Wednesday, August 20, 2014

ကျွန်တော်နှင့် Recorded MB

ကိုရာဇာတို့ ငယ်စဉ် S.A.E ဘ၀က Recorded MB များကို သုံးစွဲခဲ့ရဖူးပါသည်။ Recorded MB ဆိုသည်မှာ မိမိတို့သုံးစွဲနေကျ Paid MB ကဲ့သို့ အတူတူပင်ဖြစ်ပါသည်။ S.A.E များ A.E များသည် မိမိတို့ သုံးစွဲလိုသော လမ်း/တံတားလုပ်ငန်းများကို ကျောထောက်နောက်ခံပြု၍ မိမိတို့၏ အင်ဂျင်နီယာမှူးများ ၊ ဒု-အင်ဂျင်နီယာမှူးကြီးများထံတွင် Recorded MB အသုံးပြုရန်အတွက် MB များကို လျှောက်ထားထုတ်ယူနိုင်ကြပါသည်။ ( ဥပမာ - Open Tender စနစ်ဖြင့် လက်ခံရရှိသော ကျောက်များကို စာရင်းရေးသွင်းခြင်းပင်ဖြစ်ပါသည်။ အရေအတွက်ကိုသာ (Quantity Only) Recorded လုပ်ထားပြီး လက်ခံခြင်း ၊ ပြန်တမ်းရေးဆွဲခြင်း Received Item ၌ အသုံးပြုခြင်း စသည်တို့တွင်အသုံးပြုပါသည်။ အရေအတွက်ကို တန်ဘိုးနှင့် မြှောက်၍မဖော်ပြပါ။ Paid MB တွင် ပါနေကျ Item များဖြစ်သော - (၁) Allocation ( Name of Work ) ၊ (၂) Agency ( Open Tender အောင်မြင်သူ ) ၊ (၃) Measure by Me ( S.A.E or A.E ) ၊ (၄) Date of Measure စသည်တို့ ပါဝင်ရပါမည်။ အောက်တွင် ဇယားဆွဲကာ (၁) စဉ် ၊ (၂) အမျိုးအစား ၊ (၃) ယာဉ်အမှတ် ၊ (၄) ကျင်း ၊ (၅) ပစ္စည်းချသောမိုင် စသည်ဖြင့် ပါရပါမည်။ ကျောက်များကို လမ်းဘေးတွင်စုဆောင်းပြီးမှ အလျား ၊ အနံ ၊ အမြင့် တိုင်းတာ၍ ကျင်းထိုးလက်ခံပြီးမှလည်း စာရင်းသွင်းနိုင်ပါသည်။ ဇယားအဆုံး၌ Furlong by Furlong ဘယ်နေ့တွင် ဘယ်နှစ်ကျင်းလက်ခံသည်ဟု ပါရပါမည်။
ချက်ခြင်း (သို့မဟုတ်) လကုန် (သို့မဟုတ်) နောက်လရောက်မှ ငွေပေးချေလျှင်ရပါသည်။ Vide Recorded MB No./Page No. ဟု ညွှန်းဆိုရပါမည်။ ပစ္စည်းအရေအတွက်ကို သက်ဆိုင်ရာနှုန်းဖြင့် မြှောက်ပြီး Paid MB နှင့် ပေးချေရပါမည်။ ( သက်ဆိုင်ရာ Form-24, Form-28 များပူးတွဲလျက် )
အင်ဂျင်နီယာများ၏ ပြန်တမ်းများတွင် Receive (Quantity) မရှိလျှင် Issue (Quantity) မရှိရပါ။ သို့ပါ၍ တစ်ဖာလုံအတွက် ၊ တစ်မိုင်အတွက် လုပ်အားခထုတ်မည်ဆိုပါလျှင် ယင်းတစ်ဖာလုံအတွက် ၊ တစ်မိုင်အတွက် လိုအပ်သောပစ္စည်းများအားလုံး စုဆောင်းပြီးဖြစ်ရပါမည်။
Recorded MB တွင် Received လုပ်ထားသော အရေအတွက်များသည် Estimate ပါ Amount (Quantity) ထက် မကျော်ရပါ။ Open Tender ပစ်ထားသော အရေအတွက်ထက်လည်း မကျော်ရပါ။ စနစ်သစ်ငွေပေးသောလုပ်ငန်းစဉ်၌ SEE ( State Economic Enterprise ) နှင့် OA ( Other Account ) ဟု ခွဲခြား၍ မိမိတို့ဘဏ်စာရင်းများသို့ ထည့်ထားလေ့ရှိပါသည်။ OA ( Other Account ) မှာ ပစ္စည်းဖိုးများဖြစ်ပါသည်။ ယင်း OA တွင် ရုံးချုပ်မှထုတ်ယူထားသောပစ္စည်းဘိုးများ ၊ တိုင်းဒေသကြီးမှထုတ်ယူထားသောပစ္စည်းဘိုးများ ဦးစွာပေးချေရပါသည်။ E.E ရုံး/D.S.E ရုံးများတွင် OA လက်ကျန်ငွေနည်းနေပြီး ပစ္စည်းဘိုးပေးရန် ခက်ခဲနေတတ်ပါသည်။
SEE (State Economic Enterprise) တွင် လုပ်အားခများ ၊ အထောက်အကူပစ္စည်းများ ၊ အခြားစရိတ်များ ၊ စက်ယာဉ်/ယန္တရားပြင်ဆင်ခြင်းများ ပါဝင်ပါသည်။ သို့ပါ၍ Recorded MB ဖြင့် ပစ္စည်းများစုဆောင်းပြီး Paid MB ဖြင့် ငွေမချေရသေးသည့်တိုင် SEE ဖြင့် လုပ်အားခများ အချိုးကျထုတ်ယူ၍ သက်ဆိုင်ရာပြန်တမ်းများ ( Material Site Account ) များ Road Metal Return များ ရေးဆွဲနိုင်ကြမည်ဖြစ်ကြောင်း Facebook Friend များအား မျှဝေလိုက်ရပါသည်။ မိမိတို့ EE စတို ၊ DSE စတိုများမှထုတ်ယူသော ကတ္တရာ ၊ သံချောင်း ၊ ဘိလပ်မြေ ၊ ဒီဇယ်ဆီ အစရှိသော ပစ္စည်းများရရှိမှု စာရင်းများကိုလည်း နေ့စဉ်အလိုက် ကုန်ပို့လွှာများကို မှတ်တမ်းပြုလျက် ရေးသွင်းနိုင်ပါသည်။ လကုန်လျှင် B9G ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ သက်ဆိုင်ရာပြန်တမ်းများတွင် ရရှိမှုကော်လံများ၌ ရေးသွားရပါမည်။
သို့ပါ၍ Facebook Friend တို့အနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ကြမည့် လမ်း/တံတားလုပ်ငန်းများ၏ ပစ္စည်းလိုအပ်ချက်များ ၊ Up to Date ရရှိမှုများ ထပ်မံလိုအပ်ချက်များကို Recorded MB ကိုင်ဆောင်ထားရုံဖြင့် အချိန်နှင့်တပြေးညီ သိရှိနိုင်ကြမည်ဖြစ်ပေသည်။ မိမိတို့လိုအပ်ချက်ထက် ပိုမိုစုဆောင်းမိသော (ထုတ်ယူမိသော) အမှားများကိုလည်း ရှောင်ကြဉ်နိုင်ကြမည်ဖြစ်၍ Recorded MB ကိုင်ဆောင်ထားခြင်း၏ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်ဗျာ။ Facebook Friend တို့အနေဖြင့်လည်း တစ်နေရာမှာ တစ်နေရာကို ပြောင်းရွှေ့တော့မယ်ဆိုရင်ဖြင့် မိမိတို့ထုတ်ယူထားသော Recorded MB နှင့် Paid MB များကို အရေအတွက်ပြည့်ဝစွာ ပြန်လည် အပ်နှံရမယ်ဗျို့။ မအပ်နိုင်ရင်တော့ ပြဿနာရှိတယ်နော်။
Shwe Zin (21/8/2014)


Credit to > U Shwe Zin

No comments:

Post a Comment