Tuesday, August 27, 2013

အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ ပါ ကုန်ကား ၁၁ စီး ဖမ်းမိ


ရန်ကုန်- ဓာတ်မြေသြဇာနှင့် ရောနှောတင်ဆောင်လာသော ကန့်သတ်ထားသည့် ဓာတုပစ္စည်းများဖြစ်သော အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ အား သယ်ဆောင်လာသည့် ကုန်ကား ၁၁ စီးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဓာတ်မြေသြဇာနှင့် ရောနှောတင်လာသော အဆိုပါ ၁၂ ဘီး ကုန်တင်ကား ၁၁ စီးအား မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သုန်ခမ်း ကျေးရွာအနီးတွင် သြဂုတ် ၂၅ ရက် နေ့လယ်က ဖမ်းဆီးရမိသဖြင့် ယာဉ်မောင်း ၁၁ ဦးကို မူဆယ်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အဆိုပါ အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ အား စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

“ကား ၁၁ စီးနဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးစစ်ဆေးတာတော့ အတည်ပြုနိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်လို့ မရသေးပါဘူး”ဟု မူဆယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ(၈)ဖြင့် မူဆယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်ဆေးနေသည်။ အမိုးနီးယား နိုက်ထရိတ်သည် ပေါက်ကွဲအား ပြင်းထန်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ဓာတ်မြေသြဇာများတွင်လည်း ထည့်သွင်းအသုံးပြုပြီး အမိုးနီးယား ပမာဏများသော ဓာတ်မြေသြဇာများကို အသုံးပြုလာသောကြောင့် နိုင်ငံအစိုးရများက သုံးစွဲခွင့် ထိန်းချုပ်ထားသော ဓာတုပစ္စည်းဖြစ်သည်။


 7Day News Journal

Monday, August 26, 2013

မြောက်ဦးမြို့နယ် ပေါင်းတုတ်ကုလားရွာတွင် ဆိုင်ကယ်စီးလာသော ရခိုင် များအား ဓါးဖြင့်လိုက်လံခုတ်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်


  မြောက်ဦး၊ သြဂုတ်- ၂၆

ယနေ့ နေ့လည်ပိုင်းက မြောက်ဦးမြို့နယ်၊ပေါင်းတုတ် ကုလားရွာအား ဖြတ် ဆိုင်ကယ်စီးယင်းဖြတ်သွားစဉ် ဘင်္ဂလီများအား ဆိုင်ကယ်စီး၍သွားနေ သော ရခိုင်သုံးဦးအား ၀ိုင်းပြီး ဓါးဖြင့် လိုက် လံ ခုတ်သ ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့သူများအား သက်ဆိုင်ရာရဲဌာန မှ ယာယီဖမ်းဆီးပြီး ဘင်္ဂလီများအား ထပ်မံ ခိုက်ရန်မဖြစ်စေရေး သွားရောက် တားဆီးတားခဲ့ကြောင်းသိရသည်။
ယင်းသို့ပြဿနာဖြစ်ပွားခဲ့သဖြင့် ရခိုင်တစ်ဦး ၏ လက်တွင်ဒဏ်ရာ ရရှိခဲ့ ကြောင်းနှင့် အဆိုပါပေါင်းတုတ်ရွာသည် ကားလမ်း၏ တစ်ဘက် တစ်ချက်တွင် တည်ရှိနေသဖြင့် ရခိုင်တိုင်းရင်းသား ခရီးသွားလာရန် စိုး ရိမ် နေရသည့်အနေအထားတွင်ရောက်ရှိနေကြောင်းလည်းသိရှိရပါသည်။
RSV

“မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”



ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၁)သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း

၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065

မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေရ ရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်း များစွာနဲ့ ကူညီသူမဲ့ဖြစ်နေရ ရှာပါတယ်။ ကျွန်တော်တို့  နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုး နေကြဆဲပါ၊ အမိအဖမဲ့  ရင်သွေးငယ်များ အတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာ လိုအပ်နေကြ ပါတယ်။

ကမ္ဘာကြီးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက် မည့် မျိုးဆက်သစ် လူသား အရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာ လက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့ အနာဂတ်များ ထွန်းလင်း တောက်ပစေအောင် လုပ်ဆောင် ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့ အစွမ်းအစလေးတွေနဲ့ ပိုမိုတိုးတက်တဲ့ အနာဂတ် ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့ မရပါဘူး။ ဒီလိုမျိုး အရေးပါလှတဲ့ နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်ပေါင်းများစွာ အပေါ်မှာ-

* --ဘာကြောင့်များ ကျွန်တော်တို့ ပစ်ပယ်မိနေကျ တာလဲ?
* --ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ?
* --ဘာကြောင့်များ အကူအညီ အလုံအလောက် မပေးနိုင်ရတာလဲ?

အတူလက်တွဲ ကူညီကြပါစို့ လား..... ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာကြီး အတွက်၊ ကျွန်တော်တို့ ချစ်တဲ့ ကလေးလေးတွေ အတွက်

ချစ်သော ရွှေအိမ်စည်
Credit to စိတ်ကူးပျော်ရာ

Post From - နှလုံးသားအာဟာရ

Sunday, August 25, 2013

"ဝီရသူ၏ ပန်ကြားချက်"


မြန်မာပြည်သူအားလုံး သတိထားကြစေလိုပါသည်။ မူဆလင်များ အကြမ်းဖက်ရန်စနေကြသည်မှာ အကြောင်း များစွာ ရှိပါသည်။
မူဆလင်များက သံဃာများနှင့် အမျိုးသမီးများကို ပစ်မှတ်ထား စော်ကားနေခြင်းသည် ရဟန်းရှင်လူပြည်သူ လူထု၏ စိတ်ကို ဒေါသမဖြစ် ဖြစ်အောင် ဆွပေးနေခြင်းဖြစ်ပါသည်။
ထိုသို့ ဆွပေးနေခြင်းမှာ နိုင်ငံတကာရှိ အကြမ်းဖက်အဖွဲ့များ အလွန်ဆင်နွှဲချင်နေသော ဂျီဟတ်စစ်ပွဲကို မြန်မာပြည်သို့ အရောက်သွင်းနေခြင်းဖြစ်ပါသည်။
နိုင်ငံတကာမှာရှိသည့် မြန်မာများကို ရက်ရက်စက်စက် လုပ်ပြချင်သောကြောင့် ဖြစ်ပါသည်။
ထို့အပြင် ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးကို ကမ္ဘာမှာ အကြမ်းဖက် လူဆိုးအသွင် ပုံဖော်လိုသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် မူဆလင်ထောင်ချောက်ထဲ မဝင်မိအောင် စောင့်စည်းဖို့ များစွာလိုအပ်ပါသည်။ မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာ၏ အနှိုင်းမဲ့ သမိုင်းပုံရိပ်တွေ အစွန်းအထင် မရှိရလေအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါသည်။
လက်နှီးစုတ် အိုးမဲပေးတာ မသိသာပါ။
လက်ကိုင်ပုဝါ ဆီစွန်းရုံနှင့် ရုပ်ဆိုး အကျည်းတန်သွားပါသည်။
မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာ အမဲစက် လုံးဝ အထင်မခံနိုင်ပါ။
ဥပဒေမဲ့ အကြမ်းဖက် တုန့်ပြန်ခြင်းများ လုံးဝ မလုပ်ဘဲ ရှုတ်ချ (ဆန္ဒဖော်ထုတ်) ပွဲများ ပြုလုပ်ခြင်း၊ တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့်သာ အမျိုးဘာသာ၊ သာသနာကို ရေရှည်ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါသည်။
မူဆလင်များ အကြမ်းဖက်ရန်စမှုများ ရပ်တန်းမှရပ်ကြပါ။
ရွှေမြန်မာများ ဥပဒေမဲ့ တုန့်ပြန်မှုများ ချက်ချင်းရပ်တန့်ပစ်ကြပါ။
အားလုံး အားလုံး လူသားချင်း စာနာမှုများ အပြည့်အဝ ထားရှိကြပါ။
ရွှေမြန်မာဖြစ်စေ၊ မူဆလင်ဖြစ်စေ၊ မိမိကြောင့် မိမိလူမျိုး၊ မိမိဘာသာ သိက္ခာ မကျပါစေနှင့်။

ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
24.8.2013 PM 11:12

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ရုန်းရင်း ဆန်ခတ် ဖြစ်ပေါ်မှုအား အချိန်မီ ထိမ်းသိမ်းဆောင်ရွက်လျက်ရှိ


ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလျှိုကန်နှင့် မန်ကျီးပင် အနီးတွင် ( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။ ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။ ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။ တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက် ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း အိမ်တို့အား ရိုက်ဖျက်ခြင်း အမည်မပေါ် ဆိုင်(၅) ခန်းအား ဆက်လက်ရိုက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူစုအဖွဲ့သည် ၂၁ နာရီ ၁၀ မိနစ် အချိန် OMC မူးဘောင် အနောက်ဘက်ရှိ ဦးကျော်မြင့် ကြက်ခြံအား စတင်မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရှိရသည်။ အမှတ် (၁)ရပ်ကွက် ဦးတင်ဝင်း လဘက်ရည်ဆိုင်၊ ဦးမောင်ကျော်နေအိမ်၊ ဒေါ်မူသန်း ဆန်ပွဲရုံ၊ မောင်ကင်း ကွမ်းယာဆိုင်တို့ကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ၂၂ နာရီ ၅၀ မိနစ် အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မြသွေး ပန်းမြိုင်လယ် လဘက်ရည်ဆိုင်အား ဆက်လက်မီးရှို့ခဲ့ရာ နေအိမ်အလုံး(၂၀)ခန့် (စိစစ်ဆဲ) လောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။

၎င်းလူစုအား ဩဂုတ်လ ၂၅ ရက်၊ ၁နာရီ အချိန်တွင် အင်အား(၁၀၀၀)ခန့်ရှိ လူအုပ်သည် ဒေါ်ခင်သန်း၊ အမှတ်(၃)ရပ်ကွက် နေအိမ်ကို မီးရှို့ရန် ရောက်ရှိလာစဉ် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ( ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအုန်းလှိုင်)က ဆက်လက်မီးမရှို့ရန်၊ ရှေ့ဆက်မတက်ရန် တားမြစ်ခဲ့သည်။ သို့သော် လေးဂွများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ထိန်းသိမ်းမရနိုင်သည့် ရုန်းရင်း ဆန်ခတ်မှု အခြေအနေမျိုး ဖြစ်လာ၍ ၁ နာရီ ၁၅ မိနစ်တွင် လူထုကွဲစေရန် ခြောက်လှန့်ပြီး သေနတ်(၃)ချက်အား မိုးပေါ်သို့ ထောင်ဖောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တားမြစ်နေစဉ် ကာလအတွင်း မီးငြိမ်းသတ်နေသော မီးသတ်ကားများ OMC မူးဘောင်မှ ရေဖြည့်ခြင်းကို လက်မခံဘဲ မီးသတ်ကားအား ဓါးဖြင့် ဝိုင်းဝန်းခုတ်ဖြတ်ခြင်းတို့ကြောင် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဒုတိယအကြိမ် သေနတ် (၃)ချက် မိုးပေါ်ထောင် ဖေါက်၍ ခြောက်လှန့်ရာ လူစု လူဝေးအနည်းငယ်ကွဲသွားမှ မီးသတ်ကားများ ရေဖြည့်ပြီး မီးငြိမ်းသတ်ခြင်းများ ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မီးငြိမ်းသတ်ခြင်း လုပ်ငန်းကို မီးသတ်ကား (၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးက ငြိမ်းသတ်ရာ ၃ နာရီ ၃၀ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှု့ကြောင့် ဦးထွန်းသင်း၏ အောင်ဇဗ္မူ ဆန်စက် အပါအဝင် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

ဖြစ်ပွားနေသော အခြေအနေများအား ဆက်လက်ထိမ်းသိမ်း ဆောင်ရွက်ရာတွင် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ဆောင်ရွက်လျှက် ရှိပြီး ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရဲတပ်ရင်း (၁၁၆)မှ ဒုရဲမှူးကြီး တင်မိုးပါ (၇၀)ဦးတို့သည် ထန်ကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး အတွင်းစည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း တည်ငြိမ်အေးချမ်းအောင် ထိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ကနဦးသတင်း အနေဖြင့် တင်ပြအပ်ပါသည်။
 
လုလင်လေးမှူး

Friday, August 23, 2013

"လက်ဘနွန်နိုင်ငံရှိ ဗလီများရှေ့၌ ကားဗုံးများပေါက်ကွဲ၊ ၄၂ ဦးသေ၍ ၅၀၀ ဒဏ်ရာရ"



24 August 2013

အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေး ပြည်တွင်းစစ်၏ ရိုက်ခတ်မှုကြောင့် သြဂုတ်လ ၂၃ ရက်၊ သောကြာနေ့က လက်ဘနွန်နိုင်ငံ၊ မြို့ကြီးတစ်မြို့ရှိ ဗလီများရှေ့၌ အင်အားပြင်း ကားဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူ ၄၂ ဦး သေဆုံးကာ ၅၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။

ဤဖြစ်ရပ်သည် 1975-1990 အတွင်း ဖြစ်ပွားသော လက်ဘနွန်ပြည်တွင်းစစ်နောက်ပိုင်း သေပျောက်မှုအများဆုံး ပေါက်ကွဲမှု ဖြစ်သည်။

"လက်ဘနွန်နိုင်ငံရှိ ဗလီများရှေ့၌ ကားဗုံးများပေါက်ကွဲ၊ ၄၂ ဦးသေ၍ ၅၀၀ ဒဏ်ရာရ" 24 August 2013 အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေး ပြည်တွင်းစစ်၏ ရိုက်ခတ်မှုကြောင့် သြဂုတ်လ ၂၃ ရက်၊ သောကြာနေ့က လက်ဘနွန်နိုင်ငံ၊ မြို့ကြီးတစ်မြို့ရှိ ဗလီများရှေ့၌ အင်အားပြင်း ကားဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူ ၄၂ ဦး သေဆုံးကာ ၅၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။

ဤဖြစ်ရပ်သည် 1975-1990 အတွင်း ဖြစ်ပွားသော လက်ဘနွန်ပြည်တွင်း စစ်နောက်ပိုင်း သေပျောက်မှု အများဆုံး ပေါက်ကွဲမှု ဖြစ်သည်။

သမ္မတဦးသိန်းစိန် ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများ ကြည့်ရှု မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၄၀ မိနစ် သမ္မတဦးသိန်းစိန်သည် ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုကြောင်း မြန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ဝေသည့် “ယနေ့တရုတ်ပြည်” မဂ္ဂဇင်းက ဖော်ပြလိုက်သည်။ ယနေ့တရုတ်ပြည်မဂ္ဂဇင်းသည် သမ္မတဦးသိန်းစိန်နှင့် သီးသန့်အင်တာဗျူးပြုလုပ်ထားသည်ကို ဇူလိုင်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြလိုက်ခဲ့ရာ သမ္မတ၏ ထိုသို့ပြောကြားမှု ပါဝင်လာခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်စဉ် ယနေ့တရုတ်ပြည်မဂ္ဂဇင်းမှ သတင်းထောက်က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းဖြစ်ကြောင်းလည်း မဂ္ဂဇင်းတွင်ဖော်ပြထားသည်။ သမ္မတက သူငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုသလို မြန်မာပြည်သူများသည်လည်း တရုတ်ဇာတ်ကားများနှင့် မစိမ်းကြောင်း၊ ထိုကြောင့် တရုတ်ဇာတ်လမ်းများ မြန်မာနိုင်ငံတွင် ပြသရန် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း သတင်းထောက်ကို ပြောကြားခဲ့သေးသည်။ တရုတ်နှင့် မြန်မာသည် အစဉ်အလာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာ ပူးပေါင်းရေးမိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကူးလူးဖလှယ်မှု ပိုမိုများပြားလာခဲ့သည်ဟုလည်း သမ္မတက တရုတ်သံရုံးထုတ် ယင်းမဂ္ဂဇင်းကိုပြောကြားခဲ့သေးသည်။ တရုတ်ပြည်သူလုံးဆိုင်ရာ ကွန်ဂရက်၏ အမြဲတမ်းကော်မတီဥက္ကဌ ဝူပန်းကို မြန်မာနိုင်ငံကိုလာခဲ့စဉ် “ရွှေမင်းသားရဲ့သုခကမ္ဘာ” တရုတ်ဇာတ်လမ်းတွဲကို မြန်မာဘာသာနောက်ခံစကားပြောဖြင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ရန် သဘောတူလက်မှတ်ထိုးနိုင်ခဲ့ကြောင်းလည်း သမ္မတကဆိုသည်။ တရုတ်နှင့်မြန်မာသည် စီးပွားရေးကဏ္ဍတွင်သာမက ပညာရေး၊ ကျန်းမာရေးတို့ကိုပါ ပူးပေါင်းဆောင်ရွက်နေပြီး အလားတူပင် ယဉ်ကျေးမှု အရပူးပေါင်းမှုလည်းပြုလုပ်လျှက်ရှိသည်ဟု သမ္မတကဆိုသေးသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်ကလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ‘The West Wing’ ကို ကြည့်ရှု၍ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်းအချို့သည် ဒီိမိုကရေစီစနစ်တွင် မည်ကဲ့သို့အုပ်ချုပ်ရမည် ဆိုသည်နှင့် ပတ်သတ်သော အတွေးအမြင် ရရှိခဲ့သည်ဟု ချစ်ကြည်ရေးစကားဆိုခဲ့ဖူးသည်။ ထိုသို့ ဦးရွှေမန်းပြောသည်ကို ဟီလာရီကလင်တန်က အမေရိကန်တွင်ပြန်လည်ပြောပြသဖြင့် အမေရိကန်လူထုနှင့် မီဒီယာများက သိရှိခဲ့ရခြင်းဖြစ်သည်။ ဟီလာရီ၏ ထိုစကားကြောင့် ယဉ်ကျေးစွာ ပွဲကျ ရယ်မောခဲ့ကြသည်ဟုလည်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ စစ်ဘက်ထိပ်တန်းအရာရှိဟောင်းများဖြစ်သည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံကြီးများနှင့် ချစ်ကြည်ရေးစကားဆိုရာ၌ ထိုနိုင်ငံမှရိုက်သည့် ရုပ်သံဇာတ်လမ်းများကိုအကြောင်းပြုကာ ပြောကြားလေ့ ရှိသလောဟု စဉ်းစားဖွယ်ဖြစ်နေသည်။



မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၄၀ မိနစ်

သမ္မတဦးသိန်းစိန်သည် ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုကြောင်း မြန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ဝေသည့် “ယနေ့တရုတ်ပြည်” မဂ္ဂဇင်းက ဖော်ပြလိုက်သည်။

ယနေ့တရုတ်ပြည်မဂ္ဂဇင်းသည် သမ္မတဦးသိန်းစိန်နှင့် သီးသန့်အင်တာဗျူးပြုလုပ်ထားသည်ကို ဇူလိုင်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြလိုက်ခဲ့ရာ သမ္မတ၏ ထိုသို့ပြောကြားမှု ပါဝင်လာခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်စဉ် ယနေ့တရုတ်ပြည်မဂ္ဂဇင်းမှ သတင်းထောက်က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းဖြစ်ကြောင်းလည်း မဂ္ဂဇင်းတွင်ဖော်ပြထားသည်။

သမ္မတက သူငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုသလို မြန်မာပြည်သူများသည်လည်း တရုတ်ဇာတ်ကားများနှင့် မစိမ်းကြောင်း၊ ထိုကြောင့် တရုတ်ဇာတ်လမ်းများ မြန်မာနိုင်ငံတွင် ပြသရန် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း သတင်းထောက်ကို ပြောကြားခဲ့သေးသည်။

တရုတ်နှင့် မြန်မာသည် အစဉ်အလာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာ ပူးပေါင်းရေးမိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကူးလူးဖလှယ်မှု ပိုမိုများပြားလာခဲ့သည်ဟုလည်း သမ္မတက တရုတ်သံရုံးထုတ် ယင်းမဂ္ဂဇင်းကိုပြောကြားခဲ့သေးသည်။

တရုတ်ပြည်သူလုံးဆိုင်ရာ ကွန်ဂရက်၏ အမြဲတမ်းကော်မတီဥက္ကဌ ဝူပန်းကို မြန်မာနိုင်ငံကိုလာခဲ့စဉ် “ရွှေမင်းသားရဲ့သုခကမ္ဘာ” တရုတ်ဇာတ်လမ်းတွဲကို မြန်မာဘာသာနောက်ခံစကားပြောဖြင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ရန် သဘောတူလက်မှတ်ထိုးနိုင်ခဲ့ကြောင်းလည်း သမ္မတကဆိုသည်။

တရုတ်နှင့်မြန်မာသည် စီးပွားရေးကဏ္ဍတွင်သာမက ပညာရေး၊ ကျန်းမာရေးတို့ကိုပါ ပူးပေါင်းဆောင်ရွက်နေပြီး အလားတူပင် ယဉ်ကျေးမှု အရပူးပေါင်းမှုလည်းပြုလုပ်လျှက်ရှိသည်ဟု သမ္မတကဆိုသေးသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်ကလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ‘The West Wing’ ကို ကြည့်ရှု၍ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်းအချို့သည် ဒီိမိုကရေစီစနစ်တွင် မည်ကဲ့သို့အုပ်ချုပ်ရမည် ဆိုသည်နှင့် ပတ်သတ်သော အတွေးအမြင် ရရှိခဲ့သည်ဟု ချစ်ကြည်ရေးစကားဆိုခဲ့ဖူးသည်။

ထိုသို့ ဦးရွှေမန်းပြောသည်ကို ဟီလာရီကလင်တန်က အမေရိကန်တွင်ပြန်လည်ပြောပြသဖြင့် အမေရိကန်လူထုနှင့် မီဒီယာများက သိရှိခဲ့ရခြင်းဖြစ်သည်။ ဟီလာရီ၏ ထိုစကားကြောင့် ယဉ်ကျေးစွာ ပွဲကျ ရယ်မောခဲ့ကြသည်ဟုလည်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

စစ်ဘက်ထိပ်တန်းအရာရှိဟောင်းများဖြစ်သည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံကြီးများနှင့် ချစ်ကြည်ရေးစကားဆိုရာ၌ ထိုနိုင်ငံမှရိုက်သည့် ရုပ်သံဇာတ်လမ်းများကိုအကြောင်းပြုကာ ပြောကြားလေ့ ရှိသလောဟု စဉ်းစားဖွယ်ဖြစ်နေသည်။

Mizzima-News in Burmese