Sunday, June 28, 2015

စိတ်ပညာ အပျင်းပြေ(၂)

အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်.............

သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။
အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား
တဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ 
 
အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က
ကျွန်တော့်ကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။
အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို
့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ
့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင်
တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား
ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့ 
ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို
့တင်ပြလိုက်ပါတယ်နော်။
သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာ
အမြန်ယူထားလိုက်တော့။
ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။
* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။
သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ
့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။
ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။
သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း
လုပ်သွားပါ။
ကိုင်း . . . စလိုက်ကြရအောင်။
ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။
သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး
ပေါ်လာတာတွေကိုသာ ချရေးပါနော်။
ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။
စပါပြီ . . .
(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)
ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။
(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။
သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။
(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )
(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။
အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်
အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို
နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)
နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)
နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။
နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။
နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။
နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။
နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။
နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။
နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။
နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
* * * * * * * * * *
ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။

Credit to> Wai Lin Shein

မြတ်စွာဘုရားရှင်၏ မုဒြာအမျိုးမျိုး


 Credit to> ဓမ္မစက်ဝန်း



Friday, June 26, 2015

MOTHER= အမေ


M- Move = လှုပ်ရှားခဲ့ရသည်
O- Owner Old = ပိုင်ဆိုင်မှုတွေ အိုမင်းလာရပြီ
T- Tears = မျက်ရည်တွေကျခဲ့ရသည်
H- Heart = နှလုံးသားဖြူစင်တဲ့ မေတ္တာပိုင်ရှင်
E- Eyes = သားသမီးတွေအတွက် အမြဲတမ်းစောင့်ကြည့်နေတဲ့ မျက်လုံးပိုင်ရှင်
R- Right = အမှန်တရားကို အမြဲလုပ်ဖို့ တိုက်တွန်းသည်
အင်္ဂလန်နိုင်ငံသား စာရေးဆရာ ဟောင်းဝပ်ဂျွန်၏ ရေးသားမှု ဖြစ်ပါသည်။
စိတ်တိုင်းသိပ်မကျလှသော်လည်း အမေအတွက် ရှာပါဦးဆိုလို့ တင်ပေးလိုက်ပါသည်။
Credit to> အရှင်သုဓမ္မသာရ

Thursday, June 25, 2015

လူငယ်လေးသုံးယောက် ရှိလေသည်


(၁)
ဒီတစ်ခေါက် ချင်းပြည်နယ် မင်းတပ်-မတူပီခရီးမှာ ကျွန်တော်တို့နဲ့အတူ သူနာပြုဆရာမလေးတစ်ယောက် ပါလာတယ်။ စကားပြောကြည့်ရုံနဲ့တင် ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဆိုတာ သိသာတဲ့သူပါ။ ဒါပေမဲ့ ခုလို ခရီးအတူထွက်ကြတော့မှ သူ့အကြောင်းတွေ ပိုသိခဲ့ရတယ်။ သူ့ဇာတိက ညောင်လေးပင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ၊ လူမျိုးကတော့ ကရင်။ မွေးချင်း၂ယောက်ရှိတဲ့အနက် သူက အငယ်။ သူ့အစ်မက ငယ်ငယ်ကတည်းက ချူချာတော့ မိဘတွေက သူ့ထက် သူ့အစ်မကို ပိုဦးစားပေးလေ့ရှိတယ်။ ဒါကို သူက မကျေနပ်ဘူး။ ဒါပေမဲ့ သူ့ရဲ့မကျေနပ်ချက်တွေကို အရွဲ့တိုက်ပြီး အဖြေမရှာဘူး၊ သူ့ဟာသူ ရပ်တည်နိုင်အောင် ကြိုးစားရင်း ထွက်ပေါက်ပေးတယ်။ သူ ငါးတန်းနှစ်မှာ သူ့အမျိုးတစ်ယောက်က တစ်နေရာကို ပြောင်းအခြေချတော့မှာမို့ သူ့တို့အိမ်နားမှာ ရှိတဲ့ စံပယ်ခြံကို ပေးသွားတယ်၊ လုပ်ချင်လုပ်ကြ၊ ရတဲ့အကျိုးအမြတ် ကိုယ့်ဟာကိုယ်ယူကြ သဘောနဲ့ပေါ့။ တစ်အိမ်လုံး စိတ်မ၀င်စားပေမဲ့ သူ့အတွက်တော့ အရမ်းအသုံးကျသွားတယ်။ အဲဒီနေ့ကစပြီး စပယ်ခြံထဲမှာ မိုးမလင်းသေးဘူး၊ အလုပ်လုပ်တယ်၊ ပြီးရင် စပယ်ပွင့်တွေကို သီပြီး ဘုရားတင်ဖို့ မှာထားတဲ့အိမ်တွေနဲ့ ဈေးထဲက ဒိုင်မှာ သွားသွင်း၊ ပြီးမှ ကျောင်းသွားတယ်။ စပယ်မြစ်တွေကို ကြိုက်တတ်တဲ့ လင်းမြွေတွေ လရောင်ခံနေကြတဲ့အချိန်၊ သူကလည်း မနက်၎နာရီလောက် စပယ်ပွင့်တွေ ဆင်းအခူး၊ မီးကလည်းမရှိတော့ အဲဒီမြွေတွေကို ကိုင်မိ၊ ပျော့အိအိကြီးဖြစ်နေမှ မြွေမှန်းသိပြီး လွှတ်ချလိုက်နဲ့ သူရယ် မြွေရယ် စပယ်ရယ် ဇာတ်လမ်းအကြောင်းကို သူက ရယ်ကာမောကာ ပြောပြတာ့ နားထောင်နေရတဲ့ ကျွန်တော့်မှာ အသည်းတယားယား။ အဲဒီလို ခြံအလုပ်လုပ်တာက စပယ်တစ်မျိုးတည်းမဟုတ်ဘူး၊ ကင်းမွန်လည်း စိုက်သေးတယ်။ အဲဒါကလည်း အရမ်းရောင်းကောင်းတယ်။ အဲဒီလို ကိုယ့်ဘာသာ အလုပ်လုပ်ရင်း ရတဲ့ပိုက်ဆံနဲ့ ကျောင်းတက်ရတဲ့ အရသာကို သူအရမ်းကြိုက်သွားတယ်၊ အဲဒီကစပြီး ခုချိန်ထိ မိဘဆီကနေ တစ်ပြားမှမတောင်းတော့ဘဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တော့တယ်။
အဲဒီလို အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေပေမဲ့ ကျောင်းစာမှာလည်း လစ်ဟင်းမသွားဘူး။ နှစ်တိုင်း ကျောင်းမှာ ဆုရတယ်။ ဒီလိုနဲ့ သူ ကိုးတန်းရောက်တော့ သူ့အစ်မက ဆယ်တန်းကျတယ်၊ ကျူရှင်တွေ ဂိုက်တွေထားပေးတဲ့ကြားက စာမေးပွဲကျပေမဲ့လည်း မိဘတွေက အပြစ်မမြင်ရှာဘူး။ နောက်နှစ်ဆက်ထားတယ်၊ အဲလို ကျူရှင်တွေ ဂိုက်တွေနဲ့ပဲ။ ဒါပေမဲ့ သူကတော့ အိမ်ရဲ့အခြေအနေကို မြင်တယ်၊ အဖေက အသက်ကြီးလာပြီ၊ နဂိုကတည်းကမှ အဖေရော အမေပါ ကျောင်းဆရာ ဆရာမတွေဆိုတော့ အိမ်က ချောင်လည်တယ်ဆိုဦးတော့၊ သိပ်ပြီးပိုလျှံလှတယ် မဟုတ်ဘူး။ အဲဒါနဲ့ သူဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘာကျူရှင်၊ ဘာဂိုက်မှမယူဘဲ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အောင်အောင် ကြိုးစားမယ်ဆိုပြီး။ တကယ် ဆယ်တန်းအောင်တော့လည်း လေးဘာသာဂုဏ်ထူးပါတယ်၊ သူတို့ကျောင်းရဲ့ ဂုဏ်ဆောင် ကျောင်းသူတစ်ယောက် ဖြစ်လာခဲ့တယ်၊ လေးဘာသာဂုဏ်ထူးထွက်တဲ့ စပယ်ပန်းရောင်းတဲ့ ကောင်မလေး ဆိုပြီး အားလုံးက ချီးကျူးရတဲ့သူ ဖြစ်လာခဲ့တယ်၊ အတန်းငယ်တဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း အတုယူစရာ ဖြစ်လာခဲ့ပါတယ်။ ဆယ်တန်းအမှတ်စာရင်းက ယောကျာ်းလေးသာ ဖြစ်ခဲ့ရင် ဆေးကျောင်းတက်လို့ရမှာ ဖြစ်ပေမဲ့ မိန်းကလေးဖြစ်နေခဲ့တဲ့အတွက် သူနာပြုတက္ကသိုလ်ကိုပဲ တက်ခဲ့ရတယ်။ အဲဒီတက္ကသိုလ်တက်နေတဲ့တစ်လျှောက်လုံးမှာလည်း မိဘဆီက ပိုက်ဆံမယူဘူး၊ ငယ်ငယ်ကတည်းက စုထားခဲ့တဲ့ ပိုက်ဆံတွေရယ်၊ ဂိုက်သင်လို့ရတဲ့ ပိုက်ဆံတွေရယ်နဲ့ ကျောင်းပြီးအောင် တက်ခဲ့တယ်၊ ကျောင်းပြီးပြီးချင်းပဲ ၀ိတိုရိယမှာ အလုပ်ရတယ်၊ အဲဒီနောက်တော့ NGO လောကထဲကို ၀င်လာခဲ့ပါတယ်။ ခုတော့ သူ့မိဘတွေကို သူနိုင်သလောက် ပြန်ထောက်နေတဲ့ အနေအထားမျိုးတောင် ရောက်လာခဲ့ပါပြီ။ အသက်၂၂နှစ်ပဲရှိသေးတဲ့ သူ့မှာ အသက်အရွယ်နဲ့မမျှတဲ့ အတွေ့အကြုံတွေရှိနေတယ်။ လူငယ်တစ်ယောက်ရဲ့ မာန်တွေလည်း လူငယ်ပီပီ ရှိနေပြန်တယ်။ နောက်ပြီး ကိုယ့်အားကိုယ်ကိုးမယ်၊ မဖြစ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်ပြင်းထန်မှုတွေကိုလည်း တွေ့နေရတယ်။
(၂)
သူ့နာမည်က ထန်ထန်၊ ချင်းလူမျိုး၊ မောင်နှမ(၇)ယောက်မှာ နံပါတ် ၆။ ခက်ခဲပါ့ ကြမ်းတမ်းပါ့ဆိုတဲ့ ချင်းတောင်တက်လမ်းတွေမှာ အသက်(၁၅)နှစ်နဲ့ ကျွမ်းကျင်အဆင့် ကားဆရာ ဖြစ်နေတော့ ကျွန်တော် စိတ်ဝင်စားမိသွားတာ အမှန်ပဲ။ မတူပီမြို့ရောက်တိုင်း ကျွန်တော်တို့စားနေကျ နော်မီထွေး ဆိုတဲ့ထမင်းဆိုင်လေးက သူတို့မိသားစု ဖွင့်ထားတာ။ အဲဒီမှာ သွားစားရင်း သူ့အမေနဲ့ သူ့အကြောင်းတွေပြောဖြစ်ခဲ့ကြတယ်။
“သားထန်က ငယ်ငယ်ကတည်းက ဆိုင်ကယ်တွေ ကားတွေ သိပ်စိတ်ဝင်စားတာ၊ ဘယ်လိုမောင်းတယ်၊ ဘယ်လိုပြင်ရတယ် ဒါတွေပဲ လိုက်ကြည့်နေတာ”
အဲဒီစကားကိုတော့ အပြည့်အ၀ လက်ခံတယ်။ လမ်းမှာတစ်ထောက်နားကြတုန်း ဘေးမှာလာထိုင်ပြီး ဂိမ်းကစားနေလို့ ဘာကစားနေတာလဲ ကြည့်လိုက်တော့ ကားမောင်းတဲ့ဂိမ်း၊ ဒါတောင် ကားမောင်းပြိုင်ရတဲ့ဂိမ်း မဟုတ်ဘူး၊ ကုန်ကားကြီးတွေကို ပါကင်ထိုးတာ၊ ချိုင့်တွေကြားထဲမှာ လွတ်အောင် မောင်းရတာ လုပ်ရတဲ့ ဂိမ်း။ အဲဒါနဲ့ပြောရတယ်၊ မင်းကွာ၊ ဒီလောက် အပြင်မှာ မောင်းနေရတာတောင် မပျင်းသေးဘူးလား လို့။ လောကမှာ အကောင်းဆုံးအလုပ်ဟာ လုပ်လို့လုပ်နေမှန်းတောင် မသိရတဲ့အလုပ် လို့ပြောကြတယ်၊ ဆိုလိုတာက ကိုယ်လုပ်နေရတဲ့အလုပ်နဲ့ ကိုယ့်ဝါသနာ တစ်ထပ်တည်းကျနေခဲ့တယ်ဆိုရင် ဒီအလုပ်လုပ်နေရတဲ့အတွက် မပင်ပန်းတော့ဘူး၊ လုပ်နေရရင်ကို ပျော်နေတာ၊ အလုပ်လို့ကို မဟုတ်တော့ဘဲ ကိုယ့်ဘ၀အစိတ်အပိုင်းလိုကို ဖြစ်လာတာ။ အန္တရာယ်များပြီး ပင်ပန်းလှတဲ့ ဒီကားမောင်းတဲ့အလုပ်ဟာ သူ့အတွက်တော့ ဒီလိုသဘောမျိုး ဖြစ်နေလိမ့်မယ် ထင်တယ်။
“နောက်ပြီး သူက ပိုက်ဆံသိပ်ရှာတာ၊ ငယ်ငယ်ကတည်းက ဒီက ဗျူဟာမှူးတို့၊ ဆေးရုံက ဆရာဝန်တို့တွေ ဂေါက်ရိုက်ကြရင် သူက ဂေါက်အိတ်လိုက်လိုက်ထမ်းပေးတာ၊ သားထန် ကျောင်းမတက်လို့ ပျောက်နေပြီဆို အဲဒါ ဂေါက်အိတ်သွားထမ်းနေတာပဲ။ ပြီးရင် ရတဲ့ပိုက်ဆံကို ဘယ်သူ့မှမပေးဘူး၊ သူ့အစ်မတွေယူမှာစိုးလို့ အိမ်ကထုတ်တန်းပေါ်မှာ ဖွက်ဖွက်ထားတတ်တယ်” လို့ သူ့အမေက ရယ်ကာမောကာ ပြောပါတယ်။
အဲဒီလို ကျောင်းတက်လိုက် ငွေရှာလိုက် စုထားလိုက်နဲ့ ပျော်စရာကောင်းနေတဲ့ သူ့ဘ၀အတွက် အလှည့်အပြောင်းတစ်ခု ပေါ်လာတယ်။ ဘာလဲဆိုတော့ သူတို့ညီမအငယ်ဆုံး နော်မီထွေးလေး သွေးကင်ဆာဖြစ်လို့ မန္တလေးဆေးရုံမှာ တင်လိုက်ရတာပါပဲ။ သွားရလာရခက်တဲ့ မတူပီမြို့ကနေ ပခုက္ကူဆေးရုံကို တစ်ခါလွှဲ၊ အဲဒီကမှတစ်ဆင့် မန္တလေးကို ဆက်သွားရတာ ဆိုတော့ သွားစရိတ်လာစရိတ်တင် မနည်းဘူး။ ဖြစ်တာကလည်း သွေးကင်ဆာဆိုတော့ ကုန်မဲ့ပိုက်ဆံက မှတ်ထားလို့တောင် မရတော့ဘူး၊ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ သူတို့မိသားစုလေးမှာရှိရှိသမျှ ပိုင်ဆိုင်မှုတွေ အကုန်ရောင်းချလိုက်ရတယ်၊ သိန်းကို ရာချီကုန်သွားခဲ့တယ်။ ဒီကြားထဲ အဲဒီအချိန်မှာ သူ့အစ်ကိုတစ်ယောက်က Theology အထူးပြုနဲ့ ကျောင်းတက်နေတုန်း။ အဲဒီကျောင်းစရိတ်တွေလည်း ရှိသေးတယ်။ သူ့အဖေတစ်ယောက်တည်းရဲ့ ၀င်ငွေနဲ့တင် မလောက်တော့ဘူး၊ သူ့အစ်မအကြီးတွေပါ အလုပ်တွေလုပ်နေရပြီ၊ ဒီလိုအချိန်မှာ အသက်၁၃နှစ်ပဲ ရှိသေးတဲ့ ထန်ထန်တစ်ယောက်လည်း ထိုင်မနေချင်တော့ဘူး။ ကျောင်းထွက်၊ ကုန်ကားနောက်လိုက် လုပ်ပြီး အိမ်အတွက် ပိုက်ဆံထွက်ရှာရတော့တယ်။ အရင်က သူရှာတဲ့ပိုက်ဆံ သူများယူမှာ အင်မတန်ကြောက်ခဲ့တဲ့ ထန်ထန်တစ်ယောက် ခုတော့ သူရှာထားသမျှ သူ့ညီမလေးအတွက် ပို့ပို့ပေးနေရတယ်။ “အမေ သား နော်မီထွေးလေးအတွက် ပိုက်ဆံပို့ပေးလိုက်တယ်နော် လို့ သူ ဖုန်းဆက်ပြောတဲ့အချိန်တိုင်း ကျွန်မမျက်ရည်ကျခဲ့ရတယ်” တဲ့။ အဲဒီလိုနောက်လိုက်လုပ်ရင်းကနေ ကားမောင်းသင်ခဲ့တယ်၊ နှစ်နှစ်အတွင်းမှာပဲ သူကိုယ်တိုင် ကားဆရာဖြစ်လာခဲ့ပြီ။ ခုတော့ အသက်နဲ့မလိုက်တဲ့ ကိုယ်ခန္ဓာအရပ်အမောင်း၊ ရုပ်ရည်၊ မိသားစုထဲမှာ အသားအမည်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ သူ့ဘ၀သူကျေနပ်ပြီး မိသားစုအတွက် ငွေရှာပေးနေလေရဲ့။
(၃)
နောက်ဆုံးတစ်ယောက်ကတော့ နည်းနည်းထူးခြားတယ်၊ မတူပီမြို့ပေါ်က ရွှေညာသား ဆိုတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ ပိုင်ရှင်။ အသက်က ၁၉နှစ်ပဲ ရှိသေးတယ်၊ ပခုက္ကူသား။ သူငယ်ချင်းလက်ဖက်ရည်ဆိုင်မှာ စိတ်ဝင်စားလို့ သွားလေ့လာရင်း လက်ဖက်ရည်ဖျော်နည်းတွေ၊ ပလာတာလုပ်နည်းတွေ တတ်လာခဲ့တယ်။ ခုဆိုင်မှာတော့ သူပဲ ဆိုင်ရှင်၊ သူပဲ စားပွဲထိုး၊ သူပဲ အဖျော်ဆရာ၊ သူပဲ မုန့်ဆရာ။ သူ့ကို ကူဖို့ ပခုက္ကူကနေ ခေါ်လာတဲ့ ကလေးလေးတစ်ယောက်ရှိတယ်၊ နောက်ပြီး မတူပီမြို့ပေါ်က သူ့သူငယ်ချင်းတွေကလည်း ဆိုင်မှာ လာကူညီပေးကြတယ်။ “ကျွန်တော်က လူငယ်ဆိုတော့ လူငယ်အချင်းချင်းလည်း အဆင်ပြေတယ်၊ လူကြီးတွေကလည်း သဘောကျကြတယ်” တဲ့။ သွားရေးလာရေးခက်ပြီး လူဦးရေကလည်း နည်းတဲ့ မတူပီလိုမြို့မှာ တကူးတက စီးပွါးရေးလာလုပ်နေလို့ မေးကြည့်တော့ မတူပီမှာက စီးပွါးရေးလုပ်လို့ကောင်းတယ်၊ ပခုက္ကူမှာလို ဆိုင်တစ်ဆိုင်ဖွင့်ရင် တီဗွီတွေ စလောင်းတွေနဲ့ ပကာသနတွေ ဘာမှမလိုဘူး လို့ဆိုတယ်။ ဒီလောက်လူတကာ အဆိုးမြင်တဲ့ မတူပီမြို့မှာ စီးပွါးရေးလုပ်ကောင်းတယ် ဆိုတဲ့ သူ့အသံကို ကြားတော့ ဖတ်ဖူးတာလေးတစ်ခု သွားသတိရမိတယ်။ တစ်ခါက ကျွန်းတစ်ကျွန်းကို ဖိနပ်ကုမ္ပဏီတစ်ခုက အရောင်းကိုယ်စားလှယ်တစ်ယောက် လွှတ်လိုက်တယ်။ အခြေအနေအကဲခတ်ပြီးတဲ့အခါ အကြောင်းပြန်ပါတယ်။ ဒီမှာတော့ အောင်မြင်မှာမဟုတ်ဘူး၊ ဘာလို့ဆိုတော့ ဒီကလူတွေက ဖိနပ်မှမစီးကြဘဲ တဲ့။ အဲဒီနောက် သူ့လိုပဲ အရောင်းကိုယ်စားလှယ်တစ်ယောက် ထပ်လွှတ်တယ်။ အဲဒီလူက ကျွန်းကိုရောက်ပြီး ကျွန်းသူကျွန်းသားတွေ ဖိနပ်စီးမထားကြတာလည်း တွေ့ရော၊ ၀မ်းသာအားရနဲ့ ဖုန်းဆက်လာတယ်၊ ကျွန်တော့်ဆီကို ဖိနပ်အရံတစ်ထောင် ပို့ပေးလိုက်ပါ၊ ဒီကလူတွေ ဘာဖိနပ်မှ မစီးရသေးဘူး တဲ့။ စိန်ခေါ်မှုလို့ထင်ရတဲ့ အခြေအနေတစ်ရပ်ကို မတူတဲ့ရှုထောင့်တစ်ခုက ကြည့်ပြီး အခွင့်အလမ်းအဖြစ် ပြောင်းဖို့လိုကြောင်း ဒီပုံပြင်လေးက ပြောသွားတယ်၊ ဒီလူငယ်လေးကလည်း လက်တွေ့လုပ်ပြသွားတယ်။
(၄)
ဘ၀ဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစ္ဆာသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အရှိကိုအရှိအတိုင်းလက်ခံ၊ ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်ပုစ္ဆာကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။
Youth is an opportunity to do something and to become somebody in life.
ဘ၀မှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘ၀ဟာ အချိန်ကောင်းပဲ။ ကျွန်တော်တို့လူငယ်တွေမှာ ပြသနာတွေအများကြီး ရင်ဆိုင်နေရတယ်၊ အလုပ်အကိုင်ရှားပါးမှု၊ မူးယစ်ဆေး၊ ကူးစက်ရောဂါတွေ စသဖြင့်ပေါ့။ အဲဒီထဲမှာ အဆိုးဆုံးပြဿနာကတော့ သူ့ပုစ္တာကို ကိုယ့်ပုစ္တာအမှတ်နဲ့ ၀င်ဖြေချင်နေတဲ့ပြသနာပဲ။ အဲဒီလိုအမှတ်မှားပြီး လိုက်တိုင်းနေတဲ့အခါကျတော့ ကိုယ့်ဘ၀ကို အားမရတော့ဘူး၊ သူများလို ဖြစ်ချင်လာတယ်၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်းတွေနဲ့ ပြည့်နှက်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတယ်၊ အလွယ်လမ်းလိုက်ချင်လာတယ်။ နောက်ဆုံး ဘာမှမဖြစ်ထွန်းလိုက်ဘဲ တန်ဖိုးရှိတဲ့လူငယ်ဘ၀ကို ကုန်ဆုံးလိုက်ရတယ်။
အလုပ်အကိုင်ရှားပါးတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ညည်းညူနေမဲ့အစား အလုပ်အကိုင်ပေါလာမဲ့ တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားကြသင့်တယ်။ သားသူငယ်ချင်းတွေက ဘာဖုန်းကိုင်တာ လို့ မိဘကို မကျေမနပ် ပြောနေမဲ့အစား မိဘအလုပ်မှာ နိုင်သလောက် ၀င်ကူပေးနေရင် ဘယ်လောက်ကောင်းမလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်အလုပ်လုပ်နေရလို့ လောကကြီးကို အပြစ်တင်နေမဲ့အစား အဲဒီလိုဘ၀ကနေ သူဌေးကြီးတွေဖြစ်ကုန်ကြတဲ့ လူတွေအကြောင်းကို အတုယူပြီး အိပ်မက်မက်နေသင့်တယ်။
တကယ်တော့ အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ဖွင့်ရခက်ပါတယ်၊ ဘာကို အောင်မြင်တယ်ခေါ်တာလဲ၊ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်လည်း အောင်မြင်သလို၊ ဒေါက်တာ အောင်ထွန်းသက်လည်း အောင်မြင်တာပဲ။
ဦးကျော်သူ အောင်မြင်သလို ဓမ္မစေတီလမ်းပေါ်က ယာဉ်ထိန်းရဲလည်း အောင်မြင်တာပဲ။
နေတိုး အောင်မြင်သလို သူ့ကိုညွှန်ကြားနေတဲ့ ဒါရိုက်တာ မောင်မျိုးမင်းလည်း အောင်မြင်တာပဲ။
ဦးဇော်ဇော်မှ အောင်မြင်တာ မဟုတ်ပါဘူး။ အနိုင်ဂိုးရှင် သန်းပိုင်လည်း အောင်မြင်တာပါပဲ။
တကယ်တော့ အောင်မြင်သူတွေဆိုတာ ဘ၀ဆိုတဲ့ကျောင်းက ကိုယ့်အတွက်ပေးလာတဲ့ ပုစ္တာကို အကောင်းဆုံးဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ်။ “ကိုယ်” ဟာ “သူ” ဖြစ်စရာ မလိုဘူး၊ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး၊ “ကိုယ်” လုပ်ဖို့ လိုတာက “အကောင်းဆုံးသောကိုယ်” ဖြစ်လာဖို့ပဲ။
ဒီလူငယ်လေးသုံးယောက်ဟာ ငွေကြေး၊ ဂုဏ်ဒြပ်၊ ပညာအဆင့်အတန်းအရ အရမ်းကြီး ခမ်းနားမနေသေးပါဘူး။ ဒါဖြင့် ဘာလို့ အရေးတယူ ပြောနေရသလဲဆိုရင်တော့ သူတို့ဟာ သူတို့အတွက် ရလာတဲ့မေးခွန်းလွှာကို ညည်းညူခြင်းတစ်စက်မရှိ၊ အပြစ်တင်ခြင်းအလျဉ်းမရှိဘဲ အရှိအရှိအတိုင်း လက်ခံကာ အကောင်းဆုံးဖြေဆိုနေကြသူတွေ ဖြစ်လို့ပါပဲ။

Credit to> Phio Thiha

ဥာဏ်ကောင်းချင်ကြလား


မင်းလှမြို့ နယ် အရှေ့ကြို့ ကုန်းကျေးရွာမှာ
ဒေါ်ရွှေမယ်ဆိုတာရှိတယ် သူဟာ စာတစ်လုံးမှမတက်ဘူး
ဒါနဲ့ သူက ဆရာတော်ကြီးတွေကို စာတက်ချင်လို့ 
အကျိုးအကြောင်းလျှောက်တော့ ဆရာတော်ကြီးတွေက
တရားစာအုပ်လှုရင် ဥာဏ်ကောင်းတယ်ဆိုပြီး
အကြံပေးလို့  သူဟာ ပိဋကတ်သုံးပုံစာအုပ်ကို
ငွေ လေးကျပ်နဲ့ ဝယ်ပြီး သံဃာတော်တွေကို
လှုဒါန်းခဲ့တယ် ပြီးတော့သူဟာ သေသွားခဲ့တယ်

သူဟာ ဒီဘဝမှာ လူဝင်စားလာဖြစ်ပြီး မောင်သာလှဆိုတဲ့ လူငယ်လေးဖြစ်လာခဲ့တယ်
သူဟာ အတန်းတိုင်းမှာ ပထမချည်းရပြီး နောက်ပိုင်းမှာ
ဆရာဝန်ဖြစ်လာခဲ့တယ် နိုင်ငံခြားကိုပညာတော်သင်
သွားတော့လည်း ထူးချွန်စွာအောင်မြင်ခဲ့ပြီး
  မြန်မာနိုင်ငံကို ပြန်ရောက်တော့ အတော်ဆုံး
ဆရာဝန်ကြီး ဦးသာလှအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တယ်
'
ဆဋ္ဌမသံဃာယနာတင်တော့မှ မင်းကွန်းဆရာ
  တော်ဘုရားကြီးကို တွေ့ လိုက်တော့မှ သူဟာ
သူ့ ရဲ့ ဒေါ်ရွှေမယ်ဘဝက လာတဲ့အကြောင်းကို
သတိယတဲ့ ဇာတိဿရ ဥာဏ်ကို ရှိပြီး
အကြောင်းစုံပြန်ပြောပြနိုင်ခဲ့တယ်
သူဟာ မင်းကွန်းဆရာတော်ဘုရားကြီးကို
ေ ကျောင်းဆောက်လှုနိုင်ခဲ့တယ်
တရားစာနဲ ပါတ်သတ်တာလှုရင် ဥာဏ်ကောင်းတယ်
နိဗ္ဗါန်အထောက်အပံ့ဖြစ်တယ်
လောကီစာပေတွေ လှုဒါန်းလျှင် ဟာသဥာဏ်
ဇဝန ဥာဏ် တင်္ခဏုပ္ပတ္တိ ဥာဏ် တွေရှိတယ်
လစ်သူရေးနီးယန်းနိုင်ငံသား ရက်ဘီအီလီဂျက်
ဆိုသူဟာ စာအုပ်ပေါင်း နှစ်ထောင်ကျော်ကို
တခါဖတ်တာနဲ့ အလွတ်ပြန်ဆိုနိုင်တယ်
အဲဒါ လောကီစာပေတွေ လှုဒါန်းခဲ့ဘူးလို့ ပဲ
ဒါ့ကြောင့် ဥာဏ်ကောင်းချင်ရင်
တရားစာပေ နဲ့ လောကီစာပေတွေကို
လှုဒါန်းကြပါက ဥာဏ်ကောင်းပါလိမ့်မယ်

Credit to> ဦးမြင့်ခိုင် စိတ်ပညာ

ရာဇ၀င်ကြွေးကို သွေးအေးအေးဖြင့်အဆပ်ခံရခြင်း



(၁)
တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..
တိတိကျကျပြောရရင် ၁၇၆၀ မှာ..
  မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..
ဆင်ဖြူရှင်ဘုရင် ဆိုတာနာမည်ကြီးခဲ့ပါတယ်၊
အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်က
မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊
ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ်ကျူးကျော်စစ်
ဖြစ်တဲ့တရုတ်-မြန်မာစစ်ပွဲ( Seno - Burmese War)
(၄) ကြိမ်စလုံးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်၊
တရုတ်-မြန်မာ ပထမစစ်ပွဲ
-----------------------------
၁၇၆၅ ခုနှစ် မတ်လအတွင်းမှာ ဆင်ဖြူရှင်မင်းတရားကြီးဟာ
အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာ
အခွင့်ကောင်းယူပြီး တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို
စတင် လုပ်ကြံလာပါတယ် ။ ထိုစဉ်က ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့
မြန်မာတပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံကနေ ယိုးဒယားကို
ချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး
နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။
တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ ကျိုင်းတုံကို
အထပ်ထပ်ဝန်းရံ တိုက်ခိုက်ပါတယ်။
ကျိုင်းတုံမြို့တွင်းကတပ်တွေကလည်း ထွက်တိုက်တာနဲ့
တရုတ်တွေ ဆုတ်ခွာပြေးရပါတယ်၊
တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး
မဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးသွားပါတယ်၊
အဲဒီစစ်ပွဲမှာ တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊
မြင်းတစ်သောင်းအထိ ချီတက်လာပြီး တရုတ် စစ်သည်တစ်သောင်း
ကျဆုံးခဲ့တယ်လို့သိရပါတယ်။
အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရသည့်အတွက် ယူနန်ဘုရင်ခံ
လျူစောက်မှာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားပါတယ်။
တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------
၁၇၆၆ မှာ ဒုတိယအကြိမ်အနေနဲ့တရုတ်တို့ဟာ
ယူနန်ဘုရင်ခံသစ်ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ
ချီတက်လာပြန်ပါတယ်၊
ဆင်ဖြူရှင်ဟာ တရုတ် တပ်ကြီး မရောက်မီလေးတွင်
ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော
မြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ
မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်ပါတယ်၊
ဗန်းမော်မြို့ကို မြန်မာတို့ဟာတင်းကြပ်စွာ
ထိန်းသိမ်းခြင်း မပြုတဲ့အတွက် တရုတ်တို့ဟာ
လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြပါတယ်။
ဆင်ဖြူရှင်ဟာ တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန်
ဝန်ကြီး မဟာစည်သူ ကွပ်ကဲတဲ့ စစ်တပ်ကြီးကို
ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား
စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့်
နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေပါတယ်..၊
ကျိုင်းတုံမှာ မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ်
ထိုးစစ် ဆင်လာတဲ့တရုတ်တို့ကို စစ်ကူများ ရောက်လာသည့်
တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။
နေမျိုးစည်သူ စစ်တပ်ကြီးဟာ ဗန်းမော်ကို ပြန်လည်
သိမ်းပိုက်လိုက်ပြီး တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်ပြီး
ကောင်းတုံခံတပ်မှမြန်မာတပ်များက ရှေ့မှ ထွက်တိုက်ကာ
နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ
တိုက်ခိုက်ပါတယ်၊
တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့
ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟု
မှတ်တမ်းများတွင် ဝန်ခံထားကြပါတယ်၊
တရုတ် စစ်မှူး ချိုဟန်ပိုင်ဟာ ကျန်နေတဲ့ စားနပ် ရိက္ခာများကို
ဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်...၊
ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာသော မြန်မာ
တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ကူးပြီးနောက်
ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးမှာစခန်းချ နေသော
တရုတ် စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊
မြန်မာတို့ဟာ တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း
နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍
စန္ဒားတိုင်အောင် ချီတက်ကြပြီးမဟာသီဟ သူရ၏
စစ်တပ်ကြီးနဲ့ ပူးပေါင်း မိကြပြန်ပါတယ်၊
နယ်စပ်ရှိ တရုတ်တို့ရဲ့ ခံတပ်များကို မြန်မာ စစ်တပ်ကြီးတွေက
သိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိခဲ့ပါတယ်၊
တရုတ် မှတ်တမ်းတွေမှာ ယူနန် ဘုရင်ခံဟာ ကြောက်ရွံ့
တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟုဆိုပါတယ်။
တရုတ်ဧကရာဇ်ချင်းလုံကို ယူနန်ဘုရင်ခံဟာ လိမ်လည်လှည့်ဖျားပြီး
အစီရင်ခံတဲ့အတွက် တရုတ်ဧကရာဇ်ဟာအဲဒီယူနန်ဘုရင်ခံကို
ပီကင်းကိုခေါ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်စေခဲ့ပါတယ်၊
တရုတ်-မြန်မာ တတိယစစ်ပွဲ
-------------------------------
အဓိကပြောချင်တာကတော့ တတိယစစ်ပွဲမှာပါ..
၁၇၆၇ ခုနှစ်မှာ တရုတ်တို့ တတိယအကြိမ် ချီလာပြန်ပါတယ်၊
ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်သော မန်ချူး စစ်ဗိုလ်ချုပ်ကြီး တဦး
လို့ အသိအမှတ် ပြုခံရတဲ့ မင်းယွီကို ခန့်အပ်ပြီး စစ်သည်
၅၀၀၀၀ ပါဝင်တဲ့ တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ်၊
မင်ယွီဟာသူ့တပ်ကိုနှစ်ပိုင်းခွဲပြီး တစ်တပ်ကိုသူကိုယ်တိုင်လိုက်ပါပြီး
သိန္တီ ကိုချီတက်ပါတယ်၊
မင်ယွီဟာ မန်ချုးဧကရာဇ်ချင်းလုံရဲ့သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန်
နိုင်ငံကြီးကို တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့တဲ့အတွက်ဘုရင်က သူ့သမီးနဲ့
ထိမ်းမြားလက်ဆက်ပေးထားသူ ဖြစ်ပါတယ်၊
တရုတ်သမိုင်းမှာထင်ရှားတဲ့စစ်သူကြီးတစ်ဦးဖြစ်ပါတယ်..
သိန္တီမြို့ကို တရုတ်တပ်တွေက အလွယ်တကူသိမ်းပိုက်ပြီးတဲ့အခါ
မင်းကြီး မဟာစည်သူ ကွပ်ကဲတဲ့ မြန်မာ တပ်ကြီးဟာ တရုတ်တို့ စစ်ဦးကို
ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့ပါတယ်၊
မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီးဟာ ရွှေစာရံမှ မြစ်ငယ်မြစ်ကို
ဆန်တက်ပြီးလျှင် တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ်၊
နေမျိုးစည်သူ ကွပ်ကဲတဲ့ တတိယ မြန်မာ့ စစ်ကြောင်းဟာ
တရုတ် စစ်မှူး အာဆင်ဂျီး ကွပ်ကဲသော တပ်ကို ဆီးပြီးတိုက်ခိုက်ဖို့
ချီတက်ခဲ့ပါတယ်၊
ဂုတ်ထိပ် အရပ်မှာ မဟာစည်သူ တပ်နဲ့ မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ပြီး
တိုက်ပွဲဖြစ်ပွားရာ မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊
အဲဒီနောက်မှာတရုတ်တပ်တွေဟာဆက်လက်ချီတက်လာပြီး တစ်ကြောင်းက
ယခုဝမ်ခေါင်းရွာ (ယခုမေမြို့အနီးစခန်းအနီး) အထိရောက်လာခဲ့သလို
အင်းဝအနီးမှာရှိတဲ့ မြစ်ငယ် မြစ် ကမ်းအနီးကမှ စဥ့်ကူးအထိရောက်ခဲ့ပါတယ်..၊
အရမ်းကိုနီးကပ်တဲ့အနေအထားပါ...
ဆင်ဖြူရှင်ဟာ အဲဒီအနေအထားကို သိရက်နဲ့ ပျာယာခတ်မနေပဲ
တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်ခဲ့ပါတယ်၊
သူ့နေရာမှာ အာဏာရှင်တွေသာဆိုရင် အခုလောက်ဆို တရုတ်ကိုကြောက်ရတယ်
ဆိုတဲ့အတိုင်း လက်နက်ချပြီး တရုတ်ပြည်အဖြစ်ရောက်ရှိခဲ့တာကြာလောက်ပါပြီ..၊
အဲဒီအချိန်က..
မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင်မူတည်ခဲ့တာပါ။
မြန်မာ့သမိုင်းရဲ့အပြောင်းအလဲကြီးတစ်ခုကို ဆင်ဖြူရှင်လက်ထက်မှာ
ရင်ဆိုင်ခဲ့ရတာပါ..၊
တချက်တိမ်းတာနဲ့ တနိုင်ငံလုံးတုန်လှုပ် ခြောက်ခြား၍ အစည်းပြေပြိး
တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ကျရောက်မဲ့အနေအထားပါ၊
ဆင်ဖြူရှင်ဘုရင်ဟာ ရန်သူတရုတ်တပ်မကြီးတွေနီးကပ်နေတာကို.. တုန်လှုပ်မှုမရှိပဲ
ကြံ့ခိုင်တဲ့ စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည် စုစည်းခဲ့ပါတယ်။
တရုတ်စစ်သူကြီး မင်းယွီအနေနဲ့သည်လည်း အခက်အခဲများကို ရင်ဆိုင်နေရတဲ့အတွက်
ဆင်ဖြူရှင်ရဲ့ တုန်လှုပ်မှုမရှိတဲ့တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အင်းဝနေပြည်တော်ကို
သူ့တပ်တစ်ခုတည်းနဲ့ မသိမ်းပိုက်နိုင်တော့လို့ ယူဆလာပါတယ်၊
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်သူရဲတွေဖြစ်တဲ့ မဟာသီဟ သူရနဲ့
တိမ်ကြားမင်းခေါင်တို့ရဲ့ မြန်မာ တပ်ကြီးတွေဟာလဲ တရုတ်စစ်တပ်
အချင်းချင်းမဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီးလျှင် တရုတ်စစ်ကူတပ်နဲ့
ရိက္ခာထောက်တပ်များကိုဟန့်တား ဖြတ်တောက်ထားလိုက်ပါတယ်၊
မင်းယွီ၏ စစ်တပ်ကြီးဟာ ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိတဲ့အချိန် ရိက္ခာများ
အရေးတကြီး လို၍ နေတဲ့အချိန်မှာမှ မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ဖို့
အပြင်း ချီတက် ထိုးဖောက်လာသော တရုတ် ရိက္ခာထောက်တပ်တွေဟာ
မြန်မာတို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်၍ ထိုမှ တဆင့်
လားရှိုးသို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာသွားပါတယ်၊
မင်ယွီရဲ့တပ်ဟာ အင်းဝမြို့နဲ့အနီးဆုံးနေရာကိုရောက် လာတဲ့အချိန်မှာ
မြန်မာစစ်တပ်က အခြားစစ်မှူး၊ စစ်ကဲတွဟာ အင်းဝနေပြည်တော်ကို
ပြန်လည် ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ်၊
ဒါပေမဲ့ မင်းကြီး မဟာသီဟသူရက" နောက်ထပ် တရုတ် စစ်ကူနဲ့
ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမယ် "လို့ အမိန့်ပေးခဲ့တာပါ၊
စစ်သူရဲ နေမျိုးစည်သူဟာ ကျိုင်းတုံကနေ မဟာသီဟ သူရ စစ်တပ်ကြီးနှင့်
လာရောက် ပူးပေါင်းပါတယ်၊
ပြီးတော့ သိန္တီ ကို မြန်မာတပ် နှစ်တပ် ပေါင်းပြီး အပြင်းတိုက်တဲ့အခါ
အခါ သိန္တီမှာရှိနေတဲ့ တရုတ် စစ်မှူးကြီး တာဆင်ဂါးဟာ ထိတ်လန့်မှု ပြင်းပြပြီး
မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်ပါတယ်...
အဲဒီနောက်ပိုင်းမှာ မင်ယွီရဲ့စစ်တပ်ကြီးပဲကျန်ပါတော့တယ်..၊
ဤတွင် မြန်မာတို့အဖို့ တရန် အေးကာ မင်းယွီဘက်သို့ ဦးလှည့် နိုင်လေတော့သည်။
မင်ယွီဟာ သူ့အကြောင်းသူသိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ
စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့ပါတယ်၊
မင်းယွီဟာ သူ့ရဲ့ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော
မြန်မာ တပ်ကြီးဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက်တွင်
ရောက်နေကြောင်း သိတဲ့အတွက် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ
မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့ပါတယ်.၊
ပထမပိုင်းဂုတ်ထိပ်မှာအရေးရှုံးနိမ့်ခဲ့တဲ့..
မဟာစည်သူဟာ သူရဲ့ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီး
မင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို
ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်ပါတယ်၊
မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိခဲ့ပြီး
အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် မင်ယွီရဲ့တပ်ဟာ အကျအဆုံး
များလာခဲ့ပါတယ်၊
မြန်မာတပ်တွေရဲ့တိုက်ခိုက်မှုဟာ တရုတ်တပ်တွေရဲ့အင်အား ၃၀၀၀၀
ကို ၃ ရက်လုံးလုံး အပြင်းအထန်တိုက်ခိုက်တဲ့အတွက် တရုတ်
မင်ယွီရဲ့ စစ်သည်အင်အားဟာ ၂၅၀၀ ပဲကျန်ရှိခဲ့ပါတယ်၊
မြန်မာစစ်သည်တွေရဲ့ဓားတွေဟာသွေးတွေနဲ့ လက်တွေမှာစေးကပ်ပြီး
ခွါမရဖြစ်ခဲ့တယ်လို့ ကမ္ဘာ့သမိုင်းမှာရေးသားခဲ့ကြပါတယ်၊
မြန်မာတို့ဟာ တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင်တင်းကြပ်စွာ
ပိတ်ဆို့ ဝန်းဝိုင်းထားကြတဲ့အတွက် တရုတ်ဧကရာဇ်က သူ့သမက်တော်
မင်ယွီကို လှမ်းပို့တဲ့ ပြန်ဆုတ်ခွာဖို့အမိန့်စာတောင် မင်ယွီဆီကို မရောက်ခဲ့ပါဘူး..
မြန်မာတပ်တွေအ၀ိုင်းခံရတဲ့အချိန်မှာ မင်ယွီဟာ သူရဲကောင်းပီသစွာ
သူရတဲ့ရိက္ခာကိုတောင် ဒဏ်ရာရတဲ့ တရုတ်စစ်သည်တွေကိုကျွေးပြီး
သူကိုယ်တိုင်ကတော့သစ်ရွက်တွေကိုသားစားခဲ့တယ်လို့ တရုတ်ရာဇ၀င်မှာ
ရေးသားခဲ့ကြပါတယ်၊
နောက်ပိုင်းမှာ မင်ယွီဟာ သူရဲ့ကျစ်ဆံမှီးကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံကို
ပေးပို့စေပြီး သူကိုယ်တိုင်ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်၊
အဲဒီတိုက်ပွဲမှာ မြန်မာတပ်တွေဟာ အင်အားငါးသောင်းရှိတဲ့
တရုတ်တပ်တွေကိုအောင်နိုင်ခဲ့ပါတယ်၊
တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
-----------------------------
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်မှာ တရုတ်တို့ဟာ နယ်စပ်မှာ
၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ပြန်လည်
ဝင်ရောက်လာပါတယ်၊စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့
လွန်စွာ အားထားရတဲ့မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်၊
ဖူဟင်း၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ်လှသော
မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍
နှစ်လတိုင်တိုင် အချိန်ဖြုံးခဲ့ပါတယ်၊ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့
ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍
လှည့်ကြပါတယ်၊
ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ
စစ်တပ်နဲ့ ပေါင်းမိခဲ့ပါတယ်၊
ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့်တဖန် ၏
ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်၊
သို့သော် ဗန်းမော်ဟာ မြန်မာတို့ အဖို့ အရေးပါ အားထားသော
စခန်းဌာန မဟုတ်ခဲ့ပါ၊
ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော
ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင်
စခန်းတွင် တည်ဆောက်ခဲ့ပြီးစစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို
လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို
လှေတပ်ဖြင့် ဝိုင်းကြပါတယ်၊
အဲဒီနောက် တရုတ်တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော
မြန်မာတွေရဲ့ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့်
ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်၊
မြန်မာ စစ်မှူး စစ်ကဲတို့ဟာ ယခင်အတိုင်း တရုတ် ရိက္ခာထောက်
စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီး
တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်...
ကောင်းတုံကို မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း
တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို
ခံကြရပါတယ်..
ထို့နောက် ရွှေညောင်ပင်တရုတ်ခံတပ်ကို မြန်မာတို့အပြင်းအထန်
ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ
တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသောတပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ်၊
မြန်မာတို့၏ ခံတပ် အခြေ၌ တရုတ်တို့သည် အတုံးအရုံး
စုပုံ ကျဆုံးကြပါတယ်၊
တရုတ်တို့ရဲ့ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက
ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက်တရုတ်ဘုရင်ဟာ စစ်ပြေငြိမ်းဖို့ကမ်းလှမ်းခဲ့ပါတယ်၊
----------------------------------
(၂)
ထူးခြားတာတစ်ခုကို တွေ့ရပါတယ်...
တရုတ်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတာကို တရုတ်တို့ စကားကမ်းလှမ်းလာလျှင်
ဗိုလ်ချုပ် မဟာသီဟသူရဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ်၊
ဘုရင့်အမိန့်ကို မခံယူတော့ဘဲ လက်ခံခဲ့ပါတယ်၊
ထိုသတင်းကိုကြားတာနဲ့ ဆင်ဖြူရှင်မင်းဟာ အမျက်တော်ရှသွားပါတယ်
ပြီးတော့ တရုတ်ဆီကနေရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး..
လက်ဆောင်ပဏ္ဍာတွေကို အဲဒီစစ်တပ်ကြီးက အကြီးအကဲဗိုလ်မှူး တပ်မှူးတို့ရဲ့
ဇနီးများအား ရွက်စေလျက် သုံးရက်တိုင်တိုင် နေလှန်းခဲ့တယ်လို့
ရာဇ၀င်မှာဖေါ်ပြခဲ့ပါတယ်၊
အဲဒီလိုတရုတ်ကို ရွပ်ရွတ်ချွံချွံ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့တဲ့
သူရဲကောင်းတွေကိုတောင်
ဆင်ဖြူရှင်ဘုရင်က ဒဏ်ခတ်ခဲ့တယ်ဆိုရင် အခုလိုတရုတ်ကိုကြောက်နေတဲ့
  မြန်မာစစ်ဗိုလ်ချုပ်တွေကို ဆင်ဖြူရှင်ဟာ သေဒဏ်အထိ ပေးနိုင်ပါတယ်၊
-------------------------------------------
(၃)
နောက်တစ်ခုက အဲဒီလောက်အထိ ကမ္ဘာ့သမိုင်းမှာ
ထင်ရှားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲကြီးတွေကို..
ဦးသန်းရွှေလက်ထက်မှာ သိသာထင်ရှားစွာ ဖေါ်ထုတ်ခြင်း
မရှိတာကိုလဲ လေ့လာမိပါတယ်၊
ပြီးတော့ စစ်ထွက်တွေ ထောက်ပြုတ်တွေကလဲ ..
အဲဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီး အကျယ်တ၀င့်သုံးသပ်ခြင်းမျိုးတွေ
မရှိတာကလဲ ထူးခြားပါတယ်..၊
ပိုဆိုးတာက....
မြန်မာတရုပ်စစ်ပွဲ (၄) ကြိမ်စလုံးမှာ...
မြန်မာတပ်တွေဟာ...
ဧရာဝတီဆိုတဲ့ မြစ်ကြီးကို...
အသုံးချပြီး...ခံတပ်တွေဆောက်၊
ရေတပ်တွေထုတ်ပြီး..
တရုတ်တွေကို ခုခံအောင်မြင်ခဲ့သလို..
တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့..
မြန်မာနိုင်ငံ ကချင်ဒေသနဲ့ ..
ရှမ်းပြည်နယ်အရှေ့ပိုင်းက..
သစ်တောကြီးတွေကို အသုံးချပြီး..
တရုတ်ပြည်ရဲ့ စစ်တပ်ကြီးတွေကို...
ထိထိရောက်ရောက် ချေမှုန်းခဲ့တာဖြစ်ပါတယ်..
အဲဒီတော့..
မေးစရာဖြစ်လာတာက..
အဲဒီဧရာဝတီမြစ်ကြီး နဲ့...အဲဒီသစ်တောကြီးတွေကို...
တရုတ်က....အခု...
ဘာလုပ်နေပါသလဲ..?
ဘာလုပ်ဖို့ကြိုးစားနေပါသလဲ ?
အခုမျက်ဝါးထင်ထင်တွေ့ပြီမဟုတ်ပါလား.
ဒါဟာ တရုတ်က အရင်တုန်းက ရှုံးနိမ့်ခဲ့ရတာတွေအတွက်
အခုခေတ်မှာ ရာဇ၀င်ကြွေးပြန်ဆပ်နေတယ်ဆိုတဲ့သဘောလား?
စစ်သားတွေ ဆိုပြီး ၊ အမျိုးချစ်ဆိုပြီ..
တရုတ်ကိုကျ ဘာလို့ဖင်စိမ့်အောင်ကြောက်နေကြရတာလဲ?
အဲဒါကြောင့် မြန်မာနိုင်ငံမြောက်ဖျားက ရေမြေတောတောင်တွေ
နဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်တာလား..ဆိုတာကို..
အမျိုးကို ချစ်ပါတယ်...ဆိုပြီး..
စစ်ရေးအမြင်ရှိပါတယ်ဆိုပြီး...
သောက်ကြီးသောက်ကျယ်ပြောနေတဲ့
နလပိန်းတုန်း လဒူတွေအနေနဲ့
စဉ်းစားကြစေလိုပါတယ်...၊
( Pa Yit)

ကျနော်မြန်မာအတွက်ကစားချင်တယ် (သို့ ) Sheffield United မှ ကရင်တိုင်းရင်းသားလေး Kler Heh နှင့် တွေ့ ဆုံခြင်း


-------------------------
ကျနော်တို့ အဖွဲ့ အင်္ဂလန် ပထမတန်း အသင်း Sheffield United မှာ ကစားနေတဲ့ ကရင်တိုင်းရင်းသားလေး Kler Heh ကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးပါမယ်။ ဂျာနယ်များ၊ အင်တာနက် စာမျက်နှာများ ကူးယူလိုပါက ကူးယူနိုင်ပါသည်။ credit တော့ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
---
Q: ညီလေး နာမည်၊ အသက် နဲ့  မိဘအမည်လေး ပြောပြပါ။
A: ကျနော့် နာမည် က Kler Heh အဖေ က Kaw Moo Heh နဲ့  အမေ က Moe Heh ပါ။ ၁၉၉၆ အောက်တိုဘာ ၂၁ ရက် နေ့ မှာ မွေးပါတယ်။
----
Q: ဘယ် ဇာတိပါလဲ၊ ဘာ လူမျိုးပါလဲ။
A: ကျနော့် ကို ထိုင်း-မြန်မာ နယ်စပ်က Kwe Ko Lo ဒုက္ခသည် စခန်းမှာ မွေးပါတယ်။ ကရင် လူမျိုးပါ။
----
Q: မြန်မာ စကား၊ ထိုင်း စကား နဲ့  ကရင် စကား ဘယ်စကားပြောတတ်ပါလဲ။
A: ကျနော် ကရင် လို တတ်ပါတယ်။
----
Q: ကြီးပြင်းရာ ငယ်ဘ၀ နဲ့  အင်္ဂလန် ကို ပြောင်းရွှေ့ ဖြစ်ပုံလေး ပြောပြပါ။
A: ငယ်ငယ်တုံးက အခွင့်အလန်း သိပ်မရှိခဲ့ပါဘူး။ ကျနော် ၁၀ နှစ်သားမှာ အင်္ဂလန် ကို ပြောင်းလာပါတယ်။ ဘောလုံးကတော့ ငယ်ငယ်လေးကတည်းက ကစားပါတယ်။ ဒီရောက်တော့ ပိုပြီး ကောင်းကောင်း ကစားတတ်လာပါတယ်။
-----
Q: မြန်မာပြည်က မိဘ က ထိုင်းမှာ မွေးတယ်၊ နောက် အင်္ဂလန် ရောက်လာတယ် ဒီတော့ ညီလေးက ထိုင်း နဲ့  မြန်မာ ဘယ်နိုင်ငံနဲ့  ပိုမို ရင်းနီးမှု သက်ဆိုင်မှု ရှိတယ်လို့ ထင်ပါသလဲ။
A: နှစ် နိုင်ငံ စလုံး သက်ဆိုင်မှုရှိပါတယ်။ မြန်မာပြည် ကို တခါမှ မရောက်ဘူးပေမဲ့ မြန်မာပြည်မှာ ကျနော့ ဆွေမျိုးတွေ ရှိပါတယ်။ အဆိုတော် တင်ဇာမော် က ကျနော့် အဒေါ်တော်ပါတယ်။
-----
Q: မြန်မာပြည် နဲ့  ထိုင်း ၂ ခု ကြိုက်ရာ ရွေးချယ်လို့ ရနိုင်တာမှာ ဘယ်နိုင်ငံကို ရွေးမှာပါလဲ။
A: ကျနော် မြန်မာပြည် ကို ရွေးပါမယ်။ လက်ရှိတော့ အင်္ဂလန် ပါတ်စပို့ ကိုင်ထားပါတယ်
-----
Q: မြန်မာပြည်က အဖြစ်အပျက်တွေ ကို သိပါသလား၊ ကြည့်ဖြစ်ပါလား။
A: မြန်မာ ယူ၁၉ နဲ့  ထိုင်း ယူ၁၉ ပွဲ ကို ကြည့်ဖြစ်ပါတယ်။ သူတို့ နဲ့ ကစားချင်ပါတယ်။
------
Q: ယူ၂၀ ကမ္ဘာ့ ဖလားက အရမ်းနီးနေပြီ မှတ်ပုံတင်ဖို့ မမှီလောက်တော့ဘူး ထင်တယ်
A: ယူ၂၀ ကမ္ဘာ့ ဖလား မကစားရလဲ ဖြစ်ပါတယ်။ ကျနော် မြန်မာပြည် ကို ကိုယ်စားပြုပြီး ကစားချင်တာပဲ ရှိပါတယ်။
------
Q: အင်္ဂလန်မှာ ဒီအဆင့်ကို ရောက်ရှိလာပုံလေး ပြောပြပါလား
A: ကျနော် အင်္ဂလန် ကို မရောက်ခင် ဘ၀ က အရမ်းကြမ်းတမ်းခဲ့တယ်။ ဒီရောက်တော့ ကျနော် ကျောင်းအသင်းမှာ စ ကစားတယ် အတော်ကောင်းကောင်းလေး ကစားနိုင်တော့ Sunday league တခုကို သူငယ်ချင်းက ချိတ်ပေးတယ် ဒါပေမဲ့ အဲ့အသင်းမှာ ကျနော် ကစားခွင့်မရခဲ့ဘူး။
တစ်ရက် ကျနော် ပန်းခြံထဲမှာ ကစားနေတုံး သူငယ်ချင်းတစ်ယောက်က မြင်ပြီး အခြား Sunday league အသင်းတစ်ခုနဲ့  ချိတ်ပေးလို့ အဲ့ဒီ့မှာ ၂ နှစ်လောက် ကစားခဲ့ပါတယ်။
ဖိနပ်ဝယ်ပေးတာ စတဲ့ မိဘထောက်ပံ့မှု တွေ မပါရင် ကျနော် ဒီလို ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ ကို အရမ်းကျေးဇူးတင်မိပါတယ်။ ကျနော် ၁၄ နှစ်သားမှာ Sunday league အသင်းရော ကျောင်းအသင်းမှာပါ ကစားခဲ့ပါတယ်။
Sheffield United ရဲ့ လူရွေးစမ်းသပ်မှုတွေကို ၃ ကြိမ်ကြိုးစားခဲ့ပေမဲ့ အရွေးမခံခဲ့ရပါဘူး။ ၄ ကြိမ်မြောက်လောက်မှာမှ Sheffield United က ၂ နှစ်စာချုပ်နဲ့  ခေါ်ခဲ့ပါတယ်။ ဒီနှစ်က ကျနော် ၂ နှစ်ပြည့်တဲ့ နှစ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပါတ်လောက်က ကျနော့်ကို professional contract ၁ နှစ်ချုပ်ပါတယ်။
ယူ၂၁ အသင်းမှာ ဖြစ်ပါတယ်၊ အသင်းကြီးက ကစားသမားအချို့ နဲ့ လဲ လေ့ကျင့်ခန်း ဆင်းရပါတယ်
-------
Q: လစာ ဘယ်လောက်နဲ့  စာချုပ်ထားပါသလဲ
A: လောလောဆယ် ကျနော် ပြောမပြလိုသေးပါဘူး
--------
Q: အင်္ဂလန်ကို ပြောင်းလာပြီး နောက်ပိုင်း ကြုံရတဲ့ အခက်အခဲ တွေ နည်းနည်း ပြောပြပါလား
A: အလုပ်ကြိုးစား လုပ်ဖို့ ပါပဲ ကွင်းတွင်းရော၊ ကွင်းပြင်မှာပါပေါ့။ အခုဆို သူတို့  ယဉ်ကျေးမှုကို သိသွားသလို သူတို့ အစားအသောက်နဲ့ လဲ အလေ့အကျင့် ဖြစ်သွားပါပြီ။ သူတို့ ကစားတဲ့ ပုံကိုလဲ သိသွားတယ်။ ကစားဖော်ထဲမှာ နိုင်ငံအသီးသီးကို ကိုယ်စားပြုနေတဲ့ လက်ရွေးစင်တွေ ရှိတယ်။ တခါတလေ ကျနော် ကောင်းကောင်းမွန်မွန် မကစားနိုင်တာ ရှိရင် အကောင်းမြင်စိတ်ထားပြီး ဆက်တိုက် ကြိုးစားပါတယ်
--------
Q: ဘောလုံးကစားတဲ့နေရာမှာ ညီလေးရဲ့ အားသာချက် အားနည်းချက်က ဘာလဲ
A: တော်တော် ကောင်းကောင်းမွန်မွန် ကစားနိုင်ပါတယ်။ အဆုံးသတ်ပိုင်း ဒီ့ထက်ပိုကောင်းအောင် လုပ်ရပါအုံးမယ်
--------
Q: ဘယ်နေရာ ကစားပါလဲ၊ ဘယ်သန် လား ညာသန်လား
A: တောင်ပံ သို့ မဟုတ် နောက်ချန် တိုက်စစ်မှုးပါ။ တခါတရံ တိုက်စစ်မှုး အဖြစ်လည်း ကစားပါတယ်။ ညာသန်ပါ ဘယ်နဲ့ လဲ ကစားနိုင်ပါတယ်
-------
Q: အရပ် နဲ့  အလေးချိန်က
A: ၅ ပေ ၆ လက်မပါ။ ၆၅ ကီလိုပါ
--------
Q: ကိုယ်ခန္တာကြီးတဲ့ ကစားသမားတွေနဲ့ ကစားရင် ဘယ်လို ရင်ဆိုင်ကစားလဲ ပြောပြပေးပါ။
A: ကျနော်က အခုတော့ အကျင့်ပါနေပါပြီ။ သူတို့ အမြဲ အလုပ်ရှုပ်နေအောင် လှုပ်ရှားမှုတွေ မပြတ်လုပ်နေပေးဖို့ လိုပါတယ်။
--------
Q: မှတ်မှတ်ရရ ရှိနေခဲ့တဲ့ ပွဲတစ်ပွဲ ကဘယ်ပွဲဘာလဲ
A: လီဗာပူး ယူ၁၆ နဲ့  ကစားတုံးက ကျနော် တော်တော်ကောင်းကောင်းကစားနိုင်ခဲ့တယ် အဲ့ပွဲ ကိုတော့ မမေ့ဘူး
--------
Q: အနာဂါတ် ရည်မှန်းချက် ဘယ်လိုရှိပါလဲ အင်္ဂလန်က ကလပ် အသင်း မှာပဲ ဆက်ကစားမလား၊ မြန်မာ သို့ မဟုတ် အိမ်နီးချင်း ထိုင်း၊ မလေးရှားက ကလပ်တွေမှာ ရောကစားဖို့ စိတ်ကူးမရှိဘူးလား။
A: ကျနော် အင်္ဂလန် ကလပ်မှာပဲ ဆက်ကစားပြီး မြန်မာပြည် အတွက် ကစားချင်တာပါ။ လောလောဆယ် တခြားက ကလပ်အသင်းမှာ ကစားဖို့ မစဉ်းစားထားပါဘူး။
--------
Q: မြန်မာအသင်းအတွက် ကစားပေးမယ်ဆိုရင် အင်္ဂလန် ပါတ်စပို့ ကို စွန့် လွှတ်ရမယ် အင်္ဂလန်က ကလပ်မှာ ကစားဖို့  work permit လိုမယ်။ မြန်မာအတွက် ကစားဖို့ စိတ်ကူးသေးလား။
A: မြန်မာအသင်းက လက်ခံရင် ကျနော် မြန်မာအသင်းမှာ ကစားပါမယ်။
--------
Q: အာဆီယံ နဲ့  အာရှ က ဒေသတွင်း ပြိုင်ပွဲ (ဥပမာ ဆူဇူကီးကပ်၊ ဆီးဂိမ်း) တွေက FIFA calendar အတိုင်း မကစားပါဘူး။ တကယ်လို့  Sheffield United က ညီလေးကို နိုင်ငံအတွက် မလွှတ်ဘူးဆိုရင် ဘယ်လိုလုပ်မယ်စိတ်ကူးလဲ။
A: ကျနော် ကစားနိုင်မယ် လို့ ယုံပါတယ်။ ကလပ်အသင်းကလဲ နိုင်ငံအတွက်ဆို စေလွှတ်ပေးမှာပါ။
--------
Q: အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ကို ဆက်သွယ်အကြောင်းကြားပေးပါ့မယ်။ မြန်မာ အတွက် ကစားပေးဖြစ်သည် ဖြစ်စေ မကစားပေးဖြစ်သည် ဖြစ်စေ ညီလေး ကို မြန်မာပြည်က ဘောလုံး ပရိတ်သတ်ကြီးက အားပေးနေတယ်ဆိုတာ သိစေချင်ပါတယ်။ ဆက် ကြိုးစားပါ။
A: အခုလို ဆက်သွယ် မေးမြန်းပေးတာလဲ ကျေးဇူးတင်ပါတယ်။ ကျနော့ ပုံ နဲ့  ကစားပုံ ဗီဒီယို ပို့ ပေးလိုက်ပါမယ် ကျေးဇူးတင်ပါတယ်


Credit to> မြန်မာဘောလုံးချစ်မြတ်နိုးသူများ