Monday, August 18, 2014

ကျွန်တော်နှင့်SKEW BRIDGE


၁။ မိမိတို့ငယ်စဉ်က လမ်းနှင့်ချောင်းမှ ထောင့်မှန်ပြု၍ ဖြတ်သန်းရမည်။ ချောင်းနှင့်အပြိုင် ကမ်းကပ်ခုံ ( Abutment ) ကို တည်ဆောက်၍ Abutment သည် လမ်းအူကြောင်းနှင့် ထောင့်မှန်ခံတည်ဆောက်ရမည်ဟု သိရှိခဲ့ပါသည်။
၂။ မိမိတို့တည်ဆောက်သော လမ်းတာရိုးများသည် အခါအားလျော်စွာ ချောင်းများနှင့် ထောင့်မှန်အနေအထားရှိခဲ့ပြီး တင်ပြပါအယူအဆသည် မှန်ကန်ခဲ့ပါသည်။ တစ်ခါတစ်ရံ ချောင်းနှင့် လမ်းသည် ထောင့်မှန်ခံအနေအထားမရှိပဲ ထောင့်ကျဉ်းအနေအထားတွေ့ဆုံတတ်ပါသည် (အရပ်စကားနဲ့ပြောရမယ်ဆိုရင် ခပ်စွေစွေလေးပေါ့ဗျာ) ။ ထိုအခါ Abutment ကို လမ်းနှင့် ထောင့်မှန်ခံတည်ဆောက်ပါက Water Way (Opening) ကျဉ်းသွားတတ်ပါသည်။ Opening ကျဉ်းသွားလျှင် ထူးကဲချောင်းရေများသောအချိန်များ၌ တံတား၏ Span မလုံလောက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။ လမ်းတာရိုးပေါ်ရေကျော်မှုများ ဖြစ်ပွားတတ်ပါသည်။ လမ်းအူကြောင်းကို Abutment နှင့် ထောင့်မှန်ပြု၍၀င်ရန် လမ်းအူကြောင်းကို ပြောင်းလဲပါက မလိုအပ်သောလမ်းအူကြောင်းကွေ့ကောက်မှုများ ဖြစ်ပေါ်စေပါသည်။ ရေဦးတိုက်ရာဖက်မှ ကမ်းကပ်ခုံမှာလည်း ရေတိုက်စားခံရခြင်းများဖြစ်ပွားလေ့ရှိပါသည်။ Mini Bore Pile Foundation များ Spen Pipe Foundation များဆိုလျှင် ခံနိုင်ရည်ရှိသော်လည်း Open Foundation စနစ်များတွင် ရေတိုက်စားမှုကြောင့် ဆိုးကျိုးများကြုံတွေ့နိုင်ပါသည်။
၃။ ယခုတင်ပြသော Skew Bridge ၏ အယူအဆမှာ လမ်းနှင့်ချောင်း ခပ်စွေစွေလေးရှိနေလျှင် Abutment (ကမ်းကပ်ခုံ) ကို ချောင်းနှင့်အပြိုင်တည်ဆောက်မည်။ Long Girder များ ၊ လက်ရမ်းများကိုတော့ လမ်းအူကြောင်းနှင့်အပြိုင်တည်ဆောက်မည်။ Slab များသည် ထောင့်မှန်စတုဂံမဟုတ်ပဲ Rombarg မှန်ကူကွက်ပုံစံ တည်ဆောက်မည်။ တည်ဆောက်ရာတွင်/တွက်ချက်ရာတွင် ခက်ခဲမှုအနည်းငယ်ရှိမည်။ တည်ဆောက်ရာတွင် ကနဦးကုန်ကျစရိတ် (Start-Up Cost) များပြားမည်။ Innitial Cost များပြားမည်။ သို့သော်လည်း ရေရှည်သဖြင့် တာယာပွန်းစားမှုသက်သာမည် ၊ လောင်စာဆီသုံးစွဲမှုသက်သာမည် ၊ စက်ယာဉ်ယန္တရားပြင်ဆင်ခသက်သာမည်။
၎။ သို့သော် အကျိုးကျေးဇူးအားဖြင့် ရေသွားလမ်း Water Way ဖြောင့်တန်းမည်။ Driving Quality ကောင်းမည်။ Abutment များ ရေစားခံရမှုကို ကာကွယ်နိုင်မည်။ လမ်း Aligment ကောင်းမည် . . . စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်ဗျာ။
၅။ Abutment နှင့် လမ်းအူကြောင်း Aligment မှာ ထောင့်မှန်ခံစရာမလိုပဲ ပကတိတည်ရှိနေသည့်အတိုင်း တွေ့ဆုံရန်သာဖြစ်ပါသည်။ ထိုအခါ လမ်းအူကြောင်း Aligment မှာ တဖြောင့်တည်းတည်ရှိပြီး Driving Quality ကောင်းမွန်မည်ဖြစ်ပါသည်။
မိမိတို့ Site အင်ဂျင်နီယာများအနေဖြင့် မိမိတို့လမ်းပေါ်၌တည်ဆောက်မည့် တံတားသည် ပုံမှန်အခြေအနေလား ? ဒါမှမဟုတ် SKEW TYPE တည်ဆောက်ရမှာလားဆိုတာ ခွဲခြားသုံးသပ်နိုင်ဖို့နဲ့ ထိုကဲ့သို့ ကြုံဆုံလာရလျှင် ရွေးချယ်နိုင်စေဖို့ Facebook Friend တို့အား မျှဝေလိုက်ရပါတယ်ဗျာ။
Shwe ZIn (19/8/2014)
 
Credit to> U Shwe Zin

No comments:

Post a Comment