သခင်အောင်ဖေရေးဖွဲ့ပူဇော်သော ဆရာတော် ဦးဗုဓ်
၁၉၉၁ ခုနှစ်မှာ
စတင်ထွက်ရှိခဲ့ပြီး စာပေနဲ့နိုင်ငံရေးကို စိတ်ပါဝင်စားသူတွေ
ကြိုက်နှစ်သက်ခဲ့ကြတဲ့ မိုး ဂျာနယ် ဆိုရင် သိရှိကြပါလိမ့်မယ်။ အဲဒီ
မိုးဂျာနယ်ကို တည်ထောင်ထုတ်ဝေခဲ့သူ သခင်အောင်ဖေ ရေးသား ပူဇော်တဲ့
ဆရာတော်ဦးဗုဓ် အတ္ထုပတ္တိစာအုပ်ငယ်ထွက်ရှိလာခဲ့ပါတယ်။ သခင်အောင်ဖေက တော့ ၁၉၉၈ တုန်းက ကွယ်လွန်သွားခဲ့ပါပြီ။ မိုးဂျာနယ်နဲ့ အခြားရေးသားခဲ့တဲ့ စာအုပ်များတော့ ကျန်ရှိ
ရစ်ခဲ့ပါတယ်။ သခင်အော်ဖေရဲ့ခေတ်ကာလပေါ်မှာ မြော်မြင်ရေးသားတဲ့
"ဒီလိုပြောချင်သည်"ဆိုတဲ့ စာ အုပ်ကလည်း သမိုင်းလေ့လာသူတွေ ဖတ်ရမှတ်ရတဲ့
စာအုပ်ဖြစ်ခဲ့တာ သတိတရပြောချင်မိပါတယ်။
ဆရာတော်ဦးဗုဓ်ဆိုရင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အကြောင်းချင်းရာမသိတဲ့လူတောင်မှ
ဘွဲ့တော်ကို ကြားဖူးသလို ဉာဏ်ပညာကြီးသူအဖြစ် သိကြပါတယ်။
မောင်းထောင်ဆရာတော်၊ မာန်လယ်ဆရာ တော်၊ လယ်တီ ဆရာတော်တို့
ဘွဲ့တော်နာမည်ထင်ရှားသလို ဆရာတော်ဦးဗုဓ် အဲသည်နည်းတူ ထင်ရှား ကျော်ကြား
ပါတယ်။ အထူးသဖြင့် မြန်မာရာဇဝင်မှာ ထင်ရှားခဲ့တဲ့ နန်းမတော်မယ်နုကို
ဝဋ်ကြွေးရှိရင် ဆပ်ရမယ်လို့ မိန့်မှာဖူးတာကြောင့် အရပ်ထဲဇာတ်ထဲထိ
ဒီစကားနဲ့စပ်လျဉ်းတိုင်း သတိရကြတဲ့ ဆရာတော် လို့ ဆိုနိုင်ပါတယ်။
ဆရာတော်ဦးဗုဓ်က အထက်ဗဒုံ(အလုံ)ကျေးလက်ညောင်ကန် ရွာသာခေါင်အရပ်မှာ
ယာပိုင်ရှင်ဦးအို၊ ဒေါ်မွှေး တို့က ၁၁၄၉ ခုနှစ် နယုန်လပြည့်ကျော် ၅ ရက်
အင်္ဂါနေ့မှာ ဖွားမြင်ပါတယ်။ လငပုပ်ဖမ်းချိန်မှာ မွေးလို့
မောင်ပုပ်လို့မှည့်ခေါ်ပေမယ့် လက်ဦးဆရာ ဆရာတော် ဦးသာပုံက
ဗုဓသဒ္ဒါကိုထောက်ထားပြီး မောင်ဗုဓ်လို့အမည်ပေးပါတယ်။ ထူးခြားတာက
ညောင်ကန်သာသနာဝင်ကျမ်းကို လေ့လာရင်း ဘွဲ့ တော်အမည်ထက်
ငယ်နာမည်(လူအမည်)နဲ့သာ ထင်ရှားတာကို တွေ့ရပါတယ်။
ဆရာတော်ဦးသာပုံ၊ ဆရာတော်ဦးသူ၊ ဆရာတော်ဦးစသဖြင့် တွင်သွားကြပါတယ်။
ဆရာတော် ဦးဗုဓ် ရဲ့ဘွဲ့တော်က ရှင်ဇမ္ဗူဓဇဖြစ်ပေမယ့်
တစ်လျှောက်လုံးဆရာတော်ဦးဗုဓ်အမည်နဲ့သာ
ထင်ရှားပါတယ်။ ငယ်ဆရာ ဦးသာပုံက တပည့်ရဲ့ဉာဏ်ရည်သွေးကို အထူးအားရတာနဲ့
ပညာအရာမှာ သာလွန်တဲ့ ဆရာ တော်ဦးပိုး ထံကို "သင့်ရာအပ်ပို့
ဆရာတို့"ဝတ္တရားအတိုင်း ပညာသင်ကြားစေခဲ့ပါတယ်။ ဆရာတော်ဦးပိုးက နှယ်
နှယ်ရရမဟုတ်ပါဘူး။ ကုန်းဘောင်ခေတ်သာသနာဝင်မှာ ထိပ်တန်းအာဇာနည်
ရဲရဲတောက်များဖြစ်ကြ တဲ့ ဆရာတော်ဦးသူ၊ ဆရာတော်ဦးကျီးညိုတို့ကို
မွေးထုတ်ပေးခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။
အဲသည်ဆရာတော်ဦးပိုးကို ဘကြီးတော်ဘုရားက နေပြည်တော်ကိုပင့်ဆောင်ကိုးကွယ်ချိန်မှာ
ဦးဗုဓ်က ၁၃ ဝါရနေပါပြီ။ ဥဘတောဝိဘင်းကို ပြန်ဆိုပြီးဖြစ်လို့
ညောင်ကန်ဂိုဏ်းအုပ်အဖြစ် တာဝန်ယူလိုက်ရပါ သည်။ သက်တော် ၃၃
နှစ်သာရှိပါသေးတယ်။ ရဟန်းသံဃာ ၁၀၀ ကျော်ကို စာပေပို့ချပေးတာ ကိုးနှစ် ကျော်
၁၀ နှစ်တွင်းရှိပါပြီ။ အဲသည်မှာ ဆရာတော် ဦးပိုးပျံလွန်တော်မူလို့
ညောင်ကန်သာသနာမှာ ပြဿနာ ပေါ်လာပါတယ်။
ဆရာတော်ဦးပိုးက အင်းဝနေပြည်တော်က မဟာအောင်မြေဘုံစံအုပ်ကျောင်းကြီးမှာ ကျောင်းထိုင်ခဲ့ရ တာ ပါ။ အုတ်ကျောင်းကြီးရဲ့ဒါယိကာမက ဘကြီးတော်မင်းရဲ့မိဖုရားခေါင်ကြီး
မယ်နုဖြစ်ပါတယ်။ သူ့ ခေတ်က မန်ကျည်းရွက်နုနုမခေါ်ရဘဲ
မန်ကျည်းရွက်ထွတ်ထွတ်လို့ ခေါ်စေသူပါ။ ငါ့ထက်သာသူမရှိစေ ရဆိုတဲ့ မယ်နုပါ။
သူလှူဒါန်းတဲ့ကျောင်းမဟာ အုတ်ကျောင်းမှာ ကျောင်းထိုင်ဖို့
တော်ရုံပညာစွမ်းနဲ့မဖြစ် လောက် ပါဘူး။
ဘယ်ဆရာတော်သင့်မသင့် စူးစမ်းမေးမြန်းတာတွေ ရှိနေချိန်မှာပဲ
"မိုးကြီးချုပ်လို့ ဘုတ် ကြီးမည်၊ သာသနာ ဓါယမာတစ်ဖန်ထုတ်ဖို့ရန်၊
ရွှေအုတ်မယ့်ဆံထုံး၊နားလှည့်ပါဦး"ဆိုတဲ့
တဘောင်ပေါ်လာပါတယ်။ အမတ်ကြီး ပေါ်ဦးက တဘောင်သီချင်းအရ
ဆရာတော်ဦးဗုဓ်ကိုပင့်ဖို့ပဲ လျှောက်ပါ တယ်။ သို့ပေမယ့် ဒီလောက် အလွယ်တကူ
မဟုတ်ပါဘူး။ ဆရာတော်ဦးပိုးနေရာမှာ ကျောင်းထိုင်သူ ဟာ ဦးပိုးလို
စာပေကျမ်းဂန် တတ်မြောက်ရမှာမို့ သုဓ္ဓမာဇရပ်မှာ ၇ ရက်ပတ်လုံးအမေးခံပြီးမှ
ကျောင်း နဲ့သင့်လျော် မသင့်လျော် ဆုံးဖြတ်ရမှာပါ။
ဆရာတော်ဦးဗုဓ်ရဲ့ငယ်ဖော် ဦးဉာဏ်က ကျောင်းထိုင်ဖို့ပြောတာကို "ကိုဉာဏ်၊
မင်းဆရာလုပ်ရတာ စာ ကြည့်ပျက်တယ်။ ကိစ္စလည်းများတယ်။ မလုပ်လိုဘူး"လို့
ငြင်းပါတယ်။ သို့ပေမယ့် ပညာသင်ဆရာ တော်ရင်းဦးပိုးရဲ့တပည့်အများနဲ့ သီတင်းသုံးဖော်တွေ ကွဲပြားပျက်စီးမယ်၊ ငဲ့ညှာသီးခံပြီးနေပါ၊ ကိုယ့်စာ ကိုယ်ကြည့်ပြီး နေနိုင်ပါတယ်လို့ လျှောက်မှ လက်ခံပါတယ်။
သုဓ္ဓမာဆရာတော်ကြီးများက ဦးဗုဓ်ကို ပိဋိကတ်တော်ထဲက အလွတ်တရာခဲရာခဲဆစ်တွေကို မေးပါ တယ်။ ဦးဗုဓ်က ဒိုးဒိုးဒေါက်ဒေါက်ဖြေဆိုတာချည်းပါ။
၅ ရက်မြောက်မှာ ဆရာတော်ကြီးများလည်း မေးစရာ မရှိတော့တဲ့အချိန်မှာ "ကိုဉာဏ်
ငါးရက်ပတ်လုံးမေးတာ မဖြေနိုင်တာမရှိ၊ တပည့်တော်ကများ ပြန် မေးရရင်
ဘယ်လိုနေကြလိမ့်မသိ"ဆိုတော့ အကင်းပါးတဲ့ မူးကြီးမတ်ကြီးများက သဘင်ကို
ရုပ်သိမ်း လိုက်ရ ပါတယ်။
ကြားဖူးသိဖူးပြီးသားကို
ထပ်ပြောချင်ပါတယ်။ ကြားဖူးသိဖူးပေမယ့် ဒါမျိုးပြောရတာ တယ်အရသာရှိ တယ်။
ဆရာတော်ဦးဗုဓ်ကို ရာဇဂုရုဘွဲ့တော်ဆက်ကပ်ပြီး ဘုရင်နဲ့မိဖုရားသီလခံတော့
ဆရာတော်က နှုတ်ပိတ် နေတယ်။ ဆရာတော်ဦးသူက "ကိုဗုဓ်တို့က လုပ်ကရော့မဗျ၊
အခုမှစခါရှိသေး၊ ဘာအလိုမကျ တယ် မသိဘူး၊ ဖွင့်ဟပြောမှပေါ့" လို့ဆိုပါတယ်။
ဦးဗုဓ်က "ရှိခိုးတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတိ ဋ္ဌိတလို့ဆိုတယ်"။
သီလခံတဲ့ဘုရင်က ထိခြင်း ငါးပါးနဲ့ မညီဘဲ တံတောင်ဆစ်အောက်မှာ ကတ္တီပါခေါင်း
အုံးခံထားတာကိုး။ ထိခြင်းငါးပါးက တံတောင်ဆစ် ၂၊ ဒူးဆစ်၂ နဲ့
နဖူးတို့ကြမ်းနဲ့ထိရပါတယ်။ အကင်း ပါးတဲ့မိဖုရားက
ခေါင်းအုံးကိုဆွဲဖယ်လိုက်မှ သီလပေး ပါတော့တယ်။
သာသနာတာဝန်တစ်ခုတည်းသာ ထမ်းဆောင်တော်မူလိုတာမို့ လောကီရေးတွေကင်းပါတယ်။ ဘယ်
လောက်ကင်းသလဲဆိုတော့ စာကြည့်ကျမ်းပြုရာမှ အထိအခိုက်မခံနိုင်လို့
ဘုရင်နဲ့မိဖုရားတောင် သိပ် ဂရုမထားပါဘူး။ နန်းမတော်ကတော့ ကျောင်းအမအနေနဲ့
ရင်းနှီးလိုပါလိမ့်မယ်။ ဒါကြောင့် စကားစရှာ ပြီး ပြောရပါတယ်။ ဘုရင်ကလည်း
ဆရာတော်ကို ရွံ့ပါတယ်။ ဘုရင်က ဆရာတော်ကို ဖူးမျှော်ဖို့လာ တော့
ရှေ့တော်ပြေးများက ပျာယီပျာယာနဲ့ မင်းတြားကြီးကြွချီလာပါပြီလို့
လျှောက်တော့ "နင်တို့ရှင် ဘုရင်လာတာ ငါက အာဂန္တုက ဝတ်ပြုရဦးမှာလား"လို့
ငေါက်တာနဲ့ဝေးဝေးက ဦးချပြီးပြန်ရပါတယ်။
နန်းမတော်က
နေ့စဉ်ဆွမ်းအုပ်ပို့ပြီး သီတင်းနေ့တိုင်း ဥပုသ်စောင့်ပါတယ်။ တစ်နေ့မှာ
"ဘုရားတပည့် တော်မအား ငါးပါးသီလပေးသနားပါ"လို့ လျှောက်တော့
စာကြည့်ကျမ်းပြုနေရာကနေ "ကိုယ့်ဘာသာ ကိုယ်ဆိုပြီး ဆောက်တည်သွား"လို့
မိန့်ပါတယ်။ စာဖတ်ရင်းနဲ့ ရေမြေသနင်းပြည့်ရှင်မင်းကိုတောင် တရားပြည့်ပေတယ်။ ပညာရှင်ကို အလေးထားပေတယ်လို့ အားကျမိတော့တယ်။ တရားမပြည့်တဲ့ ဘုရင် မာနခဲ ဆိုရင် ဘယ်ရလိမ့်မလဲ။
ဆရာတော့်မှာ အဓိကကျနေတာကဖြင့် သာသနာတော်အရေးတစ်ခုထဲပါပဲ။ ပညာအရာမှာ
ပြည့်သည် ထက် ပြည့်အောင်ဖြည့်တယ်။ ကျမ်းဂန်တွေ တစ်ခုပြီးတစ်ခုပြုစုတယ်။
ပိဋကတ်မှာ ခဲရာခဲဆစ်ဖြစ်တဲ့ ပါဋိတော်များကို သုတွေသီများအတွက်
နိဿယကျမ်းပေါင်း ၆၀ ကျော် ပြုစုသွားတယ်လို့ ဆိုပါတယ်။ ဒါက
ရှာဖွေတွေ့ရှိသမျှပါ။ ကြွင်းကျန်သည်များရှိပေဦးမယ်လို့ ပညာရှင်များအယူရှိပါတယ်။ ဆရာတော် ဦးဗုဓ်ရဲ့သမာဓိဂုဏ်ကျေးဇူးတော်များအကြောင်း
ညောင်ကန်သာသနာဝင်ကျမ်းများမှာ အတော်ပြည့်စုံ အောင်ရှိပါတယ်။
လယ်တီဆရာတော်လို့ဆိုလိုက်ရင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် သုံးပါးစုံမှာ
မီးဟုန်းဟုန်းတောက်မျှဖြစ်ကြောင်း
ပညာရှိများက သိကြပါတယ်။ အဲသလောက်ကြီးမားတဲ့ လယ်တီ ဆရာတော်ကြီးက
ညောင်ကန်ရွာရောက်တဲ့အခါမှာ ဆရာတော်ဦးဗုဓ် သီတင်းသုံးခဲ့တဲ့ကျောင်းတိုက်နဲ့ နေရာကို လက်အုပ်ချီမိုးပြီး ရှိခိုးပါတယ်။ ဆရာတော်ဦးဗုဓ် ကျေးဇူးတော်ကြောင့် တတ်သိလိမ္မာရပေ တယ်လို့ မိန့်ကြားခဲ့ပါတယ်။
အင်းဝနေပြည်တော်ဟောင်းမှာရှိတဲ့
အုတ်ကျောင်းကြီးဟာ ဘယ်လိုထုထည်နဲ့ ဘယ်လောက်ကောင်း အောင်
တည်ခဲ့တယ်မဆိုနိုင်ဘူး။ ဒီနေ့ထိတောင် ခန့်ထည်နေတုန်းပဲ။ မိဖုရားကြီး
နန်းမတော်မယ်နု လှူ ဒါန်းတာဆိုတော့လည်း ထိပ်ဆုံးကဒိတ်ပေါ့။
မိန်းမသားဖြစ်ပေတော့ ဘယ်လောက်ကုန်ကုန်ကျတယ် လည်း ပြောချင်ရှာထင်ရဲ့၊
ဆရာတော်ကို လျှောက်ပါတယ်။
"တပည့်တော်မသည် ဤအုတ်ကျောင်းကြီးကို
သုံးသိန်းကျော်မျှ အကုန်ကျခံကာ ဆောက်လုပ်လှူပါ သည်။ ဖလံခုံရွာမှလည်း
တစ်သိန်းကျော်တန် လှူဒါန်းပါသည်။ နေ့စဉ်လည်း ပစ္စည်းလေးပါးလှူပါ သည်။ ဤသို့
လှူဒါန်းရသည့်အကျိုးတရားကို ဟောပြောတော်မူပါ" လို့ လျှောက်ပါတယ်။
ဆရာတော်က ကျောင်းအစ်မကို ဖလားနဲ့ရေအပြည့်ခပ်ခိုင်းပါတယ်။
တစ်ခါခွက်ထဲက ရေမကျန်အောင် သွန်ခိုင်းပါတယ်။ ပြီးမှ "သွန်ပစ်လိုက်သောရေသည်
လှူ၍ကုန်သောပစ္စည်းနှင့်တူ၏။ ဖလားမှာကပ်၍ ကျန်သောရေသည်
အကျိုးရတာနှင့်တူ၏"လို့ မိန့်ပါတယ်။ အဲတာကိုတောင် တောင်ဘီလူးဆရာတော် က
"ဦးဗုဓ်နှယ် တယ်မျက်နှာလိုက်သကိုး"လို့ ဆိုပါသေးတယ်။ သုံးသိန်းကုန်တို့
တစ်သိန်းကုန်တို့ဆို တာ ရုပ်ဝတ္တုကိုပြောပြီး မဏ္ဍပ်တိုင်တက်တာ၊ ဒါနဆိုတာ
စိတ်စေတနာအရ အကျိုးပေးတာမို့ တောင် ဘီလူးဆရာတော် မိန့်တာဖြစ်တယ်။
နန်းမတော်မယ်နုနဲ့ စလင်းမင်းသားကြီးမောင်ဘိုတို့ အရှုပ်တော်ပုံကြောင့်
ကွက်မြက်ခံရခါနီးမှာ တပည့် တော်မ အဆုံးစီရင်ခံရပါတော့်မယ်။
နောက်ဆုံးဖူးမျှော်ခြင်းပါလို့လျှောက်တော့
"မိနု... သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်"လို့ မိန့်ပါတယ်။ မယ်နုက ဒီတစ်ခါ
ဆရာတော်က သူ့ကို စကားလည်းပြောတယ်။ တရားလည်းဟောတယ်။ သေပျော်ပြီလို့
ဆိုပါသတဲ့။ ဆရာတော်က ထိထိမိမိနဲ့ အရေးရောက်တာကိုပဲ ပြောလေ့ရှိပုံရပါရဲ့။
ဆရာတော်ဦးဗုဓ်ရဲ့ တိုရှင်းစကားကို ပြန်ပြောင်းအောက်မေ့ကြရာမှာ
အဓိကမှတ်မိကြတာလေးကို ပြောချင်ပါသေးတယ်။ ဆရာတော်ကို
အုတ်ကျောင်းကြီးလှူရာမှာ သီလပေးရေစက်ချပြီးတော့ ဘုရင် မင်းမြတ်က
တရားဓမ္မဟောကြားပါလို့ လျှောက်ပါတယ်။ ဆရာတော်ဖြေတာကလည်း သမိုင်းတွင် အောင်
ထိမိပါတယ်။ မင်းဆိုတာ သင်္ဂဟတရားလေးပါ။ မင်းကျင့်တရားဆယ်ပါးနဲ့
အညီကျင့်ရတာမို့ ဆရာတော် ဦးဗုဓ်က "မင်းနှင့်တူအောင်ကျင့်က
ငါတို့ဆုံးမသြဝါဒပေးရန်မလို။ မင်းနှင့်တူအောင်မကျင့်က၊ ငါနှင့်မဆိုင်
အဝီစိနဲ့သာဆိုင်တယ်"လို့ မိန့်ပါတယ်။
လင်းထင်
Credit to> အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်
No comments:
Post a Comment