Friday, July 19, 2013

" တညင်းသီးအကြောင်း သိကောင်းစရာ "


အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။

တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။

တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်)
Credit to >> သူနာပြုဆရာမလေးများ >> Thanks

"မြန်မာပြည်တွင် မွတ်ဆလင်တို့ သူပုန်ထတော့မည်လော ( ၂ )"



လွန်ခဲ့တဲ့ ၁၅နှစ်ကျော်၁၆နှစ် ၀န်းကျင်က မိတ္ထီလာမှအပြန် ကားပေါ်တွင် တင့်ကားတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တစ်ခုံတည်း အတူစီးခဲ့ရာ သူပြောပြသော အကြောင်းအရာ များစွာထဲမှ ယနေ့အထိမမေ့နှိုင်သော စကားတစ်ခွန်း ရှိခဲ့ပါသည်။ ရုရှားသို့ ပညာတော်သင်သွားရာတွင် မြန်မာစစ်ဗိုလ် များကဒေါ်လာ ၈၀၀ သာရကြောင်း ဘင်္ဂလားဒေ့ခ်ျ စစ်ဗိုလ်များက ဒေါ်လာ ၃၀၀၀ ရကြောင်း နိုင်ငံခြားတွင် ဆင်းရဲချို့ငဲ့စွာ ပညာသင်ရကြောင်း မြန်မာနိုင်ငံမှ တင့်ကားအစီး ၁၀၀ ၀ယ်လျှင် ဘင်္ဂလားဒေ့ခ်ျမှ အစီး ၂၀၀ ၀ယ်ကြောင်း စသည့် အကြောင်း အရာစုံထဲတွင် မြန်မာစစ်ဗိုလ်နှင့် ဘင်္ဂလားဒေ့ခ်ျ မှစစ်ဗိုလ်တို့ စကားစစ်ထိုး သည်ဟုပဲဆိုဆို စကားနိုင်လုသည်ဟုပဲဆိုဆို အပြန်အလှန် ပြောကြရာ မြန်မာစစ်ဗိုလ်မှ မင်းတို့နိုင်ငံမှာ လူဦးရေပေါက်ကွဲနေတာ မထိန်းချုပ်ဘူးလား နိုင်ငံကျဉ်းကျဉ်းလေးနဲ့ အနာဂါတ်မှာ ဘယ်လိုလုပ်မလဲ ဟုပြောရာ ဘင်္ဂလားဒေ့ခ်ျ စစ်ဗိုလ်မှ ပြန်ပြောသော စကားသည် ယနေ့တိုင် မမေ့နှိုင်ခဲ့ပါ "မင်းတို့နိုင်ငံ အကျယ်ကြီး ရှိတာပဲကွာ" တဲ့..။ ကျွန်ုပ်ရင်ထဲ ထောင်းကနဲ ဒေါသထွက်သွားသည်။ သူတို့သည် ယခုမှမဟုတ် ကျန်ခဲ့သည့် နှစ်များစွာကပင် အကြံအစည် ရှိခဲ့ကြသည်။ အရှင်ဝီရသူကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမား အဖြစ်ခေါင်းစဉ်တပ်၊ ဗုဒ္ဓဘာသာဝင် တွေကို ရန်စပြီး သူတို့ဘက်မှ စတင်ရန်မီးမွှေး၊ ပြီးတော့ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်နေပါပြီလို့ ကမ္ဘာကိုအော်၊ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးပါလို့ပြော ရိုဟင်ဂျာသမိုင်းရှိသည် ဆိုပြီးလိမ်လည် ဒါတွေ၏နောက်ကွယ်တွင် တိကျသေချာသော ရည်ရွယ်ချက်တစ်ခုရှိသည်။ အဲဒါကတော့သူတို့ ရခိုင်ကို လိုချင်နေကြပြီ။ သေချာသည် သူတို့ ဒီအတွက်ရည်ရွယ်ပြီး ဒီအကွက်ကို ဆင်နေကြတာ ဖြစ်သည်။ မကြာမီပင် သူတို့သည် နင်မဟုတ် နင့်အမေပဲ ဆိုကာ မရ ရအောင် အကြောင်းရှာပြီး ခွဲထွက်ရေးအတွက် ပေါ်ပေါ်တင်တင် တိုက်ပွဲဝင်ပေတော့မည်။ အင်္ဂလိပ် ကိုလိုနီစံနစ်ကြောင့် ကျွန်ုပ်တို့သည် မဏိပူရ အာသံ စစ်တကောင်း တို့ကို ထာဝရဆုံးရှုံး ခဲ့ရပြီးပေပြီ။ စစ်အာဏာရှင် ကိုလိုနီစံနစ်ကြောင့် ကျွန်ုပ်တို့သည် ရခိုင်ကို ထပ်မံဆုံးရှုံးရဦးမည်လော။

"ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန်လောင်တော့မှာလား"ဲ




ကုလား ဗမာအဓိကရုံးရဲ့ အစောပိုင်း ကာလတွေမှာ ဖိဖိစီးစီး ထိန်းချုပ်ကိုင်တွယ်ခြင်း မရှိခဲ့ဘဲ နောက်ကြောင်းပြန်ရရင်ကောင်းတယ် ဆိုတဲ့နောက်ကြောင်းပြန်လိုသူ စစ်အာဏာရှင်တွေဟာ အခုအချိန်မှာတော့ အစ္စလမ်မစ် အစွန်းရောက်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ရန်စမှုတွေနဲ့ ကြုံတွေ့နေရပြီဖြစ်ပါတယ်။ လားရှိုးအဓိကရုဏ်း မလေးရှား အကြမ်းဖက်ခံရမှု ရွှေတိဂုံစေတီပေါ် မူဆလင်ဝတ်စုံဝတ် အမျိုးသမီးရဲ့ ပန်းကြဲမှု၊ စတဲ့ကိစ္စရပ်တွေဟာ အစ္စလမ်မစ် အစွန်းရောက်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ရန်စမှုကို ဒေါသနဲ့ပြန်လည်တုန့်ပြန်ခဲ့မယ်ဆိုရင် သူတို့လိုချင်တဲ့အကွက်ထဲ ၀င်သွားမှာဖြစ်ပြီး မြန်မာပြည်မှာ လူနည်းစု မူဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်နေပါပြီ ဘာညာဆိုပြီး ဂျီဟတ်စစ်ပွဲဆိုတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ ကလဲ ဖြစ်ပေါ်လာတဲံ့ ကိစ္စရပ်တိုင်းကို ဒေါသမပါဘဲ ဖြေရှင်းဖို့ လိုသလို အစိုးရအနေနဲ့လည်း နောက်ကြောင်းပြန်လိုတဲ့ရည်ရွယ်ချက်ကို ခေတ္တမေ့ထားပြီး မြန်မာပြည်ကို အစ္စလမ်မစ် အစွန်းရောက်တွေရဲ့ ပြစ်မှတ်တစ်ခုဖြစ်မလာအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်နေပြီ ဆိုတာတင်ပြလိုက်ရပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှု ဘာကြောင့် မကျဆင်းတာလဲ"



ရခိုင်အရေးမှာ ရပ်တည်မှုမှား ဆုံးဖြတ်ချက်မှား ခဲ့တဲ့ ဒေါ်စုအပေါ်မှာ လူထုထောက်ခံမှု သိသိသာသာ ကျဆင်းမှုမရှိခဲ့ဘူး ဆိုတာ ပြင်ဦးလွင် စည်းဝေးပွဲမှာ ထင်ရှားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ အဖြေကရှင်းပါတယ် လက်ရှိအစိုးရ ညံ့လို့ပါ။ မလေးမှာ ပြည်သူတွေ အသတ်ခံရမှု ကိုလျှစ်လျူရှုထားတယ် ၊ပြည်တွင်းဆူပူမှု တွေကို မထိန်းချုပ်ဘဲ ထားတယ်၊ ရခိုင်ပြည်နယ်နဲ့ ရခိုင်အမျိုးသား တွေကို ပြည့်ပြည့်၀၀ ကာကွယ်မှုမပြုခဲ့ဘူး၊ တရားရေးဝန်ထမ်းတွေ အဂတိလိုက်စားမှု၊ အကျင့်ပျက် ၀န်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှု တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမှု မရှိခဲ့ပါဘူး။ တစ်ကယ်တမ်းသာ ရိုးရိုးသားသား ယှဉ်ပြိုင်အနိုင်ယူ ချင်တယ်ဆိုရင် လက်ရှိအချိန် ဟာအခွင့်ကောင်း တစ်ခုပါ။ မလေးမှာရှိတဲ့ ပြည်သူတွေကို ထိရောက်တဲ့ ကာကွယ်မှုတွေ ပေးမယ်။ ရခိုင် ဘင်္ဂလီ အရေးကို ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး နိုင်ငံသားတွေကို ကာကွယ်မယ်။ တရားစီရင်ရေးမှာ အဂတိလိုက်စားမှု ကင်းအောင်လုပ်မယ်၊ အကျင့်ပျက်ဝန်ထမ်း တွေကိုထိထိရောက်ရောက် အရေးယူမယ်၊အနာဂါတ် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်မယ်၊ တိုင်းပြည်သယံဇာတ တွေဈေးပေါပေါ နဲ့ရောင်းချနေမှု တွေရပ်ဆိုင်းမယ်၊ အစိုးရထိပ်ပိုင်း အရာရှိကြီး တွေရဲ့ပြည်သူကို အလုပ်အကျွေး မပြုဘဲ အိမ်သူကိုအလုပ်အကျွေး ပြုမှုတွေ ရပ်တန်းကရပ်မယ် ဆိုရင် ပြည်သူတွေဟာ အဲဒီအစိုးရရဲ့ နောက်မှာတစ်ခဲနက် ထောက်ခံဖို့ အဆင်သင့် ရှိနေကြပါတယ်။ အစိုးရ အနေနဲ့ အဲဒီလို ထိရောက်တဲ့ ပြုပြင်မှုတွေမှ မလုပ်ဘူး ဆိုရင်တော့လဲ ဆင်းရဲသား ပြည်သူလူထု အနေနဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးမယ့် သူအဖြစ် သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဆီမှာပဲ စုပုံထားရှိတာ မထူးဆန်းပါဘူးခင်ဗျား....။

Sunday, July 7, 2013

" မျိုးစောင့်ဥပဒေနှင့် ကျွန်တော့်အမြင် "


ယနေ့ခေတ်စား တွင်ကျယ်နေသည့် မျိုးစောင့်ဥပဒေကို ထောက်ခံပါသလားလို့ ကျွန်တော့်ကိုမေးရင် ခပ်ရှက်ရှက်နှင့်ပဲ ထောက်ခံပါသည်ဟု ဖြေရပေမည်။ ဘာကြောင့်ရှက်ရှက်နှင့် ထောက်ခံပါသလဲမေးလျှင်..၊ ကျွန်တော်တို့လူမျိုးသည် ကိုးကွယ်သည့်ဘာသာတရားကို မပျောက်ပျက်အောင် ကာကွယ်ရန် ဥပဒေပင်ထုတ်၍ တားမြစ်ရသည်အထိ မိမိဘာသာတရားအပေါ်တွင် သက်ဝင်ယုံကြည်မှု လျော့ပါးလျက် ရှိပါသည်ဟု ၀န်ခံရာရောက်သောကြောင့် ဖြစ်ပါသည်။ မထောက်ခံလို့ကလဲမဖြစ် တစ်ဖက်တွင်လည်း ဘာသာခြားတို့က တစ်စတစ်စ မသိမသာဝါးမြိုနေရာမှ ယခုအခါ ရခိုင်လိုပြည်နယ်မျိုးတွင် ဒေသခံတိုင်းရင်းသားတို့၏ လုံခြုံရေးကိုပင် ခြိမ်းခြောက်သည့် အနေအထားသို့ပင် ရောက်ရှိလာခဲ့လေပြီ။ တစ်ဖက်တွင်လည်း စစ်အာဏာရှင်တို့၏ အုပ်စိုးမှုအောက်တွင် တိုင်းပြည်ချွတ်ခြုံကျ ဆင်းရဲမွဲတေမှုတို့နှင့်အတူ ၀မ်းရေးအတွက် ရင်ဆိုင် ရုန်းကန်နေရမှုတို့ကြောင့် ဘာသာတရားအပေါ်တွင် အလေးထားရန် ပျက်ကွက်လာခဲ့ကြသည်။ ဘာသာတရားနှင့် ပတ်သက်လျှင် မိရိုးဖလာဗုဒ္ဓဘာသာဟု ခံယူသည်မှလွဲ၍ မိမိဘာသာအကြောင်းကို ထဲထဲဝင်ဝင် နားလည်သိရှိခြင်း မရှိတော့ပေ။ ထိုအကြောင်းတို့ကြောင့် မျိုးစောင့်ဥပဒေကို ထောက်ခံပါသည်ဟု ပြောရခြင်းဖြစ်ပေသည်။ မိမိအမျိုါ်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် အကောင်းဆုံးနည်းလမ်းမှာ ငယ်ရွယ်စဉ် ကလေးဘ၀ အချိန်ကတည်းက မိမိဘာသာတရားကို ကောင်းမွန်စွာ နားလည်သဘောပေါက်အောင် လေ့ကျင့်သင်ကြား ဆုံးမပေးခြင်းသည်သာ ရေရှည်တည်တံ့မည့် အကောင်းမွန်အမှန်ကန်ဆုံး နည်းလမ်းပင် ဖြစ်ပါတော့သည်။

Wednesday, June 26, 2013

"မြန်မာ့ ဆက်သွယ်ရေးဘာလဲ မြန်မာ့ဆက်သွယ်ရေးဘယ်လဲ"



  • ၀န်ကြီးကိုယ်တိုင် နှုတ်ထွက်ပေးခဲ့ရပြီး အကြီးတန်းအရာရှိ အများအပြားကို စစ်ဆေးအရေးယူ ခဲ့ရတဲ့ မြန်မာ့ဆက်သွယ်ရေးဟာ ယခုတစ်ကြိမ်မှာလဲ တင်ဒါကြေငြာဖို့ တစ်ရက်အလိုကျမှ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး ရပ်ဆိုင်းခဲ့မှုဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပျက်စီးစေခဲ့သလို လက်ရှိအစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်ကို သံသယဖြစ်စရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားကုမ္မဏီတွေရဲ့ အပြိုင်အဆိုင်ပေးနေတဲ့ ၀န်ဆောင်မှုကို မြန်မာပြည်သူပြည်သားတွေ အားရ၀မ်းသာ ကြည့်ရှုနေဆဲမှာ ငါတို့တော့ဆက်သွယ်ရေးမှာ အဆင်ပြေတော့မယ်လို့ အားရ၀မ်းသာရှိဆဲမှာ ခိုင်လုံတဲ့အကြောင်းပြချက်မျိုး မဟုတ်တဲ့ " ဆက်သွယ်ရေးဥပဒေ အတည်မပြုရသေးလို့" ဆိုတဲ့အကြောင်းပြချက်ဟာ စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဒါဆိုရင် အစောကတည်းက ဆက်သွယ်ရေး ဥပဒေအတည်ပြု ပြဌာန်းပြီးမှသာ တင်ဒါခေါ်သင့်ပါတယ်။ အခုတော့ ငါတို့အစိုးရရဲ့ မူဝါဒက ၂မျိုးပဲရှိတယ် "အခုတစ်မျိုး တော်ကြာတစ်မျိုး" ဆိုတဲ့ လူရွှင်တော်ပျက်လုံးလို ဖြစ်နေပါတယ်။ ကမ္ဘာ့အလယ် နိုင်ငံတစ်ကာအလယ်မှာ သိက္ခာကျစရာ မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေဖိတ်ခေါ် တယ်ဆိုပြီး ပထမပွဲဦးထွက် မှာပဲ မျက်နှာပန်းမလှ ဖြစ်ခဲ့ရပါပြီ။ သေချာတာတစ်ခုကတော့ လက်ရှိ ဆက်သွယ်ရေးတင်ဒါကို တစ်ကမ္ဘာလုံးက အာရုံစိုက်စောင့်ကြည့်တော့မှာဖြစ်သလို လက်ရှိအစိုးရရဲ့ မူဝါဒ လမ်းစဉ်နဲ့ အကောင်အထည် ဖော်ဆောင်မှု ခြေလှမ်းတွေဟာ ဒီမိုကရေစီနဲ့ အံဝင်မ၀င် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိမရှိ ဆိုတာကိုတော့ နောက်တစ်ကြိမ် ပြုလုပ်မယ့် ဆက်သွယ်ရေးတင်ဒါမှာ ထင်ထင်ရှားရှား မြင်ရတော့မှာပဲ ဖြစ်ပါတယ်ခင်ဗျား။

Tuesday, June 25, 2013

ထောင်ရသည့် အကြောင်းအရင်း

ကျွန်တော်ဒီ ဘလော့ကိုစထောင်ရသည် ရည်ရွှယ်ချက်ကတော့
နည်းပညာနဲ့ သတင်းနဲ့ ဗဟုသုတများကို တတ်နိုင်သလောက် 
ဝေမျှချင်သည့် ရည်ရွှယ်ချက်လေးဖြင့် တည်ထောင်ရခြင်းဖြစ်ပါတယ်ဗျ။