Tuesday, August 12, 2014

Horinzontal Sight Distance & Vertical Sight Distance

ကျွန်တော်နှင့် ကျွန်တော့်ယာဉ်မောင်းလေးတို့ ခရီးသွားရာတွင် ရှေ့မှာကျောင်းရှိတယ်ဖြေးဖြေးမောင်း ၊ ရှေ့မှာ တံတားကျဉ်းရှိတယ်ဖြေးဖြေးမောင်း ၊ ရှေ့မှာရေကျော်ရှိတယ် အရှိန်လျှော့ ၊ ရှေ့မှာ ကွေ့ရှိတယ် ညာကပ်ထား ၊ ဟွန်းတီး ၊ ရှေ့မှာ ကုန်းတက်ရှိတယ် မမြင်ရဘူး ၊ ညာကပ် ဟွန်းတီး စသည်ဖြင့် ပြောဆိုရလေ့ရှိပါသည်။
ကျိုင်းတုံ-မိုင်းလားလမ်းနှင့် ကျိုင်းတုံ-တာချီလိတ်လမ်းများသည် တောင်ပေါ်လမ်းဖြစ်သော်လည်း တစ်နာရီလျှင် မိုင် (၄၀) ၊ မိုင် (၅၀) မျှ မောင်းနင်နိုင်ပါသည်။ Formation ကလည်းကျယ် ၊ Pavement ကလည်း ကျယ်ပါသည်။ ကျိုင်းတုံ-တာချီလိတ်လမ်းဆိုလျှင် Pavement အကျယ် ( 9 Metre ) ရှိပါသည်။ ကျိုင်းတုံ - မိုင်းလားလမ်းမှာ ( 7 Metre ) ရှိပါသည်။ Radius of Curvature ကောင်းပါသည်။ Horizontal Sight Distance နှင့် Vertical Sight Distance ကောင်းပါသည်။
Horizontal Sight Distance အကြောင်း ဦးစွာတင်ပြလိုပါသည်။ ကျွန်တော်တို့ အင်ဂျင်နီယာများသည် မျက်ကွယ်ကွေ့များတွင် လျှိုများဖြစ်နေပြီး ၊ လျှိုများအတွင်းမှ သစ်ပင်များ ၊ ခြုံပုတ်များကို Pavement ထက်မမြင့်စေရန် ခုတ်ထွင်ရှင်းလင်းပေးနိုင်လျှင် Horizontal Sight Distance ကောင်းမည်ပဲဖြစ်ပါတယ်။ မျက်ကွယ်ကွေ့မှာ တောင်ကုန်းဖြစ်နေလျှင်တော့ Side Slope ကို ပြေပြေလေးခုတ်ပေးရပါမယ်။ Step Berm များ ခုတ်ပေးရပါမည်။ Formation (၄၀)ပေ အတွင်း Pavement ကို Centre ကျကျတည်ဆောက်ပေးလျှင် လမ်းပုခုံးနှင့် Side Drain အတွက် Horizontal Sight Distance အနည်းငယ်တိုးနိုင်ပါသည်။ မည်သို့မျှ မဆောင်ရွက်နိုင်တောင်မှ Horizontal Sight Distance နည်းသောနေရာများတွင် ဟွန်းတီးပါ ၊ လက်ျာဘက်ကပ်မောင်းပါ။ ညာကွေ့/ဘယ်ကွေ့ ၊ ဘာကြောင့်ရပ်ရပ်လမ်းဘေးချရပ် စသော Cautiong Sign Board များ စိုက်ထူပေးသင့်ပါသည်။ Pavement က ကတ္တရာလမ်း ၊ ကွန်ကရစ်လမ်းများဖြစ်နေလျှင်တော့ Pavement အလယ်တွင် မျဉ်းသေအဖြူရောင်များ ဆွဲထားပေးသင့်ပါသည်။ Horizontal Curve များအတွင်း Super Elevation ကိုလည်း မှန်ကန်စွာထည့်သွင်းပေးရပါမည်။ ( မန္တလေး-မုံရွာ ကားလမ်းမကြီးပေါ်ရှိ ရွာသစ်ကြီးကွေ့နှင့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်းပေါ်ရှိ တပ်ကုန်ကုန်းမြို့နှင့် ပျဉ်းမနားမြို့ကြားရှိ စိမ်းစားပင်ကွေ့များမှာ နာမည်ကြီးကွေ့များဖြစ်ပါသည်။ )
Vertical Sight Distance အကြောင်း တင်ပြလိုပါသည်။ ကျွန်တော်တို့သည် တတ်နိုင်သမျှ Formation ကို ကျယ်ကျယ်ချဲ့ရပါမည်။ Pavement ကို တတ်နိုင်သမျှ ကျယ်အောင်ခင်းရပါမည်။ Gradient ကို 7% အောက် ရနိုင်သမျှ ချရပါမည်။ အမာခံလမ်းပုခုံးများ ၊ Pucca Side Drain များ တည်ဆောက်ပေးသင့်ပါသည်။ မည်သို့မျှ မဆောင်ရွက်နိုင်လျှင်တောင်မှ ကုန်းတက်ရှိသည် ၊ ဂီယာကြီးဖြင့်မောင်းပါ ၊ လက်ျာကပ်ပါ ၊ ဟွန်းတီးပါ ၊ ဘာကြောင့်ရပ်ရပ်လမ်းဘေးချရပ် စသော Caution Sign Board များ စိုက်ထူပေးသင့်ပါသည်။ Pavement ကတ္တရာလမ်း ၊ ကွန်ကရစ်လမ်းဖြစ်လျှင် Pavement ပေါ်တွင် မျဉ်းသေအဖြူရောင်များဆွဲပေးသင့်ပါသည်။ မိမိတို့တည်ဆောက်ပေးပြီးသောလမ်းပေါ်ရှိ Horizontal Sight Distance နှင့် Vertical Sight Distance နည်းပါးသောနေရာများတွင် မောင်းနှင်သောယာဉ်များ၏ Speed ပေါ်မူတည်၍ ဖြစ်ပေါ်လာသော Breaking Distance ထက် များပြားရန်တော့ လိုအပ်ပါသည်။ အရေးတကြီးလိုအပ်သောနေရာများတွင် အမြန်နှုန်းကို သတ်မှတ်ပေးရန်လိုအပ်ပါသည်။ ( Sight Distance က များပြီး Breaking Distance က နည်းရမှာပေါ့ဗျာ )
မြန်မာနိုင်ငံသည် မြေပြန့်ဒေသနှင့်တောင်ကုန်းဒေသများရောနှော၍တည်ရှိသောနိုင်ငံဖြစ်ပါသည်။ မြေပြန့်ဒေသများတွင် Vertical Sight Distance နှင့်ပတ်သတ်၍ မရှိနိုင်သော်လည်း ကုန်းမြင့်ဒေသ ၊ တောင်တန်းဒေသများတွင် Horizontal Sight Distance နှင့် Vertical Sight Distance နှစ်မျိုးလုံးရှိနိုင်ပါသည်ခင်ဗျား။ မော်တော်ယာဉ်များ မတော်တဆဖြစ်မှုများပြားသောနေရာများမှာ Horizontal Sight Distance နှင့် Vertical Sight Distance နည်းသောနေရာများတွင် ဖြစ်ပွားမှုများပြားပါသည်။ သို့ပါ၍ တတ်နိုင်သမျှ စံချိန်စံညွှန်းမီအောင် တည်ဆောက်ပေးနိုင်လျှင် မော်တော်ယာဉ်မတော်တဆမှုများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ Horizontal Sight Distance နှင့် Vertical Sight Distance နည်းသောနေရာများတွင် လမ်းနယ် Right of Way အတွင်း လုပ်သားပြည်သူများမှ ဈေးဆိုင်များဆောက်ခြင်း ၊ နေအိမ်များဆောက်ခြင်း စသော ကျူးကျော်မှုများကို လုံးဝလက်မခံဖို့တော့ လိုအပ်ပါတယ်ဗျာ။ လမ်းမကြီးများတည်ဆောက်ရာတွင် Gradient ကို နည်းပါးအောင်စီမံခြင်း ၊ Formation တာ ကျယ်အောင်တည်ဆောက်ခြင်း ၊ Pavement ကျယ်အောင်တည်ဆောက်ခြင်းတို့သည် ကနဦးကုန်ကျစရိတ်များပြားပါသည်။ သို့သော် အမြဲတမ်းသုံးစွဲနေရသော ယာဉ်များ၏ တာယာစရိတ် ၊ စက်သုံးဆီစရိတ် ၊ စက်ပြင်ထိန်းသိမ်းစရိတ်များ အရှည်သဖြင့် သက်သာနိုင်ပေမည်။ လုပ်အားခမှအပ ကျန်ပစ္စည်းများအားလုံးသည် နိုင်ငံခြားငွေနှင့် ပေးဝယ်ရခြင်းဖြစ်ပေသည်။
မိမိတို့လုပ်ငန်းခွင်အင်ဂျင်နီယာများအနေဖြင့် ယာဉ်များအန္တရာယ်ကင်းစင်ရေး ၊ Driving Quality ကောင်းမွန်ရေးအတွက် မိမိတို့တတ်စွမ်းသမျှ တာဝန်ယူ တည်ဆောက်/ကာကွယ်/ထိန်းသိမ်းနိုင်ကြပါစေရန် Facebook Friend တို့အား မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (6/8/2014) 9:00 AM


Credit to > U Shwe Zin

No comments:

Post a Comment