Tuesday, August 12, 2014

ပြင်ဆင်ထိန်းသိမ်းခြင်း/တိုးတက်ပြုပြင်ခြင်း

ကျွန်တော်နှင့် Road Chart ၏ Status တွင် မူလလမ်းအမျိုးအစားအရည်အသွေးမနိမ့်ပါးစေရေးအတွက် သက်ဆိုင်ရာတာဝန်ခံအင်ဂျင်နီယာတွင်တာဝန်ရှိသည် ၊ ရံပုံငွေတောင်းခံရမည် ၊ လုပ်ငန်းဆောင်ရွက်ရမည်ဟု တင်ပြခဲ့ပါသည်။ ရံပုံငွေတောင်းခံရာတွင်လည်း ရံပုံငွေကို မည်သည့်အမျိုးအစားမှ တောင်းခံရမည်ဆိုတာကို ယခု ဆွေးနွေးတင်ပြပါ့မယ်ဗျာ။
ကတ္တရာလမ်းပျက်ကို အပေါက်ဖါခြင်း ( Patching ) ၊ အပေါက်ကြီးများဖာခြင်း ( Heavy Patching ) ၊ လှိုင်းများ ( Depressiong ) များပြုပြင်ခြင်း ၊ Levelling များကို အထူးပြင်ဆင်ထိန်းသိမ်းခြင်းရံပုံငွေမှာ တင်ပြတောင်းခံရပါမည်။ ကျောက်လမ်းများ ပွင့်ထွက်နေခြင်း ၊ Topping နည်းနေခြင်းများကိုလည်း အထူးပြင်ဆင်ထိန်းသိမ်းခြင်းခေါင်းစဉ်မှာပဲ ရံပုံငွေ တင်ပြတောင်းခံရပါမယ်။ လမ်းတာရိုးရေစား၍ သစ်သားဖြင့် မြေကာနံရံပြုလုပ်ခြင်း ၊ သစ်သားတံတားကျိုး၍ ပြင်ဆင်ခြင်း ၊ လမ်းဘေး ၀ဲ/ယာ ခြုံခုတ်ခြင်း ၊ မြင့်တက်မို့မောက်နေသော လမ်းပုခုံးများအား Grader ဖြင့် မြေညှိခြင်း ၊ ဆာလာအိတ်များဖြင့် အရေးပေါ် တာရိုးပြင်ဆင်ခြင်းများလည်း အထူးပြင်ဆင်ထိန်းသိမ်းခြင်းရံပုံငွေမှာပဲ တင်ပြတောင်းခံရပါမယ်ဗျာ။
ရာသီဥတုဒဏ်/မိုးဒဏ်/လေဒဏ်/မုန်တိုင်းဒဏ်တို့ကြောင့်ဖြစ်ပေါ်လာသော လမ်းပျက်စီးမှုများကိုလည်း အထူးပြင်ဆင်ထိန်းသိမ်းခြင်း ခေါင်းစဉ်အောက်မှာပဲ တင်ပြတောင်းခံနိုင်ပါတယ်ဗျ။ လက်ရှိလမ်းရဲ့ အဆင့်ကျမသွားအောင် ဆောင်ရွက်ခြင်းများပဲ ဖြစ်ပါတယ်။ ဖော်ပြပါပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် ရံပုံငွေများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ် ၊ လမ်းဦးစီး/လမ်းဘဏ္ဍာမှ စိစစ်ပြီး ရံပုံငွေချမှတ်ပေးမှာဖြစ်ပါတယ်ဗျာ။
တိုးတက်ပြုပြင်ခြင်းလုပ်ငန်းများကတော့ ငွေလုံးငွေရင်းလုပ်ငန်းများပဲ ဖြစ်ပါတယ်ဗျ။ ကတ္တရာလမ်းကို (၄) မိုင်မှ (၅) မိုင်ဖြစ်သွားအောင် အသစ်တိုးမြှင့်တည်ဆောက်ခြင်း ၊ ကျောက်လမ်းမှ ကတ္တရာလမ်းဖြစ်သွားအောင် တိုးမြှင့်တည်ဆောက်ခြင်း ၊ သစ်သားတံတားမှ R.C တံတားအဖြစ် တိုးမြှင့်တည်ဆောက်ခြင်း ၊ Pipe Culvert မှ Box Culvert အဖြစ် တည်ဆောက်ခြင်း စသည့် မူလမရှိသေးသောအနေအထားမှ တိုးတက်လာတဲ့အနေအထားရရှိအောင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ လမ်းသားပဲ့ကျသောနေရာများကို ကျောက်စီမြေကာနံရံများတည်ဆောက်ခြင်း ၊ ယာယီ Side Drain များအစား Pucca Drain များတည်ဆောက်ခြင်း ၊ မူလလမ်းတာရိုးမှ (၄၀)ပေ အကျယ် လမ်းတာရိုးတည်ဆောက်ခြင်းများလဲ ပါဝင်ပါတယ်ဗျာ။ MD ဦးကျော်လင်းမှလည်း တပည့်တို့ မူလအနေအထားမှ ပြောင်းလဲသွားအောင်ဆောင်ရွက်မည့်လုပ်ငန်းများကို တိုးတက်ပြုပြင်ခြင်းလုပ်ငန်း ( ငွေလုံးငွေရင်း ) များမှာ ထည့်သွင်းပါလို့ လေးလပတ်အစည်းအဝေးမှာ မှာကြားထားပါတယ်ဗျ။ ငွေလုံးငွေရင်းလုပ်ငန်းများအတွက် ရံပုံငွေများကို တစ်နှစ်ကြိုတင်၍ တင်ပြရလေ့ရှိပါတယ်ဗျ။ အဲ့ဒီစာရင်းတွေကိုစုစည်းပြီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ် လမ်းဦးစီး/လမ်းစီမံမှ ရံပုံငွေတောင်းခံပေးမှာပဲဖြစ်တယ်။ ရရှိလာတဲ့ရံပုံငွေတွေကို ဘဏ္ဍာရေးနှစ်တစ်နှစ်ရဲ့အစမှာ ကြေငြာပေးတာပေါ့ဗျာ။ ငွေလုံးငွေရင်းဆိုတာက တိုးတက်ပြုပြင်ခြင်းလုပ်ငန်းတွေပဲဗျို့။ ခြွင်းချက်အနေနဲ့ ငွေလုံးငွေရင်းကို ဘဏ္ဍာရေးနှစ်အကုန်လောက်မှာ ဖြည့်စွက်ငွေလုံးငွေရင်းဆိုပြီး တစ်ကြိမ်တော့ တောင်းခံနိုင်ပါတယ်။
ဒါကြောင့် Facebook Friend တို့အနေဖြင့်လည်း အထူးပြင်ဆင်ထိန်းသိမ်းခြင်းနဲ့ တိုးတက်ပြုပြင်ခြင်းလုပ်ငန်းများ ကွဲပြားသွားစေဖို့အတွက် စေတနာဖြင့် မျှဝေလိုက်ရပါတယ်ဗျ။
Shwe Zin (7/8/2014) 10:00 AM


Crdit to > U Shwe Zin

No comments:

Post a Comment