Sunday, September 1, 2013

ရခိုင်ပြည်နယ်အတွင်း ကျော်တော်-ကွမ်းတောင် ရထားလမ်းပုံမှန်ပြေးဆွဲလျက်ရှိသဖြင့် ခရီးသည်များအဆင်ပြေ



ရခိုင်ပြည်နယ်အတွင်းဖောက်လုပ်ထားပြီးဖြစ်သည့် ရထားလမ်းပိုင်းများအနက် ကွမ်းတောင်-ပုဏ္ဏားကျွန်း-ယိုးတရုတ်- ကျောက်တော် ရထားလမ်းပိုင်းတွင် ပုံမှန်ပြေးဆွဲနေသဖြင့် ခရီးသည်များသွားလာရလွယ်ကူနေပြီဖြစ်ကြောင်း သိရပါသည်။
မူလက စစ်တွေ-ရေချမ်းပြင်လမ်းအားစတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည့်တိုင် ယင်းရထားလမ်းပိုင်းမှာ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သောပဋိပက္ခနောက်ပိုင်းတွင် ဇလီဖားတုံးများအား ဘင်္ဂလီများက ခိုးယူခဲ့ခြင်းကြောင့် ဆက်လက်သွား လာခုတ်မောင်းနိုင်ခြင်းမရှိဘဲ ရပ်နားထားရသည်ဟု သိရသည်။
ထိုသို့အခိုးခံရသော သစ်သားဇလီဖားတုံးများနေရာတွင် ကွန်ကရစ်ဇလီဖားတုံးများအစားထိုးရန်ပြင်ဆင်နေပြီဖြစ်သည် ဟုလည်း သိရသည်။ စစ်တွေမြို့မှ မတွေးတိုင်းအထိဖောက်လုပ်မည့် ရထားလမ်းအား ၂၀၁၁ ခုနှစ်မှစတင်ကာ အပိုင်း လိုက်ပြုလုပ်ခဲ့သော်လည်း ရထားလမ်းပိုင်းပြုလုပ်ရေးမှာ နှောင့်နှေးကြံ့ကြားခဲ့ရကြောင်းသိရသည်။
ရခိုင်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးတွင် နှောင့်နှေးကြံ့ကြာနေရခြင်းသည် ဘင်္ဂလီများက နည်းမျိုးစုံဖြင့် နှောင့်ယှက်နေ ခြင်းကြောင်းသာဖြစ်ကြောင်းလည်းသိရသည်။
ရထားလမ်းများကို နိုင်ငံတော်က ဆောက်လုပ်ပေးသော်လည်းထိုသို့ဖျက်ဆီးခြင်းများသည် လုံးဝမသင့်တော်သော လုပ် ရပ်များသာဖြစ်ကြောင်းနှင့် ရထားလမ်း ပြန်လည်ပြုလုပ်နေမှုများရှိနေပြီဖြစ်ကြောင်းလည်းသတင်းရရှိပါသည်။
 
RSV  စက်တင်ဘာ-၁

No comments:

Post a Comment