Road Chart ကိုတော့ တွေ့ဖူးကြမှာပါ။ Road Chart တစ်ခုမှာ ဘာတွေပါရမှာလဲဆိုတော့ မိမိတို့ဆောင်ရွက်တဲ့လမ်းရဲ့အစအဆုံးပါရပါမယ်။
- ပထမအလွှာမှာ လမ်းအမျိုးအစား ( ၃၁ - ၃ - ၂၀၁__ ) အခြေအနေပါရပါမယ်။
- ဒုတိယယအလွှာမှာ လမ်းအခြေအနေ ( ကောင်း / သင့် / ညံ့ ) ပါရပါမယ်။
- တတိယအလွှာမှာ မိမိတို့ဆောင်ရွက်မည့်လုပ်ငန်း၏ လျာထားချက် ပါရပါမယ်။
- စတုတ္ထအလွှာမှာ မိမိတို့ဆောင်ရွက်သောလုပ်ငန်း၏ ပြီးစီးမှု တို့ပဲဖြစ်ပါတယ်။
ကျွန်တော်တင်ပြချင်တာကတော့ ပထမလိုင်းမှာ ကတ္တရာလမ်း မိုင်ဘယ်လောက်လဲ ၊
ကျောက်လမ်း မိုင်ဘယ်လောက်လဲ ၊ အမာခံလမ်း မိုင်ဘယ်လောက်လဲ ၊ မြေလမ်းက
မိုင်ဘယ်လောက်လဲဆိုတာကို ဖော်ပြပေးရမှာပါ။
- ပြီးရင် လမ်းပေါ်မှာရှိတဲ့ တံတားကြီးတွေကို ဖော်ပြရပါမယ်။
- ဖြတ်သန်းသွားတဲ့ မြို့နယ်ချင်း နယ်စပ် ၊ ခရိုင်ချင်း နယ်စပ်များကိုလဲ ဖော်ပြပေးရပါမယ်။
- လမ်းတစ်လျှောက်ဖြတ်သန်းသွားတဲ့ ယာဉ်ကျေးမှုအဆောက်အဦများ ၊ အထိမ်းအမှတ်နေရာများကိုလည်း ဖော်ပြရပါမယ်။
- ဖြတ်သန်းသွားမဲ့လမ်းရဲ့ လမ်းဆုံ ၊ လမ်းခွများကိုလည်း ဖော်ပြရပါမယ်။
- မိမိတို့နဲ့ပတ်သတ်တဲ့ ကျောက်ကွင်း ( Quarry ) များကို ဖော်ပြပေးရပါမယ်။
- တချို့ဆောက်လုပ်ရေးအဖွဲ့တွေဟာ Roard Chart လိုင်း ၄ လိုင်းရဲ့အပေါ်မှာ မြေပုံကြမ်းလေးတွေကိုလည်း ဖော်ပြလေ့ရှိကြပါတယ်။
- လမ်းအမျိုးအစားနဲ့ ကောင်း/သင့်/ညံ့ရဲ့ သတ်မှတ်ချက်တွေကတော့ ရုံးချုပ်ရဲ့ ပုံစံအတိုင်းဖြစ်ကြောင်းပါဗျ။
ယခုအချိန်ထိတင်ပြခဲ့တာတွေက Generally ပေါ့ဗျာ။
Particularly သီးခြားဖြစ်တည်နေတဲ့ကိစ္စလေးကို အခုတင်ပြတော့မှာဗျ။
ကျွန်တော်ချင်းပြည်နယ် ၊ လမ်းအထူး (၁၁) မှာ တာဝန်ကျစဉ်ကပေါ့။
အင်ဂျင်နီယာမှူးကြီးက ဦးလေးမောင်ဗျ။ သူက သင်ပြပါတယ်။ တပည့်
ကတ္တရာလမ်းပျက်ရင် ကတ္တရာလမ်းအဆင့် ကောင်းတဲ့အထိ ပြင်ဆင်ရမယ်။ အပေါက်သေးရင်
ယိုနဲ့ဖာ ( Premixed ) ၊ အပေါက်ကြီးရင် လောင်းဖာ ( Heavy Patching )
ပိုကြီးရင် Levelling & Seal ပေါ့။ ကတ္တရာလမ်းပျက်လို့
ခွဲကျောက်လမ်းခင်းထားတာ လက်မခံပါဘူး။
ခွဲကျောက်လမ်းအဆင့်ထိခင်းထားပြီဆိုရင်လည်း အဲ့ဒီအလွှာပေါ်မှာ
ထပ်ပိုးလွှာခင်းပြီး ကတ္တရာလမ်းမအဆင့်ထိ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။
ရံပုံငွေ ရရှိရေး ၊ လုပ်ငန်းဆောင်ရွက်ရေးတို့ဟာ သက်ဆိုင်ရာ
တာဝန်ခံအင်ဂျင်နီယာရဲ့တာဝန်ပဲဖြစ်ပါတယ်ဗျာ။ ပထမနှစ်မှာ ကတ္တရာ (၁၀)မိုင်ကနေ
ဒုတိယနှစ်ကျတော့ (၉) မိုင်ဖြစ်သွားတာကို လက်မခံပါဘူး။ ( ကောင်း/သင့် / ညံ့ )
မှာ အကောင်းနည်းပြီး ညံ့များတာကို လက်ခံပါတယ်။ ကတ္တရာလမ်းကတော့
ကတ္တရာလမ်းပဲ။ ကတ္တရာလမ်း မိုင်လျှော့သွားတာကိုတော့ လက်မခံပါဘူး။
မြေပြင်မှာလည်း တာဝန်ခံအင်ဂျင်နီယတွေက အဆင့်လျှော့ကျမသွားအောင်
ထိန်းသိမ်းရမဲ့တာဝန်ရှိတာပေါ့ဗျာ။
ဆိုလိုတာက Road Chart မှာရှိနေတဲ့
ကတ္တရာလမ်းကို အဆင့်လျှော့ကျမသွားစေဖို့ ၊ မြေပြင်မှာလည်း
ကတ္တရာလမ်းကိုအဆင့်လျှော့ကျမသွားစေဖို့ Road Chart မှာရှိတဲ့
လမ်းအဆင့်အလိုက် စံချိန်စံညွှန်းမီစေဖို့အတွက်
ရံပုံငွေတင်ပြတောင်းခံဖို့နှင့် မြေပြင်မှာဆောင်ရွက်ဖို့
ကျွန်တော်တို့တာဝန်ခံအင်ဂျင်နီယာများမှာသာ တာဝန်ကိုယ်စီရှိကြောင်းကို
Facebook Friedn တို့ကို မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (4/8/2014) 10:15 AM
Credit to> U Shwe Zin
No comments:
Post a Comment