Tuesday, September 29, 2015

ဦးဆွေးဆံမြည့်

အဲဒီပုံကို သတင်းတွေထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ် ။
နိုင်ငံခြားခရီးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက်နေမကောင်းဖြစ်ပြီး မူးဝေအော့အန်နေတဲ့ အချိန်မှာ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်ကလေးပါ
ဒီပုံကိုကြည့်ပြီး တစ်စေ့စေ့တွေးပြီး တစ်ရေးရေးမြင်စေချင်တာတွေရှိပေမဲ့ မပြောတော့ပါဘူး ကိုယ့်အမြင်နဲ့ကိုယ်သာ မြင်ပြီးခံစားကြည့်ကြပါတော့
ဒီပန်းချီကားကလေးကို ရေးဆွဲခဲ့သူက တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါတယ် ။ သူရေးသားမှတ်တမ်းတင်ထားတဲ့ စကားလုံးကတော့
*"ဦးဆွေးဆံမြည့်" ဖြစ်ပါတယ်* လို့ ပြောပြသွားခဲ့ပါတယ် ။
ဒီအမျိုးကောင်းသမီးကြီး ကတော့ တိုင်းပြည်အကျိုး ၊ ပြည်သူတွေ အကျိုးအတွက်
"ဦးဆွေး ဆံမြည့်" ပါတဲ့ဗျာ…
(Post by Htin Lin Oo @ 25 Nov 2013)

No comments:

Post a Comment