Tuesday, August 5, 2014

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဒီလိုလုပ်မယ်


ဘာပဲပြောပြော ဒီအချက်တွေက အခြေခံတကယ်ကျပါတယ်........

စာဖတ်ပရိသတ်များအတွက် ကျွန်တော် Mr. Guy မှအကျိုးရှိအားတတ်စေမယ့် သတင်းဆောင်းပါးလေးကို ဆီလျှော်အောင်ဘာသာပြန်ကာပြန်လည်မျှဝေလိုက်ပါတယ်။

အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်။

အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။

၁) ငွေနောက်ကိုလိုက်ပါ- လက်ရှိစီးပွားရေး အခြေအနေရ ပတ်ဝန်းကျင်တွင်သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ဆိုတာ အလွန်ကိုခက်ခဲပါတယ်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် နှစ်စဉ်ဝင်ငွေတိုးပွားအောင်လုပ်ပါ။ ထပ်ခါတလဲလဲလုပ်ဆောင်ပါ။ ကျွန်တော်ဝင်ငွေ အစပိုင်းမှာ တလကိုဒေါ်လာ ၃၀၀၀ဆိုပင်မဲ့ ကိုးနှစ်ကြာပြီးတဲ့နောက်မှာ တလကို ဒေါ်လာ ၂၀၀၀၀ ဖြစ်လာခဲ့ပါတယ်။ ငွေနောက်ကိုလိုက်နေရင်းနှင့် ၀င်ငွေတိုးပွားလာသလို တဆက်တည်းမှာပင် အခွင့်ရေးများစွာကိုရရှိလာပါလိမ့်မယ်။

၂) မကြွားဝါပါနှင့်၊ လက်တွေ့လုပ်ဆောင်ပြပါ- ကျွန်တော်ရဲ့ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုများ လုံလောက်သော အခြေအနေမရောက်ခင်အချိန်အထိ ကျွန်တော်သည်အကောင်းစားနာရီ၊ ဇိမ်ခံကား အစရှိသည်တို့ကိုဝယ်ယူအသုံးပြုခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်ချမ်းသာလာသည့်အချိန်အထိ သာမန်တိုယိုတာ ကန်မရီကိုသာမောင်းနှင်ခဲ့တာပါ။ သင်ဝယ်ယူ၍ရသော လက်ဝတ်တန်ဆာများဖြင့်ထင်ပေါ်အောင်မလုပ်ပါနှင့်။ သင့်ရဲ့အလုပ် လုပ်ကိုင်ပုံနှင့်ကျော်ဇောနိုင်အောင် လုပ်ပြပါ။

၃) ပိုက်ဆံကိုရင်းနှီးမြုပ်နှံရန်စုပါ၊ သိမ်းထားရန်မစုပါနဲ့- ပိုက်စံစုရခြင်း၏တခုသောရည်မှန်းချက်မှာ ရင်းနှီးမြုပ်နှံရန်သာဖြစ်သည်။ လုံခြုံသောနေရာနှင့် ထိတွေ့မရသောနေရာတွင် ၀င်ငွေတိုးပွားရန်အပ်နှံထားပါ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ မထုတ်ပြစ်ပါနဲ့ အရေးပေါ်ဖြစ်လာရင်တောင်မသုံးပါနှင့်။ ဒီကနေ့ အချိန်ထိကျွန်တော်ဟာ တနှစ်မှာ အနည်းဆုံးနှစ်ကြိမ် မွဲလေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပိုဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာပြန်လည်မြုပ်နှံလို့ ဖြစ်ပါတယ်။

၎) ကိုယ့်အတွက်ပိုက်ဆံမရနိုင်မဲ့ အကြွေးယူခြင်းကိုမလုပ်ပါနဲ့- စည်းကမ်းချမှတ်ထားပါ။ ပိုက်ဆံမ၀င်နိုင်မယ့်အကြွေးယူခြင်းကိုမလုပ်ပါနဲ့။ ကျွန်တော်ကားဝယ်ရန်ငွေတခါချေးဖူးပါတယ် ဒါပေမဲ့ကျွန်တော်ချေးယူခြင်းဟာ ၀င်ငွေတိုးပွာစေခဲ့ပါတယ်။ ချမ်းသာသူများဟာ အကြွေးယူသည့်အခါ ရင်းနှီးမြုပ်နှံ မှုနှင့်စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ကြပေမယ့် ဆင်းရဲသူများဟာချမ်းသာသူများ ပိုပြီးချမ်းသာသထက် ချမ်းသာလာအောင်အကြွေးများဖြင့်ဝယ်ယူကြတယ်။

၅) ပိုက်ဆံကိုသ၀န်တိုတတ်သူရည်းစားတဦးလိုဆက်ဆံပါ- သန်းပေါင်းများစွာ ရယူနိုင်ရန်နံပါတ်တစ်ဦးစားပေးထားရှိရန်လိုအပ်သည်။ ချမ်းသာကြွယ်ဝဖို့နှင့် အမြဲတမ်းချမ်းသာနေနိုင်ဖို့ ဦးစားပေးရန်လိုအပ်ပါတယ်။ သ၀န်တိုတတ်တဲ့ချစ်သူလိုပေါ့။ သူတို့ကိုဦးစားမပေးရင် ရန်လိုပြီး ဦးစားပေးနိုင်သူနောက်ကိုပဲပါသွားမှာပေါ့။ ပိုက်ဆံလည်းထိုနည်း၎င်းပါပဲ။

၆) ပိုက်ဆံသည်အိပ်မနေတတ်ပါ- ပိုက်ဆံသည် အချိန်၊နာရီ၊အားလပ်ရက် ဘာကိုမှမသိ သင်လည်းပဲထိုသို့သာဖြစ်သင့်သည်။ အလုပ်ကြိုးစားသူတိုင်းကို ပိုက်ဆံကချစ်သည်။ ကျွန်တော်အသက် ၂၆နှစ်အရွယ်မှာ လက်လီဆိုင်တခုတွင်အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ ဆိုင်မှာညနေ ၇နာရီမှာပိတ်ပင်မယ့်လည်း ကျွန်တော်ည ၁၁နာရီအထိအလုပ်ဆင်းကာ အပိုဝင်ငွေရရန်ဈေးရောင်းခဲ့သည်။ ဘယ်တော့မှာ သူများထက်ပိုလည်၊ ပိုကံကောင်းတဲ့ပုံစံမျိုးများမလုပ်ဆောင် ပါနဲ့။ သာလွန်အောင်ပဲလုပ်ပါ။

၇) ဆင်းရဲခြင်းကိုနားမလည်နိုင်ပါ- ကျွန်တော်ဆင်းရဲဖူးခဲ့ပါတယ်။ တကယ်ကိုဆိုးဝါးပါတယ်။ အဲဒီ့ဘ၀မျိုးဘယ်တော့မှာပြန်မလိုချင်ပါ။ Bill Gates ပြောခဲ့သလိုပေါ့ “သင်ဟာဆင်းရဲသော ဘ၀ဖြင့်မွေးဖွားလာခဲ့လျှင် သင့်ရဲ့အမှားမဟုတ်ပါ၊ ဒါပေမဲ့ဆင်းရဲသော ဘ၀ဖြင့်သေဆုံးသွားခဲ့ရင်တော့ သင့်ရဲ့အမှားပါ”။

၈) ညွန်ပြပေးနိုင်မဲ့သန်းကြွယ်သူဌေးကိုရှာပါ- ကျွန်တော်တို့တွေဟာ ဆင်းရဲသော၊ အလယ်အလတ်အတန်းအစား ဘ၀များပတ်ဝန်းကျင်များဖြင့် ရုန်းကန်လုပ်ရှား
ခဲ့ခြင်းများဟာ အတွေးအခေါ်များကိုကန့်သတ်ထားသလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်သန်းကြွယ်သူဌေးပေါင်းများစွာကို လေ့လာပြီး အတုယူနိုင်ခဲ့ပါတယ်။ သင်တို့ကိုလည်းထိုနည်း၎င်းလုပ်ဆာင်ရန်တိုက်တွန်းလိုပါတယ်။ ရှေ့ ဆောင်လမ်းညွန်ပေးမယ့်သန်းကြွယ်သူဌေးကိုရှာပါ။ ချမ်းသာကြွယ်ဝသူအများစုဟာ သဘောထားပြည့်ဝသူများလည်းဖြစ်ကြပါတယ်။

၉) သင့်ရဲ့ပိုက်ဆံများကို လေးလံသောအရာများကိုသယ်ဆောင်ခိုင်းပါ- ရင်းနှီးမြုပ်နှံခြင်းဟာ သင်အလုပ် လုပ်လို့ရတဲ့ဝင်ငွေများစွာထက် သင့်ကိုပိုက်ဆံပိုမိုရှာပေး
နိုင်ပါတယ်။ ပိုက်ဆံအပိုအလျှံမရှိလျှင် ရင်းနှီးမြုပ်နှံရန် မဖြစ်နိုင်ပေ။ ကျွန်တော်ရဲ့ဒုတိယလုပ်ငန်းဖြစ်တဲ့ လုပ်ငန်းကို ဒေါ်လာ ၅၀,၀၀၀ မတည်ခဲ့ပြီး ကုန်ဆုံးသွားသော ၁၀နှစ်တာ ကာလမှာ တစ်လကို ဒေါ်လာ၅၀,၀၀၀ပြန်ရှာပေးခဲ့ပါတယ်။ အလားတူတတိယလုပ်ငန်းဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ၃၅၀,၀၀၀ နဲ့စတင်ခဲ့ပြီး အခုချိန်ထိဝင်ငွေပေါင်းများစွာကိုရှာဖွေပေးနေတုန်းပါပဲ။ ရင်းနှီးမြုပ်နှံခြင်းသာ တခုတည်းသောအခြားနည်းလမ်းဖြစ်သင့်ပြီး ကိုယ့်အတွက်ပိုက်ဆံကို အလုပ်လုပ်ခိုင်းပြီး လေးလံသောအရာများကိုသယ်ဆောင်နိုင်ရန် သူတို့ကိုပင် တာဝန်ပေးပါ။

၁၀) ဒေါ်လာ၁၀သန်း ရရန်ပစ်မှတ်ထားပါ၊ ၁သန်းမဟုတ်ပါ- ငွေကြေးနှင့်ပတ်သတ်၍တခါတည်းသော ကျွန်တော်ရဲ့အမှားမှာ ကြီးကြီးမားမားမတွေးခဲ့လို့ပါ။ ခင်ဗျားတို့အားလုံးကို ဒေါ်လာ၁သန်းထက်ပိုသောလုပ်ဆောင်မှုကို လုပ်ကိုင်ရန်တိုက်တွန်းလိုပါတယ်။ ပိုက်ဆံပြတ်လတ်သွားသည် ဆိုမှာဒီစင်္ကြာဝဠာ မှာမရှိပါ
လူအနည်းစုသာလျှင်ကြီးကြီးမားမားတွေးခေါ်မှုကိုပြုလုပ်ကြလို့ပါ။

အဆိုပါ(၁၀)ချက်ကိုလုပ်ဆောင်ပါက ငွေကြေးချမ်းသာသောဘ၀ကိုပိုင်ဆိုင်ပါလိမ့်မယ်။ ဖြတ်လမ်းကိုမလိုက်ပါနှင့်။ အများထက်အလုပ်ကိုကြိုးစားပါ။ ဘယ်တော့မှဇွဲမလျှော့ပါနှင့်။ သင်ဟာသန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အချိန်ကျရင်လည်း အများကိုသင့်လိုဖြစ်လာနိုင်ရန် လိုလိုလားလား ကူညီဖေးမပါ။
http://www.searchmyanmar.com/link/frame/cid/39591
Credit:World-Myanmar News

Monday, August 4, 2014

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်သည့်လေ့လာချက် (၁)

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်သည့်လေ့လာချက်
ဆရာကြီး ဦးရွှေဇံ

နိဒါန်း

၁။ “ရိုဟင်ဂျာ” ဆိုသည့်စကားကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက လုံးဝမကြားဖူးကြပါ။ ကြားဖူးရန်လည်းအကြောင်းမရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ (သို့မဟုတ်) အတိအကျပြောရပါလျှင်ယခင်ကရခိုင်တိုင်း၊ယခုရခိုင်ပြည်နယ်တွင်မှီတင်းနေထိုင်ကြသောလူမျိုးစုအထဲတွင် “ရိုဟင်ဂျာ” ဟူသော လူမျိုးမရှိသောကြောင့်ဖြစ်သည်။ ထိုကြောင့် မရှိသောလူမျိုးကို အဓိပ္ပါယ်ဖွင့်ဆိုရန်လည်း အကြောင့်မရှိပါ။ ယုတ္တိမတန်သော အဓိပ္ပပယ်ဖွင့်ဆိုချက်များကိုလည်း အငြင်းပွားရန်မလိုပါ။

http://scrapetv.com/News/News%20Pages/Business/images-2/illegal-immigrants-jumping-border-fence.jpg

၂။ ဤနေရာတွင် အလျည်းသင့်လို့ စာရေးသူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတစ်ရပ်ကို တင်ပြလိုပါသည်။ စာရေးသူသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၅၄ ခုနှစ်တွင် စစ်တွေခရိုင်ကို ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ယူရသည့် သန်းခေါင်စာရင်းအရာရှိဖြစ်ပါသည်။ ထိုစဉ်က စစ်တွေခရိုင်ဝန်မှာ ဦးဦးကျော်ဇံ၊ (နောက်တွင်BPI ဦးကျော်ဇံ ဟု နာမည်ကျော်ကြားသူဖြစ်ပါသည်)။ ခရိုင်မြေစာရင်း အရာရှိမှာ ဦးစံရွှေဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ ကျွန်တော်လ၏က်ထောက်နှစ်ဦးဖြစ်
သော ဦးဦးခင်မောင်နှင့် ဦးဦးကျော်ဇောတို့သည် ခရိုင်မြေစာရင်းရုံးတွင် ရုံးဖွင့်ပြီး သန်းခေါင်းစာရင်းကောက်ယူရေး အောင်မြင်မှုအတွက် ခရိုင်ဝန် ဦးဦးကျော်ဇံနှင့် ခရိုင်မြေစာရင်းအရာရှိ ဦးစံရွှေတို့၏အနီးကပ်လမ်းညွှန်မှုကို ခံယူလျှက် အစစအရာရာကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ပါသည်။

၃။ ဤနေရာမှာ စစ်တွေမြို့နယ်တွင် တွေ့ ရှိရသော အတွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်။ စစ်တွေအနောက်ဖက် ပင်လယ်ကမ်းနားတွင် Sultan Mahmood ပိုင် (သန့်ရှင်း အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးစ်ြခဲ့သူ) အုန်းခြံရှိပါသည်။ ထိုနေရာတွင် မူဆလင်ကုလားများ အစိုင်အခဲနှင့် နေ နေကြသည်သာမက တစ်ဘက်နိုင်ငံမှ ဘုတ်များ၊စက်လှေများဖြင့် အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော နေရာဖြစ်သလို ၄င်းနေရာသို့ မည်သည့်အစိုးရ ဝန်ထမ်းမျှ ဝင်ရောက်စစ်ဆေးနိုင်ရန်မစွမ်းသော နေရာဖြစ်ပါသည်။ မိမိတို့လည်းဝင်ရောက်နိုင်ခဲ့ခြင်းမရှိပါ။

၎။ ထိုစဉ်အခါ ရုံးဖွင့်အချိန် နေ့တိုင်းလိုလိုမှာ စစ်တွေရှိ မူုဆလင်ကုလားများသည် ရုံးသို့စုရုံးရောက်ရှိလာကြပြီး လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ၄င်းတို့ကို လူမျိုးနေရာမှာ “ရခိုင်မူဆလင်” ဟူ၍၄င်း၊ “ရိုဟင်ဂျာ” ဟူ၍၄င်း၊ ထည့်သွင်းပေးရန် တောင်းလာကြပါသည်။ တာဝန်ရှိ သန်းခေါင်စာရင်းအရာရှိတစ်ဦးအနေနှင့် Census Code တွင် ဤစကားများသုံးရန် မပါရှိလို့လက်ခံလို့မရကြောင်းရှင်းပြသော်လည်းမရဘဲ နေ့စဉ်လိုလိုပင် ရုံးသို့လာရောက်အနှောင့်အယှက်ပေးနေ
ကြပါသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၃၁ ခုနှစ်က နောက်ဆုံးကောက်ခံခဲ့ရာတွင်လည်း မူဆလင် ကုလားများနှင့်ပတ်သက်လို့ အခက်များရှိကြောင်း လော့သိရှိရရာ ကျွန်တော်အနေနှင့် အကျိုးအကြောင်း အဖြစ်အပျက်များကို သန်းခေါင်စာရင်းမင်းကြီးထံ့သို့ အစီအရင်ခံ တင်ပြခဲ့ပါသည်။ သန်းခေါင်စာရင်းမင်းကြီးက သန်းခေါင်းစာရင်းကောက်ခံမှု အောင်မြင်ရေးကို ရှေ့ရှုပြီး အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ၄င်းတို့ပြောဆိုသည့်အတိုင်း လက်ခံထည့်သွင်းထားခြင်းကို သီးခြားမှတ်သားထားရန်နှင့်လ၄င်းတို့
ပြောဆိုသည့်အတိုင်း လက်ခံထည့်သွင်းထားရန်အပြင် ထိုသို့ ထည့်သွင်းထားခြင်းကို သီးခြားမှတ်သားထားရန် ညွှန်ကြားလာသဖြင့် ၄င်းညွှန့်ကြားချက်အတိုင်း လိုက်နာပြီးဆောင်ရွက်ခဲ့ပါသည်။

၅။ ၁၉၅၃ ခုနှစ်၊စစ်တွေခရိုင် သန်းခေါင်းစာရင်းကို ကျောက်တော်မြို့နယ်မှအပ ကျန်မြို့နယ်များတွင် သန်းခေါင်းစာရင်းကောက်ယူရမည်ဖြစ်
သည့်အလျှောက် ဘူသီးတောင်နှင့် မောင်တောမြို့သို့လည်းသွားခဲ့ရပါသည်။
ဤ မြို့ နယ်များတွင် တွေ့ရသောအတွေ့အကြုံမှာ တစ်ဘက်နိုင်ငံ ဘင်္ဂါလီ မျိုးနွယ် (ရခိုင်စကားဟူ ၍မပြောတတ်သူများ) တို့၏ လှုပ်ရှားမှုများမှာ “ဂျမေတူ အူမာ” ဟူသောဘာသာရေးအသင်းက ဦးဆောင်၍ ဗလီများကို အခြေပြုကာ အမျိုးမျိုးလှုပရှားနေကြသည်ကို တွေ့ရပါသည်။ သန်းခေါင်းစာရင်း ကောက်ယူရာတွင် အကူအညီပေးရန်ဟု အကြောင်းပြ၍ Enumerator ဝန်ထမ်းတစ်ဦးကို ကုလားလေး၂ ဦးမှ ၄ ဦးအထိတွဲ၍ ထည့်ပေးရန်၊ ထိုဂျမေတူအူလမာ အသင်းကစိုင်းပြနေကြခြင်းကို တွေ့ရပါသည်။ အကြောင်းသော်ကား သန်းခေါင်းစာရင်းပုံစံရှိ လူမျိုးနေရာတွင်”ရခုင်မူဆလင်” သို့မဟုတ”ရိုဟင်ဂျာ” ဟူ၍ထည့်သွင်း ဖော်ပြစေရန် အတွက်ပင်ဖြစ်ပါသည်။

၆။ ဘူသီးတောင်နှင့် မောင်တောတွင် အတွေ့အကြုံနောက်တစရပ်မှာကား၊ ဘူသီးတောင်တွင် ကျွန်တော်တည်းခိုသော နေရာမှာ ကျွန်တော်၏ အသိအကျွမ်းဖြစ်သူ လူဝင်ကြီးကြပ်ရေးအရာရှိအိမ်မှာ တည်းခိုးခဲ့ပါသည်။ ၄င်းထံမှ သိရသည်မှာ တစ်ဖက်နိုင်ငံမှ မူဆလင်ကုလားများကို ဘူသီးတောင် မောင်တောတို့သို့ ဒလဟော လက်ခံသွင်းနေကြသည်သာမက ကုလားသူကြီးတစ်ဦး၏ထောက်ခံ ချက်ပါလျှင်ပင် မြန်မာနိုင်ငံအလွယ်တကူ ဖြစ်သွားကာ မဲပေးနိုင်ခွင့်ပင်ရှိလာကြောင်းဆိုသည်ကို ကြားရရာ ကျွန်တော်အနေနှင့် လွန်စွာအံ့ဩ စိတ်မကောင်းဖြစ်သွားသဖြင့် ကျွန်တော်က ဘာဖြစ်လို့ ဒီလိုလုပ်ကြသလဲဟု မေးရာ ၄င်းက “မင်းငယ်ပါသေးတယ်ကွာ၊ မင်းဘာမှမသိပါဘူး”ဟုဆိုလာသဖြင့် ကျွန်တော်လည်း ဆက်မပြောတော့ဘဲ စိတ်မကောင်းစွာနှင့်ပင် ငြိမ်နေလိုက်ပါတော့သည်။ ဘူးသီးတောင် မောင်တော၏ မြင်ကွင်းကား ပို၍စိတ်မကောင်းစရာပင် ဖြစ်ပါသည်။ ရခိုင်ဟူ၍မတွေ့ရလောက် ဖြစ်နေပြီဖြစ်ပြီး၊ရခိုင်စကား၊ မြန်မာစကားပင် မပြောတတ်ကြသော မုတ်ဆိတ်ဖားဖားနှင့် ဘင်္ဂါလီ ကုလားများကိုသာ နေရာတိုင်းမှာ တွေ့နေရပါသောကြောင့်ဖြစ်ပါသည်။ ( ဤကဲ့သို့သော ဘင်္ဂါလီ ကုလားမျိုးကို သမိုင်းပညာရှင် အချို့က နှစ်ပေါင်း ၈၀၀-၁၀၀၀ လောက်ကပင်ရခိုင်တွင် ရောက်ရှိနေသူများဟု ဆိုနေခြင်းမှာ လွန်စွာပင် အံ့ဩဘွယ်ရာဖြစ်ပါသည်။)

၇။ သန်းခေါင်းစာရင်းကောက်ယူသည့်
ကာလ ၅ လကုန်ဆုံး၍ သန်းခေါင်စာရင်း ရန်ကုန်ရုံးချုပ်သို့ပြန်ရောက်ချိန်မှာ သန်းခေါင်းစာရင်းမင်းကြီး ဦးကျော်ခိုင် (I.C.S.Retd:) အထက်ဖော်ပြပါအဖြစ်အပျက်နှင့် ပတ်သက၍ စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန်နှင့် အစီအရင်ခံရန် တာဝန် ဆက်လက်ပေးချက်အရ စစ်တွေမြို့သို့ ပြန်သွား၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် အစီအရင်ခံစာတစ်စောင်ကို ရေးသားတင်ပြခဲ့ပါသည်။

၈။ ၁၉၅၄ ခုနှစ် အစတွင် ကျွန်တော်သည် မြန်မာနိုင်ငံဝန်ထမ်း အကြီးတန်း (B.C.S.Sr.Br.) အရာရှိအဖြစ် ရွေးချယ်ခံရ၍ စစ်ကိုင်းတိုင်းသို့ အလုပ်သင်ရန် ပို့လွှတ်ခဲ့သဖြင့် ကျွန်တော်၏အစီအရင်ခံစာနှင့် ပတ်သက်ပြီး မသိခဲ့ရတော့ပါ။ Parliament သို့အစီအရင်ခံတင်ပြခဲ့ရသည်ဟ၍ူသာ မိတ်ဆွေသန်းခေါင်းစာရင်း အရာရှိများက ပြောပြချက်အရ သိရပါတော့သည်။

၉။ မူဆလင်များ၏အဆို “ရိုဟင်ဂျာ” ဟူသောအကြောင်းကိုရေးသားတင်ပြသူများသည် British Gazetteer Vol:II and Barma Gazetteer Akyab District Vpl: (A) by R.B Smart ၏စာသားကိုရည်ညွှန်းကိုးကား၍ စတင်ရေးသားကြသည်ကို တွေ့ရပါသည်။ ၁၉၆၀ ခုနှစ် မေလထုတ် The Guardian Burma’s National Magazine တွင် မြန်မာနိုင်ငံသားမူဆလင်စာရေးဆရာ တစ်ဦးကလည်း “ Roewengyas in Arakan” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် ရေးသားထားရာတွင်လည်း “ about 744 A.D Mahataing Chandra ascended the throne of Wethali founded a new city on the site of the old Ramwady and died after areign of twenty two years. During this reign several merchant ships were wrecked on Ramree Island and the crews, said to have been muslims called Arabs or Moors, were sent to Arakan proper that is, Wethali and settled in village”.

၁၀။ ၄င်းစာရေးသူက ဆက်လက်ရေးသားသည်မှာ “ They intermarried and intermixed with the indigenous races who claimed their religion and become muslims”. They adopted nationality of their wives and their properties to them (Wives). They built mosques and started missionary works. Islam became powerful in Arakan since then”.

၁၁။ စစ်တွေ Gazetteer ကိုရေးသားသူ R.B Smart မှာ အုပ်ချုပ်ရေးသမားတစ်ဦးဠဖစ်သလို ၄င်း၏ နောင်တော် ဆရာကြီး Lieut- General Sir P. Phayre မှာ စစ်ဗိုလ်အုပ်ချုပ်ရေးသမားတစ်ဦးဖြစ် သည်။ ဝေသာလီခေတ်ကို ထူထောင်သော မဟာတိုင်းစန္ဒြား၏စတင် သက ရာဇ်နှင့်နန်းသက်ကို အေဒီ ၇၈၈ ဟုဖန်တီး သတ်မှတ်ထားသူမှာယင်းပုဂ္ဂိုလ်ကြီးပင်ဖြစ်ပါသည်။ (Phyre) ၏ကောင်းမှုကြောင့် ယနေ့တိုင် ရခိုင်ရာဇဝင် ခရစ်သကရာဇ် သတ်မှတ်ချက်မှာ ကမောက်ကမ ဖြစ်နေပါသည်။)

၁၂။ ဤကဲ့သို့ဖြစ်ပေါ်လာရသည့်အကြောင်းကို နောက်ဆက်တွဲ(က) တွင်ရှုပါ။ စင်စစ် ဝေသာလီခေတ်ကို စတင်သောအချိန်မှာ(၈) ရာစုမဟုတ်ဘဲ (၄) ရာစုသာဖြစ်ပါသည်။ Phayre အနေဖြင့်ရခိုင်ရာဇဝင်ကိုရေးသား ရေးသားဖော်ပြသည့် ၁၈၈၃ ခု အချိန်အခါက ဝေသာလီခေတ်ကို ဇယားသုံးခုဖြင့်ဖော်ဖြင့်ထားသည့် အာနန္ဒစန္ဒြကျောက်စာကို သိရှိပုံမရသေးပါ။

၁၃။ ကျွန်ုပ်တို့လေ့လာချက်အရ၊ ရခိုင်ရာဇဝင်ပါဝေသာလီမင်းဆက်နှင့် ကျောက်စာပါ ဝေသာလီမင်းဆက်တို့မှာ တခြားစီမဟုတ်ဘဲ အတူတူပင်ဖြစ်ကြောင်းသိလာရရာ၊ ဝေသာလီကျောက်လှေကားကိုစတင်တည်ထောင်သူမှာ မဟာတုင်းစန္ဒြခေါ် ဒွေင်စန္ဒြဖြစ်ပြီး စတင်ချိန်မှာ ၄ ရာစုဖြစ်ပါသည်။

၁၄။ R.B.Smart ပြောလိုသည့်သဘောမှာ၊ အဆိုပါသင်္ဘောပျက်၍ ရောက်လာသည့် အချိန်မှာ ဝေသာလီကို စတင်တည်ထောင်သည့်အချိန်အဖြစ် ပြောဆိုလိုခြင်းဖြစ်ရာ သို့သာဆိုပါလျှင(၄) ရာစုကပင်ဖြစ်ပါမည်။

၁၅။ တမန်တော်မော်ဟမ္မဒ် သည် ခရစ်သက်ကရာဇ် ၅၇၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ အရေဗျပြည် မက်ကာမြို့၌ ဖွားမြင်ခဲ့သည်ဟု မြန်မာ့စွယ်စုံကျမ်း အတွဲ ၉ စာမျက်နှာ ၁၃၂ တွင် ဖတ်ရှုရရာ ဝေသာလီ စတင်ချိန်ထက် ၂ ရာစုခန့် နောက်ကျနေသေးသည့်အတွက် တမန်တော် မဟာမ္မဒ်မမွေးမီနှစ်ပေါင်း ၂၀၀ ခန့်ကပင် ရခိုင်သို့ မူဆလင်ဘာသာကြိုတင်ရောက်နှင်ပြီး သဘောမျိုးဖြစ်နေပါသည်။ ယုတ္တိတန်၏မတန်၏ ကိုစာရှုသူတို့ ချင့်ချိန်ကြည့်ခြင်းအားဖြင့် ထိုစာရေးသူမှာဆင်ခြင်မဲ့ မူဆလင်နိုင်ငံ ဖြစ်လိုသည့်ဆန္ဒစောလျှက်ရှိသည်ကို သိရှိနိုင်ပါသည်။

၁၆။ ဤ ကဲ့သို့ မဟုတ်မဟတ် လှုံ့ဆော်ခဲ့မှုကြောင့် R.S.O, A.R.I.F,R.P.F,R.L.O,I.M.A စသည်တရားမဝင် အသင်းများ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် ဗုဒ္ဓဘာသာကို အထွတ်အမြတ်ထား ယုံကြည်ကိုးကွယ်လာခဲ့ကြသော ရခိုင်ပြည်နယ်၊ အမျိုးသီလ နှစ်ဌာနကို အထွတ်အမြတ်ထား၍ ယုံကြည်ကိုးကွယ်လာခဲ့ကြသော ရခိုင်ပြည်သည်၊ အစွန်းရောက် သာဘာရေး အယူအယူအသီးတချို့တို့ သစ္စာမဲ့စွာ သမိုင်းအမှန်ကိုပြောင်းပြန်လှန်၍ ရေးသားမှုကြောင့် နိုင်ငံသားမဟုတ်သူများနှင့် သမိုင်းအမှန်ကို ပြောင်းပြန်လှန် ရေးသားမှုကြောင့် နိုင်ငံသားမဟုတ်သူများနှင့် ဧည့်နိုင်ငံသသားများက ပူးပေါင်းရန်ဖြစ်လာပြီး ဟန်ရေးပြလာကြသည်အထိ ဖြစ်လာသည်ကို တွေ့လာနေရပါသည်။ ပြဿနာသည် ဘူးသီးေးတာင်၊မောင်တော၊ စစ်တွေ စသည့် ရခိုင်ပြည်နယ် အတွင်း၌သာရပ်နေမည်ကားမဟုတ်ပါ။ ရခိုင်ရိုးမကို ကျော်၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်သာမက တရုပ်ပြည်ယူနန်နယ်စပ်၊ ယိုဒယားနယ်စပ်အထိပင် ထိုးဖောက်၍ရောက်နေကြပေပြီ။ဗုဒ္ဓဘာ၊ ရခိုင်အမျိုးသမီးများနှင့် ဘင်္ဂလီကုလားများ Intermarriage ပြုမှုများ ယနေ့အထိ မရှိသလောက်ဟုဆိုနိုင်သော်လည်း ဗဟုတနည်းပါးသော အချို့ ရှမ်းအမျိုးသမီးများ၊ ကချင်အမျိုးသမီးများ၊ ကရင်အမျိုးသမီးများက ဘင်္ဂလာမူဆလင် ကုလားများကို ရခိုင်လူမျိုးအထင်ဖြင့် လက်ခံပေါင်းဖက်နေကြကာ မူဆလင်ဦးရေကို လျင်မြန်စွာပြန့်ပွားလျက် ရှိနေကြကြောင်းကို သိလာရ၍ အထူးပင် စိုးရိမ်ဖွယ်ရာဖြစ်ပါတော့သည်။

ဇာတ်လမ်း ဖြစ်ပေါ်လာပုံကို တင်ပြရမည်ဆိုပါလျှင် ရခိုင်သမိုင်းအစကပင် စတင်မှသာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် စာရှုသူများ သဘောပေါက်လွယ်ကူအောင် အပိုင်း(၅) ပိုင်းခွဲ၍ အကျည်းတင်ပြလိုပါသည်။


Credit to> ခိုင်မင်းလှိုင်

သွေးတိုးအတွက် အစွမ်းထက် တိုင်းရင်းဆေး

ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာ ဦးစီးဌာနတို့ ပူးပေါင်း၍

တိုင်းရင်းဆေး ပညာနှင့် ပတ်သက်၍ ပညာ ပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေး ပညာ အကြောင်းကို အများအကျိုး အတွက် ဆေးပညာ ဒါန ပြုလိုက်ပါသည်။ လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့် ရောဂါမှာ သွေးတိုး ရောဂါဖြစ်သည်။ သွေးတိုး ရောဂါ ကြာရှည်ဖြစ်နေပါက

လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ် ရောဂါကို ဖြစ်တတ်သည်။

သွေးတိုးရောဂါ-ဟူသည်---

အပေါ် သွေးပေါင်ချိန် (၁၆၀) မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅) မီလီမီတာ ပြဒါးအထက် တောက်လျှောက် ဖြစ်စေ၊ အချိန် ကြာမြင့်စွာ မြင့်တက်ခြင်းကို သွေးတိုးရောဂါ-ဟု ခေါ်သည်။

သွေးတိုးရောဂါ ဖြစ်တတ်သူ---

သွေးတိုး ရောဂါသည် အဝလွန်သူ၊ မျိုးရိုး၌ သွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာ ရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက် သောက်သူများနှင့် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများ၌ ဖြစ်တတ်သည်။

သွေးတိုးရောဂါ လက္ခဏာများ---

သွေတိုးရောဂါ လက္ခဏာများမှာ အပေါ်သွေး ပေါင်ချိန် (၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန် (၉၅)မီလီမီတာ ပြဒါးအထက် သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ အကြောတပ်ခြင်းတို့ ဖြစ်သည်။

သွေးတိုးရောဂါကို တိုင်းရင်း ဆေးဖက်ဝင် အပင်များဖြင့် ကာကွယ်ကုသခြင်း---

(၁) ဒန့်သလွန်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။

(သတ္တုရည် ဆိုသည်မှာ ထုထောင်းကြိတ်ညှစ်၍ ရရှိသောအရည် ဖြစ်သည်)။

(၂) ဧကရာဇ်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ်သောက်ပါ။

(သို့မဟုတ်) ဧကရာဇ် အမြစ်ကို ရေဖြင့်သွေး၍ တခါသောက်လျှင် ဟင်းစားဇွန်း ၁-ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။

(၃) သံပုရာသီးတလုံးကို ထက်ခြမ်းခွဲ၍ ရေနွေးကျွက်ကျွက်ဆူ တဖန်ခွက်တွင် တနာရီခန့် စိမ်ပြီး သောက်ပါ။

(၄) ကြက်သွန်ဖြူ (၃-၄)မြွှာကို ထမင်းစားတိုင်း စားပါ။

(သို့မဟုတ်) ဥတလုံး ကြက်သွန်ဖြူကို နေ့စဉ် စားပါ။

သွေးတိုးရောဂါရှင်များ လိုက်နာရန်---

* အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများ အလွန်အကျူး စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

* အရက်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

* စိုးရိမ်သောက ကင်းဝေးပါစေ။

* ကိုလက်လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ပါ။

* အနည်းဆုံး တနေ့ နာရီဝက်ခန့် လမ်းလျှောက်ပါ။

* သွေးပေါင် မှန်မှန်ချိန်ပါ။

ဥက္ကာကျော်(ပုသိမ်)

ကိုးကား။ ။ သိမှတ်ဖွယ်ရာ တိုင်းရင်းဆေးပညာ။

ကြက်သွန်နီကနှလုံးရောဂါနှင့်အစာအိမ်ကင်ဆာကိုကာကွယ်တားဆီးနိုင်

ကက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်ပွားစေသည့် မကောင်းသော ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို ထိန်းသိမ်းပေးကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင်မှ သိပ္ပံပညာရှင်များက ကိုလက်စထရောလ်များသော အစာများကို တိုက်ကျွေးထားသော ကြွက်များကို ခြေမွထားသော ကြက်သွန်နီများ စားစေပြီး စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ကြသည်။ သီတင်း(၈)ပတ်မျှ ကြာမြင့်သောအခါ မကောင်းသော ကိုလက်စထရောလ်များ ပါဝင်နေမှုအဆင့် (သို့မဟုတ်) လစ်ပိုပရိုတိန်း ပါဝင်သိပ်သည်းမှု နိမ့်ကျနေမှု (LDL)ကို ၂၀%ထိ လျော့ကျနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာ ကြွက်များ၏ လစ်ပိုပရိုတိန်း သိပ်သည်းဆ မြင့်မားမှု (HDL)မှာမူ မလျော့ပါးဘဲ ကောင်းသော ကိုလက်စထရောလ်များ မနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။

Chinese University of Hong Kong မှ သုတေသနအဖွဲ့ခေါင်းဆောင် Zhen Yu Chen က "ကြက်သွန်နီတွေကို သုတေသနတွေ အများကြီးပြုလုပ်ခဲ့ရာမှာ လူသားဂျင်းစ်(genes)တွေအပေါ် အကျိုးကျေးဇူးပြုမှု၊ ခန္ဒာကိုယ်ရဲ့ ကိုလက်စထရောလ် ဇီဝကမ္မဖြစ်စဉ်ထဲမှာ ပါဝင်နေတဲ့ ပရိုတိန်းတွေအပေါ် အကျိုးသက်ရောက်မှုတွေကို နည်းနည်းပါးပါးပဲ သိရပါသေးတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ လေ့လာမှုကို ဆက်လက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားပြီ့းတော့ ကြက်သွန်နီတွေရဲ့ ကိုလက်စထရောလ် လျှော့ချပေးမယ့် အင်ဇိုင်းမ်တွေအပေါ်မှာ အကျိုးထိရောက်မှုတွေကို အသေးစိတ်သိရှိ ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဇီဝကမ္မ လုပ်ဆောင်ချက်တွေမှာ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးရှိမှုကို ဆန်းစစ်လေ့လာမှုဟာ ဒါပထမဆုံး အကြိမ်ပဲ ရှိပါသေးတယ်။
လေ့လာမှုရဲ့ အဖြေတွေကတော့ ကြက်သွန်နီ ပုံမှန်စားသုံးမှုဟာ နှလုံးရောဂါအများစု (သွေးကြောကျဉ်းမှုကြောင့် ဖြစ်ပွားတဲ့ နှလုံးရောဂါ (coronary heart disease) ကို ဖြစ်ပေါ်မှုကို လျော့နည်းစေတယ်လို့ ကြွေးကြော်လို့ ရပါတယ်"ဟု ပြောကြားသွားခဲ့သည်။

ဗြိတိန်ကဲ့သို့ ဥရောပနိုင်ငံများတွင် ကြက်သွန်ဖြူ၏ ကောင်းကျိုးများကို ပိုမိုသိရှိကြသော်လည်း မြန်မာအပါအ၀င် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် Mediterranean ဒေသများတွင် အများဆုံး စားသုံးနေကြသော ကြက်သွန်နီ၏ ကောင်းကျိုးများကိုမူ ဥရောပတိုက်သားတို့ အသိနည်းလှပေသည်။

သို့သော် ယခုအခါ ဗြိတိန်မှာ ကြက်သွန်ဖြူ အမျိုးမျိုးထက် ပို၍ချိုသော ကြက်သွန်နီကို ဗင်နီဂါရည်၊ သကြားတို့ဖြင့် ချက်ပြုပ်ထားသော Red Onion Marmalade မှာ နာမည်ကြီးနေပြီး ချီးစ် သို့မဟုတ် အအေးစာများနှင့် တွဲဖက်စားသုံးလာကြကြောင်း သိရှိရသည်။

ကြက်သွန်နီ အများအပြား စားသုံးသော ကမ္ဘာ့ဒေသများမှာ ကင်ဆာဖြစ်ပွားမှုပင် သိသာထင်ရှားစွာ လျော့နည်းကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများက ဆိုသည်။

ဂျော်ဂျီယာနှင့် အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုနှုန်းကို ပျမ်းမျှရာနှုန်းဝက် လျှော့ချစေသည်ဟု ယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်ဥငယ်များ စိုက်ပျိုးစားသုံးလာကြကြောင်း သိရှိရသည်။

ကမ္ဘာ့ဒေသများအနက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို အများဆုံးစားသုံးသော တရုတ်နိုင်ငံတွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမှာ ကျန်ဒေသများထက် ၄၀%ထိ ပျမ်းမျှအားဖြင့် လျော့နည်းနေကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။
ပြန်လည်မျှဝေသည်။

Posted by Justin Vitamin

Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း

(၁) ဆရာ ကျေးဇူးပြုပြီး ကျောက်ကပ်ကျောက်အကြောင်းလေး တင်ပေးပါခင်ဗျာ။
(၂) ကျောက်ကပ်အကြောင်းလေးသိချင်လို့ပါဆရာ။ သူ့ကျောက်ကပ်က efficiency ကျနေပြီး၊ ဆရာဝန်က ကျောက်ကပ် သက်တမ်းက နောက် ၁ဝ နှစ်လောက်ထိပဲ ရတော့မယ်လို့ ပြောပါတယ်။ သူကတော့ စိတ်ဓါတ်ကျပြီင်္း အိမ်လည်းမပြောဘူး၊ ဆေးလည်းမကုဘူး ဒီတိုင်းပဲပေနေပါတယ်။ အသက်က ၃ဝ ကျော် ယောက်ကျားလေးပါ။ အစားထိုးကုဖို့မလွယ်ဘူး၊ ကုလည်းမကုချင်ဘူးပြောပါတယ်။ တစ်ခြား ဘယ်လိုနည်းလမ်းများရှိမလဲ သိချင်ပါတယ်။ ဆေးသောက်ယုံနဲ့ ကျောက်ကပ် အချိန်တိုတိုအတွင်းမှာ ပျက်စီးမသွားအောင်ရော ထိန်းလို့ရပါသလား။ ဘာတွေစားပြီး ဘယ်လိုနေထိုင်စားသောက်ရမလဲ သိချင်ပါတယ်ဆရာ။

လူတွေမှာရှိတဲ့ ကောင်းနေတဲ့ ကျောက်ကပ်နှစ်လုံးက စစ်ထုတ်ပေးနေတာဟာ အသက် ၃ဝ-၄ဝ ကျော်လာတာနဲ့ လျော့နည်း ကျဆင်းလာတယ်။ နောက်ထပ် ၁ဝ နှစ်ရှိတိုင်း ၁ဝ% ကျလျော့လာတယ်။ အဲဒီဇရာဖြစ်စဉ်ကို ကိုယ်တိုင် ဆင်ခြင်ပြီး ကျောက်ကပ်ကို ရောဂါတွေမရစေအောင် ထိန်းသိမ်းနိုင်ကြပါတယ်။

၁။ Manage diabetes, high blood pressure and heart disease ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေရှိနေရင် စနစ်တကျ ဆေးဝါး + အစားအသောက် + လူနေမှုပုံစံ ပြုပြင်နေပါ။ ကျောက်ကပ်ရောဂါ အများစုဟာ မူရင်းရောဂါတခုခု ဥပမာ ဆီးချို၊ နှလုံးရောဂါ နဲ့ သွေးတိုးကနေဆက်ဖြစ်တယ်။ ထိန်းရမှာတွေကတေ့ သကြားဓါတ်၊ (ကိုလက်စထော) နဲ့ ဆားဖြစ်တယ်။ ရောဂါရှိနေရင်တော့ သက်ဆိုင်ရာဆေးတွေကိုလဲ ပုံမှန်သောက်နေရမယ်။

၂။ Reduce the intake of salt ဆား (ဆိုဒီယမ်) လျော့ပါ။ သွေးတိုးတက်စေတယ်။ ကျောက်ဖြစ်ဘို့ အလားအလာ ရှိတယ်။

၃။ Drink lots of water every day ရေကိုနေ့တိုင် သောက်နိုင်သမျှသောက်ပေးပါ။ ကိုယ်ထဲကအဆိပ်အတောက်တွေကို ဆီးထဲစွန့်ထုတ်ပေးတဲ့အလုပ်ကို အထောက်အကူရစေမယ်။ သွေးထုထည်ကိုလဲ မနည်းစေဘဲ၊ သွေးစေးပျစ်တာကိုလဲ ကာကွယ်ရာကျတယ်။ အစာချေတာကိုလဲ ကူညီမယ်။ ကိုယ်အပူချိန်လဲ ထိန်းထားပေးမယ်။ တနေ့ ရေ (၁ဝ) ခွက် သောက်ပါ။

၎။ Don’t resist the urge to urinate ဆီးသွားချင်လာရင် အောင့်မထားပါနဲ့။ သွေးကိုစစ်ထုတ်မှု လုပ်ရာကနေ ဆီး ဖြစ်လာတယ်။ ဖြစ်လာတဲ့ဆီးကို ဆီးအိမ်ထဲမှာသိုလှောင်ထားတယ်။ ဆီးအိမ်တင်းလာရင် ဆီးသွားချင်လာမယ်။ ဆီးအိမ်က ဆီတွေအများကြီးဆန့်ပေမဲ့ ၁၂ဝ-၁၅ဝ စီစီရှိလာတာနဲ့ ဆီးသွားချင်စိတ်ဖြစ်လာမယ်။ အဲဒီအခါ ဆီးသွားလိုက်ပါ။

၅။ Eat right အစားအသောက်မှန်ကန်ပါစေ။ ပြုပြင်စီမံထားတဲ့၊ ဆိုင်မှာအလွယ်ရအစားအသောက်တွေ၊ Junk food ခေါ် ခေတ်ပေါ်အစားအသောက်တွေ၊ ပိုးသတ်ဆေး၊ ဟော်မုန်းဆေးသုံးပြီး စိုက်ထား၊ မွေးထားတဲ့ အသားနဲ့ အသီးအရွက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါ။ ငါး၊ ကညွတ်၊ အစေ့အဆံတွေ၊ ကြက်သွန်ဖြူ၊ စတာတွေသင့်တယ်။

၆။ Drink healthy beverages သောက်စရာရွေးပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေသောက်ပါ။ ကော်ဖီ၊ အရက်၊ ကေဖင်းပါဖျော်ရည်တွေ ရှောင်ပါ။ (အောက်ဇဲလစ်အက်စစ်) ပါတာမျာတဲ့ ဟင်းနုနွယ်ရွက်၊ မရမ်းရောင်မုံလာဥ၊ မသင့်ပါ။ ကျောက်ဖြစ်စေနိုင်တယ်။ အုန်းရည်ကောင်းတယ်။

၇။ Avoid alcohol and smoking အရက်နဲ့ ဆေးလိပ်ဖြတ်ပါ။ အရက်ကနေ ဓါတ်ဆားအချိုးအဆကို ပြောင်းစေတယ်။ ကျောက်ကပ်ကို သက်ရောက်စေမဲ့ ဟော်မုန်းကိုလဲ ပြောင်းလဲစေတယ်။ ဆေးလိပ်ကနေ ကျောက်ကပ်ကို တိုက်ရိုက် မသက်ရောက်ပေမဲ့ ကျောက်ကပ်အလုပ်ကို နှေးစေတယ်။ တခြားရောဂါရလာရင် ပိုဆိုးစေမယ်။

၈။ Exercise daily ကိုယ်လက်လှုတ်ရှားမှု ပုံမှန် (နေ့စဉ် ဒါမှမဟုတ် တပါတ်မှာ ၅ ရက်) လုပ်ပါ။ ကိုယ်အလေးချိန်များတာ ကျောက်ကပ်အတွက်လဲ မကောင်းစေပါ။

၉။ Avoid self medication ဆေးကို ကိုယ်ကြိုက်သလိုသောက်တာ မလုပ်ပါနဲ့။ ဆေးတွေကို များသောအားဖြင့် ကျောက်ကပ်ကနေ စစ်ထုတ်ပေးနေတယ်။ ဆေးအဆ (အလေးချိန်)၊ ဘယ်လောက်ကြာကြာသောက်မယ်ဆိုတာကို စနစ်တကျသိထားပြီး လိုက်နာပါ။

၁ဝ။ Think before you take supplements and herbal medicine အားဆေးတို့ ဟာဗယ်ဆေးတို့သုံးချင်ရင် နှစ်ခါပြန် စဉ်းစားပါ။ ဗီတာမင် များတာကအစ မသင့်ပါ။

ေ ဒေါက်တာတင့်ဆွေ


Credit to> Dr. Tint Swe

မိုးလေ၀သသမားတစ်ဦးရဲ့ Diary

မိုးခြိမ်းသံတွေကြားနေရပါတယ်။
ကိုယ်တိုင်ရေးပုံတူ။
၃၀-၇-၂၀၁၄
နံနက် ၀၀း၅၈ နာရီအချိန်။

ဒီကနေ့ နံနက်ပိုင်းက မြန်မာ့အသံဝင်းအတွင်းမှာရှိကြတဲ့ Shwe FM, Mandalay FM တွေမှာ အပတ်စဉ်အသံလွှင့်ချက်ကို အသံသွင်းလို့အပြီး အပြန်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတယ်။ အဲဒီမှာ မိုးခြိမ်းသံ (၂)ကြိမ်(၃)ကြိမ်ကြားလိုက်ရတယ်။ အဲဒီမှာ ခေါင်းထဲ ၀င်လာတဲ့ အတွေးကတော့
"အင်း.. မိုးခြိမ်းသံကြားရတယ်ဆိုတော့ ဒါဟာ မိုးတိမ်တောင်ဘဲ။ ဒါဆို မနက်ဖန်ဆိုရင် နေပွင့် ဦးတော့မှာပါလား။ ဒီမိုးတိမ်တောင်ဟာ မြန်မာ့အသံဝင်း နဲ့ (၄)မိုင်အတွင်းမှာ ရှိနေတာပါလား။ မိုးလယ်ကာလကြီးမှာတောင် မိုးခြိမ်းနေပါ့လား။ ဒါဟာ...မုတ်သုံလေတွေ အားနည်းလာတဲ့ လက္ခဏာဘဲ။ မုတ်သုံရာသီတွေ ပုံမမှန်ဖေါက်ပြန်နေခြင်းရဲ့ သဘောတွေပါလား။ မိုးတိမ်တောင် ရှိနေရင်တော့ မိုးကြိုးပစ် တာတွေ၊ လေပြင်းတိုက်တာတွေ၊ လေဆင်နှာမောင်းတိုက်တဲ့ သတင်းတွေ ကြားရဦးတော့မယ်" လို့တွေးလိုက်မိပါတယ်။ ဒါကိုလည်း ဘေးကအိတ်ဆွဲပြီး ကားကိုပြန်လိုက်ပို့နေတဲ့ သမီးငယ် Producer လေးကို ပြောလိုက်မိသေးတယ်။

နောက် မကြာခင်မှာဘဲ လှိုင်သာယာ၊ ရွှေပြည်သာဖက်မှာ လေဆင်နှာမောင်းတိုက်သွားတယ် ဆိုတဲ့ သတင်းတွေကြားရ ပါတော့ပါတယ်။

ညနေပိုင်းကြတော့ ရွှေပြည်သာမှာနေပြီး မြောက်ဥက္ကလာပမှာ ကျူသျှင်ပြနေကြတဲ့ ရူပဗေဒ နဲ့ ပထ၀ီသင်နေတဲ့ ဆရာ(၂)ဦးရောက်လာကြပြီး မိုးကြိုးပစ်တာကို ကာကွယ်ဖို့အတွက် လယ်ကွင်းတွေမှာ မိုးကြိုးလွှဲတွေ တပ်ဆင်ရေးလာရောက်ဆွေးနွေးကြပါတော့တယ်။

အခုဒီစာရေးနေတဲ့ အချိန် (၃၀-၇-၂၀၁၄)ရက် နံနက် (၀၀း၅၆)အချိန် အပြင်မှာ မိုြး့ခိမ်းသံတွေ ဆက်တိုက် ကြားနေရပြန်ပါပြီ။

ဒါဟာ ကျွန်တော့ Diary ဆိုပေမယ့် တကယ်တော့ Weather Diary ဘဲ မဟုတ်ပါလားဗျာ။

ေေေေ မောင်ထွန်းလွင်(မိုးလေ၀သ)

Credit to> Dr. Tun Lwin

အလွန် Smart ကျပြီး Save လုပ်ပြီး သိမ်းထားရမည့် လင့်များ

(အပေါ်ပိုင်းတွင် အမျိုးအစားအလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် စာရေးသူအမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။)

အမျိုးအစားအလိုက်ရှာရန်

မြန်မာ epub စာအုပ်များ
http://goo.gl/uCP686
ဘာသာပြန်စာအုပ်များ
http://is.gd/opA6Qm
English ၀တ္ထုစာပေများ
http://is.gd/rkKUiA
သမိုင်းစာအုပ်များ
http://is.gd/Yr6fFUန
မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ
http://is.gd/4K4SFK
စာပေဟောပြောပွဲ mp3 ဖိုင်များ
http://is.gd/zy4PuA
အထွေထွေသုတစာအုပ်များ
http://is.gd/MxlUeR)
ဖက်ရှင်ဒီဇိုင်းနှင့်အလှအပဆိုင်ရာစာအုပ်များ
http://is.gd/Efh2iD
လှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုများ
http://is.gd/B3uZQn
ဘာသာစကားဆိုင်ရာ စာအုပ်များ
http://is.gd/xEB8ac
ပန်းချီဆိုင်ရာစာအုပ်များ
http://is.gd/2Gk5hh
ဗေဒင်၊အတိတ်နိမိတ်စာအုပ်များ
http://is.gd/lRLluD
ကျမ်းမာရေးနှင့်ဆေးပညာစာအုပ်မျာ
http://is.gd/a8HPjp
မဂ္ဂဇင်းစာအုပ်များ
http://is.gd/Nquuc9
သိုင်းဝတ္ထုများ
http://is.gd/X2xMoP
ဥပဒေဆိုင်ရာ စာအုပ်များ
http://is.gd/sl2gmE
တောတွင်း-မုဆိုး-စွန့်စားခန်းစာအုပ်များ
http://is.gd/nGU0qh
စီးပွားရေးစာအုပ်များ
http://is.gd/8rUUwN
မျက်လှည့် နှင့်ဥာဏ်စမ်းပဟေဠိ စာအုပ်များ
http://is.gd/NadBtx
ကာတွန်းစာအုပ်များ
http://is.gd/tX6KUz
နိုင်ငံရေးစာအုပ်များ
http://is.gd/wvHykd
နည်းပညာစာအုပ်များ
http://is.gd/PUuAXQ
ကဗျာ စာအုပ်များ
http://is.gd/FlMsDd
အထ္တုပ္ပတိစာအုပ်များ
http://is.gd/UamLkV
ဂီတဆိုင်ရာ စာအုပ်များ
http://is.gd/P7sAke
တိုးတက်ရေး၊အတွေးအမြင်၊ရသစာအုပ်များ
http://is.gd/MozurG
ဂမ္ဘီရ၊ဆန်းကြယ်၊အံ့ဖွယ်စာအုပ်များ
http://is.gd/mODPOQ
ဘာသာရေးနှင့်ဓမ္မရသစာအုပ်များ
http://is.gd/AeVjXP
ဟင်းချက်နည်းစာအုပ်များ
http://is.gd/hOsRLr
စိုက်ပျိုးရေးနှင့်မွေးမြူရေးစာအုပ်များ
http://is.gd/OwVbkr
အားကစားနှင့်ကိုယ်ခံပညာဆိုင်ရာစာအုပ်များ
http://is.gd/oduyFY
အင်ဂျင်နီယာဆိုင်ရာစာအုပ်များ
http://is.gd/u13t0k
ရေကြောင်းပညာဆိုင်ရာစာအုပ်များ
http://is.gd/v5Kkyc
စာရင်းကိုင် Accounting ဆိုင်ရာစာအုပ်များ
http://is.gd/NbxOpx
ဝတ္ထုတိုပေါင်းချုပ်များ
http://is.gd/aNUKE7
ဟာသစာအုပ်များ
http://is.gd/wwDfgR
English ၀တ္ထုစာပေများ
http://is.gd/rkKUiA
█████████████
စာရေးသူအမည်rအက္ခရာစဉ်အတိုင်းရှာရန်

(က)
http://is.gd/SNQoTK
(ခ)
http://is.gd/4e1T8S
(ဂ)
http://is.gd/TMvGej
(င)
http://is.gd/KH2Nea
(စ)
http://is.gd/9lOLn8
(ဆ)
http://is.gd/2DdSLB
(ဇ)
http://is.gd/7RSzog
(ည)
http://is.gd/5sZENV
(ဌ)
http://is.gd/tjnOeN
(တ)
http://is.gd/izmKUf
(ထ)
http://is.gd/H1lgKo
(ဒ)
http://is.gd/WpnF3S
(ဓ)
http://is.gd/dZVvZQ
(န)
http://is.gd/qeuTE8
(ပ)
http://is.gd/W9lord
(ဖ)
http://is.gd/xHVyTp
(ဗ)
http://is.gd/dtsOGv
(ဘ)
http://is.gd/vbe3xu
(မ)
http://is.gd/vm3NAG
(ယ)
http://is.gd/xE83yH
(ရ)
http://is.gd/v6zwgB
(လ)
http://is.gd/iz0lfz
(၀)
http://is.gd/83a1YZ
(သ)
http://is.gd/LBYv8E
(ဟ)
http://is.gd/R26pYb
(အ)
http://is.gd/th00DS
(ဥ)
http://is.gd/YVXAw3


Credit to> The Express Times