Thursday, August 15, 2013

" အန္တရာယ် ကြုံနေရပြီဖြစ်သော အနာဂါတ် ရခိုင်ပြည်နယ် "




ယခုဖြစ်ပေါ် ရင်ဆိုင်နေရသော ရခိုင်ပြည်နယ် အရေးသည် ရခိုင်အမျိုးသားတို့ နှင့်သာသက်ဆိုင်သည် မဟုတ်ဘဲ ပြည်ထောင်စု မြန်မာတစ်နိုင်ငံ လုံး၏နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော အရေးကိစ္စ တစ်ခုဖြစ်ပေသည်။ အကယ်၍သာ ရခိုင်မှာဖြစ်တာ ဒို့နဲ့ အဝေးကြီးပါ ဟုဆိုကာ သွေးအေးနေမည် ဆိုပါလျှင် အနာဂါတ် နောင်တစ်ချိန်တွင် ရခိုင်ပြည်နှင့် ထပ်တူကျသော ပြဿနာမျိုးသည် သင်တို့၏ အိမ်ကိုတံခါး လာခေါက်ပေလိမ့်မည်။ ထို့ကြောင့် သွေးအေးနေရန် မသင့်ဘဲ ယခုအချိန်မှ စကာကြိုတင် ပြင်ဆင်မှုများ ပြုလုပ်၍ စီမံချက်များ စီမံကိန်းများ ကြိုတင်ရေးဆွဲ၍ ၄င်း အသင်းအဖွဲ့ များထူထောင်၍ ၄င်းရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့ ၏ကျရောက်လတံ့သော ကျရောက်ဆဲ ဖြစ်သောအန္တရာယ်ကို ကာကွယ်ရပေမည်။ ရခိုင်အရေးသည် အခြားသောလက်နက်ကိုင် တိုင်းရင်းသား ညီအစ်ကိုတော်များ၏ ပြဿနာနှင့် မတူကွဲပြားလေသည်။ ကချင် ကရင် ရှမ်း ကယား ပလောင် စသောလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဖြစ်ကြချေ၏။ သူတို့၏ ရပ်တည်မှုသည် မျိုးချစ်စိတ်ကို အခြေခံကြသည်။ ဘင်္ဂလီတို့သည်ကား ထိုသို့မဟုတ် တိုင်းတပါးသားများသာ ဖြစ်ကြချေ၏ သူတို့၏လုပ်ရပ်သည် ကျူးကျော်မှုကို အခြေခံလေသည်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ၏လူဦးရေ ပေါက်ကွဲမှုမှ အစပြုလေသည်။ တနည်းဆိုရသော် ဘာသာရေးကို အခြေခံကာ နိုင်ငံချဲ့ထွင်ရန် ကြိုးပမ်းမှုဟု အမည်တပ်နှိုင်လေသည်။ ဘင်္ဂလီအရေး ကိစ္စတွင်စံနစ်တကျ ကြိုတင်ပြင်ဆင်မှုများကို သိသာထင်ရှားစွာ မြင်နှိုင်လေသည်။ ယခုမှထပေါ် ယခုထဖြစ် ကိစ္စရပ်မျိုးမဟုတ်သည်မှာ မူဂျာဟစ်သူပုန် ထမှုမှစကာ ယခုအဖြစ်အပျက်များအဆုံး တဖြည်းဖြည်းထင်ရှားသည်ထက် ထင်ရှားလာလေသည်။ သူတို့စကားနှင့် ဆိုရလျှင် ရခိုင်လူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်ကာ ရခိုင်ပြည်ကို လုယူမည့် အစီအစဉ်ပင်ဖြစ်ပေသည်။
ထို့ကြောင့်ပင် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးမှ လက်တွဲညီညီပူးပေါင်းကာ ကျူးကျော်သူ ဘင်္ဂလီများ၏ရန်ကို လိမ္မာပါးနပ်စွာ ၀ိုင်းဝန်းတွန်းလှန် တိုက်ဖျက်ကြဖို့ လိုအပ်လာပြီဖြစ်ပါသည်။

No comments:

Post a Comment