Tuesday, August 13, 2013

Dr . ဦးသန်းထွန်း ၏ လူမျိုးခြား ရာဇဝင်ဆရာများ အပေါ်သုံးသပ်ချက်အကျဉ်း(၂)

August 11, 2013 at 6:37am


မြန်မာ ရာဇဝင်ကို ကုလားကလည်း ရေး၏ ။ ရေးပြန်တော့ -
" ဒီသူငယ် အလွန်တော်တယ် " ကျုပ် " တပည့်ပေါ့  " ဟူသော လေလုံးမျိုးကို မည်သည့် ကုလား ရာဇ
ဝင်ဆရာကမျှ မရှောင်နိုင် ၊ ဟုပင် ဆိုချင်ပါသည် ။      "သည်အယူကို ကုလားအား ဆရာတင်ရသည် "
" သည်နည်းကို ကုလားထံတွင် တပည့်ခံ ရသည် " " သည် စကားကို ကုလားထံမှ ရသည် "  ဟု တစ်
မိုးလုံး ဖျောက်ဆိပ် ဖြစ်၍ လာပါသည် ။ အရှေ့တိုင်း ယဉ်ကျေးမှု  မှန်သမျှ ကုလားတွင် ရေသောက်မြစ်ခံ
သည်ဟု ထင်ရှားအောင် သုတေသန ပြုရန် သူတို့တွင်မဟာအိန္ဒိယ Greater India Society ဟုပင်ရှိ
သည် ။ ပါမောက္ခ နီလာကန္တာသျှပ်ထရီ တို့ ခေါင်းဆောင်၏ ။ ရန်ကုန်တက္ကသိုလ်ရာဇဝင်ပါမောက္ခ ဖြစ်ဖူး
သော မြန်မာနိုင်ငံတွင် ၂၅ နှစ်မျှ နေသွားသည့် ဒဗလျူအက်စဒေဆိုင်း  ပင် ထိုဂိုဏ်းဝင် ဖြစ်ပါသည် ။သူရေးသော မြန်မာရာဇဝင်စာအုပ်တစ်အုပ် မကြာမီကထွက်ပေါ်လာပါသည်။ ယင်းစာအုပ် A Pageant
Of Burmease History ကို အစအဆုံးဖတ်လျှင် အချက်ကြီး နှစ်ချက်တွေ့ ရပေမည် ။ ပထမ အားဖြင့်
ကုလား သာလျှင် ဆရာ ဖြစ်ချေ၏  ဟူသော အချက်ကို အခါ အခွင့်သင့်တိုင်း ဝါဒဖြန့်၏ ။ ရာဇဝင် သင့် -
မသင့် ၊ ရာ - မရာ ပင်မချင့်ချိန် နိုင်ရှာပေ။ ဒုတိယအားဖြင့် မြန်မာစာ မတတ် ၊ မြန်မာရာဇဝင် အထောက်
အထား နှင့် မညှိဘဲ မြန်မာရာဇဝင်ကို အင်္ဂလိပ်မှတ်တမ်း စာအုပ်များ ဖတ်၍ ရေးပြန်ချေသည်။


အင်္ဂလိပ် ရာဇဝင်ဆရာတို့က မြန်မာမင်း တို့သည် သက်ဦးဆံပိုင် ဖြစ်သော ကြောင့်  မင်း ကို လွန်ဆန် ၍
ဘာမျှ မလုပ်ရဲ ကြရကာ မင်း အပါးတွင် မင်း အလို လိုက်၍ မြှောက်တတ်  ညာတတ် သူသာ ရှိလေ ဟန်
မကြာခဏ ရေးတတ်သည်။ စွတ်စွဲကြသည် ။ သူတို့ရေးသော စာကို အဖတ်များ သဖြင့် သူတို့ အပြောကို
ယုံကြည် လက်ခံ သူများလျက် ရှိချေပြီ ။   တစ်ဖက်မှာ မြန်မာမင်း သည် အမြဲ တရား လက် လွတ် မလုပ်၊
လုပ်လျှင်လည်း အနီးအနားတွင် ရှိသော အမတ်တို့က ဝင်ရောက် သတိပေးဟန်ကို ပြန်လှန် ဖော်ပြ ရချေ
မည် ။ ယင်းသို့ ဖော်ပြရာ၌  ဦးပေါ်ဦး လျှောက်ထုံး ကို ရေးသားသော ဦးအောင် နှင့် ပစပ်ရာဇဝင် ကို ရေး
သောမှော်ဘီ ဆရာသိန်း တို့  များစွာ အောင်မြင်၏ ။ ပြဿနာ အခက်အခဲ ပေါ်လျှင်  ပညာရှိ  ရဟန်း ကို
မင်း မေးသဖြင့် ဖြေပုံများ ကိုလည်း အမေးတော် ဖြေကျမ်း များ ကျန်ရစ် သဖြင့် မေးပုံ ဖြေပုံနှင့်တကွ မင်း
ဟူသောပုဂ္ဂိုလ်သည် မစူးမစမ်း စိတ်ထင်ရာမလုပ်ကြောင်း သက်သေပြလျက် ရှိပါသည်။ မင်းကိုအမတ်က
ထိန်းရာတွင် (၁ ) မင်း လိုက်လျောခြင်း ။ (၂ ) အမတ် အရည်အချင်း ကောင်းခြင်း နှင့် (၃) အချိန်ကာလ
လျှောက်ပတ်ခြင်း တို့ကို လိုက်၍ အောင်မြင်သည်။ ဤတွင် သာဓက တချို့ကို ပြလိုပါသည်။


ပုခန်းမင်းကြီး ဦးရန်ဝေး သည် ပွင့်လင်းပြတ်သား၏ ။ ပရိယာယ်မရှိ ။ ရိုးရိုးစင်းစင်းပင် မင်း မှားလျှင်
မှားကြောင်း ညွှန်ပြ၍ ကန့်ကွက်မြဲဖြစ်သည် ။ မင်း ၏ အမိန့်တော် စာချွန်ကိုယူ၍ ချိုးဝံ့သည်။ မင်းက
သာသနာအမှုကိစ္စတွင် သုံးရန် တစ်အိမ်ထောင်လျှင် ပေးမြဲ အခွန်ထက် တစ်မတ် ပိုပေးရန် စီမံလျှင် 
ပုခန်းကြီး  ဦးရန်ဝေး က အပြင်းအထန် ကန့်ကွက်၏ ။ ဧကနိပါတ် ၊  (အာရမဒူသက )ဇာတ် အမှတ်
၄၆ တွင် ဥယျာဉ် ကို ရေလောင်းသော မျောက်သည် သစ်ပင်ကို နှုတ်၍ အမြစ်ကို ကြည့် ပြီးမှအမြစ်
အရှည်အတို အလိုက် ရေလောင်းသဖြင့်  ဥယျာဉ် ပျက်စီး  ရဖူးကြောင်း  ပုံဆောင်၍  သာသနာ ကို
အကြောင်းပြ လျက် အခွန်တိုးလျှင် မင်းကြီး သည် ဥယျာဉ်ကို  ဖျက်သော မျောက်နှင့် တူ ချေတော့
မည်ဟု ဆုံးမ၏ ။ မင်း က နားထောင်သည်။ကယားပြည်နယ်ကို ချီတက်သိမ်းယူရန် မင်းထုတ်သော
အမိန့်ကို ပုခန်းကြီးက ဖျက်၏ ။ မင်းက မေးလျှင်သိမ်းယူသောကြောင့် အကျိုးထက်အပြစ်များမည်။
သိမ်းမိလျှင် ယိုးဒယား နှင့်၎င်း ၊ အင်္ဂလိပ် နှင့်၎င်း ၊နယ်စပ် အချင်းများဖွယ်မြင်သည် ။ ယင်း ကိစ္စမျိုး
ကို လုပ် လျှင် လွှတ်တော် ကို အသိပေး တိုင်ပင်ရာသည် ။ ယခုလို မင်း တစ်ဦး တည်း လုပ်လိုလျှင်
လွှတ်တော်ကို အလျင် ဖျက်ပါဟု ဆက်၍ပင် လျှောက်တင်သေးသည် ။ သတ္တိရှိပါဘိ။ အခါ တစ်ပါး
လည်း အမှုထမ်း တို့ မယားများ သဖြင့် လစာနှင့် မလောက်ငှ ၍ တံစိုး လက်ဆောင် ယူသည် ။


ထို့ကြောင့် မယား အရေ အတွက်ကို ကန့်သတ်သည့် ဥပဒေ လုပ်စေဟု မင်းတုန်းမင်းက ဆိုလျှင် ပု
ခန်းဝန်ကြီးက နိုင်ငံတော်၌မယား အများဆုံး ယူသော မင်း လည်းအဆိုပါ ဥပဒေတွင်ပါဝင်စေရမည်
ဟုပြောဆို ကန့်ကွက်ရဲသည်။ ထို ဥပဒေရပ်ဆိုင်းလိုက်ရပြန်သည်။ အဝေးမြို့ဝန်တစ်နေရာလစ်လပ်
နေသဖြင့် ထုံးစံ အလျောက် လွှတ်တော်ကလူရွေးချယ်ခန့်ထားရမြဲ ဖြစ်ပါလျက် မင်း ကမိဖုရား တစ်
ပါး၏ မောင် ကို ခန့်ထားကြောင်း ပုခန်းဝန်ကြီး သိလျှင် ထိုအမိန့်ကို ရုပ်သိမ်း၍ လွှတ်တော်က စိတ်
ကြိုက်ရွေးထားသူကိုသာ မြို့ဝန်ခန့်၍ စေလွှတ်လိုက်သည်။ မင်းက မေးသောအခါတွင် လွှတ်တော်
သည် နိုင်ငံဝန်ကို ထမ်း၏ ။ မိဖုရား၏ ဝန်ကို မထမ်းဟု ပြန်ပြောဝံ့သည် ။ ဤ တစ်ကြိမ် လည်း မင်း
လျှော့ရ ပြန်သည်။ ထို့ပြင် မင်းတံဆိပ် ခပ်နှိပ်ထား၍ ငါးကျပ်တန် ဖြစ်စေ ရမည်ဟု သွန်း လုပ်သော
ရွှေဒင်္ဂါး သည်စင်စစ် သုံးကျပ်သာ တန်သောကြောင့် ပုခန်းဝန်ကြီးက ရွှေတိုက်မှ ငွေ ငါးကျပ်ပေး၍
ပြန်လဲယူရာ မင်းကအဘယ်ကြောင့် ထိုသို့လုပ်ရသနည်းဟု မေးလျှင် မင်းဖြစ်လျှက် အမြတ်မယူရ။
အမြတ်ယူလိုသော် မင်းအလုပ်ဘဲကုန်သည် လုပ်ချေတော့ဟု ပြတ်ပြတ်တောင်းတောင်း ပြောသည်
ဟူ၏ ။ ယင်းပုခန်းဝန်းကြီးကား မည်သည့်အခါမျှ မင်းလိုလိုက်၍ မလုပ်ဟု ကျော်ကြား သူဖြစ်သည်။


မင်းကလည်း အလွန်လေးစားလျက် ဆရာကြီးဟု ခေါ်သည့်အခါခေါ်သည်။ ပုခန်း ရှင် ဘုရင်ကြီး ဟု
ခေါ်သည့်အခါ ခေါ်သည်။ ကွယ်လွန်သောအခါတွင်များစွာ နှမြောတသ ဖြစ်တော်မူ၏ ။ပုခန်းဝန်ကြီး
တပည့် ဖြစ်ဖူးသော ယောအတွင်းဝန် ဦးဖိုးလှိုင် မှာလည်း ဆရာကြီး၏ တပည့် ပီသသည်။ဘုရင့် အ
လိုကို ဆန့်ကျင်၍ပြောမိသဖြင့် သုံးခါထက်မနည်း ရာထူးချထားခံရဖူး၏ ။ မင်း မကြိုက်မှန်းသိလျက်
နှင့် ဘီယာ လောက်သောက် လျှင် အပြစ်မရှိ ဆေး သဘောထား၍ မိမိပင် သောက်ကြောင်း ပြောမိ
သဖြင့် ပြည်နှင် ခံရဖူး၏ ။ သမီးပေး၍ မျက်နှာသာ ရသော ဘုရင့် ယောက္ခမ ဝန်ကြီး များကို အမြင်
ကပ်သဖြင့် - " အစ်မ နှမ ၊ သမီးသကို ၊ စ၍ဆက်နှင့်း ၊ လက်ဆောင် သွင်း၍ ၊ စိုးမင် ချစ်မြတ် ၊ ထို
အမတ်သည်၊အတတ်မရှိ ၊ သတ္တိကင်းကွာ ၊ ဘုန်းကြီးလာမူ ၊ ပြည်ရွာ ပျက်ကြောင်း တစ်ပါး တည်း”
ဟုစပ်ရာ မင်းတုန်းမင်း စိတ်ဆိုး လှ၍ လှံနှင့်ထိုးမည် ရွယ်လျှင် ရင်ကိုလှပ်ကာ ထိုးတော်မူပါ ဟုရဲဝံ့
စွာဆို၏ ။ ထိုအခါ ဘုရင်ကရှောင်သွားရသည်။ ဖိုးလှိုင်ကိုမင်းသတ်၍ အပြုံးမပျက် သေလိုပါသည်။
မင်းလိုလိုက်၍ နေသဖြင့် နိုင်ငံပျက်ရသည်ဟု နောင် အပြောမခံရပါစေနှင့် ဟု ပြောလေ့ရှိသည်။


သီပေါမင်း ငွေသုံး လွန်းသောကြောင့် -   ဘုရင် မင်းမြတ်သည် လွန်စွာ အသုံးအဖြုန်း ကြီးကြောင်း
ဘဏ္ဍာတော် ဆိုသည်မှာ ဆင်းရဲသော ကျေးတော်မျိုး ၊ ကျွန် တော်မျိုး များ၏ ချွေး နည်းစာမှ ညှစ်
ထုတ် ယူထားသည် ဖြစ်၍ ကျောက်ခဲ သလဲ ကဲ့သို့ သဘော  မထားသင့်ကြောင်း - ပြောသဖြင့် အ
ကျဉ်းချခံရဖူးသည်။ သို့သော် ဝန်မင်းသည်အပြောမလျော့ မှားသည်ကို မြင်မိတိုင်း ရဲဝံ့စွာကန့်ကွက်
ပြောဆိုမြဲ ဖြစ်သည်။ နောက်ဆုံး၌ ဥရောပတွင်ထွန်းကားသော ဒီမိုကရေစီ ဆိုသည်မှာ အပရိဟာ
နိယ တရားပင်  ဖြစ်ကြောင်း ဖော်ပြလျက် မြန်မာနိုင်ငံတွင် ယင်းတရားမှာ အဆန်း မဟုတ် သဖြင့်
ရှေ့သို့တစ်ဆင့်တိုးလျက် ဥပဒေမင်း Constitutional Monarchy ဖြစ်နိုင်သည်ဟု ရာဇဓမ္မသင်္ဂဟ
ကျမ်း ကို ရေးသားခဲ့၏ ။ ထိုကျမ်းကား မြန်မာ့ရိုးရာနိုင်ငံရေး  အတွေးအခေါ်ကိုလည်းဖော်ပြသည်။
တိုးတက်ပြုပြင်ရေး ကိုလည်း ညွှန်ပြသည် ။ ဦးဖိုးလှိုင်လို ပုဂ္ဂိုလ် မျိုးကို ရာဇဝင်ရေးလျှင် မှတ်သား
ဖွယ်ရာများ ပါချေမည်ဟု မှန်းဆနိုင်ပါသည် ။ ပြင်းထန်သော မျိုးချစ်စိတ် မပါစေရဘဲ မြန်မာ့ ရှေးရိုး
လုပ်ထုံး တို့ကိုဖော်ထုတ်၍ ခေတ်နှင့် ထင်ဟပ် မိအောင် ပြုပြင် ပေးစွမ်း နိုင်မည်ဟု ယုံကြည်နိုင်ပါ
သည်။


 အင်္ဂလိပ် ကျေးဇူးကို ထင်ရှား စေလျက် မြန်မာတို့ ညံ့ဖျင်း ပုံကို ပေါ်လွင်အောင် ရေးသော မြန်မာရာဇဝင်
ကျောင်းသုံးဖြစ် လာပြီးနောက် ၁၉၂၀ - တက္ကသိုလ် သပိတ် လွန်လျှင် မြန်မာ မျိုးချစ်စိတ်ကို အစွမ်းကုန်
ဖော်ထုတ်သော ကျောင်းသုံး မြန်မာရာဇဝင်များ ပေါ်လာပါသည် ။ ယင်းတို့နှင့် တစ်ပါတည်း ကျောင်းသုံး
ဖြစ်လျှင် ပြီးသည်ဟူ၍ စီးပွားရေး မျက်စိ သက်သက်ဖြင့် ရေးသား ပုံနှိပ်သော စာအုပ်များ လည်း တန်းစီ
ပေါ်လာပါသည် ။ ထို့ကြောင့်စာအုပ်ရေးသူနှင့် ပုံနှိပ်ရောင်းချသူကား မည်သူတို့ ဖြစ် သနည်းဟု စစ်တန်း
ထုတ်ရန် လိုအပ်ပါသည်။


သုတေသနတွင်စာအုပ်ကို အကဲဖြတ်နည်းလည်း အရေးပါသောစိစစ်ခြင်းတစ်ခု အဖြစ်ဖြင့် ပါဝင် ပါသည်။
ဦးစွာ ပထမ စာရေးသူကို မည်သည့် ပုဂ္ဂိုလ်မျိုး  ဖြစ်သည်ဟု သိရန် လိုအပ်လှသည် ။ အသက်အရွယ်နှင့်
အံကိုက်ဖြစ်အောင်စကားလုံးက အစ သတိထားရသဖြင့် ကျောင်းသုံး စာအုပ်ရေးရန် အလွန်ခက်သည်ဟု
ယူဆ သူများက စာရေးသူ၏ အရည်အချင်းကို ပို၍ သိလိုပေသည်။ ဘီအေ မျှအောင်လျှင် ဆယ်တန်း စာ
အုပ်မျိုးရေး၍  ဖြစ်နိုင်ပါသည် ဟူသော အယူအဆမျိုးကား များစွာ များပါသည် ။ အထူးသဖြင့် ရာဇဝင်ကို
ရေးလျှင် ဝိဇ္ဇာ ဘွဲ့ ထက် ထို ဘာသာ ကို မည်မျှ လေ့လာဖူး သည် ဟူသော အရည်အချင်း က ပို၍ လိုပါ
သည် ။ နှစ်ပေါင်း များစွာ လက်တွေ့အားဖြင့် တပည့်များကို ရာဇဝင်သင် ခဲ့ရာမှ ပေါ်လာသော ဦးဘသန်း
၏ ရာဇဝင်စာအုပ် မျိုးကား အသင့်အတင့် အားကိုးရသော စာမျိုးဖြစ်သည် ။ ထို့ကြောင့်လဲယခုတိုင် သုံးစွဲ
လျက်ရှိ ကြသေးကြောင်း တွေ့ရသည် ။ သို့သော်သည် စာအုပ်မျိုး ကား ယခု အခါတွင်ကျယ် သဖြင့် ပေါ်
ပင်လိုက်၍ ရေးကြ သည်ကို တွေ့ရရာ စာရေးသောသူ မည်သူနည်း ဟု စိစစ်ရန် လိုကြောင်း ၊ ရေးသားရ
ပါသည် ။


အချုပ်အားဖြင့် မျိုးချစ် စိတ်ဓါတ် အကဲပိုနှင့် မိမိရာဇဝင် ကိုဖြစ်စေ ၊ သူ တစ်ပါး ရာဇဝင်ကို ဖြစ်စေ မရေး
သင့်ဟု ဆိုပါသည်။ ဒုတိယနိဂုံး အနေဖြင့် လည်း မြန်မာရာဇဝင်ကို မြန်မာများ ကပင် အကဲ အပို မပါစေ
ဘဲရေးသား၍ ကမ္ဘာကိုတင်ပြချိန် ရောက်ပြီဟုဆိုချင်ပါသည်။ တတိယ နိဂုံး အနေဖြင့် အင်္ဂလိပ် ၊ ကုလား
စသည် တို့က မဟုတ်မမှန် လီဆည်၍ မြန်မာ အဆိုး ဟု ရေးလေသည် တို့ကိုလည်း ဖော်ထုတ်ပြင်ဆင်၍
ဟုတ် သလောက်မူ ဝန်ခံပါဟု တိုက်တွန်းလိုပါသည် ။

သန်းထွန်း - M.A. , B . L . , Ph. D. , D. Lit. , (London)
မြန်မာရာဇဝင်စာတန်း အမှာစာ၂၁ သြဂုတ် ၂၀၀၁ 

Credit to > ဦးယဉ်ကျေး > Thanks

No comments:

Post a Comment