Thursday, June 25, 2015

ခေတ်မီတပ်မတော်အိပ်မက် အပိုင်း ၃


မိမိစစ်သည် မိမိနိုင်ငံသားရဲ့
အသက်တစ်ချောင်းကို တန်ဘိုးထားခြင်း
------------------------
၂၀၀၃ ခုနှစ် မှာ အီရတ်ကို အမေရိကန်နဲ့ ညွန့်ပေါင်းတပ်တွေ
ဝင်ရောက်တိုက်ခိုက်ပါတယ်
အဲဒီ စစ်ပွဲမှာ အမေရိကန် ထောက်ပံ့ရေးယာဉ်တန်း
အီရတ်စစ်သွေးကြွများရဲ့
ခြုံခိုတိုက်ခိုက်ခံရပြီး အမေရိကန် စစ်သည်
ဂျက်ဆီကာလင့် အပါအဝင် စစ်သည်တချို့ အဖမ်းခံရပါတယ်

အဲဒီလိုဖမ်းဆီးခံရအပြီးမှာ အမေရိကန်သမ္မတ ဘုရှ်ဟာ
အမေရိကန်စစ်သမီး ဂျက်ဆီကာလင့်ကို ကယ်တယ်ဖို့ အမိန့်ပေးခဲ့ပါတယ်
အမေရိကန်လိုနိုင်ငံမျိုးမှာ သမ္မတဟာ
Commander in Chief စစ်သေနာပတိပါ
အနုမြူလက်နက်သုံးစွဲခွင့်နဲ့ အရေးကြီးတဲ့စစ်ဆင်ရေးတွေကို
သမ္မတက တိုက်ရိုက်ညွှန်ကြားတာပါ
အဲဒါကြောင့် Special Operation Rescue Mission အနေနဲ့
အသက်ရှင်ကျန်ခဲ့သူ တစ်ဦးတည်းလို့ မျှော်လင့်ရတဲ့ ဂျက်ဆီကာလင့်ကိုဖမ်းထားတဲ့ အီရတ်စစ်သွေးကြွတွေကို
အမေရိကန်အထူးတပ်ဖွဲ့က
ဝင်ရောက်တိုက်ခိုက်ပြီး သူမကို ရအောင်ကယ်တင်ခဲ့ပါတယ်
အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာကျော်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရတဲ့အထိ
ရာဇဝင်တွင်ခဲ့ပါတယ်
ထို့အတူပဲ
ဂျက်ဆီကာလင့်နဲ့ နာမည်တူသူ အမေရိကန်နိုင်ငံသူ အမျိုးသမီး
ဂျက်ဆီကာဆိုသူနဲ့ အဖော်တစ်ဦးဟာ ၂၀၁၂ မှာ ဆိုမာလီနိုင်ငံမှာ ကလေးတွေကို စာလာသင်ရင်း
ဆိုမာလီစစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲဖမ်းဆီးမှုကို ခံခဲ့ရပါတယ်
အဲဒီနောက် သူမကို ရက်ပေါင်းများစွာဖမ်းဆီးထားခဲ့ပြီး
ဒေါ်လာ ၄၅ သန်းနဲ့ လာရွေးဖို့
တောင်းဆိုပါတယ်
ဒါပေမဲ့ အမေရိကန် သမ္မတ အိုဘာမားက
မလိက်လျောခဲ့ပဲ အင်လာဒင်ကိုလုပ်ကြံသတ်ဖြတ်ခဲ့တဲ့
ကမ္ဘာကျော် အမေရိကန် အထူးတပ်ဖွဲ့ SEAL TEAM 6 ကို
စေလွှတ်ခဲ့ပါတယ်
အဲဒီ အထူးတပ်ဖွဲ့ဟာ ဆိုမာလီနိုင်ငံကို ထိုးဖောက်ဝင်ရောက်ပြီး
တတောဝင်တတောင်ထွက် ရွေ့လျားသွားလာနေတဲ့
ဆိုမာလီ စစ်သွေးကြွတွေကို
တစ်ယောက်မကျန် ချေမှုန်းတိုက်ခိုက်ပြီးကယ်တင်ခဲ့ပါတယ်
ဂျက်ဆီကာက
သူမရဲ့မှတ်တမ်းမှာ
အဲဒီအချိန်သူမရဲ့ဘဝမှာ အံ့အားအသင်းဆုံး စိတ်အချမ်းသာဆုံး
စိတ်ဓာတ်အင်အားအရှိဆုံး
စကားကိုကြားခဲ့ရတယ်လို့ စာစောင်တစ်ခုမှာ ပြောပြခဲ့ပါတယ်
အဲဒီစကားက
ကျွန်တော် အမေရိကန်အထူးတပ်ဖွဲ့ကပါ
ခင်ဗျားကိုကယ်ဖို့ရောက်လာတာပါ
ခင်ဗျား အသက်အန္တရာယ်မရှိတော့ပါဘူး
ဆိုတဲ့စကားပါ
================
အဲဒီ ဇာတ်လမ်းနှစ်ခုကို လေ့လာရရင်
ကမ္ဘာ့အဆင့်မှီ တပ်မတော်တွေဟာ
မိမိစစ်သည် တစ်ယောက်ရဲ့ အသက်တစ်ချောင်း
မိမိပြည်သူတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို
ဘယ်လောက်တန်ဘိုးထားတယ်ဆိုတာ
အလဟဿ အဖြစ်မခံတာတွေ့ရပါတယ်
မိမိစစ်သည်တစ်ယောက်ရဲ့ အသက်ဟာ
နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်
ဘယ်လောက်တန်ဘိုးရှိတယ်ဆိုတာ
အဲဒီတပ်မတော်ကို အုပ်ချုပ်နေတဲ့ စစ်သေနာပတိတွေ
နိုင်ငံ့ခေါင်းဆောင်တွေ က မြင်တတ်ဖို့ပဲဖြစ်ပါတယ်
ခေတ်မီလက်နက်တွေ ခေါင်းစဉ်တပ်ဝယ်ယူ
ကာကွယ်ရေးဘတ်ဂျက်တွေ ဘုန်းဘောလအောအသုံးပြုထားပေမဲ့
မိမိစစ်သည်တစ်ဦးရဲ့ အသက်ကို
တန်ဘိုးမထားတတ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တွေ အုပ်ချုပ်နေတဲ့စစ်တပ်ဟာ
ခေတ်မှီတပ်မတော်မဖြစ်ပဲ နူရာဝဲစွဲတပ်မတော် ဖြစ်နေမှာပါပဲ
တပ်မတော်သားတွေရဲ့ အသက်
နိုင်ငံသားတိုင်းရင်းသားတွေရဲ့ အသက်ကို အလဟသရင်းပြီး
မိမိသိက္ခာ မိမိအခန်းကဏ္ဍမပျောက်အောင်
နိုင်ခြေရှိတဲ့လက်နက်ကိုင်တွေကို တိုက်
နိုင်အခြေမရှိတဲ့ လက်နက်ကိုင်တွေကိုတော့ ဘေးမဲ့ပေးထားတဲ့
တပ်မတော်မျိုးကိုဦးဆောင်ကွပ်ကဲနေသူတွေကတော့
ခေတ်မီတပ်မတော်ဆိုတာ
စစ်ရးပြပွဲတွေ
စစ်ရေးလေ့ကျင့်မှုတွေ မှာ ခမ်းခမ်းနားနားမြင်ရတဲ့လက်နက်တွေ
ရှိတဲ့တပ်မတော်ဆိုပြီး
ဝါးလုံးခေါင်းထဲလသာ အိပ်မက်မက်နေဦးမှာပါပဲ
တကယ်တော့
ကျွန်တော်
မြန်မာ့တပ်မတော်ကပါ
ခင်ဗျား အသက် အန္တရာယ်မရှိတော့ပါဘူး
ဆိုတဲ့
အားကိုးယုံကြည်စရာ စကားမျိုး ပြောနိုင်တဲ့တစ်နေ့ကျမှ
ခေတ်မီတပ်မတော် ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းပါ
မည်သူမဆို Share နိုင်ပါသည်
ငရဲသား
Photo
Jissica Lynchအားကယ်တင်ခြင်းကို
ကမ္ဘာ့မီဒီယာများမှ ဖော်ပြထားပုံ

No comments:

Post a Comment