ကိုယ်တိုင်ရေးပုံတူ။
၃၀-၇-၂၀၁၄
နံနက် ၀၀း၅၈ နာရီအချိန်။
ဒီကနေ့ နံနက်ပိုင်းက မြန်မာ့အသံဝင်းအတွင်းမှာရှိကြတဲ
"အင်း.. မိုးခြိမ်းသံကြားရတယ်ဆိုတော့ ဒါဟာ မိုးတိမ်တောင်ဘဲ။ ဒါဆို မနက်ဖန်ဆိုရင် နေပွင့် ဦးတော့မှာပါလား။ ဒီမိုးတိမ်တောင်ဟာ မြန်မာ့အသံဝင်း နဲ့ (၄)မိုင်အတွင်းမှာ ရှိနေတာပါလား။ မိုးလယ်ကာလကြီးမှာတောင် မိုးခြိမ်းနေပါ့လား။ ဒါဟာ...မုတ်သုံလေတွေ အားနည်းလာတဲ့ လက္ခဏာဘဲ။ မုတ်သုံရာသီတွေ ပုံမမှန်ဖေါက်ပြန်နေခြင်းရဲ့ သဘောတွေပါလား။ မိုးတိမ်တောင် ရှိနေရင်တော့ မိုးကြိုးပစ် တာတွေ၊ လေပြင်းတိုက်တာတွေ၊ လေဆင်နှာမောင်းတိုက်တဲ့ သတင်းတွေ ကြားရဦးတော့မယ်" လို့တွေးလိုက်မိပါတယ်။ ဒါကိုလည်း ဘေးကအိတ်ဆွဲပြီး ကားကိုပြန်လိုက်ပို့နေတဲ့ သမီးငယ် Producer လေးကို ပြောလိုက်မိသေးတယ်။
နောက် မကြာခင်မှာဘဲ လှိုင်သာယာ၊ ရွှေပြည်သာဖက်မှာ လေဆင်နှာမောင်းတိုက်သွားတယ် ဆိုတဲ့ သတင်းတွေကြားရ ပါတော့ပါတယ်။
ညနေပိုင်းကြတော့ ရွှေပြည်သာမှာနေပြီး မြောက်ဥက္ကလာပမှာ ကျူသျှင်ပြနေကြတဲ့ ရူပဗေဒ နဲ့ ပထ၀ီသင်နေတဲ့ ဆရာ(၂)ဦးရောက်လာကြပြီး မိုးကြိုးပစ်တာကို ကာကွယ်ဖို့အတွက် လယ်ကွင်းတွေမှာ မိုးကြိုးလွှဲတွေ တပ်ဆင်ရေးလာရောက်ဆွေးနွေးကြပါတေ
အခုဒီစာရေးနေတဲ့ အချိန် (၃၀-၇-၂၀၁၄)ရက် နံနက် (၀၀း၅၆)အချိန် အပြင်မှာ မိုြး့ခိမ်းသံတွေ ဆက်တိုက် ကြားနေရပြန်ပါပြီ။
ဒါဟာ ကျွန်တော့ Diary ဆိုပေမယ့် တကယ်တော့ Weather Diary ဘဲ မဟုတ်ပါလားဗျာ။
ေေေေ မောင်ထွန်းလွင်(မိုးလေ၀သ)
Credit to> Dr. Tun Lwin
No comments:
Post a Comment