၁၉၉၅ ခုနှစ်ခန့်က ဖြစ်ပါသည်။ ကိုရာဇာ A.E ဘ၀က
ဖြစ်ပါသည်။ ဘုရားကြီး-ဘောနပ်ကြီး-ဇောင်းတူ-တိုက်ကြီးလမ်းတွင် တာဝန်ကျပါသည်။
ထိုစဉ်က ပဲခူးမြို့နယ်အင်ဂျင်နီယာမှာ A.E ဦးသန်းနိုင်အောင် ယခု
ပဲခူးတိုင်း C.E ဖြစ်ပါသည်။
ပဲခူးလက်ထောက်မှူယာမှာ A.E ဦးစိုးအောင် ယခု D.D.E (အဆောက်အဦ) ဖြစ်ပါသည်။
ညောင်လေးပင်မြို့နယ်အင်ဂျင်နီယာမှာ A.E ဦးတင်ကြည် ယခု နေပြည်တော်တိုင်း
C.E ဖြစ်ပါသည်။ ဒိုက်ဦး လက်ထောက်မှုယာမှာ A.E ဦးမြင့်ဇော် ယခု
ရန်ကုန်တိုင်း C.E ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး၏ဆရာမှာ
ပဲခူးခရိုင်အင်ဂျင်နီယာမှူး (ဦးဝင်းဖေ) ဖြစ်ပါသည်။
ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်း မိုင် ( ၉၃/၀-၉၄/၀ ) ရှိ
ဗိုင်းဒါးချောင်းမှာ ညောင်လေးပင်မြို့နယ်အတွင်းရှိပါသည်။
ဗိုင်းဒါးချောင်းသည် အနောက်ရိုးမမှ မြစ်ဖြားခံ၍စီးဆင်းပြီး
ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်းကို ဖြတ်သန်းကာ Down Stream ဖက်၌
ရန်ကုန်-တောင်ငူ-မန္တလေး မီးရထားလမ်းကို တံတားဖြင့်ဖြတ်သန်းကာ
စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဆိုလိုသည်မှာ
ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်းတံတား၏ လက်ဝဲဘက် (အနောက်ဖက်) သည် Up Stream
ဖြစ်ပါသည်။ ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်း၏ လက်ယာဘက်(အရှေ့ဘက်) သည် Down
Stream ဖြစ်ပါသည်။ ပဲခူးရိုးမတွင် ရွာသွန်းသောမိုးရေချိန်လက်မများပြားချိန်
ဗိုင်းဒါးချောင်းတစ်လျှောက်စီးဆင်းလာသော ရေများသည် ကျွန်တော်တို့
ကားလမ်းတံတားကိုဖြတ်ကျော်၍ စီးဆင်းလာသောရေများသည်
မီးရထားလမ်းတာရိုးတွင်ရှိသော တံတားမှာ အနည်းငယ်ကျဉ်းသောကြောင့်
ရေအလျဉ်အမြန်မစီးဆင်းနိုင်ပဲ ရေငြိမ်အိုင်ကဲ့သို့ဖြစ်နေပါသည်။ ထိုအခါ
ကားလမ်းတာရိုးသည် ဆည်အတွင်းဖြတ်ဖောက်ထားသကဲ့သို့ ဖြစ်နေပါသည်။
ပိုမို၍ဆိုးရွားသည်မှာ စစ်တောင်းမြစ်ဝ၌တည်ရှိနေပြီး
စစ်တောင်းမြစ်ဒီရေတက်အချိန်(ရေထရက်) များနှင့်တွေ့ဆုံလျှင်
မိမိတို့ကားလမ်းမှာ ရေလွှမ်းမိုးမှုများဖြစ်ပွားလေ့ရှိပါသည်။
ကားလမ်းတာရိုးပေါ်သို့ 2’-6” to 3’-0” ခန့် ရေကျော်လေ့ရှိပါသည်။
တစ်နှစ်လျှင် လေးငါးကြိမ်ခန့် ဖြစ်ပွားလေ့ရှိသည်ဟု မှတ်သားရဖူးပါသည်။
ထိုအခက်အခဲကိုဖြေရှင်းရန် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်မှ
အင်ဂျင်နီယာကြီးများသည် လမ်းတာရိုးကို ပျမ်းမျှ (10’)
ခန့်မြှင့်အောင်တည်ဆောက်၍ 4’Ø Pipe Culvert များကို (၁၃၃) လုံးခန့်
ထည့်သွင်းတည်ဆောက်ခဲ့ပါသည်။ ယခုလိုမိုးတွင်းကာလတစ်ခု၌
ကျွန်တော်ဇာတိရမည်းသင်းမြို့သို့ ခွင့်ဖြင့်ခေတ္တပြန်သွားခဲ့ပါသည်။ မပြန်မှီ
ခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ)အား သွားရောက်နှုတ်ဆက်စဉ် တပည့်ရေ
အသွား/အပြန် ဆရာတို့တည်ဆောက်ထားတဲ့ ဗိုင်းဒါးတံတားချဉ်းကပ်လမ်းတာရိုးက
တောင်ကျရေများကို တောင့်ခံနိုင်မှု ရှိ/မရှိ ကြည့်ခဲ့ကွာဟု မှာကြားပါသည်။
ကျွန်တော်ကလည်း အသွား/အပြန် မှတ်သားပါသည်။ ပဲခူးမြို့တို့ပြန်ရောက်လျှင်
ခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ) ထံ တင်ပြပါသည်။ ဆရာရေ
တာရိုးအနောက်ဖက် Up Stream ဖက်မှာ လမ်းတာရိုးထိပ် Pavement ရဲ့အောက် (၁)ပေ
အထိ ရေရှိတယ်ဆရာ ၊ လမ်းတာရိုးရဲ့အရှေ့ဖက် Down Stream ဖက်မှာတော့
လမ်းတာရိုးထိပ် Pavement ရဲ့အောက် (၃)ပေ အထိ ရေရှိတယ်ဆရာ ၊ Pipe Culvert
တွေနေရာမှာတော့ ရေစီးကြမ်းတယ်ဆရာဟု တင်ပြပါသည်။ ထိုအခါ ဆရာမှ တပည့်ရေ (၁)
လမ်းတာရိုးတစ်ခုလုံးရေမြှုပ်သွားရင် လမ်းတာရိုးအမြင့်က မလုံလောက်လို့ပဲ
(လမ်းတာရိုးအမြင့်နိမ့်နေလို့ပဲ)။ (၂) Up Stream က မြှင့်ပြီး Down Sttream
က နိမ့်နေရင် Openning နည်းလို့ပဲ ( Culvert နည်းလို့ပဲ)။ (၃) Up Stream
နဲ့ Down Stream ဟာ Water Level ညီနေပြီး လမ်းတာရိုးကိုလည်း
ရေမကျော်ဘူးဆိုရင် လမ်းတာရိုးအမြှင့်လုံလောက်တယ် ၊ Culvert (Openning)
လုံလောက်တယ်ဟု သင်ကြားပါသည်။ ထိုစဉ်ကတင်ပြပါအခြေအနေသည် အယူအဆ (၂) နှင့်
ကိုက်ညီနေပါသည်။ Pipe Culvert နည်းနေခြင်းဖြစ်ပါသည်ဟု ရှင်းပြပါသည်။
ပြီးခဲ့သည့် တစ်ပတ် ၊ နှစ်ပတ်အတွင်းက ဧရာဝတီတိုင်းအတွင်းရှိ လမ်းအချို့တွင်
လမ်းရေကျော်မှုဖြစ်ပွားရာ Up Stream နှင့် Down Stream သည် Water Level
ကွာခြားမှုရှိကြောင်း ဓါတ်ပုံများတွင် တွေ့ရှိရပါသည်။ ထို့ကြောင့် အယူအဆ (၂)
နှင့် ကိုက်ညီပါသည်။ Culvert (Opening) များနည်းနေခြင်းဖြစ်သည်ဟု
ယူဆနိုင်ပါသည်။
ကျွန်တော် တာဝန်ယူဆောင်ရွက်လျက်ရှိသော
ကံမ-ပြည်လမ်းတွင် လမ်းတာရိုးပေါ်သို့ ရေ (2’) ခန့်
ရေကျော်မှုဖြစ်ပွားခဲ့ပါသည်။ အယူအဆ (၁) နှင့် ကိုက်ညီပါသည်။
လမ်းတာရိုးအမြင့်မလုံလောက်၍ပဲဖြစ်ပါသည်။ သို့ပါ၍ ကျွန်တော်မှ
အထက်ရုံးများသို့ လိုအပ်သလိုညွှန်ကြားမှုများပြုနိုင်ပါရန် တင်ပြထားပါသည်။
လေးလပတ်အစည်းအဝေးတစ်ခုတွင် ဧရာဝတီတိုင်းရှိ အဖွဲ့တစ်ခုမှ 5’x5’x40’ Box
Culvert တစ်ခုတွင် ရေကျော်ပြီး ချဉ်းကပ်လမ်း ရေစား၍ လမ်းတာရိုးမှာ (35’)
ခန့် ပြတ်ကျသွားပါသည်။ ကျွန်တော်တင်ပြလိုသည်မှာ တစ်နှစ်လုံးတွင်
တစ်ကြိမ်နှစ်ကြိမ်။ တစ်ကြိမ်တွင်လည်း (၅) နာရီခန့်သာ ရေကျော်ပြီး
ထိုအခိုက်အတန့်လေးကို တောင့်ခံထားနိုင်လျှင်
ထိုလမ်းတာရိုးပြတ်ကျမသွားနိုင်ပါဟု ယူဆပါသည်။ Box Culvert သည်
လမ်း၏အနိမ့်ဆုံးအပိုင်း ၊ လမ်းသားညွတ်သောအပိုင်း ၊ လမ်းတာရိုး Sagging
ဖြစ်သောအပိုင်း၌တည်ရှိပြီးဖြစ်ပါ၍ လမ်းအူကြောင်းနှင့်အပြိုင် လေးဘက်စလုံး၌ (
Up Stream ဘက်တွင် နှစ်ခု ၊ Down Stream ဘက်တွင် နှစ်ခု ) Permanent
မြေကာနံရံများကို ကမ်းကပ်ခုံနှင့်တွဲလျက် တည်ဆောက်၍ ကာကွယ်နိုင်လျှင်
အခိုက်အတန့်ရေကြီးမှုမျိုးကို တောင့်ခံနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ရံပုံငွေအခက်အခဲအရ မြေကာနံရံ နှစ်ခုတည်းသာ တည်ဆောက်နိုင်မည်ဆိုပါက Down
Stream ဘက်မှ နှစ်ခုကို ဦးစားပေး တည်ဆောက်ရမည်ဖြစ်ပါသည်။
လမ်းတာရိုးများရေကျော်မှုဖြစ်ပါက တိုက်စားခံရဆုံးသော အပိုင်းသည် Down Stream
ဘက်ဖြစ်ပါသည်။
သို့ပါ၍ ၁၉၉၅ ခုနှစ် ပဲခူးခရိုင်အင်ဂျင်နီယာမှူး
ဆရာ(ဦးဝင်းဖေ) ၏ အယူအဆအား Facebook Friend များ သိသာစေရန်နှင့်
လိုအပ်လျှင်အသုံးချနိုင်ပါရန် Facebook Friend များအား မျှဝေလိုက်ရပါသည်။
နောက်ဆုံးတင်ပြသော တံတား၏ Up Stream ၊ Down Stream လေးဘက်စလုံး၌ Permanent
မြေကာနံရံများကို ကမ်းကပ်ခုံနှင့်တွဲလျက် တည်ဆောက်၍ Submerge Bridge
Function ကဲ့သို့ ဖြစ်စေရန် တည်ဆောက်နိုင်ပါက ခန်းဖွင့်(Span)
ကျယ်တံတားများ တည်ဆောက်သည့်ကုန်ကျစရိတ်များထက် သက်သာနိုင်မည်ဖြစ်ကြောင်း
တင်ပြရင်း မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (16/8/2014)
Credit to> U Shwe Zin
No comments:
Post a Comment