Friday, May 9, 2014

တို့တိုင်းပြည်


ထလော့မြန်မာ၊ အိုမြန်မာတို့

တို့ရွာ၊ တို့မြေ၊ တို့ရွာမြေ၀ယ်

စေတီ၊ စပါးများလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

ယာစကာမျိုး၊ တညှိုးညှိုးနှင့်

ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျက်

မစားလေရ၊ ၀မ်းမ၀၍

ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။


ထလော့မြန်မာ၊ အိုမြန်မာတို့

တို့ရွာတို့မြေ၊ တို့မြေရွာဝယ်

ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်

သီးနှံချိုပျား၊ များလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

မြင်သာမြင်ရ၊ မစားရ၍

တောကပြိတ္တာ ဖြစ်မည်တည်း။


ထလော့မြန်မာ၊ မြန်မာထလော့

အားမပျော့နှင့်၊ မလျှော့လုံ့လ

သူကစ၍၊ ငါကအားလုံး

လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်

စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ

ဤယာစပါး၊ ဘယ်သူ့စပါးလဲ

ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း

ဥာဏ်ရှေ့ ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း ။ ။
 
( ဆရာဇော်ဂျီ )

ကျောက်ကပ် ပျက်စီးသူများနှင့် ကုန်းကတက်ပင်

လရောင်ရဲ့ ဖခင်ဟာ
ကျောက်ကပ်ပျက်စီးသွားသောကြောင့် ကျောက်ကပ်တု သွေးသန့် စင်ခန်း မှာ သုံးရက်လျင်
တစ်ကြိမ် ၅၀၀၀၀ ခန့်  ကုန်ကျ နေ
ပါ တယ် ။

လေး ရက်မြောက် ဆေးမဲ့ နေ့  ညမှာ လုံးဝ အိပ်စက်ဖို့  အဆင်
မပြေ ဖြစ်လာရှာ ပါတယ် အရမ်းအမော
လာပါတယ် ။

ယ္ခု အခါ (ကုန်းကတက် ) ပင် ရဲ့
အခေါက်ကို သွေး ပြီး သံပုရာသီး
အစစ်နဲ့ တစ်နေ့  တစ်ကြိမ်
သောက်သုံး လာခဲ့ ရာ
ခြောက်ရက်လျင် တစ်ကြိမ်သာ
ကျောက်ကပ်ဆေး ခြင်း ပြုလုပ် နေရပြီး ညစဉ်တိုင်းမှာလည်း လုံးဝ မမော
တော့ပါ ။

အခြားအမော ရောဂါသည်
များလည်း သိသာစွာ သက်သာ လာပါတယ် ။ မန္တလေးတိုင်း အတွင်းမှာပင်
ကျောက်ကပ် ပျက်စီးသူ
၁၀၀၀ ခန့် ရှိနိုင် ပြီး
တစ်နိုင်ငံလုံး အတိုင်းတာဖြင့်
ဆိုလျင် များစွာ ရှိနေပါလိမ့် မယ် ။

ထိုရောဂါ စွဲကပ်လာပါက မည်သူုမဆို
တစ်လ လေးသိန်း ငါးသိန်းခန့် 
ကုန်ကျပါမှ အသက်ရှင် နေထိုင်ခွင့်
ရသလို မိသားစု လိုက် ဆင်းရဲမွဲတေ
စေတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ် ။

သို့ ပါ သောကြောင့် ထိုဆေးနည်း ဖြင့်
ဖြစ်ပြီးသား ဝေဒနာ ရှင်များ သက်သာ
ပါစေကြောင်း နှင့် ဖြစ်ခါစ ဝေဒနာ ရှင်များ ပျောက် ကင်း ပါစေကြောင်း

စေတနာ စစ်စစ်ဖြင့် ဖော်ပြ ပေး လိုက်ပါတယ် ။

အသေးစိတ်သိလို သူများ
မက်ဆေ့ ဖြင့် မေးမြန်း နိုင်ပါတယ် ။

ဖိုးလရောင်

Credit to > ဟာဂျူလီ ကသာ

သင်္ဘောဥဘန်းဒီ (ကတက်ဥခြောက်) သုပ်

(ကျိုက်ထီးရိုးမှာ ကတက်ခြောက် ရောင်းပါသတဲ့)

ရခိုင်တွေက ကတက်ဥကို ပုစွန်ဟင်းမြိုးလေးနဲ့ ပင်စိမ်းလေးခပ်ပြီး ဟင်းချိုချက်စားတယ် ၊ ကတက်ပင်ရဲ့ အညွှန့်လေးတွေကို ချဉ်လေးနဲ့ ဟင်းလှော်လေးချက်စားတတ်ပါတယ် ...... အခုလို အခြောက်ခံပြီး အမျှင်လေးတွေလုပ်ထားပြီးတော့လည်း စားတတ်ကြပါတယ် ........

ချက်နည်း ....... ကတက်ဥအခြောက် အမျှင်တွေကို ရေစိမ်ပြီး ဆေးထားပေးပါ ...... ပြီးရင် ရေနွေးနဲ့ပြုတ်ပါ .... နူးပြီဆိုရင်တော့ ဆယ်ထားပြီး ရေစစ်ထားပေးပါ ..... ရခိုင်တို့ရဲ့ အသုပ်နည်းအတိုင်း ငရုတ်သီးစိမ်းနဲ့ ငပိကို မီးကင်ပါ ...... မီးကင်ပြီးတဲ့ ငရုတ်သီးနဲ့ ငပိကို ကြက်သွန်ဖြူလေးထည့်ပြီးထောင်းပေးပါ ..... ကြက်သွန်နီပါးပါးလှီးပါ ...... ပြီးရင်တော့ သုပ်မယ့် ပန်းကန် / ခွက်ထဲကို ရေစစ်ထားတဲ့ ကတက်ဥအမျှင်လေးတွေ ၊ ငရုတ်သီးငပိထောင်းရယ် ၊ ကြက်သွန်နီရယ် ထည့်ပြီး အချို အငံ အရသာထည့်ပြီးတော့ ရောနယ်ပေးရုံပါပဲ ........ မကျည်းနှစ်လေး ရေဖျော်ပြီး ထည့်ပေးလိုက်တယ်ဆိုရင် ချွဲချွဲလေးနဲ့ ထွဋ်တဲ့အရာသာလေးနဲ့ သင်္ဘောဥဘန်းဒီ / ကတက်ဥအမျှင်သုပ်လေးကို ချဉ်ငံစပ်လေး ရပါပြီတဲ့ရှင် .......... အချဉ်အတွက် သံပုရာသီးနဲ့လည်း သုပ်စားတတ်ကြပါတယ် .......... ရခိုင်တွေအတွက် ကြိုက်တဲ့ အစားစာထဲက တစ်ခုပါ ...........

ဟုတ်ကဲ့ ကျွန်မအတွက် မစားရတာ ဆယ်စုနှစ်တစ်ခုစာ ရှိနေပြီဖြစ်တဲ့ ဟင်းမို့လို့ တန်ဖိုးထား တင်ပေးလိုက်ပါတယ် ......

အားလုံးကို ကျေးဇူးပါ ................


အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........ 

Credit to > အစားအစာကမ္ဘာ