Friday, August 15, 2014

Double Cutting (or) Both Side Cutting

(၁) လမ်းတာရိုးတစ်ခုကို တည်ဆောက်ရာတွင် ပထမဦးစွာ တစ်ကြောင်းထိုးလမ်းတည်ဆောက်ရပါသည် အုပ်ချုပ်သူ အင်ဂျင်နီယာကြီးများက လိုက်လံစစ်ဆေးစဉ် ကျေနပ်နစ်သက်လျှင် မူလတစ်ကြောင်းထိုးလမ်းကို (၃၄)ပေ အကျယ် ၊ (၄၀)ပေ အကျယ်လမ်း စသည်ဖြင့် မိမိတို့ လိုအပ်သော လမ်း Class အလိုက် ဖောက်ရသည်ဟု တင်ပြခဲ့ဖူးပါသည်။
(၂) ၃၄ ပေ (သို့) ၄၀ ပေ အကျယ် လမ်းတာရိုးတည်ဆောက်ရာတွင် တောင်ကမ်းပါးယံ၏ ဘေး၌ လှေကားထစ်ကဲ့သို့ ထစ်၍ တည်ဆောက်ရလျှင် One Side Cutting ( တစ်ဖက်တောင် ၊ တစ်ဖက်ချောက် ) ဟု ခေါ်ဆိုလေ့ရှိပါသည်။
(၃) ယခု တင်ပြလိုသည်မှာ Double Cutting (or) Both Side Cutting (or) ရင်ခွဲတောင်အကြောင်း ဖြစ်ပါသည်။
(၄) ဤနည်းကို ရွယ်ရွယ်ချက်သုံးရပ်ဖြင့် တည်ဆောက်လေ့ရှိပါသည်။
(က) မိမိတို့ လမ်းအူကြောင်းသည် ကန့်လန့်ဖြတ်၍ (ထောင့်မှန်ခံ၍) တည်ရှိနေသော မြစ်ကြီးများ၊ ချောင်းကြီးများအတွင်းသို့ဆင်းရာတွင် လမ်းအူကြောင်းနှင့်အပြိုင် ကျောတန်း ၊ လက်မောင်းတန်းမရှိခြင်း ၊ တောင်ကြားလမ်းမရှိခြင်းတို့ကြောင့် တောင်နံရံကို ရင်ခွဲ၍ဆင်းရပါသည်။ ထိုအခါ Double Cutting (or) Both Side Cutting နည်းကို အသုံးပြုရပါသည်။ ( ဥပမာ - ရန်ကုန် - ပြည် - မန္တလေးလမ်းပေါ်ရှိ ဒေါင်းနေချောင်းချဉ်းကပ်လမ်း ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ချောင်းကောက်တံတားချဉ်းကပ်လမ်း စသည်တို့ဖြစ်ပါသည် )
( ခ) မိမိတို့လမ်းအူကြောင်းသည် ကန့်လန့်ဖြတ်တည်ရှိနေသော တောင်တန်းကြီးများကို ဖြတ်ကျော်ရာတွင် တောင်ကြားလမ်းမရှိခြင်း ၊ မဖြစ်မနေ Gradient ချရန် လိုအပ်သောနေရာများတွင် ရင်ခွဲ၍ဖြတ်ရပါသည်။ Double Cutting (or) Both Side Cutting ဟု ခေါ်ဆိုလေ့ရှိပါသည်။ ( ဥပမာ - မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ ပုံတောင်ပုံညာ တောင်များ ၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ ရင်ခွဲတောင်များ နှင့် ပန်ကွဲတောင် ၊ ဆိပ်ဖြူ-ဆောလမ်းပေါ်ရှိ ရင်ခွဲတောင်များ စသည်တို့ဖြစ်ပါသည်။
( ဂ) မိမိတို့လမ်းအူကြောင်းသည် တောင်ကြားလမ်းအတိုင်း ကွေ့ပတ်ဆင်းလျှင်ရနိုင်သော်လည်း Horizontal Side Distance များလွန်းခြင်း ၊ ရင်ခွဲဆင်းလို့ရနိုင်ခြင်း ၊ Both Side Cutting နည်းဖြင့် လမ်းအလျားတိုစေခြင်းတို့ကြောင့် Gradient နည်းလျှင် ရင်ခွဲဆင်းနိုင်ပါသည်။
(၅) ရင်ခွဲ၍ ဆင်းရာတွင်၎င်း ၊ တက်ရာတွင်၎င်း သတိပြုရမည့်အချက်များမှာ -
(က) ဘေးနှစ်ဖက်၌ Side Drain များရှိရန်လိုအပ်ခြင်း
( ခ) Gradient ကို ၇% ထက် မများစေရန်လိုအပ်ခြင်း
( ဂ) တတ်နိုင်သမျှ လမ်းကျယ်ရန်လိုအပ်ခြင်း
(ဃ) အတက်အဆင်းရှည်လျှင် Landing များ ထားရှိပေးရန်လိုအပ်ပါသည်။
Facebook Friend တို့အနေဖြင့်လည်း မိမိတို့ တည်ဆောက်မည့်လမ်းများတွင် Double Cutting (or) Both Side Cutting များ အသုံးပြုရန် လိုအပ်လာပါက အသုံးပြုနိုင်ပါရန်နှင့် သတိထားမိနိုင်စေရန် မျှဝေလိုက်ရပါတယ်ခင်ဗျာ။
Shwe Zin (5/8/2014) 11:00 AM


Credit to > U Shwe Zin

No comments:

Post a Comment