Sunday, August 18, 2013

" ဦးနှောက်ပျက်စီးရခြင်း၏ ထိပ်တန်း အကြောင်းရင်း ၁၀ ချက် "



၁။ နံနက်စာမစားခြင်း
မနက်စာ မစားတဲ့သူတွေဟာ သွေးတွင်းသကြားဓာတ် အဆင့်လျော့နည်း တတ်ပါတယ်။ ဒါကြောင့် ဦးနှောက်အတွင်း အဟာရဓာတ် လုံလုံလောက်လောက် မရတော့တဲ့အတွက် ဦးနှောက်ထိခိုက် နိုင်ပါတယ်။

၂။ အစားကြူးခြင်း
အစားကြူးတာကြောင့် ဦးနှောက်အတွင်း သွေးကြောတွေ မာကြောမှု ဖြစ်လာပြီး ဦးနှောက်စွမ်းအင် လျော့ကျသွားပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် ဦးနှောက်အတွင်း ရှုံ့တွမှုတွေများလာကာ အယ်လ်ဇိုင်းမားရောဂါ ရရှိနိုင်ပါတယ်။

၎။ အချိုစာစားလွန်းခြင်း
အချိုစာ စားလွန်းတာကြောင့် ပရိုတင်းနဲ့ အဟာရဓာတ်တွေ စုပ်ယူမှုမှာ အနှောက်အယှက် ဖြစ်စေတဲ့အတွက် အဟာရ ချို့တဲ့မှုဖြစ်စေနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တတ်ပါတယ်။

၅။ လေထုညစ်ညမ်းမှု
ဦးနှောက်ဟာ ခန္ဓာကိုယ်အတွင်းမှာ အောက်စီဂျင်ကို အလိုအပ်ဆုံး အင်္ဂါဖြစ်ပါတယ်။ ညစ်ညမ်းနေတဲ့ လေထုကို ရှူမိတာကြောင့် ဦးနှောက်အတွင်း အောက်စီဂျင် ရရှိမှု နည်းသွားပြီး ဦးနှောက်စွမ်းအင် လျော့နည်းသွားနိုင်ပါတယ်။

၆။ အိပ်ရေးမ၀ခြင်း
အိပ်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။ ရေရှည် အိပ်ရေးမ၀တာကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးနိုင်ပါတယ်။

၇။ ခေါင်းစွပ်ဆောင်းပြီးအိပ်ခြင်း
ခေါင်းစွပ်ဆောင်းပြီး အိပ်တာကြောင့် ဦးခေါင်းမှ အခိုးထွက်တာကို ပိတ်ပင်သလို ဖြစ်သွားတဲ့အတွက် ဦးခေါင်းအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်တွေ များလာပြီး အောက်စီဂျင်တွေ လျော့နည်းလာကာ ဦးနှောက် ပျက်စီးနိုင်ပါတယ်။

၈။ ဖျားနေစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း
ဖျားနေစဉ်မှာ အလုပ်လုပ်ရတာ ဒါမှမဟုတ် စာကြည့်ရတာကြောင့် ဦးနှောက်ရဲ့ အကျိုးသက်ရောက်မှု နည်းစေတဲ့ အပြင် ဦးနှောက်ထိခိုက် နိုင်ပါတယ်။

၉။ စဉ်းစားတွေးခေါ်မှု နည်းခြင်း
စဉ်းစားတာဟာ ဦးနှောက်ကို လေ့ကျင့်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ ဦးနှောက်ကို လှုံ့ဆော်မှုပေးနိုင်တဲ့ စဉ်းစားတွေးခေါ်မှု လျော့နည်းသွားရင် ဦးနှောက်ရှုံ့သွားနိုင်ပါတယ်။

၁၀။ စကားနည်းခြင်း
အချင်းချင်း စကားပြောတာကြောင့် ဦးနှောက်စွမ်းအင်တွေ မြင့်တက်လာနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Credit to > Good Health > Thanks
NO. 448

No comments:

Post a Comment