Sunday, September 29, 2013

Honda Civic Hybrid ဆိုသည်မှာ ...


၁၃၀၀စီစီတွေထဲမှာ ဒီဇိုင်းအလှဆုံး၊ modify လုပ်လို့ အကောင်းဆုံး ကားအမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ Hybrid အမျိုးအစားမို့ ပျက်ခဲ့သည်ရှိသော် ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲဆိုတာကို တွေးပူနေကြလို့သာ၊ ၁၃၀၀စီစီကိုပဲ hybrid အင်ဂျင်နဲ့ မဟုတ်ခဲ့ဘူးဆို ဒီထက်မက မြန်မာတွေ အကြိုက်တွေ့စေမယ့် ကားပါပဲ။ ကြိုက်မယ်ဆိုလည်း ကြိုက်လောက်တဲ့ အနေအထား အသွင်အပြင်ရှိပါတယ်။ အတွင်းပိုင်း လှပသလို လူငယ်တွေအနေနဲ့ စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ ရုပ်ထုတ်နိုင်တဲ့ ကားပုံစံပါ။ Angel eyes တွေ တပ်မလား၊ skirt ထည့်မလား၊ spoiler အမြင့်ကြီးတွေဆင်မလား .... အရမ်းရုပ်ထွက်တဲ့ ကားပါ။

ဒီကားလေးတွေကို ၂၀၀၅ခုနှစ် ၁၁ပိုင်းမှာ စတင် ထုပ်လုပ်ခဲ့ပါတယ်။ ပြောင်းလဲမှုအနေနဲ့ကတော့ ၂၀၀၈ခုနှစ် ၉လ နောက်ပိုင်းထုတ်ကားတွေမှာတော့ နောက်မီးနဲ့ ရှေ့ fog lamp ပုံစံ ပြောင်းလဲသွားပါတယ်။ နောက်မီးခွက် အရင် အ၀ိုင်းပုံစံကနေ အဋ္ဌဂံ/ရှစ်မြှောက်ပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘက်က fog lamp ကလည်း အရင် ပုံစံဟောင်းတုန်းက လေးထောင့်၊ မော်ဒယ်အမြင့်တွေမှာက ဘဲဥပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘန်ဘာအချိုး၊ ပုံစံလည်း နည်းနည်းလေး ကွဲသွားပါတယ်။

Grade အခွဲတွေအနေနဲ့ အရမ်းမများလှပါဘူး။ MXB, MX, MXST ဆိုပြီး (၃)မျိုးခွဲခြားထားပါတယ်။ Chassis က အားလုံး အတူတူပါပဲ "FD3" ပါ။

MXB ကတော့ base grade ဆိုတဲ့အတိုင်း သူ့မှာ ဘေးမှန်မီးတန်း side mirror lamp မပါဘူး၊ fog lamp မပါ ပါဘူး။
MX ဆိုရင်တော့ မီးတွေ စုံလာပါပြီ။ အနောက်မှာ spoiler သေးသေးလေးလည်း ပါလာပါပြီ။
MXST ကတော့ ထိုင်ခုံအသားချင်းလည်း ကွာသွားတယ်။ Alloy wheel size လည်း 16" ဖြစ်သွားမယ်။ (MXB နဲ့ MX က 15")

Civic မှာ နောက်ထပ် အရေးကြီးတာက original tv ဖြစ် မဖြစ်ပါ။ original tv ဖြစ်မှ လက်ကိုင်မှာ steering audio controller ပါလာပါမယ်။ နောက်ပြီး သူ့မှာ cruise control ပါတာ၊ turn start ဖြစ်တာ၊ leather seat ဖြစ်တာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကျတော့ grade နဲ့ ခွဲလို့ မရတော့ဘဲ optional သာ ဖြစ်ပါတယ်။

သြော် ... နောက်ထပ် ကျွန်တော်ပြောဖို့ ကျန်တာသေးတာ UK grade တွေ ရှိပါသေးတယ်။ ဘာအားသာလဲဆိုတော့ leather seat တွေများပြီး ကားတိုင်း လက်ကိုင်မှာ audio controller က ဘယ်ဘက်၊ cruise control က ညာဘက်မှာ ကားတိုင်းနီးပါး ပါပါတယ်။ နောက်ပြီး airbag တွေလည်း ရှေ့နောက်၊ အပေါ်ပတ်လည် ပါတာမို့ ပိုစိတ်ချရပါတယ်။
Honda Civic ကိုပဲ USA grade ဆိုပြီး ထပ်ရှိသေးပေမယ့် အတွင်း၊ အပြင် ဒီဇိုင်း မတူတာရယ်၊ ဈေးများတာရယ်ကြောင့် ကားအရေအတွက် နည်းနည်းပါးပါးသာ မြန်မာပြည်မှာ ရှိပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေကျ ကားလောက် မပေါက်ဘူးပေါ့နော်။

Civic တွေဟာ ဈေးတန်းအားဖြင့်တော့ သိန်း ၁၄၀ လောက်ကနေ သိန်း ၂၀၀ ကျော်အထိ ရှိပါတယ်။ ကီလိုအနည်းအများ၊ အရောင်၊ မော်ဒယ်၊ အက္ခရာနဲ့လည်း ဆိုင်ပါတယ်။ အနက်ရောင်နဲ့ အဖြူရောင်ကတော့ လူကြိုက်အများဆုံး အရောက်တွေပါပဲ။ နောက်ပြီး ကျွန်တော့်ကို မေးတတ်ကြတာက hybrid မဟုတ်တဲ့ civic saloon ဖြစ်တဲ့ Type R ကို မေးတတ်ကြပါတယ်။ လက်ရှိ အခွန်နှုန်းထား ပေါ်လစီအရ ၁၃၀၀စီစီလေးတွေသာ ဈေးသက်သာတာပါ။ ၂၀၀၀ စီစီဖြစ်သွားတဲ့ Civic Type R 2008 model လောက်ဆို သိန်း ၄၅၀ ကျော်သွားမှာမို့ အဆင်မပြေလှပါဘူး။

ဒီလောက်ဆို Honda Civic Hybrid အကြောင်း အကြမ်းဖျင်းလောက် လုံလောက်ပြီ ထင်ပါတယ်နော်။ ကျွန်တော့် စာပိုဒ်လေးတွေဟာ ကားအကြောင်း အလုံးစုံ ပြီးပြည့်စုံဖို့တော့ မဖြစ်နိုင်ပါဘူး။ နည်းနည်းပါးပါး ရိပ်ဖမ်းသံဖမ်း ခွဲခြားနိုင်ဖို့အတွက်လောက်တော့ အသုံးတည့်မယ် မျှော်လင့်ပါတယ်ဗျာ။

ကိုထွဋ်ထိပ်

ရခိုင်ပြည်ဖွံ့  ဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုများနဲ့ လွတ်တော်ဥက္ကဌ သူရဦးရွေမန်းတို့ တွေ့


ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုများနဲ့ လွတ်တော်ဥက္ကဌ သူရဦးရွေမန်းတို့ တွေဆုံပွဲကို ရန်ကုန်မြို့  IBCမှာ ဒီကနေ့မနက် ၉နာရီမှစတင်ပီးတော့ ကျင်းပခဲ့ပါတယ်

ခုလို မိသားစု ပုံမျိုးနဲ့ တွေဆုံရတာဟာ အရမ်းကောင်းပါကြောင်းနဲ့ ရခိုင်ပြည်နယ်သည် ပထ၀ီအနေအထားအရ အချုပ်အခြာ အာဏာကာကွယ်မှုတွင် တခြားပြည်နယ်တိုင်းများထက် ပိုမိုပီးကာကွယ်နေကြရပီး တိုင်းရင်းသားတို့၏ ရိုးရာအစဉ်များကို ကာကွယ်ရာတွင်လည်း များစွာ ခက်ခက်ခဲခဲကာကွယ်နေရသည်ကို နာလည်းပါကြောင်းနှင့် ကျန်ပြည်နယ်နှင့်တိုင်းရှိ တိုင်းရင်းသားများမှ ရခိုင်တိုင်းရင်းသားများကို ကျေးဇူးတင်းဂုဏ်ပြုရန်လိုအပ်ကြောင်းကို သူရ ဦးရွေမန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ နိုင်ငံတော်အနေဖြင့် ရခိုင်တိုင်းရင်းသားများကို ယုံကြည်စွာဖြင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် တာဝန်ပေးစေလိုကြောင့်နှင့် ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း Emotion ဖြင့် ပြောဆိုမှုကို လျော့စေလိုကြောင်း၊ ရခိုင်တိုင်းရင်းသားများသည် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာတည်တံခိုင်မြဲရေးကို အထူးကာကွယ်ထားကြသည့် လူမျိုးများဖြစ်ပါကြောင်း နှင့် အပြောအဆိုမတတ်မှုကို နားလည်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပီး ရခိုင်ပြည်နယ်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကို တရားလွတ်တော်ရှေ့နေ ဦးဘိုမင်းဖြူမှ တင်ခဲ့ပါတယ် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေးသည် မီးများမီးနိုင်ကဲ့သို့ဖြစ်နေပီး မောင်တောဒေသရှိ နယ်စပ်ဂိတ်များသည် ယခုအချိန်ထိ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ဖြစ်နေပါကြောင်းနှင့် နယ်စပ်ဂိတ်များမှ ငွေ ၁ ထောင်ကျပ်ပေးလျှင် ဘင်္ဂလားဒေရှ်မှ ဘင်္ဂလီများ ယခုအချိန်ထိနေစဉ်ဝင်ထွက်လျှက်ရှိပါကြောင်း ထိုအတွက်ကြောင့်မောင်တော ဒေသတွင် ရခိုင်တိုင်းရင်းသား ပြည်သူစစ်နှင့် နယ်ခြားစောင့်တပ်များချထားပေးစေလိုကြောင်း ပြောကြားတင်ပြခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားဥပဒေပညာရှင် ဦးသာပွင့်(စစ်တွေ) မှလည်း ရခိုင်ပြည်နယ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါပုံများကို တင်ပြဆွေးနွေးခဲ့ပီး လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီးရရှိရေးနှင့် လူငယ်ဖွံဖြိုးရေး၊အလုပ်အကိုင် အခွင့်အလှမ်းများကို ဦးသိန်းရွေနှင့်ဦးလှမောင်သိန်း(ရခိုင် သဟာယ အသင်း)တို့မှ တင်ပြခဲ့ကြပါတယ်။

အဲနောက်မှာတော့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ရခိုင်ကျောင်းသား မောင်ဇော်မျိုးနိုင်မှ ရခိုင်ပြည်နယ်အတွင်း ပညာသင်ကြားမှုခက်ခဲနေမှုများနှင့် စစ်တွေ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်လမ်းတလျှောက်တွင် ဘင်္ဂလီကုလားရွာများရှိနေသည့်အတွက် လုံခြုံမှုမရှိသည့်အတွက် ဖယ်ရှားပေးစေလိုကြောင်း၊ရခိုင်ပြည်နယ်သည် ဆင်ရဲပီးဖွံဖြိုးမှုအားနည်းသည့် ပြည်နယ်တခုဖြစ်သည့်အတွက် ဘ၀မွေးဝမ်းကျောင်းတက္ကသိုလ်များခေါ်ယူရာတွင် အမှတ်စာရင်းများမှာ မြင့်မားလွန်းသည့်အတွက် ပြည်မကဲ့သို. တက်ရောက်ပညာသင်ကြားနိုင်သူခက်ခဲ့ပါကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ် မျိုးဆက်သစ်အများစုမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသာ အားကိုးနေရသည့် အတွက် ယင်းဘုန်းတော်ကြီးသင်ကျောင်းများရှိ ဆရာ၊ဆရာမ လစာများကို နိုင်ငံတော်မှ ပေးနိုင်ပါရန် စသည်ဖြင့် ရခိုင်ပြည်နယ် ပညာရေး၏ လက်ရှိဖြစ်ပျက်နေသော အဖြစ်အပျက်များကို တင်ပြခဲ့ပါတယ်။

ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်ပြည်နယ် ၁၇မြို့နယ်ရှိ ကိုယ်စားလှယ်၁၇ ဦးတို့မှ လတ်တလော လိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ် ရခိုင်ပြည်နယ်သည် သယံဇာတ ပေါကြွယ်ဝသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှုများ၊ လျှပ်စစ်မီးမရရှိမှု၊ မြောက်ဦးမြို့ ကို နိုင်ငံခြားသားဧည်သည် အလာများသော်လည်း လေယျဉ်ကွင်းမရှိမှု စသည့် လတ်တလောလိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။

အဲဒီနောက် သူရဦးရွေမန်းအား ရခိုင်တိုင်းရင်းသားရေရာ ၀န်ကြီး ဦးဇော်အေးမောင် မှ ရခိုင်အမျိုးသားရိုးရာ ခေါင်းပေါင်းနှင့် ရခိုင်အမျိုးသားအထိမ်းအမှတ် န၀ရူပ ဗျာလ ရုပ်ထုတို.ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။အဲဒီနောက် သူရဦးရွေမန်းမှ တောင်းဆို တင်ပြချက်များသည် အလွန်ကောင်းမွန်ကြောင်းနှင့် အကောင်အထည်ဖော်ပေးနိုင်ရန် အမြန်ဆုံးတင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနေ့တွေဆုံပွဲနှင့် ပတ်သက်ပီးတော့ တက်ရောက်ခဲ့သူအများစုက နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလိမ့်မည်ဟု မျော်လင့်ပါကြောင်းနှင့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်တွင် နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ် များဖွဲ့စည်းပေးမည်ဟုလည်း ယုံကြည်ကြောင်းပြောကြားခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး မိသားစုတွေဆုံပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး(စမ်းချောင်း)တို့တက်ရောက်ခဲ့ကြပီး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သော်လည်း လာရောက်မှုမရှိခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ .. ဖိုးသီဟ

Khaing Linn

RNG

သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ သံတွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည် ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ညနေ ၄ နာရီခန့်တွင် အခြေအနေ ပြန်လည် ငြိမ်သက်သွားပြီး တရားခံကို ဖမ်းဆီးထားကြောင်း ပြန်လည် ဖြေကြားသည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က အဓမ္မကျင့်ခံရသည့် သတင်းအပေါ် မူတည်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရကာ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ရသည်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့က သံတွဲမြို့တွင် နံတော်တောင် တောင်ခြေရင်းရှိ ဘုန်းတော်ကြီး တစ်ပါးကို အစ္စလာမ် ဘာသာဝင်တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တွင် ယင်းနေရာသို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့များက တားဆီးခဲ့ရသည်။

The Voice Weekly

လိုင်စင်ရအသံတိတ် လူသတ်သမားများ

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
...
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။


(လဲ့ရည်မြင့်၊ သင်းရတနာဆု) - The Voice Weekly

Wednesday, September 25, 2013

မြေပုံမှ ရေလုပ်သား နှစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရေထဲပစ်ချခံရ



(နိရဉ္စရာ- ၂၅ စက်တင်္ဘာ ၂၀၁၃)



ရခိုင်ပြည်နယ် မြေပုံမြို့မှ ရေလုပ်သား (၂) ဦးကို အကြမ်းဖက်သမား အုပ်စု တစ်ခုက တိုက်ခိုက်ပြီး ရေထဲပစ်ချထားခဲ့သဖြင့် အကြီင်္းအကျယ် ဒဏ်ရာ ရရှိသွားကာ ဆေးရုံတင်ထားရသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသွားသူ ရေလုပ်သား (၂) ဦးမှာ မြေပုံမြို့ မြောက်ပိုင်းမှ ဦးမောင်လှဝင်းနှင့် ဦးအမူံချေ ဆိုသူတို့ ဖြစ်ကြသည်ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက အတည်ပြု ပြောကြားသည်။

သူတို့သည် ငါးဖက်စက်လှေ တစ်စီးဖြင့် ပြန်လာစဉ် ပေါက်တောမြို့နယ်ဘက်ကဟု ယူဆရသော မွတ်ဆလင် စက်လှေ တစ်စီး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဦးအောင်ဝင်း ပြောသည်။

“ အခု အဲဒီ လူနာ (၂) ဦးကို မြေပုံ ဆေးရုံမှာ တင်ထားရပါတယ်။ တစ်ယောက်ကတော့ စကား အနည်းငယ် ပြောနိုင်ပြီး တစ်ယောက်ကတော့ စကား မပြောနိုင်သေးဘူး။ သူတို့ ပြန်လာစဉ်မှာ ပေါက်တောဘက်က ဘင်္ဂလီငါးဖမ်းစက်လှေ တစ်စီးက ၀င်ဆီးပြီး တိုက်ခိုက်တယ်။ လှေပေါ်မှာ ပါလာတဲ့ လူနှစ်ဦးဖမ်းတယ်။ ရိုက်ပုတ်တယ်။ တစ်ဦးကို ကြိုးနဲ့ချည်ပြီး ရေထဲကို ပစ်ချတယ်။ ဒါပေမယ့် သူတို့မသေဘဲနဲ့ ပြန်လွှတ်မြောက်လာကြပါတယ်” ဟု သူက ပြောသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ်ကို ပိုမို သိရှိနိုင်အောင် မြေပုံရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ် မရရှိခဲ့ပါ။

မြေပုံမြို့မှ NLD အဖွဲ့ တစ်ဦးဖြစ်သူ ဦးမောင်မောင်ကို ဆက်သွယ်မေးမြန်းရာ ရခိုင် ရေလုပ်သား နှစ်ဦးတိုက်ခိုက်ခံရပြီး ယနေ့ နံနက် ၅ နာရီကျော်က ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“ သူတို့ စက်လှေကို ရေထဲနစ်ပစ်ပြီး စက်လှေပေါ်က စက်နဲ့ ပိုက်တွေကို အကုန်လုံး ယူဆောင်သွားခဲ့တယ်။ ကျနော်ကြားတာက ဂျီအာရ်စီဆိုတဲ့ အန်ဂျီအို တစ်ခုက မြေပုံက ဘင်္ဂလီတွေကို ငါးဖမ်း စက်လှေ (၅၀) ကူညီပေးထားတယ်။ အဲဒီ စက်လှေနဲ့ တိုက်ခိုက်ပြီး ခုလို လုပ်တာလို့ သိရပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ဂျီအာရ်စီက အကူအညီပေးထားသော စက်လှေဖြင့် တိုက်ခိုက်ခြင်း ဟုတ် မဟုတ်ကို နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိပါ။

နောက် မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူဦးမောင်လုံးအား ဆက်သွယ်မေးမြန်းရာ ပြဿနာ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး ပေါက်တောက ဘင်္ဂလီ အုပ်စုလား၊ မြေပုံကလားဆိုသည်ကို ရဲက ဆက်လက် စစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ခရီးလွန်နေ၍ ဦးအောင်ဝင်းကိုသာ ဆက်သွယ် မေးမြန်းပါဟု ပြောကြားကာ ဖုံးချသွားခဲ့သည်။

ယခု တစ်လောတွင် ရခိုင်ပြည်နယ် အတွင်းတွင် အကြမ်းဖက်အုပ်စုများ၏ တိုက်ခိုက်မူကို ရခိုင်အမျိုးသားများ ဆက်တိုက် ခံနေကြရပြီး အာဏာပိုင်များက ထိထိရောက်ရောက် ကာကွယ် မပေးနိုင်ဘဲ ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

Tuesday, September 24, 2013

ကင်ဆာရောဂါနှင့် သင်္ဘောရွက်

(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

Monday, September 16, 2013

အတုယူစရာ ဂျပန်မှာ


၁။ ဂျပန်လူငယ်လေးတွေဟာ ဆရာတွေနဲ့အတူ နေ့စဉ် ၁၅ မိနစ် ကျောင်းသန့်ရှင်းရေးလုပ်ကြရတဲ့အ
တွက် သန့်ရှင်းမှုကိုအလေးထားတဲ့ မျိုးဆက်သစ်ကို မွေးဖွားပေးပါတယ်။

၂။ ခွေးမွေးထားတဲ့ ဂျပန်တယောက်ဟာ အိတ်တလုံးကို ခွေးချေးကြုံးဖို့သယ်ရပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး တို့အရေး လုပ်ရပါတယ်။

၃။ သန့်ရှင်းရေးအလုပ်သမားကို ကျန်းမာရေးအင်ဂျင်နီယာလို့ ခေါ်ပြီး လခ ဒေါ်လာ ၅ ထောင်မှ ၈ ထောင်အတွင်းရရှိပါတယ်။ အလုပ်မ၀င်ခင် ရေးဖြေရော နှုတ်ဖြေပါ စာမေးပွဲဖြေရပါတယ်။

၎။ ဂျပန်မှာ သဘာဝသယံဇာတလည်းမရှိ၊ နှစ်စဉ် ငလျင်ပေါင်း ရာကျော်ဒဏ်လည်းခံရပေမယ့် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။

၅။ ဟီရိုရှီးမားမြို့ဟာ အနုမြူဗုံးကျဲခံရပြီး ၁၀ နှစ်အတွင်းမှာပဲ မူလ စီးပွားအင်အားအခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။

၆။ ဂျပန်မှာ ရထား၊ စားသောက်ဆိုင်တွေအတွင်းမှာ မိုဘိုင်းဖုန်းသုံးခွင့်မပြုပါဘူး။

၇။ ဂျပန်ကလေးငယ်များဟာ ပထမတန်းမှ ၆ တန်းအထိ လောကနီတိ ( လူမှုဆက်ဆံရေးကျင့်ဝတ် ) တွေကို မသင်မနေရ သင်ကြရပါတယ်။

၈။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဂျပန်များမှာတောင် အိမ်အကူမထားပါဘူး။ မိဘများဟာ အိမ်အလုပ်နဲ့ ကလေးများအတွက် တာဝန်ယူကြရပါတယ်။

၉။ မူလတန်းမှ တတိယတန်းအထိ စာမေးပွဲမရှိပါဘူး။ ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ရင်းမှာ အတွေးအခေါ်၊အယူအဆတွေ၊ စာရိတ္တတွေထူထောင်ဖို့ဖြစ်ပြီး စာမေးပွဲတွေ၊ ဂုဏ်ထူးတွေ ယူဖို့မဟုတ်လို့ပါ။

၁၀။ ဂျပန်ဘူဖေးဆိုင်ထဲဝင်သွားရင် လူတွေက သူတို့စားနိုင်သလောက်ပဲ ထည့်စားကြတာကိုတွေ့နိုင်ပါတယ်။ စားပြီးပိုလို့လွှင့်ပစ်ရတယ်ဆိုတာ မရှိပါဘူး။

၁၁။ ဂျပန်မှာရထားနောက်ကျချိန်ဟာ တနှစ်လုံးအတွက် ၇ စက္ကန့်ပါ။ အချိန်ကိုအလွန်လေးစားပြီး မိနစ်၊ စက္ကန့်အထိ တိကျတတ်ပါတယ်။ ( မြန်မာတွေနဲ့တော့ တွေ့ဦးမယ်။ )

၁၂။ ကလေးတွေဟာ ကျောင်းမှာ အစာစားပြီး သွားတိုက်ကြပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို အလေးထားကြပါတယ်။

၁၃။ အစာစားချိန်ကို နာရီဝက်ခန့်ယူပြီး အစာကြေညက်အောင် ဂရုပြုကြပါတယ်။ ဒီကျောင်းသားတွေဟာ ဂျပန်ပြည်ရဲ့ အနာဂတ်ပါ။

(ဘာသာပြန် -Thanda Win)
Read this beautiful Information about Japan

1 - Did you know that Japanese children clean their schools every day for a quarter of an hour with teachers, which led to the emergence of a Japanese generation who is modest and keen on cleanliness.

2 - Did you know that any Japanese citizen who has a dog must carry bag and special bags to pick up dog droppings. Hygiene and their eagerness to address cleanliness is part of Japanese ethics.

3 - Did you know that hygiene worker in Japan is called "health engineer" and can command salary of USD 5000 to 8000 per month, and a cleaner is subjected to written and oral tests!!

4 - Did you know that Japan does not have any natural resources, and they are exposed to hundreds of earthquakes a year but do not prevent her from becoming the second largest economy in the world? -

5 - Did you know that Hiroshima returned to what it was economically vibrant before the fall of the atomic bomb in just ten years?

6 - Did you know that Japan prevents the use of mobile in trains, restaurants and indoor

7 - Did you know that in Japan students from the first to sixth primary year must learn ethics in dealing with people -

8 - Did you know that the Japanese even though one of the richest people in the world but they do not have servants. The parents are responsible for the house and children -

9 - Did you know that there is no examination from the first to the third primary level; because the goal of education is to instill concepts and character building, not just examination and indoctrination. -

10 - Did you know that if you go to a buffet restaurant in Japan you will notice people only eat as much as they need without any waste. No wasteful food.

11 - Did you know that the rate of delayed trains in Japan is about 7 seconds per year!! They appreciate the value of time, very punctual to minutes and seconds

12 -. Did you know that children in schools brush their teeth (sterile) and clean their teeth after a meal at school; They maintain their health from an early age -

13 - Did you know that students take half an hour to finish their meals to ensure right digestion When asked about this concern, they said: These students are the future of Japan

By : Saffras
Did You Know
ဦးယောင်(Yaung Ni Oo) Facebook မှ ရှယ်ထားခြင်း...