Tuesday, August 20, 2013

" တိမ်မြုပ်နေတဲ့ မျိုးချစ်တော်လှန်ရေး ခေါင်းဆောင် ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏အုတ်ဂူ "


ဒါကတော့ တောင်ကြီးမြို့ချမ်းသာရပ်ကွက် ရပ်တော်မူကျောင်းအနီးက လမ်းသွယ်လေးထဲမှာမထင်မရှားရှိနေတဲ့ မျိုးချစ်တော်လှန်ရေးခေါင်းဆောင်ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်၏အုတ်ဂူဖြစ်ပါတယ်။ ဒီလိုမမြင်ရခင်က ခြုံနွယ်တွေ အ၀တ်ကြိုးတန်းတွေကြားမှာတိမ်မြုပ်နေခဲ့ပါတယ်။ မိသားစုတွေကလာပြီးရှင်းလင်းတတ်ပေမဲ့ ပတ်ဝန်းကျင်က တန်ဘိုးမထားတော့ လူမသိသူမသိဖြစ်ကတတ်ဆန်းမြင်ရတာများတယ်လို့ သိရပါတယ်။ အုတ်ဂူရှိတဲ့မြေနေရာကိုစည်ပင်ကပိုင်ဆိုင်တယ်လို့ဆိုပါတယ်။ အကယ်၍သာ တောင်ကြီးမြို့က မျိုးချစ်စိတ်ရှိတဲ့ သူတွေများ အစိုးရဌာနဆိုင်ရာနဲ့ ညှိနှိုင်းထိန်းသိမ်းနိုင်ရင် ကောင်းပါမယ်။
ဒီအုတ်ဂူရှိနေတယ်ဆိုလို့ လိုက်ရှာနေတာ ၆လလောက်ရှိပါပီ။ဒီကနေ့မှတိုက်ဆိုင်စွာ တောင်ကြီးကိုရောက်လာတဲ့ ကိုကျော်သူကိုအင်တာဗျူးရင်းစကားစပ်မိပြီးအချိန်တစ်ရက်ရတယ်တွေ့အောင်ရှာပေးပါဆိုလို့ ကြိုးစားရှာလိုက်တာ ကံကောင်းစွာပဲရှာတွေ့ပြီး ကိုကျော်သူနှင့်အဖွဲ့လဲ မျိုးချစ်တော်လှန်ရေးခေါင်းဆောင်ကြီးရဲ့ သမိုင်းဝင်အုတ်ဂူကိုမှတ်တမ်းတင်သွားနိုင်ပါတယ် ။
post by Hla Yin Wine & photo by နေလင်းသိုက်

No comments:

Post a Comment