Thursday, June 25, 2015

ယူကလစ်ပင် နဲ့ မေမြို့


  မြန်မာပြည် အလယ် ပိုင်း ရဲ့
နိဗ္ဗာန်လို့ခေါ်နိုင် တဲ့ စိမ်းလန်း
စိုပြေ သာယာ အေးမြ တဲ့

ပြင်ဦးလွင် နဲ့ ရှမ်းကုန်းမြေမြင့်
ကို လတ်တလော ခြိမ်းခြောက်နေတာက
ယူကလစ်ပင် အမြောက် အများ
တကွင်း တစပ် တည်း
တမျိုးတည်း(Eucalptus
monoculture) လုပ်နေခြင်းပါ။
ယူကလစ်ပင်ဟာ
၁။ ရှည်လျား ကျယ်ပြန့်တဲ့

အမြစ် ရှိတာကြောင့်
မြေအောက် ရေချိုကို အနက်
်ပေ ၁၀၀ ဘေး တစ်မိုင်ခန့် ထိ ရှိသမျှ ရေ ရသလောက်
စုပ်ပါတယ်
ရေကိုအငမ်း မရ စုပ်ယူမှု ဟာ
မိုးရွာသွန်းမှု ဘယ်လောက်
များများ ရွာ သွန်း တဲ့ပမာဏ
ထက် ပို ပြီးစုပ် ယူလေ့ရှိပါတယ်။
၂။အကြီးမြန် အပင် ဖြစ်တာကြောင့် မြေဆီသြဇာကို အလွန် အမင်းစားသုံးပါတယ်။
၃။အရွက် ဟာ မာကျော ပြီး အဆီပါ ဝင်တာကြောင့်
လွယ်လွယ် နဲ့ မဆွေးမြေ့နိုင်ပါ။
၎။အရွက် မှာပါတဲ့ အဆီ ကေ မြေပေါ် မှာရှိတဲ့
မြေကိုဆွေးမြေ့ ပြီးမြေသြဇာ
ဖြစ်စေတဲ့ Microbe တွေ
သေကြေ ပျက်စီးစေပါတယ်။
မြေဆွေးမဖြစ်တော့ဘဲ မြေရဲ့
ဖွဲ့စည်းပုံပျက်စီး ရပါတယ်
soil erosion ဖြစ်စေပါတယ်။
၅။အရွက်မှာ ပါတဲ့ အက်စစ်
ကသဘာဝပေါက်ပင် ပေါင်းမြက်များကို သေကြေဖျက်ဆီးပါတယ်။ Eco systemပျက်စေပါတယ်။
၆။ ယူကလစ်ဟာ ရေ နဲ့
အစာကို ပတ်ဝန်းကျင် အပင်များထက် လျင်မြန်စွာ လောဘ တကြီး စားသုံးမှု
ကြောင့် အခြားအပင်များ
အဟာရ နဲ့ရေ ငတ် ပျက်
်စီးရပါတယ်။
ယူကလစ်ပင် ၏ဆိုးကြိုးများကိုသိသောဒေသခံများ ယူကလစ်ကို
မစိုက်ကြပါ။ရှမ်းရွာတချို့က
ရေဘီလူးပင်လို့ခေါ်ကြပါတယ်
ဒီလို ယူကလစ်ကို တကွင်းတစပ်တည်း(Monoculture)
စိုက်ခြင်းဟာ စိုက်တဲ့ဒေသ
အတွက်အလွန်ကြီးမားသော
အန္တရာယ်ပါ
မြေအောက်ရေချိုကိုသာ အား
ထားနေရသော မေမြို့နဲ့ ရှမ်းမြောက်အတွက် ကန္တာရဖြစ်ဖို့ သွားနေတဲ့လမ်းကြောင်းစစ်စစ်ပါ
မြေအောက်ရေချို ခမ်းပြီး
ကြွယ်ဝတဲ့မြေဆီသြဇာ ခမ်းခြောက်ပြီး ကန္တာရဖြစ်မှာအသေအချာပါ။
မနီတာ
၂၉.၆.၂၀၁၄

No comments:

Post a Comment