Friday, August 15, 2014

ကျနော်တို့လိုအပ်ချက်များ

မနေ့က Site တစ်ခုတွင် Test Pile စတင်ရိုက်ရမည်ဖြစ်သည်။သို့သော် Location ကိုသေချာစွာ မရ
ကြသေး။နေရာရွေးသည့်အလုပ်ကို ဘာအမိုးအကာမျှမရှိသော Site ထဲရောက်ကာမှ ပြုလုပ်ကြလေသည်။သို့
သော် မည်သူမျှ ထိုနေရာတွင် ပြတ်သားစွာ မဆုံးဖြတ်နိုင်ကြ။ဤအလုပ်များသည် Meeting room အတွင်းပြီး
စီးခဲ့ပြီးသားဖြစ်နေရမည်ဟု သဘောပေါက်ထားပါသည်။တစ်နံနက်ခင်းကုန်လွန်ခဲ့သော်လည်း ဘာတစ်ခုမျှ လုပ်
ရခြင်းမရှိပဲပြန်လာခဲ့ရသည်။Test Pile ရိုက်နိုင်ရန် Location ပေးပြီးလျှင်လည်း Drawing ပေါ်မှ Grid line များ
ကို မြေပြင်တွင် ချကြည့်ရမည်။မြေပြင်ပေါ်တွင်အမှန်တကယ် ရရှိလာမည့် အခြေအနေကို ကြိုတင်တွက်ဆထား
နိုင်ရန် လိုအပ်သည်။ထိုအခြေနေကိုလည်း Main contract သို့ အသိပေးသည့် report တစ်ခုလိုအပ်သည်။သို့ပါ
သော်လည်း Site အတွင်းရှိ BMနှစ်ခုနှင့် Grid lineများမည်သို့ Link လုပ်ထားသည်ကို ဖေါ်ပြထားခြင်းကမရှိ။မ
ကြာခင်ရောက်လာသည့် Bole pilling အင်ဂျင်နီယာမှ ထိုLink ကိုပေးသည်။ယခင်အဆောက်အဦးအဟောင်းမှ
Footing များပေါ်တွင် Grid line များကိုတင်ထားသည်ဟု ဆိုသည်။ထိုအချက်သည် မည်မျှအထိ ခိုင်လုံပါမည်
နည်း။Bole pile စက်ကြီးများ၊Crain များ ၀င်ထွက်ထားသော ကြောင့် footing အဟောင်းများသည် Stable အ
ရ မှန်ကန်ပါမည်လား။
တကယ်တန်းတော့ ပြည့်စုံသော Drawing တစ်ခုဖြစ်နေရန်လိုအပ်သည်။Drawing ကိုကြည့်၍ sitework လုပ်မည့်သူ မည်သည့်အင်ဂျင်နီယာဖြစ်စေ၊မည်သည့်နိုင်ငံသားဖြစ်စေ၊ပြန်မေးစရာမလိုသော ပုံတစ်
ပုံတော့ ဖြစ်သင့်သည်။နေပြည်တော်ရှိ Sea game ကစားကွင်းများကို လုပ်ရဖူးသည်။တရုပ်အင်ဂျင်နီယာတို့၏
Drawing များက ပြန်မေးစရာပင်မလို။Hledan centre ကို SPA မှ Design လုပ်ထားသည်။Presurvey မှပေး
လိုက်သည့် မြေပုံပေါ်တွင် layout လုပ်သည်။grid line အားလုံး၏ coordinates များကိုထည့်သွင်းဖေါ်ပြပေး
ထားသည်။ထိုအလုပ်နှစ်ခုလုံးတွင် တူညီကြသည်မှာ Grid line နှင့်လွတ်နေသော pile များ၏ location ကို သီး
ခြားဖေါ်ပြထားသည်။ကျနော်တို့လုပ်နေကြရသော local များအနေဖြင့်လည်း စံမှီသော လုပ်ဆောင်မှုများလို
နေပါပြီ။
ကျနော်တို့သည် တစ်ခါတစ်ရံ မလိုအပ်ပါပဲ အလုပ်ပိုများဖြင့် အချိန်ကုန်နေရသည်မှာ ထိုပြည့်စုံမှုမရှိ
သော မြန်မာ့နည်းဟန်များကြောင့်ဟု တွက်၍ရပါသည်။လွန်ခဲ့သော ၂၀၀၂ခုနှစ်က ဘောလုံးအဖွဲ့ချုပ်ရုံးကို စ
တင်၍ ပန္နက်ချသည်။ပန္နက်မချမီတွင် layout ချရသည့်အခါ အခက်အခဲများစွာ တွေ့ကြုံရသည်။စနစ်တကျ
တိုင်းတာ၍ ဆွဲထားခြင်းမဟုတ်သော layout plan က သိသာစွာ refrence တစ်ခုမျှအလုပ်မဖြစ်ခဲ့။မိုးလုံလေ
လုံကွင်းနှင့် အတူယှဉ်ကာ ဝေဇယ္တာလမ်းကိုမျက်နှာမူထားသည်။လမ်းမှအကွာအဝေးကိုသာ ပြထားသည်။ထို့
ကြောင့် အဆောက်အဦး၏ ဗဟိုနှင့် လမ်းအကွာကိုသာယူခဲ့ရသည်။အဆောက်အဦးက လမ်းနှင့်အပြိုင်လည်းမ
ရ။လမ်းကထိုနေရာတွင် မသိမသာကွေ့နေသည်။သို့သော် layout plan က အဖြောင့်ပြထားသည်။သာမန်ဆို
လျှင် လမ်းမှအကွာအတိုင်း ပေကြိုးဆွဲ၍ လမ်းနှင့်အပြိုင်ချပေးခဲ့လျှင်လည်းရနေသည်။ထိုသို့ဆိုလျှင် ကောင်း
ကင်မှကြည့်ပါက မိုးလုံလေလုံအားကစားရုံနှင့် ကန့်လန့်ဖြစ်နေပါလိမ့်မည်။
ကျနော်တို့သည်အချို့သောကိစ္စများတွင် ထိုသို့မိမိစိတ်တိုင်းကျ ဆုံးဖြတ်လုပ်ကိုင်၍ အဆင်ပြေသော်
အချို့သောကိစ္စများက ထိုသို့လုပ်မိလျှင်ပြသနာရှိပါသည်။ထို့ကြောင့်ပြည့်စုံမှန်ကန်မှုရှိသော Drawingများက
လိုအပ်နေသော အချက်တစ်ခုအဖြစ်မြင်ကြစေလိုပါသည်။


Credit to > Mee Kyi

No comments:

Post a Comment