဲ့တွေဟာ Roard Chart လိုင်း ၄ လိုင်းရဲ့အပေါ်မှာ မြေပုံကြမ်းလေးတွေကိုလည်း ဖော်ပြလေ့ရှိကြပါတယ်။
- လမ်းအမျိုးအစားနဲ့ ကောင်း/သင့်/ညံ့ရဲ့ သတ်မှတ်ချက်တွေကတော့ ရုံးချုပ်ရဲ့ ပုံစံအတိုင်းဖြစ်ကြောင်းပါဗျ။
ယခုအချိန်ထိတင်ပြခဲ့တာတွေက Generally ပေါ့ဗျာ။

Particularly သီးခြားဖြစ်တည်နေတဲ့ကိစ္စလေးကို အခုတင်ပြတော့မှာဗျ။ ကျွန်တော်ချင်းပြည်နယ် ၊ လမ်းအထူး (၁၁) မှာ တာဝန်ကျစဉ်ကပေါ့။ အင်ဂျင်နီယာမှူးကြီးက ဦးလေးမောင်ဗျ။ သူက သင်ပြပါတယ်။ တပည့် ကတ္တရာလမ်းပျက်ရင် ကတ္တရာလမ်းအဆင့် ကောင်းတဲ့အထိ ပြင်ဆင်ရမယ်။ အပေါက်သေးရင် ယိုနဲ့ဖာ ( Premixed ) ၊ အပေါက်ကြီးရင် လောင်းဖာ ( Heavy Patching ) ပိုကြီးရင် Levelling & Seal ပေါ့။ ကတ္တရာလမ်းပျက်လို့ ခွဲကျောက်လမ်းခင်းထားတာ လက်မခံပါဘူး။ ခွဲကျောက်လမ်းအဆင့်ထိခင်းထားပြီဆိုရင်လည်း အဲ့ဒီအလွှာပေါ်မှာ ထပ်ပိုးလွှာခင်းပြီး ကတ္တရာလမ်းမအဆင့်ထိ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ ရံပုံငွေ ရရှိရေး ၊ လုပ်ငန်းဆောင်ရွက်ရေးတို့ဟာ သက်ဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာရဲ့တာဝန်ပဲဖြစ်ပါတယ်ဗျာ။ ပထမနှစ်မှာ ကတ္တရာ (၁၀)မိုင်ကနေ ဒုတိယနှစ်ကျတော့ (၉) မိုင်ဖြစ်သွားတာကို လက်မခံပါဘူး။ ( ကောင်း/သင့် / ညံ့ ) မှာ အကောင်းနည်းပြီး ညံ့များတာကို လက်ခံပါတယ်။ ကတ္တရာလမ်းကတော့ ကတ္တရာလမ်းပဲ။ ကတ္တရာလမ်း မိုင်လျှော့သွားတာကိုတော့ လက်မခံပါဘူး။ မြေပြင်မှာလည်း တာဝန်ခံအင်ဂျင်နီယတွေက အဆင့်လျှော့ကျမသွားအောင် ထိန်းသိမ်းရမဲ့တာဝန်ရှိတာပေါ့ဗျာ။
ဆိုလိုတာက Road Chart မှာရှိနေတဲ့ ကတ္တရာလမ်းကို အဆင့်လျှော့ကျမသွားစေဖို့ ၊ မြေပြင်မှာလည်း ကတ္တရာလမ်းကိုအဆင့်လျှော့ကျမသွားစေဖို့ Road Chart မှာရှိတဲ့ လမ်းအဆင့်အလိုက် စံချိန်စံညွှန်းမီစေဖို့အတွက် ရံပုံငွေတင်ပြတောင်းခံဖို့နှင့် မြေပြင်မှာဆောင်ရွက်ဖို့ ကျွန်တော်တို့တာဝန်ခံအင်ဂျင်နီယာများမှာသာ တာဝန်ကိုယ်စီရှိကြောင်းကို Facebook Friedn တို့ကို မျှဝေလိုက်ရပါတယ်ဗျာ။

Shwe Zin (4/8/2014) 10:15 AM 

Credit to> U Shwe Zin

Cervical Cancer links သားအိမ်အဝ ကင်ဆာ ဖတ်စရာများ

1. ဆရာ၊ သားအိမ်ခေါင်းကင်ဆာက ဆံပင်ဆိုင်ရာ Product တွေဖြစ်တဲ့ ဆံပင်ဆိုးဆေး အပေါစားတွေ၊ ရှန်ပူ အပေါစားတွေကနေ ဖြစ်ရလွယ်တယ်လို့ ဂျပန်ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဟုတ်လား သိချင်ပါတယ်။ ပြီးတော့ မျိုးရိုးလိုက်ပါသလား ဆရာ။
2. ဒေါက်တာ ခင်ဗျာ့။ ကျနော်ရဲ့ အမျိုးသမီးမှာ သားအိမ်ကင်ဆာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆေးခန်းမှ ဒေါက်တာ ညွှန်ကြားချက်အတိုင်း ဆေးကိုတရက်တလုံး နဲ့ တနှစ်ခွဲစားနေရပါတယ်။ သားသမီးယူလိုလျှင် ဆေးတစ်နှစ်ခွဲစားပြီးရင် ယူလို့ရတယ်လို့လဲပြောပါတယ်။ ကျနော်သိလိုသည်မှာ ကျနော့် အမျိုးသမီးရဲ့ နောက်ဆက်တွဲကျန်းမာရေး အခြေနေပါ။ သူရဲ့ရောဂါ လုံးဝပျောက်ကင်းနိုင်ပါသလား။ ဒါမှမဟုတ် ပျောက်ကင်းနိုင်မဲ့ ကုသထုံးရှိပါသလား။ ဒါမှမဟုတ် နောက်ထက်သူရဲ့သက်တမ်း ဘယ်လောက် ကျန်ပါသေးလဲဆိုတာ ကျေးဇူးပြု ၍ဖြေကြားပေးစေလိုပါတယ်။

Cervical Cancer links သားအိမ်အဝ ကင်ဆာ ဖတ်စရာများ
1. Cervarix (HPV vaccine) သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2013/09/cervarix-hpv-vaccine.html
2. Cervical Cancer (1) သားအိမ်အဝ-ကင်ဆာ (၁) http://dts-medicaleducation-adult.blogspot.in/2013/08/cervical-cancer.html
3. Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂) http://dts-medicaleducation-adult.blogspot.in/2013/10/cervical-cancer-2.html
4. Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃) http://dts-medicaleducation-adult.blogspot.in/2013/10/cervical-cancer-3.html
5. Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက် http://dts-medicaleducation-adult.blogspot.in/2012/03/cervical-cancer-new-guidelines.html
6. Cervical cancer test DIY သားအိမ်ဝ-ကင်ဆာ ကိုယ့်ဖါသာ စမ်းသပ်နည်း http://dts-medicaleducation-adult.blogspot.in/2013/08/cervical-cancer-test-diy.html
7. Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး http://dts-medicaleducation-adult.blogspot.in/013/08/cervical-intraepithelial-neoplasia-cin.html
8. Cancer of the Uterus သားအိမ်-ကင်ဆာ http://dts-medicaleducation.blogspot.com/2011/06/cancer-of-uterus.html

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ဘလော့ခ် ကတော့ပျက်သွားပြီး သိလိုသူတွေကမေးရင် စာတွေကို ပို့ပေးပါမယ်။

ေ ဒေါက်တာတင့်ဆွေ

Credit to > Dr Tint Swe

ကျွန်တော်နှင့်Up Stream/Down Stream

၁၉၉၅ ခုနှစ်ခန့်က ဖြစ်ပါသည်။ ကိုရာဇာ A.E ဘ၀က ဖြစ်ပါသည်။ ဘုရားကြီး-ဘောနပ်ကြီး-ဇောင်းတူ-တိုက်ကြီးလမ်းတွင် တာဝန်ကျပါသည်။ ထိုစဉ်က ပဲခူးမြို့နယ်အင်ဂျင်နီယာမှာ A.E ဦးသန်းနိုင်အောင် ယခု ပဲခူးတိုင်း C.E ဖြစ်ပါသည်။ ပဲခူးလက်ထောက်မှူယာမှာ A.E ဦးစိုးအောင် ယခု D.D.E (အဆောက်အဦ) ဖြစ်ပါသည်။ ညောင်လေးပင်မြို့နယ်အင်ဂျင်နီယာမှာ A.E ဦးတင်ကြည် ယခု နေပြည်တော်တိုင်း C.E ဖြစ်ပါသည်။ ဒိုက်ဦး လက်ထောက်မှုယာမှာ A.E ဦးမြင့်ဇော် ယခု ရန်ကုန်တိုင်း C.E ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး၏ဆရာမှာ ပဲခူးခရိုင်အင်ဂျင်နီယာမှူး (ဦးဝင်းဖေ) ဖြစ်ပါသည်။
ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်း မိုင် ( ၉၃/၀-၉၄/၀ ) ရှိ ဗိုင်းဒါးချောင်းမှာ ညောင်လေးပင်မြို့နယ်အတွင်းရှိပါသည်။ ဗိုင်းဒါးချောင်းသည် အနောက်ရိုးမမှ မြစ်ဖြားခံ၍စီးဆင်းပြီး ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်းကို ဖြတ်သန်းကာ Down Stream ဖက်၌ ရန်ကုန်-တောင်ငူ-မန္တလေး မီးရထားလမ်းကို တံတားဖြင့်ဖြတ်သန်းကာ စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဆိုလိုသည်မှာ ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်းတံတား၏ လက်ဝဲဘက် (အနောက်ဖက်) သည် Up Stream ဖြစ်ပါသည်။ ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်း၏ လက်ယာဘက်(အရှေ့ဘက်) သည် Down Stream ဖြစ်ပါသည်။ ပဲခူးရိုးမတွင် ရွာသွန်းသောမိုးရေချိန်လက်မများပြားချိန် ဗိုင်းဒါးချောင်းတစ်လျှောက်စီးဆင်းလာသော ရေများသည် ကျွန်တော်တို့ ကားလမ်းတံတားကိုဖြတ်ကျော်၍ စီးဆင်းလာသောရေများသည် မီးရထားလမ်းတာရိုးတွင်ရှိသော တံတားမှာ အနည်းငယ်ကျဉ်းသောကြောင့် ရေအလျဉ်အမြန်မစီးဆင်းနိုင်ပဲ ရေငြိမ်အိုင်ကဲ့သို့ဖြစ်နေပါသည်။ ထိုအခါ ကားလမ်းတာရိုးသည် ဆည်အတွင်းဖြတ်ဖောက်ထားသကဲ့သို့ ဖြစ်နေပါသည်။ ပိုမို၍ဆိုးရွားသည်မှာ စစ်တောင်းမြစ်ဝ၌တည်ရှိနေပြီး စစ်တောင်းမြစ်ဒီရေတက်အချိန်(ရေထရက်) များနှင့်တွေ့ဆုံလျှင် မိမိတို့ကားလမ်းမှာ ရေလွှမ်းမိုးမှုများဖြစ်ပွားလေ့ရှိပါသည်။ ကားလမ်းတာရိုးပေါ်သို့ 2’-6” to 3’-0” ခန့် ရေကျော်လေ့ရှိပါသည်။ တစ်နှစ်လျှင် လေးငါးကြိမ်ခန့် ဖြစ်ပွားလေ့ရှိသည်ဟု မှတ်သားရဖူးပါသည်။
ထိုအခက်အခဲကိုဖြေရှင်းရန် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်မှ အင်ဂျင်နီယာကြီးများသည် လမ်းတာရိုးကို ပျမ်းမျှ (10’) ခန့်မြှင့်အောင်တည်ဆောက်၍ 4’Ø Pipe Culvert များကို (၁၃၃) လုံးခန့် ထည့်သွင်းတည်ဆောက်ခဲ့ပါသည်။ ယခုလိုမိုးတွင်းကာလတစ်ခု၌ ကျွန်တော်ဇာတိရမည်းသင်းမြို့သို့ ခွင့်ဖြင့်ခေတ္တပြန်သွားခဲ့ပါသည်။ မပြန်မှီ ခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ)အား သွားရောက်နှုတ်ဆက်စဉ် တပည့်ရေ အသွား/အပြန် ဆရာတို့တည်ဆောက်ထားတဲ့ ဗိုင်းဒါးတံတားချဉ်းကပ်လမ်းတာရိုးက တောင်ကျရေများကို တောင့်ခံနိုင်မှု ရှိ/မရှိ ကြည့်ခဲ့ကွာဟု မှာကြားပါသည်။ ကျွန်တော်ကလည်း အသွား/အပြန် မှတ်သားပါသည်။ ပဲခူးမြို့တို့ပြန်ရောက်လျှင် ခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ) ထံ တင်ပြပါသည်။ ဆရာရေ တာရိုးအနောက်ဖက် Up Stream ဖက်မှာ လမ်းတာရိုးထိပ် Pavement ရဲ့အောက် (၁)ပေ အထိ ရေရှိတယ်ဆရာ ၊ လမ်းတာရိုးရဲ့အရှေ့ဖက် Down Stream ဖက်မှာတော့ လမ်းတာရိုးထိပ် Pavement ရဲ့အောက် (၃)ပေ အထိ ရေရှိတယ်ဆရာ ၊ Pipe Culvert တွေနေရာမှာတော့ ရေစီးကြမ်းတယ်ဆရာဟု တင်ပြပါသည်။ ထိုအခါ ဆရာမှ တပည့်ရေ (၁) လမ်းတာရိုးတစ်ခုလုံးရေမြှုပ်သွားရင် လမ်းတာရိုးအမြင့်က မလုံလောက်လို့ပဲ (လမ်းတာရိုးအမြင့်နိမ့်နေလို့ပဲ)။ (၂) Up Stream က မြှင့်ပြီး Down Sttream က နိမ့်နေရင် Openning နည်းလို့ပဲ ( Culvert နည်းလို့ပဲ)။ (၃) Up Stream နဲ့ Down Stream ဟာ Water Level ညီနေပြီး လမ်းတာရိုးကိုလည်း ရေမကျော်ဘူးဆိုရင် လမ်းတာရိုးအမြှင့်လုံလောက်တယ် ၊ Culvert (Openning) လုံလောက်တယ်ဟု သင်ကြားပါသည်။ ထိုစဉ်ကတင်ပြပါအခြေအနေသည် အယူအဆ (၂) နှင့် ကိုက်ညီနေပါသည်။ Pipe Culvert နည်းနေခြင်းဖြစ်ပါသည်ဟု ရှင်းပြပါသည်။
ပြီးခဲ့သည့် တစ်ပတ် ၊ နှစ်ပတ်အတွင်းက ဧရာဝတီတိုင်းအတွင်းရှိ လမ်းအချို့တွင် လမ်းရေကျော်မှုဖြစ်ပွားရာ Up Stream နှင့် Down Stream သည် Water Level ကွာခြားမှုရှိကြောင်း ဓါတ်ပုံများတွင် တွေ့ရှိရပါသည်။ ထို့ကြောင့် အယူအဆ (၂) နှင့် ကိုက်ညီပါသည်။ Culvert (Opening) များနည်းနေခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ကျွန်တော် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကံမ-ပြည်လမ်းတွင် လမ်းတာရိုးပေါ်သို့ ရေ (2’) ခန့် ရေကျော်မှုဖြစ်ပွားခဲ့ပါသည်။ အယူအဆ (၁) နှင့် ကိုက်ညီပါသည်။ လမ်းတာရိုးအမြင့်မလုံလောက်၍ပဲဖြစ်ပါသည်။ သို့ပါ၍ ကျွန်တော်မှ အထက်ရုံးများသို့ လိုအပ်သလိုညွှန်ကြားမှုများပြုနိုင်ပါရန် တင်ပြထားပါသည်။
လေးလပတ်အစည်းအဝေးတစ်ခုတွင် ဧရာဝတီတိုင်းရှိ အဖွဲ့တစ်ခုမှ 5’x5’x40’ Box Culvert တစ်ခုတွင် ရေကျော်ပြီး ချဉ်းကပ်လမ်း ရေစား၍ လမ်းတာရိုးမှာ (35’) ခန့် ပြတ်ကျသွားပါသည်။ ကျွန်တော်တင်ပြလိုသည်မှာ တစ်နှစ်လုံးတွင် တစ်ကြိမ်နှစ်ကြိမ်။ တစ်ကြိမ်တွင်လည်း (၅) နာရီခန့်သာ ရေကျော်ပြီး ထိုအခိုက်အတန့်လေးကို တောင့်ခံထားနိုင်လျှင် ထိုလမ်းတာရိုးပြတ်ကျမသွားနိုင်ပါဟု ယူဆပါသည်။ Box Culvert သည် လမ်း၏အနိမ့်ဆုံးအပိုင်း ၊ လမ်းသားညွတ်သောအပိုင်း ၊ လမ်းတာရိုး Sagging ဖြစ်သောအပိုင်း၌တည်ရှိပြီးဖြစ်ပါ၍ လမ်းအူကြောင်းနှင့်အပြိုင် လေးဘက်စလုံး၌ ( Up Stream ဘက်တွင် နှစ်ခု ၊ Down Stream ဘက်တွင် နှစ်ခု ) Permanent မြေကာနံရံများကို ကမ်းကပ်ခုံနှင့်တွဲလျက် တည်ဆောက်၍ ကာကွယ်နိုင်လျှင် အခိုက်အတန့်ရေကြီးမှုမျိုးကို တောင့်ခံနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ရံပုံငွေအခက်အခဲအရ မြေကာနံရံ နှစ်ခုတည်းသာ တည်ဆောက်နိုင်မည်ဆိုပါက Down Stream ဘက်မှ နှစ်ခုကို ဦးစားပေး တည်ဆောက်ရမည်ဖြစ်ပါသည်။ လမ်းတာရိုးများရေကျော်မှုဖြစ်ပါက တိုက်စားခံရဆုံးသော အပိုင်းသည် Down Stream ဘက်ဖြစ်ပါသည်။
သို့ပါ၍ ၁၉၉၅ ခုနှစ် ပဲခူးခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ) ၏ အယူအဆအား Facebook Friend များ သိသာစေရန်နှင့် လိုအပ်လျှင်အသုံးချနိုင်ပါရန် Facebook Friend များအား မျှဝေလိုက်ရပါသည်။ နောက်ဆုံးတင်ပြသော တံတား၏ Up Stream ၊ Down Stream လေးဘက်စလုံး၌ Permanent မြေကာနံရံများကို ကမ်းကပ်ခုံနှင့်တွဲလျက် တည်ဆောက်၍ Submerge Bridge Function ကဲ့သို့ ဖြစ်စေရန် တည်ဆောက်နိုင်ပါက ခန်းဖွင့်(Span) ကျယ်တံတားများ တည်ဆောက်သည့်ကုန်ကျစရိတ်များထက် သက်သာနိုင်မည်ဖြစ်ကြောင်း တင်ပြရင်း မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (16/8/2014)

Credit to> U Shwe Zin

HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး

1. ဆရာရှင့် အသက် ၄ဝ ကျော် အပျိုကြီးတွေ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးလို့ရပါသလား။
2. မိန်းကလေးတွေအတွက် သားအိမ်ခေါင်းကင်ဆာအကြောင်း သိချင်ပါတယ်ဆရာ။ ကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးသင့်တယ် ဘယ်မှာထိုးရမယ်ဆိုတာ သိချင်ပါတယ်ဆရာ။
သားအိမ်အဝ (ခေါင်း) ကင်ဆာ ကာကွယ်ဆေးကို ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်း ထိုးပါတယ်။ အခုတခါပဌမဆေးထိုး၊ ဒုတိယဆေးကို ပဌမတခါပြီးနောက် ၂ လမှာထိုးပါ။ ပဌမတခါပြီးနောက် ၆ လမှာ တတိယဆေးထိုးပါ။
• အမေရိကားမှာ နှစ်တိုင်း အမျိုးသမီးပေါင်း ၁၂ဝဝဝ ယောက်မှာ သားအိမ်အဝကင်ဆာ တွေ့နေပြီး၊ ၄ဝဝဝ လောက် သေဆုံးကြရတယ်။ မျိုးပွါးနိုင်တဲ့အရွယ်ရှိ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။
• သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ ကင်ဆာကိုဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးတယ်။ Cervarix ဆိုတာကို Bivalent vaccine လို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လို့ ခေါ်တယ်။
• Gardasil ကာကွယ်ဆေးဟာ လိင်လမ်းမှာပေါက်တဲ့ ကြွက်နို့ကိုလဲ ကာကွယ်နိုင်တယ်။ ဒါ့ပြင် စအို ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာ၊ မွေးလမ်းကြောင်း ကင်ဆာတွေကိုလဲ ကာကွယ်နိုင်တယ်။ ကာကွယ်ဆေး ၂ မျိုးလုံးက ၆ လအတွင်းမှာ ၃ ခါ ထိုးရတယ်။
• Genital HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေ အရေပြားချင်းထိတွေ့မိလို့ ကူးစက်တယ်။ အတော်များများမှာ တချိန်မှာ ဒီပိုးဝင်တာခံရပေမဲ့ ပိုးရှိနေမှန်းမသိကြတာဘူး။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ ပိုးအမျိုးအစားပေါင်း ၄ဝ လောက်ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ ကူးစက်လာလဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ တချို့အမျိုးအစား တွေကနေ မိန်းမသားအိမ်အဝ၊ ယောက်ျားလိင်တံ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ အာခေါင်နေရာတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ တချို့အမျိုးအစားတွေက ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ ဖြစ်စေနိုင်တယ်။ အသက်ကို ရန်မရှာပါ။ ဒါပေမဲ့ စိတ်မသန့်ဖြစ်နေမယ်။ ကုသရတာလဲခက်တယ်။
• မိန်းကလေးတွေ အသက် ၁၁-၁၂-၁၃ နှစ်မှာ ထိုးသင့်ကြတယ်။ မထိုးရသေးရင်လဲ ၂၆ နှစ်အထိ ထိုးနိုင်တယ်။ အငယ်ဆုံး ၉ နှစ်သမီးတွေထိုးနိုင်တယ်။ လိင်ကိစ္စနဲ့လုံးဝ မပတ်သက်ခင်မှာ ထိုးရတာ ဖြစ်တယ်။
• ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။
• ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေး မထိုးသေဘဲ နေသင့်တယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ကို ထိခိုက်စေတာ မတွေ့ရသေးပေမဲ့ သုတေသနတွေက မပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ကျဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။
• ကာကွယ်ဆေးမထိုးခင် သားအိမ်အဝကင်ဆာရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲ ဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။
• ပိုးဝင်ထားပြီးအမျိုးသမီးတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင် လုပ်မပေးနိုင်ပါ။
• သုတေသနတွေ ဆက်လုပ်နေပါတယ်။ ဆေး ၃ လုံးထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေခြာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။
• တခြားလိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါ။
• ကာကွယ်ဆေး ၁ လုံးတည်း၊ ၂ လုံးတည်းထိုးရင် ကာကွယ်ပေးနိုင်မှု နည်းလို့ ၃ လုံးပြည့်အောင်ထိုးပါ။
• အမေရိကားမှာ ၂ဝ၁၂ အထိ စုစုပေါင်။ ၄၆ သန်းကျော်ကို ထိုးထားပြီးပြီ။ စိတ်ချရပါတယ်။ ဆေးတလုံးကို ဒေါ်လာ ၁၃ဝ ကျတယ်။
• ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။
• Gardasil ကာကွယ်ဆေးကို ယောက်ျားလေးတွေ ၉-၂၆ နှစ်ကိုထိုးလဲ စိတ်ချရတယ်။ တချို့နိုင်ငံတွေမှာ ၁၁-၁၂ နှစ်သားလေးတွေကို ၃ ခါပြည့်အောင်ထိုးစေတယ်။
HPV Vaccine 0.5 mL ကို IM အသားဆေးထိုးရတယ်။ စုစုပေါင်း (၃) ခါထိုးရမယ်။ ဒုတိယဆေးကို ပဌမဆေးနောက် ၁-၂ လအကွာမှာထိုးတယ်။ တတိယဆေးကို ပဌမေးထိုးပြီးနောက် ၆ လအကြာမှာထိုးတယ်။ အနည်းဆုံး ၂၄ ပါတ် ခြာပြီး ထိုးတာလဲ ရှိတယ်။
HPV Vaccines သားအိမ်ဝကင်ဆာကာကွယ်ဆေးတွေရဲ့ထိရောက်မှု
သားအိမ်ဝကင်ဆာ ကာကွယ်ဆေးတွေက အများဆုံးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကို ပြစ်မှတ်ထားတယ်။ Gardasil ကနေ လိင်လမ်းကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုပါ ကာကွယ်မယ်။ ကာကွယ်ဆေး ၂ မျိုးလုံးကနေ ကင်ဆာဖြစ်စေနိုင်တဲ့ပိုး အများစုကိုထိထိရောက်ရောက်ကာကွယ်မှုပေးပါမယ်။ အမျိုးသမီးငယ်တယောက်ဟာ တကယ်လို့ ကာကွယ်ဆေးမထိုးခင်က HPV ပိုးတမျိုး ဒါမှမဟုတ် တမျိုးမကနဲ့ ထိတွေ့ဘူးပြီးသားဖြစ်နေရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု နည်းနိုင်ပါတယ်။ HPV vaccines ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသား ရောဂါကိုတော့ မကာကွယ်နိုင်ပါ။
  ဒေါက်တာတင့်ဆွေ

Credit to> Dr Tint Swe

ကျွန်တော်နှင့် မြေကာနံရံများ ( Retaining Wall )

ယာယီမြေကာနံရံများကို အရေးပေါ်သစ်တုံး ( မျောတုံးများ 6”x9” ) များဖြင့် ကာလေ့ရှိပါသည်။ ကတ္တရာပီပါခွံအပြားများဖြင့်လည်း ကာရံလေ့ရှိပါသည်။ ကတ္တရာပီပါခွံကို ထောင်လိုက်ဖြစ်စေ ၊ အလျားလိုက်ဖြစ်စေ ( တုံးလုံးခင်း၍ ) ကာရံလေ့ရှိပါသည်။ ဆာလာအိတ်များတွင် သဲများထဲ့ပြီး လှေကားထစ်များကဲ့သို့ အစီးအနင်းကောင်းစီမံပြီး တထစ်စီနောက်ဆုတ်၍ စီသောနည်းကိုလည်း အသုံးပြုနိုင်ပေါသည်။ သစ်ပင်အမြန်ပေါက်လွယ်သော (ပိတောက်ပင်၊တောဂွေးပင်) အစရှိသော မျောတုံးများကိုအသုံးပြုကာ သစ်သားခရစ်များလည်း ရိုက်နိုင်ပါသည်။ တောင်ပြိုထားသောနေရာများတွင် မိုးကာဖြင့်အုတ်သောနည်းဖြင့် ထပ်မံမပြိုကျအောင် ခေတ္တထိန်းသိမ်းထားနိုင်ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းမျိုးကို ယာယီမြေကာနံရံများဟု ခေါ်ဆိုလေ့ရှိပါသည်။
အမြဲတမ်းမြေကာနံရံများကိုမူ 6”x9” ကျောက်များ (1:3) Motor များဖြင့် တည်ဆောက်လေ့ရှိပါသည်။ ဤတို့တည်ဆောက်ရာတွင် One Side Cutting အပိုင်းများ၌ လမ်း၏အထက်ရှိ တောင်နံရံမှမြေသားများ ပြိုကျမလာစေရန်ကာရံခြင်းမျိုးလည်းရှိပါသည်။ လမ်း၏အောက်ဖက်မှလည်း လမ်းသားပြတ်ကျခြင်းကို ကာကွယ်ရန်တည်ဆောက်ခြင်းမျိုးလည်း ရှိပါသည်။ မည်သို့ပင်ဖြစ်စေ မြေကာနံရံများကိုတည်ဆောက်ပါက လမ်းဦးစီး/လမ်းဘဏ္ဍာမှာ အမြင့် (၁၅) ပေ ထက် ပိုခွင့်ပြုလေ့မရှိပါ။ မြေကာနံရံ၏ အောက်ခြေတွင်ရှိသော 1st Step အကျယ်သည် အမြင့်၏ 2/3 ခန့်ရှိရမည်ဟု အကြမ်းဖြင်းသတ်မှတ်လေ့ရှိပါသည်။
အလျား 1’-0” ၊ အနံ 1’-0” ၊ အမြင့် 1’-0” ရှိသော သံပုံးတစ်ပုံးအတွင်းသို့ ရေထည့်ပါက ( 62.4 ပေါင် ) အလေးချိန်ရှိမည်ဖြစ်ပါသည်။ ၄င်းသံပုံးအတွင်းသို့ မြေကြီးထည့်ပါက ( 62.4 x 2.65 ပေါင် ) လေးမည်ဖြစ်ပါသည်။ ၄င်းမြေကြီးအတွင်းသို့ ရေထည့်ပါက ပိုမို၍လေးမည်ဖြစ်ကြောင်း Facebook Friend တို့ သိရှိပြီးဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ ရေ၏ Specific Gravity မှာ ( 1.0 ) ဖြစ်၍ မြေကြီး၏ Specific Gravity မှာ ( 2.65 ) ဖြစ်ပါသည်။ ခြောက်သွေ့သောမြေထက် စိုစွတ်သောမြေမှာ ပိုလေးပါသည်။ သို့ပါ၍ ရေထည့်ထားသော အုတ်ကန်တစ်ကန်တွင် ရေ၏ဘေးတိုက်တွန်းအား (Lateral Force) ထက် မြေကြီးထည့်ထားသောအုတ်ကန်တွင် မြေကြီး၏ဘေးတိုက်တွန်းအား (Lateral Force) က ပိုများပေလိမ့်မည်။ မြေကြီးခြင်းတူလျှင် ရေစိုသောမြေကြီးကပို၍ တွန်းအားများပေလိမ့်မည်။
သို့ပါ၍ ရေစိုသော Saturated ဖြစ်နေသော မြေကြီးက ပို၍ တွန်းပေလိမ့်မည်။ ထိုအခြေအနေအား Weep Hole များကို ထည့်ပေးခြင်းဖြင့် ရေထုတ်ပစ်ပြီး မြေကြီး၏တွန်းအားကို အနည်းငယ် လျှော့ချနိုင်ပါသည်။ သို့ပါ၍ တည်ဆောက်ထားသော မြေကာနံရံ၏ Back Fill အတွင်းသို့ ဖြည့်တင်းသောမြေများသည် ရေကိုကြာရှည်စွာစုတ်ယူထားနိုင်ခြင်းမရှိသော မြေအမျိုးအစားများဖြစ်ရပါမည်။ ( ဥပမာ - သဲမြေ ၊ ကျောက်ရောမြေ ၊ ရွံ့မပါဝင်သောမြေများ )
ကိုရာဇာတို့ လမ်းအထူးအဖွဲ့ (၁၁) ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်က V Shape ပုံသဏ္ဍာန် ကျောက်လွှာချပ်ကြီးနှစ်ခု၏အထဲတွင်တည်ရှိသော လမ်းသားမြေကြီးသည် ကျောက်လွှာချပ်ကြီးနှင့်မညှိတွယ်ပဲ အောက်ဖက်သို့လျှောဆင်းလေ့ရှိကြောင်း မှတ်သားရဖူးပါသည်။ D.S.E ဦးသန်းတိုးအောင်မှ နေပြည်တော် - မြို့သစ် - ကံပြား - မကွေးလမ်း မိုင် ၂၁/၀-၂၃/၀ အတွင်း မြေကာနံရံများသည် High အလွန်မြင့်စွာတည်ဆောက်ရပါသည်။ သို့သော်လည်း တည်ငြိမ်မှုမရှိကြောင်း တင်ပြဆွေးနွေးသည်ကို မှတ်သားရဖူးပါသည်။ ထိုအခါ အင်ဂျင်နီယာချုပ် (လမ်း) ဦးခင်မောင်ကျော်မှ ပုပ္ပါးတောင်ကလပ်တွင် Mini Bore PiPe နှင့် Deep Foundation ဆောင်ရွက်လျှင်အောင်မြင်ကြောင်း ၊ ထိုကဲ့သို့ ဆောင်ရွက်ရန် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်သို့ ပုံစံတင်ပြတောင်းခံရန် မှာကြားကြောင်း လေ့လာဖူးပါသည်။ ပုပ္ပါးတောင်ကလပ်တွင် တံတားအထူးအဖွဲ့ (၄) ဒု-အင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်းထွဋ်မှ Mini Bore Pile များကို 0.8meter Ø အတွက် အနက် 100’ အထိ တူးနိုင်ကြောင်း 2 Meter Ø အတွက် အနက် 100 Meter အထိ တူးနိုင်ကြောင်း ရှင်းပြသည်ကို မှတ်သားရဖူးပါသည်။
သို့ပါ၍ Facebook Friend အများအနေဖြင့် အမြင့်ပေများပြားသော မြေကာနံရံများအတွက် (ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် (တောင်/မြောက်/အရှေ့) လမ်းများအတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်သို့ ပုံစံများတင်ပြတောင်းခံကြပါရန်နှင့် Open Foundation နည်းအစား Deep Foundation နည်းအား အသုံးပြုတည်ဆောက်ပါက ပိုမို၍ကြံ့ခိုင်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်ဗျာ။
Shwe Zin (20/8/2014)

Credit to > U Shwe Zin

မိန်းကလေးများရဲ့ ထက်မြတ်မှုများ

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေး တယ် ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရ တယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ
ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင် တတ်ကြသည်။

၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာ ကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့
လှည့်စား လို့ရတယ်။
၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့်ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။
၎) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာစိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ်ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို
နားထောင်ပေးမယ့်လူရှိဖို့ပါပဲ။
၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကိုစာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာမရှိအောင် စာတွေ
အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။
၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။
၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။
၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။
၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။
ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန် မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။
ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်းကြော်လှော်နေလို့ရတယ်။
၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။
၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ
ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။
Credit - Original Writer

Monday, August 18, 2014

ကျွန်တော်နှင့် ကလေးမြို့သို့ချီတက်ခြင်း

၁။ ကိုရာဇာ ၁၉၉၆ ခုနှစ် ခန့်က လက်ထောက်အင်ဂျင်နီယာဘ၀တွင် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ လမ်းအထူး (၁၁) ၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကိုရာဇာတို့သည် Hilux ငါးချိတ်ကားလေးဖြင့် မိတ္ထီလာမှ မန္တလေး ၊ မန္တလေးမှ မုံရွာ ခရီးစဉ်အတိုင်းချီတက်ခဲ့ပါသည်။ မုံရွာမှ မြောက်ဘက် (၅၆) မိုင်ဝေးသော ရေဦးမြို့သို့ ဆက်လက်ချီတက်ခဲ့ပါသည်။ ရေဦးမြို့မှ အနောက်ဘက်သို့ ဆက်လက်ချီတက်ရာတွင် တန့်ဆယ်မြို့ ၊ သစ်ဖြူတောင်စခန်း ၊ ပျဉ်းကိုင်းစခန်း ၊ မောက်ကတော်ချောင်း ၊ ယုဇလယ်အတက် စသည့်စခန်းများကိုကျော်ဖြတ်ပြီး ချင်းတွင်းမြစ်ကမ်း ကလေးဝမြို့၏အရှေ့ဘက် ကိုင်းစခန်းသို့ ရောက်ရှိခဲ့ပါသည်။ ကိုင်းစခန်းမှ အနောက်ဘက် ကလေးဝမြို့သို့ ချင်းတွင်းမြစ်အား ဇက်ဖြင့်ကူးခဲ့ပါသည်။ ယခုအခါတွင် ကလေးဝမြို့နှင့် မြစ်အရှေ့ဘက် ကိုင်းစခန်းတို့အား ချင်းတွင်းမြစ်ကူးတံတား စတင်၍ တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ကလေးဝမြို့သည် ချင်းတွင်းမြစ်ဘေးတွင်ရှိသော ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်ပါသည်။ ကျောက်မီးသွေးများထွက်ရှိပါသည်။ ကလေးဝမြို့မှ အနောက်ဘက် ကလေးမြို့သို့ (၂၄)မိုင် ကွာဝေးပါသည်။ ကလေးမြို့သည် ခရိုင်မြို့ကြီးဖြစ်ပါသည်။ ထိုစဉ်က ကလေးခရိုင်အတွင်း ကလေးမြို့ ၊ ကလေးဝမြို့ ၊ မော်လိုက်မြို့ ၊ မင်းကင်းမြို့ ၊ တမူးမြို့များပါဝင်ပါသည်။ ကလေးမြို့၏ မြောက်ဖက် (၈၂) မိုင်ခန့်တွင် တမူးမြို့ရှိပါသည်။ အန္ဒိယ-မြန်မာနယ်စပ် စခန်းမြို့လေးဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်တွင် နမ့်ဖာလုံဈေးတည်ရှိပြီး အန္ဒိယနိုင်ငံဘက်တွင် မိုရေးမြို့လေးရှိပါသည်။ ချင်းပြည်နယ်မြောက်ပိုင်း၏ ထွက်ပေါက်လည်းဖြစ်ပါသည်။ ကလေးမြို့မှ ကျွန်တော်တို့ရုံးစိုက်ရာ ဖလမ်းမြို့သို့ (၈၄)မိုင် ကွာဝေးပါသည်။ ကလေး-ဖလမ်း-ဟားခါးလမ်းမှာ (၁၂၄)မိုင် ရှည်လျားပါသည်။ ချင်းပြည်နယ်မြောက်ပိုင်း၏ မြို့နယ်များဖြစ်သော ဟားခါး ၊ ထန်တလန် ၊ ဖလမ်း ၊ တီးတိန် ၊ တွန်းဇံ ၊ ရိဒ် ၊ ကျည်ခါး စသောမြို့နယ်များမှ လုပ်သားပြည်သူများသည် ကလေးမြို့ကိုဖြတ်သန်း၍ မြန်မာပြည်အနှံ့အပြားသို့ သွားလာနိုင်ပါသည်။ ကလေးမြို့တွင် လေဆိပ်လည်းရှိပါသည်။ ကလေးလေဆိပ်မှ မန္တလေး ၊ ရန်ကုန်မြို့များသို့ မြန်မာ့လေကြောင်းဖြင့်သော်၎င်း ၊ ပုဂ္ဂလိက လေကြောင်းလိုင်းများဖြင့်သော်၎င်း သွားလာ၍ ရနိုင်ပါသည်။ ကလေးမြို့မှ တောင်ဘက် ဂန့်ဂေါမြို့သို့ မီးရထားလမ်းလည်း ရှိပါသည်။ သို့ပါ၍ ကလေးမြို့သည် လေကြောင်း ၊ ရေကြောင်း ၊ မီးရထားလမ်း နှင့် မော်တော်ကားလမ်းများရှိကြသော်လည်း အများပြည်သူတို့၏ အားထားရာမှာ မော်တော်ကားလမ်းများသာဖြစ်ကြောင်း သိရှိရပါသည်။
မုံရွာ-ရေဦး-ကလေးဝ-ကလေးလမ်းသည် ၅၆ မိုင် + ၁၀၅ မိုင် + ၂၄ မိုင် = ၁၈၅ မိုင် ကွာပေးပါသည်။ မိုးတွင်းအခါတွင် ရေဦး-ကလေးဝလမ်းမှာ လမ်းပန်းဆက်သွယ်ရေးဆိုးရွားပါသည်။ ထိုအခါ ကလေးမြို့မှ လုပ်သားပြည်သူများသည် ကလေးဝမြို့သို့ ကုန်းလမ်းခရီးဖြင့်ချီတက်ပြီး ကလေးဝမှ မုံရွာသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချီတက်လေ့ရှိပါသည်။ ကလေးဝမြို့နှင့် မုံရွာမြို့အတွင်း ချင်းတွင်းမြစ်ကြောင်းတွင် ရွှေစာရေး ၊ ၀က်သိုက် ၊ ပေတလူ စသော နာမည်ကြီး ၀ဲကြီးများရှိပါသည်။ အထက်မှာပေ အောက်မှာရွှေ အလယ်ဝက်သိုက် မျက်ဖြူဆိုက် စသော ဆိုရိုးစကားကိုပင် ကြားဖူးခဲ့ပါသည်။
၂။ ကိုရာဇာ အင်ဂျင်နီယာမှူးဘ၀ ( ၂၀၀၈) ခုနှစ်တွင် ခန္တီးခရိုင်၌ တာဝန်ကျပါသည်။ ထိုစဉ်က မုံရွာမြို့မှ ကလေးမြို့သို့ တာဝန်တစ်ခုဖြင့်သွားရောက်ရာ မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း ချီတက်ခဲ့ပါသည်။ ဤလမ်းသည် မုံရွာမြို့မှ အနောက်ဘက်သို့ ချင်းတွင်းမြစ်ကူးတံတား(အလုံ) ဖြင့် စတင်၍ ဖြတ်သန်းခဲ့ပါသည်။ ချင်းတွင်းမြစ်အနောက်ဘက်မှ ချီတက်ပြီး ကလေးဝမြို့မရောက်ခင်၌ မြစ်သာမြစ်ဖြတ်ကူးသည့် တံတားကြီးတစ်စင်းအား ဖြတ်သန်းခဲ့ရပါသေးသည်။ ဤတံတားကြီးအား ဆရာ MD U Kyaw Linn တို့ ငယ်စဉ်ဘ၀က တည်ဆောက်ခဲ့ကြောင်း မှတ်သားရဖူးပါသည်။ ကလေးဝမှ ကလေးမြို့သို့ ဆက်လက်ချီတက်ပါသည်။ သို့ပါ၍ မုံရွာ-ယာကြီး-ကလေးဝ-ကလေးလမ်းသည် ၁၁၅ မိုင် + ၂၄ မိုင် = ၁၃၉ မိုင် ကွာဝေးပါသည်။ ဤလမ်းသည် မုံရွာမြို့နှင့် ကလေးမြို့သို့ ဆက်သွယ်ရာတွင် အတိုဆုံးလမ်းပင်ဖြစ်ပါသည်။ ဤလမ်းကို မူလက စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ၍ ဖောက်လုပ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ထိန်းသိမ်းခဲ့ပါသည်။ နောင်လာမည့်နှစ်များတွင် အန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဤလမ်းအား အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၃။ မုံရွာမြို့မှ အနေက်ဖက်ကမ်းသို့ အလုံတံတားဖြင့်ကူး၍ ထိုမှတဆင့် မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းအတိုင်း ပုံတောင်/ပုံညာ တောင်တန်းကြီးကိုကျော်ဖြတ်ကာ ဂန့်ဂေါမြို့သို့ ချီတက်ရာလမ်းကြောင်းတစ်ခုရှိပါသေးသည်။ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးလမ်းမှာ ၁၁၂ မိုင် + ၉၁ မိုင် = ၂၀၃ မိုင် ကွာဝေးပါသည်။ မိုးတွင်းအခါတွင် မုံရွာ-ရေဦး-ကလေးဝ-ကလေးလမ်းမှာ လမ်းဆိုး၍၄င်း ၊ မုံရွာ-ယာကြီး-ကလေးဝလမ်းမှာ ယာဉ်ငယ်များသာ သွားလာနိုင်သဖြင့်၎င်း ကလေးမြို့မှ လုပ်သားပြည်သူများသည် မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးလမ်းအတိုင်း ချီတက်သွားလာကြပါသည်။ ပုံတောင်/ပုံညာ တောင်တန်းကြီးပေါ်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ၊ အထူးစီမံကိန်းကြီးအဖွဲ့ (၁) မှ ဦးဆောင်၍ လမ်းတာရိုးအကျယ် (၄၀)ပေ ရရန် တည်ဆောက်ခြင်း ၊ အရေးကြီးနေရာများတွင် ကွန်ကရစ်လမ်းခင်းပေးခြင်း ၊ ကတ္တရာလမ်းတိုးချဲ့ခြင်း ၊ လက်ရှိကတ္တရာလမ်းအား အဆင့်မြှင့်တင်ခြင်း ၊ တံတားများအား တိုးချဲ့ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း စီမံကိန်းကာလအတွင်း တောင်ချဲ့ရာတွင် ဖယ်ရှားသောမြေများကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများ အနည်းငယ်တွေ့ရှိရပါသည်။
၎။ ပခုက္ကူမြို့မှ အနောက်မြောက်ဖက်သို့ (၂၇) မိုင်ခန့်သွားလျှင် မြိုင်မြို့သို့ရောက်ရှိပါသည်။ မြိုင်မြို့မှ အနောက်ဖက်သို့ မြိုင် - ဗဟင်း - ခင်အေးလမ်းပေါ်တွင် မိုင် (၃/၆) မှ စတင်၍ ဂန့်ဂေါမြို့သို့ ချီတက်ရာလမ်းကြောင်းတစ်ခု တည်ဆောက်နေပြီဖြစ်ပါသည်။ ဤလမ်းပြီးစီးသွားပါက ပခုက္ကူ-မြိုင်-တောမ-ဂန့်ဂေါ မြို့သို့ ၂၇ မိုင် + ၃/၆ မိုင် + ၉၃/၅ မိုင် = ၁၂၄ /၃ မိုင် ကွာဝေးမည်ဖြစ်ပါသည်။ သို့ပါ၍ ပခုက္ကူမှ ဤလမ်းအတိုင်း ကလေးမြို့ထိဆိုလျှင် ၁၂၄/၃ မိုင် + ၉၁ မိုင် = ၂၁၅/၃ မိုင် ကွာဝေးမည်ဖြစ်ကြောင်း တင်ပြအပ်ပေသည်။ ပခုက္ကူမှ မြိုင်အထိ လမ်းအပိုင်းသည် မြတ်နိုးသူကုမ္ပဏီမှ BOT ယူ၍ ဆောင်ရွက်နေသောလမ်းဖြစ်ပါသည်။ လက်ရှိကတ္တရာလမ်း (၁၂)ပေ အကျယ်အား (၁၈)ပေ အကျယ် တိုးမြှင့်တည်ဆောက်လျက်ရှိပါသည်။ မြိုင် - တောမ - ဂန့်ဂေါလမ်းအား ၂၀၁၅ မတ်လတွင် (၄၀)ပေ အကျယ်လမ်းတာရိုးနှင့် (၁၆)ပေ အကျယ် အမာခံလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါသဖြင့် (၁၂)လ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ပါသည်။ သို့သော်လည်း ကြက်ရင်းချောင်း ၊ ကျောသာချောင်း ၊ သံသေချောင်း (၁) (၂) စသော ချောင်းကြီးလေးခုကိုတော့ ရာသီမရွေးသွားလာနိုင်အောင် တံတားကြီး (၄)စင်း တည်ဆောက်ပေးရပေဦးမည် ဖြစ်ပါသည်။
၅။ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ-ကလေးလမ်း တစ်ခုလည်း ရှိပါသေးသည်။ အဆိုပါ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ-ကလေးလမ်းသည် ၁၃၈/၃ မိုင် + ၉၁/၀ မိုင် = ၂၂၉/၃ မိုင် ကွာဝေးသည်ဟု သိရှိရပါသည်။ ထိုလမ်းမကြီးသည် ပခုက္ကူမြို့မှ အနောက်ဘက် ပေါက်မြို့သို့ချီတက်ရာတွင် နာမည်ကြော် ကျောချောင်း ၊ ယောချောင်းများကိုဖြတ်သန်း၍ ပေါက်မြို့သို့ ချီတက်ရပါသည်။ ပေါက်မြို့နှင့် ထီးလင်းမြို့ကြားတွင်လည်း ဆူးပုတ်ခုံချောင်း ၊ ပေါက်ချောင်း စသော သဲချောင်းကြီးများကိုလည်း ဖြတ်သန်းရပါသေးသည်။ ပေါက်မြို့နှင့် ထီးလင်းမြို့ကြားတွင် ပုံတောင်/ပုံညာတောင်တန်းနှစ်ခုကို ဖြတ်သန်းရပါသေးသည်။ တောင်တန်းနှစ်ခုကြား၏ ရွာမှာ ကျင်းဟူသော သစ်ထုတ်လုပ်ရေးစခန်းရွာကြီးဖြစ်ပါသည်။ အစိုးရအထက်တန်းကျောင်း ၊ တိုက်နယ်ဆေးရုံနှင့် ရဲစခန်းများရှိသော ကျေးရွာကြီးဖြစ်ပါသည်။
သို့ပါ၍ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ကလေးမြို့သို့ သွားရာ လမ်းမကြီး (၅) ခုအား Facebook Friend များအနေဖြင့် ဗဟုသုတရရှိနိုင်ပါစေရန်အလို့ငှာ တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်ဗျာ . . .။

Shwe Zin (17/8/2014)

Credit to > U Shwe Zin

ကျွန်တော်နှင့်SKEW BRIDGE

၁။ မိမိတို့ငယ်စဉ်က လမ်းနှင့်ချောင်းမှ ထောင့်မှန်ပြု၍ ဖြတ်သန်းရမည်။ ချောင်းနှင့်အပြိုင် ကမ်းကပ်ခုံ ( Abutment ) ကို တည်ဆောက်၍ Abutment သည် လမ်းအူကြောင်းနှင့် ထောင့်မှန်ခံတည်ဆောက်ရမည်ဟု သိရှိခဲ့ပါသည်။
၂။ မိမိတို့တည်ဆောက်သော လမ်းတာရိုးများသည် အခါအားလျော်စွာ ချောင်းများနှင့် ထောင့်မှန်အနေအထားရှိခဲ့ပြီး တင်ပြပါအယူအဆသည် မှန်ကန်ခဲ့ပါသည်။ တစ်ခါတစ်ရံ ချောင်းနှင့် လမ်းသည် ထောင့်မှန်ခံအနေအထားမရှိပဲ ထောင့်ကျဉ်းအနေအထားတွေ့ဆုံတတ်ပါသည် (အရပ်စကားနဲ့ပြောရမယ်ဆိုရင် ခပ်စွေစွေလေးပေါ့ဗျာ) ။ ထိုအခါ Abutment ကို လမ်းနှင့် ထောင့်မှန်ခံတည်ဆောက်ပါက Water Way (Opening) ကျဉ်းသွားတတ်ပါသည်။ Opening ကျဉ်းသွားလျှင် ထူးကဲချောင်းရေများသောအချိန်များ၌ တံတား၏ Span မလုံလောက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။ လမ်းတာရိုးပေါ်ရေကျော်မှုများ ဖြစ်ပွားတတ်ပါသည်။ လမ်းအူကြောင်းကို Abutment နှင့် ထောင့်မှန်ပြု၍၀င်ရန် လမ်းအူကြောင်းကို ပြောင်းလဲပါက မလိုအပ်သောလမ်းအူကြောင်းကွေ့ကောက်မှုများ ဖြစ်ပေါ်စေပါသည်။ ရေဦးတိုက်ရာဖက်မှ ကမ်းကပ်ခုံမှာလည်း ရေတိုက်စားခံရခြင်းများဖြစ်ပွားလေ့ရှိပါသည်။ Mini Bore Pile Foundation များ Spen Pipe Foundation များဆိုလျှင် ခံနိုင်ရည်ရှိသော်လည်း Open Foundation စနစ်များတွင် ရေတိုက်စားမှုကြောင့် ဆိုးကျိုးများကြုံတွေ့နိုင်ပါသည်။
၃။ ယခုတင်ပြသော Skew Bridge ၏ အယူအဆမှာ လမ်းနှင့်ချောင်း ခပ်စွေစွေလေးရှိနေလျှင် Abutment (ကမ်းကပ်ခုံ) ကို ချောင်းနှင့်အပြိုင်တည်ဆောက်မည်။ Long Girder များ ၊ လက်ရမ်းများကိုတော့ လမ်းအူကြောင်းနှင့်အပြိုင်တည်ဆောက်မည်။ Slab များသည် ထောင့်မှန်စတုဂံမဟုတ်ပဲ Rombarg မှန်ကူကွက်ပုံစံ တည်ဆောက်မည်။ တည်ဆောက်ရာတွင်/တွက်ချက်ရာတွင် ခက်ခဲမှုအနည်းငယ်ရှိမည်။ တည်ဆောက်ရာတွင် ကနဦးကုန်ကျစရိတ် (Start-Up Cost) များပြားမည်။ Innitial Cost များပြားမည်။ သို့သော်လည်း ရေရှည်သဖြင့် တာယာပွန်းစားမှုသက်သာမည် ၊ လောင်စာဆီသုံးစွဲမှုသက်သာမည် ၊ စက်ယာဉ်ယန္တရားပြင်ဆင်ခသက်သာမည်။
၎။ သို့သော် အကျိုးကျေးဇူးအားဖြင့် ရေသွားလမ်း Water Way ဖြောင့်တန်းမည်။ Driving Quality ကောင်းမည်။ Abutment များ ရေစားခံရမှုကို ကာကွယ်နိုင်မည်။ လမ်း Aligment ကောင်းမည် . . . စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်ဗျာ။
၅။ Abutment နှင့် လမ်းအူကြောင်း Aligment မှာ ထောင့်မှန်ခံစရာမလိုပဲ ပကတိတည်ရှိနေသည့်အတိုင်း တွေ့ဆုံရန်သာဖြစ်ပါသည်။ ထိုအခါ လမ်းအူကြောင်း Aligment မှာ တဖြောင့်တည်းတည်ရှိပြီး Driving Quality ကောင်းမွန်မည်ဖြစ်ပါသည်။
မိမိတို့ Site အင်ဂျင်နီယာများအနေဖြင့် မိမိတို့လမ်းပေါ်၌တည်ဆောက်မည့် တံတားသည် ပုံမှန်အခြေအနေလား ? ဒါမှမဟုတ် SKEW TYPE တည်ဆောက်ရမှာလားဆိုတာ ခွဲခြားသုံးသပ်နိုင်ဖို့နဲ့ ထိုကဲ့သို့ ကြုံဆုံလာရလျှင် ရွေးချယ်နိုင်စေဖို့ Facebook Friend တို့အား မျှဝေလိုက်ရပါတယ်ဗျာ။
Shwe ZIn (19/8/2014)
 
Credit to> U Shwe Zin