Sunday, August 25, 2013

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ရုန်းရင်း ဆန်ခတ် ဖြစ်ပေါ်မှုအား အချိန်မီ ထိမ်းသိမ်းဆောင်ရွက်လျက်ရှိ


ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလျှိုကန်နှင့် မန်ကျီးပင် အနီးတွင် ( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။ ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။ ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။ တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက် ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း အိမ်တို့အား ရိုက်ဖျက်ခြင်း အမည်မပေါ် ဆိုင်(၅) ခန်းအား ဆက်လက်ရိုက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူစုအဖွဲ့သည် ၂၁ နာရီ ၁၀ မိနစ် အချိန် OMC မူးဘောင် အနောက်ဘက်ရှိ ဦးကျော်မြင့် ကြက်ခြံအား စတင်မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရှိရသည်။ အမှတ် (၁)ရပ်ကွက် ဦးတင်ဝင်း လဘက်ရည်ဆိုင်၊ ဦးမောင်ကျော်နေအိမ်၊ ဒေါ်မူသန်း ဆန်ပွဲရုံ၊ မောင်ကင်း ကွမ်းယာဆိုင်တို့ကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ၂၂ နာရီ ၅၀ မိနစ် အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မြသွေး ပန်းမြိုင်လယ် လဘက်ရည်ဆိုင်အား ဆက်လက်မီးရှို့ခဲ့ရာ နေအိမ်အလုံး(၂၀)ခန့် (စိစစ်ဆဲ) လောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။

၎င်းလူစုအား ဩဂုတ်လ ၂၅ ရက်၊ ၁နာရီ အချိန်တွင် အင်အား(၁၀၀၀)ခန့်ရှိ လူအုပ်သည် ဒေါ်ခင်သန်း၊ အမှတ်(၃)ရပ်ကွက် နေအိမ်ကို မီးရှို့ရန် ရောက်ရှိလာစဉ် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ( ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအုန်းလှိုင်)က ဆက်လက်မီးမရှို့ရန်၊ ရှေ့ဆက်မတက်ရန် တားမြစ်ခဲ့သည်။ သို့သော် လေးဂွများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ထိန်းသိမ်းမရနိုင်သည့် ရုန်းရင်း ဆန်ခတ်မှု အခြေအနေမျိုး ဖြစ်လာ၍ ၁ နာရီ ၁၅ မိနစ်တွင် လူထုကွဲစေရန် ခြောက်လှန့်ပြီး သေနတ်(၃)ချက်အား မိုးပေါ်သို့ ထောင်ဖောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တားမြစ်နေစဉ် ကာလအတွင်း မီးငြိမ်းသတ်နေသော မီးသတ်ကားများ OMC မူးဘောင်မှ ရေဖြည့်ခြင်းကို လက်မခံဘဲ မီးသတ်ကားအား ဓါးဖြင့် ဝိုင်းဝန်းခုတ်ဖြတ်ခြင်းတို့ကြောင် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဒုတိယအကြိမ် သေနတ် (၃)ချက် မိုးပေါ်ထောင် ဖေါက်၍ ခြောက်လှန့်ရာ လူစု လူဝေးအနည်းငယ်ကွဲသွားမှ မီးသတ်ကားများ ရေဖြည့်ပြီး မီးငြိမ်းသတ်ခြင်းများ ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မီးငြိမ်းသတ်ခြင်း လုပ်ငန်းကို မီးသတ်ကား (၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးက ငြိမ်းသတ်ရာ ၃ နာရီ ၃၀ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှု့ကြောင့် ဦးထွန်းသင်း၏ အောင်ဇဗ္မူ ဆန်စက် အပါအဝင် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

ဖြစ်ပွားနေသော အခြေအနေများအား ဆက်လက်ထိမ်းသိမ်း ဆောင်ရွက်ရာတွင် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ဆောင်ရွက်လျှက် ရှိပြီး ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရဲတပ်ရင်း (၁၁၆)မှ ဒုရဲမှူးကြီး တင်မိုးပါ (၇၀)ဦးတို့သည် ထန်ကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး အတွင်းစည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း တည်ငြိမ်အေးချမ်းအောင် ထိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ကနဦးသတင်း အနေဖြင့် တင်ပြအပ်ပါသည်။
 
လုလင်လေးမှူး

No comments:

Post a Comment