Showing posts with label စက်ပိုင်းဆိုင်ရာ. Show all posts
Showing posts with label စက်ပိုင်းဆိုင်ရာ. Show all posts

Tuesday, January 19, 2016

အိပ်ဇောဘရိတ်နှင့်အင်ဂျင်ဘရိတ်


အိပ်ဇောဘရိတ်သည် ဒီဇယ်အင်ဂျင်အတွက်ဖြစ်သည်။ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်နှင့်ကွာခြားသည်မှာဆီမကျွေးသော အခါ ဓာတ်ဆီအင်ဂျင်ကဲ့သို့ လည်ပတ်မူနှုန်းထိုးကျသွားခြင်းမရှိချေ။သို့ ဖြစ်ရာ ယာဉ်ကိုအရှိန်လျော့ကျသွားစေရန်အတွက် အင်ဂျင်အားကို သုံးရန်မဖြစ်တော့ ချေ။တစ်နည်းပြောရလျှင် ဂီယာပြောင်းပေးခြင်းဖြင့်ကားကို အရှိန်လျော့ချ ပေးနိုင်ခြင်းလည်းမရှိချေ။
ထို့ ကြောင့်ဘီးများတွင်တပ်ဆင်ထားသည့်ဘရိတ်စနစ်ကို သာအားကိုးအားထားပြုနေရသည့်အဖြစ်မှလွတ်စေရန် အိပ်ဇောဘရိတ်ကို တပ်ဆင်ပေးထားကြသည်။၎င်း၏အဓိကတာဝန်မှာ ဘီးတွင် တပ်ဆင်ထား သည့်ဘရိတ်စနစ်မပါဘဲ၎င်းချည်းသက်သက်ဖြင့်ကားကို အရှိန်လျှော့ ချပေးခြင်းဖြစ်သည်။အိပ်ဇောဘရိတ်ကိုစေခိုင်းပုံမှာ အမျိုးမျိုးရှိသည်။
အလိုလျောက်စနစ်ဆိုပါက လီဗာကိုလွှတ်လိုက်သည်နှင့် အိပ်ဇောဘရိတ်စတင်အလုပ်လုပ်သည်။ခလုတ်ဖြင့်ထိန်းချုပ်ပါက စတီယာရင်အနီးတွင်ရှိသောခလုတ် ကိုဖွင့်ပေးလိုက်မှ အလုပ်လုပ်သည်။ပိတ်ထားလျှင်အလုပ်လုပ်မည်မဟုတ်ပါ။အချို့ ကားတို့ တွင် အိပ်ဇောဘရိတ် မှသက်ရောက်မူပေးပုံအပြင်း၊အလယ်၊အလတ်၊အပျော့စသဖြင့်ချိန်နိုင်ရန် ခလုတ်တွင် စီစဉ်ပေးထားသည်လည်းရှိပေသည်။

သုံးသင့်မသုံးသင့်
အိပ်ဇောဘရိတ်သည် မြို့ တွင်း၌သာသုံးသင့်ပြီး အဝေးပြေးခရီးလမ်းတွင် မသုံးသင့်၊အမြန်လမ်းမကြီးတွင်သုံးပါက ဘာမှမထူးစသဖြင့် ပြောဆိုကြသည် များရှိပါတယ်။ထိုအချက်မမှန်ပါ။အိတ်ဇောဘရိတ်သည်ဘရိတ်စနစ်တစ်မျိုး သာဖြစ်သည်။ ယာဉ်ကို အရှိန်လျှော့ချသောအခါဘီးတို့  တွင်ပါရှိသည့်ဘရိတ် စနစ်ကို အထောက်ကုပေးသည်။သို့ ဖြစ်ရာဘရိတ်ရှူးအစားသက် သာစေ သည့်အပြင်ယာဉ်တန်ချိန်နှင့်ကုန်တန်ချိန်စုစုပေါ်င်းတန်ဖိုးများပြားနေပါက
အိပ်ဇောဘရိတ်ကို သုံးခြင်းသည် ဘေးကင်းစေပါတယ်။ကားဘီးမှဘရိတ် သည်ဘရိတ်ရှုးပူတက်လာပြီးဘရိတ်လျှော့ နင်းသွားသည့်ပြသာနာ ရှိသည်။တောင်ဆင်းလမ်းမျိုးတွင် ဘရိတ်ကို တောက်လျှောက်နင်းပေးနေရပေ ရာရှူးပူတက်ပြီးဘီးခွေပါပူသည်အထိကူးစက်ရောက်ရှိသွားသည်။အိပ်ဇောဘရိတ်ကိုတွဲသုံးပေးထားပါက ဘီးဘရိတ်များအထိုက်အလျောက် သက်သာမူရရှိစေမည်ဖြစ်သည်။ထို့ ကြောင့်ကုန်တင်ယာဉ်ကြီးများ၊ဘတ်စ်ကား များ သာမကဒီဇယ်အင်ဂျင်တပ်ဆင်ထားသည့် ပစ်ကပ်အချို့တို့  တွင်အိပ်ဇောဘရိတ်တပ်ဆင်ပေးထားကြောင်းကိုလည်းကြော်ငြာထားသည်
ကိုတွေ့ ရသည်။ထိုသို့  တပ်ဆင်ပေးထားကြောင်းကိုလည်းကြော်ငြာ တွင်ဝင့်ကြား စရာတစ်ခုအဖြစ်ထည့်သွင်းကြလေ့ရှိသည်။သို့ ဖြစ်ရာ အိပ်ဇောဘရိတ်သညိလိုအပ်၍တပ်ဆင်ပေးထားခြင်းဖြစ်သဖြင့် မပျက်ကွက် သုံးစွဲသင့်ကြောင်း အကြံပေးလိုသည်။
အလုပ်လုပ်ပုံ
ကားအင်ဂျင်မှစွန်ပစ်သော ဓာတ်ငွေ့ အမျိုးမျိုးသည် အိပ်ဇောပိုက်မှ တဆင့်ပိုက်ဝသို့ ရောက်ရှိကယာဉ်ပေါ်မှခုန်ဆင်းပြီးကျန်နေရစ်ကြရသည်။ထိုသို့ ပိုက်လိုင်းတစ်လျှောက်ဓာတ်ငွေ့ များသွားကြရာ၌ရှေ့ သို့ တိုးရာ၌
ပြေပြေပြစ်ပြစ်မဖြစ်ပါကနောက်ပြန်လန်သည်တန်ပြန်သက်ရောက်မူဖြစ်ပေါ်ပါသည်။ထိုသို့ နောက်ပြန်သက်ရောက်မူကြောင့်အင်ဂျင်လည်ပတ်မူနှုန်း ကိုလျော့ နည်းစေသည်။ဤသဘောတရားကို အခြေခံပြီးအိပ်ဇောဘရိတ် ကိုတည်ဆောက်ပေးထားပါသည်။အိပ်ဇောမှဖြတ်သန်းစီးဆင်းသည့်ဓာတ်ငွေ့  များကို တားဆီးပေးခြင်းဖြင့်အင်ဂျင်ပေါ်နောက်ပြန်သက်ရောက် မူဖြစ်ပေါ်စေကာ အင်ဂျင်လည်ပတ်မူကို လျှော့ချပေးသည်။
ထိုသို့ အင်ဂျင်လည်ပတ်မူကိုလျော့  ချခြင်းဖြင့်ကားဘီးလည် ပတ်မူကိုလျော့ ချပေးကာယာဉ်ကို အရှိန်လျော့ပေးလိုက်ခြင်းဖြစ်သည်။
ဤကိစ္စ၌ သဘောပေါက်ရမည်မှာ အိပ်ဇောဘရိတ်သည် ဘရိတ်အဖြစ်ယာဉ်ကို အရှိန်လျော့ ချပေးနိုင်သည်မှာမှန်သော်လည်း ကားဘီးတွင် ပါရှိသည့် ဘရိတ်စနစ်ကိုထောက်ကူပြုပေးခြင်းဖြင့်ယင်း ဘရိတ်စနစ်သက်သာမူရစေရန်အတွက်သာဖြစ်သည်။အိပ်ဇောဘရိတ်ချည်း သက်သက်ကို အားကိုးအားထားပြုကာယာဉ်ကိုထိန်းကျောင်းမောင်းနှင် ခြင်းမပြုအပ်ချေ။
အိပ်ဇောဘရိတ်စနစ်တည်ဆောက်ထားပုံအမျိုးမျိုးရှိရာ၌အချို့ ဘရိတ်တို့ သည်အင်ဂျင်လည်ပတ်နှုန်းနိမ့် ကျနေပါက အလုပ်မလုပ်တော့ချေ။သတ်မှတ်လည်ပတ်နှုန်းပြည့်ပြည့်ဝဝဖြင့်မောင်းနှင်နေချိန်၌သာအလုပ်
လုပ်သည်။အချို့ အိပ်ဇောဘရိတ်တို့ သည် ဒီဇိုင်းအပိုင်းအားနည်းချက်ရှိသဖြင့် အသံထွက်သည်။
အိပ်ဇောဘရိတ် ဒီဇိုင်းအမျိုးမျိုးရှိနေကြရာ၌အလုပ်လုပ်သည့် အခြေခံသဘောတရားမှာ အတုတူပင်ဖြစ်သည်။အင်ဂျင်မှ စွန်ထုတ်လိုက် သည့် အိပ်ဇောဓာတ်ငွေ့ များကို အတိုင်းအတာတစ်ခုအထိပိတ်ကာတား ဆီးပေးသည်။လုံးဝပိတ်လိုက်ခြင်းမဟုတ်ချေ။ဓာတ်ငွေ့ များရှေ့ သို့  ခရီးဆက်မရတော့သဖြင့် နောက်ကြောင်းပြန်သည့်သက်ရောက်မူ
ဖြစ်ပေါ်စေကာ စက်ရှိန်သတ်ပေးသည်။ထိုသို့ေ နာက်ကြောင်းပြန်သည့်ဖိ
အားသည် အင်ဂျင်လည်ပတ်နှုန်းများလျှင်ပိုများမည်ဖြစ်သည်။ယေဘု ယျအားဖြင့်၆၀ပီအက်စ်အိုင်အထိရှိနိုင်သည်။ယင်းဖိအားဖြင့်ပစ္စတင်ကို အပေါ်မှဖိချပေးထားသည်။ထိုအခါ အင်ဂျင်လည်ပတ်နှုန်းလျော့ ကျသွားလေတော့သည်။
အိပ်ဇောဓာတ်ငွေ့ တို့ အကုန်လုံးကို လုံးဝပိတ်မပစ်သည်မှာ အကြောင်းရှိသည်။ တစ်ချက်မှာ ဖိအားပြင်းထန်လွန်းသဖြင့်အိပ်ဇော ဘရိတ်အနီးတစ်ဝိုက်တွင်အပူချိန်အလွန်အမင်း ထိုးတက်သွားနိုင်သည်။အိပ်ဇောဓာတ်ငွေ့ တို့ သည်နဂိုကတည်းက ပူပြီးသားဖြစ်ပေရာ အပူချိန်တက်နှုန်းမြန်ဆန်မည်ဖြစ်ပြီးအိပ်ဇောဘရိတ်အိမ်ကိုအက်ကွဲ
စေနိုင်သည်။နှစ်အချက်မှာ အင်ဂျင်ကို ထိခိုက်ပျက်ဆီးစေလိမ့် မည်။သို့  ဖြစ်ရာအင်ဂျင်ခံနိုင်ရည်ရှိသလောက်ကိုသာပိတ်ကာပေးခြင်းပြု ရပေမည်။အချို့အင်ဂျင်တို့ သည် ၃၀ ပီအက်စ်အိုင်အထိသာခံနိုင်ရည်ရှိကြသည်။အင်ဂျင်အများစုသည် ၄၀ ပီအက်စ်အိုင်ကျော်ပါက ထိခိုက်ပျက်စီးနိုင်သည်။သို့ ဖြစ်ရာခံနိုင်အတိုင်း အတာထက်လျော့နည်းသောဖိအားပမာဏဖြစ်နေအောင် ချိန်းပေးထားကြ၏။
ထိုသို့ အိပ်ဇောဓာတ်ငွေ့ ကိုသုံးစွဲခြင်းကြောင့်ဆီစားမများဖို့  လည်း လိုအပ်လှပေရာအမြန်နှုန်းနည်းနည်းဖြင့်မောင်းနှင်ရာတွင်လည် အိပ်ဇောဘရိတ်အလုပ်မလုပ်အောင်ချိန်ပေးထားကြရသည်။
ဂျိုတ်ဘရိတ်
ဂျိတ်ဘရိတ်(jake brake)ဟုခေါ်တွင်ကြသည့်အင်ဂျင်ဘရိတ်ကို ၁၉၆၁ခုနှစ်ကတည်းကဈေးကွက်တွင်ဂျက်ကော့ဗီဟီကယ်စစ္စတမ်အင့်အမည်ရှိအင်ဂျင်ဘရိတ်အထူးပြုလုပ်ကိုင်သည့်လုပ်ငန်းမှ စတင်ဖြန့် ချိခဲ့သည်။ယခုအခါရွှေရတုကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။
ဂျိတ်ဘရိတ်ကို ကမ်းမင်းဆိုသူက တီထွင်ဖြစ်စေခဲ့ရန် နောက်ခံဇာတ် လမ်းတစ်ပုဒ် ၁၉၃၁ခုနှစ်၌ဖြစ်ပွားခဲ့သည်။ထိုနှစ်သြဂုတ်လ၌ ကမ်းမင်းသည် အဖော်နှစ်ဦးဖြင့်အတူနယူးယောက်မှလောစ့်အိန်ဂျယ်လိစ်သို့  အလတ်စားအရွယ်ရှိထရပ်ကားဖြင့်အမြန်ဆုံးမောင်းနှင်မူစံချိန်သစ်တင်ရန်ခရီးနှင်ခဲ့ကြသည်။လမ်းခရီးတစ်နေရာ၌မြွေလိမ်မြွေကောက်ဖြစ်နေသည့် လမ်းကြောင်းတစ်ခုဖြတ်သန်းမောင်းနှင်ရသည်။လမ်းမှာ ကျောက်ခင်းလမ်းဖြစ် သည်။ရထားလမ်းကိုလည်းဖြတ်သန်းထားသည်။ထိုနေရာတွင်တွေ့ ကြုံခဲ့  ရပုံကို ကမ်းမင်းကဤသို့ ပြန်ပြောပြခဲ့သည်။ငါးရက်မြောက်နေ့ တွင်ကျွန်တော် တို့ ကာဂျွန်တောင်ကြားလမ်းနေရာကိုရောက်ပါတယ်။အတူပါလာတဲ့ ဒေ့ဗ်က တစ်မှေးအိပ်ပါတယ်။ မအိပ်ခင်မှာ သူကကျွန်တော်ကို သတိပေးပါတယ်။တောင်ကြော တစ်လျောက်လမ်းဖောက်ထားရတာဖြစ်လို့ အကွေ့ကောက်တွေ ရှိနေတဲ့အပြင် ၃၅မိုင်ရှည်တဲ့ တောင်ဆင်းလမ်းလည်းရှိနေပါတယ်သတိကြီးစွာ ထားပြီး မောင်ပါလို့ သူကပြောခဲ့ပါတယ်။
‘ကာဂျွန်တောင်ကြားဖြစ်ကြောင်းစိုက်ထူပေးထားတဲ့ဆိုင်းဘုတ် ငယ်ကို ကျွန်တော်သတိမထားလိုက်မိဘူအချိန်က ညဘက်ကြီးဖြစ်နေတာကိုး၊တောင်ဆင်းလမ်းကြောကို ရောက်တော့မှ ကာဂျွန်တောင်ကြော လမ်းကို ဖြတ်နေရပြီဆိုတာသိလိုက်တယ်။အဆင်းမှာ ကားကိုအရှိန်ထိန်းဖို့  ဘရိတ်သုံးပေမဲ့မရဘူး။ဂီယာနံပါတ်(၃)နဲ့ မောင်းနေပါတယ်။အရှိန်က မလျော့ဘူး၊ကားကမနှေးသွားပါဘူး။အဲဒီတော့ စိတ်ထဲပူပန်နေမိသည်။အဲဒီအချိန်မှာရှေ့ တည့်တည့်မှာရထားတစ်စီးကန့် လန့် ဖြတ်သွား တာမှောင်ထဲမှာတရိပ်ရိပ်လှမ်းတွေ့ လိုက်တယ်။ကားကရထားကိုပြေးဆောင့်ဖို့ သွားနေတယ်။ကံ သီလို့ မသေခဲ့ ကြတာပါ။ရထားလမ်းဆီအရောက်မှာ ရထားနောက်ဆုံးတွဲက ကားလမ်းကို့ဖြတ်ကျော်သွားတယ်။ ရထားနှင့် ကားလက်မ အနည်းငယ်ပဲလွှတ်သွားပါတယ်။
ထိုညက အဖြစ်အပျက်ကို ကမ်းမင်းမမေ့ချေ။ ၂၄နှစ်ကြာ ၁၉၅၁ ခုနှစ်၌အလုပ်မှ အငြိမ်းစားယူချိန်၌အင်ဂျင်ဘရိတ်ကို သူတီထွင် ဖန်တီးနိုင်ဖို့  စတင်ကြိုပမ်းခဲ့ပါတယ်။
ခုနှစ်နှစ်တိုင် သူလေ့လာကြံဆခဲ့ပြီးချိန်တွင်စိတ်ကူးကောင်းတစ်ခုကို သူရရှိသွားသည်။ဒီဇယ်အင်ဂျင်မှ ကင်ရှပ်တစ်ချောင်း၏ပုံမှန်လှုပ်ရှားနိုင် မူနှင့်ချိတ်ဆက်ပြီးဘားအဖွင့်အပိတ်လုပ်ပေးပြုလုပ်ပေးနိုင်အောင်သူတီထွင်
တည်ဆောက်နိုင်ခဲ့ပြီး မူပိုင်ခွင့်ကိုမှတ်ပုံတင်ရခဲ့သည်။
စမ်သပ်မောင်နှင်မူများ အကြိမ်ကြိမ်ပြုခဲ့ပြီး၁၉၆၀ ခုနှစ်တွင် စက်ရုံတည်ပြီး စတင်ထုတ်လုပ်ခဲ့ရာ၁၉၆၁ ခုနှစ်တွင်စတင်ဖြန့် ဖြူးရောင်း ချနိုင်ခဲ့သည်။
အင်ဂျင်ဘရိတ်သည် အင်ဂျင်ထဲမှ ဓာတ်ငွေ့ ဖိအားကို လျှော့ချကာ အင်ဂျင်စက်ရှိန်ကျအောင် လုပ်ပေးခြင်ဖြစ်သည်။အင်ဂျင်ထဲမှ ထွက်လာသော အိပ်ဇောဓာတ်ငွေ့ များနှင့်မဆိုင် ချေ။ဓာတ်ဆီအင်ဂျင်တို့  လီဗာကိုလွှတ် လိုက်သောအခါ ရယူသောလေ ငတ်မွတ်သွားသဖြင့် အင်ဂျင်လည်ပတ်မူကို ထိုးကျသွားပြီး ချိတ်ဆက်ပေးသော အင်ဂျင်အစိတ်ပိုင်းများ လည်ပတ်မူကို လျော့ ကျစေသည်။ထိုအခါဂီယာနှင့်ချိတ်ဆက်ထားသော ဘီးတို့သည်လည်း လည်ပတ်နှုန်းလျော့ ကျသွားပြီးကားကို အရှိန်လျှော့ ချပေးလိုက်ကြသည်။ဒီဇယ် အင်ဂျင်တွင်ထိုသို့ မဖြစ်ပေါ်ချေ။ဒီဇယ်အင်ဂျင်တွင်ထိုသို့မဖြစ် ပေါ်သဖြင့် အင်ဂျင်ကို ဘရိတ်အဖြစ်အသုံးမပြုနိုင်ချေ။သို့ ဖြစ်ရာသီးခြား ကိရိယာတပ်ဆင်ကာအင်ဂျင်ကို ဘရိတ်အဖြစ်သုံးနိုင်အောင် ဖန်တီးထားကြရ၏။ထိုကိရိယာကို အချိန်ကိုက်လုပ်ကိုင်ပေးနေရသည်။
အင်ဂျင်အလုပ်လုပ်ပုံ ဖြစ်စဉ်ကိုကြည့်ပါကပစ္စတင်ကိုအထက်သို့  ထိုးတင်ပြီးဆလင်ဒါ အခန်းတွင်းရှိလေဆီအနှောဓာတ်ငွေ့ ထုကို ဖိသိပ်ပစ် လိုက်သည်။ဖိအားမြင့်မားချိန်၌ဒီဇယ်အငွေ့ တို့ မီးလောင်ပေါက် ကွဲပြီးပစ္စတင်ကိုပါအားပါပါဖြင့် ပြန်တွန်းချပစ်လိုက်သည်။ ထိုဖြစ်စဉ်မှရသောတွန်းဖိအားဖြင့်အင်ဂျင်လည်ပတ်နေသည်။
ဓာတ်ငွေ့ တို့ ကို ဖိသိပ်နေစဉ်အင်ဂျင်ဘရိတ် ကိရိယာ၎င်း၌ရှိသော အပေါက်ကို ဖွင့်ချပစ်လိုက်သည်။ထိုအခါဖိအားမလုံလောက်တော့သဖြင့် မီးလောင်ပေါက်ကွဲနိုင်ခြင်းမရှိတော့ ချေ။ထိုသို့ဓာတ်ငွေ့ တို့ ကို ဖိသိပ်လိုက်တိုင်းအပေါက်ဖွင့်ချပေးခြင်းဖြင့် အင်ဂျင်ထဲမှဖိတွန်းအား မရနိုင်အောင် လုပ်ပေးကာစက်ရှိန်သတ်ပေသည်။
ပြသာနာမှာအပေါက်ဖွင့်ချိန်ဓာတ်ငွေ့ တို့ပြင်ပလေထုဆီသို့  အင်ဂျင်ထဲမှတိုးဝှေ့ ထွက်ကြရာ၌တရှူးရှူးအသံကျယ်ကျယ်မြည်သည်။တိတ်ဆိတ်နေသောညဘက်မျိုးမှာ၌အိမ်ထဲအိပ်ပျော်နေသူတို့ ကိုလမ်းပေါ်မှ လှမ်းနှိုးနိုင်လောက်အောင်အသံကျယ်လောင်သည်။
အိပ်ဇောဘရိတ်သည် စွန့် ပစ်ရန်ထွက်လာသည့်ဓာတ်ငွေ့ တို့ ကို လိပ်ပြာတောင်ပံဘားဖြင့် ပိတ်ပေးကာတားဆီးပေးခြင်းဖြစ်သည်။ ထို သို့ ရှေ့  မှဆီးပိတ်ပေးကာတားဆီးသဖြင့်ဖြစ်သည်။ထိုသိုရှေ့ မှဆီးပိတ်လိုက်သဖြင့်
နောက်ကြောင်းပြန်သက်ရောက်မူများဖြစ်ပေါ်ကာ အင်ဂျင်ကို စက်ရှိန်သတ် ပေးခြင်းဖြစ်သည်။

Credit to > MoeZac Auto

Tuesday, September 29, 2015

မော်ဒယ်အသစ်ကားတွေကို ဘယ်လိုမောင်းမလဲ

ကီလို 100 ကျော်နေရင် အရှိန်ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရှိန်ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...
[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--
အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
ဒီ-ဘုလေး-အဖွင့်အပိတ်ကို--ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်-
သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်--မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့--ထူးခြားတာတွေ့ရမှာမဟုတ်ပါ---
ဟိုက်ဝေးလမ်းကြောင်းပေါ်မှာ--ကီလို-မနဲမများနဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း--စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက-
ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်--ဒိုင်ခွက်ထဲမှာ--O/D --On-Off --ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်-
-ဒီအချိန်မှာ--ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ--
-ကားရဲ့တက်လာတဲ့-Speed--ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ-
ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်---စည်း--ကနဲဖြစ်သွားပါပြီ-
-လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး--
-ဒီတော့--Over Drive --မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်--ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့-
အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့--ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်--
အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်----ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်---
နိုင်ငံခြားမှာတော့-ဟိုက်ဝေးလမ်းကိုတက်လိုက်ပြီဆိုတာနဲ့အပြီးနှိပ်မောင်းတယ်လို့သိရပါတယ်--သူ့အဓိပါယ်အရလည်း--အိုဗါဒရိုက်--မဖြစ်အောင်လုပ်ထားပေးတယ်ဆိုပါတယ်-
သူတို့ကတော့-ဆီလေးနဲနဲပိုစားတာကိုဂရုစိုက်ဘို့မလိုဘူးလေ--ဒီမှာက--ဒါမျိုးကိုလုပ်ဘို့အသာထား--ဆီစားသက်သာအောင်-ဘာဂီယာဖြစ်ဖြစ်-
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်--
ကားရပ်ဘို့အတွက်-ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်--ဒါဟာမကောင်းပါဘူး--
အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ-
-စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ်---ဒါပေမယ့်--ဆီတော့နဲနဲပိုစားပါမယ်----
လမ်းကွေ့တွေ-အစောင်းတွေရောက်တဲ့အခါ--မှာ--ရုတ်တရက်--အရှိန်များသွားတာကိုမခံရပါ--OverDrive--ဖြစ်လာမှာကိုတားဆီးပေးထားတာပါ--
နင်းလိုက်ရင်လည်း--စည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်-လီဗါကိုလွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက်တစ်ချက်ကိုဆင်းသွားသလို--ငြိမ့်ကနဲ-
ကွန်ထရိုးအငယ်စားလေး-တစ်ခုဝင်သွားကာ-ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--ဘရိတ်အားကိုးနဲ့ထင်တိုင်းမမောင်းရပါဘူး--
ကိုယ်မောင်းနိုင်တဲ့အခြေအနေ-လမ်းအခြေအနေများကိုတွက်ဆကာ--ကိုယ်နိုင်တဲ့ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ--
[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်--အော်တိုဂီယာလို့-သဘောမထားပဲ--ဒီ-ဘုသီးလေးကို-လိုအပ်တဲ့အခါ-ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့-
အကောင်းဆုံးပေါ့ဗျာ-]
-ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါ--လုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့--အိပ်ငိုက်လာတဲ့-စိတ်လည်း-
မရှိတော့ဘူးပေါ့--
မောင်းချင်သလိုမောင်း--ကွေ့တွေ-အစောင်းတွေတွေ့တာနဲ့ဘရိတ်ကိုရုတ်တရက်ဖမ်းရင်--ဗဟိုခွါအားတို့--အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်-
လမ်းကြောင်းလွဲထွက်တတ်ပါတယ်----
မော်တော်ကားရဲ့-ဘရိတ်ဆိုတာ---****ဘီး-၄-ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ--****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူအလွန်နည်းပြီး--ဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ--
စောစောကပြောခဲ့တဲ့--အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး--
(3- AT--ပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ-)
ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ဒီကားမျိုးမှာတော့---D-နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန်များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့သို့---သဘောထားပြီး-
ဂီယာတံကို-D--နေရာမှ--S--နေရာကို-ရဲရဲတင်းတင်းပြောင်းလိုက်ပါ---ကားအရှိန်က-စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်--ရိုးရိုး-AT-ဂီယာတံက-2-ကိုပြောင်းလိုက်သလိုပါပဲ-
ဒါလည်း--အိုဗါဒရိုက်ကွန်ထရိုးပါပဲ--မိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ-D-ကိုပြန်ထားလိုက်ပါ--မြေပြန့်လိုခရီးဝေးသွားရင်-
ဒီလောက်တော့-ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ-နေရာပြ-2-တို့--L--တို့အကြောင်းကတော့--သာမာန်မောင်းမယ့်သူများအတွက်-နေပြည်တော်လိုမြေပြန့်လမ်းအတွက်-
သုံးစရာမလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့-ခုတော့ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ်နဲ့မဆိုင်လို့ပါ-
ခုလိုအခါမျိုးခရီးသွားရာသီရောက်လာတာနဲ့အမျှ-အမြန်လမ်းအသီးသီးမှာ-ကားမျိုးစုံ-က-မိုင်နာ-ရော-မေဂျာရော-အက်ဆီးဒင့်ခဏ-ခဏဖြစ်နေကြတာကိုလည်း-
တွေ့နေ-မြင်နေရတော့-ဖြေဖျောက်ဘို့လည်းမလွယ်-မျက်စိထဲတ၀ဲဝဲလည်လည်-မြင်ရအားကြီးလို့--မျက်စိနောက်-နားငြီးအောင်သတိပေးစကားပြောကြားနေရတာပါ-
ထပ်မံပြီး-ခု-ဆက်တိုက်ရောက်ရှိလာတဲ့ခေတ်မီကားများအကြောင်းထဲက--ခေတ်မီကိရိယာကွန်ထရိုးများအကြောင်းလည်းပြောပြချင်ပါတယ်-
ဘရိတ်စနစ်များကလည်း--ABS--ဆိုတဲ့--Anti Locked Braking System---များပါလာကြပါတယ်----
ဘရိတ်စနစ်ကိုစပြောပါ့မယ်----ဘရိတ်ဖမ်းလိုက်တဲ့ပုံစံကို-ဘီးကို-လော့ချလိုက်တယ်ပေါ့--ဘရိတ်ကို-လွှတ်လိုက်တယ်ဆိုပါတော့--လော့မချလိုက်တော့ဘူးပေါ့-
ကဲ--အန်တီလော့ဘရိတ်စနစ်ဆိုတာ-ဘာကိုလဲဆိုတော့--ဘရိတ်ကိုရုတ်တရက်-လော့ချလိုက်တာကနေ-ခဏပြန်လွှတ်---ပြီးမှ-တစ်ဘီးချင်းစီကို-
လည်ပတ်နှုန်းမြန်အရ--ဖိအားကိုစနစ်တကျတွက်ချက်လွှတ်ပေးလို့-ဘရိတ်အမိညင်သာသွားပါတယ်-အင်မတန်မြန်တဲ့အချိန်လေးအတွင်းမှာ-ကွန်ပြူတာအာရုံခံ
စနစ်များက-ဘရိတ်ဘူစတာ-ကိရိယာကတစ်ဆင့်-ဘီးတစ်ဘီးချင်းစီရဲ့-ဟိုက်ဒရောလစ်ပိုက်-အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက်တွက်ချက်လွှတ်လိုက်ပါပြီ-
ကားတစ်စီးတည့်တည့်မတ်မတ်သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ-ဘီး-လေးဘီးကအညီအမျှလည်ပေးပါတယ်--ဒီအချိန်မျိုးမှာ-ဘီး-၄-ဘီးရဲ့-ဘရိတ်ကိုတော့-
အညီအမျှဖမ်းပေးပါလိမ့်မယ်--ဒီအခြေအနေနဲ့-ဒက်စတော့-ဆိုတဲ့-တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင်-ယခင်ကားဟောင်းများအတွက်စနစ်ဟောင်းနဲ့ဆိုပါက-
ကျွိ-အိ-အိ-ဗျိ---ဆိုတဲ့--လမ်းနဲ့တာယာပွတ်သံကျိမ်းသေထွက်မှာပါ---
လမ်းမှာလည်းမြင်မကောင်း--အောင်--တာယာပွတ်သွားတဲ့လမ်းကြောင်းဟာလည်း-မြွေလိမ်-မြွေကောက်-သဏ္တန်ကျန်ခဲ့မှာပါ--
ကားရပ်သွားပေမယ့်-အိနြေ္ဒပျက်ပါတယ်----ဘရိတ်မိပြီးချိန်-တာယာအားလုံးရပ်ပြီးချိန်ရောက်မှ-ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့-အရှိန်နဲ့-ရှေ့က -Object-တစ်ခုခုကို
သွားတိုက်ပါလိမ့်မယ်---ဒီအချိန်မှာကားဟာ-ဘီးတတ်ထားတယ်ဆိုသောငြားလည်း--ဘီးတွေအားလုံးရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့-
-အရာဝတ္တုတုံးကြီးတစ်ခုလိုဖြစ်သွားပြီး--အီနားရှားသဘောနဲ့ရွေ့မြဲရွေ့နေလိုတဲ့သဘောရှိနေလို့----လမ်းနဲ့-ဘီးရပ်လျက်အနေထားတို့ရဲ့-ပွတ်မှုအနေထားဖြစ်စဉ်များအရ-
တစ်နည်းအားဖြင့်--ဘရိတ်ဖမ်းလိုက်တော့မှ-လမ်းဘေးကိုထိုးကျသွားတာတို့--ရှေ့ကားကိုလွဲသွားပေမယ့်--ဘေးကကျော်တက်လာတဲ့ကားနဲ့-တွေ့သွားကြတာတို့
ဖြစ်ကြရပါတယ်--တစ်နည်းအားဖြင့်-ဘရိတ်အမိကြမ်းခဲ့လို့--ဒရွတ်ဆွဲသွားတဲ့ပြသနာဆိုးကျိုးတစ်ခုပေါ့ဗျာ--ဘီးမလည်တော့-ကားရဲ့လားရာကိုကွန်ထရိုးမလုပ်နိုင်တော့ပါဘူး-
ကွန်ထရိုးမလုပ်နိုင်တဲ့သဘောတရားများကိုပြောပြရရင်--ရှင်းလေရှုပ်လေတော့နဲနဲဖြစ်ပါမယ်-ခုပြောမယ့်သဘောတရားများကို-ဂရုတစ်စိုက်-တော့ရှိလိုက်ပါ-
ကားများမှာရှိတဲ့တာယာပန်းအားလုံးဟာတစ်ပြေးတည်းအထူအပါး-ပုံစံဒီဇိုင်းမရှိနိုင်ပါ--
ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့-လမ်းမျက်နှာပြင်-အနုအကြမ်းလည်း--မတူနိုင်ပါ--
ဒီတော့-ပွတ်မှုသဘောတရားအရ-
-တာယာမျက်နှာပြင်ကြမ်းနဲ့-လမ်းမျက်နှာပြင်ကြမ်း---ထိတွေ့ပုံကတစ်မျိုး---
-တာယာနုနဲ့-လမ်းမျက်နှာပြင်ကြမ်း-ထိတွေ့ပုံကတစ်မျိုး-
တာယာနုနဲ့လမ်းချောချောက-ထိတွေ့ပုံကတစ်မျိုး-
တာယာကြမ်းနဲ့-လမ်းမျက်နှာပြင်နုနုထိတွေ့ပုံကတစ်မျိုး---ဆိုတဲ့အခြေအနေအမျိုးမျိုးအလိုက်-ဘီးတဘီးချင်းစီရဲ့ဘရိတ်မိပုံမတူနိုင်ပါ--
ဒါကြောင့်လမ်းမှာ--ဘရိတ်ဒရွတ်ဆွဲကြောင်းများက--ရထားသံလမ်းလိုမျဉ်းပြိုင်အနေအထားဘယ်တော့မှမရှိနိုင်တော့ပဲ--မြွေလိမ်မြွေကောက်သဏ္တန်ကျန်ခဲ့တာပေါ့ဗျာ-
ယခင်ကားများက--ပါစကယ်ရဲ့-ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့-ဟိုက်ဒရောလစ်ဘရိတ်ပါ--ကောင်းသထက်ကောင်းအောင်-ဘရိတ်ကိုမိသထက်မိအောင်-
ပတ်ဝန်းကျင်လေထုအက်တမောစဖီးယားကိုထပ်မံစေခိုင်းဘို့--ဒူရိုဆာဗိုဘရိတ်ဆိုတဲ့စနစ်ကိုလည်းထွင်ခဲ့ကြပြန်တယ်---ဆာဗိုဆိုတဲ့အတိုကောက်ခေါ်တဲ့စနစ်ကို
မှတ်မိကြမှာပါ--နာမည်ကြီး--တိုယိုတာဟိုင်းလပ်--ဒိုင်နာတို့ဆိုတာ--ဘရိတ်အားကိုးနဲ့မောင်းလာကြတဲ့လိုင်းကားများပါ---
ဒါပေမယ့်သူတို့ကားများမှာဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထား--ဘေ့စစ်အခြေခံဆိုတဲ့ကားမောင်းတဲ့နည်းပညာကိုညက်ညက်ညောညောနောကျေနေတဲ့-
ကားမောင်းသူများဆိုတော့---ဘရိတ်ကိုဒီအတိုင်းမဖမ်း--တစ်ဆင့်နိမ့်-ဂီယာဒေါင်းပြီးမှဖမ်းတတ်တဲ့ကောင်းမွန်တဲ့အမူအကျင့်လေးများကိုလည်း-
မူလလက်ဟောင်းဒရိုင်ဗာကြီးများက-အလေ့အကျင့်လုပ်ထားကြပါတယ်---ဒီတော့--ရောက်ရှိဂီယာမှတစ်ဆင့်နိမ့်ဂီယာကိုဒေါင်းလိုက်တဲ့အခြေအနေကိုကြည့်လိုက်တော့--
အင်တီလော့ပါပဲ---အတားအဆီးတွေ့ရင်ရုတ်တရက်ဘရိတ်နဲ့ခဏမှေးလိုက်တယ်-ပြီးရင်အမြန်ဆုံးဂီယာကို-အောက်တစ်ဆင့်ဂီယာသို့-
လီဗါပုတ်ဒေါင်း-ပြီးမှ-ဘရိတ်ကိုအပိုင်ဖမ်းကြပါတယ်-
တစ်ချို့လူများသတိထားမိကြမှာပါ--ကားက-ရုတ်တရက်စက်သံဆူတက်လာပြီး--မြန်နှုန်းက-စည်းစည်းလုံးလုံးကျသွားပါတယ်---တစ်နည်းအားဖြင့်-အတိုင်းအတာတစ်ခုညင်သာပါတယ်-
ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့မဖမ်းပဲ-ကားအင်ဂျင်ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေးလိုက်တဲ့သဘောပါ--ဒါမှကားတစ်စီးလုံးကိုဘီးအရင်မရပ်စေပဲ-တဖြေးဖြေးချင်းရပ်ပေးမှာပါ-
ခုခေတ်ပေါ်ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်ကဘီးအားလုံးကိုအညီအမျှအပိုင်ချက်ချင်းဖမ်းမပေးပါဘူး-
-ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက်-လိုသလောက်ပြန်ဖမ်းပေးလိုက်-
ဆိုတဲ့အလုပ်ကို--ကွန်ပြူတာအာရုံခံနဲ့ချိန်ညှိလွှတ်နေပါတယ်--ကားအောက်ပိုင်းလုပ်တဲ့အခါဘီးများကိုသေချာစွာလေ့လာလိုက်ပါ-
ဘီးများလည်တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့-ပွိုင့်လေးများ--ဆင်ဆာများ-ဆော့ကက်များ-ကိုတွေ့ကြရမှာပါ-
ဒီသဘောတရားကိုမသိတဲ့-အောက်ပိုင်းဆရာများ-အောက်ပိုင်းလုပ်လိုက်တဲ့ကားများကို-ပြန်တတ်ပေးဘို့-ဟိုဆော့ကက်ကျန်-ဟို-၀ါယာကျန်ခဲ့လို့-
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်--အနဲဆုံး-ဒိုင်ခွက်ထဲမှာ--ABS--ဆိုတဲ့မီးနီလင်းပြလာလိမ့်မယ်-
ဒါကိုလည်း--AirBag--နဲ့ထပ်ပြီးအမှတ်မမှားနဲ့---
ABS-ကွန်ထရိုးက-နဲနဲလည်တဲ့ဘီးကို-နဲနဲပဲညှစ်--များများလည်တဲ့ဘီးကိုများများညှစ်-
မနဲမများလည်တဲ့ဘီးကိုမနဲမများညှစ်--တတ်နိုင်သလောက်-ဘရိတ်အမိကြမ်းလို့ဘီးတွေဒရွတ်ဆွဲမသွားအောင်သေချာချိန်ညှိဖမ်းကြကွာ-
ဆိုပြီးအမိန့်ပေးနေလို့-မိတော့မိတယ်-အမိမကြမ်းတော့ဘူး---ဒီတော့-ဘရိတ်-ဒရွတ်ဆွဲသံတွေလည်းမကြားရသလောက်ပါပဲ--
ဒါကိုမီးပွိုင့်မှာမီးဝါမိလို့မလွတ်တလွတ်ဖြစ်သွားတဲ့ကားများရပ်သွားတဲ့ပုံကိုကြည့်လိုက်ရင်---ကားတော့ရပ်သွားတယ်--ဘရိတ်ဒရွတ်ကြောင်းလည်းမရှိ-အသံလည်း
မကြားရသလောက်ပါပဲ--မီးပွိုင့်မှာငြိမ့်ခနဲတော့ထိုးထိုးရပ်သွားပါတယ်--
ဒါပေမယ့်--နဲနဲလေးမမိတမိနဲ့-ဒက်စတော့ဆိုတာမဖြစ်လို့--ရှေ့ကားနောက်ပိုင်းလေးများကို-Kiss me quick--သွားလုပ်ကြတော့-ခဏ-ခဏမြင်မိပါတယ်--
တက်စီလုပ်ဆွဲစားနေကြတဲ့--ပရိုဘောက်-၁၀-စီးမှာ-၈-စီးလောက်--နောက်ဖက်အဖုံးလေးတွေပိန်ချိုင့်နေကြကိုမြင်ကြရမှာပါ-ဒါဟာလည်းသက်သေတစ်မျိုးပါပဲ-
ဒီပုံလေးတစ်ပုံလည်းကြုံလို့တင်ထားပေးလိုက်တယ်---ဒီတော့အပြင်မှာအတွေ့အကြုံအရလူပြောများနေတဲ့အပြောကိုနားထောင်ကြည့်ပါအုံး--
အော်တိုဂီယာတွေရဲ့ဘရိတ်က--ရိုးရိုးဂီယာလောက်အမိမကောင်းဘူးတဲ့--
ဒါကြောင့်အော်တိုဂီယာတွေက-အက်ဆီးဒင့်ပိုအဖြစ်များတာတဲ့----
ဒါဟာအမှားမှတ်-အမှတ်မှားနေကြတာပါ---ရိုးရိုးဂီယာနဲ့လာလာ-အော်တိုဂီယာနဲ့လာလာ-ဘရိတ်စနစ်ကတော့အများအားဖြင့်-ABS--ဆိုတဲ့ဘရိတ်စနစ်ဖြစ်လို့သွားပါပြီ-
ဘယ်သူကပိုကောင်းတယ်မရှိတော့ပါဘူး--ဒါပေမယ့်-အော်တိုဂီယာမှာ--AT ---CVT--ဆိုပြီးထပ်ကွန့်ထားပါတယ်--AT-ဂီယာနဲ့ကားများက-ဂီယာတစ်ခုနဲ့တစ်ခုအကူး
အပြောင်းမှာကြန့်ကြာချိန်လေးမဆိုသလောက်ရှိပါတယ်---ယခင်-မတ်တူးလိုကားမျိုးမှာစထွက်ထွက်ချင်း--ကလပ်ချော်နေသလို--ဖြစ်နေတတ်ပါတယ်-
ဂီယာချိန်းရင်လည်း--စက်သံပြောင်းနေတဲ့အသံကိုသိသာစွာကြားရတတ်ပါတယ်---
CVT--တတ်ထားတဲ့--ဘယ်လ်တာ--ဗစ်ဇ်လိုကားလေးတွေမှာတော့--Continuously Variable Transmission--ဆိုတဲ့အဓိပါယ်အတိုင်း--စထွက်ကထဲက-ကားက
ငေါက်ကနဲစထွက်ပေးပါတယ်--ဂီယာချိန်းသွားရင်လည်း-ဆက်တိုက်မသိမသာချိန်းသွားလို့--ဆီစားသက်သာတာ--အထကောင်းတာ-ကိုလက်တွေ့မြင်ရပါတယ်-
ယခင်က-ရိုးရိုးဂီယာ-တတ်ကားများက-အထနှေးပါတယ်---အရှိန်ရလာလို့နောက်ဆုံးဂီယာနဲ့မောင်းတယ်ထား--လီဗါကိုလွှတ်လိုက်ရင်-ဂီယာကွန်ထရိုးနဲ့မို့-
ကားက-စည်းကနဲရှိနေပေးပါတယ်---ကျွမ်းကျင်မှုအရ-အောက်တဆင့်ဂီယာကိုပြန်ဒေါင်းနိုင်ပါက--ကားက-အရှိန်ထပ်သေသွားပါတယ်-
ယခုအော်တိုဂီယာတွေကတော့-ရိုးရိုးဂီယာကားများထက်အထမြန်သွားပါပြီ--ဒါကလည်းအက်ဆီးဒင့်ပိုဖြစ်စေနိုင်ပါတယ်-
အော်တိုဂီယာကတော့--လီဗါလျှော့လိုက်ရင်အော်တိုကလပ်အလုပ်ကိုလည်းလုပ်ပေးနေပါတယ်--လိုအပ်တဲ့ဂီယာကိုအလိုအလျောက်ချိန်းပေးဘို့အတွက်ပါ-
ဒီတော့-လီဗါလျှော့လိုက်တဲ့အခါ-ခေတ္တဖရီးသဘောမျိုးတော့ဖြစ်သွားပါတယ်--ဒီတော့ဘရိတ်ဖမ်းတဲ့အချိန်မှာရိုးရိုးဂီယာလောက်အမိမပိုင်ဘူးထင်ရလို့ပါ--
ဒါကတော့အထင်ပါ--ဘရိတ်က-ဘရိတ်အလုပ်ကိုပိုင်နိုင်စွာလုပ်ပေးပါတယ်--စိတ်ထင်လို့ပါ---
ဒီတော့ရိုးရိုးဂီယာလိုဘရိတ်ပိုမိအောင်ဖမ်းချင်ရင်--ရိုးရိုးAT--ဆို-D-မှာမောင်းနေရင်း- 2-ကို-ရဲရဲတင်းတင်းပြောင်းပြီးမှဘရိတ်ဖမ်းကြည့်ပါ-
ဂီယာဒေါင်းပြီးဘရိတ်ဖမ်းလိုက်တဲ့သဘောကိုတွေ့ပါလိမ့်မယ်-
ဇစ်ဇက်ဂီယာဆိုရင်တော့--D-မှ-S--ကိုပြောင်းပြီးမှဘရိတ်ဖမ်းလိုက်ပါ----စိတ်ချလက်ချပြန်မောင်းတော့မှ-D--ကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့---
ခေတ်ပေါ်ကားများနဲ့ပတ်သက်လို့-မြန်နှုန်းမြင့်မောင်းကြတဲ့အခါမျိုးမှာ--အော်တိုဂီယာ-ဆိုပြီး--အမြဲတန်း--D-နဲ့တောက်လျှောက်မမောင်းသင့်ပါဘူး-
အိုဗာစပိဖြစ်လာလို့-အချိန်မီပြန်ထိမ်းသိမ်းချင်ရင်---OD/OnOff---တို့---D-မှ-2--နေရာသို့-----D-မှ-S-နေရာသို့ခေတ္တပြောင်းပြီးမောင်းသင့်ပါကြောင်း--
ဒီလိုနည်းစနစ်များကိုလည်း---ကြိုတင်ခါ-ဇာတ်တိုက်လေ့ကျင့်ထားကြရင်ဖြင့်-----
၁-စက္ကန့်မှာ--၈၈-ပေ-သွားနေတဲ့ကားအလျင်ကို--အန္တရာယ်အတွင်းမှအချိန်မီထိမ်းချုပ်နိုင်မှာဖြစ်တဲ့အကြောင်း---
မိတ်ဆွေတို့ကို-ယာဉ်အန္တရာယ်--လမ်းအန္တရာယ်ကင်းရှင်းစေဘို့----နည်းလမ်းကောင်းလေးညွှန်ပြလိုက်ပါတယ်---
မှတ်မှတ်ရရ--မြန်မာနှစ်ဆန်း-၂-ရက်နေ့မှာပေါ့ဗျာ---
ကားမိတ်ဆွေများကိုခင်မင်လျက်--
ကိုသက်--
---------------
Credit: Kothet Win
Ref. News for News သတင်းများအတွက်သတင်း

“ အင်ဂျင်ဝိုင်အကြောင်း သိကောင်းစရာ ” အပိုင်း(၁)


အင်ဂျင်ဝိုင်ကိုရွေးချယ်ရာတွင် အင်ဂျင်ထုတ်လုပ်သူများမှသတ်မှတ်ထားသော engine performance requirement များ၊ အင်ဂျင်၏အသုံးပြုမည့် application များနှင့် ရရှိနိုင်သောအသုံးပြုမည့် ဆီ(ဒီဇယ်၊ ဓာတ်ဆီ)၏ အရည်အသွေး စသည်တို့ပေါ်တွင်မူတည်၍ ရွေးချယ်လေ့ရှိသည်။
Viscosity သည် အင်ဂျင်ဝိုင်၏ အရေးအကြီးဆုံး အရည်အသွေးတစ်ခုဖြစ်သည်။ မည်သည့်အပူချိန်တွင်မဆို ရွေ့လျားနေသော အစိတ်အပိုင်းများကြားတွင် လုံလောက်သောအင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းမှုရှိနေရန် မှန်ကန်သောစေးပျစ်မှု ရှိရန် အရေးကြီးသည်။ အင်ဂျင်ဝိုင်အရမ်းကျဲပါက လုံလောက်သော sealing effect မရရှိနိုင်ပေ။ အင်ဂျင်ဝိုင် အရမ်းပျစ်ပါကလည်း အေးသောအပူချိန်တွင် အင်ဂျင်ဝိုင်စီးဆင်းမှု နှေးကွေးစေပြီး လုံလောက်သော lubrication ကိုမရနိုင်ပေ။
Viscosity ၏ သဘောသဘာဝမှာ အပူချိန်မြင့်လာပါက ကျဲသွားပြီး၊ အပူချိန်ကျလာပါက စေးပျစ်သွားလေ့ရှိသည်။ အင်ဂျင်တစ်လုံး၏ မောင်းနှင်ရာတွင်ဖြစ်နိုင်ခြေရှိသော အနိမ့်ဆုံးအပူချိန်နှင့် အမြင့်ဆုံးအပူချိန်နှစ်မျိုးလုံးအတွက်ခံနိုင်သော viscosity ကိုရွေးချယ်ရန် လိုအပ်သည်။
SAE (Society of Automotive Engineers) အဖွဲ့အစည်းမှ SAE J300 oil classification system အရ viscosity အပေါ်မူတည်၍ အင်ဂျင်ဝိုင်၏ အတန်းအစားများကို ခွဲခြားထားသည်။ ဥပမာ SAE 10WS ၊ AE 30 ၊ SAE 15W40 Single non-winter grade oil များသတ်မှတ်ရာတွင် Kinematic viscosity ကို အပူချိန် ၁ဝဝ ဒီဂရီစင်တီဂရိတ် ၂၁၂ ဒီဂရီဖာရင်ဟိုက်တွင်တိုင်းတာ၍ သတ်မှတ်သည်။ Single non-winter grade oil များမှာ SAE 20 ၊ SAE 30 ၊ SAE 40 ၊ SAE 50 နှင့် SAE 60 တို့ဖြစ်သည်။
Single winter grade oil များသတ်မှတ်ရာတွင် Dynamic viscosity ကို အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် (သုညဒီဂရီဖာရင်ဟိုက်) တွင်တိုင်းတာပြီး winter oil အဖြစ်သတ်မှတ်၍ W ကိုထည့်သုံးသည်။ Winter oil များမှာ SAE 0W ၊ SAE 5W ၊ SAE 10W ၊ SAE 15W ၊ SAE 20W နှင့် SAE 25W တို့ဖြစ်သည်။ Multi-grade oil များကိုမူ အထက်ပါ Single non-winter grade oil နှင့် Single winter grade oil များသတ်မှတ်ရာတွင်သုံးသော အပူချိန်နှင့်နည်းစနစ်အတိုင်းတိုင်းတာပြီး viscosity နှစ်မျိုးကြားတွင် W ကိုထည့်သွင်းအသုံးပြုသည်။ ဥပမာအားဖြင့် SAE 15W-40 ဆိုသည်မှာ SAE15 မှာ Single winter grade oil များသတ်မှတ်ရာတွင် သုံးသောအပူချိန်နှင့် နည်းစနစ်အတိုင်းတိုင်းတာရာမှရရှိသော grade ဖြစ်ပြီး 40 မှာ Single non-winter grade oil များသတ်မှတ်ရာတွင်သုံးသောအပူချိန်နှင့် နည်းစနစ်အတိုင်း တိုင်းတာရာမှရရှိသော grade ဖြစ်သည်။
API (American Petroleum Institute) မှ အင်ဂျင်ဝိုင်၏ service class သို့မဟုတ် service category ကို S နှင့် C ဟူ၍ နှစ်မျိုးထပ်မံခွဲခြားသည်။ S ကို Service Category ဟုခေါ်သော Spark Ignition engines (ဓာတ်ဆီအင် ဂျင်များ)အတွက်သုံးပြီး C ကို Commercial Category ဟုခေါ်သော Compression Ignition engines (ဒီဇယ်အင်ဂျင်များ) အတွက်သုံးသည်။
Gasoline engine များအတွက် service category များမှာ SA ၊ SB ၊ SC ၊ SD ၊ SE ၊ SF ၊ SG ၊ SH ၊ SJ ၊ SL ၊ SM ၊ SN တို့ဖြစ်ပြီး SJ ၊ SL ၊ SM ၊ SN လေးမျိုးသာ လက်ရှိထုတ်လုပ်နေပြီး အခြား category များမှာ ထုတ်လုပ်မှုရပ်တန့်သွားပြီ ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် နောက်ဆုံးထုတ် service category (ဥပမာအားဖြင့်) SN သည် အရင်ထုတ်လုပ်ထားသော category (ဥပမာအားဖြင့် SM ၊ SL ၊ SJ) များ၏ Performance properties များထက်ကျော်လွန်လေ့ရှိသည်။
Diesel engine များအတွက် category များမှာ CA ၊ CB ၊ CC ၊ CD ၊ CD-II (for two-stroke engines)၊ CE ၊ CF ၊ CF-2 (for two-stroke engines) ၊ CF-4 (for four-stroke engines) ၊ CG-4 ၊ CH-4 ၊ CI-4 ၊ CJ-4 တို့ဖြစ်ပြီး CF နှင့် နောက်ပိုင်း category များသာလက်ရှိထုတ်လုပ်နေပြီး အခြား category များမှာ ထုတ်လုပ်မှုရပ်တန့်သွားပြီဖြစ်သည်။
သင်ဝယ်ယူသော အင်ဂျင်ဝိုင်ပုံး သို့မဟုတ် ပီပါအဖုံးပေါ်တွင် API Certification Mark or "Starburst" နှင့် API Service Symbol or API Donut တို့ ပါရှိပါက ၎င်းအင်ဂျင်ဝိုင်သည် API ၊ International Vehicle and Engine Manufacturers နှင့် Lubricant Industry တို့မှ သတ်မှတ်ထားသော performance requirement များကိုပြည့်မီကြောင်း အထောက်အထားဖြစ်သည်။
API Donut တွင် အပိုင်းသုံးပိုင်းပါရှိသည်။ API Donut ၏အပေါ်ဘက် အခြမ်းတွင် အင်ဂျင်ဝိုင်၏ performance level ကိုဖော်ပြပြီး အလယ်တည့်တည့်တွင် အင်ဂျင်ဝိုင်၏ viscosity ကိုဖေါ်ပြ၍ အောက်ဘက်အခြမ်းတွင် ENERGY CONSERVING သို့မဟုတ် RESOURCE CONSERVING ကိုဖေါ်ပြသည်။
ဒီဇယ်အင်ဂျင်အတွက် ထုတ်လုပ်ထားသော အင်ဂျင်ဝိုင်သည် ဓါတ်ဆီအင်ဂျင်အတွက်လည်း သုံးနိုင်ပါက API Donut ၏အပေါ်ဘက်အခြမ်းတွင် Multiple Performance Level အဖြစ် C category ကိုရှေ့မှာထား၍ ဖေါ်ပြပြီး S category ကိုနောက်မှာထား၍ဖော်ပြသည်။ ထိုသို့သော အင်ဂျင်ဝိုင်အမျိုးအစားမှာ C category ဖြစ်သော ဒီဇယ်အင်ဂျင်အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်၍ S category ဖြစ်သော ဓာတ်ဆီအင်ဂျင်တွင်အသုံးပြုနိုင်သော်လည်း ဓာတ်ဆီအင်ဂျင် အတွက်လိုအပ်သော performance requirement များအလုံးစုံ အပြည့်အဝရရှိနိုင်ရန် မသေချာပေ။
အင်ဂျင်တစ်လုံးတွင်သုံးသော အင်ဂျင်ဝိုင်၏ အဓိကလုပ်ငန်းစဉ်များမှာ-
1. Lubrication
အင်ဂျင်အတွင်းပွတ်တိုက်သော အစိတ်အပိုင်းများကြားတွင် ပွတ်တိုက်မှုကြောင့် ဆုံးရှုံးနိုင်သော အင်ဂျင်၏ power ဆုံးရှုံးမှုနည်းပါးစေရန်အတွက် ချောဆီအဖြစ်အသုံးပြုခြင်း
2. Cooling
အင်ဂျင်အတွင်းပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အပူများကို အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာလမ်းတစ်လျှောက် conduction heat transfer နည်းဖြင့် အင်ဂျင်အစိတ်အပိုင်းများကို အေးစေခြင်း
3. Cleaning
အင်ဂျင်အတွင်းပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသော wear particles များကို အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာလမ်း တစ်လျှောက် သန့်စင်ဆေးကြောပေးခြင်း
4. Sealing
အင်ဂျင်ပေါက်ကွဲခန်း combustion chamber အတွင်း ပေါက်ကွဲမှု ကောင်းစေရန်အတွက် combustion chamber ကိုလုံအောင် အင်ဂျင်ဝိုင်အလွှာပါးဖြင့် seal လုပ်ပေးခြင်း
5. Protecting
အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာလမ်းတစ်လျှောက် သတ္တုမျက်နှာပြင်များပေါ်တွင် အင်ဂျင်ဝိုင်အလွှာပါးရှိနေစေခြင်းဖြင့် ပွတ်တိုက်မှုကို လျော့ကျစေသည့်အပြင် သတ္တုမျက်နှာပြင်များကို သံချေးတက်ခြင်းနှင့် corrosion ဖြစ်ခြင်းမှလည်း ကာကွယ် ပေးသည်။ အင်ဂျင်ဝိုင်တွင် Base oil ခေါ် base stock နှင့် additives ခေါ် ထပ်တိုးဒြပ်ပစ္စည်းများပါဝင်သည်။ Base stock တွင် mineral (petroleum base) နှင့် synthetic နှစ်မျိုးကို အများဆုံးသုံးလေ့ရှိသည်။ Base oil အနေဖြင့် အင်ဂျင်၏လိုအပ်သော အခြေခံ lubrication requirement ကို ဖြည့်ဆည်းပေးနိုင်သော်လည်း additives များ မပါ,ပါက အချို့သော operation condition များတွင် base oil ၏ အရည်အသွေးများ လျင်မြန်စွာလျော့ကျလေ့ရှိသည်။ အသုံးပြုသော base oil နှင့် additives များပေါ်တွင်မူတည်၍ အင်ဂျင်ဝိုင်၏အရည်အသွေး ကွာခြားလေ့ရှိသည်။
Base oil တွင် additives များထပ်မံပေါင်းထည့်ပေးခြင်းဖြင့် မူလအခြေခံဆီ၏ တချို့သောအရည်အသွေးများ ကိုပြုပြင်ပေးနိုင်ပြီး ပို၍အားကောင်းလာစေသည်။ Mineral (Petorleum) base stock ကို petroleum crude oil မှ သန့်စင်ချက်လုပ်ခြင်းဖြင့်ရရှိသည်။ Crude oil ရရှိသောရင်းမြစ်နှင့် သန့်စင်ချက်လုပ်ခြင်းနည်းစဉ်ပေါ်မူတည်၍ base stock characteristics များကွာခြားနိုင်သည်။
Synthetic base stock ကိုမူ လိုချင်သော အရည်အသွေးအတိုင်းရရှိစေရန် ဓာတုပစ္စည်းများကို လိုအပ်သလို အကြိမ်ကြိမ်ဓာတုဓာတ်ပြုစေခြင်းဖြင့် ထုတ်လုပ်ရရှိစေသည်။ Synthetic base stock တွင် Viscosity Index (VI) ပါဝင်မှုသည် mineral base stock တွင်ပါဝင်သော Viscosity Index (VI) ပါဝင်မှုထက်မြင့်မားသောကြောင့် မြင့်မားသောအပူချိန်တွင် အင်ဂျင်ဝိုင် အရမ်းကျဲသွားခြင်းနှင့် နိမ့်သောအပူချိန်တွင် အရမ်းပျစ်သွားခြင်းမှ ကာကွယ်ပေးသည်။ ထိုဝိသေသလက္ခဏာ ကြောင့် စက်နှိုးရခက်သော အေးလွန်းသောရာသီဥတုတွင် အသုံးပြုသောအင်ဂျင်များတွင် Synthetic oil ကို အသုံးများခြင်း ဖြစ်သည်။ Synthetic oil ၏ အဓိကအားနည်းချက်မှာဈေးအလွန်ကြီးခြင်းဖြစ်သည်။ Petroleum-based engine oil ထက် လေးဆမှ ငါးဆအထိ ဈေးကြီးသည်။
-၂၉ ဒီဂရီ စင်တီဂရိတ် အထိအအေးခံပြီး Synthetic Oil နှင့် Non-synthetic oil တို့၏ စေးပျစ်မှုပြောင်းလဲခြင်းကို စမ်းသပ်ခြင်း၊ အသုံးများသော Additives များမှာ detergents, oxidation inhibitors, dispersant, alkalinity agents, anti wear agents, pour-point depressants နှင့် viscosity index (VI) improver တို့ဖြစ်သည်။
- Detergents သည် oxidation product များနှင့် ဓာတုဓာတ်ပြုစေခြင်းဖြင့် insoluble compounds များဖြစ်ပေါ်စေခြင်းနှင့် အနည်အနှစ်များကျခြင်း တို့ကိုရပ်တန့်စေပြီး အင်ဂျင်ကို သန့်ရှင်းစေသည်။
- Oxidation inhibitor များသည် viscosity တက်လာခြင်း၊ organic acid များတိုးပွားလာခြင်းနှင့် carbonaceous matter များဖြစ်ပေါ်လာစေခြင်း မှ ကာကွယ်ပေးသည်။
- Dispersant များသည် contaminant များကို မပေါင်းစည်းစေခြင်း နှင့် suspension ဖြစ်နေစေခြင်းဖြင့် sludge ဟုခေါ်သော ဆီအနည်အနှစ်များ မဖြစ်လာစေရန် ကာကွယ်ပေးသည်။
- Alkalinity agent သည် အက်စစ်များကိုချေဖျက်ရာတွင် အထောက်အကူပြုသည်။
- Anti-wear agent များသည် သတ္ထုမျက်နှာပြင်များပေါ်တွင်ပါးလွှာ သောဆီအလွှာများဖြစ်ပေါ်စေခြင်းဖြင့် ပွတ်တိုက်မှုကို လျော့ကျစေသည့်အပြင် သတ္ထုမျက်နှာပြင်များကို corrosion ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။
- Pour-point depressant များသည် အင်ဂျင်ဝိုင်ကို low temperature တွင် ဖယောင်းခဲပုံစံ အစိုင်အခဲ wax crystal များဖြစ်ပေါ်စေခြင်းမှ ကာကွယ်ပေးခြင်းဖြင့် နိမ့်သောအပူချိန်မှာပင် အရည်အခြေအနေအဖြစ် ဆက်လက်တည်ရှိနိုင်ရန် အထောက်အကူပြုသည်။
- Viscosity index (VI) improver သည် မြင့်မားသောအပူချိန်တွင် အင်ဂျင်ဝိုင်အရမ်းကျဲသွားခြင်းနှင့် နိမ့်သောအပူချိန်တွင် အရမ်းပျစ်သွားခြင်း မှ ကာကွယ်ပေးသည်။ တစ်နည်းအားဖြင့် VI improver များသည် အပူချိန် အပြောင်းအလဲတွင်ဖြစ်ပေါ်သော viscosity ပြောင်းလဲနှုန်းကို လျှော့ချပေး သည်။
အင်ဂျင်ဝိုင်အကြောင်းပြောရာတွင် TBN (Total Base Number) အကြောင်း မပါလျှင်မပြည့်စုံပေ။ လောင်စာဆီတွင် Sulfur ပါဝင်မှုပေါ်မူတည်၍ TBN ကိုရွေးချယ်သင့်သည်။ အင်ဂျင်ဝိုင်တွင် ပါဝင်သော alkaline compounds များဖြင့် sulfurous နှင့် sulfuric acid များကို ဓာတ်ပြယ်စေခြင်းဖြင့် အင်ဂျင်အစိတ်အပိုင်းများကို corrosion damage ဖြစ်စေခြင်းကို လျော့ကျစေသည်။ အင်ဂျင်ဝိုင်တွင် alkalinity ပါဝင်မှုကို TBN ဖြင့်တိုင်းတာသတ်မှတ်သည်။ Alkaline compounds ပါဝင်မှုများလေလေ (TBN မြင့်လေလေ) အက်ဆစ်ကို ဓာတ်ပြယ်စေနိုင်မှုများလေလေဖြစ်သည်။ အသုံးပြုသော ဆီတွင် ဆာလ်ဖာ ပါဝင်မှုနှုန်းများပါက TBN ပါဝင်မှုများသော အင်ဂျင်ဝိုင်ကိုရွေးချယ်သုံးစွဲရန် လမ်းညွှန်လေ့ရှိသည်။
အင်ဂျင်ဝိုင်၏ viscosity တူသော်လည်း ထည့်သွင်းအသုံးပြုထား သော base oil အမျိုးအစား၊ additive အမျိုးအစားများ၊ အရေအတွက်နှင့် ပါဝင်မှုအချိုးအစားတို့ပေါ်တွင်မူတည်၍ ဈေးနှုန်းကွာခြားလေ့ရှိသည်။ ဥပမာအားဖြင့် viscosity တူသော်လည်း TBN ပါဝင်မှုများသော အင်ဂျင်ဝိုင်သည် အက်စစ်ကိုပို၍ ချေဖျက်နိုင်စေသဖြင့် TBN ပါဝင်မှုနည်းသော အင်ဂျင်ဝိုင်ထက် ပို၍ဈေးကြီးသည်။
အချုပ်အားဖြင့်ဆိုရသော် သင်၏ကားအင်ဂျင်အတွက် သင့်တော်မှန်ကန်သော အင်ဂျင်ဝိုင်အမျိုးအစားကို သိရှိစေရန်၊ အသုံးပြုမည့် အင်ဂျင်ဝိုင်မှ အကျိုးအပြည့်အဝရရှိစေရန်နှင့် အင်ဂျင်၏ စွမ်းဆောင်ရည်အပြည့် အဝရရှိစေရန် အောက်ပါတို့ကို လိုက်နာလုပ်ဆောင်သင့်သည်။
- အင်ဂျင်ထုတ်လုပ်သူ သို့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ ၂ဝဝ၅ နောက်ပိုင်းထုတ်သော Model မြင့်ကားတချို့ တွင် အင်ဂျင်ဝိုင်အမျိုးအစားကို ဖော်ပြခြင်းမရှိတော့ပါ။
- အင်ဂျင်ထုတ်လုပ်သူ သို့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော အင်ဂျင်ဝိုင်လဲလှယ်ရမည့် အချိန်အတိုင်း အင်ဂျင်ဝိုင်လဲလှယ်ပါ။ ယေဘုယျအားဖြင့် ကီလိုမီတာ ၅ဝဝဝ မှ ၁ဝဝဝဝ ကြား သို့မဟုတ် အချိန် ၆ လ မှ ၁နှစ်ကြားတွင် အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကို လဲလှယ်ခိုင်းလေ့ရှိသည်။ Commercial purpose အတွက်သုံးသော ရဲကားများ၊ ဆွဲကားများ၊ Taxi များ၊ တောင်ပေါ်ဒေသတွင် သုံးသောကားများ၊ ဖုန်ထူပြီးလမ်းကြမ်း သောဒေသတွင် သုံးသောကားများ၊ မြို့တွင်းတွင်သုံးသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ သောအခြေအနေတွင် သုံးသောကား များဖြစ်ပါက ကီလိုမီတာ ၅ဝဝဝ သို့မဟုတ် အချိန် ၆ လ (ကီလိုမီတာ ၅ဝဝဝ ပြည့်လျှင်သော်လည်းကောင်း၊ အချိန် ၆ လ ပြည့်လျှင်သော်လည်းကောင်း) တွင် အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကို လဲလှယ်ခိုင်းလေ့ရှိသည်။ အသုံးပြုသောဆီတွင် ဆာလ်ဖာ ပါဝင်မှုနှုန်းများပါက အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကိုအချိန်စော၍ လဲလှယ်ရန် လမ်းညွှန်လေ့ရှိသည်။ ၂ဝဝ၅ နောက်ပိုင်းထုတ်သော Model မြင့်ကားတချို့တွင် အင်ဂျင်ဝိုင်၏ ကျန်ရှိသောသက်တမ်းကို ဒရိုင်ဘာရှေ့ရှိ ဒိုင်ခွက်ထဲရှို Information Display တွင် ဖော်ယူကြည့်ရှုခြင်းဖြင့် သိရှိနိုင်သည်။ ကျန်ရှိသော အင်ဂျင်ဝိုင်သက်တမ်း ၁၅ ရာခိုင်နှုန်းအောက် ရောက်ရှိလာပါက ကားသော့ဖွင့်ချိန်တိုင်းတွင် ဒိုင်ခွက်ထဲရှိ Information Display တွင်ကျန်ရှိ သောသက်တမ်းကို ဖော်ပြ ပေးနေမည်ဖြစ်သည်။ (အမှန်တကယ်အားဖြင့် အင်ဂျင်ဝိုင် သို့မဟုတ် lubricating oil များ၏ သက်တမ်းသည် အင်ဂျင်၏ မီးလောင်ပေါက်ကွဲရာမှ ထွက်လာသောအပူချိန်၊ အအေးခံစနစ်၏ စွမ်းဆောင်ရည်၊ အသုံးပြုသောဆီတွင် ဆာလ်ဖာပါဝင်မှုနှုန်း၊ အင်ဂျင်၏ load factor အစရှိသော အချက်များစွာပေါ်တွင် မှီခိုသောကြောင့် အင်ဂျင်ဝိုင်၏ သက်တမ်းကို ခရီးအကွာအဝေး သို့မဟုတ် အချိန်ကာလပေါ်တွင်မူတည်၍ လဲလည်ခြင်းထက် အင်ဂျင်၏ running conditions နှင့် အင်ဂျင်၏ running hour တို့အပေါ်တွင်မူတည်၍ လဲလှယ်ခြင်းက ပို၍သဘာဝကျသည်။ စက်ရုံသုံးမီးစက်အင်ဂျင်ကြီးများ၊ တာဘိုင်ကြီးများ၏ lubricating oil များ၏ သက်တမ်းကို ဆုံးဖြတ်ရန်အတွက် အင်ဂျင်အတွင်းမှချောဆီနမူနာ ထုတ်ယူ၍ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးပြီး အင်ဂျင်ဝိုင်လဲရန်အချိန်ကို ဆုံးဖြတ်လေ့ရှိသည်။)
- အင်ဂျင်ထုတ်လုပ်သူ သို့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော API service category နှင့် SAE viscosity grade ကိုရွေးချယ်ဝယ်ယူပါ။ အင်ဂျင်ဝိုင်၏ viscosity grade ကို အသုံးပြုမည့်နေရာဒေသ၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန်အပေါ် မူတည်၍ ရွေးချယ်နိုင်ရန်ဖော်ပြပေးထားလေ့ရှိသည်။ ၂ဝဝ၅ နောက်ပိုင်း ထုတ်သော Model မြင့်ကားတချို့ တွင် အရမ်းအေးနေချိန်တွင် စက်နှိုးရ လွယ်စေရန် နှင့် ဆီစားသက်သာစေရန် 5W-20 အင်ဂျင်ဝိုင်ကို ပထမဦးစားပေးအနေဖြင့် recommend လုပ်လေ့ရှိသည်။
သင်အသုံးပြုလိုက်သော အင်ဂျင်ဝိုင်သည် သင်၏ကားအင်ဂျင် အတွက် လိုအပ်သောအရည်အသွေးထက်နိမ့်ကျနေပါက အင်ဂျင်၏ စွမ်းဆောင်ရည်အပြည့်အဝမရရှိနိုင်သည့်အပြင် အင်ဂျင်အစိတ်အပိုင်းများ ပွန်းစားမှုနှုန်းလည်းများမည်ဖြစ်သည်။ တခြားတစ်ဘက်၌ သင်၏ကားအင်ဂျင်အတွက်လိုအပ်သော အရည်အသွေးထက် အရမ်းမြင့်သောအင်ဂျင်ဝိုင်ကို အသုံးပြုပါက အမှန်တကယ်မလိုအပ်ဘဲ အင်ဂျင်ဝိုင်အတွက် ကုန်ကျစရိတ်များစေမည်ဖြစ်သည်။
ဝိုင်ကေတီ(စက်မှု)
@AutoCar Buyers'Guide Journal (Every Thursday)
https://www.facebook.com/officialautocarjournal