Sunday, July 7, 2013

" မျိုးစောင့်ဥပဒေနှင့် ကျွန်တော့်အမြင် "


ယနေ့ခေတ်စား တွင်ကျယ်နေသည့် မျိုးစောင့်ဥပဒေကို ထောက်ခံပါသလားလို့ ကျွန်တော့်ကိုမေးရင် ခပ်ရှက်ရှက်နှင့်ပဲ ထောက်ခံပါသည်ဟု ဖြေရပေမည်။ ဘာကြောင့်ရှက်ရှက်နှင့် ထောက်ခံပါသလဲမေးလျှင်..၊ ကျွန်တော်တို့လူမျိုးသည် ကိုးကွယ်သည့်ဘာသာတရားကို မပျောက်ပျက်အောင် ကာကွယ်ရန် ဥပဒေပင်ထုတ်၍ တားမြစ်ရသည်အထိ မိမိဘာသာတရားအပေါ်တွင် သက်ဝင်ယုံကြည်မှု လျော့ပါးလျက် ရှိပါသည်ဟု ၀န်ခံရာရောက်သောကြောင့် ဖြစ်ပါသည်။ မထောက်ခံလို့ကလဲမဖြစ် တစ်ဖက်တွင်လည်း ဘာသာခြားတို့က တစ်စတစ်စ မသိမသာဝါးမြိုနေရာမှ ယခုအခါ ရခိုင်လိုပြည်နယ်မျိုးတွင် ဒေသခံတိုင်းရင်းသားတို့၏ လုံခြုံရေးကိုပင် ခြိမ်းခြောက်သည့် အနေအထားသို့ပင် ရောက်ရှိလာခဲ့လေပြီ။ တစ်ဖက်တွင်လည်း စစ်အာဏာရှင်တို့၏ အုပ်စိုးမှုအောက်တွင် တိုင်းပြည်ချွတ်ခြုံကျ ဆင်းရဲမွဲတေမှုတို့နှင့်အတူ ၀မ်းရေးအတွက် ရင်ဆိုင် ရုန်းကန်နေရမှုတို့ကြောင့် ဘာသာတရားအပေါ်တွင် အလေးထားရန် ပျက်ကွက်လာခဲ့ကြသည်။ ဘာသာတရားနှင့် ပတ်သက်လျှင် မိရိုးဖလာဗုဒ္ဓဘာသာဟု ခံယူသည်မှလွဲ၍ မိမိဘာသာအကြောင်းကို ထဲထဲဝင်ဝင် နားလည်သိရှိခြင်း မရှိတော့ပေ။ ထိုအကြောင်းတို့ကြောင့် မျိုးစောင့်ဥပဒေကို ထောက်ခံပါသည်ဟု ပြောရခြင်းဖြစ်ပေသည်။ မိမိအမျိုါ်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် အကောင်းဆုံးနည်းလမ်းမှာ ငယ်ရွယ်စဉ် ကလေးဘ၀ အချိန်ကတည်းက မိမိဘာသာတရားကို ကောင်းမွန်စွာ နားလည်သဘောပေါက်အောင် လေ့ကျင့်သင်ကြား ဆုံးမပေးခြင်းသည်သာ ရေရှည်တည်တံ့မည့် အကောင်းမွန်အမှန်ကန်ဆုံး နည်းလမ်းပင် ဖြစ်ပါတော့သည်။

No comments:

Post a Comment