Thursday, February 27, 2014

ခွေးလှေးသီး အစွမ်း


အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ တနည်း မဟူရာပဲနက်လို့လည်းခေါ်ပါတယ်

ဒီပဲရဲ့ အစွမ်းထက်လှပုံလေးကို အများသူငါသိအောင် ပြောပြချင်လို့ပါ
ဖတ်ဖြစ်အောင်ဖတ်ပြီး တဆင့်ပြန်လည်မျှဝေပေးတဲ့အနေနဲ့
ရှယ်ပေးကြပါလို့ တောင်းဆိုပါရစေ။
။ ။ ။ ။ ။ ။ ။ ။ ။

လက်တွေ့ သုံးစွဲပြီးပျောက်ကင်း ချမ်းသာသုခကို ရရှိသွားတဲ့ ရွာသာရွာက အောင်ငြိမ်းပြောတဲ့ သူဇနီး မခင်စောအကြောင်းးးး

ကျွန်တော်၏အမည်မှာ ဦးအောင်ငြိမ်းဇနီးအမည်ကဒေါ်ခင်စောဖြစ်ပါသည်။
တိုက်ကြီးမြို့နယ် ဖိုးခေါင်းအုပ်စု ရွာသာရွာမှာနေပါတယ်။ေ
ခွေလှေးယားသီး အနက်စေ့အစွမ်း

ထက်ပုံကိုယ်တွေ့ ဖြစ်ရပ်ကို တင်ပြလိုပါတယ်။

ကျွန်တော်ကဲ့သို့ ဆင်းရဲနွမ်းပါးသော လူနာရှင်များဖတ်မိ ကြားမိကြပါစေ။

ဖတ်ကြားပြီးသူများကလည်း ဆင်းရဲနွမ်းပါးသူ လူနာရှင်များအား တဆင့်ပြောပြနိုင်ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်။

ကျနော်၏ ဇနီးဒေါ်ခင်စောသည် မကျန်းမာ၍ ဓါတ်မှန်ရိုက် သလိပ်စစ် အမျိုးမျိုးစမ်းသပ်ကုသခဲ့သော်လည်း သက်သာပျောက်ကင်းခြင်းမရှိပါ ။ တနေ့တခြား အားအင်ကုန်ခမ်းပြီး ၉ လအကြာမှာ ရောဂါပြင်းထန်ပြီး နီးစပ်ရာဆေးရုံသို့ တက်ခဲ့ရပါသည်။

ဆေးရုံရောက် ရောက်ချင်းမေ့မြောသွားတာ တနေ့နှင့် တညကြာပါသည် လူအများကသေပြီ ဟုထင်မှတ်ကြသည်။ သေလျှင်အဆင်သင့်ဖြစ်အောင် စီစဉ်နေစဉ် သတိပြန်ရလာပါသည် အဖြေရှာတွေ့သောရောဂါမှာ အရိုးကျီးပေါင်းတက်ခြင်း အစာအိမ်ရောဂါဖြစ်ခြင်းလောက်သာ သိရသည် ။

ဆရာဝန်ညွန်ကြားသောဆေးများကို ၁၂ လကြာသောက်သုံးပြီး ငွေကျေးအဆင်မပြေ၍ဆက်မသုံးနိုင်တော့ပါ ။ ဆေးရုံကပြန်ဆင်းလာပြီး
မိတ်ဆွေတော်တော်များများက ခွေးလေးယားသီးအနက်စေ့ကိုစားပါေ
ခွေးလေးယားသီး အနက်စေသည် ဆေးရုံမှပြန်လာသော လူနာများ
ကျန်းမာဝဖြိုးနေခြင်း မြွေကိုက်ခံရသော လူနာများ ဆေးရုံမတက်ရဘဲ ခွေးလေးယားသီး အနက်ကိုစားရုံမျဖြင့် ပျောက်ကင်းခြင်း
အိပ်ပျော်ခြင်း အားရှိခြင်း ပန်းသေပန်းညိုးရောဂါများကို ပျောက်ကင်းခြင်း မဖြစ်အောင်ကာကွယ်နိုင်ခြင်း ဝမ်းတွင်း ကင်ဆာရောဂါများကို မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း စသည်တို့ကိုလာပြောပေးကြပါသည်။

ထိုအချိန်မှာ လူနာ၏အခြေနေမှာ လူရုပ်ပျက်ပြီး အသက်ရှိသည်လို့
ပြောလို့ရ ရုံသာရှိသည် ။ မိတ်ဆွေများဖြစ်ကြသော ကျောက်ဖျာ
ကုန်းကျေးရွာမှ ဆရာထိန်ဝင်း ကံကလေးရွာမှ ဦးမောင်ခင် ဒေါ်နန်းတို့က ခွေးလေးယားသီး အနက်စေ့ကို ယူဆောင်လာပြီး
အမှုန့်ပြု လုပ်ကာ ပျားရည်နှင့်ရောပြီး လူနာအားကျွေးပါသည် ။

စားပြီးသုံးရက်မြောက် သောနေ့မှာ လူနာမှာ ထူးထူးခြားခြား ဖြစ်လာတာကိုတွေ့ရပါတယ်။ ဆေးစားပြီး၂ နာရီခန့်မှာ အိပ်ချင်လာသည် နေ့တစေ့ ညတစေ့ စားကြည့်သောအခါ ညဘက်ပို၍အိပ်ပျော်စေသည် အိပ်ယာထလျင်လည်း လန်းလန်းဆန်းဆန်း ဖြစ်ခါ ပေါ့ပေါ့ပါးပါးရှိသည်
ခါးနာ ဒူးနာ ဇက်ကြော်တက်တာတွေလည်ပျောက်သည် ဒေါ်ခင်စောလည်း နဂို ကလိုကျန်းမာဝဖြိုး လျက်ရိပါသည်။

ဤဆေးစေ့ကိုစားသုံးခြင်ဖြင့် အိပ်ခြင်တာကလွဲ၍ အခြားဘာရောဂါမှမဖြစ်ပါ မတည့်သောအစားအစာ မတည့်သော ဆေးဟူ၍လည်းမရှိပါ။
ပန်းသေ ပန်းညိုးဖြစ်ဘူးသော မိတ်ဆွေများသည်လည်း ပျောက်ကင်း၍ အကျိုးရှိကြောင်းပြောပြလာကြပါသည် ခွေးလေးယားသီး အနက်စေ့ တစေ့၏အာနိသင်ဟာ ဆေးတပြားထက်ပိုမိုကောင်းသည့်အပြင် ရောဂါကြီး ရောဂါသေးများကိုပါ ပျောက်ကင်းစေပါသည် အခြားသော ရောဂါများကိုပါပျောက်ကင်းသည့်ဆေးစွမ်းကောင်းတလက်ဖြစ်ပါသည်။

မသိသူကျော်သွား သိသူဖော်စား ကြစေရန်ရည်ရွယ်ပြီး ခွေးလေးယားသီးပဲ အနက်စေ့ရဲ့ အစွမ်းထက်ပုံကို လက်တွေ့နှင့်တကွ ဖော်ပြပေးလိုက်ပါသည်။

လူသားအားလုံး ခံစားနေရသော ရောဂါ
ဝေဒနာများ ပျောက်ကင်းကြပါစေ။

မေတ္တာ စေတနာကြီးမားစွာဖြင့်
ဦးခေမာ - မှ ပြန်လည် မျှဝေလိုက်ပါတယ်...။

@စွယ်စုံကျမ်း@ &Credit To : Yangon Express & # ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။#

ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရပုံရိပ်များ


Wednesday, February 26, 2014

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များ ရှင်းလင်းပွဲ


ကုလား သန်းခေါင်စာရင်း ကောက်ရန်အတွက် ကုလား (၁၃၀၀) စာရင်း လ၀ကရုံးချုပ် မှ စာရင်းကျလာ၊ ဗဟိုအစိုးရ ထိပ်ပိုင်း အရာရှိကြီးများအား လာဘ်ထိုး ဆောင်ရွက်သည် ဟု အခိုင်အမာ ယုံကြည်ရန် အကြောင်းရှိ

ရခိုင်ပြည်နယ်အတွင်းရှိ ကုလားများအား သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်ရန်အတွက် ဒေသခံများက မသိသော ကုလားအယောက် (၁၃၀၂) ယောက်အား ခန့်ထားဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာမြို့နယ် လ၀က ရုံးအသီးသီးသို့ အမိန့်စာ ရောက်လာရာ ဒေသခံတိုင်းရင်းသားပြည်သူများက အလွန်အမင်း စိတ်ပျက် အံ့သြ အားလျော့ကြရကြောင်း ပြောဆိုနေကြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရခိုင်ပြည်နယ်အတွင်း ကုလားလူဦးရေရှိသော မြို့များဖြစ်ကြသည့် မောင်တော၊ တောင်ပြိုမြို့နယ်ခွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်(၁၀)ခုရှိ သန်းခေါင်စာရင်း စာရင်းကောက်၊ စာရင်းစစ် များကို ဘင်္ဂါလီကုလားများအား ခန့်ထားဆောင်ရွက်ရန်အတွက် ဘင်္ဂါလီကုလား (၁၃၀၂) ဦးအား (လ၀က)ဦးစီးရုံးချုပ်မှရွေးချယ်ပြီ သက်ဆိုင်ရာမြို့များနယ်သို့ စာရင်းအသီးသီးပေးပို့ထားသည်။

ရွေးချယ်ခံထားရသော ဘင်္ဂါလီကုလားစာရင်းကို သက်ဆိုင်ရာမြို့နယ်(လ၀က)၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေး အဖွဲ့များမှ ရွေးချယ်ထားခြင်းမဟုတ်ဘဲ အထက်ဌာန နေပြည်တော်မှ ကျလာခြင်းဖြစ်၍ သက်ဆိုင်ရာမြို့နယ်ဌာနများမှ ၀န်ထမ်းများကပင် အံ့သြနေကြသည်။

ထို့အပြင် အဆိုပါ ခန့်ထားခြင်းခံရသူ ကုလားများမှာ ဘာသာပြန်သက်သက် မဟုတ်ဘဲ စာရင်းကောက်၊ စာရင်းစစ်များ ဟု လုပ်ပိုင်ခွင့် ရှိသူများအဖြစ် ခန့်ထားခြင်းဖြစ်ရာ ကုလားဦးရေစာရင်းတွင် အဝေးရောက် ကုလားများကိုပါ ထည့်သွင်းကာ စာရင်းကို အရှိထက်များစွာ ပိုမိုနေအောင် လုပ်နိုင်သော အခြေအနေရှိလာမည် ဖြစ်သည်။

ခိုင်လုံသော သတင်းရပ်ကွက်များအရ သိရှိရသည်မှာ အဆိုပါ သန်းခေါင်စာရင်းကောက် ကုလားများ၏ စာရင်းကို “ဘူးသီးတောင် မောင်တော ဒေသဖွံ့ဖြိုးရေး အသင်း” အမည်ခံ ကုလားအဖွဲ့အစည်းက ပြုစုပြီး လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနလက်ထဲသို့ ထိုးထည့်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ ထိုကဲ့သို့ ငွေလမ်းဖောက်ကာ စာရင်းထိုးထည့်နိုင်ရန် အရေးကို ဘင်္ဂါလီလွှတ်တော်အမတ် ရွှေမောင်က ဦးစီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ “ဘူးသီးတောင် မောင်တော ဒေသဖွံ့ဖြိုးရေး အသင်း” အမည်ခံ ကုလားအဖွဲ့အစည်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် ရန်ကုန်အခြေစိုက် ဘူးသီးတောင် မောင်တော ကုလား သူဌေးများက ကျပ်ငွေသိန်းပေါင်းသောင်းချီ ထည့်ဝင်ကာ ဖွဲ့စည်းထားကြခြင်း ဖြစ်ပြီး၊ White Card များကိုင်ဆောင်ကာ ကုလားများ မဲပေးနိုင်အောင် စီစဉ်ခြင်း နှင့် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုကာ ကုလားက လွှတ်တော်အမတ်များ အဖြစ် အရွေးခံနိုင်ခွင့် ရှိအောင် လာဘ်ပေးကာ ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ နှင့်ချိတ်ဆက်ထားသော ကုလား အဖွဲ့အစည်းဖြစ်သည်။

နိုင်ငံရေးပါတီ အဖြစ်တည်ထောင်ခြင်းမဟုတ်ဘဲ အန်ဂျီအို အသင်းအဖွဲ့အဖြစ်တည်ဆောင်ထားသည့်အတွက် နိုင်ငံရပ်ခြားမှ ဒလဟော ထည့်ဝင်ငွေများကို လိုသလောက် လက်ခံနိုင်သော အဖွဲ့အစည်းလည်းဖြစ်သည်။

Coral Arakan News

Tuesday, February 25, 2014

ပျူ ခေတ်ဗိဿ နိုး

ဗိဿနိုးကို တည်ထောင်သော ပျူတို့သည် လူမှုဆက်ဆံရေးတွင် သိမ်မွေ့သောသူများ ဖြစ်ကြသည်။ ယဉ်ကျေးမှု အတတ်ပညာများကို အိန္ဒိယမှပင် ယူခဲ့သည်။ အများစု ကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်သည်။ ဗုဒ္ဓဘာသာသည် အိန္ဒိယမှပင် တိုက်ရိုက် ရရှိခဲ့သည်။ ဗိဿနိုးမြို့ဟောင်းကို တူးဖော်ရာတွင် သံဃသိရီ ဟူသော အမှတ်အသားပါသည့် တံဆိပ်တစ်ခုကို တွေ့ရှိကြရသည်။ ထိုအချက်ကို ထောက်၍ ဗိဿနိုးမြို့တော်၌ ဗုဒ္ဓဘာသာ ရဟန်းတော်များ သီတင်းသုံး၍ သာသနာပြုနေကြပြီဟု ဆိုနိုင်ပေသည်။

ဗိဿနိုးသို့ ရောက်ရှိလာသော သာသနာမှာ အိန္ဒိယတောင်ပိုင်း အန္ဓရဒေသ၌ ထွန်းကားနေသော သာသနာမျိုး ဖြစ်သည်။ ယင်းသာသနာမှာ ရုပ်ပွားဆင်းတုကို ကိုးကွယ်ခြင်း မပြုသော သာသနာဂိုဏ်း ဖြစ်သည်ဟု သုတေသီတို့က ကောက်ချက်ချကြသည်။

အေဒီ ၄-ရာစုခန့်တွင် အခြားပျူလူမျိုးတို့သည်လည်း မြို့ပြနိုင်ငံသစ်များကို ထူထောင် အုပ်စိုးကြသည်။ ပြည်မြို့အနီး၌ သရေခေတ္တရာမြို့တော်၊ ကျောက်ဆည်ဒေသအနီး၌ မိုင်းမော
ဟု ခေါ်နေကြသော ပင်လယ်မြို့ဟောင်း၊ ရွှေဘိုဒေသ၌ ဟန်လင်းကြီးစသော မြို့ပြများမှာ သမိုင်းတွင် ထင်ရှားကြသည်။

အေဒီ ၅-ရာစုတွင် ဗိဿနိုးမြို့တော်သည် သရေခေတ္တရာပျူတို့က ၀င်ရောက် တိုက်ခိုက် သဖြင့် ပျက်သုဉ်းခဲ့ရလေသည်။
အရှင်ဧသိက

အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

ပျူခေတ် ဗုဒ္ဓဘာသာ

သရေခေတ္တရာပျူတို့၏ ဗုဒ္ဓဘာသာ ယုံကြည်မှု အကြောင်းကို အေဒီ ၈၀၀-ခန့်က ရေးသားသော တရုတ်မှတ်တမ်းတို့၌လည်း တွေ့ရှိရသည်။ ယင်းမှတ်တမ်းမှ ဗုဒ္ဓဘာသာနှင့် ပတ် သက်သော အကြောင်းအရာတို့ကို ရွေးနုတ် ဖော်ပြပါမည်။
မြို့တော်တွင် တံခါးဝပေါင်း ၁၂-ခု ရှိသည်။ မြို့လေးထောင့်တွင် တစ်ထောင့်လျှင် ဘုရားတစ်ဆူ တည်ထားသည်။ ဘုရင်မင်းမြတ် စံမြန်းရာ နန်းတော်ရှေ့ တံခါးဝကို မျက်နှာ ပြုကာ ဥာဏ်တော် ပေ ၁၀၀-ထက် မြင့်၍ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အသွေးရှိသည့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို တည်ထားသည်။

တရားတဘောင် ဖြစ်ကြသူ နှစ်ဦးကို ဘုရင်မင်းမြတ်က ထိုရုပ်ပွားတော်မြတ် ရှေ့တွင် အမွှေးတိုင်များ ထွန်းညှိစေပြီး မိမိတို့၏ ပြစ်မှုများကို ပြန်လည် စဉ်းစားစေခြင်းဖြင့် တရားဖြစ်ကြသူ နှစ်ဦးတို့ မကြာမီ သင့်မြတ်သွားကြသည်။ မြို့ရွာဒေသများတွင် ဘေးအန္တရာယ်များ၊ ကပ်ဆိုးကြီးများ ဆိုက်ရောက်လာလျှင် ဘုရင်မင်းမြတ်သည် ရုပ်ပွားတော် ရှေ့မှောက်တွင် အမွှေးနံ့သာ ထွန်းညှိပူဇော်၍ ပြည်သူပြည်သားတို့ကို တရားနှင့်အညီ အုပ်စိုးပါမည်ဟု သစ္စာအဓိဋ္ဌာန် ပြုရသည်။

ပျူတို့ ဒေသတွင် ဘုန်းကြီးကျောင်းပေါင်း ၁၀၀-ကျော်မျှမက ရှိသည်။ ဘုန်းကြီးကျောင်းများတွင် ရွှေငွေတို့ဖြင့် စီခြယ်၍ ဟင်္သပြဒါးနှင့် တောက်ပသော အရောင်များ သုတ်လိမ်းထားသည့် ခမ်းမကြီး အသွယ်သွယ် ရှိသည်။ ကြမ်းပြင်များကိုလည်း အနီရောင်ဆိုး၍ ပန်းပွင့် များထိုးထားသော ကော်ဇောများ ခင်းထားသည်။ ဘုန်းကြီးကျောင်းများ၏ အမိုးများကို နန်းတော်ခေါင်မိုးကဲ့သို့ပင် စဥ့်သုတ်ထားသော အုတ်<ကပ်များဖြင့် မိုးထားသည်။

ပျူလူမျိုး ယောက်ျားလေး၊ မိန်းကလေး အသီးသီးတို့သည် အသက် ၇-နှစ်အရွယ်ရောက်လျှင် ဆံပင်များကို ပယ်ဖြတ်၍ ဘုန်းကြီးကျောင်းသို့ သွားကာ သာသနာ့ဘောင်တွင်းသို့ ၀င်ရောက်လေ့ ရှိကြသည်။ အသက်၂၀-သို့ ရောက်သောအခါ ဗုဒ္ဓ၏ ကျင့်ဝတ်သိက္ခာတို့ကိုဆက်လက် လိုက်နာခြင်း မရှိလျှင် လူထွက်၍ ဆံပင်များကို ပြန်လည် အရှည်ထားကြလေသည်။

ဖော်ပြပါ အထောက်အထားများအရ ပျူတို့သည် မိမိတို့၏ လူနေမှုဘ၀ကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဖြင့် တည်ဆောက်ထားကြောင်း သိရှိရသည်။ ပျူတို့၏ လူနေမှုဘ၀ကို ဗုဒ္ဓဒေသနာက လွှမ်းခြုံထားသည်ဟု ဆိုရပေလိမ့်မည်။

ပျူလူမျိုးတို့သည် မိမိတို့၏ ဗုဒ္ဓဘာသာကို အမွှမ်းတင် ဂုဏ်ယူလေ့ ရှိကြသည်။ အခြားလူမျိုးများနှင့် တွေ့ကြုံလျှင်လည်း ဗုဒ္ဓဘာသာကိုပင် အမွှမ်းတင် ပြောကြားကြသည်။ ဗုဒ္ဓ၏ ဓမ္မတေးများကို သီကုံးကြသည်။

အေဒီ ၈၀၀-၈၀၂ ခုနှစ်တွင် ပျူယဉ်ကျေးမှု တေးဂီတအဖွဲ့သည် တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့ကြ၏။ ထန်တရုတ်ဘုရင်၏ နန်းတော်၌ ဖျော်ဖြေကြရသည်။ ထိုဖျော်ဖြေပွဲတွင် ဗုဒ္ဓဘာသာ၏ ဂုဏ်ကို ဖွဲ့ဆိုသော ဗုဒ္ဓ၀င်တေးများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် ပျူလူမျိုးတို့၏ ဘ၀ဓလေ့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ ဖြစ်သည်။ ပျူတို့သည် ဗုဒ္ဓဘာသာ လောင်းရိပ်ကို ခိုလှုံလျက် မိမိတို့၏ ဘ၀ကို ထိန်းကျောင်းနေထိုင်ခဲ့ကြလေသည်။
အရှင်ဧသိက

Credit to >အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

ဥပုသ်စောင့်ခြင်းနှင့် ရဟန္တာရုပ်တု

အရှင်ဘုရား၊ ဥပုသ်စောင့်၍ ၈-ပါးသီလ ဆောက်တည်သည့်အခါ ၀ိကာလဘောဇနာသိက္ခာပုဒ်ကို စောင့်ထိန်းပြီး ညစာမစားရသည်မှာ မည်သည့်အဓိပ္ပါယ်ကြောင့်ပါလဲဘုရား။ မည်ကဲ့သို့ ကုသိုလ်အကျိုး ရရှိပါသလဲဆိုတာကို ဖြေကြားပေးတော်မူပါဘုရား။

နောက်တခုက ရဟန္တာရုပ်တုများကို ကိုးကွယ်ရာတွင် ရှင်သီဝလိ၊ ရှင်ဥပဂုတ္တ ရုပ်ပွားတော်များကိုသာ ကိုးကွယ်လေ့ရှိပြီး ပို၍တန်ခိုးကြီးသည့် ရှင်သာရိပုတ္တရာ, ရှင်မဟာမောဂ္ဂလာန်တို့၏ ပုံတော်များကို မကိုးကွယ်ခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။
( မျိုးမြတ်စိုး-မြောက်ဥက္ကလာပမြို့ )

( ဖြေ ) အဋ္ဌင်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ-ဆိုသည့်အတိုင်း အင်္ဂါ ၈-ပါးနှင့်ပြည့်စုံမှ ဥပေါသထ ( ဥပုသ် ) သီလ ဖြစ်ပါသည်။
ဥပုသ်စောင့်သူသည် အရိယာ ( ရဟန္တာ ) ပုဂ္ဂိုလ်များကို အတုယူ၍ တနေ့ပတ်လုံး ကျင့်သုံးဆောက်တည်၍ နေရရာ နေ့စဉ်ကျင့်သုံးသည့် ငါးပါးသီလမှ ထူး၍ ဗြဟ္မစရိယ (မေထုန်ရှောင်) အကျင့်နှင့်
ညစာမစား ပျော်ပါးရှောင်ကြဉ်၊ ဆင်ယင်ရှောင်လတ်၊ မြင့်မြတ်နေရာ၊ ရှောင်ခွာကျင့်သုံးနိုင်ပါမှ အရိယာတို့နှင့် တူတန်နိုင်လိမ့်မယ်။

ထို့ပြင် ဥပုသ်သီလတွင် ပဓာနအကျဆုံးမှာ ဗြဟ္မစရိယ သိက္ခာပုဒ်ဖြစ်ရာ ၄င်းသိက္ခာပုဒ် လုံခြုံရေးတွင် ညစာရှောင်ကြဉ်မှုမှာ အရေးအကြီးဆုံး ဖြစ်ပါသည်။
နစ္စဂီတ စသောသိက္ခာပုဒ်၊ ဥစ္စာသယန စသောသိက္ခာပုဒ်တို့က ဗြဟ္မစရိယ သိက္ခာပုဒ်၏ ဒုတိယ တတိယ တံတိုင်းကြီးများ ဖြစ်သည်။
ဝိကာလဘောဇနသိက္ခာပုဒ်က ပထမတံတိုင်းကြီး ဖြစ်ပါသည်။ ထို့ကြောင့် လွန်စွာအရေးကြီးလှပါသည်။

၎င်းသိက္ခာပုဒ်များ လုံခြုံ၍ တနေ့တာမျှ ကောင်းမွန်စွာ ဥပုသ်သီလအောင်မြင်သွားပါက သိန်းပေါင်းများစွာ လှူဒါန်းခြင်း၊ ဥစ္စာစီးပွား သားမယားနှင့် ထူးခြားအင်္ဂါ များစွာလှူဒါန်းရခြင်းထက်ပင် အကျိုးကြီးလှပါသည်။

ရှင်သီဝလိ, ရှင်ဥပဂုတ္တ နှင့် အချို့ဘုရား အထူးအဆန်းများ ထုလုပ်ကိုးကွယ်သူတို့သည် လောကုတ္တရာအကျိုးထက် လောကီအကျိုးကို မျှော်ကိုးသူများ ဖြစ်ကြပါသည်။ လာဘ်လာဘ များစွာ ရလိုခြင်း၊ စီးပွားဥစ္စာ တိုးတက်လိုခြင်းတို့အတွက် အချို့က ရှင်သီဝလိ-အင်း၊ ရှင်ဥပဂုတ္တ-အင်း ပြုလုပ်၍ ဂါထာမန္တာန်တို့ဖြင့် အင်းဆံပြုကာ ကျူးရင့်ပြီး အင်းသက်သွင်းခြင်းများပင် ပြုကြသည်။

၎င်းတို့သည် အကျိုးထူးရသည်ထက် လောဘကို ရှေ့ထားသဖြင့် အကုသိုလ်ပွားမှုပင် ပိုပါသေးသည်။ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်စစ်စစ် ဖြစ်သူတို့အဖို့ မြတ်စွာဘုရားနှင့် တရား သံဃာတော်တို့အား မတုန်မလှုပ်သက်ဝင် ယုံကြည်သော သဒ္ဓါတရားဖြင့် နေ့ညမအား ၀တ်တွားပူဇော်လျက် ဆွမ်း-ပန်း-ရေချမ်း ရွှင်လန်းကြည်စွာ လှူဒါန်းကာဖြင့် လောဘ ဒေါသ မောဟကင်းကြောင်း ဆုတောင်းပတ္ထနာ ပြုသင့်ကြပါသည်။
ဦးတိလောကသာရ

Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

ထေရ၀ါဒနှင့် သုတေသနအမြင်

မြန်မာနိုင်ငံတွင်းသို့ ဗုဒ္ဓဘာသာ ရောက်ရှိပုံကို ရှေးဟောင်းသုတေသနနည်းဖြင့် လေ့လာကြရာ၌ ပျူခေတ်ကပင် ဗုဒ္ဓဘာသာ ရောက်ရှိနေသည်ကို တွေ့ကြရသည်။

ဤတွင် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်အခြေချသော လူမျိုးကြီးများကို အကျဉ်းချုပ် လေ့လာဖို့ လိုလာပြန်သည်။ မြန်မာနိုင်ငံအတွင်း နီဂရစ်တို အမျိုးအနွယ်များ အခြေချခဲ့ဖူးကြောင်း သမိုင်းသုတေသန အရ သိရပြီး ဖြစ်သည်။ ယင်းအနွယ်တို့ကို အရှေ့တောင်ပိုင်းဒေသ၌ မွန်တို့က ၀င်ရောက် တိုက်ခိုက်သဖြင့် ပျက်စီးခဲ့ကြောင်းကိုလည်း အထက်က ဆိုခဲ့ပြီ။ ထိုစစ်ပွဲများ ဖြစ်ပွားချိန်မှာ ဘီစီ ၃-ရာစုခန့်က ဖြစ်ပေသည်။

ထိုအချိန်မှာပင် မြန်မာပြည် အလယ်ပိုင်းဒေသ၌လည်း နီဂရစ်တိုတို့ လက်မှ နယ်မြေများကို ပျူလူမျိုးတို့က တိုက်ခိုက် သိမ်းပိုက်နေပြီဟု ပြောနိုင်ပေသည်။ သို့ဖြစ်လျှင် ပျူလူမျိုးတို့သည် မည်သည့်ကာလ က မြန်မာနိုင်ငံ တွင်းသို့ ၀င်ရောက်လာခဲ့ကြသနည်း။

ပျူလူမျိုးတို့သည် မြန်မာနိုင်ငံတွင်း၌ ဗိဿနိုးမြို့တော်ကို ၁-ရာစုတွင် တည်ဆောက်ခဲ့ ကြသည်။ ထိုအချိန်တွင် ယဉ်ကျေးမှု အဆင့်လည်း မြင့်မားနေပြီ ဖြစ်သည်။ ပျူတို့သည် ၁-ရာစု တွင် မြို့ပြနိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြသဖြင့် ထိုထက် စောသော ကာလကပင် မြန်မာ့မြေပေါ် သို့ ရောက်ရှိနေပြီဟု ပြောနိုင်သည်။ ပျူတို့ ၀င်ရောက်လာချိန်ကို ဘီစီ ၃-ရာစုဟု ခန့်မှန်းနိုင်သည်။

ဤခန့်မှန်းချက်ကို ထောက်ခံနိုင်သော အထောက်အထားများလည်း ရှိပါသည်။ ချင် မြို့စားကြီး၏ စစ်တပ်တို့သည် ချိအင်လူမျိုးတို့ကို ဘီစီ ၃၅၀-တွင် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ထိုအချိန်က လိုလိုအစုဝင်ဖြစ်သော ပျူလူမျိုးတို့သည် စစ်ဘေးအန္တရာယ် ကင်းရာသို့ ထွက်ပြေး တိမ်းရှောင်ကြရသည်။

ထိုစစ်ပြေးဒုက္ခသည်တို့သည် ဒေသအသီးသီးသို့ ပြေးရှောင်ကြသည်။ ထိုအထဲတွင် သံလွင်မြစ်ကြောင်းအတိုင်း လိုက်သူတို့သည် ယူနန်နယ် အနောက်ပိုင်း ရောက်သောအခါ တပိန်၊ ရွှေလီမြစ်ကြောင်းအတိုင်း လိုက်၍ စုန်ဆင်းခဲ့ကြသည်။ သူတို့သည် မြန်မာပြည် မြေပြန့်ဒေသ၌ အခြေချနေကြသည်။ ထိုလူမျိုးစုသည် အေဒီ ၁-ရာစုတွင် ဗိဿနိုးမြို့တော်ကို ထူထောင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
အရှင်ဧသိက

အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

သရေခေတ္တရာခေတ် ထေရ၀ါဒ

သရေခေတ္တရာခေတ်ကို တည်ထောင်သော ပျူလူမျိုးတို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ သရေခေတ္တရာခေတ်တွင် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် အတူ မဟာယာနဂိုဏ်းမှ ကိုးကွယ်မှု အထိမ်းအမှတ် ပစ္စည်းများကိုလည်း တွေ့ရှိကြရသည်။ သရေခေတ္တရာ ခင်ဘကုန်းမှ တူးဖော်ရရှိသော ရွှေပေချပ် ၂၀-တွင် အိန္ဒိယပြည်တောင် ပိုင်း ရှေးဟောင်း တေလဂူ ကနာဋိအက္ခရာဖြင့် ထေရ၀ါဒပိဋကတ်တော် ကောက်နုတ်ချက်များကို တွေ့ရှိရသည်။

ကန်ဝက်ခေါင်းကုန်းမှ ရရှိသော မဏိတော်အကျိုး ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၏ ပလ္လင် ပတ်လည် မျက်နှာလေးဖက်လုံး၌ ပျူ၊ သက္ကတတို့ဖြင့် မှတ်တမ်းရေးထားသည်ကို တွေ့ရ၏။ သရေခေတ္တရာမြို့ဟောင်းတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အခြားအထောက် အထား များစွာကိုလည်း တွေ့ရှိရသည်။ အထောက်အထား များစွာတို့မှာ ထေရ၀ါဒနှင့် ပတ်သက်သော အမှတ်အသားများက ပိုမိုနေ၏။ ထို့ကြောင့် သရေခေတ္တရာခေတ် ဗုဒ္ဓဘာသာမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ကြောင်း ခိုင်မာစွာ သိရှိကြရပေသည်။

သရေခေတ္တရာပျူတို့သည် ဗုဒ္ဓဘာသာ တရားတော် ထဲမှ အဘိဓမ္မာပိဋကတော်ကို ပို၍ အရေးထားကာ လေးစားခဲ့ကြသည်ဟု ဆိုနိုင်၏။ ဗုဒ္ဓဘုရား၏ ဒဿနဒေသနာတော်ကို အခြေပြုသည့် ယေဓမ္မာအစချီ ဂါထာမှာ ပျူလူမျိုးတို့ အကြိုက်ဆုံးဂါထာ ဖြစ်ဟန်တူသည်။ဤဂါထာကို ပျူနယ်မြေများ၌ မကြာခဏ တွေ့ကြရသည်။ ဂါထာမှာ ဤသို့ ဖြစ်၏။

ယေဓမ္မာ ဟေတုပ္ပဘ၀ါ
တေသံ ဟေတုံ တထာဂတော အာဟ
တေသဉ္စ ယော နိရောဓော
ဧ၀ံ ၀ါဒီ မဟာသမဏော။

(မြန်မာပြန်) ။ ။ အကြင် (ဒုက္ခ)တရားတို့သည် အကြောင်း(သမုဒယ)ကြောင့် ဖြစ်ကုန်၏။ ထို (ဒုက္ခ) တရားတို့၏ အကြောင်း (သမုဒယ) ဖြစ်သော တရားကိုလည်း ကောင်း၊ ထိုအကျိုး (ဒုက္ခ)၊ အကြောင်း (သမုဒယ) တရားတို့၏ ချုပ်ငြိမ်းရာ (နိရောဓ)၊ ချုပ်ငြိမ်းကြောင်း (မဂ္ဂ) တရားကိုလည်းကောင်း မြတ်စွာဘုရားသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့ အယူရှိပါ၏။ (ဆဋ္ဌသံဂါယနာမူ)
အရှင်ဧသိက

Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

Thursday, February 20, 2014

သခင်အောင်ဖေရေးဖွဲ့ပူဇော်သော ဆရာတော် ဦးဗုဓ်

၁၉၉၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး စာပေနဲ့နိုင်ငံရေးကို စိတ်ပါဝင်စားသူတွေ ကြိုက်နှစ်သက်ခဲ့ကြတဲ့ မိုး ဂျာနယ် ဆိုရင် သိရှိကြပါလိမ့်မယ်။ အဲဒီ မိုးဂျာနယ်ကို တည်ထောင်ထုတ်ဝေခဲ့သူ သခင်အောင်ဖေ ရေးသား ပူဇော်တဲ့ ဆရာတော်ဦးဗုဓ် အတ္ထုပတ္တိစာအုပ်ငယ်ထွက်ရှိလာခဲ့ပါတယ်။ သခင်အောင်ဖေက တော့ ၁၉၉၈ တုန်းက ကွယ်လွန်သွားခဲ့ပါပြီ။ မိုးဂျာနယ်နဲ့ အခြားရေးသားခဲ့တဲ့ စာအုပ်များတော့ ကျန်ရှိ ရစ်ခဲ့ပါတယ်။ သခင်အော်ဖေရဲ့ခေတ်ကာလပေါ်မှာ မြော်မြင်ရေးသားတဲ့ "ဒီလိုပြောချင်သည်"ဆိုတဲ့ စာ အုပ်ကလည်း သမိုင်းလေ့လာသူတွေ ဖတ်ရမှတ်ရတဲ့ စာအုပ်ဖြစ်ခဲ့တာ သတိတရပြောချင်မိပါတယ်။

ဆရာတော်ဦးဗုဓ်ဆိုရင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အကြောင်းချင်းရာမသိတဲ့လူတောင်မှ ဘွဲ့တော်ကို ကြားဖူးသလို ဉာဏ်ပညာကြီးသူအဖြစ် သိကြပါတယ်။ မောင်းထောင်ဆရာတော်၊ မာန်လယ်ဆရာ တော်၊ လယ်တီ ဆရာတော်တို့ ဘွဲ့တော်နာမည်ထင်ရှားသလို ဆရာတော်ဦးဗုဓ် အဲသည်နည်းတူ ထင်ရှား ကျော်ကြား ပါတယ်။ အထူးသဖြင့် မြန်မာရာဇဝင်မှာ ထင်ရှားခဲ့တဲ့ နန်းမတော်မယ်နုကို ဝဋ်ကြွေးရှိရင် ဆပ်ရမယ်လို့ မိန့်မှာဖူးတာကြောင့် အရပ်ထဲဇာတ်ထဲထိ ဒီစကားနဲ့စပ်လျဉ်းတိုင်း သတိရကြတဲ့ ဆရာတော် လို့ ဆိုနိုင်ပါတယ်။

ဆရာတော်ဦးဗုဓ်က အထက်ဗဒုံ(အလုံ)ကျေးလက်ညောင်ကန် ရွာသာခေါင်အရပ်မှာ ယာပိုင်ရှင်ဦးအို၊ ဒေါ်မွှေး တို့က ၁၁၄၉ ခုနှစ် နယုန်လပြည့်ကျော် ၅ ရက် အင်္ဂါနေ့မှာ ဖွားမြင်ပါတယ်။ လငပုပ်ဖမ်းချိန်မှာ မွေးလို့ မောင်ပုပ်လို့မှည့်ခေါ်ပေမယ့် လက်ဦးဆရာ ဆရာတော် ဦးသာပုံက ဗုဓသဒ္ဒါကိုထောက်ထားပြီး မောင်ဗုဓ်လို့အမည်ပေးပါတယ်။ ထူးခြားတာက ညောင်ကန်သာသနာဝင်ကျမ်းကို လေ့လာရင်း ဘွဲ့ တော်အမည်ထက် ငယ်နာမည်(လူအမည်)နဲ့သာ ထင်ရှားတာကို တွေ့ရပါတယ်။

ဆရာတော်ဦးသာပုံ၊ ဆရာတော်ဦးသူ၊ ဆရာတော်ဦးစသဖြင့် တွင်သွားကြပါတယ်။ ဆရာတော် ဦးဗုဓ် ရဲ့ဘွဲ့တော်က ရှင်ဇမ္ဗူဓဇဖြစ်ပေမယ့် တစ်လျှောက်လုံးဆရာတော်ဦးဗုဓ်အမည်နဲ့သာ ထင်ရှားပါတယ်။ ငယ်ဆရာ ဦးသာပုံက တပည့်ရဲ့ဉာဏ်ရည်သွေးကို အထူးအားရတာနဲ့ ပညာအရာမှာ သာလွန်တဲ့ ဆရာ တော်ဦးပိုး ထံကို "သင့်ရာအပ်ပို့ ဆရာတို့"ဝတ္တရားအတိုင်း ပညာသင်ကြားစေခဲ့ပါတယ်။ ဆရာတော်ဦးပိုးက နှယ် နှယ်ရရမဟုတ်ပါဘူး။ ကုန်းဘောင်ခေတ်သာသနာဝင်မှာ ထိပ်တန်းအာဇာနည် ရဲရဲတောက်များဖြစ်ကြ တဲ့ ဆရာတော်ဦးသူ၊ ဆရာတော်ဦးကျီးညိုတို့ကို မွေးထုတ်ပေးခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။

အဲသည်ဆရာတော်ဦးပိုးကို ဘကြီးတော်ဘုရားက နေပြည်တော်ကိုပင့်ဆောင်ကိုးကွယ်ချိန်မှာ ဦးဗုဓ်က ၁၃ ဝါရနေပါပြီ။ ဥဘတောဝိဘင်းကို ပြန်ဆိုပြီးဖြစ်လို့ ညောင်ကန်ဂိုဏ်းအုပ်အဖြစ် တာဝန်ယူလိုက်ရပါ သည်။ သက်တော် ၃၃ နှစ်သာရှိပါသေးတယ်။ ရဟန်းသံဃာ ၁၀၀ ကျော်ကို စာပေပို့ချပေးတာ ကိုးနှစ် ကျော် ၁၀ နှစ်တွင်းရှိပါပြီ။ အဲသည်မှာ ဆရာတော် ဦးပိုးပျံလွန်တော်မူလို့ ညောင်ကန်သာသနာမှာ ပြဿနာ ပေါ်လာပါတယ်။

ဆရာတော်ဦးပိုးက အင်းဝနေပြည်တော်က မဟာအောင်မြေဘုံစံအုပ်ကျောင်းကြီးမှာ ကျောင်းထိုင်ခဲ့ရ တာ ပါ။ အုတ်ကျောင်းကြီးရဲ့ဒါယိကာမက ဘကြီးတော်မင်းရဲ့မိဖုရားခေါင်ကြီး မယ်နုဖြစ်ပါတယ်။ သူ့ ခေတ်က မန်ကျည်းရွက်နုနုမခေါ်ရဘဲ မန်ကျည်းရွက်ထွတ်ထွတ်လို့ ခေါ်စေသူပါ။ ငါ့ထက်သာသူမရှိစေ ရဆိုတဲ့ မယ်နုပါ။ သူလှူဒါန်းတဲ့ကျောင်းမဟာ အုတ်ကျောင်းမှာ ကျောင်းထိုင်ဖို့ တော်ရုံပညာစွမ်းနဲ့မဖြစ် လောက် ပါဘူး။

ဘယ်ဆရာတော်သင့်မသင့် စူးစမ်းမေးမြန်းတာတွေ ရှိနေချိန်မှာပဲ "မိုးကြီးချုပ်လို့ ဘုတ် ကြီးမည်၊ သာသနာ ဓါယမာတစ်ဖန်ထုတ်ဖို့ရန်၊ ရွှေအုတ်မယ့်ဆံထုံး၊နားလှည့်ပါဦး"ဆိုတဲ့ တဘောင်ပေါ်လာပါတယ်။ အမတ်ကြီး ပေါ်ဦးက တဘောင်သီချင်းအရ ဆရာတော်ဦးဗုဓ်ကိုပင့်ဖို့ပဲ လျှောက်ပါ တယ်။ သို့ပေမယ့် ဒီလောက် အလွယ်တကူ မဟုတ်ပါဘူး။ ဆရာတော်ဦးပိုးနေရာမှာ ကျောင်းထိုင်သူ ဟာ ဦးပိုးလို စာပေကျမ်းဂန် တတ်မြောက်ရမှာမို့ သုဓ္ဓမာဇရပ်မှာ ၇ ရက်ပတ်လုံးအမေးခံပြီးမှ ကျောင်း နဲ့သင့်လျော် မသင့်လျော် ဆုံးဖြတ်ရမှာပါ။

ဆရာတော်ဦးဗုဓ်ရဲ့ငယ်ဖော် ဦးဉာဏ်က ကျောင်းထိုင်ဖို့ပြောတာကို "ကိုဉာဏ်၊ မင်းဆရာလုပ်ရတာ စာ ကြည့်ပျက်တယ်။ ကိစ္စလည်းများတယ်။ မလုပ်လိုဘူး"လို့ ငြင်းပါတယ်။ သို့ပေမယ့် ပညာသင်ဆရာ တော်ရင်းဦးပိုးရဲ့တပည့်အများနဲ့ သီတင်းသုံးဖော်တွေ ကွဲပြားပျက်စီးမယ်၊ ငဲ့ညှာသီးခံပြီးနေပါ၊ ကိုယ့်စာ ကိုယ်ကြည့်ပြီး နေနိုင်ပါတယ်လို့ လျှောက်မှ လက်ခံပါတယ်။

သုဓ္ဓမာဆရာတော်ကြီးများက ဦးဗုဓ်ကို ပိဋိကတ်တော်ထဲက အလွတ်တရာခဲရာခဲဆစ်တွေကို မေးပါ တယ်။ ဦးဗုဓ်က ဒိုးဒိုးဒေါက်ဒေါက်ဖြေဆိုတာချည်းပါ။ ၅ ရက်မြောက်မှာ ဆရာတော်ကြီးများလည်း မေးစရာ မရှိတော့တဲ့အချိန်မှာ "ကိုဉာဏ် ငါးရက်ပတ်လုံးမေးတာ မဖြေနိုင်တာမရှိ၊ တပည့်တော်ကများ ပြန် မေးရရင် ဘယ်လိုနေကြလိမ့်မသိ"ဆိုတော့ အကင်းပါးတဲ့ မူးကြီးမတ်ကြီးများက သဘင်ကို ရုပ်သိမ်း လိုက်ရ ပါတယ်။

ကြားဖူးသိဖူးပြီးသားကို ထပ်ပြောချင်ပါတယ်။ ကြားဖူးသိဖူးပေမယ့် ဒါမျိုးပြောရတာ တယ်အရသာရှိ တယ်။ ဆရာတော်ဦးဗုဓ်ကို ရာဇဂုရုဘွဲ့တော်ဆက်ကပ်ပြီး ဘုရင်နဲ့မိဖုရားသီလခံတော့ ဆရာတော်က နှုတ်ပိတ် နေတယ်။ ဆရာတော်ဦးသူက "ကိုဗုဓ်တို့က လုပ်ကရော့မဗျ၊ အခုမှစခါရှိသေး၊ ဘာအလိုမကျ တယ် မသိဘူး၊ ဖွင့်ဟပြောမှပေါ့" လို့ဆိုပါတယ်။

ဦးဗုဓ်က "ရှိခိုးတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတိ ဋ္ဌိတလို့ဆိုတယ်"။ သီလခံတဲ့ဘုရင်က ထိခြင်း ငါးပါးနဲ့ မညီဘဲ တံတောင်ဆစ်အောက်မှာ ကတ္တီပါခေါင်း အုံးခံထားတာကိုး။ ထိခြင်းငါးပါးက တံတောင်ဆစ် ၂၊ ဒူးဆစ်၂ နဲ့ နဖူးတို့ကြမ်းနဲ့ထိရပါတယ်။ အကင်း ပါးတဲ့မိဖုရားက ခေါင်းအုံးကိုဆွဲဖယ်လိုက်မှ သီလပေး ပါတော့တယ်။

သာသနာတာဝန်တစ်ခုတည်းသာ ထမ်းဆောင်တော်မူလိုတာမို့ လောကီရေးတွေကင်းပါတယ်။ ဘယ် လောက်ကင်းသလဲဆိုတော့ စာကြည့်ကျမ်းပြုရာမှ အထိအခိုက်မခံနိုင်လို့ ဘုရင်နဲ့မိဖုရားတောင် သိပ် ဂရုမထားပါဘူး။ နန်းမတော်ကတော့ ကျောင်းအမအနေနဲ့ ရင်းနှီးလိုပါလိမ့်မယ်။ ဒါကြောင့် စကားစရှာ ပြီး ပြောရပါတယ်။ ဘုရင်ကလည်း ဆရာတော်ကို ရွံ့ပါတယ်။ ဘုရင်က ဆရာတော်ကို ဖူးမျှော်ဖို့လာ တော့ ရှေ့တော်ပြေးများက ပျာယီပျာယာနဲ့ မင်းတြားကြီးကြွချီလာပါပြီလို့ လျှောက်တော့ "နင်တို့ရှင် ဘုရင်လာတာ ငါက အာဂန္တုက ဝတ်ပြုရဦးမှာလား"လို့ ငေါက်တာနဲ့ဝေးဝေးက ဦးချပြီးပြန်ရပါတယ်။

နန်းမတော်က နေ့စဉ်ဆွမ်းအုပ်ပို့ပြီး သီတင်းနေ့တိုင်း ဥပုသ်စောင့်ပါတယ်။ တစ်နေ့မှာ "ဘုရားတပည့် တော်မအား ငါးပါးသီလပေးသနားပါ"လို့ လျှောက်တော့ စာကြည့်ကျမ်းပြုနေရာကနေ "ကိုယ့်ဘာသာ ကိုယ်ဆိုပြီး ဆောက်တည်သွား"လို့ မိန့်ပါတယ်။ စာဖတ်ရင်းနဲ့ ရေမြေသနင်းပြည့်ရှင်မင်းကိုတောင် တရားပြည့်ပေတယ်။ ပညာရှင်ကို အလေးထားပေတယ်လို့ အားကျမိတော့တယ်။ တရားမပြည့်တဲ့ ဘုရင် မာနခဲ ဆိုရင် ဘယ်ရလိမ့်မလဲ။

ဆရာတော့်မှာ အဓိကကျနေတာကဖြင့် သာသနာတော်အရေးတစ်ခုထဲပါပဲ။ ပညာအရာမှာ ပြည့်သည် ထက် ပြည့်အောင်ဖြည့်တယ်။ ကျမ်းဂန်တွေ တစ်ခုပြီးတစ်ခုပြုစုတယ်။ ပိဋကတ်မှာ ခဲရာခဲဆစ်ဖြစ်တဲ့ ပါဋိတော်များကို သုတွေသီများအတွက် နိဿယကျမ်းပေါင်း ၆၀ ကျော် ပြုစုသွားတယ်လို့ ဆိုပါတယ်။ ဒါက ရှာဖွေတွေ့ရှိသမျှပါ။ ကြွင်းကျန်သည်များရှိပေဦးမယ်လို့ ပညာရှင်များအယူရှိပါတယ်။ ဆရာတော် ဦးဗုဓ်ရဲ့သမာဓိဂုဏ်ကျေးဇူးတော်များအကြောင်း ညောင်ကန်သာသနာဝင်ကျမ်းများမှာ အတော်ပြည့်စုံ အောင်ရှိပါတယ်။ လယ်တီဆရာတော်လို့ဆိုလိုက်ရင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် သုံးပါးစုံမှာ မီးဟုန်းဟုန်းတောက်မျှဖြစ်ကြောင်း ပညာရှိများက သိကြပါတယ်။ အဲသလောက်ကြီးမားတဲ့ လယ်တီ ဆရာတော်ကြီးက ညောင်ကန်ရွာရောက်တဲ့အခါမှာ ဆရာတော်ဦးဗုဓ် သီတင်းသုံးခဲ့တဲ့ကျောင်းတိုက်နဲ့ နေရာကို လက်အုပ်ချီမိုးပြီး ရှိခိုးပါတယ်။ ဆရာတော်ဦးဗုဓ် ကျေးဇူးတော်ကြောင့် တတ်သိလိမ္မာရပေ တယ်လို့ မိန့်ကြားခဲ့ပါတယ်။

အင်းဝနေပြည်တော်ဟောင်းမှာရှိတဲ့ အုတ်ကျောင်းကြီးဟာ ဘယ်လိုထုထည်နဲ့ ဘယ်လောက်ကောင်း အောင် တည်ခဲ့တယ်မဆိုနိုင်ဘူး။ ဒီနေ့ထိတောင် ခန့်ထည်နေတုန်းပဲ။ မိဖုရားကြီး နန်းမတော်မယ်နု လှူ ဒါန်းတာဆိုတော့လည်း ထိပ်ဆုံးကဒိတ်ပေါ့။ မိန်းမသားဖြစ်ပေတော့ ဘယ်လောက်ကုန်ကုန်ကျတယ် လည်း ပြောချင်ရှာထင်ရဲ့၊ ဆရာတော်ကို လျှောက်ပါတယ်။

"တပည့်တော်မသည် ဤအုတ်ကျောင်းကြီးကို သုံးသိန်းကျော်မျှ အကုန်ကျခံကာ ဆောက်လုပ်လှူပါ သည်။ ဖလံခုံရွာမှလည်း တစ်သိန်းကျော်တန် လှူဒါန်းပါသည်။ နေ့စဉ်လည်း ပစ္စည်းလေးပါးလှူပါ သည်။ ဤသို့ လှူဒါန်းရသည့်အကျိုးတရားကို ဟောပြောတော်မူပါ" လို့ လျှောက်ပါတယ်။

ဆရာတော်က ကျောင်းအစ်မကို ဖလားနဲ့ရေအပြည့်ခပ်ခိုင်းပါတယ်။ တစ်ခါခွက်ထဲက ရေမကျန်အောင် သွန်ခိုင်းပါတယ်။ ပြီးမှ "သွန်ပစ်လိုက်သောရေသည် လှူ၍ကုန်သောပစ္စည်းနှင့်တူ၏။ ဖလားမှာကပ်၍ ကျန်သောရေသည် အကျိုးရတာနှင့်တူ၏"လို့ မိန့်ပါတယ်။ အဲတာကိုတောင် တောင်ဘီလူးဆရာတော် က "ဦးဗုဓ်နှယ် တယ်မျက်နှာလိုက်သကိုး"လို့ ဆိုပါသေးတယ်။ သုံးသိန်းကုန်တို့ တစ်သိန်းကုန်တို့ဆို တာ ရုပ်ဝတ္တုကိုပြောပြီး မဏ္ဍပ်တိုင်တက်တာ၊ ဒါနဆိုတာ စိတ်စေတနာအရ အကျိုးပေးတာမို့ တောင် ဘီလူးဆရာတော် မိန့်တာဖြစ်တယ်။

နန်းမတော်မယ်နုနဲ့ စလင်းမင်းသားကြီးမောင်ဘိုတို့ အရှုပ်တော်ပုံကြောင့် ကွက်မြက်ခံရခါနီးမှာ တပည့် တော်မ အဆုံးစီရင်ခံရပါတော့်မယ်။ နောက်ဆုံးဖူးမျှော်ခြင်းပါလို့လျှောက်တော့ "မိနု... သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်"လို့ မိန့်ပါတယ်။ မယ်နုက ဒီတစ်ခါ ဆရာတော်က သူ့ကို စကားလည်းပြောတယ်။ တရားလည်းဟောတယ်။ သေပျော်ပြီလို့ ဆိုပါသတဲ့။ ဆရာတော်က ထိထိမိမိနဲ့ အရေးရောက်တာကိုပဲ ပြောလေ့ရှိပုံရပါရဲ့။

ဆရာတော်ဦးဗုဓ်ရဲ့ တိုရှင်းစကားကို ပြန်ပြောင်းအောက်မေ့ကြရာမှာ အဓိကမှတ်မိကြတာလေးကို ပြောချင်ပါသေးတယ်။ ဆရာတော်ကို အုတ်ကျောင်းကြီးလှူရာမှာ သီလပေးရေစက်ချပြီးတော့ ဘုရင် မင်းမြတ်က တရားဓမ္မဟောကြားပါလို့ လျှောက်ပါတယ်။ ဆရာတော်ဖြေတာကလည်း သမိုင်းတွင် အောင် ထိမိပါတယ်။ မင်းဆိုတာ သင်္ဂဟတရားလေးပါ။ မင်းကျင့်တရားဆယ်ပါးနဲ့ အညီကျင့်ရတာမို့ ဆရာတော် ဦးဗုဓ်က "မင်းနှင့်တူအောင်ကျင့်က ငါတို့ဆုံးမသြဝါဒပေးရန်မလို။ မင်းနှင့်တူအောင်မကျင့်က၊ ငါနှင့်မဆိုင် အဝီစိနဲ့သာဆိုင်တယ်"လို့ မိန့်ပါတယ်။

လင်းထင်

Credit to> အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

ဦးဆင်နှင့် အရဟံ


ပထမဆုံး ဘာကိုသွားသတိရလဲ ဆိုရင်တော့ မစိုးရိမ် ဆရာတော် ဘုရားကြီးနဲ့ အရဟံ ဦးဆင်အကြောင်းပါ။

မန္တလေးမြို့ မစိုးရိမ် ကျောင်း တိုက်မှာ ဝါဆိုကထိန် အလှူလုပ်ပြီဆို ရင် မတ္တရာဘက်က “မောင်ဆင်”ဆိုတဲ့ တပည့်လေး တစ်ယောက် ရောက်ရောက် လာပါတယ်။ မောင်ဆင်က အလုပ်ကြမ်း တွေဖြစ်တဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန် ဆေးတာ စတဲ့ ဝေယျာဝစ္စတွေကို အင်္ကျီ ချိုင်းပြတ်နဲ့ လုပ်ပေးပါတယ်။ မောင်ဆင် က ငွေရေးကြေးရေး အရလည်း အတော် ဆင်းရဲပါတယ်။ မစိုးရိမ် ဆရာတော် ဘုရားကြီးက ဆင်းရဲပြီး အလုပ်ကြမ်းတွေ လုပ်နေရတဲ့ မောင်ဆင်ကို သနားပြီး တော့ "မောင်ဆင်ရယ်... မင်း အရဟံ ဂုဏ်တော်ကို ပုတီးစိပ်စမ်းပါ၊ ပွားစမ်း ပါ"လို့ မိန့်ပါတယ်။ မောင်ဆင်ကလည်း "မှန်ပါ့ဘုရား။ ဆရာတော် မိန့်မှာတဲ့ အတိုင်း စိပ်ပါမယ်၊ ပွားပါမယ်"လို့ ပြန်လျှောက်ပါတယ်။ ဆရာတော်ဘုရားကြီး ကလည်း အရဟံဂုဏ်တော်ကို ပွားပုံ၊ စိပ်ပုံ သေချာ သင်ပေးလိုက်ပါတယ်။

မောင်ဆင်လည်း ရွာပြန် ရောက် တဲ့အခါမှာ တစ်ချိန်လုံး အရဟံဂုဏ်တော်ကို ပွားနေပါတယ်။ ဒီအတိုင်းထိုင်ပြီး ပွားရုံတင် မကပါဘူး။ ထင်းခွဲတဲ့အခါ၊ ရေခပ်တဲ့အခါ၊ လွှဆွဲတဲ့အခါတွေမှာ လည်း အလုပ်လုပ်ရင်း ပွားနေပါတယ်။

ဒီလိုနဲ့ နောက်နှစ် ကထိန်ပွဲရောက် တော့ မောင်ဆင် မစိုးရိမ်ကျောင်းတိုက် ကို ပြန်ရောက်လာပြန်ပါတယ်။ လုပ်နေ ကျအတိုင်း အင်္ကျီချိုင်းပြတ်နဲ့ ထင်းခွဲ တာ၊ ရေခပ်တာ၊ ပန်းကန်ဆေးတာ စတဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြန်ပါတယ်။ ဒီတော့ မစိုးရိမ် ဆရာတော်ဘုရားကြီးက "မောင်ဆင်... ဒီကိုလာပါဦး၊ မင်း အရဟံ ဂုဏ်တော် ပွားရဲ့လား"လို့ မေးပါတယ်။ မောင်ဆင်ကလည်း "ပွားပါတယ်ဘုရား" လို့ ပြန်လျှောက်ပါတယ်။ "ကဲ... ရှေ့တိုးစမ်း" ဆိုပြီး မောင်ဆင်ရဲ့ ကျောကို ဖြန်း ခနဲ ရိုက်ချလိုက်ပါတယ်။ မောင်ဆင်က "အောင်မလေးဗျ" ဆိုပြီး ထအော်ပါ သတဲ့။ ဒါနဲ့ ဆရာတော်ဘုရားကြီးက "အေးအေး... အရဟံ ဂုဏ်တော်ကို ဆက်ပွားဦး"လို့ မိန့်ပါတယ်။ အလှူပွဲပြီး တော့ မောင်ဆင်လည်း ရွာပြန်သွားပါ တယ်။ ရွာရောက်တော့ ဆရာတော်မိန့်တဲ့ အတိုင်း အရဟံဂုဏ်တော်ကို သွား ရင်း၊ လာရင်း၊ အလုပ်လုပ်ရင်းမှာ ဆက် ပွားနေပါတယ်။

နောက်နှစ် ကထိန်အလှူရောက် တော့ ဆရာတော်ဘုရားကြီးက "မောင်ဆင် ... မင်း အရဟံ ဂုဏ်တော် ပွားရဲ့လား" လို့ ထပ်မေးပါတယ်။ "ပွားပါတယ်"လို့ ပြန်လျှောက်ပါတယ်။ "ကဲ... ရှေ့တိုးစမ်း" ဆိုပြီး ကျောကို ဖြန်းခနဲ ရိုက်ချလိုက် ပြန်ပါတယ်။ မောင်ဆင်ကလည်း "အောင် မလေးဗျ" လို့ ထအော်လိုက်ပါတယ်။ ဆရာတော်ဘုရားကြီးက "ကဲ... မင်း အရဟံဂုဏ်တော်ကို ဆက်ပွားဦး" လို့ မိန့်ပါတယ်။

တတိယနှစ် ရောက်လာတော့ မောင်ဆင်ရောက်လာပြန်ပါတယ်။ ဆရာ တော် ဘုရားကြီးကလည်း ထုံးစံအတိုင်း မောင်ဆင့်ကျောကို ဖြန်းခနဲ ရိုက်ပြန်ပါ တယ်။ အဲဒီအခါမှာတော့ မောင်ဆင်က "အရဟံ၊ အရဟံ" ဆိုပြီး ထအော်ပါ သတဲ့။ ဆရာတော်ဘုရားကြီးကလည်း "ကဲ ဆက်ပွားပေတော့၊ မင်း အကျိုးပေး တော့မယ်"လို့ မိန့်ကြားလိုက်ပါတယ်။

အဲဒီအချိန်မှာ အိန္ဒိယလူမျိုးတွေ အိန္ဒိယနိုင်ငံကို ပြန်နေတဲ့ အချိန်ပါ။ မတ္တရာမြို့မှာ ရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယ အမျိုးသား တစ်ယောက်က ဆင်းရဲပြီး ရိုးသားတဲ့ မောင်ဆင်ကို ဆန်စက်ကြီးကို ထိန်းသိမ်း စောင့်ရှောက်ထားဖို့ ခဏအပ် ခဲ့ပါတယ်။

ဒီလိုနဲ့ အချိန်တစ်ခုကြာတော့ အိန္ဒိယ က စာတစ်စောင်ရောက်လာပါတယ်။ စာထဲမှာ "မောင်ဆင်ရေ... ကျွန်တော် တော့ မြန်မာပြည်ကို ပြန်မလာနိုင်တော့ ပါဘူး။ အဲဒါကြောင့် ဆန်စက်ကြီးကို မောင်ဆင်ပဲ ယူလိုက်ပါတော့" လို့ ပေး လိုက်ပါတော့တယ်။ နေ့ချင်းညချင်း ဆန်စက်ပိုင်ရှင် ဖြစ်သွားတဲ့ မောင်ဆင်ကို မတ္တရာတစ်ဝိုက် မှာ အရဟံ ဦးဆင်လို့ ခေါ်ကြပါသတဲ့။ ဆရာသမားတွေ ပြောခဲ့တဲ့ ပါးစပ်သမိုင်း တစ်ခုပါ။

ဒီသာဓကလေးကို ထောက်ပြီး ဘာကို သိနိုင်မလဲ ဆိုတော့ “ခုပျိုးကြဲ ခုဆန်ဖြစ်” ဆိုတဲ့ ပုံစံမျိုးတော့ ဖြစ်မလာ နိုင်ဘူး ဆိုတာကိုပါ။ ကိုယ်ပွားမယ့် ဘာဝနာ တစ်ခုကို အရဟံ ဦးဆင်လို “အရဟံ” လို့ အော်ပြီး ယောင်ရလောက်အောင် ထုံထားရမှာပါ။ ဒီနေရာမှာ အရဟံ ဦးဆင် ဆန်စက်ကြီး ရသွားတာထက် မစိုးရိမ် ဆရာတော်ဘုရားကြီး ကျောပုတ် လိုက်တဲ့အခါ အရဟံလို့ ထယောင်လိုက် တာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသလို အတုယူဖို့လည်း ကောင်းတာပါ။

ပဋ္ဌာန်းအာသေဝနပစ္စည်းအရ ထုံထားရင် စွဲနေတတ်ပါတယ်။ နည်းနည်း ထုံရင် နည်းနည်းစွဲပါတယ်။ များများ ထုံထားရင် များများစွဲ နေတတ်ပါတယ်။ ဒီဘဝထုံထားရင် နောက်ဘဝတွေလည်း ဆက်ထုံနေဦးမှာပါ။ နောက်ဘဝတွေ ဆက်ထုံနေရင် ကောင်းကျိုးချမ်းသာ တွေလည်း နောက်ဘဝအထိ ဆက်ဖြစ်နေ ဦးမှာပါ။

နံပါတ်(၂)အကျိုးကတော့ ”အရဟံ ဂုဏ်တော် ပွားများထုံ ဘေးရန်အကုန်လုံ ပါသည်”တဲ့။ ဘေးရန်လုံတဲ့ ဇာတ်ဝတ္ထုတွေက တော့ အများကြီးရှိနေတဲ့အတွက် ဒီမှာ ရေးမပြတော့ပါဘူး။
ရဝေနွယ်(အင်းမ)