Monday, August 19, 2013

" မြွေကိုက်ခံရခြင်းအား ကုသနိုင်ရန် နှာခေါင်းဖြန်းဆေး စမ်းသပ်အောင်မြင် "

အဆိပ်ရှိတဲ့မြွေတွေ အကိုက်ခံရတာကြောင့် နှစ်စဉ်လူဦးရေ ၁၂၅၀၀၀ လောက်သေဆုံး နေကြပါတယ်။ မြွေကိုက်ခံရတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အထူးသဖြင့် ကျန်းမာငယ်ရွယ်သူတွေ အနက် မတော်တဆ သေဆုံးမှု ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တစ်ခုလည်း ဖြစ်နေပါတယ်။ မြွေကိုက်ခံရသူ အများစုဟာ ဆေးရုံမရောက်ခင်မှာ သေဆုံးနေကြပါတယ်။ အကြောင်းကတော့ မြွေကိုက်ခံရတဲ့ နေရာမှာ အလွယ်တကူ ဆေးကုသနိုင်တဲ့ နည်းမရှိလို့ပါဘဲ။ မြွေဆိပ်ဖြေဆေးက ဈေးကြီးသလို ရေခဲသေတ္တာထဲ သိုလှောင်ဖို့နဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှ သုံးဖို့လဲ လိုအပ်နေခဲ့ပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကယ်လီဖိုးနီးယား အကယ်ဒမီက ဒါရိုက်တာ ဒေါက်တာမက်လီဝင်က မြွေအကိုက်ခံရတဲ့ နေရာမှာတင် မြွေဆိပ်ဖြေဆေးကို အလွယ်တကူ ပေးနိုင်ဖို့ ကြိုးစားအားထုတ်ရင်း မြွေရဲ့အဆိပ်ကြောင့် အသက်အန္တရာယ် ပေးနိုင်တဲ့ အာရုံကြောထိခိုက်မှုကို တွန်းလှန်နိုင်မယ့် ဆေးတွေကို အာရုံစိုက်လေ့လာခဲ့ပါတယ်။
အရင်က မြွေဆိပ်ဖြေဆေးတွေကို သွေးကြောထဲက ပေးလေ့ရှိခဲ့တာကြောင့် ဆေးရုံပြင်ပမှာ ပေးဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာလီဝင်က မြွေဆိပ်ဖြေဆေးကို နှာခေါင်းကနေ တစ်ဆင့် သွေးပြန်ကြောထဲကို အလွယ်တကူ စိမ့်ဝင်နိုင်အောင် နှာခေါင်းဖြန်းဆေး အသွင် ဖန်တီး ထုတ်လုပ်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားမှာ စမ်းသပ်ပြီး အိန္ဒိယမှာ အခုနှစ် အစောပိုင်းက လက်တွေ့ကုသလေ့လာမှု အရ မြွေဆိပ်ဖြေဆေး နှာခေါင်းဖြန်းဆေးဟာ နာရီဝက် အတွင်းမှာပဲ မြွေဆိပ်တွေကို ပြေလျော့သက်သာစေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့်ဒေါက်တာလီဝင် အနေနဲ့ အခုအခါမှာ မြွေဆိပ်ပြေစေတဲ့ နှာခေါင်းဖြန်းဆေးဘူးတွေ ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကို ရှာဖွေလေ့လာ နေပါတယ်။
ဇွန်

Credit to >Good Health> Thanks
NO : 448

No comments:

Post a Comment